အပိုင်း ၁၅၆
Viewers 13k

Chapter 156


စွန်းမန့်၏ မှတ်စုများသည် အတန်းဖော်များကြားတွင် အသပ်ရပ်ဆုံးနှင့် အကောင်းဆုံးဖြစ်သည်။ လူတိုင်းသည် သူမ၏မှတ်စုများကို ငှားရမ်းကြသည်။ သို့သော် မည်သို့အသုံး၀င်မည်နည်း။ သူမသည် မှတ်စုများစွာကို ကူးယူထားသော်လည်း အချည်းနှီးသာဖြစ်ပြီး အဆင့်များက မတိုးတက်လာချေ။


သူမ  ထျန်းပေါင် (၅၄)စုံစာအုပ်ကို ဖတ်နေချိန်တွင် ရွှီရှောင်ယွဲ့က လွယ်အိတ်သိမ်းရင်း အတူထိုင်နေသည့် စားပွဲခုံဖော်ကို ပြောနေသည့်စကားများကို ကြားလိုက်ရသည်။


"နင်ဘာတွေပြောနေတာလဲ၊ ထျန်းပေါင်(၅၄)စုံ၊ အိုး၊မျက်လုံးမှိတ်ပြီးတောင် အခြေခံအကျဆုံးမေးခွန်းတွေကိုဖြေနိုင်တယ်။ စာမေးပွဲကဘယ်နှစ်ရက်ပဲကျန်‌တော့တာလဲ ပိုပြီးခက်တဲ့ဟာတွေမှာသာ ပိုအာရုံစိုက်သင့်တယ်  "


ရွှီရှောင်ယွဲ့သည် သူမ၏စားပွဲအတူထိုင်သူနှင့် စကားပြောနေသော်လည်း စွန်းမန့်သည် သူမအား ပြောနေသည်ဟု မသိစိတ်က ထင်နေသည်။ နောက်ဆုံးတွင် ရွှီရှောင်ယွဲ့သည် အတော်လေး အရည်အချင်းရှိသူဖြစ်သည်။


မျက်စိမှိတ်ပြီး အခြေခံ ရိုးရှင်းသော စာမေးပွဲစာရွက်များကို ဖြေနိုင်သည်။ သို့သော် သူမသည်အမှတ် ၉၀ ကျော်သာ ရနိုင်သည်...


သူမ၏မျက်နှာသည် ပူလောင်နေပြီး အထူးသဖြင့် ကြက်ခြေနီများစွာဖြင့် မှားယွင်းသည့် ထျန်းပေါင်(၅၄)စုံကို၏  သူမလက်၏ အောက်တွင်  ချက်ချင်းဖုံးအုပ်လိုက်သည်..။


ထိုမှသာ စွန်းမန့်သည် ကျုံးယို့ယို့၊ရန်ကျီအန်းနှင့် အခြားသူများကို မနှိုင်းယှဥ်ဘဲ ရွှီရှောင်ယွဲ့နှင့် နှိုင်းယှဥ်လျှင်တောင်မှ နောက်ကျကျန်နေကြောင်း သဘောပေါက်သွားသည်။


ရွှီရှောင်ယွဲ့၏ ရူပ‌ဗေဒနှင့် ဓါတုဗေဒစွမ်းရည်များသည် သူမထက် များစွာသာလွန်သည်။ ထျန်းပေါင် ငါးဆယ့်လေးစုံကို ပြီးခဲ့သည်က ကြာမြင့်ခဲ့ပြီဖြစ်ပြီး သူမကား ယခုထိ ဆက်လက်လုပ်ဆောင်နေရဆဲဖြစ်သည်။ သူမ အဘယ်ကြောင့် ဤမျှနှေးကွေးနေရသနည်း။


စွန်းမန့်သည် စိတ်တိုဒေါသထွက်၍ ထျန်းပေါင်စာအုပ်ကို စားပွဲအကန့်ထဲသို့ အမြန်ထည့်ကာ ပြိုင်ပွဲမေးခွန်းစာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။


ရွှီရှောက်ယွဲ့သည် သူမ၏ ကျောင်းလွယ်အိတ်ကို ထုပ်ပိုးပြီး သူမဘေးမှ ဖြတ်သွားသည်။ သူမအား အနည်းငယ် ထူးဆန်းသော အမူအရာဖြင့် ကြည့်ကာ


 " စွန်းမန့် ဘာလို့ ပြိုင်ပွဲမေးခွန်းတွေကိုကြည့်နေတာလဲ၊  ငါ‌ဆိုလိုတာက  ဇီ၀ဗေဒ၊ရူပဗေဒနဲ့ ဓာတုဗေဒမှာ နင်ရဲ့ ဒီအလယ်အလတ် ရလဒ်တွေနဲ့ဆိုရင် အရင်ဆုံးအ‌ခြေခိုင်အောင် လုပ်ဖို့လိုလိမ့်မယ်၊ ယွမ်ယွမ်ရယ် တခြားသူနဲ့အတူ ကျုံးယို့ယို့နဲ့ ပြန်သုံးသပ်ကြည့်တာ ကောင်းတယ် "


ရွှီရှောက်ယွဲ့သည် အမြဲလိုလို ပြတ်ပြတ်သားသားပြောတတ်ပြီး နှလုံးသားထဲမှ ရွဲ့စောင်းသောလေသံဖြင့် စကားများက စွန်းမန့်ကို မည်မျှ နာကျင်စေသည်ကို သူမ မသိပေ။


စွန်းမန့် ခေါင်းငုံ့ကာ အင်တင်တင်ပြုံးပြီး 


" ကောင်းပြီ ငါနားလည်ပါတယ်၊ စိတ်မပူပါနဲ့ နင်အရင်သွားလို့ရပြီ "


သို့သော် သူမ လက်သီးကို တင်းတင်းဆုပ်ကိုင်ဘဲ မနေနိုင်ပေ။ ယခု သူမကိုယ်သူမ မုန်းတီးနေသည်၊ ဘာကြောင့် သူမဦးနှောက်က ဤကဲ့သို့ ထုံထိုင်းနေရသနည်း။ သူမက သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒနဲ့ ဇီဝဗေဒကို မကျွမ်းကျင်ဘဲ ခက်ခဲသည့် ပုစ္ဆာများကိုလည်း မဖြေရှင်းနိုင်ပေ။


အဘယ့်ကြောင့် ရွှီရှောင်ယွဲ့ကိုတောင် မယှဉ်နိုင်ရသနည်း...


သူမနှင့်ရွှီ‌ေရှာင်ယွဲ့အပေါ်  လူတိုင်းက မည်သို့မှတ်ချက်ပေးသည်ကို သူမ သိသည်။  သူမသည် တရုတ်နှင့် အင်္ဂလိပ်ဘာသာရပ်၌ အမှတ်ကောင်းကောင်းရသော်လည်း လူအများက သူ့ကို အားကျမှုမဖြစ်ကြပေ။ လူတိုင်းကသာ သူမအမှတ်ကောင်းခြင်းသည် အလွတ်ကျက်မှတ်နိုင်ခြင်းကြောင့်သာဟု ပြောကြသည်။ သူတို့အားလုံးက


 " ငါသာအဲဒါကို အလွတ်ကျက်ဖို့ အချိန်သေချာယူမယ်ဆို စွန်းမန့်ထက် ပိုကောင်းအောင် လုပ်နိုင်တယ်  "

ဟုပြောကြသည်။


သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒနဲ့ ဇီဝဗေဒကို တော်သည့် ကျောင်းသားသည် ထက်မြက်သည်ဟု လူတိုင်းက ပြောကြသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ကို အလွတ်ကျက်ရန် မဖြစ်နိုင်ပြီး ကောင်းစွာလေ့လာနိုင်ရန် အလွန်ခိုင်မာသော ကျိုးကြောင်းဆီလျော်သည့်တွေးခေါ်မှု ရှိရန် လိုအပ်သည်။


လူတိုင်းက တရုတ်နှင့် အင်္ဂလိပ်တို့ကို ရှုံ့ချကြပြီး အတန်းထဲသာမက အမှန်တကယ်တွင် မိဘများကပင် ထိုကဲ့သို့ ထင်မြင်ကြသည်။


အိမ်နီးနားချင်းတွေကို ကြွားဝါရန် အပြင်ထွက်သည့်အခါ ရူပဗေဒနှင့် ဓာတုဗေဒဘာသာရပ်ကို ကောင်းကောင်းတတ်မြောက်သည့် ကလေးများသည် သူတို့၏ဉာဏ်ရည်ဉာဏ်သွေးအတွက် ချီးကျူးခံရလေ့ရှိသည်။


သူမကဲ့သို့လူများသည် သူတို့၏ "လုံ့လဝီရိယ" အတွက်သာ ချီးကျူးခံရနိုင်သည်။

.....

ရွှီရှောက်ယွဲ့သည် သူမ၏တရုတ်နှင့် အင်္ဂလိပ်စကား အလွန်ညံ့ဖျင်းသော်လည်း သိပ္ပံဘာသာရပ်များ၌ အမှတ်‌ကောင်းသောကြောင့် သူမကိုယ်သူမ ဂုဏ်ယူတတ်သူဖြစ်သည်။ ကျုံးယို့ယို့မရောက်ခင် ရွှီရှောင်ယွဲ့က သူ့ကိုယ်သူ အတန်းထဲ၌ "သိပ္ပံဘုရင်မ" ဟု အမြဲတစေ ခေါ်ဝေါ်ခဲ့သည်။


စွန်းမန့်သည် ရွှီရှောင်ယွဲ့ သူမနောက်တွင် အခြားမိန်းကလေးများနှင့် ကြိမ်ဖန်များစွာ လှောင်ပြောင်နေသည်ကို ကြားခဲ့ဖူးသည်။ မှတ်ဉာဏ်ကောင်းပြီး အလွတ်ကျက်မှတ်တတ်ခြင်းသည် ဉာဏ်ကောင်းတယ်လို့ မယူဆ‌‌ေပ။ မဟုတ်ပါက ရူပဗေဒ၊ ဓာတုဗေဒနဲ့ ဇီဝဗေဒမှာ အားထုတ်မှုတွေ အများကြီးရှိလျက်နှင့် အမှတ်တွေက ဘာကြောင့် ယခုထိ မကောင်းသေးရသနည်းဟူသော စကားများပင်ဖြစ်သည်။


စွန်းမန့်သည် ဤစကားများကို မကြာခဏကြားရပြီး ၎င်းတို့အားလုံးကို တိတ်တဆိတ် သည်းခံခဲ့သည်...


သို့သော် မကြာသေးမီရက်များအတွင်း သူမ၏ နှလုံးသားထဲတွင် တိမ်မြုပ်နေသော အနက်ရောင် မြူခိုးများက သူမကို လည်ပင်းညှစ်ကာ ပိုပိုပြီးအသက်ရှုကြပ်လာစေသည်။ နောက်ဆုံး ယခုအချိန်မှာ သူမကိုယ်သူမ မထိန်းနိုင်ဘဲ ခံစားချက်များက ပေါက်ကွဲထွက်လာပြီး နှာခေါင်းရှုံ့၍ မျက်ရည်များကျဆင်းကာ ခန္ဓာကိုယ်က အနည်းငယ် တုန်ရီနေသည်။


'ဟုတ်တယ်၊ သူမ ဉာဏ်မမီနိုင်ပေမယ့် သူမ ဘာလုပ်နိုင်မှာလဲ။  သိပ္ပံဘာသာရပ်တွင် မထူးချွန်ဘူး။  အခုဆို ကောလိပ်ဝင်ခွင့်စာမေးပွဲ အောင်ဖို့ တစ်လခွဲပဲ လိုတော့တာ ဒီရေကို လှည့်လို့ မရတော့ဘူး။ ဒီလို တောက်ပတဲ့ အခိုက်အတန့်တွေဟာ သူမလို သာမန်လူတစ်ယောက်အတွက် ဖြစ်မလာနိုင်တော့ဘူး  '


ထို့ကြောင့်  ဤနောက်ဆုံးနှစ်ပတ်အတွင်း ကြိုးစားရာတွင် အသုံးမဝင်ဟုထင်သောကြောင့် သူမသည် ကြိုးစားအားထုတ်မှုကိုပင် လုံးဝ လက်လွှတ်လိုက်မိနိုင်သည်။


ကျောင်းပြီးချိန် နေ့ခင်းဘက်တွင် စွန်းမန့်သည် စာသင်ခန်းထဲ၌ အချိန်အတော်ကြာအောင် တစ်ယောက်တည်း ထိုင်နေကာ အပြင်မှ နေဝင်ဆည်းဆာက တဖြည်းဖြည်း ညိုမှိုင်းလာသည်ကို မြင်လိုက်ရသည်နှင့် ယခုအချိန်တွင် သူမ၏ခံစားချက်က ထိုကဲ့သို့ပင် မွန်းကြပ်နေသည်။


အားလုံးထွက်သွားပြီးနောက် သူမမျက်လုံးထဲမှ မျက်ရည်‌စက်များ စီးကျလာပြီး သုတ်ပစ်ရန် အတွေးမရှိချေ။ ငိုမြဲငိုနေကာ တစ်ချိန်တည်းမှာပင် သူမနှလုံးသားထဲ၌ စိတ်ဓာတ်ကျမှုဖြစ်လာသည်။


သူမ၏စိတ်ခံစားချက်များက တကယ်ပင် ပြင်းထန်နေသည်။


ရွှီရှောင်ယွဲ့သည် သူမရှေ့တွင် သုံးနှစ်ကြာအောင် ပလွှားကြွားဝါခဲ့သည်ကို တွေးမိလျှင် ထိုအတွေးကိုပင် သူမ ခါးခါးသီးသီးမုန်းတီးသည်။ ယခု သူမသည် ရွှီရှောင်ယွဲ့၏စာအုပ်များအားလုံးကို ပစ်လိုပြီး  အနာဂတ်တွင် သူမ မည်သို့ရုန်းကန်ပြီး သူမ၏ရှေ့၌ ဟိတ်ဟန်ထုတ်မည်ကိုပင် မြင်လိုသည်။


စွန်းမန့်သည် အများအားဖြင့် သတိကြီးကြီးထားပြီး ရှက်တတ်သူဖြစ်သည်။ ဤအချိန်တွင် အချိန်အတော်ကြာ  ဖိနှိပ်ထားခဲ့သောကြောင့် အမည်မသိအရင်းအမြစ်အချို့၏ သွေးဆောင်မှုကို ခံရပြီး သူမစိတ်ထဲရှိ ရူးသွပ်သောအကြံအစည်နောက် အမှန်တကယ် စိတ်ပါသွားကာ ရွှီရှောင်ယွဲ့ထိုင်နေသည့် သူမနောက်ဘက်ရှိ စားပွဲဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။


ရွှီရှောင်ယွဲ့သည် အလွန်ပူပန်ကြောင့်ကြကင်းမဲ့ပြီး  စားပွဲခုံကို ဘယ်သောအခါမှ သော့ခတ်မထားပေ။ ရွှီရှောင်ယွဲ့၏ မှတ်စုစာအုပ်နှင့် စာရွက်များအားလုံးကို ယခု လွှင့်ပစ်လိုက်လျှင် စာမေးပွဲဖြေဆိုရန် ဆယ်ရက်သာ ကျန်ရှိပြီး ရွှီရှောင်ယို့ မည်ကဲ့သို့ ပြန်လည်‌ေလ့‌လာမည်နည်း။ အချိန်ကျလာသည့်အခါ သူမအမှတ်များက သူမထက်ပင် ဆိုးဝါးပေလိမ့်မည်။


ထိုအချိန်၌ စွန်းမန့်၏ နှလုံးသားထဲတွင် မာရ်နတ်တစ်ကောင် ပေါက်ဖွားလာခဲ့ပြီး တုန်တုန်ယင်ယင်ဖြစ်‌နေသည့်လက်များဖြင့် ရွှီရှောင်ယွဲ့၏ မှတ်စုစာအုပ်နှစ်အုပ်ကို ထုတ်ယူလိုက်သည်။


ရွှီရှောင်ယွဲ့ ယခင်က သူမ၏သင်္ချာနှင့် ဓာတုဗေဒ မှတ်စုစာအုပ်တွေကို ပြသခဲ့ပြီး ယခုလိုပြောခဲ့သည်ကို သူမ မှတ်မိနေသည်။ 


" ငါ့လက်ရေးက အရမ်းညစ်ပတ်နေလို့ ငါ့မှတ်စုတွေကို နင်လုံးဝနားမလည်နိုင်ဘူး ပေါ့ပေါ့ပါးပါး ရေးချလိုက်တာ စွန်းမန့်လို ဂရုတစိုက်သေသေချာချာ ရောင်စုံဘောပင်တွေနဲ့ရေးတာမျိုးမဟုတ်ဘူး "


ရွှီရှောင်ယွဲ့၏ဝန်းကျင်က လူတွေက သဘောတူပြောလိမ့်မည်။


 " ဒါပေမယ့် စွန်းမန့် အဲလိုမျိုး သေချာမှတ်လဲ ဘာအသုံး၀င်မှာလဲ သူ့သိပ္ပံဘာသာရပ်အဆင့်တွေက မတိုးတက်လာဘူး " 


ထိုအရာကိုတွေးပြီး စွန်းမန့်၏ လက်ချောင်းတွေ တင်းကျပ်လာသည်။ သူမက မှတ်စုစာအုပ်ကို လက်နှစ်ဖက်ဖြင့် ဖွင့်လိုက်ပြီး စက္ကန့်အကြာတွင် ထိုစာအုပ်ကို လုံးလုံး ဖြဲပစ်မည့်အလားဖြစ်နေသည်။ 


'ဖြဲပစ်၊ဖြဲပစ်လိုက်ရင် ရွှီရှောင်ယွဲ့ စာလုပ်နိုင်မှာမဟုတ်တော့ဘူး '


သို့သော် ထိုအချိန်တွင် တံခါးကကျွီခနဲ မြည်ကာ ၀င့်သွားပြီး တစ်စုံတစ်ယောက်၀င်လာသည်။

 

စွန်းမန့် ကြောက်လန့်တကြားဖြင့် ခေါင်းကို မော့လိုက်ပြီး လေထုသည် တစ်စက္ကန့်မျှ ငြိမ်သွားသည်။


တံခါးဝကလူကို ထိတ်လန့်တကြား သူမ ကြည့်နေမိသည်။


ကျုံးယို့ယို့သည် အင်္ကျီယူရန် မေ့ခဲ့ပြီးပြန်လာကာ စာသင်ခန်းရှေ့တံခါးတွင် ရပ်နေလိုက်သည်။ သူမ လုပ်သည့်အရာကိုမြင်‌ေသာအခါ မျက်နှာမှာ အံ့အားသင့်သည့်အရိပ်အယောင်တွေရှိသွား‌ေသာ်လည်း မြန်မြန်ဆန်ဆန်  ပုံမှန်မျက်နှာအမူအရာအတိုင်း ပြန်ဖြစ်သွားသည်။


" ငါအင်္ကျီ ယူမလို့ " ကျုံးယို့ယို့ က နှုတ်ဆက်စကားဆိုပြီး သူမ ထိုင်ခုံဆီသို့ လျှောက်သွားလိုက်သည်။


သို့သော် သူမမြင်သည်။ သူမမြင်ခဲ့မည်ဖြစ်သည်။ စွန်းမန့် ကြောက်ရွံ့တုန်လှုပ်နေပြီး သူမ လက်ထဲက ရွှီရှောင်ယွဲ့၏ မှတ်စုစာအုပ် စာမျက်နှာနှစ်မျက်နှာသည် မတော်တဆ ပြုတ်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။


ယခုအခြေအနေကို ဖုံးကွယ်ဖို့ ကြိုးစားနေမိသည်။


ကျုံးယို့ယို့ သူမ ရွှီရှောင်ယွဲ့၏ မှတ်စုစာအုပ်ကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်ချင်သည့် ဤအကျည်းတန်သည့် အပြုအမူကို မြင်မည်ပင်။


ကျုံးယို့ယို့သည် မနက်ဖြန် အတန်းရှိလူတိုင်းကို ပြောပြလိမ့်မည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲမစမီ ၁၀ ရက်အလိုတွင် သူမ အတန်းဖော်များ၏ ဝိုင်းပယ်ခြင်းကို ခံရပေမည်။


စွန်းမန့်၏ ခြေဖဝါးများက အေးစက်ပြီး ချွေးစေးများက သူမနောက်ကျောတွင် စီးကျလာသလို ခံစားလိုက်ရသည်။ သူမ ချက်ချင်းလှည့်ပြီး ကျုံးယို့ယို့ကို ကြည့်လိုက်သည်။ သူမအသံက ခါတိုင်းကဲ့သို့ တိတ်တိတ်ငြိမ်ငြိမ်မဟုတ်ဘဲ ကြောက်စိတ်ဖြင့် အနည်းငယ် စူးရှနေသည် ။


 "မနက်​ဖြန်​ တစ်​တန်းလုံးကို ​ပြောပြမှာလား"


" ဘာကို လူတိုင်းကို ပြောရမှာလဲ" ကျုံးယို့ယို့ သူမကိုကြည့်ကာ အေးအေးဆေးဆေးပြောပြီး " ငါ ဘာကိုမှမတွေ့ပါဘူး "


ရယ်သွမ်းသွေးပြီး လှောင်ပြောင်မည်ထင်ခဲ့ပေမယ့် ယခုကဲ့သို့အဖြေမျိုး ဖြစ်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။


စွန်းမန့်အံ့အားသင့်သွားသော်လည်း သူမ၏ နှလုံးသားထဲတွင် ရှက်ရွံ့မှု နှင့် မျက်နှာပူနေသေးသည်။  ဆိုးသွမ်းသော ဒုစရိုက်ကို မစတင်ရသေးသော်လည်း ထိုအကြောင်းကို သူမ တွေးနေပြီဖြစ်သည်။ 'အရင်က ဒီလိုမဖြစ်ဖူးပါဘူး  အခုမှ ဘာလို့လဲ '


ကျုံးယို့ယို့သည် စွန်းမန့်က ဤကဲ့သို့ ဗီလိန်ဖြစ်သည်ဟု မထင်ချေ။


အကယ်၍ သူမသာ ဝင်မလာခဲ့လျှင် စွန်းမန့်သည် ရွှီရှောင်ယွဲ့၏ မှတ်စုစာအုပ်ကို အနည်းငယ် လျှောက်ခြစ်ရုံဖြင့် သူမဒေါသကို ဖြေဖျောက်လိမ့်မည်ဖြစ်သည်။


' အခုဘာလို့ဒီလိုမျိုးလုပ်တာလဲ။  ဖိအားများလွန်းလို့လား ' ကျုံးယို့ယို့၏ စိတ်သည် အနည်းငယ် ရှုပ်ထွေးသည်။ စိတ်ဖိစီးသည့်ပတ်ဝန်းကျင်မှာ အချိန်အတော်ကြာနေထိုင်ခဲ့သော စွန်းမန့်လိုသူတွေကို သူမထပ်တူခံစားမကြည့်နိုင်ပေမယ့်  စိတ်ဓာတ်ကျပြီး အစွန်းရောက်သည့် စိတ်ကို သူမ နားလည်နိုင်သည်။


ကောလိပ်ဝင်ခွင့်စာမေးပွဲမဖြေမီ လ၀က်ခန့်သာလိုသည် ။ စွန်းမန့်သည် ယခုအချိန်တွင် စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်နေပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲကို ကောင်းစွာဖြေဆိုရန် ခက်ခဲနေပါသည်။ ထို့နောက်တွင် သုံးနှစ်တာ ပင်ပန်းမှုမှာ အချည်းနှီးဖြစ်လိမ့်မည်...


သူမ ထိုင်ပြီး ဘာမှမလုပ်ပဲ‌နေနိုင်သလို သူမကို လက်တစ်ဖက် ကမ်းပေးနိုင်သည်။


 " သွားကြရအောင် " ကျုံးယို့ယို့က ပြောလိုက်သည်။

" တံခါးပိတ်ဖို့ သတိရနော် "


သို့သော် သူမသည် ငြိမ်သက်လာသည်နှင့်အမျှ စွန်းမန့်မြေပြင်၌ အပေါက်တစ်ပေါက်ကို ရှာဖွေပြီး ၎င်းထဲသို့ တွားသွားလိုလေလေဖြစ်သည်။ " နင့်လိုလူတွေက လုံးဝနားမလည်ဘူး။ နင့်မှာ အဆင့်အတန်းကောင်းကောင်းနဲ့ ရုပ်ရည်ကလည်လှတယ်။ နင့်ရှေ့မှာ ဘာအတားအဆီးမှ မရှိဘူး။  အခု ငါဘယ်လိုခံစားရလဲ နင် နားမလည်ဘူး "


ကျုံးယို့ယို့သည် သူမနှင့် ဒုက္ခဆင်းရဲများ လုံးဝမယှဉ်ချင်ပေ။ သူမသည် အပြင်ဘက်တွင်သူမ၏သာလွန်ကောင်းမွန်မှုကိုသာမြင်နေရသည်။ သူမကို ဒုက္ခလာလာပေးကြသည့် မုန့်ချန်နှင့် မုန့်ရှစ်ရွှမ်တို့သားအမိ၊ဖေးယွင် နဲ့ချောင်လန်တို့ကိုရင်ဆိုင်တွေ့ချိန် သူမကိုယ် မည်သူကကာကွယ်ပေးသနည်း။


ကျုံးယို့ယို့က " နင်အခု ဘယ်လိုခံစားရလဲ ငါနားမလည်ပေမယ့် နင့်ရဲ့အင်္ဂလိပ်စာနဲ့ တရုတ်ရမှတ်တွေက အရမ်းကောင်းတယ်၊ ဒါပေမယ့် သင်္ချာ၊ ရူပဗေဒနဲ့ ဓာတုဗေဒမှာ အားနည်းနေတယ် ဘာလို့ ကိုယ့်ကိုယ်ကို အရှုံးပေးနေတာလဲ "


စွန်းမန့်၏ မျက်လုံးများ နီရဲ‌နေသည်။ 


" အင်္ဂလိပ်စာက ဘာအသုံး၀င်မှာလဲ၊ ငါကငတုံးတစ်ယောက်ပဲ "


"ဘာလို့ အသုံးမ၀င်မှာလဲ" ကျုံးယို့ယို့က မျက်မှောင်ကြုတ်ပြီး ပြောသည်။


 "မင်းက သိပ္ပံနဲ့ ယုတ္တိဗေဒ ကျွမ်းကျင်ရင် သိပ္ပံသုတေသနမှာ ပါဝင်နိုင်တယ်၊လစ်ဘရယ် အနုပညာကို ကောင်းကောင်းရရင် တခြားအသက်မွေးဝမ်းလမ်းကြောင်းတွေလည်း ရှိတယ် လက်ရှိ ဖျော်ဖြေရေး လုပ်ငန်းက ယဉ်ကျေးမှုအပေါ် အခြေခံတာ မဟုတ်ဘူးလား ဒါ့အပြင် အတန်းမခွဲခင်က သမိုင်းဘာသာရပ်မှာ နင်အရမ်းတော်ခဲ့တာကိုလည်း ငါသိတယ် နင် သမိုင်းကိုလည်း အရမ်းကြိုက်ခဲ့တာပဲ၊သမိုင်းကို ကျွမ်းကျင်ပိုင်ပိုက်နိုင်နိုင် လေ့လာပြီး တရုတ်ယဉ်ကျေးမှုကို အမွေဆက်ခံခြင်းကရော အရမ်းအဓိပ္ပာယ်ရှိတဲ့ အရာမဟုတ်ဘူးလား...ဘာလို့ တခြားသူတွေပြောတာကို ဂရုစိုက်ဖို့ လိုမှာလဲ  အင်္ဂလိပ်စာနဲ့ တရုတ်စကား ကောင်းကောင်းတတ်ဖို့က အလွတ်ကျက်မှတ်မှုပေါ်မှာပဲ မူတည်တယ်လို့ တချို့က ပြောကြတယ်ဆို နောက်တစ်ခါ တစ်ယောက်ယောက်က အဲလိုပြောတဲ့အခါ ' အလွတ်ကျက်မှတ်ခြင်းကို အခြေခံပြီး တစ်မြို့လုံးအဆင့်မှာ အနိုင်ရတဲ့ဆုရစာစီစာကုံးကို လာပြလှည့်' လို့သာ တိုက်ရိုက်ပြန်ပြောလိုက် "


စွန်းမန့်သည် တဖြည်းဖြည်း အံ့အားသင့်သွားပြီး မျက်ရည်ကျလာသော်လည်း သူမကား  သတိမထားမိပေ။




xxxxxxx