အပိုင်း ၇၂
Viewers 6k

🍬Chapter 72

------------


ချီချန်အန်းက သူ့နဖူးကို ရွှီလော့ယန်၏နဖူးထက်ဖိကပ်ထားကာ သူ့ခန္ဓာကိုယ်မှအပူချိန်ကို ခံစားနေမိသည်။ 


မျက်လုံးကိုမှိတ်ကာ အက်ရှနေသော ‌အသံဖြင့် "ကိုယ်တောင်းပန်ပါတယ်" လို့ပြောလိုက်သည်။


ကိုယ်အခုထိ မလုပ်နိုင်သေးဘူး။


"တောင်းပန်စရာမလိုပါဘူး။" တောက်ပစွာပြုံးပြရင်း ရွှီလော့ယန်က ခေါင်းခါလိုက်သည်။ 


"ငါ မင်းကို ချစ်တယ်။ အဲ့ဒါကြောင့်မို့ မင်းဖြစ်နေတဲ့အတိုင်းကို ငါချစ်တာ။ ဆိုးဆိုး ကောင်းကောင်း။ အကုန်ချစ်တယ်။ အဲ့ဒီလျှို့ဝှက်ချက်လေးတွေကတော့ မင်းဆက်ပြီး ထိန်းသိမ်းထားလေ။ ချစ်သူတွေကြားမှာလည်း လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားချက်လေးတွေ ရှိသင့်တယ်၊ မဟုတ်ရင် သူတို့က အလွယ်တကူနဲ့ စိတ်ဝင်စားမှုပျောက်ဆုံးသွားနိုင်တယ်လို့ ပြောကြတာပဲ။ မင်းက အခု အဲ့လိုမျိုး လုပ်နေတာပဲလေ။"


ချီချန်အန်းက ရွှီလော့ယန်ကို အလွန်အာရုံစိုက်၍ ကြည့်နေမိသည်။ သူချစ်သည့်လူက အင်မတန်မှ ကြည့်ကောင်းလှသည်။ သူ့မျက်နှာသွင်ပြင်က ထက်ရှအေးစက်နေခြင်းမဟုတ်။ မျက်လုံးများက ကြီးမားကာ မျက်တောင်များကလည်း ရှည်လျားသည်။ အသားအရည်က ဖြူဖွေးပြီး သူက ပြုံးရယ်ရသည်ကို သဘောကျသည့်အတွက် သူ့ပုံစံက မီးတောက်လေးကဲ့သို့ နွေးထွေးကာ နူးညံ့သည်။


ဖြည်းဖြည်းချင်းလှဲချလိုက်ကာ၊ ချီချန်အန်းက ရွှီလော့ယန်၏မျက်ခုံးစပ်ကြားကို အနမ်းတစ်ပွင့်ကြဲချလိုက်၏။


မင်းကိုတွေ့ဆုံရတာ ကိုယ်ဘယ်လောက်တောင် ကံကောင်းလိုက်လဲ။


ညနေခင်းတွင် မိုးစတင်ရွာလာသည့်အတွက် ချီချန်အန်းကို ဆွဲကာ ရွှီလော့ယန်တစ်ယောက် ‌ပြေးလွှားရင်း ရယ်မောနေခဲ့သည်။ ခြံဝင်းအတွင်းရောက်သည့်အခါ သူတို့၏အဝတ်များမှာ ရွဲရွဲစိုနေခဲ့ပြီဖြစ်သည်။ 


မျက်နှာပေါ်မှ မိုးရေစက်များကို သပ်ချကာ ရွှီလော့ယန်က ချီချန်အန်း၏ လက်ကောက်ဝတ်ကို ဆွဲလိုက်ပြီး "သွားမယ်၊ သွားမယ်၊ သွားကြရအောင်။ ရေချိုးပြီး အဝတ်အစားလဲကြမယ်။"


ချီချန်အန်းကို ရေချိုးခန်းထဲသို့ ထိုးထည့်ကာ သူကိုယ်တိုင်လည်း ဂျက်ကတ်အင်္ကျီကိုချွတ်လိုက်သည်။ထို့နောက် သိုးမွေးအင်္ကျီတ်ထည်ကိုသာ ဝတ်ဆင်လိုက်ကာ ခေါင်းသုတ်ရန်အတွက် တဘက်တစ်ထည်ကိုယူလိုက်လေသည်။ ထိုအချိန်၌၊ သူ၏ဖုန်းသံမြည်လာသဖြင့် ဖုန်းကိုင်လိုက်ကာ စကားအနည်းငယ်ပြောပြီးခါမှ ကျန်းသုန့်၏လေသံမှာ မယုံနိုင်စရာကောင်းလောက်အောင် တည်ငြိမ်နေသည်ကို သတိထားမိလိုက်၏။


"ကျန်းကော၊ ဘာတွေဖြစ်နေလို့လဲ။" 


စိတ်ထဲအလျင်အမြန်တွက်ချက်ကြည့်ကာ သူပြဿနာရှာထားတာမဟုတ်မှန်းသေချာသွားသည့်အခါမှ ရွှီလော့ယန်က ဆက်မေးလိုက်သည်။ 


"ကျွန်တော်ရဲ့ အားလပ်ရက်သုံးရက်ကို ပြန်ယူချင်နေတာလား။ကျွန်တော် ငြင်းတယ်နော်။ ကြိုးတောင်မကြိုးစားကြည့်နဲ့။"


ကျန်းသုန့်က စိတ်ကောင်းဝင်နေသဖြင့် တိုက်ရိုက်ပင် အဖြေကိုပြောပြလာခဲ့သည်။ 


"အခုလေးတင်ပဲ Stu ဆီက ဖုန်းဝင်လာတယ်။ မင်းကို global spokesperson အဖြစ် စာချုပ်ချုပ်ဖို့ သူတို့ဘက်က အတည်ပြုလိုက်ပြီတဲ့။" 


Stu သည် ကမ္ဘာပေါ်ရှိ ပထမတန်းစား ဇိမ်ခံအသုံးအဆောင်ပစ္စည်း အမှတ်တံဆိတ်ဖြစ်သည်။ ယခုတစ်ကြိမ်တွင် ရွှီလော့ယန်က ဘရန်းမှ တရားဝင်ဖိတ်ကြယးထားသည့် C နိုင်ငံမှတစ်ဦးတညါးသူအဖြစ် ရှိုးပွဲကို တက်ရောက်လာခြင်းပင်။ သို့သော် သူရော၊ ကျန့်သုန်းရောမှာ ဤအခြင်းအရာနှင့်ပတ်သက်၍ မယုတ်မလွန်သဘောသာ ထားရှိကာ endorsement ရရန် သိပ်၍မျော်လင့်မထားကြပေ။ ထို့ကြောင့် ရှိုးပွဲအစအဆုံး သူတို့က သက်တောင့်သက်သာသာ ရှိနေခဲ့ကြသည်။


သို့နှင့် စိတ်ကိုပြင်ဆင်မထားသည့် ရွှီလော့ယန်မှာ ကြားသိလိုက်ရသည့်သတင်းကြောင့် အင်မတန်စိတ်လှုပ်ရှားသွားကာ လက်ထဲရှိတဘက်က ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ သူ့ပါးစပ်က ခပ်ကျယ်ကျယ်ပွင့်နေပြီး နောက်ဆုံးကျမှ သူက အသံထွက်လာလေသည်။ 


"သူတို့က တကယ်ကြီး ငါ့ကိုရွေးလိုက်တာလား။"


"ငါလည်း အဲ့ဒီမေးခွန်းကို သိချင်လွန်းလို့သေတော့်။ ထွမ်နင်းရဲ့ အသင့်ဝတ်ရယ်၊ ရေမွေးရယ်နဲ့၊ Cherish ရဲ့ နာရီရယ်၊ နေကာမျက်မှန်ကို မင်းအရင်က ကြေငြာဖူးပေမယ့် အဲ့ဒါတွေနဲ့ Stu ရဲ့ global endorsement က တစ်တန်းတည်း မဟုတ်ဘူး။ ပြီးတော့ ဒီမတိုင်ခင်ကလည်စ သူတို့ဆီက ဘာသတင်းအစအနမှတောင် ကြားရတာမျိုး မရှိခဲ့ဘူးလေ။"


"ဟုတ်တယ်။ဟုတ်တယ်။ဟုတ်တယ်။ ကျွန်တော်လည်း အဲ့ဒီမေးခွန်းကိုပဲ မေးချင်နေတာ။"


"......." ကျန်းသုန့်က သူ့အတွေးများကို စီစဉ်ကာ သူ့ကိုမေးလာသည်။ 


"မနေ့က ရှိုးပွဲပြီးသွားတော့ ပါတီကျင်းပသေးတယ်မို့လား။ မင်းနဲ့ ဝယ်လ်ဆင်တို့ ဘာတွေပြောခဲ့ကြတာလဲ။"


ဝယ်လ်ဆင်မှာ မုတ်ဆိတ်နှင့် နေကာမျက်မှန်ကို ဝတ်လေ့ရှိသော Stu ၏ ဖန်တီးမှုဒီဇိုင်နာဖြစ်သည်။


ရွှီလော့ယန်က ပြန်တွေးကြည့်ကာ "အဖွဲ့လိုက်ဓာတ်ပုံရိုက်ပြီးတော့ သူငါ့ကို ကော့တေးတစ်ခွက်ပေးလာတယ်။ ပထမအချက်အနေနဲ့ သူက ငါ့ရဲ့လေယူလေသိမ်းကို ချီးကျူးပြီးတော့ ရှေးရိုးရာဒဏ္ဌာရီတွေကစပြီး ဖက်ရှင်ဒီဇိုင်း အယူအဆတွေအထိ ၊ သမ္မတမဲဆွယ်ပွဲတွေကနေ ကျေးလက်အစားအစာတွေအထိ၊တက္ကသိုလ်တုန်းက ငါ့ရဲ့စိတ်ပျက်စရာ မေဂျာရွေးချယ်မှုတွေနဲ့ ရောမမြို့က ဖက်ရှင်တက္ကသိုလ်က သူ့ရဲ့အတွေ့အကြုံတွေအကြောင်းထိ စကားတွေဖောင်ဖွဲ့တော့တာပဲ။" 


"ထပ်ပြီးတော့ရော။"


"မရှိတော့ဘူးလေ။" ရွှီလော့ယန်က အသေအချာပြောလေသည်။


"ပြီးတော့ သူ့ကို တခြားသူတွေခေါ်သွားပြီး ပါတီပွဲပြီးတဲ့အထိ သူနဲ့စကားပြောဖို့ အခွင့်အရေးထပ်မရတော့ဘူး။"


ကျန်းသုန့်ဘက်မှ စာရွက်လှန်သံများ တဖျတ်ဖျတ်ထွက်လာလေသည်။ 


"ငါ အရင်က Stu ရဲ့ ပစ္စည်းတွေထုတ်တာရဲ့ သော့ချက်နည်းနည်းရှာကြည့်လိုက်တယ်။ တစ်ခုက သေဆုံးခြင်းနဲ့ ပြန်လည်ရှင်သန်ခြင်း။ တစ်ခုက ပြန်လည်ဝင်စားခြင်း။ ပြီးတော့ နောက်တစ်ခုက ကိုယ်ကိုယ်တိုင်ရဲ့ အပြုသဘောနဲ့ အဆိုးသဘော။ ငါ့အထင် သူမင်းကို ရွေးလိုက်တာက အရင်က သတင်းထွက်လာတဲ့ မင်းအသက် တစ်ဆယ့်ခုနစ်နှစ်ကနေ တစ်ဆယ့်ကိုးနှစ်အတွင်း မင်းကြုံတွေ့ခဲ့ရတဲ့ ဘဝအတွေ့အကြုံကြောင့်လို့ ထင်တာပဲ။"


ထိုသို့တွေးကာ ကျန်းသုန့်က ဆက်လက်၍ သူ့သုံးသပ်ချက်ကို ပြောပြလာသည်။


 "လွန်ခဲ့တဲ့နှစ်နှစ်အတွင်း၊ မင်းရဲ့ physical record တွေက တည်ငြိမ်နေတယ်။ မင်းရဲ့ album sales တွေကလည်း နံပါတ်တစ်နေရာမှာ တည်တည်ငြိမ်ငြိမ်ရှိနေတာ။ ပြီးတော့ မင်းရဲ့ box office ကလည်း ဘယ်ရုပ်ရှင်မဆို နိုင်ငံတွင်း ထိပ်ဆုံးသုံးနေရာအတွင်း ဝင်အောင်လုပ်နိုင်တဲ့အတွက် ပြဿနာမဟုတ်ဘူး။ အရင်က မင်းရဲ့ကြော်ငြာကြောင့် Cherish ရဲ့နာရီတွေ Stock အကုန်နီးပါး ရောင်းကုန်တော့မလိုဖြစ်ခဲ့သေးတာ။ သူ့အနေနဲ့ ဒီအချက်အလက်တွေအကုန်လုံးကိုလည်း ထည့်စဉ်းစားခဲ့ပုံပေါ်တယ်။"


ရွှီလော့ယန်၏ အဓိကပရိသတ်များမှာ အသက်နှစ်ဆယ်အရွယ်မှ သုံးဆယ်အရွယ်အတွက်း အမဖိုးသမီးများဖြစ်ကြသည်နှင့်အတူ သူတို့မှာ စည်းလုံးမှုအားကောင်းကာ၊ အင်မတန်တောင့်တင်းသည့် ဝယ်နိုင်စွမ်းလည်း ရှိလေသည်။


မှန်ပြတင်းပေါက်ပေါ်တွင်တင်ကျန်ရစ်ခဲ့သော မိုးရေစက်များကိုကြည့်ရင်း၊ ရွှီလော့ယန်က မေးခွန်း‌မမေးခင် ခဏလောက်တွေးလိုက်သေး၏။


 "သတင်းက ဘယ်အချိန်လောက် ထုတ်ပြန်မှာတဲ့လဲ။"


"အခုငါတို့နိုင်ငံက မနက်နှစ်နာရီလောက်ရှိနေပြီ။ သတင်းက မနက်ခုနစ်နာရီအတိမှာ လွှင့်မှာဆိုတော့ ငါးနာရီလောက်လိုသေးတယ်။" ကျန်းသုန့်က လုံးဝကို တည်ငြိမ်နေပြီဖြစ်သည်။


 "မင်း လန်ဒန်မှာ နောက်ထပ်ရက်နည်းနည်းလောက် ထပ်နေရဦးမယ်။ ငါမနက်ဖြန်ကျ အမြန်ပြန်လာခဲ့တယ်။ ဒီကိစ္စနဲ့အတူ တခြား ပထမတန်းစား ကမ္ဘာဇိမ်ခံပစ္စည်း အသုံးအဆောင် ဘရန်းဘယ်လောက်လောက် မင်းထပ်ရနိုင်၊မရနိုင်ကတော့ ဒီအခွင့်အရေးပေါ်မှာပဲ မူတည်တယ်။ "


ဖုန်းချလိုက်ပြီးနောက်၊ ကြမ်းပြင်ပေါ်သို့ကျနေသည့် တဘက်ကို ကောက်ယူကာ၊ ရွှီလော့ယန်က ဖုန်းကို တစ်နေရာသို့ သာမာန်ကာလျှံကာ ပစ်လိုက်ပြီး နေရာမှာပင် နှစ်ကြိမ်ခန့် ပျော်ရွှင်စွာ ခုန်ပေါက်လိုက်လေ၏။ ခုန်ပေါက်ပြီးသွားသည့်အခါ သူက ရေချိုးခန်းတံခါးကို ဖွင့်၍ဝင်သွားလိုက်ချင်သော်လည်း ထိုစိတ်လေးကို ထိန်းချုပ်ထားလိုက်ပြီး မသိလိုက်ပါဘဲ သူ့အကြည့်တွေက စာအုပ်စင်ပေါ်ကစာအုပ်များပေါ် ကျရောက်သွားတော့သည်။


စာအုပ်များကြားမှ စာအုပ်တစ်အုပ်ကို ဆွဲယူလိုက်သည့်အခါ၊ ထိုစာအုပ်က ချီချန်အန်း အထက်တန်းကျောင်းတက်ခဲ့စဉ်က ဖတ်စာအုပ်ဖြစ်နေပြီး မှတ်စုလေးများ များစွာကိုလည်း ရေးမှတ်ထားလေသည်။ အကြည့်တစ်ချက်နှင့်ပင်၊ ဤကျောင်းသားက အလွန်ပင် အလေးအနက်ထားမှန်း သိသာပေ၏။


စာအုပ်၏အလယ်တွင် အိမ်စာဖြစ်ဟန်တူသည့် စာရွက်အနည်းငယ်ကိုလည်း ညှပ်ထားလေ၏။ ငါးပုဒ်တွင် တစ်ပုဒ်သာ မှားလေသည်။


ရွှီလော့ယန်က ထိုလက်ရေးများကိုကြည့်ရင်း သေသေသပ်သပ်ချုပ်လုပ်ထားသည့်ကျောင်းဝတ်စုံဖြင့် ကျောင်းသားအရွယ်ချီချန်အန်းငယ်ငယ်လေးကို မြင်ရတော့မည်အလား အလွန်စိတ်ဝင်တစားဖတ်ရှုနေခဲ့သည်။ အမည်းရောင် ကျောင်းဝတ်စုံဂျက်ကတ်၊ cashmere ခါးစည်းနှင့် လည်စည်းတို့ကို ဝတ်ကာ၊ စာသင်ခန်းထဲတွင် စိတ်ဝင်တစားလိုက်ပါနားထောင်နေပြီး၊ လက်သွက်သွက်လေးဖြင့် ဘောပင်ကိုကိုင်လျက် မှတ်စုရေးနေလိမ့်မည်။ 


နေပါဦး၊ ရွှီလော့ယန်၏စိတ်ထဲ သံသယလေးတစ်ချက် ထွက်လာခဲ့သည်။ 


နတ်ဆိုးတွေကလည်း အထက်တန်းကျောင်းနဲ့ တက္ကသိုလ်တက်ဖို့ လိုအပ်တာလား။ အဲ့ဒီကနေတ‌ဆင့် လူသားတွေရဲ့ဗဟုသုတကို သိုမြည်းနိုင်ပြီး၊ လူ့အသိုင်းအဝိုင်းထဲ ပိုပြီး ရောယှက်နေနိုင်ဖို့များလား။ ဒါဆိုရင် လူသားတွေရဲ့အသက်အရွယ်နဲ့လိုက်ပြီး သူတို့ရဲ့ ပုံပန်းသွင်ပြင်ကိုလည်း လိုက်ပြောင်းပေးရမှာပဲ။ ဘယ်လိုတောင် ကြိုးစားအားထုတ်မှုကြီးလဲ။


ရွှီလော့ယန်က အခြားဖတ်စညအုပ်တစ်အုပ်ကို ဆွဲယူကြည့်လိုက်ရာ၊ထိုစာအုပ်ရှိလက်ရေးက ယခင်စာအုပ်မှလက်ရေးထက် ပို၍သေသပ်ပြီး ကြည့်ကောင်းကြောင်း တွေ့လိုက်ရသည်။ သူက စိတ်ထဲမှ နောက်တဖန် သက်ပြင်းထပ်ချလိုက်မိသည်။ 


လူသားတွေဆီက သူ့ရဲ့ရုပ်ဖျက်ထားမှုကို ဖုံးကွယ်ထားဖို့နဲ့ သူ့ရဲ့တိုးတက်လာမှုကိုပြသဖို့ ချန်အန်းက တကယ်ပဲ အလွန်တရာ အားထုတ်ခဲ့ရတာပဲ။


ထိုအခိုက်၊ ရင်းနှီးနေသော ခြေသံက တဖြည်းဖြည်း နီးကပ်လာလေ၏။ ရွှီလော့ယန်က စာအုပ်ကို ချကာ၊ ခြေလှမ်းအနည်းငယ်ခန့် အပြေးလေးသွားလိုက်ပြီး ချီချန်အန်းအပေါ်သို့ တိုက်ရိုက်ခုန်တက်လိုက်လေသည်။ အစောနက သူ့စိတ်ထဲရှိသံသယများအားလုံးကို ပယ်ရှားလိုက်ကာ၊ စိတ်လှုပ်ရှားစွာနှင့် သတင်းကို ပြောပြလိုက်သည်။ 


" ချန်အန်း ချန်အန်း Stu ရဲ့ ဖန်တီးမှုဒီဇိုင်နာ၊ ဝယ်လ်ဆင်က ငါ့ကို global spokesperson အဖြစ် သတ်မှတ်လိုက်တယ်တဲ့။"


ရွှီလော့ယန်က ထပ်ပေါင်းပြောလိုက်သည်။ "အဲ့ဒါက watch endorsement လည်းမဟုတ်ဘူး။ အသင့်ဝတ်အဝတ်အစား endorsement လည်းမဟုတ်ဘူး။ global endorsement တစ်ခုလုံးပဲ သိလား။ "


"Congratulations ပါ နျောင်နျောင်" 


ချီချန်အန်းက ပြုံးလိုက်ပြီး"ကိုယ့်ရဲ့နျောင်နျောင်က အတော်ဆုံးပဲ။"


"သေချာတာပေါ့။" 


ရွှီလော့ယန်က သူ့မေးလေးကို မြှောက်ထားလိုက်သည်။ သို့သော်လည်း သူက လျင်မြန်စွာ မချင့်မရဲဖြစ်သွားရပြန်သည်။


 "မနက်ဖြန် ကျန်းကောက ဒီကို အချိန်မှီရောက်လာလိမ့်မယ်။ ငါတို့ နောက်တစ်ခေါက် အလုပ်ထပ်ပြီးလုပ်ရတော့မယ်ဆိုတာ ငါဖြင့်မယုံနိုင်သေးဘူး။"


ချီချန်အန်းက သူ့ကို နှစ်သိမ့်ပေးလေ၏။ 


"မင်းရဲ့ အလုပ်လမ်းကြောင်းက အခုမှ မြင့်တက်နေတုန်းပဲလေ။ ဒါကြောင့် မင်းအနေနဲ့ အလုပ်မှာ ပိုအားထုပ်ရမှာပေါ့။ ကိုယ်က ပျောက်ကွယ်သွားမှာမှမဟုတ်တာ။ မင်းအလုပ်ပြီးသွားတဲ့အချိန် ကိုယ်ကြိ မြင်ရမှာပဲလေ။"


သူ့ကိုသာ စိုက်ကြည့်နေကာ ရွှီလော့ယန်က စကားမပြောဘဲ နှုတ်ခမ်းသာ ဆူနေလိုက်သည်။


"ဒါဆို ကိုယ်မင်းကို မနက်ဖြန် လိုက်ပို့ပေးမယ်လေ။"


ရွှီလော့ယန်က ဆက်လက်စိုက်ကြည့်နေဆဲ။


"ကိုယ်ရိုက်ကွင်းကို အလည်လာရင်း မင်းကို အရသာရှိတဲ့မုန့်တွေ ဝယ်ခဲ့ပေးမယ်လေ။"


ရွှီလော့ယန်က ဘာစကားမှ မပြောသေးပေ။


ချီချန်အန်းက အကူအညီမဲ့စွာနှင့် "ကိုယ် မင်းနဲ့အတူ နေပေးပါ့မယ် ဟုတ်ပြီလား။"


"ဟုတ်ပြီ ဟုတ်ပြီ။" 


ရွှီလော့ယန်က သူ့လည်ပင်းတဝိုက် သူ့လက်မောင်းများဖြင့် တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားကာ လက်မလွှတ်ပေးချင်ပေ။ 


"မင်း ငါနဲ့အတူတူနေပေးမယ်လို့ မင်းဘာသာမင်း ပြောတာနော်။" 


"အင်း။ ကိုယ့်ဘာသာကိုယ်ပြောတာပါ။" 


ချီချန်အန်းထံမှ "မုန်လာဥမထည့်သည့်ဥပဒေ" ကို အောင်မြင်စွာကျော်ဖြတ်နိုင်ပြီးနောက် ယခု "အလိုလိုက်ခံရသည့် အပြုအမူအရေအတွက်ကို ကန့်သတ်" ခြင်းကိုရော သူကျော်ဖြတ်နိုင်မည်လား။


__


ရွှီလော့ယန်၏ ခံစားချက်သေးသေးလေး:


ငါ ငါ့ရဲ့အချက်အပြုတ်စွမ်းရည်ကို တိုးတက်အောင်လုပ်ဖို့လိုတယ် တစ်ခုခုပေါ့ ဥပမာ...... ခရမ်းချဉ်သီးနဲ့ကြက်ဥပန်ကိတ် ...



___


Translated By IQ-Team.