အပိုင်း ၇၄
Viewers 6k

🍬Chapter 74

------------


အဖွဲ့သားများက အလုပ်ချိန်ကို တင်းကြပ်စွာလိုက်နာသည့်အတွက်၊ ခြောက်နာရီအတိတွင် အလုပ်များသိမ်းလိုက်ကြသည်။ မိတ်ကပ်ဖျက်ရန် မိတ်ကပ်ဖော့တစ်ခုကိုယူကာ၊ ရွှီလော့ယန်က ချီချန်အန်းနှင့် တိုးတိုးတိတ်တိတ်စကားပြောရင်း သူ့မျက်နှာကို မျက်နှာသေဖြစ်အောင် ကြိုးစားနေရသည်။


 "ငါခုလေးတင်ပဲ ပြက္ခဒိန်ကိုကြည့်လိုက်တာ။ ဒီနေ့ ကြည့်ရမယ့် ဖျော်‌ေဖြပွဲတစ်ခုရှိတယ်။"


ရွှီလော့ယန်ကို ဂွမ်းတံတစ်ခုလှမ်းပေူရင်း ချီချန်အန်းက မေးလိုက်သည်။


 "ဘယ်လို ဖျော်ဖြေပွဲမျိုးလဲ။"


ခုနစ်နာရီကျော်ပြီဖြစ်သည့်အတွက် ဆည်းဆာချိန်က ပို၍မှောင်မိုက်လာကာ၊ 'Queen's Height ' ဟု အမည်ရသည့် ဘားတစ်ခုဆီသို့ သူတို့နှစ်ဦးရောက်ရှိလာခဲ့သည်။ ချီချန်အန်းကို ဆွဲခေါ်သွားရင်း၊ ဖန်ခွက်များကို သုတ်နေသည့် ဘားမှအလုပ်သမာစကို ရွှီလော့ယန်က တစ်စုံတစ်ရာကို အလျင်အမြန်ပြောလိုက်သည်။ ခေါင်းညိတ်ကာ ဘားသမားက အနက်ရောင်သစ်ကြားပင်ဖြင့်ပြုလုပ်ထားသည့် သေတ္တာထဲမှ သတ္ထုအပိုင်းအစနှစ်ခုကို ထုတ်ပေူလိုက်သည်။


ရွှီလော့ယန်က ကျေးဇုးတင်စကားပြောကာ၊ ချီချန်အန်းထံတစ်ခုပေးလိုက်ပြီး အတွင်းထဲသို့ ဆက်ဝင်သွားလေသည်။


သေးငယ်ယိုယွင်းနေသည့် တံခါးမှဖြတ်၍ ဝင်ရောက်လာရာ၊ ဘေးနှစိဖက်လုံးရှိ နံရံနှစ်ဖက်တွင် ထူထပ်သည့် နံရံဆေးရေးပန်းချီများကိုရေးဆွဲထားသည့် ရှည်လျားသည့်လူသွားလမ်းမှလျှောက်သွားပြီးနောက်၊ အဆုံးမှပဲ့တင်ထွက်လာသည့် သီချင်းသံသဲ့သဲ့ကို ကြားလိုက်ရသည်။ 


ချီချန်အန်းက ရွှီလော့ယန်၏လုပ်ဆောင်ချက်များကို သဘောပေါက်သွားသည်။ 


"ဒါက မြေအောက်တီးဝိုင်းဖျော်‌ဖြေပွဲတစ်ခုလား။"


"ဟုတ်တယ်။" သတ္ထုအပိုင်းလေးကို လက်ချောင်းများကြားလှည့်ကစားရင်း ရွှီလော့ယန်က မျက်ခုံးပင့်လိုက်သည်။


"ငါ တက္ကသိုလ်တက်တုန်းက၊ ဒီနေရာက ငါ့အကြိုက်ဆုံးနေရာပဲ။ သီချင်းတွေလာနားထောင်လေ့ရှိပြီးတော့ တီးဝိုင်းအဖွဲ့တွေကလည်း တော်တော်တော်တယ်။"


အနည်းငယ်သံချေးတက်နေသည့် တံခါးကိုဖွင့်လိုက်သည့်အခါ ခန်းမထဲမှ အသံလှိုင်းများက ဝုန်းခနဲ ပျံ့လွင့်လာပေသည်။ စုရုံးနေသည့် လူအုပ်ကြီးက၊ မီးရောင်မှိန်မှိန်အောက်၊ ရှုပ်ယှက်ခတ်နေပြီး နှာခေါင်းတွင် နားကပ်တပ်ထားသည့် ဘေ့စ်ဂီတာတီးသမားက အောက်မှ လူအုပ်ကြီး၏ အော်ဟစ်အားပေးမှုနှင့်အတူ သူ၏အရည်အချင်းများကို ထုတ်ပြနေလေသည်။ 


တံခါးနားတွင် စောင့်ကြည့်နေသည့် ဘားသမားကို သတ္တုအပိုင်းလေး လှမ်းပေးလိုက်သည့်အခါ၊ ရွှီလောယန်က ထိုလူ၏မေးခွန်းကို ကြားလိုက်ရသည်။ 


"မင်းတစ်ယောက်တည်းလာတာလား။ ဒီကိုလာတာ ပထမဦးဆုံးလား။ မင်းကိုကြည့်ရတာ သိပ်မရင်းနှီးသလိုဘဲ" 


ထိုသို့ဆိုကာ၊ မျက်လှည့်ပြသည်အလား၊ ဖန်ခွက်ရှည်ကြီးတစ်ခွက်က ရွှီဘော့ယန်၏အရှေ့သို့ပေါ်လာကာ အထဲမှ အရည်များက တဖြည်းဖြည်းအရောင်တောက်လာပြီး ပူဖောင်းများထလာသည်မှာ အလွန်မှလှပပေသည်။


ရွှီလော့ယန်ပြန်မဖြေနိုင်ခင်၊ သူ့ခါးကို ရစ်ပတ်လာသည့်လက်တစ်စုံကို ခံစားမိလိုက်သည်။ ထိုလက်များမှ အနည်းငယ်အားထည့်ထားသဖြင့် သူ့တစ်ကိုယ်လုံး ချီချန်အန်း၏ရင်ထဲ လဲကျသွားရသည်။ ထို့နောက် ‌ချီချန်အန်း၏အေး‌စက်စက်အသံကို သူ့နားထဲ ကြားလိုက်ရပေသည်။ 


"မင်းရဲ့ မျက်လူံတွေကို သတိထား။ သူက ငါ့လူ။"


ထိုသို့ပြောနေစဉ်၊ ချီချန်အန်း၏လေသံက သတိပေးဟန်အပြည့်နှင့် သူ့မျက်နှာထက်လည်း အမူအယာမဲ့နေပေသည်။ သူ၏စူးရှသော မျက်လုံးများက ဓားသွားကဲ့သို့ပင်။


"နှမြောစရာပဲ။" 


ဘားသမားက ပခုံးတွန့်လိုက်ကာ ဂရုမထားတော့ပေ၊ တူညီသည့်သောက်စရာတစ်ခွက်ကိုယူကာ၊ ချီချန်အန်းအရှေ့ချပေးလိုက်သည်။ 


"ကောင်းပြီလေ။ ဒါဆို ကောင်းမွန်တဲ့ညလေးဖြစ်ပါစေ။" 


ထို့နောက်၊ သူက တစ်ဖက်သို့လှည့်ကာ ဝင်လာသည့်ဧည့်သည်များကို ကြိုဆိုနေလေ၏။


ရွှီလော့ယန် သူ့ကိုကြည့်နေသည်ကို သတိထားမိသွားကာ၊ ချီချန်အန်း၏အကြည့်များက နူးညံ့သွားပြီး၊ ရွှီလော့ယန်ခါးပေါ်တင်ထားသည့် သူ့လက်က ဝတ်ထားသည့်ဂျင်းဘောင်းဘီ၏တင်ပါးပေါ်ရောက်သည်အထိ အောက်သို့လျှောဆင်းသွားကာ၊ ခပ်နိမ့်နိမ့်အသံဖြင့် မေးလိုက်သည်။


"ကိုယ်က မင်းရဲ့လူမဟုတ်လို့လား။" 


သူ့လေသံက အံ့ဩစရာကောင်းလောက်အောင် အနည်းငယ်စိတ်တိုနေဟန် ပေါ်နေခဲ့သည်။


ထွက်မလာခင်က၊ ရွှီလော့ယန်သည် ချီချန်အန်းကို ထူးဆန်းစွာအလှဆင်းထားသည့် မင်းမျိုးနွယ်စတိုင် ဂျက်ကတ်နှင့် နက်ပြာရောင်မျက်ကပ်မှန်ကို ဝတ်ဆင်စေခဲ့သည်။ ထို့ကြောင့် ယခု၊ သူ့ထဲမှ ဤကဲ့သို့ စူးနစ်စွာ အကြည့်ခံနေရသည့်အခါ၊ ရွှီလော့ယန်၏ ခြေထောက်များမခိုင်ချင်တော့သလိုလိုပင်။


ထိုအခိုက်၊ ဂီတသံများက ပြင်းထန်စွာထွက်ပေါ်လာပြီး အားပေးသံများက ပို၍ဆူညံလာလေရာ၊ ထိုအခြင်းအရာက ရွှီလော့ယန်၏အာရုံကို ပြန်လည်ဆွဲခေါ်သွားလေသည်။ လူအုပ်ထဲသို့ ချီချန်အန်းကို ဆွဲခေါ်သွားပြီး စတိတ်စင်၏အောက်၌ရပ်ကာ၊ အော်ပြောလေသည်။ 


"ငါ ဒီလိုရှိုးပွဲတွေကို မရောက်တာကြာလှပြီ။ အရမ်း သတိရတာပဲ။"


ချီချန်အန်းက ရင်ခွင်ထဲထည့်၍သူ့ကို ကာကွယ်ထားကာ၊ နားနားကပ်၍ တီးတိုးပြောလာလေသည်။


 "မင်းနောက် ထပ်လာချင်ရင်လည်း၊ မင်းကိုအဖော်လိုက်ပေးဖို့ ကိုယ်ရှိနေမယ်။"


Band အဖွဲ့ထွက်လာသည့်အခါ၊ လေထုတစ်ခုလုံးဂီသတံဖြင့် ဖုံးလွှမ်းသွားကာ၊ ရွှီလော့ယန်က ပျော်ရွှင်တက်ကြွနေခဲ့သည်။ သိူ့သော် လူအုပ်ကြီးနှင့်အတူ သီချင်းလိုက်ဆိုနေခဲ့သော်လည်း သူ့လက်တစ်ဖက်က ချီချန်အန်း၏လက်တစ်ဖက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်မှာ မတော်တဆ သူပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသည့်အလား။


"ချန်အန်း။ အဓိက အဆိုတော်က အရမ်းကြည့်လို့ကောင်းတယ်မို့လား။ သူ့ရဲ့ အမြင့်သံဆိုတဲ့နည်းလမ်းတွေကို ငါတကယ် သဘောကျတယ်။သူ့အသံကလည်း တော်တော်လေး ကောင်းတယ်။"


 အကြည့်များက စင်ပေါ်သို့ရောက်နေရင်း၊ မျက်လုံးများတောက်ပနေကာ၊ ရွှီလော့ယန်က ချီချန်အန်းနှင့် မနေနိုင်ဘဲ ဝေမျှမိသည်။


နံဘေးတွင်သာရပ်နေရင်း ချီချန်အန်း၏အကြည့်များက ရွှီလော့ယန်ပေါ်၌သာ။ သို့သော်၊ ထိုစကားများကို ကြားပြီးသည့်နောက်၊ သူက ဆုပ်ကိုင်ထားသည့် ရွှီလော့ယန်၏လက်ကို အားအနည်းငယ်သုံး၍ သူ့နားသို့ဆွဲလိုက်သည်။ 


ရွှီလော့ယန် သူ့ကိုကြည့်လာသည့်အခါ၊ အနားနားကပ်၍ "ကြည့်နေ။" ဟု ဆိုလေ၏။


ကြည့်ရမယ်.....။


ရွှီလော့ယန် မတုံ့ပြန်နိုင်ခင်၊ ချီချန်အန်းက ဆုပ်ကိုင်ထားသည့်လက်ကို လွှတ်ကာ၊ တီးဝိုင်းအဖွဲ့၏ စက္ကန့်သုံးဆယ်နားသည့်အချိန်ကို အခွင့်ကောင်းယူ၍ ခြေတံရှည်များဖြင့် စတိတ်စင်ပေါ်သို့ တက်သွား‌သည်ကို မြင်လိုက်ရသည်။


အဓိကအဆိုတော်အား ချီချန်အန်းဘာပြောလိုက်သည်ကို မသိရသော်လည်း သူတို့နှစ်ဦးက လက်ဝါးချင်းရိုက်လိုက်ပြီး ချီချန်အန်းက မိုက်ကိုကိုင်လိုက်လေသည်။ ခန်းမထဲ အားပေးသံများဆူညံသွားသည်။ သို့သော် ဤတစ်ကြိမ်၌ ရွှီလော့ယန်က စတိတ်စင်ပေါ်မှ ချီချန်အန်းကိုသာ အံ့အားတကြီးကြည့်နေမိ၍ မည်သည့်အသံမျှ မထွက်နိုင်ပေ။ သူ၏နားစည်များ ပေါက်ကွဲထွက်တော့မည့်အလား သူ့နှလုံးခုန်သံများ မြန်ဆန်နေခဲ့သည်။


သူ့အနားမှဆူညံသံများ တဖြည်းဖြည်းငြိမ်ကျသွားသည့်အခါ၊ ချီချန်အန်း၏ အေးစက်စက်အသံက ထွက်ပေါ်လာခဲ့သည်။


ထိုအခိုက်အတန့်၌၊ ချီချန်အန်းသီချင်းဆိုသည်မှာ တော်တော်လေးကောင်းကြောင်း ရွှီလော့ယန် သိရှိလိုက်ရသည်။


"...... အမှောင်မိုက်ဆုံးနေ့မှာ ထွက်ပေါ်လာတဲ့ နေမင်းလိုမျိုး မင်း..... မင်းအော်ခေါ်လိုက်တဲ့အချိန်တိုင်း ကိုယ်ရောက်လာပေးမယ်....


မင်းက ငါ့ညတွေရဲ့ အမှောင်ထုကို ဖြိုခွင်းပေးမယ့် အလင်းရောင်လေး၊ မင်းခေါ်လိုက်တိုင်း ကိုယ်ရောက်လာပေးမယ်၊ ဘယ်အချိန်မဆို၊ ဘယ်အချိန်မဆို။" 


လက်ထဲတွင် မိုက်ကိုကိုင်ထားသည့် လူကို ရွှီလော့ယန် စွဲလမ်းစွာကြည့်နေမိပြီး ထိုအခိုက်အတန့် စကားလုံးထောင်ကျော်ဖြင့် နှိုင်းယှဉ်၍မရနိုင်သလို ခံစားလိုက်ရသည်။ 


စတိတ်စင်၏တောက်ပသည့်မီးရောင်အောက်၊ ပေါ့ပေါ့ပါးပါးရပ်လျက်၊ ချီချန်အန်းက သူ့ခေါင်းကို မသိမသာငုံ့လိုက်သည့်အခါ မှောင်ရိပ်ကျသွားသည့် သူ့မျက်နှာ၏အစိပ်အပိုင်းများက သူ့အား နိုင်ငံပျက်လောက်သည့်အလှတရားကို ပေးစွမ်းလေသည်။


သို့သော်လည်း ၊မကြာမီပင် ရွှီလော့ယန်က လှုံ့ဆော်ခံထားရသလို၊ ချီချန်အန်းအတွက် ရူးသွပ်စွာအော်ဟစ်နေသော၊ ပရိသတ်များက သူ့ဘေးပတ်ပတ်လည်အပြည့်ဖြစ်နေသည်ကို တွေ့ရှိသွားသည်။


မီးရောင်အလှည့်အပြောင်းနှင့် အဓိကအဆိုတော်က နောက်တစ်ပိုင်း၏စာသားများကို သီဆိုနေသည်ကို အခွင့်ကောင်းယူ၍၊ ရွှီလော့ယန်က သူ့ဖုန်းကိုထုတ်ကာ၊ ‌မနှစ်က အောက်တိုဘာ နှစ်ဆယ့်လေးရက်နေ့က တင်ထားခဲ့သည့် သူ၏ဝေးပေ့ါ်ပို့စ်ကို အလျင်အမြန်ရှာလိုက်သည်။


"ရွှီလော့ယန်" 


#ရွှီလော့ယန်က သဝန်တိုနေတယ် # ကောလာဟလတွေကို တရားဝင်ငြင်းဆိုပါတယ်။ ငါဘယ်တော့မှ သဝန်တိုမှာမဟုတ်ဘူး။ အဲ့ဒီအချိန်တုန်းကလည်း၊ ငါက ချန်အန်းကို ငါ့လက္ခဏာဖတ်ခိုင်းတာပါ။"


မျက်နှာဖြတ်ရိုက်ခံရတာက တကယ်ကိုနာတာပဲ။ 


သက်ပြင်းချကာ၊ ရွှီ‌လော့ယန်က ထို‌ပို့စ်ကို အလွန်လျင်မြန်စွာ ဖျက်ပစ်လိုက်လေသည်။


_____


ရွှီနျောင်နျောင်ရဲ့ ခံစားချက်သေးသေးလေး:


ဘယ်ရှာလကာရည်တံဆိပ်က ပိုကောင်းလဲ။ 


_____


ကိုယ်တော့ ချီချီတစ်ယောက် ယန်ယန်အရှေ့မှာ ဒေါင်းဖိုကြီး အမြှီးဖြန့်ပြနေသလိုခံစားနေတယ်...


Translated By IQ-Team.