အပိုင်း ၇၅
Viewers 6k

🍬Chapter 75

------------


နောက်ဆုံးဂစ်တာ၏သံစဉ် ပြီးဆုံးသွားသည်နှင့်အမျှ အားပေးသံ၊လေချွန်သံများအား အချိန်အတော်လေးကြာသည့်အထိ ဆက်ကြားနေရသည်။သို့သော် အဓိကဇာတ်ဆောင် စင်ပေါ်၌မရှိတော့ ရုတ်တရတ် မှောင်သွားတာကိုအခွင့်ကောင်းယူပြီး ချီချန်အန်း လက်ကောက်၀န်ကိုဆွဲကာ ရွှီလော့ယန် ပွဲကျင်းပရာနေရာမှပြေးထွက်လာခဲ့သည်။


မှတ်ဉာဏ်အတိုင်း ရွှီလောယန် လူကို ထောင့်၂ထောင့်ကျော်သွားသည့်အထိ ဆွဲခေါ်သွားကာ တံခါးလေးတစ်ချပ်အားဖွင့်လိုက်ပြီး " out of order "ဆိုင်းဘုတ်တပ်ထားတဲ့ သိုလှောင်ခန်းထဲကို၀င်သွားသည်။အထဲ၌ သစ်သားစင်အလွန်တစ်ခုသာရှိနေပြီး မီးလုံးကလည်းကျွမ်းနေသေးသည်။ တံခါးကိုပိတ်လိုက်တော့ အမြင်အာရုံတစ်ခုလုံးမည်းမှောင်သွားရသည်။


သီချင်းသံများအားတိုးတိုးလေးကြားနေရဆဲဖြစ်ကာ ချီချန်အန်း လက်ကိုကိုင်ထားရင်း ရွှီလော့ယန် မောဟိုက်စွာဖြင့် "ဘယ်သူမှဒီထဲကို၀င်လာမှာမဟုတ်ဘူး"


ဘာမှမမြင်ရခြင်းကြောင့် အကြားအာရုံနဲ့အထိအတွေ့ကိုပိုပြီးခံစားမိလာရပြီး လူနှစ်ဦးရဲ့အသက်ရှုသံကပေါင်းစည်းသွားသည်။


ရွှီလော့ယန် နှလုံးခုန်သံတွေမြန်လာရပြီး အသက်ရှုသံတောင်မှနည်းနည်းတုန်ယင်လာရကာ "မင်း အဆိုတော်ကို ဘာပြောလိုက်တာလဲ "


ချီချန်အန်းက ဖြည်းဖြည်းချင်းပြောပြလေသည်။ 


"ကိုယ်ပြောလိုက်တာက ကျွန်တော်ချစ်တဲ့သူကစင်အောက်မှာလို့ သူ့မျက်လုံးထဲမှာ ကျွန်တော်တစ်ယောက်ထဲရှိနေစေချင်တယ်လို့ "


တစ်ချိန်တည်းမှာပဲ ရွှီလော့ယန် နှုတ်ခမ်းတွေအား ပူနွေးတဲ့လက်ချောင်းထိပ်‌ဖြင့်ပွတ်သပ်လာသည်။အတော်လေးထိလွယ်ရှလွယ်ဖြစ်နေလွန်းလို့လားမသိ နှုတ်ခမ်းတစ်ခုလုံးစူးရှတဲ့ ခံစားချက်ပျံနှံသွားလေသည်။ပြီးနောက် ချီချန်အန်းရဲ့နူးညံတဲ့နှုတ်ခမ်းကသူ့ကိုဖုံးအုပ်သွားသည်။


သို့သော် ချီချန်အန်းက မလှုပ်ရှား၊ရွှီလော့ယန်နှုတ်ခမ်းအားဖိကပ်ထားပြီး မေးလိုက်သည်။


"လော့ယန် ကိုယ် နမ်းလို့ရမလား "


လုံး၀စကားပြန်မပြောနိုင်တာကြောင့် ရွှီလော့ယန် မျက်စိမှိတ်ခေါင်းညိတ်လိုက်က သူဘက်ကနေစပြီး နမ်းလိုက်သည်။ ဒီလိုမျိုး နှစ်ယောက်ကြားက အပြုအမှုသေးသေးလေးကတောင်မှ ကြီးမားတဲ့လှိုင်းတစ်ခုဖြစ်ပေါ်လာစေသည်။ချက်ချင်းဆိုသလို ချီချန်အန်းရဲ့လက်ကသူ့နောက်ကျောကိုတင်းတင်းကြပ်ကြပ်ဖိကိုင်လာတာကို ရွှီလော့ယန် သတိထားမိလိုက်သည်။ ပြီးနောက် သူတံခါးဖြင့်ဖိကပ်ခြင်းခံလိုက်ရသည်။


အနမ်းကပြင်းထန်လာကာ သူ့ပါးစပ်အပေါ်ပိုင်းကို ချီချန်အန်း လျှာဖျားဖြင့်ကလိနေတာကြောင့် အသက်ရှုရတာခက်လာသည်။ အလျင်အမြန်ပျံနှံလာတဲ့ စပ်ဖျဉ်းဖျဉ်းခံစားချက်ကြောင့် ရွှီလော့ယန် ချက်ချင်းဆိုသလို ခြေထောက်မခိုင်ဖြစ်လာရသည်။ဘာလုပ်ရမှန်းမသိတာကြောင့် သူ့လက်တွေကအလိုလို ချီချန်အန်း၏ကုတ်အင်္ကျီကိုတင်းတင်းကြပ်ဆုတ်ကိုင်မိသွားသည်။


တံခါးအပြင်ဘက်၌ ရံဖန်ရံခါ လူများဖြတ်သွားလေ့ရှိသည့်ကော်ရစ်ဒါရှိပြီး သူတို့၏ကျယ်လောင်လှသည့့်ရယ်မောသံနဲ့စကားသံများက အထဲကလူနှစ်ယောက်အား လက်‌ဖျားများတုန်သွားသည့်အထိ နှိုးဆွနေသလိုပင်။


ရွှီလော့ယန်အား ချီချန်အန်း မချီလိုက်ပြီး တံခါးကိုမှီစေလိုက်ကာ ခြေထောက်တွေကို သူ့ခါးတွင်ရစ်ပတ်ထားစေလိုက်သည်။ထို့နောက်ရွှီလော့ယန်တင်ပါးကိုလက်တစ်ဖက်ကကိုင်ထားကာဆက်ပြီး နမ်းနေသည်။


ရွှီလော့ယန် ခန္ဓာကိုယ်အာရုံခံအကြောတွေအားလုံး အပူလှိုင်းဖြတ်သွားသလိုပင်၊ သူ မူးလဲချင်သလိုတောင်ဖြစ်လာရသည်။


သူတွေးနေမိတာ အရင်တုန်းက သူရခဲ့တဲ့အနမ်းတွေအားလုံးက အရင်ကချီချန်အန်းနူးနူးညံညံဆက်ဆံတာ တမင်တကာ ချုပ်တည်းထားတာလား၊ဒါကမှချီချန်အန်းရဲ့ပုံစံအစစ်အမှန်လား။


ချီချန်အန်းရဲ့လျှာဖျားက ရွှီလော့ယန်၏သွေးအရသာကိုရမှသာ ရွှီလော့ယန်ကိုလွှတ်ပေးလိုက်သည်။


တံခါးကိုမှီကာ အသက်ရှူလိုက်ပြီး "ချန်အန်း "ဟုရွှီလော့ယန်ကခေါ်လိုက်သည်။


ရွှီလော့ယန် သူ့နာမည်ခေါ်သံကိုကြားတော့ ချီချန်အန်းက သူ့ပါးစပ်ထောင့်ကနေစီးကျနေတဲ့တံတွေးတွေကိုလက်မဖြင့်သုတ်နေသည်။


" ဟင် "


"ငါ သွေးအရသာရနေတယ် "ဟုရွှီလော့ယန်ကသူ့ကိုပြောလိုက်သည်။


သူအသက်ရှုသံကမူ မမှန်သေးပေ။


"ဘယ်သူသွေးလဲ " လောလောဆယ် သူပါးစပ်ကထုံနေတော့ ဘာခံစားချက်မှမရပေ။


အမှောင်ထဲ၌ ချီချန်အန်းကပြုံးရိပ်သန်းသွားရပြီး "ကိုယ်ဆီက မင်း စိတ်လှုပ်ရှားပြီး ကိုယ့်နှုတ်ခမ်းကိုကိုက်လိုက်မိတာ"


".........."


"ငါ အဲ့လောက်တောင်အားကြီးတယ်"


ဒီကိစ္စကြောင့် နှစ်ယောက်သားဆက်မလုပ်ဖြစ်ကြတော့ပေ။ရွှီလော့ယန် ဟိုတယ်ကိုပြန်ရောက်တော့ ကျန်းသုန့်က အောက်ထပ်၌ ရောက်တောင်ရောက်နေပြီဖြစ်သည်။သူ အခန်းတံခါးဆီသွားရန်ခြေလှမ်းလှမ်းပြီးမှ နောက်ကိုပြန်လာပြီး သူပုံစံအဆင်ပြေကြောင်းသေချာရန် မှန်ထဲ၌စစ်ကြည့်လိုက်သည်။ပြီးတော့မှသာအောက်ကိုဆင်းပြီး တံခါးသွားခေါက်လိုက်သည်။


ကျန်းသုန့် တံခါးဖွင့်ပေးလိုက်ပြီး ရွှီလော့ယန် အခန်းထဲ၀င်လို့ရအောင် ဘေးကိုကပ်ပေးလိုက်သည်။ကြည့်မရသည့်ည့်ပုံစံဖြင့်သူ့ကို ခေါင်းစခြေအဆုံးအပေါ်အောက်တချက်ကြည့်လိုက်ပြီး "မင်း နားရွက်ကဘာဖြစ်လာတာလဲ "


ဒီလိုမျိုးအသေးစိတ်လိုက်ပြီးတောင်မှ သူမြင်နိုင်တယ်၊


ကျန်းကော အသက်မွေး၀မ်းကြောင်းအလုပ်ကို စုံထောက်အနေနဲ့ပြောင်းဖို့ မစဉ်းစားတော့ဘူးလားဟင်၊ရွှီလော့ယန် နားရွက်ကို ဘာလိုလိုညာလိုလိုနဲ့ အုပ်လိုက်ရင်း အပြစ်ရှိသလိုခံစားလိုက်ရသည်။


"ဘာမှမဖြစ်ပါဘူး "


စောနက မှန်ထဲမှာကြည့်လာတုန်းက သူ့နားရွက်တွေဘာမှဖြစ်မနေပါဘူး၊ဒါပေမယ့် ချီချန်အန်းကိုက်ထားသည့်အရာက သေချာပေါက် ကျန်ခဲ့လောက်မည်။


ရွှီလော့ယန် အမြှီးတတ်နင်းခံလိုက်ရသည့်ကြောင်တစ်ကောင်လိုမျိုးဖြစ်နေတော့ ကျန်းသုန့် ဘာဆက်ပြောရမလဲတောင်မသိတော့ ။


"ဒါဆိုရင်လည်း ငါကပဲမမြင်ချင်ယောင်ဆောင်လိုက်ပါမယ် "


သူလက်ထဲ၌tabletကိုကိုင်ထားရင်း "မင်း နောက်ထပ်လှုပ်လှုပ်ရှားရှားဖြစ်အောင် ဖန်တီးလိုက်ပြန်ပြီ၊Stuဘက်ကနေတရား၀င်သတင်းထုတ်ပြန်လာတာနဲ့ မဂ္ဂဇင်းတော်တော်များများက မင်းကို သူတို့ရဲ့မျက်နှာဖုံးစာမျက်နှာအတွက် ကြိုတင်စာရင်းပေးထားမယ်လို့ ပြောလာကြတယ် "


ရွှီလော့ယန် ခေါင်းညိတ်ပြလိုက်ပြီး သူ့အမှုအရာကတည်ငြိမ်လျက်ရှိသည်။


"ကျန်းကော မင်းသူတို့ကိုကြည့်ပြီးသွားပြီဆိုတော့ ဘယ်ဟာအဆင်ပြေမယ်ထင်လဲ"


ကျန်းသုန့် ခေါင်းတညိတ်ညိတ်ဖြင့် နောက်ဆုံး သူ့မျက်နှာပေါ်တွင်အပြုံးတစ်ခုပေါ်လာသည်။


ဆိုဖာပေါ်၌သက်ဝောာင့်သက်သာထိုင်လိုက်ရင်း "ငါလေယာဉ်ပေါ်မှာတုန်းကစိတ်ပူနေသေးတယ် မင်းStuနဲ့လက်မှတ်ထိုးရလို့ လွှင့်ထွက်သွားပြီလားလို့ "ဟုကျန်းသုန့်ကပြောလိုက်သည်။ 


ရွှီလော့ယန်ကို သူချီးကျူးလို့တာကြောင့် ချက်ချင်းရပ်လိုက်ကာ ခုနကမေးလာသည့်မေးခွန်းကိုသာပြန်ဖြေလိုက်သည်။ 


 "ငါအားလုံးကိုကြည့်ပြီးသွားပြီ၊ ' Color of Elegance'ရဲ့အစီအစဉ်က အတော်ကောင်းတယ် "


"ဘယ်လိုအစီအစဉ်လဲ "ရွှီလော့ယန် သိချင်သွားရပြီ အသီးအချို့ကိုကောက်ယူပြီးစားလိုက်ကာ သူဗိုက်ဆာလာရသည်။


" 'Color of Elegance'ရဲ့themeက နွေဦးပုံစံ ကိုမှ မေလလယ်မှာထွက်မယ့် special editionအတွက် မင်းနဲ့ချီချန်အန်းကို အတူဓာတ်ပုံရိုက်ဖို့ဖိတ်ထားတယ် "


'Color of Elegance'ကCနိုင်ငံရှိ အထင်ကရ မဂ္ဂဇင်း၅ခုအနက်မှတစ်ခုအပါ၀ငါဖြစ်လေသည်။တစ်လကိုတစ်ကြိမ်သာထုတ်ဝေပြီး သူတို့ရဲ့မျက်နှာဖုံးကိုရိုက်ချင်သူအများအပြားရှိသည်။တခြားမဂ္ဂဇင်းများနှင့်မတူတာက ဓာတ်ပုံဆရာများကို သူတို့ရဲ့အဖွဲ့ကိုရွေးခွင့်မပြုထား ၊'Color of Elegance'ကကြိုတင်စီစဉ်ထားသည့်အချိန်ဇယားအရသာ ဘယ်လိုပုံမျိုးတွေရိုက်ပြီး ဘယ်သူနဲ့တွဲရိုက်ရမလဲဆိုတာကို သူတို့သာခြယ်လှယ်လေသည်။


"မျက်နှာဖုံး "


ကျန်းသုန့်ကခေါင်းညိတ်ပြလိုက်ပြီး "အင်း မျက်နှာဖုံး"


ရွှီလော့ယန် ပန်းသီအားကိုက်လိုက်ပြီး နည်းနည်း တွန့်ဆုတ်နေလေသည်။


 "ကျန်းကော ကောကိုဘယ်လိုထင်လဲ "


"ငါပြန်မဖြေခင် မေးပါရစေ၊ချီချန်အန်းနဲ့မင်းရဲ့ဆက်ဆံရေးက ရေရှည်သွားမှာလား "


ဒီမေးခွန်းကိုတော့ ရွှီလော့ယန် တွန့်ဆုတ်မနေဘဲဖြေလာလေသည်။ 


"သေချာပေါက် ရေရှည်ပေါ့ "


ရွှီလော့ယန်က သူ့အဖေတိုင်းပင် ဆုံးဖြတ်ချက်ချပြီးပါက အခက်အခဲဘယ်လောက်ပဲရှရှိ နောက်သို့ပြန်မလှည့်တတ်ပေ။


ကျန်းသုန့်မပြောခင် ခဏလောက်စဉ်းစားလိုက်ပြီးမှ "ရေရှည်ဆိုရင် မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုတသက်လုံး လျိုဝှက်ထားလို့မှမရတာ၊နောက်ဆုံး လူသိရှင်ကြားချပြရမှာပဲလေ၊ငါတို့ရဲ့အရင်အစီီအစဉ်တိုင်းဆို အခုလောလောဆယ် ငါတို့ဖုံးထားပေးနိုင်သေးတယ်၊ဒါပေမယ့် မင်းတို့နှစ်ယောက်ကြား ဖြူစင်မနေဘူးဆိုတာ တခြားလူတွေဖြည်းဖြည်းချင်းလက်ခံလာဖို့လိုတယ်၊ ဒါဆိုရင် လူသိရှင်ကြားထုတ်ပြတဲ့အခါပိုလွယ်သွားလိမ့်မယ် "


ရွှီလော့ယန် ခေါင်းညိတ်ပြလာတာကိုမြင်ပြီး သူက"လေယာဉ်ပေါ်မတတ်ခင် 'Color of Elegance'ဆီကနေ messageရပြီးတော့ လျန်ချိုးကနေ ငါကိုဆက်သွယ်လာတယ် ချီချန်အန်းဘက်ကနေ လက်ခံတယ်လို့ပြောလာတယ် "


"ချန်အန်းကဘာလို့ မဂ္ဂဇင်းဓာတ်ပုံတွေလည်းမရိုက်၊ အင်တာဗျူးတွေလည်းလက်မခံတာလဲ" ဆိုပြီး ရွှီလော့ယန်ပါးစပ်က‌နေလွှတ်ခနဲ့ပြောမိသွားသည်။


ထို့ကြောင့် အစတုန်းက သူတွန့်ဆုတ်နေရခြင်းအကြောင်းဖြစ်သည်။


ကျန်းသုန့်တစ်ချက်ရီလိုက်ကာ "ရည်းစားရပြီး မင်းဉာဏ်ရည်ကအတော်လေးနောက်ရောက်သွားပြီးလား၊မင်းကတော့အလုပ်ကြိုးစားစရာလိုပေမယ့် ချီချန်အန်းကမလိုဘူးဟ "


ရွှီလော့ယန်၏မျက်နှာက တစ်ဖန်ပြန်ပြီးရှုံ့မဲ့သွားရတာကိုမြင်ပြီး ကျန်းသုန့်က screenကို အကြိမ်အနည်းငယ်လောက်ပွတ်ဆွဲလိုက်ကာ "ဒုတိယတစ်ခုက ငါမင်းကိုရသစုံရှိုးပွဲတွေသွားခိုင်းမယ်လို့ ပြောဖူးတယ်မလား၊အဆင်ပြေသွားပြီ၊Rainbow TVရဲ့"Top Secret Action"ရဲ့ဇာတ်ညွှန်းသိပ်မပါလှဘူး၊ကိုယ်ပိုင်အရည်အချင်းကိုအများကြီးပြလို့ရမယ်၊မင်းပုံစံနဲ့ဆိုအတော်ပဲ "


ရွှီလော့ယန်က ကျန်းသုန့်ရဲ့ဆုံးဖြတ်ချက်ကိုအမြဲယုံကြည်ထားတာကြောင့် "ကျွန်တော်သတိထားရမယ့်ဟာတွေဘာတွေရှိလား "


"တစ်ခုတော့ရှိတယ်၊ စုန့်ယောင်ကိုမှတ်မိလား၊ ပြီးခဲ့တဲ့အခေါက်က ကျန်းစုန့်ဆုပေးပွဲမှာမင်းကဒုတိယ သူကအကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုရသွားတယ်လေ၊အဲ့အချိန်တုန်းက သူ့အဖွဲ့က ဆွဲချတဲ့နေရာနဲ့တက်နင်းတဲ့နေရာမှာကျွမ်းတယ်"


!သူလည်းပါတာလား "


"ပါတယ် လက်မှတ်တောင်ထိုးပြီးသွားပြီ"


ကျန်းသုန်ကနေပြီး "မင်း သူနဲ့ထိပ်တိုက်စကားများတာတွေဘာတွေမဖြစ်ချင်ရင် ငါ့မှာနောက်ထပ်ရသစုံရှိုးတစ်ခုရှိသေးတယ် "


ရွှီလော့ယန် အေးဆေးလေး ပြုံးလိုက်ပြီး "မလိုပါဘူး၊ဒီတစ်ခုပဲသွားလိုက်မယ်၊ပုံမှန်အတိုင်းပဲ ပြိုင်ကြတာပေါ့"


အချိန်ဇယားပြန်ညှိပြီးနောက် ရွှီလော့ယန် သူ့အခန်းကိုပြန်လာခဲ့သည်။သူ့နောက်က တံခါးအားမဝံမရဲပိတ်လိုက်ကာ တံခါးနားမှာရပ်နေပြီး အထဲကိုမ၀င်ရဲပေ။


ဘာအသံမှမကြားရတာကြောင့်ဖြစ်မည်။


ချီချန်အန်း"လော့ယန်"ဟုခေါ်သံကိုကြားလိုက်ရသည်။


သူ့အသံကိုကြားလိုက်ရတာနဲ့ကို ရွှီလော့ယန် နားရွက်တွေနည်းနည်းပူလာရပြီး သူတို့နှစ်ယောက်နမ်းနေတုန်းကခံစားချက်ကိုပြန်တွေးမိသွားကာ သူပြန်ပြီးနှလုံးခုန်တွေမြန်လာရသည်။ ချီချန်အန်းကညအိတ်၀တ်ရုံ၀တ်ထားက ကြိုးကိုလျော့တိလျော့ရဲသာစည်းထားတာကြောင့် သူခြေထောက်လုံး၀မရွေ့နိုင်တော့။


ဒီလူသားရဲဆွဲဆောင်နိုင်စွမ်းကို မခံပဲမနေနိုင်သည်မှာ ပုံမှန်သာဖြစ်လေသည်။


ချီချန်အန်း ခေါ်နေတာမြင်တော့ ရွှီလော့ယန် သူဆီလျှောက်သွားလိုက်ကာ ပေါင်ပေါ်၌ထိုင်လိုက်သည်။


လောလောလတ်လတ်ကိစ္စကိုသာအာရုံစိုက်ရန် ကြိုးစားလိုက်ပြီး "ကျန်းကောကပြောတယ် "Color of Elegance"ကငါတို့နှစ်ယောက် မျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ဖို့ ဖိတ်ခေါ်ချင်နေတယ်တဲ့ "


ချီချန်အန်းရဲ့လက်က သူ့ခါးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားကာ နှာခေါင်းက လည်ပင်းကအရေပြားကိုပွတ်သတ်နေပြီး ခပ်တိုးတိုးအသံဖြင့် "လျန်ချိုးလည်းကမ်းလှမ်းချက်ကို ရထားတယ်၊ကိုယ်သဘောတူပြီးပြီ"


"ငါလည်း သဘောတူပြီးသွားပြီ "


သူစိတ်ကိုရှာဖွေပြီးတဲ့နောက် သူအလုပ်အကြောင်းပြောလို့ပြီးသွားပြီဖြစ်သည်။


အရမ်းကိုနီးနီးကပ်ကပ်ရှိနေတာကြောင့် သူခန္ဓာကိုယ် ပြန်ပူလာရကာ ကမန်းကတန်းထရပ်လိုက်ပြီး "ရေချိုးလိုက်အုန်းမယ် "ဟုပြောကာ ခြေလှမ်းသေးသေးလေးများဖြင့် ရေချိုးခန်းထဲပြေး၀င်လိုက်သည်။


နောက်တနေ့မနက်စောစော ချီချန်အန်းကိုနည်းနည်းပိုအိပ်ခိုင်းလိုက်ပြီး ရွှီလော့ယန် နာရီ၀က်စောပြီး သေနတ်ပစ်ကွင်းကို သူတယောက်တည်းရောက်လာလေသည်။Wilsonကလည်းအစောကြီးရောက်နေပြီး ရိုက်ကွင်းဒီဇိုင်နာအား သူလိုချင်တဲ့ပုံကိုပြောပြနေသည်။ဒါကြောင့် သူ့ကိုနှုတ်ဆက်လို့ပြီးသွားတော့၊သူproductအပေါ်ထိုးထွင်းသိမြင်နိုင်စွမ်းအကြောင်းအား နာရီ၀က်ကြာအောင်စကားပြောလိုက်ရသည်။


သို့သော် သူတံခါးကိုတွန်းဖွင့်ပြီး ကိုယ်ပိုင်အနားယူခန်းထဲရောက်တော့ စားပွဲပေါ်မှာ နူးညံတဲ့စတော်ဘယ်ရီကိတ်ကိုတွေ့လိုက်ရသည်။ရွှီလော့ယန် အံဩသွားရသည်။


မနေ့ညကသူရဲ့လျှို၀ှက်ဝေးပေါ်အကောင့်မှာ ဒီအတိုင်း ဒီနေ့ စတော်ဘယ်ရီကိတ်မုန့်စားရရင်ကောင်းမယ်လို့တင်ခဲ့တာလေ၊အခုတကယ်ဖြစ်လာတယ်။


‌ဒါကိုစဉ်းစားလိုက်ပြီး ရွှီလော့ယန် ဖုန်းကိုထုတ်ပြီး ရွှီလော့ယန် ရွှီနျောင်နျောင်little emotionsအကောင့်မှာ:ကျေးဇူးတင်ပါတယ်၊မနက်ဖြန်မနက်တော့ ချောကလက်ကိတ်နဲ့Darjeelingလက်ဖက်ရည်သောက်ရရင်ကောင်းမယ်


သူဖြစ်ချင်တဲ့ဆန္ဒကိုအကောင့်ပေါ်တင်လိုက်ပြီး ရွှီလော့ယန် တစ်နေ့ကုန် ဂနာမငြိမ်ဖြစ်ကာ စိတ်ထဲ၌ ဖြစ်လာမလား မလာဘူးလားဆိုတာကိုစိုးရိမ်နေခဲ့သည်။တစ်ညတာကုန်လွန်ပြီးတဲ့နောက် မနက်စောစောရွှီလော့ယန် ရိုက်ကွင်းသို့အစောကြီးရောက်လာပြန်သည်။အနားယူအခန်းရဲ့တံခါးလက်ကိုင်ကိုကိုင်ထားရင်း သူ့နှလုံးခုန်မြန်လာရသည်။


အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး တံခါးကိုဖွင့်လိုက်ကာ အထဲကိုကြည့်လိုက်တော့ စားပွဲပေါ်မှာ ချောကလက်ကိတ်နဲ့Darjeelingလက်ဖက်ရည်ပူပုတစ်ခွက်ရှိနေလေသည်။ သေစမ်း တကယ်ကြီး သူဆုတောင်းထပ်ပြည့်သွားပြန်ပြီ။


ထိုအချိန်၌ ၀န်ထမ်းတွေမရောက်သေးတာကြောင့် အခန်းတံခါးကိုပိတ်လိုက်ပြီး ရွှီလော့ယန် သစ်သားစားပွဲနားကိုသွားရပ်လိုက်သည်။ဇွန်းကို လက်ဖက်ရည်ခွက်ရဲ့ ဘယ်ဘက်မှာသေချာလေးချထားတာ သတိထားမိလိုက်သည်။ချောကလက်ကိတ်ကနေ ချိုအီပြီးမွှေးတဲ့အနံလေးထွက်နေသည်။


နာရီ၀က်လောက်ကြာတော့ သူအကောင့်ပေါ်ထပ်တင်လိုက်ပြန်သည်။


ရွှီနျောင်နျောင် little emotions:ငါအသားညှပ်ပေါင်မုန့်၊စတော်ဘယ်ရီမုန်နဲ့ နေ့ခင်းလက်ဖက်ရည်ချိန်အတွက် Earl Greyလက်ဖက်ရည်သောက်ချင်တယ်။


နေ့လည် ၄နာရီမထိုးခင်၅မိနစ်အလို Wilsonကနေ နေ့လည်နေခင်း လက်ဖက်ရည်သောက်လိုရပြီဟု အချက်ပြလိုက်တာကြောင့် လူတိုင်း နာရီ၀က်ခန့် အနားယူကြလေသည်။


Wilsonကိုခေါင်းညိတ်ပြလိုက်ကာ ရွှီလော့ယန် အနားယူခန်းဆီသို့အပြေးလေးသွားလိုက်သည်။ပုံမှန်ရှိနေကျနေရာလေးမှာပဲ သူသောက်ချင်တဲ့ နေလည်ခင်းလက်ဖက်ရည်အားအဆင့်သင့်ပြင်ထားပြီးပြီဖြစ်ကာ ၀က်ပေါင်ခြောက်ကိုပါးပါးလေးလှီးထားပြီး ပဲငံပြာရည်နည်းနည်းဆမ်းထားသည်။စတော်ဘယ်ရီသီးတွေကိုမလှီးထားပဲ အပေါ်မှာတင်ထားကာအပေါ်ကနေ သကြားမှုန့်ဖြူးထားသည်။လက်ဖက်ရည်က ပူပူလေးရှိနေသေးကာ သောက်လို့ရတဲ့အပူချိန်၌ရှိနေသည်။ဇွန်းကတော့ လက်ဖက်ရည်ခွက်၏ဘယ်ဘက်မှာပဲချထားလေသည်။


ရွှီလော့ယန် စတော်ဘယ်ရီကိုစားလိုက်တော့ ပါးစပ်ထဲချိုချိုချဉ်ချဉ်အရသာပျံနှံသွားကာ မထိန်းနိုင်ပဲရယ်မောလိုက်မိတော့၏။


___


Translated By IQ-Team.