Chapter 32
လန်ယိယိပြောခဲ့သည့်အတိုင်းပင် ဖြစ်သည်။ မြွေပေါက်လေးများမှာ ရေစုန်စီးရာအတိုင်း ငါးမိနစ် ခြောက်မိနစ်ခန့် သွားပြီးသည့်နောက်တွင် မြစ်ဆုံတစ်ခုအား တွေ့လိုက်ရသည်။ ယင်ရှောင်ရှောင်း သေသေချာချာ ဂရုတစိုက် ကြည့်လိုက်ပြီးနောက်တွင် ပြောစရာစကား မဲ့သွားရလေသည်။ လန်ယိယိမှာ ဤနေရာအား မြစ်ဆုံဟု ခေါ်ဆိုခြင်းမှာ အလွန်အမင်း ချဲ့ကားပြောဆိုခြင်းပင်။
ဤချောင်း၏ ခွဲဖြာစီးဆင်းမှုကို မည်သို့ခေါ်ဆိုရမည်မှန်း မသိခြင်း ဖြစ်ပုံပင်။ မြစ်ကြောင်းမှာ မြေအနေအထား ပြောင်းလဲမှုအရ လိမ်ယှက်ကာဖြင့် ၁၀ စင်တီမီတာခန့် ခွဲဖြာသွားခြင်းပင်။ ထို့နောက်တွင် ချောင်းတစ်ဘက်တွင် ရေကန်ငယ်တစ်ခု ဖြစ်ပေါ်လာပြီး ဗွက်အိုင်ငယ်တစ်ခုနှင့်ပင် တူလေသည်။
လန်ယိယိ စကားစပြောလာသည်။
“ဒီနေရာမှာ ရေက အရမ်းတိမ်တယ်.. ဒီနေရာကနေဆို ချောင်းတစ်ဘက်ကို ဖြတ်လို့ရနိုင်တယ်..”
ထိုသို့ပြောရင်းနှင့်ပင် ထိုတစ်ဘက်ကမ်းသို့ ဖြတ်ကူးရန်သွားလေသည်။ သူ၏နောက်တွင် မြွေပေါက်တစ်အုပ် လိုက်ပါလာကြသည်။
“သွားလို့ရလားဟင်..”
ဟုန်အာအာမှာ လန်ယိယိ ညွှန်ပြသည့်နေရာအား ကြည့်လိုက်သည်။ တုံ့ဆိုင်းဆိုင်းနှင့် ထိုနေရာသို့ ညွှန်ပြလိုက်ပြီး ထပ်မံကာ တုံ့ဆိုင်းနေပြန်သည်။ လန်ယိယိ၏ အဆိုအရ ဤနေရာမှာ အတော်လေး ရေတိမ်သော်ငြား မြစ်တစ်စင်း ဖြစ်နေဆဲပင်။ အရွယ်ရောက်ပြီး မြွေများသည်ပင်လျှင် ရေသောက်ဖို့ရန်မှအပ မြစ်ကမ်းနံဘေးသို့ ချဉ်းကပ်ခြင်း မပြုကြပေ။ သူတို့ကဲ့သို့သော မြွေပေါက်လေးများကိုမူ ထည့်ပြောနေရန်ပင် မလိုအပ်ချေ။
ယင်ရှောင်ရှောင်းသည်လည်း အရှေ့တိုးကာဖြင့် လန်ယိယိ ညွှန်ပြသည့် နေရာသို့ ကြည့်လိုက်သည်။ ရေစုန်အောက်ဘက်တွင် ပို၍ ကျယ်လာသော်လည်း ရေပမာဏမှာမူ တူညီနေဆဲပင်။ ထို့ကြောင့် အနက်မှာ သူတို့ရှိနေသည့်နေရာ၏ တစ်ဝက်ခန့်မျှပင် ရှိပေလိမ့်မည်။ သို့သော်လည်း အခြားတစ်ဘက်မှာမူ ရေဆန်ထက် နှစ်ဆနီးပါး ပိုမိုကျယ်ပြန့်သည်။ ထို့ကြောင့် မြွေများမှာ မြစ်ကူးရန် အမှန်တကယ် ကြောက်ရွံ့သည့်အတွက် ချောင်းအနီးသို့ပင် ချဉ်းကပ်မလာကြချေ။ (T/N ဒီတစ်ပိုဒ်မှာ သူရေးထားတာ နည်းနည်းရှုပ်နေတော့ သိပ်နားမလည်ဘူး.. အချိန်ရရင် သေချာပြန်ဖတ်ပြီး .pdf file မှာ ပြန်ပြင်ပေးပါမယ်..)
ယင်ရှောင်ရှောင်း ခေတ္တမျှ စဉ်းစားလိုက်သည်။
“အဲဒါဆိုလည်း ဒီလိုလုပ်ကြတာပေါ့.. မင်းတို့အားလုံး ဒီမှာနေခဲ့ကြ.. ငါအရင်သွားကြည့်လိုက်မယ်..”
မည်သို့ပင်ဖြစ်စေ မြွေတစ်အုပ်လုံး အလျင်စလိုသွားရန် မလိုအပ်သည့်အတွက် ကျန်မြွေများမှာ မြစ်တစ်ဘက်တွင် ကျန်နေခဲ့နိုင်သည်။
“ငါလည်း အတူလိုက်မယ် ရှောင်ရှောင်း..”
ယင်ရှောင်ရှောင်း၏ မျှော်လင့်ချက်နှင့် ကွဲပြားစွာ လန်ယိယိမှာ သူ့အနောက်သို့လိုက်ချင်သည့် ပထမဆုံးသူဖြစ်သည်။
ယင်ရှောင်ရှောင်း စကားသံကို စောင့်မနေတော့ဘဲ ယင်ရှောင်စစ်အသံလည်း ထွက်လာသည်။
“ငါလည်းလိုက်မယ်..”
ထို့နောက်တွင် ယင်ရှောင်ယိနှင့် ဟွားရှောင်ဝူတို့လည်း လိုက်ပါချင်ကြောင်း ပြောလေသည်။ ယင်ရှောင်ရှောင်း စိတ်ထဲတွင် စကားတစ်ခွန်း ပေါ်လာသည်။ ‘အရူးတွေ’
သူ၏မိသားစုထဲတွင် အရူးများရှိနေသည်ကို ဝန်ခံလိမ့်မည် မဟုတ်ချေ။ အခြားမိသားစုများမှာဆိုလျှင် မြွေပေါက်လေးများမှာ သူတို့၏ ကိုယ်ပိုင်လုံခြုံမှုကိုသာလျှင် စိုးရိမ်တတ်ကြသည်။ သို့သော်လည်း သူ့မိသားစုမှ မြွေပေါက်လေးများမှာမူ မည်သည့်အရာနှင့် ရင်ဆိုင်ရပါစေ အရင်ဆုံး ရင်ဆိုင်မည်ဖြစ်ပြီး နောက်မှသာ ကြောက်ရွံ့ကြပေမည်။
ယင်ရှောင်စစ်နှင့် ယင်ရှောင်ယိတို့၏ လိုက်ပါချင်မှုအား လက်ခံနိုင်သော်ငြား ဟွားရှောင်ဝူမှာမူ မတူညီပေ။ သူသည် သက်ဝင်လှုပ်ရှားသည့် မည်သည့်နေရာကိုမဆို သွားရောက်လိုခြင်းပင်။
ထိုသို့တွေးပြီးနောက် ယင်ရှောင်ရှောင်း သတိမမူမိဘဲ ခေါင်းခါလိုက်မိသည်။ ယင်းမှာ သူ၏မိသားစုမှ အရူးလေးများကို ရင်ဆိုင်ဖို့ရန် နည်းလမ်းမရှိဟု ညွှန်ပြနေသယောင်ပင်။ ထို့နောက်တွင် ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့၏ အတွန့်တက်သံများကို ကြားလိုက်ရသည်။
“ဘာလို့လဲ..”
“ဘာလို့ မသွားရတာလဲ..”
ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့၏ အသံမှာ ဒေါသများ တောက်လောက်နေသည်ကြောင့် ယင်ရှောင်ရှောင်း လက်ရှိသို့ ပြန်လည်ရောက်ရှိလာသည်။ ယင်ရှောင်ရှောင်း တွေဝေစွာဖြင့် လှည့်ပတ်ကြည့်လိုက်သည်။
ဘာကို ဘာလို့လဲ လဲ.. 🤔
ဘာမှမကြားလိုက်ဘူးရယ်..
ယင်ရှောင်ရှောင်း သူ၏ အမူအရာအား ပြန်ပြင်လိုက်သည်။
“သားသွားမယ်.. လန်ယိယိနဲ့ စစ်ကောကောပဲ လိုက်ခဲ့.. ကျန်တဲ့သူတွေက ဒီမှာပဲ နေခဲ့ကြ..”
ဟုန်အာအာ၊ လန်စန်းစန်းနှင့် လန်စစ်စစ်တို့ထံတွင် မည်သည့်ထင်မြင်ချက်မျှ မရှိသည်ကြောင့် တိတ်ဆိတ်လို့နေကြသည်။ ယင်ရှောင်ယိမှာလည်း ယင်ရှောင်ရှောင်း၏ သဘောအတိုင်းပင်။ ဟွားရှောင်အာ၊ ဟွားရှောင်စန်းနှင့် ဟွားရှောင်ဝူတို့သည်သာ ဒေါသတကြီး ဖြစ်နေကြလေသည်။
“ဘာလို့ မလိုက်ရတာလဲ.. ကောကောတို့လည်း လိုက်ချင်တယ်..”
“ကောကောတို့လည်း..”
“.. အဲဒီမြစ်တစ်ဘက်ကမ်းကို သွားချင်တယ်..”
သူ၏အရှေ့ရှိ မြွေသုံးကောင်အား ကြည့်ကာဖြင့် ယင်ရှောင်ရှောင်း၏ နှုတ်ခမ်းထောင့်များ တွန့်လာသည်။ သူတို့အား ‘ဟွား’ မြွေဟု ခေါ်ဆိုရန် ထိုက်တန်သည်။ ဟွားရှောင်ဟွား၏ အမွေအား အပြည့်အဝ ဆက်ခံထားကြသည်။ ယင်ရှောင်ရှောင်းမှာ သူ၏ အစ်ကိုများအား အသိအမှတ်ပြုရန် ငြင်းဆိုလိုက်သည်။ မြွေပေါက်လေးများ၏ ခေါင်းဆောင်ဖြစ်သူ ယင်ရှောင်ယိ ရှေ့ထွက်ကာဖြင့် ဟိန်းဟောက်လိုက်သည်။
“အာတိတိ.. စန်းတိတိ.. ဝူတိတိ.. တိတ်တိတ်နေကြစမ်း..”
ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်းသွားလေပြီ။ အစ်ကိုအကြီးဆုံးဖြစ်သူ၏ လွမ်းမိုးနိုင်စွမ်းရှိသည့် အရှိန်အဝါမှာ အမှန်တကယ်ကို အသုံးဝင်လှသည်ဟု ယင်ရှောင်ရှောင်း ခံစားမိသည်။
ယင်ရှောင်ရှောင်းနှင့်အတူ လန်ယိယိနှင့် ယင်ရှောင်စစ်တို့သည် ချောင်းအား ချောချောမွေ့မွေ့ ကူးဖြတ်လိုက်ကပြီး တစ်ဘက်ကမ်းသို့ အောင်အောင်မြင်မြင် ရောက်ရှိသွားလေသည်။ ကျန်တစ်ဘက်ကမ်းရှိ မြွေပေါက်လေးများမှာ လန်ယိယိပြောသည့်နေရာသို့ ရောက်ရှိသွားကြသော ယင်ရှောင်ရှောင်းတို့အဖွဲ့အား စိတ်အားထက်သန်စွာဖြင့် ကြည့်နေကြလေသည်။
“ဒီနေရာပဲ..”
လန်ယိယိမှာ အခြားတစ်ဘက်ရှိ ရေကန်သို့ သွားချင်နေသည့် ယင်ရှောင်ရှောင်းအား တားလိုက်သည်။
“အဲဒီကိုမသွားနဲ့.. ငါတို့ရပ်နေတဲ့နေရာကလွဲရင် အဲဒီနားက ငါပြောခဲ့တဲ့ ရွှံ့စေးတွေပဲ.. မင်းကပ်သွားတာနဲ့ အတော်လေး ပြဿနာရှိနိုင်တယ်..”
ထိုအချိန်မှာပင် ဤနေရာမှာ သိပ်မကောင်းလှကြောင်း ယင်ရှောင်ရှောင်း သိလိုက်ရသည်။ ရွှံ့အိုင်လေးမှာ အမှန်တကယ်ကို လွန်စွာသေးငယ်လှပြီး နုန်းများနှင့် ဝန်းရံလျက်ရှိသည်။ စိမ့်မြေတွေလား။ ယင်ရှောင်ရှောင်းမှာ ရယ်စရာကောင်းသည့် အတွေးဖြစ်ကြောင်း စဉ်းစားမိသည်။
ဒီနေရာမှာ ဘယ်လိုလုပ်ပြီး စိမ့်မြေတွေ ရှိမှာလဲ..
ဤနေရာရှိ အနေအထားမှာ စိမ့်မြေများ၏ ဝိသေသလက္ခဏာများနှင့် မကိုက်ညီလှချေ။ သို့သော်လည်း ယခုအခါတွင် ယင်ရှောင်ရှောင်းမှာ တည်တည်ငြိမ်ငြိမ် ဂရုတစိုက်ဖြင့် သူ၏အမြီးဖြင့် ရွှံ့အား ထိုးဆွလိုက်သည်။
တကယ်ကို စေးနေတာပဲ..
စိမ့်မြေဖြစ်ဖို့တော့ အများကြီးလိုသေးတယ်.. မေ့လိုက်ပါတော့လေ..
မည်သို့ပင်ဖြစ်စေ ရွှံ့ရှာဖွေဖို့ရန်သာ ဤနေရာသို့ ရောက်လာခဲ့ရခြင်းပင်။
စိမ့်မြေပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်.. အရေးကြီးမနေဘူး.. ရွှံ့စေးတွေ ရှိနေတာကပဲ အတော်လုံလောက်နေပြီ..
ဘာပဲဖြစ်ဖြစ် ကိစ္စရှိမနေဘူး..
ဤသည်မှာ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့၏ စဉ်းစားပုံ စဉ်းစားနည်း အတိအကျပင် ဖြစ်သည်။ ယင်ရှောင်ရှောင်း၏ မိသားစုနှင့်ပင် အတော်လေးကို ခေါင်းခြောက်နေရလေပြီ။ အခြားအရာများအတွက်မူ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖို့ရန်သာ လိုအပ်သည်။
“အဆင်ပြေလား ရှောင်ရှောင်း..”
ယင်ရှောင်ရှောင်း အချိန်အတော်ကြာသည့်တိုင် စိုက်ကြည့်နေသည်ကို မြင်သည့်အတွက် လန်ယိယိမှာ မနေနိုင်တော့ဘဲ ထုတ်မေးရတော့သည်။
ယင်ရှောင်ရှောင်းက ဘာကိစ္စနဲ့ ရွှံ့ကို အဲလောက်တောင် စိုက်ကြည့်နေရတာလဲ..
အကြောင်းအရင်းမှာ လွန်စွာရိုးရှင်းပါသည်။ ယင်ရှောင်ရှောင်းမှာ ငှက်ဥများအား မီးထဲသို့ တိုက်ရိုက်ပစ်မထည့်နိုင်သည့်ကြောင့် ရွှံ့တစ်ထပ်မံကာဖြင့် ကျောင်းဟွာကျိ ချက်နည်းဖြင့် ချက်ပြုတ်မည်ဖြစ်သည်။ (ကြက်သားတို့ ငါးတို့ကို ရွှံ့အုပ်ပြီးချက်တဲ့နည်းပါ..) သို့သော်လည်း ဤနှစ်မျိုးမှာ လွန်စွာကွဲပြားနေဆဲ ဖြစ်သည်ကြောင့် ဤနည်းလမ်းအား သုံးမည်ဆိုပါက စမ်းသပ်ဖို့ရန် လိုနေသေးသည်။ မည်သို့ပင်ဆိုစေ အောင်မြင်ဖို့ရန် အခွင့်အရေး ပိုများသည်ဟု ယင်ရှောင်ရှောင်း ခံစားမိလေသည်။
ယခုအခါတွင် ရွှံ့စေးအား တွေ့ရှိပြီး ဖြစ်သည်ကြောင့် ငှက်ဥများအား ရွှံ့မံရန်သာ လိုတော့သည်။ ထိုအချိန်မှာပင် ယင်ရှောင်ရှာင်းမှာ ရွှံ့များအား ပြန်သယ်ရန် နည်းလမ်းမရှိသည့်အကြောင်း သိလိုက်ရတော့သည်။ အပူချိန်အလွန်မြင့်သည်ကြောင့် ရွှံ့များအား အိမ်သို့ပြန်သယ်နေစဉ်မှာပင် ခြောက်သွေ့သွားမည်ဖြစ်ပြီး အသုံးဝင်တော့မည် မဟုတ်ချေ။ ထိုသို့ဖြစ်လာသဖြင့် ငှက်ဥများအား ဤနေရာသို့ ယူလာကာ ရွှံ့ဖြင့်လုံးမည့် နည်းကလွဲ အခြားမရှိပေ။
အတွေးရထားကြီး အဆုံးသတ်ပြီးနောက်တွင် ယင်ရှောင်ရှောင်း ခေါင်းမော့ကာဖြင့် လန်ယိယိအားပြောသည်။
“ဒီရွှံ့က အဆင်မပြေဘူး..”
“ဟင်.. မရဘူးလား..”
လန်ယိယိ သိသိသာသာကို စိတ်အနှောင့်အယှက်ဖြစ်သွားလေသည်။
“ဒါပေမဲ့ ငါက ဒီကရွှံ့တွေကိုပဲသိတာ.. တခြားနေရာကို မသိဘူးရယ်..”
“ကိစ္စမရှိပါဘူး.. ဒီနေရာမှာ သိပ်အသုံးဝင်တာမျိုး မရှိဘူး..”
ယင်ရှောင်ရှောင်းမှာ အလွန်တည်ငြိမ်စွာဖြင့် လန်ယိယိအား လှည့်ဖြားနေခြင်းဖြစ်သည်။ ပါပါးနှင့် ဖေဖေသည် သူတို့ညီအစ်ကိုများအား မီးနှင့်ပတ်သက်သည့်အကြောင်းကို အခြားမြွေများအား မပြောရန် ထပ်ကာထပ်ကာ သတိပေးထားခဲ့သည်။ ထို့ကြောင့် ဥများအား ရွှံ့လုံးကာ ချက်ပြုတ်ဖို့ရန်အတွက် ရွှံ့ရှာဖွေခဲ့သော်ငြား အခြားအကြောင်းကိုမူ ထုတ်ပြောမည် မဟုတ်ပေ။ ထို့ကြောင့် လန်ယိယိအား ရွှံ့ရှာဖွေရသည့်အကြောင်းကို မပြောနိုင်ခြင်း ဖြစ်သည်။ အခြေအနေမှာ ဤသို့ဖြစ်လာခြင်းကြောင့် ဤနေရာရှိ ရွှံ့များမှာ အသုံးမဝင်လှဟု တည့်တိုးပြောခြင်းမှာ ပိုမိုသင့်လျော်လေသည်။
လန်ယိယိမှာ ယင်ရှောင်ရှောင်း၏ ‘မကောင်းသည့်အကြံအစည်’ များအား သံသယမဝင်သည့်အပြင် ယင်ရှောင်ရှောင်းအား ကူညီနိုင်ခြင်းမရှိသည့်အတွက်သာ စိတ်ပျက်နေမိသည်။ ထိုသို့ဖြင့် မြွေတစ်အုပ်မှာ နဂိုမူလ မြစ်လက်တက်နေရာသို့ ပြန်လာကြသည်။
ယင်ရှောင်ရှောင်းမှာ ပျော်ရွှင်စွာဖြင့် အမြီးအား တစ်လှုပ်လှုပ် ယမ်းနေပြီး လန်ယိယိမှာမူ စိတ်ပျက်လက်ပျက်ရှိနေလေသည်။ ယင်ရှောင်စစ် ထိုအခြင်းအရာအား သတိထားမိသည်ကြောင့် စိတ်ထဲတွင် ကြိတ်ပြုံးလိုက်သည်။
ငါတို့မိသားစုရဲ့ ရှောင်ရှောင်းလေးက အရမ်းကို ချစ်စရာကောင်းလိုက်တာ ဟုတ်တယ်မလား.. (❀❛ ֊ ❛„)♡
မြွေအများစုမှာ နဂိုမူလ နေရာသို့ ပြန်ရောက်ပြီးနောက် ဆော့ကစားနေကြလေသည်။ လန်ယိယိမှာမူ ချောင်တစ်ခုတွင် ပုန်းကာ အမြီးဖြင့် စက်ဝိုင်းများ ရေးဆွဲနေလေသည်။ ယင်ရှောင်ရှောင်းမှာ စမ်းချောင်းဆီသို့ ပြေးမသွားဘဲ အခွင့်အရေးကိုစောင့်ကာ ပုန်းလျှိုးကွယ်လျှိုးဖြင့် ယင်ရှောင်စစ်ထံသို့ တိတ်တဆိတ်သွားလေသည်။
“စစ်ကောကော..”
“ဟင်.. တစ်ခုခုဖြစ်လို့လား ရှောင်ရှောင်း..”
ယင်ရှောင်စစ် ဟန်လုပ်ပြုံးလေသည်။
“အဲဒါက.. အခု အိမ်ပြန်ကြမယ်လေ..”
ယင်ရှောင်ရှောင်းမှာ ယင်ရှောင်စစ်အား မျက်နှာချိုသွေးနေလေသည်။
“အဲဒီ ရွှံ့တွေက သုံးလို့ရတယ်.. သားတို့ ငှက်ဥကို ရွှံ့နဲ့လုံးပြီး မီးထဲ ပစ်လိုက်ရုံပဲ..”
“အခုပြန်ချင်တာလား..”
ယင်ရှောင်စစ် ခေါင်းမော့ကာ ကောင်းကင်သို့ကြည့်လိုက်သည်။ နေမွန်းတည့်ချိန် နီးလာပြီဖြစ်သည်။ အိမ်ပြန်လမ်းတွင် ရှောင်ရှောင်း နောင်တရလာမည်ကို စိုးရိမ်မိသည်။
“အလျင်မလိုပါနဲ့.. သိပ်မကြာခင် အပူချိန် မြင့်လာတော့ရင် ရှောင်ရှောင်းခံနိုင်မှာ မဟုတ်ဘူးလေ.. အဲတော့ ခဏလောက် စောင့်လိုက်ကြတာပေ့ါ..”
ယင်ရှောင်ရှောင်းမှာ စိတ်လှုပ်ရှားနေရင်းဖြင့် အပူကြောက်သည့်အချက်အား အမှတ်ရသွားလေသည်။
ဘာကိစ္စနဲ့ သာမန်အပူချိန်နဲ့ မနေရဘဲ poikilothermic တိရိစ္ဆာန်တစ်ကောင် ဖြစ်လာရတာလဲနော်..
အခုတော့ အလုပ်ကိစ္စတွေ နှောင့်နှေးကုန်ရပြီ.. ( • - • )
ယင်ရှောင်ရှောင်းမှာ အလွန်အကောင်းမြင်တတ်သည့် ကလေးတစ်ကောင်ပင်။ သူ့ကိုယ်သူ တိုးတက်အောင် ကြိုးစားနေသည်။ အဟမ်း အဟမ်း.. အတော်လေးလည်း သတိမရှိဘူးဟု ဆိုနိုင်သေးသည်။ စစ်ကောကော၏ စကားများမှာ မမှားပေ။
‘ယခု’ ယင်ရှောင်ရှောင်း တွေးနေမိသည်မှာ ‘အခုအချိန်မှာ ငှက်ဥတွေကို ရွှံ့လုံးပြီး ပြန်ယူသွားမယ်ဆို ရွှံ့တွေကွာကျကုန်မှာ အသေအချာပဲ.. အဲလိုဆို ရွှံ့လုံးလိုက်တာကလည်း အသုံးမဝင် ဖြစ်သွားလိမ့်မယ်.. ညနေအထိ စောင့်လိုက်လို့ ရတာပဲ.. ဟုတ်တယ်.. အဲတော့မှ ဥတွေကို ပြန်ယူလိုက်မယ်ဆို ရွှံ့စိုစိုလေး ဖြစ်နေဦးမှာ..’
ထို့နောက်တွင် ယင်ရှောင်ရှောင်းမှာ ပျော်ရွှင်မှု တစ်ပွေ့တစ်ပိုက်ဖြင့် ချောင်းရှိရာသို့ ပြန်သွားလေသည်။
ယင်ရှောင်စစ် ကြောင်အနေမိသည်။ သူတို့မိသားစု၏ ရှောင်ရှောင်းမှာ နာခံတတ်ပြီး ကျိုးကြောင်းဆီလျော်မှု မရှိချေ။ လိုအပ်လာမည်ဆိုလျင်လည်း ဗိုက်နှင့်အပြည့် ဖြေရှင်းချက်ပေါင်းစုံ ရှိလေသည်။
အခုဘာလို့ အရမ်းကို နာခံသွားတာလဲနော်..
ယင်ရှောင်ရှောင်း ခံနိုင်လောက်သည်အထိ အပူချိန်ကျသွားသည့်အခါ ယင်ရှောင်ရှောင်းမှာ လန်ယိယိတို့ မိသားစုထံမှ ထွက်ခွာရန် စိတ်မရှည်တော့ချေ။ သူ့မိသားစုမှ မြွေများနှင့် အိမ်သို့ အသည်းအသန် ပြန်သွားလေသည်။
ယင်ရှောင်ရှောင်းမှာ အချိန်ကောင်းအား စောင့်နေလေသည်။ ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့မှာ အိမ်သို့ပြန်ရောက်နှင့်ပြီး ဖြစ်ကာ ထိုအခိုက်အံ့တွင် အချင်းချင်း ရစ်ပတ်လိမ်ယှက်ကာဖြင့် အနမ်းပေးလျက်ရှိသည်။ သားဖြစ်သူများ ပြန်လာသည်ကို မြင်သည့်အခါ ဟွားရှောင်ဟွားမှာ ချက်ချင်းဆိုသလို ယင်တပိုင်၏အဝေးသို့ ပြေးသွားကာ တောက်ပသည့်အပြုံးနှင့် ကြိုဆိုလိုက်သည်။
“ငါ့ရဲ့ ကလေးလေးတွေ ပြန်လာကြပြီပဲ..”
ဤနေ့အဖြစ်အပျက်များသာ မရှိဘူးဆိုလျှင် ယင်ရှောင်ရှောင်းမှာ ဟွားရှောင်ဟွား၏ အပြုအမူအား သေချာပေါက် လှောင်ရယ်မိပေမည်။ သို့သော်လည်း သူ့အနေဖြင့် ပို၍ စိတ်ဖိစီးနေရသည့်အရာ ရှိနေသဖြင့် သူ့အား နှောင့်ယှက်နိုင်မည့်အရာ မရှိတော့ချေ။
ယင်ရှောင်ရှောင်း ချက်ချင်းဆိုသလို ဟွားရှောင်ဟွားထံ ပြေးသွားသည်။
“ပါပါးရေ ပါပါး.. သား ငှက်ဥတွေကို ရွှံ့သွားလုံးမလို့..”
“ဟင်..”
ဟွားရှောင်ဟွား ကြက်သေသွားလေသည်။
အဲဒါက ဘာအဓိပ္ပါယ်လဲ.. (;𖦹ㅁ𖦹)
စိတ်လှုပ်ရှားလွန်နေခြင်းကြောင့် ယင်ရှောင်ရှောင်း၏ ရှင်းပြနိုင်စွမ်းတို့ ပျောက်ဆုံးကုန်သည့်အတွက် ယင်ရှောင်စစ် တာဝန်ယူ ရှင်းပြလိုက်ရသည်။ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ ရုတ်တရက် နားလည်သွားကြသည်။
“အဲဒါဆို မင်းတို့ ဖေဖေနဲ့ ပါပါးသွားလိုက်မယ်လေ.. သားတို့က အိမ်မှာစောင့်နေကြနော်..”
“သားလည်းသွားချင်တယ်.. သားလည်းသွားချင်တယ်..”
ယင်ရှောင်ရှောင်း ဆန္ဒပြုသော်လည်း ဟွားရှောင်ဟွား၏ လျစ်လျူရှုခြင်း ခံလိုက်ရသည်။
“ရှောင်ရှောင်းရေ.. သားသွားဖို့ မလိုဘူးနော်.. ဖေဖေနဲ့ သား ပါပါးက အတူသွားကြမှာ.. အဲဒါဆို မြန်မြန်ဆန်ဆန် ပြန်ရောက်လာမယ်လေ.. မဟုတ်ရင်တော့ ပြန်ရောက်ဖို့ ဘယ်လောက်ကြာမယ်ဆိုတာ မပြောနိုင်ဘူး..”
ယင်ရှောင်ရှောင်းမှာ သူ၏သွားနှုန်းကို တွေးပြီးနောက် မျက်နှာညှိုးသွားလေသည်။ ယင်တပိုင်၏ စကားများမှာ အလွန်အကျိုးအကြောင်း သင့်လှသည်ကို ဝန်ခံရပေမည်။
ယင်ရှောင်ရှောင်းတို့ ညီအစ်ကို ခြောက်ကောင်မှာ ဂူအဝတွင် ရပ်ကာဖြင့် ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ ထွက်ခွာသွားသည်ကို ကြည့်နေကြသည်။ ယင်ရှောင်ရှောင်း၏ မျက်လုံးတွင် မျက်ရည်အချို့ပင် ရစ်သိုင်းလာလေသည်။
သိပ်မကြာခင် ချက်ပြီးသားလေးတွေ စားရတော့မယ်ကွ.. ♡⸜(˶˃ ᵕ ˂˶)⸝♡
ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ ပြန်လာကြချိန်တွင် ကောင်းကင်မှာ မှောင်ရိပ်သန်းနေလေပြီ။ ယင်တပိုင်မှာ ရွှံ့များဖြင့်လုံးထားသော ငှက်ဥများထည့်ထားသည့် အသိုက်တစ်ခုအား ဆွဲလာသည်။
ယင်ရှောင်ရှောင်း၏ စိတ်မရှည်မှုကြောင့် သုံးကြိမ်တိုင်တိုင် မီးမွှေးရလေသည်။ ယင်ရှောင်ရှောင်း ရွှံ့မံထားသည့် ငှက်ဥတစ်ခုအား ယူကာဖြင့် မီးပုံထဲ ထည့်လိုက်သည်။ စူးရှသည့် မျက်လုံးများဖြင့် ဟွားရှောင်ဟွား ဥအားလုံးကို မီးထဲထည့်မည့်ရန်မှ ကာကွယ်လိုက်ရသေးသည်။ ရွှံ့မှာ မြေကြီးဖြစ်သည်ကြောင့် ရွှံ့အရမ်းများသွားလျှင် မီးငြိမ်းသွားမည်ကို စိုးရိမ်သည့်အတွက် ဖြစ်လေသည်။
ကျက်လောက်မည့်အချိန်သို့ ရောက်သည့်အခါ ယင်ရှောင်ရှောင်း အမြီးဖြင့် သစ်ကိုင်းတစ်ခုအား ယူကာ မီးထဲမှ ဥအား တွန်းထုတ်လိုက်သည်။ ထို့နောက်တွင် ဥအား အမြီးဖြင့်ယူကာ ကျောက်တုံးဆီသို့ ပစ်ပေါက်လိုက်သည်။
ရွှံ့များ ကွဲထွက်ပြီး အထဲမှ ငှက်ဥပေါ်လာသည်။ ဥခွံကွဲသွားသော်လည်း မည်သည့်အရာမှ စိမ့်ထွက်လာခြင်း မရှိသည်ကို မြင်လိုက်ရသည့်အခါ အောင်မြင်သွားသည်မှာ သေချာလေသည်။ ထို့နောက်တွင် ဥပေါ်ရှိ ရွှံ့များအား ဖယ်ကာ လွယ်လင့်တကူ အခွံခွာလိုက်သည်။ အကြည်ရောင် ဥအကာမှာ အဖြူရောင်အဖြစ်သို့ ပြောင်းလဲနေလေပြီ။
မိသားစု တစ်စုလုံးမှာ ယင်ရှောင်းရှောင်းအား စက်ဝိုင်းသဖွယ် ဝိုင်းရံထားကြပြီး ယင်ရှောင်ရှောင်း၏ ‘ချက်ပြုတ်ထားသော အစားအစာ’ ဟူသည်အား စိတ်ဝင်တစား ကြည့်နေကြလေသည်။ ယင်ရှောင်ရှောင်းမှာ သူတို့အား ဂရုမစိုက်ချေ။ ပါးစပ်အပြည့် တစ်ကိုက် ကိုက်လိုက်ပြီး အထဲရှိ အနှစ်အား မြင်လိုက်ရသည်။ အနှစ်မှာ အပြည့်အဝ မကျက်သေးသည်ကြောင့် အဝါရောင်အရည်များ ထွက်ကျလာသည်။
ဒါဆိုလည်း နောက်တစ်ကြိမ် နည်းနည်းပိုကြာအောင် ချက်ရမှာပေါ့..
ယင်ရှောင်ရှောင်းမှာ ငှက်ဥအား နှစ်ကိုက်တည်းနှင့် လက်စဖြတ်လိုက်သည်။ ယင်ရှောင်ရှောင်းမှာ ပီတိမျက်ရည်များ ကျဆင်းလုနီးနီးပင်။
အူးဝါးးး နောက်ဆုံးတော့ ပူပူနွေးနွေး အရသာရှိရှိ ဥလေးကို စားလိုက်ရပြီလေ.. စားလိုက်ရပြီလို့..
ထို့နောက် ချက်ချင်းဆိုသလို နောက်တစ်လုံးအား မီးထဲထည့်လိုက်သည်။
ယင်ရှောင်ရှောင်း ခေါင်းမော့လိုက်သည့်အခါ သူ၏ မိသားစုဝင်များမှာ သူ့အား မျက်လုံးစိမ်းကြီးများနှင့်အတူ သွားရည်များ စီးကျလျက် ကြည့်နေကြသည်ကို တွေ့လိုက်ရလေသည်။ ယင်ရှောင်ရှောင်း တစ်ဘက်သို့လှည့်ကာ နှုတ်ခမ်း ကွေးသွားသည်။ ထို့နောက်တွင် ရက်ရောစွာဖြင့် ဆိုလေသည်။
“ဟုတ်ပါပြီ.. ဟုတ်ပါပြီ.. အားလုံး စားလို့ရတယ်.. ဒီနေ့တော့ ငှက်ဥတွေကို အတူတူစားကြမယ်..”
“ဒါပေမဲ့ ရှောင်ရှောင်းလေးက ဗိုက်ဝပြီ မို့လို့လား..”
ယင်ရှောင်စစ်မှာ ကျိုးကြောင်းညီညွတ်စွာ ရှိနေသေးလေသည်။
“အဆင်ပြေတယ်.. သားကို စိတ်ပူမနေနဲ့..”
ချက်ပြုတ်ပြီးဥများမှာ အစိမ်းထားခြင်းထက် ပိုမိုဗိုက်ပြည့်လွယ်သည်ကြောင့် နေ့တိုင်းနေ့တိုင်း ဥအများကြီး စားရန် မလိုတော့ချေ။
ယင်ရှောင်ရှောင်းပြောသည်အား ကြားပြီးသည့်နောက်တွင် မြွေများမှာ တုံ့ဆိုင်းမနေတော့ချေ။ နှစ်ပေါင်းများစွာ အစာပေါင်းများစွာအား စားသောက်ခဲ့သည့် မြွေများအနေဖြင့် ဤသို့ အသစ်ပြင်ဆင်ထားသည့် စားသောက်ဖွယ်ရာအား မငြင်းပယ်နိုင်ချေ။ ယင်ရှောင်ရှောင်း၏ မိသားစုဖြစ်နေခြင်းကြောင့်သာ ဤသို့စားသောက်နိုင်ခြင်း ဖြစ်သည်။
ယင်ရှောင်ရှောင်းနံဘေးတွင် မြွေပေါက်လေးများမှာ မီးပုံထဲသို့ ထင်းများ တိတ်တဆိတ် ထည့်နေကြပြီး ပိုကြီးကာ ပိုပူသည့် မီးပုံအား ပြုလုပ်နေကြသည်။ ထိုမှသာ သူတို့အနေဖြင့် ဥများပိုထည့်နိုင်မည် ဖြစ်သည်။ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့မှာလည်း သစ်ကိုင်းများစုပုံကာဖြင့် မီးပုံနောက်တစ်ခု ဖိုလိုက်ကြသည်။
ယင်ရှောင်ရှောင်းတို့အားလုံး စားသောက်ပြီးစီးသွားချိန်တွင် ကောင်းကင်မှာ မည်းမှောင်လို့နေပြီး ဖြစ်သည်။
ဟွားရှောင်ဟွား : “မနက်ဖြန်ကျ အခုလို ချက်ပြီးသားဥတွေ ပိုစားချင်တယ်နော်..”
ဟွားရှောင်ဝူ : “သားကောပဲ စားချင်တယ်..”
ယင်ရှောင်ယိ : “သားလည်းပါတယ်..”
ယင်ရှောင်စစ် : “အရသာက အတော်လေးကောင်းတာပဲ..”
ဟွားရှောင်အာနှင့် ဟွားရှောင်စန်း : “အရသာရှိတဲ့..” “... ငှက်ဥတွေ..”
ယင်တပိုင် : “မနက်ဖြန်ကျ များများရှာခဲ့မယ်..”
ယင်ရှောင်ရှောင်း : “...” (O_O;)