အပိုင်း ၁၆၃
Viewers 14k

Chapter 163


တစ်ကျောင်းလုံးသည် ထိုအကြောင်းအား အားတက်သရောပြောဆိုနေကြပြီး ရုံးခန်းထဲမှ ဆရာ၊ဆရာမများသည်ပင် မပြောဘဲမနေနိုင်ကြချေ။ အဆုံးတွင်တော့ ၎င်းတို့သည် များသတင်းကောင်းဖြစ်၏။ 


ကျုံးယို့ယို့သည် ယခု လမ်းတွင်ပဲရှိသေးပြီး ကျောင်းသို့ပြန်မရောက်သေးပေ။ 


သို့သော် ထိုနေ့လည်ခင်းတွင် မုန့်ရှစ်ရွှမ်သည် အတန်းတက်ရန်ကျောင်းသို့လာခဲ့သည်။ သူမကျောင်းမလာသည်မှာ ကြာပြီးဖြစ်၍ အတန်းထဲမှကျောင်းသားများသည် သူမမည်သို့ပုံစံရှိသည်ကိုပင် မမှတ်မိနိုင်ဖြစ်နေကြသည်။ 


မုန့်ရှစ်ရွှမ်က ပြိုင်ပွဲ၊ အအေးမိခြင်းနှင့် ခြေထောက်အဆစ်လွဲသွားခြင်းတို့ကြောင့် တစ်လကျော်လောက် ကျောင်းမလာနိုင်ဖြစ်ခဲ့ရသည်။ လူတိုင်းသည် မုန့်ချန်၏ကိစ္စကိုရှက်သောကြောင့် ကျောင်းသို့မလာရဲကြောင်း သိကြ၏။ 


သို့သော် အမှန်တကယ်တွင် သူမကျောင်းပြန်တက်ချိန်၌ လူတိုင်းသည် ကျုံးယို့ယို့နှင့် ရှစ်ကျစ်ထန်အကြောင်းကိုသာ ပြောနေကြသည်။ မည်သူမှ သူမအား ဂရုမစိုက်ကြကာ ကျောင်းသို့ဝင်မလာခင် တွေးထားခဲ့သော လှောင်ပြောင်မှုတို့လည်း ရှိမလာချေ။ 


သူမဝင်လာသည့်အချိန်ကပင် တံခါးဝတွင် မိန်းကလေးနှစ်ယောက်သည် ပြုတ်ကျသွားသည့် အဖြေလွှာစာရွက်အား ကြင်နာစွာနှင့် ကမ်းပေးခဲ့သည်။ 


ယခင်ကကျောင်း၌ မုန့်ရှစ်ရွှမ်တွင် သူငယ်ချင်းမရှိခဲ့ဘဲ သူမနားတွင် ရှိနေခဲ့ကြသော မိန်းကလေးများသည် မြှောက်ပင့်ဖို့အတွက်သာ ဖြစ်သည်။ ယင်ချူးချူးတစ်ယောက်ကသာ သူမအား သူငယ်ချင်းတစ်ယောက်လို ဆက်ဆံခဲ့သည်။ 


သို့သော် ယခင်တစ်ခေါက်တွင် ဆေးရုံ၌ ယင်ချူးချူးနှင့်သူငယ်ချင်းဆက်ဆံရေးအား သူမဘက်မှ အရင်အပြီးသတ်ခဲ့သည်။ ယခုတွင် အတန်းထဲသို့ရောက်လာသည့်အခါ ယင်ချူးချူးသည် သူမဘေးထိုင်ခုံတွင် မရှိတော့၍ မသိစိတ်အရ ယင်ချူးချူးအား ကြည့်လိုက်ရာ မရှိသောလေကဲ့သို့ပင် သူမအားကြည့်မလာခဲ့ချေ။


မုန့်ရှစ်ရွှမ်စိတ်ထဲတွင် သရော်လိုက်၏။ 


"ကျစ်... ဆက်ဆံရေးအတုတွေ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာလဲကြာကြာမှမနေတာပဲ ဂရုစိုက်မနေတော့ဘူး..."


အတန်းဖော်များသည် မုန့်ရှစ်ရွှမ်က ယခုအချိန်တွင် တခြားလူတစ်ယောက်ကဲ့သို့ပြောင်းလဲသွားကြောင်း သိသိသာသာ သတိထားမိကြသည်။   


ယခင်က မုန့်ရှစ်ရွှမ်သည် ဖြူစင်၍ သဘောထားကြီးပြီး လှပကျော့ရှင်းခဲ့သည်။ သို့သော် ယခုတွင် မုန့်ရှစ်ရွှမ်သည် မိန်းကလေးအဆိုတော်အဖွဲ့မှ တစ်ယောက်ကဲ့သို့ဝတ်စားထား၍ ဖက်ရှင်မှာလည်း အလွန်ဟော့နေသည်။ 


၎င်းကကြည့်ရမဆိုးသော်လည်း သူမ၏ပုံစံနှင့်ကွဲထွက်နေပြီး ရင့်ကျက်နေသည့်ပုံပေါက်သည်။ 


သို့သော်လည်း အတန်းထဲရှိ မည်သူကမှ သူမနှင့် ကောင်းမွန်သည့်ဆက်ဆံရေးမရှိသဖြင့် ဘာမှမပြောကြပေ။ 


ထိုကဲ့သို့ပုံစံနှင့်မုန့်ရှစ်ရွှမ်က ပို၍ပင် သည်းမခံနိုင်သည့်ပုံပေါ်နေ၏။ 


သူမသည် အေးစက်နေသည့်မျက်နှာထားနှင့် သူမခုံဆီသို့လျှောက်သွားလိုက်၍ စာအုပ်ထုတ်လိုက်ပြီး သိပ်မလိုတော့သည့် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေလိုက်သည်။ 


ကျောင်းကိုလာသည့်လမ်းတစ်လျှောက်တွင် သူမကြားခဲ့ရသည်မှာ


 “ကျုံးယို့ယို့သည် ချန်ပီယံဆုကိုရလိုက်ပြီး အံ့ဩဖို့ကောင်းကြောင်း” ၊ “ကျုံးယို့ယို့က ချန်ပီယံဖြစ်ကြောင်း” ၊ “ကျုံးယို့ယို့...” 


ကျုံးယို့ယို့။ ထိုစကားလုံးသုံးလုံးသည် သူမနားထဲတွင် ပဲ့တင်ထပ်နေကာ စိတ်ထဲတွင် ဘဝင်မကျဖြစ်လာအောင် ပြုလုပ်နေ၏။ 


သူမသည် ကောင်းစွာသိရှိထားသော အောင်မြင်မှုတစ်ခုရထားသော်လည်း ယခုအချိန်တွင် အနည်းငယ်မျှ အချည်းနှီးဖြစ်ပြီး သာလွန်ဆန်နေသည်။ စာအုပ်ပေါ်တွင်ရေးထားသည့် စာများကလည်း သေးလာကာ စာအုပ်ထဲကသူမအမြင်ထဲမရှိတော့ချေ။ 


၎င်းကမဖြစ်နိုင်ပေ။ သူမက ‌ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အဆင့်နှစ်ရ၍ မြို့တော်သို့အောင်မြင်စွာသွားနိုင်လိုက်ပြီး မြို့တော်၏အကြီးဆုံး ကုမ္ပဏီနှင့် စာချုပ်ချုပ်ရဦးမည်ဖြစ်သည်။


မုန့်ရှစ်ရွှမ်က စိတ်ငြိမ်အောင်လုပ်လိုက်ကာ စာအုပ်ကိုနောက်တစ်ကြိမ် ကြည့်လိုက်သော်လည်း အိတ်ကပ်ထဲက ဖုန်းသည် ရုတ်တရက်တုန်လာသည်။ 


နံပါတ်စိမ်းဖြစ်သည်။ 


“ပိုက်ဆံမလောက်ဘူး ကလေးမ ဆက်ပြီးလျစ်လျူရှုနေဦးမယ်ဆိုရင် နောက်ဆုံးတစ်ခေါက်က မင်းအဖေကို ပြဿနာဖြစ်စေဖို့ ငါ့ကိုခိုင်းခဲ့တဲ့အကြောင်းတွေ အကုန်ဖော်လိုက်တော့မယ် ကဲ ဘာလုပ်ရမလဲ”  


မုန့်ရှစ်ရွှမ်မျက်နှာသည် ဖြူဖျော့သွားတော့သည်။မုန့်ရှစ်ရွှမ်သည် ဘာကြောင့် ထိုကဲ့သို့သူနှင့် ချုပ်နှောင်မိနေလဲ မစဥ်းစားနိုင်ချေ။ သူ့အား ရန်စလိုက်သည်နှင့် အဆိပ်ပြင်းသောမြွေလိုပင် ရစ်ပတ်နေပြီး ကိုက်ထားကာ ဘယ်သောအခါမှ လွှတ်တော့မည်မဟုတ်ပေ။ 


ကျုံးယို့ယို့ ကပ်ဆိုက်နေသည့်အချိန်တွင် သူမ စဥ◌်းစားဉာဏ်မဲ့ခဲ့သည်။ ကျုံးယို့ယို့ကိုမုန်းလွန်းသောကြောင့် သူမကိုသင်ခန်းစာပေးရန်တစ်ယောက်ယောက်အား ရှာချင်ခဲ့ပြီး ထိုအချိန်တွင် ကျုံးကုမ္ပဏီကိုလည်း ဒေဝါလီခံရစေချင်ခဲ့သည်။ ယခုတွင်တော့ ကျုံးယို့ယို့သည် နိုင်ငံလုံးဆိုင်ရာ ဗိုလ်လုပွဲစင်မြင့်ပေါ်တွင် အာရုံစိုက်မှု များစွာခံရကာ ရပ်တည်နိုင်ခဲ့သည်။ 


သို့သော် သူမသည် ထိုကဲ့သို့အဆိပ်ပြင်းသည်မြေွနှင့် ချည်နှောင်မိသည်မှာ ကံဆိုးလှသည်ပင်။ ဘုရားသခင်သည် သူမအား ပထမဆုံး၁၈နှစ်တွင် ပြီးပြည့်စုံသောဘဝကို ပေးထားခဲ့ပြီး ယခုတွင် အပြစ်ဒဏ်ခံခိုင်းနေသည်မှာ မတရားပေ။ 


သူမက ဖြူဖျော့နေလျက် ဘေးပတ်လည်ကိုကြည့်လိုက်သည်။ ကံကောင်းစွာနှင့် အတန်းဖော်များသည် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် အသည်းအသန်လေ့ကျင့်နေကြပြီး သူမကိုအာရုံစိုက်မနေကြပေ။ ထို့ကြောင့် သူမက စိတ်လျှော့လိုက်၍ တစ်ဖက်ကိုအကြောင်းပြန်လိုက်သည်။ 


“ဒီည ရှစ်နာရီ လုံဟွာလမ်းက စွန့်ပစ်စက်ရုံမှာ တွေ့မယ်” 


ထိုနေရာတွင် လူများနေထိုင်ခြင်းမရှိပေ။ နောက်ဆုံးတစ်ခေါက်ထိုလူနှင့်တွေ့ခဲ့သည်မှာလည်း လုံဟွာလမ်းမှ စက်ရုံတွင်ဖြစ်သည်။ မုန့်ရှစ်ရွှမ်က ဖုန်းကိုပြန်ထည့်လိုက်ကာ ယနေ့ သင်ခန်းစာများကို လိုက်နားထောင်ရန်စိတ်မပါတော့ချေ။ 


သူမလက်ထဲတွင် ငွေမည်မျှကျန်သေးသည်လဲ။ ယခင်က ကျုံးမိသားစုမှပေးထားခဲ့သော ငွေများသည် ပြန်အသိမ်းခံလိုက်ရပြီး အိမ်ကိုလည်း ပြန်သိမ်းယူသွားခဲ့ကြသည်။ ရှန်းချီနှင့်လဲလှယ်ခဲ့သော ပိုက်ဆံများသည်လည်း ရှန်းချီထောင်ကျသွားပြီးနောက်တွင် ရှေ့နေမှ တရားမဝင်ပိုင်ဆိုင်မှုများဟု သတ်မှတ်လိုက်၏။ 


ယခုသူမတွင် မုန့်ချန်ထောင်မကျခင်ပေးထားခဲ့သော ပိုက်ဆံများသာကျန်တော့သည်။ ၎င်းသည်လည်း သိန်းဂဏန်းလောက်သာကျန်တော့သည်။ 


ပြီးနောက် ဤလူသည် အမှန်တကယ်ကို အောက်တန်းကျလေသည်။ 


မုန့်ရှစ်ရွှမ်ဒေါသထွက်သွား၍ မျက်နှာသည် ကြည့်ရဆိုးနေသည်။ 


အတန်းဖော်များသည် သူမဘာဖြစ်နေသည်ကို မသိကြချေ။ ကောလိပ်ဝင်ခွင့်စာမေးပွဲသည် တဖြည်းဖြည်းနီးကပ်လာသောကြောင့် သူမအားဂရုမစိုက်ကြသော်လည်း မုန့်ရှစ်ရွှမ်တစ်ခုခုဖြစ်နေသည်ဟု သူတို့အနည်းငယ် ခံစားမိသည်။ 


ထိုည စွန့်ပစ်စက်ရုံတွင်ဖြစ်သည်။ 


မုန့်ရှစ်ရွှမ်သည် ယွမ်နှစ်သောင်းအား ရှေ့တွင်ရှိနေသော အဝတ်အစားတို့ရှုပ်ပွနေသည့်လူထံပစ်ပေးလိုက်သည်။ 


“ဒါနောက်ဆုံးတစ်ခေါက် သတိပေးခြင်းပဲ ကျွန်မကိုနောက်တစ်ခါ ထပ်ခြိမ်းခြောက်မယ်ဆိုရင် နေကိုမြင်ခွင့်မရတော့အောင် လုပ်ပေးလိုက်မယ်” 


“ကလေးမလေးကအပြောအဆိုကြမ်းလိုက်တာ” ထိုလူသည် ပိုက်ဆံအား ယူလိုက်ကာ ပြုံးလိုက်၍ “ကံကောင်းစွာနဲ့ ဒါကမလောက်သေးဘူး” 


“ရှင့်ရဲ့နောက်ဆုံးအလုပ်က မအောင်မြင်ခဲ့ဘူးလေ ကျွန်မမောင်ကို ရိုက်ခိုင်းခဲ့လို့လား...ကျွန်မရိုက်ခိုင်းတာ မိန်းကလေးလေ”


 မုန့်ရှစ်ရွှမ်က ထိုလူကို ကြည့်လိုက်ကာ အသံဖမ်းစက်ရှိမရှိသေချာစစ်ဆေးလိုက်သည်။ ထို့နောက် သူမကသရော်လိုက်၏။ 


“ရှင်လုပ်ရမယ့်အလုပ်ကို သေချာအောင်မလုပ်ခဲ့ဘဲနဲ့ အခုကျွန်မကို ငွေညှစ်ချင်သေးတယ်ပေါ့လေ” 


“ဒါက ဘယ်လိုလုပ် ငွေညှစ်တာဖြစ်ရမှာလဲ ဒါကစာချုပ်နဲ့အလုပ်လုပ်တာအသိသာကြီးပဲလေ” လူကြီးက စိတ်ဓာတ်ကျစွာပြောလိုက်သည်။ “ဒါပေမယ့် ငါ့မှာပိုက်ဆံမရှိတော့ဘူး ဒါမှမဟုတ် မိန်းကလေး နောက်တစ်ခါ ထပ်ကြိုးစားကြတာပေါ့ ဒီတစ်ခါ မင်းမုန်းတဲ့မိန်းကလေးသေချာပေါက် ထိခိုက်စေရမယ် အဲ့ဒီအတွက် တစ်သိန်းထပ်ပေးရင်ရောဘယ်လိုလဲ” 


“ရှင်လုပ်နိုင်ရင် တစ်သိန်းထပ်ပေးမယ်” မုန့်ရှစ်ရွှမ်က ကြမ်းကြုတ်စွာပြောလိုက်သည်။  


လဲလှယ်မှုမတိုင်ခင် ယွမ်တစ်သိန်းသည် သူမအိတ်ဝယ်သောပိုက်ဆံဖြစ်ပြီး ယခုတွင်တော့ ဤညစ်ပတ်ပေရေနေသည့်လူကြီးနှင့် ဤစက်ရုံဟောင်းထဲတွင် ယွမ်တစ်သိန်းအား အပေးအယူလုပ်နေရသည်။ သူမက ပတ်ပတ်လည်ရှိ အပျက်အစီးများ၊ ဖုန်မှုန့်များနှင့် အလင်းရောင်မှိန်ပျပျတို့ကိုကြည့်ရင်း ဝမ်းနည်းလာတော့သည်။ 


သူမဘဝကိုဘယ်အချိန်က ဒီလောက်ထိနိမ့်ကျသွားရတာလဲ... ကျုံးအိမ်ကနှင်ထုတ်ခံလိုက်ရတဲ့နေ့ကတည်းကလား...ကျုံးယို့ယို့ ကျုံးအိမ်ထဲကိုဝင်လာတဲ့နေ့ကတည်းကလား... အဲ့ဒီနေ့ကတည်းက ကျုံးယို့ယို့ကို အဝေးပို့ပစ်ဖို့ ကျုံးမာမားကို ပြောခဲ့လိုက်ရမှာ...


မုန့်ရှစ်ရွှမ်သည် ရုတ်တရက် အသက်ရှူပြင်းလာတော့သည်။ ကျုံးအိမ်မှထွက်လာခဲ့စဥ်က သူမတစ်ယောက်တည်းဖြစ်နေပြီး ဗီလာမရှိ၊ ရေကန်မရှိ၊ ရှန်ပိန်မရှိနှင့် အိပ်မက်မက်နေသည်ဟု ခံစားမိသည်။ သို့သော် ယခုတွင် သူမကျုံးအိမ်ကမောင်းထုတ်ခံလိုက်ရသည်မှာ တစ်နှစ်ခွဲနီးပါးပင်ရှိပြီဖြစ်သည်။ ကျုံးအိမ်တွင်နေခဲ့သည့်နေ့ရက်များကို မမှတ်မိတော့ပေ။ သို့သော် ကျုံးဗီလာတွင် ၁၈နှစ်အတွင်းရှိခဲ့သော ချစ်ခြင်းမေတ္တာများနှင့်ရယ်မောသံများသည် အိပ်မက်တစ်ခုကဲ့သို့ပင်ခံစားရ၏။ 


မဟုတ်ဘူး ဘယ်လိုလုပ် ထင်ယောင်ထင််မှားအိပ်မက်သက်သက်ဖြစ်ရမှာလဲ...


မုန့်ရှစ်ရွှမ်သည် ဖျော်ဖြေရေးလောကထဲသို့ဝင်ချင်ပြီး ကျုံးမိသားစုနှင့် မသက်ဆိုင်တော့ပေ။ သို့သော်လည်း စကားများကိုတော့သည်းမခံနိုင်ချေ။ Weibo ကွန်မန့်တွင် တစ်ယောက်ယောက်သည် ကျုံးယို့ယို့နာမည်ကိုပြောလိုက်တိုင်း သူမနစ်မြုပ်သွားမလိုခံစားရသည်။ တစ်စုံတစ်ခုကတွန်းအားပေးနေသယောင် ခံစားရ၏။ သူမ၏ သာလွန်မြင့်မြတ်နေသော ကိုယ်ရောင်ကိုယ်ဝါများသည် ဘာကြောင့် ကျုံးယို့ယို့ယူသွားခြင်းခံလိုက်ရသည်လဲ။ 


ဆက်မစဥ်းစားနဲ့တော့ တော်လိုက်တော့…


သူမက နတ်ဆိုးတစ်ကောင် ပူးကပ်နေသကဲ့သို့ အသက်ကိုပြင်းပြင်းရှူနေကာ ရှေ့ရှိ သက်လတ်ပိုင်းလူကြီးအား ပြုံး၍ပြောလိုက်သည်။ 


“ကျွန်မအတွက် တကယ်လုပ်ပေးနိုင်တာလား” 


“ဒါပေါ့” လူကြီးကပြောလိုက်သည်။ 


“ဒီတစ်ခေါက် ကျောင်းဆင်းလာရင် သူမတစ်ယောက်တည်းဖြစ်နေမည့် အချိန်တွေကို ကျုပ်ကိုပြောထားပေး”  


ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်ခင်နှစ်ရက်အလို၌ လေထုသည်ပိုပြင်းထန်နေတော့သည်။ တစ်ကျောင်းလုံး ချွေးပြန်နေကြပြီး အလေလိုက်နေကြသော ကျောင်းသားအများစုသည်ပင် နောက်ဆုံးနှစ်ရက်တွင် စာများကို ပြန်လည်ကြည့်နေကြသည်။ 


ကျုံးယို့ယို့သည်လည်း အလုပ်ရှုပ်နေပြီး သုတေသီအဖွဲ့အစည်းသည် သူမအား သတင်းပို့ရမည်အချိန်အတိအကျ ပြောထားသည်။ ထိုအချိန်ရောက်လျှင် သူမသည် အရင်စမ်းသပ်ခံရဦးမည်ဖြစ်သည်။ သူမသည် တရားဝင် ပညာရှင် ဖြစ်နိုင်မဖြစ်နိုင်အား သုတေသနများနှင့် စမ်းသပ်မှုများကိုပထမဆုံး ဖြတ်ကျော်ရဦးမည်။ သို့သော်လည်း ၎င်းသည် ဂုဏ်ယူစရာပင်ဖြစ်သည်။ 


ကျောင်းသားများ၏ အင်တာနက်အပေါ် စိတ်အားထက်သန်မှုများသည် မလျော့သွားကြသော်လည်း ဗိုလ်လုပွဲတွင် သူမအနိုင်ရသွားသည့်အပေါ် သက်ဝင်လှုပ်ရှားနေသည့်လေထုကတော့ ကောလိပ်ဝင်ခွင့်စာမေးပွဲကြောင့် တဖြည်းဖြည်း ငြိမ်သက်လာလျက်ရှိသည်။  


ကျုံးယို့ယို့သည် နိုင်ငံလုံးလိုင်ရာဗိုလ်လုပွဲတွင် အာရုံစိုက်နေရသည့်အတွက် ယခုတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် အလျင်အမြန်စာကြည့်နေရသည်။ ကံမကောင်းစွာနှင့် ဤကောလိပ်ဝင်ခွင့် စာမေးပွဲသည် ပြည်နယ်အဆင့်သာရှိသည်။ ဆိုလိုသည်မှာ နိုင်ငံအဆင့်မဟုတ်သည့်အတွက် ချန်ပီယံဆုလဲမရနိုင်ချေ။ 


လွန်ခဲ့သည့်နှစ်ရက်တွင် ကျုံးယို့ယို့ချန်ပီယံဖြစ်သွားသည့်အတွက် တစ်တန်းလုံးသည် ခံစားချက်တို့ပြည့်နှက်နေကြသည်။ သူတို့သူငယ်ချင်းအဖြစ် ဆက်ဆံရေးကောင်းလာသည်မှာ တစ်နှစ်ရှိပြီဖြစ်သည်။ ယခုတွင် သူတို့သည် မျက်လုံးများစိုစွတ်သည်ကိုမထိန်းနိုင်ကြတော့ချေ။ 


သူမသည် အတန်း(၁၉) အတန်းဖော်များမှသာမက အခြားကျောင်းသားများထံမှလည်း လက်ဆောင်များစွာတို့ကို ရရှိလိုက်သည်။ 


ကျုံးယို့ယို့သည် ကျောင်းဖိုရမ်ကိုဖွင့်ကြည့်လေ့မရှိသော်လည်း ယခုသူမနှင့်ပတ်သက်သည့် ပို့စ်များ အများအပြားရှိနေမည်ကိုသိ၏။ ယခုနှစ်သူမ၏အောင်မြင်မှုများသည် ကျောင်းနှင့် အသစ်ရောက်ရှိလာမည့် ဂျူနီယာလေးများအတွက် မှတ်ကျောက်တိုင်တစ်ခု အဖြစ်ကျန်ရှိနေလိမ့်မည်။ 


မင်းသယ်အထက်တန်းကျောင်းသားများသည် အသည်းအသန်စာလုပ်နေကြသည့်အချိန်တွင် အထက်တန်းတွင် အပြောင်းအလဲများစွာဖြစ်ပျက်လျက်ရှိသည္။ ပထမဆုံး ရှန်းချီ၏အတန်းသည် အမှတ်များတိုးတက်လာခဲ့ပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲကြောင့် အခြားအတန်းများသည်လည်း သည်းကြီးမည်းကြီး စာလုပ်နေကြတော့သည်။ 


ဘာပဲဖြစ်ဖြစ် အခုအတန်းထဲမှာ ငါက အကောင်းဆုံးသူဖြစ်လာခဲ့ပြီ...


နောက်ဆုံးတစ်ခေါက်တွင် ကျုံးယို့ယို့သည် ချင်းယောင်အားကြွားဝါရန်ခေါ်လာသည့်အချိန်၌ ကျန့်ကျီရိ၏နှလုံးသားသည် အနည်းငယ်နာကျင်သွားခဲ့၏။ သို့သော်လည်း သူကအချစ်တွင်နစ်မျောနေမည့် ကောင်လေးတစ်ယောက်မဟုတ်တော့ပေ။ မကြာခင်တွင် သူသည် ကောလိပ်ဝင်ခွင့်စာမေးပွဲအား ဖြေဆိုရတော့မည်ဖြစ်သည်။ ကျုံးယို့ယို့နှင့်အတူဖြေခွင့်ရရန် မျှော်လင့်မိသည်။ 


ပြိုင်ပွဲဗိုလ်လုပွဲတွင် သူလိုချင်သည့် တတိယဆုကိုမရလိုက်သော်လည်း သူဆက်လက်သင်ယူရမည်များ ကျန်သေးသည်ဟု တွေးလိုက်သည်။ သူက ကျုံးယို့ယို့၏ ဆော့ဖ်ဝဲလ်ဖိုင်ကိုဖျက်မပစ်လိုက်ဘဲ ရလဒ်တို့ကို သိမ်းဆည်းထားလိုက်သည်။ 


ဤပရိုဂရမ်၏ ဆော့ဖ်ဝဲလ်များသည် တဖြည်းဖြည်းပျောက်ကွယ်သွားမည်ကိုသူသိသော်လည်း ဤ screenshotများအား သိမ်းထားသရွေ့ သူမ၏လက်ရာများကိုထာဝရသိမ်းထားနိုင်လိမ့်မည်။ 


ကျောင်းတွင် အအော်ခံလိုက်ရပြီးနောက် ဖေးယွင်သည်အလွန်ခံစားရပြီး သူမကောင်လေးသည်လည်း လမ်းခွဲသွားခဲ့သည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်ခင် သူမနှလုံးသားသည် ချေမွခံလိုက်ရသော်လည်း သူမသည် အဆင့်ကောင်းကောင်းတို့ကို ရရှိထားသည်။ 


ပထမတွင် သူမကအာရုံစိုက်ထားနိုင်သော်လည်း ယခုတွင်ဆုံးရှုံးဖွယ်အခြေအနေတွင်ရှိနေသည်။ ဆရာမသည် သူမ၏ အမှတ်နှင့်အဆင့်များသည် မလုံလောက်ဘဲ နှစ်ခုလောက်သာယူနိုင်ကြောင်းပြောလာခဲ့သည်။ 


သူမက နှုတ်ခမ်းကိုကိုက်လိုက်သည်။ ကောလိပ်စာမေးပွဲမတိုင်ခင်တစ်ရက်တွင် သူမမျက်လုံးတို့နီရဲနေပြီး ဦးနှောက်နှင့် ဆုံးဖြတ်ခဲ့သည့် အရာများမှ ဝေးဝေးနေရန်ကြိုးစားလိုက်သည်။ 



ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်ခင် တစ်ရက်တွင် ကျောင်းသည် ထိုင်ခုံနေရာအစီအစဥ◌်အားထုတ်ပြန်လိုက်ပြီး ကျောင်းသားများသည် စာမေးပွဲခန်းများကို ဝိုင်းဝန်း၍ပြင်ဆင်ပေးနေကြသည်။ ပြင်ဆင်မှုများပြီးသွားသောအခါ ပြန်၍ စောစောအနားယူကြပြီး မနက်ဖြန်ဖြေရမည့် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် စိတ်ရောကိုယ်ပါ အဆင့်သင်ပြင်ထားကြရမည်။


ယောက်ျားလေးများသည် စားပွဲခုံများနှင့်ခုံများကိုရွှေ့ရပြီး မိန်းကလေးများမှာ ပြတင်းပေါက်များကိုသာ သုတ်ရသောကြောင့်မပင်ပန်းကြချေ။ 


စာမေးပွဲခန်းအားပြင်ဆင်ပြီးသွားသည့်နောက်တွင် မူလစာသင်ခန်းနှင့်မတူတော့ဘဲ အများကြီးပြောင်းလဲသွားသည်။ 


အခြားအတန်းများသည် အတန်း(၁၉)ထက်ပိုမြန်ကြသည်။ သူများသည် ခုံများရွှေ့ထားကြပြီး နေရာတို့လဲပြင်ဆင်ပြီးကာ ကျောင်းအဆောက်အဦးကိုပင် အဝါရောင်သတိပေးချက်ကြိုးများဖြင့် ကန့်သတ်ပြီးဖြစ်သည်။ တစ်ကျောင်းလုံးသည် တိတ်ဆိတ်ခြောက်ကပ်နေသယောင်ပင်။ 


အဆုံးတွင် သူမသည် ဤကျောင်းတွင် တစ်နှစ်ကုန်ဆုံးခဲ့ပြီး အမှတ်တရများလည်းရှိသည်။ သူမကကောင်းကင်ကိုမော့ကြည့်လိုက်သည့်အခါ မှောင်လာပြီဖြစ်သဖြင့် ကျောင်းထဲသို့ဝင်မသွားတော့ဘဲ အပေါက်မှပင် လှည့်ထွက်လာလိုက်သည်။ 


ယခုသည်နွေရာသီဖြစ်ပြီး ယခုအချိန်ထိမှောင်လေ့မရှိသော်လည်း နှစ်ရက်ဆက်တိုက်မိုးရွာထား၍ ညနေငါးနာရီပင်ရှိသေးသော်လည်း ကောင်းကင်သည် အုံ့မှိုင်းနေ၏။  


ကျုံးယို့ယို့သည် လူသွားလူလာမရှိကာ တိတ်ဆိတ်နေသော ပလက်ဖောင်းပေါ်တွင် လျှောက်လာရင်းချင်းယောင်အားဖုန်းခေါ်နေသည့်အချိန်တွင် နောက်မှ ခြေသံများကိုကြားလိုက်ရသည်။ 


ကျုံးယို့ယို့လှည့်ကြည့်လိုက်သည်။ 


သူမနှင့်မနီးမဝေးတွင် ရွှေ့ပြောင်းလုပ်သားကဲ့သို့ ဝတ်ဆင်ထားသော လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ ၎င်းသည် ကြုံတောင့်ကြုံခဲဖြစ်ပြီး လမ်းပေါ်တွင်လည်းလူပြတ်နေကာ သူ၏မျက်နှာကိုမမြင်ရပေ။ ညာဘက်ပါးပေါ်ရှိ ပါးချိုင့်ကိသာရေးရေးလေးမြင်ရသည်။ 


ရုတ်တရက် ကျုံးယို့ယို့သည် ထိုလူအားရင်းနှီးနေသလိုခံစားလိုက်ရ၏။


မသိစိတ်အရသူမသည် သွက်သွက်လေးလျှောက်လိုက်ပြီးနောက်တွင် စတင်ပြေးတော့သည်။



xxxxxxx