အပိုင်း ၁၅၇
Viewers 14k

Chapter 157



ကျုံးယို့ယို့သည် လူတို့အား ခိုင်မာသော ခွန်အားမျိုး အမြဲပေးစွမ်းနိုင်သည်။ ဖြစ်ကောင်းဖြစ်နိုင်သည်က သူမသည် ရဲရင့်လွန်းပြီး မကြောက်မရွံ့သောကြောင့် ပြဿနာတိုင်းကို ရဲဝံ့စွာ ရင်ဆိုင်ဖြေရှင်းနိုင်သည်ဖြစ်မည် ။ထို့ကြောင့် ဤစကားများကို ပြောသောအခါတွင် ရန်စသည့်စကားမျိုး လုံးဝမရှိခဲ့ဘဲ စွန်းမန့်ကို ဖြောင်းဖျနိုင်‌နေသည်။


' ဘာကြောင့် တခြားသူတွေကို ဂရုစိုက်သင့်တာလဲ။ တကယ်တော့ သူမမှာလည်း သူမရဲ့ တော်တဲ့ကောင်းတဲ့အခြမ်းရှိသည်ပဲ'


' ဘာလို့အားသာချက်တွေကို အမြဲလျစ်လျူရှုပြီး ချို့ယွင်းချက်တွေကိုပဲ ဖော်ပြရတာလဲ '


ကျုံးယုံးယို့က ရုတ်တရက်ပြောသည်။


 "ငါ နင်နဲ့ အလောင်းအစားလုပ်မယ် "


" ဘယ်လို အလောင်းအစားလဲ" စွန်းမန့်မျက်ရည်တွေကို သုတ်လိုက်ပေမယ့် ကျုံးယို့ယို့အား မျက်ရည်များရှိသည့် မျက်၀န်းများနှင့် ကြည့်နေဆဲပင်။


ကျုံးယို့ယို့က "ငါလောင်းမှာက ဒီစာမေးပွဲမှာ ဘာကိုမှ မစဉ်းစားဘူး၊ နောက်ဆက်တွဲဆိုးကျိုးတွေကို ဂရုမစိုက်ဘဲ မေးခွန်းတွေကို စိတ်ရှင်းရှင်းနဲ့ လေးလေးနက်နက် ဖြေလိုက်မယ်ဆိုရင် နင့်ရဲ့ သိပ္ပံရမှတ်တွေနဲ့ စုစုပေါင်းရမှတ်တွေက  မျှော်မှန်းထားတဲ့အဆင့်ထက် ပိုပြီးတက်လာမှာ သေချာတယ်ဆိုတာကို  "


" ဘယ်လိုဖြစ်နိုင်မှာလဲ " စွန်းမန့်သည် သူမကိုယ်သူမ ယုံကြည်မှုမရှိပေ။


ရူပနှင့်ဓာတုဗေဒ စာမေးပွဲ ဖြေဆိုတိုင်း တိုင်ကပ်နာရီကို ကြည့်လိုက်ပြီး မေးခွန်းတစ်ခုကို တုန်လှုပ်ချောက်ချားစွာ ဖြေဆိုသည် ။


" ဖြစ်နိုင် မဖြစ်နိုင်ပါ့မလား မပြောပါ‌ေသးနဲ့အုံး "  ကျုံးယို့ယို့သည် မျက်ခုံးပင့်ကာ ပြုံးကာ အနည်းငယ် ပြုံးလိုက်ပြီး " ငါ လောင်းကြေးကို အောင်နိုင်ရင်၊ နင် ပေါင်းစည်းစာမေးပွဲမှာ တကယ်တိုးတက်လာရင် ကောလိပ်ဝင်ခွင့်စာ‌မေးပွဲမှာလည်း အဲဒီလိုပဲ ဘာမှ မစဉ်းစားပါနဲ့။  အဆုံးမှာ ရမှတ်ဘယ်လောက်ရနိုင်မလဲဆိုတာကိုပဲ အာရုံစိုက် "


" ဘယ်လိုလုပ် ဘာကိုမှ မစဉ်းစားပဲ‌နေနိုင်မှာလဲ " ကျုံးယို့ယို့ပြုံးလိုက်သည့်အခါ သူမ၏ မိမိကိုယ်ကိုယုံကြည်မှုက ကူးစက်ခံရပေမယ့်စွန်းမန့် သူမကိုယ်သူမ မယုံကြည်ပေ။


တိုင်ကပ်နာရီကို မျှော်ကြည့်တတ်သည့် သူမ၏အကျင့်ကြောင့် စာမေးပွဲမှာ အချိန်အများကြီး ဖြုန်းတီး‌လေ့ရှိသည်။


' သူများတွေ ဒီမေးခွန်းတွေကို အေးအေးဆေးဆေး ဖြေနိုင်ကြပေမယ့် သူမက ဘာလို့ ...'


ထိုအရာကို သူမ တွေးမိ‌လေ‌ေလ ပိုစိုးရိမ်လေလေဖြစ်ကာ စာမေးပွဲမှာ ပိုတုန်လှုပ်လေလေပင်...


 " ဘယ်လိုလုပ် မဖြစ်နိုင်ရမှာလဲ " ကျုံးယို့ယို့ကပြောသည်။ " ငါနင့်ကိုယုံတယ် "


‌စွန်းမန့် တောင့်တင်းကာ အံ့အားသင့်သွားသည်။


ကျုံးယို့ယို့သည် သူမ၏ ကုတ်အင်္ကျီကို ယူကာ ဘယ်အချိန်က ထွက်သွားသည်ကို မသိသော်လည်း စွန်းမန့်တူညီသော အနေအထားတွင် ရပ်နေဆဲဖြစ်ပြီး သူမ၏ပါးပြင်ပေါ်မှ မျက်ရည်များစီးကျလာပြီး ပိန်ပိန်ပါးပါးနှင့် နုနယ်သောရုပ်သွင်နှင့် သူမ၏ ပုခုံးများက လေးလံသောဝန်ကိုထမ်းကာ ဖိထားသလိုပုံ‌ ပေါ်နေသည်။


သို့သော် သိပ္ပံသုတေသနဌာနသို့ ဖိတ်ကြားခံရသော ကျုံးယို့ယို့မှ ပေါင်းစည်းစာမေးပွဲမှ ကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။


မသိစိတ်ဖြင့် သူမပခုံးများ ဖြောင့်ဖြောင့်လေးဖြစ်သွားသည်။

.....

ကျုံးယို့ယို့ ကားပေါ်တက်ပြီးသောအခါ ချင်းယောင်သည် အနည်းငယ် သိလိုစိတ်ဖြင့် " ဒီနေ့ဘာလို့နောက်ကျနေတာလဲ "


ကျုံးယို့ယို့ သူမ၏လက်များကို ဖြန့်လိုက်ပြီးရယ်စရာ‌ကောင်းသည်ဟု ခံစားရသည် ။ သူမသည် ပြင်ပမှ ကိစ္စရေးရာများကို အမြဲလိုလို နားထောင်ခြင်းမရှိဘဲ အခြားသူများကို သိပ်ဂရုမစိုက်သူဖြစ်သည်။ သို့သော် ဘာ​ကြောင့်​မှန်းမသိ... ဤကျောင်းကမထွက်ခွာခင် အဖိုးတန်သည့်အရာတစ်ခုကို လုပ်သင့်တယ်ဟု အမြဲတမ်း တွေးနေမိသည်...


ထိုကိစ္စကိုတွေးပြီး သူမ သက်ပြင်းချလိုက်ကာ" ချင်းယောင် ရှင့်ကိုယ်ရှင်ယုံကြည်မှုမရှိရင် ဘာလုပ်လဲ "


ချင်းယောင်သည် စတီယာရာတိုင်ကိုကိုင်ကာ တိုက်ခန်းရှိရာသို့ မောင်းသွားကာ ညနေခင်းညနေခင်း ယာဉ်လမ်းကြောင်းတင်းကြပ်မှုမှာ နစ်မွန်းနေပြီး သူမ ဘာတွေ တွေးနေမှန်း သေချာမသိကာ ရုတ်တရက် ပြုံးပြီးပြောသည်။ " ယုံကြည်မှုမရှိတာလား။ မင်းကိုယ့်ကို ကြိုက်လား မကြိုက်ဘူးလား တွေးတဲ့အချိန်ပဲ ယုံကြည်မှုမရှိဖြစ်တယ် "


"..." ကျုံးယို့ယို့က ပြုံးသည်။ ' ချင်းယောင် ကိုမေးခြင်းက အချိန်ဖြုန်းခြင်းပင်။ သူမထက်တောင် ပိုထူးချွန်သူတစ်ယောက်၊အကြီးမားဆုံးစိတ်ပျက်စရာက နှလုံးသားရေးရာမှာ ဖြစ်ကောင်းဖြစ်နိုင်...'


ရုတ်​တရက်​ သူမ အကြံအစည်​တစ်​ခု​ပေါ်လာပြီး ဖုန်းကိုထုတ်​ကာ လီသုန်းဖျင်၏ဖုန်းနံပါတ်​ကို ရှာ​လိုက်သည်​။


ဤကိစ္စကို လီသုန်းဖျင်က ကိုင်တွယ်ရမည်။


ကျုံးယို့ယို့ဖုန်းခေါ်လာသည့်အချိန်တွင် လီသုန်းဖျင်သည် ဇနီး၊ကလေးတို့နှင့်အတူ ညစာစား၍ အပြင်တွင်ရှိနေသည်။ ကျုံးယို့ယို့တွင် အခက်အခဲတစ်စုံတစ်ရာရှိလျှင် အတန်းပိုင်ဆရာအား ဆက်သွယ်လိမ့်မည်ဟုသိသော်လည်း အမှန်တကယ်ခေါ်လာမည်ဟု ထင်မထားခဲ့ချေ။ သူမဂရုစိုက်သည့် တခြားတစ်ယောက်ယောက်၏ ကိစ္စဖြစ်နိုင်လောက်သည်။ 


စွန်းမန့်သည် စိုးရိမ်ပူပန်တတ်သည့်ကလေးဖြစ်ကြောင်း သူသတိထားမိသည်။ စွန်းမန့် သူ့တပည့်ဖြစ်နေသည်မှာ သုံးနှစ်ရှိပြီဖြစ်ပြီး ကျုံးယို့ယို့ထက်ပို၍ ထိုကလေးအကြောင်းကိုသိသည်။ 


ထိုကလေးသည် ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိသည်မှာ သိမ်ငယ်တတ်သည့်ရောဂါဖြစ်လုနီးနီးပင်။ သူမသာ ကိုယ့်ကိုကိုယ် ယုံကြည်မှုမြှင့်တင်နိုင်လိုက်လျှင် သိပ္ပံစာမေးပွဲတွင် အမှတ်နည်းတော့မည်မဟုတ်ပေ။ 


အထက်တန်းပထမနှစ်နှင့် ဒုတိယနှစ်များတွင် သူမ၏ သိပ္ပံအမှတ်များသည် မဆိုးခဲ့ပေ။ အထက်တန်းတတိယနှစ်သို့ရောက်သောအခါ စာတော်သည့်ကလေးများ အထူးသဖြင့် ကျုံးယို့ယို့နှင့် ရန်ကျီအန်း၏ အမှတ်များကောင်းသည်ကိုတွေ့ပြီး သူမစိတ်လှုပ်ရှားလာခဲ့သည်။ တွန်းအားနှင့်ဖိအားတို့များလာသည့်အခါ သိမ်ငယ်စိတ်ပိုဝင်လာပြီး သူမအမှတ်မကောင်းသည့်အခါ စိတ်အခြေအနေ ပိုဆိုးလာခဲ့သည်။ 


လီသုန်းဖျင်သည် သူမနှင့် စကားသေချာပြောချင်မိသည်။ သို့သော် ယခင်က သူမနှင့် စကားနှစ်ခါပြောခဲ့သော်လည်း သိသိသာသာပြောင်းလဲမလာခဲ့ပေ။ 


ထိုကလေးမျိုးသည် စာမကြိုးစားသောကလေးများနှင့် ကွဲပြားသည်။ သူမသည် သာမန်ထက်ကျော်လွန်၍ ကြိုးစားသော်လည်း စိတ်ပိုင်းဆိုင်ရာပြဿနာလေးအနည်းငယ်ရှိနေခြင်းဖြစ်သည်။ထို့ကြောင့် ယခုလိုအခြေအနေတွင် ဆရာတစ်ယောက်အနေနှင့် ဆွေးနွေးတိုက်တွန်းခြင်းကသာ အကောင်းဆုံးဖြစ်သည်။ 


ကျုံးယို့ယို့၏ တောင်းဆိုချက်သည် ယခုလာမည့် စုပေါင်းစာမေးပွဲကာလအတွက်ဖြစ်သည်။ သူသည် အတန်းပိုင်ဆရာတစ်ယောက်၏လုပ်ပိုင်ခွင့်ဖြင့် စာမေးပွဲအခန်းထဲရှိ နံရံကပ်နာရီကိုဖယ်ပေးရန် တောင်းဆိုခံလိုက်ရ၏။


“နံရံကပ်နာရီကိုဖယ်ပေးရမယ် ဟုတ်လား” လီသုန်းဖျင်လန့်သွားသော်လည်း ကျုံးယို့ယို့၏ ရည်ရွယ်ချက်ကို သဘောပေါက်လိုက်သည်။ 


စာမေးပွဲဖြေသည့်အချိန်တိုင်း စွန်းမန့်အား သူသတိထားကြည့်မိသည်။ သူမကစိတ်လှုပ်ရှားနေပြီး နာရီကိုသာ ခဏခဏလှည့်ကြည့်နေခဲ့သည်။ အချိန်တစ်နာရီခွဲကျန်ပြီး သူမမတွက်ရသေးသော ပုစ္ဆာအနည်းငယ်ကျန်နေလျှင် လက်များတုန်လာပြီး ကောင်းကောင်းမရေးနိုင်တော့ပေ။ တုန်လှုပ်ချောက်ချားလာလေ၊ အမှားပိုလုပ်မိလေဖြစ်သည်။ 


တစ်ခါတရံ လီသုန်းဖျင် သူမအတွက်စိုးရိမ်မိသည်။ သူမဘာကြောင့် ဒီလောက်စိုးရိမ်ပူန်ရသည်လဲ။ 


နံရံကပ်နာရီကိုဖယ်ရန်မဖြစ်နိုင်‌ပေ။ ဒီတစ်ခေါက် အတန်း(၁၉)မှကျောင်းသားများ ထိုင်ခုံနေရာချလိုက်သောအခါ သူတို့အားလုံးသည် အတန်း(၁၉)တွင်သာဖြေရမည်ဖြစ်သည်။ အတန်းထဲရှိ ကျောင်းသားများ သဘောတူသရွေ့ ပြဿနာကြီးကြီးမားမားရှိလာမည်မဟုတ်ပေ။ 


“ကောင်းပြီ ဆရာစဥ်းစားထားလိုက်မယ်” လီသုန်းဖျင် ကျုံးယို့ယို့ကိုပြောလိုက်သည်။ “အတန်းဖော်ကို ဂရုစိုက်ပေးလို့ကျေးဇူးပဲ‌‌‌နော်” 


လီသုန်းဖျင်ဖုန်းချလိုက်သောအခါ သူ့ဇနီးကမေးလာသည်။ “ဘယ်သူလဲ ရှင်ခဏခဏပြောနေကျ စာအရမ်း‌တော်တဲ့ကလေးမလေးမလား” 


“ဟုတ်တယ်” လီသုန်းဖျင် တူဖြင့် ပင်လယ်စာဟင်းကိုယူလိုက်ပြီး ဝမ်းသာစွာပြောလိုက်သည်။ “ကျုံးယို့ယို့က ထက်မြက်ပြီး ထူးခြားတယ် ပြီးတော့စိတ်လဲကြီးတယ် သူမက သူများတွေကို အပြင်အကူအညီမယူဘဲ ကူညီလိမ့်မယ်လို့ထင်ထားပေမယ့် အဲ့လိုမဟုတ်တော့တဲ့ပုံပဲ။ အခု စွန်းမန့်ရဲ့ပြဿနာကို ကူဖြေရှင်းပေးဖို့ ကိုယ့်ကိုမေးလာခဲ့တယ်။” 


လီသုန်းဖျင်က ဝမ်းသာမှုကြောင့် မျက်ရည်ကျမလိုဖြစ်လာပြီး ကျုံးယို့ယို့၏နှလုံးသားသည် အနည်းငယ်နူးညံ့လာကြောင်းခံစားမိသည်။ 


ဒီနှစ်တွင် ကျုံးယို့ယို့ဖြတ်သန်းခဲ့ရသည်များကို သိခဲ့ရသည်။ သူမတွင်ဖြစ်ပျက်ခဲ့‌သောအရာများသည် အလွန်ရှုပ်ထွေးသည်။ သူမနေရာတွင် စွန်းမန့်ကဲ့သို့တစ်ယောက်ယောက်ဆိုပါက သေချာပေါက် ခံနိုင်ရည်ရှိမည်မဟုတ်ချေ။ 


ကျုံးယို့ယို့သည် စိတ်ဖိအားနည်းပြီး သူမရှေ့တွင်ရှိသော အခက်အခဲ၊ပြဿနာမှန်သမျှကို လွယ်လွယ်ဖြေရှင်းနိုင်သည်။ သူမက ယုံကြည်ချက်ရှိပြီး အကြောက်အလန့်ကင်းမဲ့၏။ 


နာရီကိုဖယ်လိုက်ပြီး စာမေးပွဲတွင် စွန်းမန့်စိတ်သက်သာရာရစေရန် လုပ်ပေးရမည်။ ထို့ပြင် ဒီကိစ္စကို လျှို့ဝှက်စွာလုပ်ဆောင်ရမည်။ လီသုန်းဖျင်နှင့် ကျုံးယို့ယို့သည် အတန်းထဲရှိ ကျောင်းသားများကို တစ်ယောက်ချင်းစီခေါ်၍ ဆွေးနွေးလိုက်သည်။ 


လီသုန်းဖျင်တွေးထားခဲ့သည်မှာ သူ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းပြောပြလိုက်လျှင် ရှစ်ယိမုန့်အပါအဝင် နောက်ဆုံးတန်းမှ ဝန်ထုပ်ကြီးငယ်ကျောင်းသားများနှင့် တစ်တန်းလုံးသည် တုံ့ဆိုင်းမှုမရှိဘဲ သဘောတူကြလိမ့်မည် ဟူ၍ဖြစ်သည်။ 


လီသုန်းဖျင်တွေးထားသည်ထက်ပို၍ ကိစ္စကအဆင်ပြေချောမွေ့သွားသည်။ 


တချို့ကျောင်းသားများက စွန်းမန့်ကို လျှို့ဝှက်ထားပြီး စာမေးပွဲပြီးမှ အံ့သြအောင်လုပ်ရန်ပြောကြသည်။


ကိစ္စတစ်ခုလုံးသည် လီသုန်းဖျင်ကို အံ့သြစေ၏။ သူဦးဆောင်ခဲ့သော အတန်း(၁၉)သည် တတိယနှစ်တစ်နှစ်လုံးတွင် ဆိုးဝါးသောအတန်းဟူ၍ သတ်မှတ်ခံထားရခြင်းဖြစ်သည်။ အမှတ်မကောင်းသည့်အပြင် စည်းကမ်းလဲမလိုက်နာပေ။ အစတွင် ကျောင်းဒါရိုက်တာက သူ့ကိုအမြင်မကြည်သဖြင့် ထိုအတန်းကိုတာဝန်ယူခိုင်းခဲ့သည်။ ဟုတ်သည်။ ထိုအတန်းသည် ပရမ်းပတာအဖြစ်ဆုံးအတန်းဖြစ်ခဲ့သည်။ 


ဒါပေမယ့် ဆူရင်းငေါက်ရင်းနဲ့ တဖြည်းဖြည်း ဒီကလေးတွေရဲ့ နူးညံ့ပြီးလှပတဲ့စိတ်ထားလေးတွေကို ဘယ်အချိန်ကစမြင်ခဲ့လဲဆိုတာတောင်မသိလိုက်မိဘူး။


...


ကျုံးယို့ယို့ ရွှီရှောင်ယွဲ့ကိုဖုန်းခေါ်လိုက်သည်။ ကျုံးယို့ယို့ကသေချာပေါက် ထိုနေ့ကျောင်းဆင်းချိန်တွင် အတန်းထဲ၌ မြင်ခဲ့သည့်အကြောင်းအရာများကိုမပြောလိုက်ပေ။


သူမခန့်မှန်းတာမှန်လျှင် စွန်းမန့်သည် မှတ်စုစာအုပ်ကိုပြန်ထားခဲ့လိမ့်မည်။ 


ပြဲသွားသည့် စာရွက်နှစ်ရွက်ကို ပြန်ကပ်ပေးထားလား တွဲပေးထားလားတော့မသိချေ။  


ရွှီရှောင်ယွဲ့သည် အမြဲနမော်နမဲ့နိုင်ရာ သူမမှတ်စုစာအုပ်ထဲမှ စာရွက်နှစ်ရွက်ပြုတ်နေသည်ကို သတိထားမိမည်မဟုတ်ပေ။ 


ရွှီရှောင်ယွဲ့ ညည်းညူလိုက်သည်။ “စွန်းမန့်အဆင်မပြေတာက သူမကိစ္စလေ တစ်တန်းလုံးက ဘာလို့ပူပေါင်းဖို့လိုတာလဲ ငါကအဆင့်ကောင်းပြီးသားဆိုတော့ ငါနဲ့မဆိုင်ဘူး ငါပြောတာမမှားဘူးမလား” 


တကျည်ကျည်လုပ်ပြီးနောက်တွင် သူမသဘောတူလိုက်၏။ 


ကျုံးယို့ယို့က သူမ၏နှုတ်ကြမ်းသော်လည်း နှလုံးသားကတော့တို့ဖူးကဲ့သို့နူးညံ့သည်ကို ရယ်ချင်စိတ်ဖြစ်မိပြီး ဖုန်းချလိုက်သည်။ သူမကစာရင်းတွင်ဖြည့်လိုက်ပြီးနောက် ကျောင်းသားအားလုံးနီးပါး သဘောတူထားကြသည်ကို တွေ့လိုက်ရသည်။  


ဒီ‌နေ့အပါအဝင် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရန် ၁၁ရက်သာလိုတော့သည်။ 


အတန်းထဲရှိ လျှပ်စစ်ပန်ကာသည်လည်နေပြီး  လေထုသည် သိပ်သည်းနေသည်။ 


စာမေးပွဲခေါင်းလောင်းမထိုးခင်အထိ စွန်းမန့်က သင်္ချာစာအုပ်ကို လှန်၍ သည်းကြီးမည်းကြီးကြည့်နေသည်။ ထို့နောက် စာမေးပွဲကြီးကြပ်သူအဖြစ်ဆောင်ရွက်မည့် ဆရာမရောက်လာပြီး ရှေ့တန်းမှ ကျောင်းသားများအား လိုအပ်သည့်ပစ္စည်းများကိုသာယူထားရန်ပြောလာသည်။ သူမစာအုပ်ကို စိတ်လှုပ်ရှားစွာနှင့် မြန်မြန်ပိတ်လိုက်သည်။ 


သို့သော် စာအုပ်ပိတ်လိုက်သည်နှင့်တပြိုင်နက် ကျက်ထားခဲ့သော ပုံသေနည်းများကိုမေ့သွားလေသည်။ 


စွန်းမန့်သည် မာရသွန်ပြိုင်ပွဲတွင်ပြေးနေသကဲ့သို့ နှလုံးခုန်မြန်လာ၏။ မေးခွန်းလွှာပင် မရသေးသော်လည်း သူမကနေရာတွင် မေ့လဲသွားမလိုဖြစ်သည်။ 


မေးခွန်းလွှာရသောအခါ သူမကနာမည်ကိုအရင်ရေးလိုက်ကာ ပထမပုစ္ဆာကိုစတွက်လိုက်သည်။ 


ပထမဆုံးအဖြေမှန်ရွေးပုစ္ဆာသုံးပုဒ်က လွယ်တယ် ဒါပေမယ့် ငါအချိန်ဘယ်လောက်သုံးလိုက်လဲ အချိန်တွေတော်တော်ဖြုန်းလိုက်မိတယ်ထင်တယ်။ 


အကျင့်အရ သူမကျောက်သင်ပုန်းပေါ်ရှိ နာရီကိုမော့ကြည့်လိုက်ပြီးနောက် မှင်သက်သွားသည်။ 


နာရီဘာလို့မရှိတာလဲ...


ဒီတစ်ခေါက်တွင်တော့ စွန်းမန့်သည် ပုစ္ဆာတစ်ပုဒ်ပေါ်တွင် အချိန်မည်မျှသုံးလိုက်သည်ကို မသေချာဖြစ်နေသည်။ ယခုလို အရေးကြီးလှသည့် စုပေါင်းစာမေးပွဲကြီးတွင် ခုံများကို အကျဲကြီးချဲထားကာ သူမကအဝေးမှုန်ပြီး ဒီဂရီ၈၀၀‌ကျော်ရှိသည့်အတွက် ဘာမှမမြင်ရပေ။ 


စာမေးပွဲကြီးကြပ်သူဆရာမ၏ သတိမဲ့မှုကို အခွင့်ကောင်းယူ၍ သူမကဘေးဘက်ကို တိတ်တဆိတ်ကြည့်လိုက်သည်။  လူတိုင်းသည် ပထမစာမျက်နှာတွင်သာရှိသေးကြောင်းတွေ့သောအခါ သူမစိတ်ငြိမ်သွားသည်။ 


အဆင်ပြေတယ် အဆင်ပြေတယ် ငါတွက်နေတာ မြန်သင့်သလောက်မြန်တယ် ဒီနှုန်းအတိုင်းဆက်တွက်သွားရင် ဒီသချ်ာစာမေးပွဲကိုအချိန်မီပြီးနိုင်တယ် 


သူမကိုယ်သူမအားပေးလိုက်၍ ပုစ္ဆာဖြေရှင်းသည့်အပေါ်တွင်သာအာရုံနှစ်ထားလိုက်ပြီး နောက်ဆုံးတွင် ကွက်လပ်ဖြည့်မေးခွန်းတို့ပြီးသွားသည်။ 


ယခင်ကသူမ ကွက်လပ်ဖြည့်မေးခွန်းတို့ကိုဖြေပြီးသည့်အခါ မိနစ်၂၀၊ နာရီဝက်လောက်ကြာသည်ထင်ခဲ့ပြီး နာရီကြည့်လိုက်သည့်အခါ တစ်နာရီကြာမြင့်သွားခဲ့၏။ အချိန်ကြပ်သွားသောကြောင့် သူမထိတ်လန့်သွားပြီး လက်များတုန်လာခဲ့ကာ နောက်ဆုံးပုစ္ဆာကြီးများတွင် အမှားများတစ်ခုပြီးတစ်ခုလုပ်မိတော့သည်။ 


သို့သော် ယခုတစ်ခေါက်တွင် သူမကြည့်နေကျ နာရီရှိနေမည့်နေရာကို နောက်တစ်ခေါက်‌ မော့ကြည့်လိုက်သော်လည်း ဘာမှမတွေ့ရချေ။ 


အချိန်အများကြီးကျန်နေသေးပုံရသောကြောင့် သူမခံစားချက်တို့တည်ငြိမ်လာပြီး ပျော်ရွှင်နေသည်။ 


စွန်းမန့်စိတ်ငြိမ်လာပြီး ထိတ်လန့်မှုတို့လဲ လျော့နည်းသွားသည်ကို ခံစားလိုက်ရသည်။ 


သူမလက်ဖဝါးမှချွေးများကို တစ်ရှူးနှင့်သုတ်လိုက်ပြီးနောက် စာမျက်နှာအသစ်ကိုလှန်ကာ ပထမဆုံးပုစ္ဆာအကြီးကို စတွက်လိုက်၏။ 


နောက်ဆုံးတွင် တတိယမြောက်၊ စတုတ္ထ၊ ပဥ္စမ။


အချိန်တို့တဖြည်းဖြည်းကုန်ဆုံးလာပြီး သူမ ဖြေရှင်းစရာပုစ္ဆာကြီးနှစ်ပုဒ်ပင်ကျန်တော့သည်။ 


သူမ၏သချ်ာအမှတ်များသည် သာမန်မျှသာဖြစ်သည်။ ရိုးရိုးစာမေးပွဲများတွင် ပုစ္ဆာအားလုံးနီးပါး မှီသော်လည်း ပိုခက်ခဲသည့်ယခုလိုစာ‌မေးပွဲတွင်တော့ သူမတွက်ရန် ပုစ္ဆာနှစ်ပုဒ်၊သုံးပုဒ်ပင် မမှီလေ့ရှိသည်။ တစ်နည်းအားဖြင့် သူမအမှတ်၃၀နီးပါးဆုံးရှုံးသွားခဲ့သည်ပင်။ ၎င်းကအလွန်ရှက်စရာကောင်း၏။ 


ယခုတစ်ခေါက်တွင်တော့ သူမအမြန်နှုန်းသည် သိသိသာသာတိုးတက်လာပုံရသည်။


စွန်းမန့်သည် တက်ကြွစွာဖြင့် ကျန်နေသည့်ပုစ္ဆာကြီးတို့ကိုဆက်တွက်လိုက်ပြီး နောက်ဆုံးပုစ္ဆာကြီးများမှ တစ်ပုဒ်ပြီးသွား၍ တစ်ပုဒ်သာကျန်တော့သည်။  


နောက်ဆုံးတစ်ပုဒ်မမှီရင်တောင်မှ အရင်ကထက်လုပ်နိုင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ်ပထမပုစ္ဆာအတွက်၁၅မှတ်တော့ ရလိုက်သေးတာပဲ။ ၁၅မှတ်မရရင်တောင်မှ အရင်ထက်စာရင်တော်ပါသေးတယ်။ 


စာမေးပွဲပြီးခါနီးတွင် စွန်းမန့်ကယုံကြည်မှုအနည်းငယ်ရှိလာကြောင်းခံစားရသည်။ 


သူမကချွေးတို့ကိုနောက်တစ်ကြိမ်သုတ်လိုက်ပြီး နောက်ဆုံးပုစ္ဆာကိုတွက်လိုက်သည်။ 


နောက်ဆုံး၌ သူမသည်ပုစ္ဆာဖြေရှင်းခြင်းအပေါ် အာရုံစိုက်နေစဥ် အဖြေလွှာများကိုပြန်လည်စစ်ဆေးရန် ဘဲလ်တီးလာသည်။ ထိုအချိန်တွင် နောက်ဆုံးပုစ္ဆာကြီးမှ ‌မေးခွန်းနှစ်ခုတို့ကိုဖြေပြီးသွားပြီဖြစ်သည်။ သူမတွင် နောက်ဆုံး၇မိနစ်သာကျန်တော့၏။ သူမအကုန်တွက်ပြီးသွားသည်။


ဘုရား ဒါကအရင်စာရွက်ဗြောင်ထက်စာရင် တော်တော်တိုးတက်လာတာပဲ 


အဖြေလွှာတို့ကိုလိုက်သိမ်းနေချိန်တွင် စွန်းမန့်သည် စာမေးပွဲစသည့်အချိန်ကလိုပင် နှလုံးခုန်မြန်နေသည်။ သို့သော် ဒီတစ်ခေါက်တွင် သူမကတက်ကြွနေပြီး လက်တို့အနည်းငယ်တုန်နေသည်။ သူမက ညာဘက်လက်အား ဘယ်ဘက်လက်ဖြင့်ဆိတ်လိုက်ပြီး စိတ်ငြိမ်ငြိမ်ထားရန်အကောင်းဆုံးကြိုးစားလိုက်ကာ သူမထိုင်ခုံဖော်နှင့် အဖြေတို့ကိုဆွေးနွေးရန်စောင့်နေလိုက်သည်။ 


ပတ်ပတ်လည်မှကျောင်းသားများသည် သင်္ချာမေးခွန်းသည်ခက်ကြောင်းပြောနေကြသည်ကိုကြားပြီးနောက် စွန်းမန့်ယုံကြည်ချက်ပိုတိုးလာ၏။ သူမသည် အရင်အခေါက်များထက် သေချာဖြေနိုင်ခဲ့ကာ အမှတ်၁၂၀ပင်ကျော်နိုင်သည်။ 


ယခုတစ်ခေါက်တွင် သူမသည် နာရီကိုကြည့်သည့်အချိန်လျော့သွားရာ ဆယ်မိနစ်အပိုရလိုက်သည်။ 


စွန်းမန့်သည် ကျောက်သင်ပုန်းအထက်ရှိ နာရီသည်ဘာကြောင့်ပျောက်သွားသည်ကိုမသိသော်လည်း ရုတ်တရက် ယခင်က  နာရီကိုခဏခဏကြည့်ပြီး စိတ်လှုပ်ရှားခဲ့သည်ကို သတိထားမိသွားသည်။ နာရီကိုမည်သူ ဖြုတ်သွားလဲ သူမမသိချေ။ သို့သော် ၎င်းသည်အကူအညီဖြစ်စေခဲ့သည်။ 


အနာဂတ်မှာ နာရီကိုခဏခဏမကြည့်တော့ဘဲ စာမေးပွဲမှာပဲအာရုံစိုက်ဖို့ကြိုးစားရမယ်။ 


သူမစိတ်ထဲတွင် ယုံကြည်ချက်တို့တဖြည်းဖြည်းတိုးလာခဲ့သည်။ သူမသည် အမှန်တကယ်ကို လုပ်နိုင်စွမ်းရှိသည်။


.........