အပိုင်း ၇၆
Viewers 6k

🍬Chapter 76

------------


နားနေခန်းထဲကနေထွက်လာတော့ ရွှီလော့ယန်ရဲ့စိတ်အခြေအနေက ဧပြီလရဲ့ရာသီဥတုထက်တောင်မှကောင်းနေသေးသည်။ဝေးပေါ်မှာအရင်ကတွေ့ဖူးတဲ့ဟာသတစ်ခုကိုသတိရသွားပြီး အမြန် ကောင်းကင်ကြီးကိုဓာတ်ပုံရိုက်လိုက်သည်။ သူ့friend's circelပေါ်တင်လိုက်ပြီးနောက် ထိုင်စောင့်နေခဲ့သည်။


၅စက္ကန့်ကြာပြီးနောက် ပထမဆုံးlikeပေးတဲ့သူပေါ်လာလေသည်။ရွှီလော့ယန် စိတ်လှုပ်ရှားစွာဖြင့် ဘယ်သူလဲဆိုတာကိုကြည့်ဖို့ နှိပ်လိုက်သည်။ချီချန်အန်းမဟုတ်ဘဲနဲ့ ယဲ့ရှန်ရှန်ဖြစ်နေသည်။ 


ဘယ်လောက်စိတ်တိုစရာကောင်းလိုက်လဲ


သူ့ကိုယ်သူ စိတ်ရှည်ရှည်ထားဖို့နှစ်သိမ့်လိုက်ပြီး ရွှီလော့ယန်ဆက်ပြီးစောင့်နေသည်။နောက်ဆုံး ၅ယောက်မြောက်likeပေးသူအဖြစ်နဲ့ ချီချန်အန်း၏နာမည်ကိုမြင်လိုက်ရသည့်ည့်အချိန်ထိပင်၊ ကျေနပ်သွားရသည်။


screenshot ရိုက်ယူလိုက်ပြီး ချီချန်အန်းကိုပို့လိုက်၏။


 "မင်း likeပေးလိုက်တဲ့ Momentကချိုမြိန်တဲ့နေရာပဲ "


ချီချန်အန်းက အသံမက်ဆေ့ပိုလာသည်။ 


"လိမ္မာလိုက်တဲ့ကောင်လေး နျောင်နျောင် မင်းဘာလို့ဒီလောက်ချိုမြိန်နေရတယ် "


ထိုစာသားကို ထပ်ခါတလဲလဲနားထောင်းနေရတာကို ဆက်ပြီးသည်းမခံနိုင်တော့၊ချီချန်အန်း၏တိုးလျလျအသံကြောင့် ရွှီလော့ယန် ရေနစ်သွားသလိုမျိုးခံစားလိုက်ရသည်။


သူစိတ်လှုပ်ရှားနေတာကိုထိန်းချုပ်လိုက်ပြီး မေးခွန်းကို အလေးအနက်ထားပြီဖြေလိုက်သည်။


"ဇီ၀ရူထောင့်ကနေကြည့်နယ်ဆိုရင် ငါ ကြီးပြင်းလာတဲ့နေရာက နေ့နဲ့ည အပူချိန်ကွာခြားချက် တော်တော်များတယ်၊ဒါကြောင့် သကြားဓာတ်ကအတော်လေးကိုမြင့်တော့ ငါကအရမ်းချိုနေတာ "


အသံမက်ဆွေကိုပို့ပြီးတဲ့နောက် "မင်းပြန်လာရင် ငါမြည်းကြည့်မယ်လေ"ဆိုသည့်စကားလုံး8လုံးဖြည့်အမြန်ပြန်ဖြေလာသည်။


ထိုအချိန်၌ ရွှီလော့ယန် နှလုံးသားထဲခုန်ပေါက်ပြေးလွှားနေသည့် သမင်ငယ်လေးကမူးလဲသွားမှာ အသေအချာပင်၊


ဒါပေမယ့် သူတို့နှစ်ယောက်လုံး အချစ်ရေးကို အတူအစကနေသင်ယူနေကြပေမယ့် ချီချန်အန်းကဘာလို့ သူ့ထက်ပိုပြီး တိုးတတ်တာမြန်တယ်လို့ ခံစားနေရတာလဲ။


ထင်ယောင်ထင်မှား ဖြစ်နေတာ ဖြစ်ရမယ်။


ဖုန်းကို အိပ်ကပ်ထဲထည့်လိုက်ပြီး ရွှီလော့ယန် ခြေတလှမ်းလှမ်းရုံလေးရှိသေး ရုတ်တရတ် Wilsonရဲ့အသံကိုကြားလိုက်ရသည်။ 


"ရွှီ မင်း ဒီအတိုင်းလေးနေပေးလို့ရလား "


အသံလာရာကိုကြည့်လိုက်တော့ ရွှီလော့ယန် Wilsonအား စာရွက်တရွက်နဲ့ခဲတံတချောင်းကိုကိုင်ကာ ရေးလည်းရေး ဆွဲလည်းဆွဲနေသည်။သူတို့မျက်လုံးချင်းဆုံသွားချိန်၌ Wilsonက ခဲတံကိုလှည့်လိုက်တော့ ရွှီလော့ယန် ချက်ချင်းဆိုသလိုနားလည်သွားရကာ ခိုင်းသည့်အတိုင်း ငြိမ်ငြိမ်လေးနေလိုက်သည်။


Wilsonရဲ့အကြည့်ကအတော်လေးကိုစိတ်အားထက်သန်လှသော်လည်း တဖက်လူအား စိတ်အနှောက်အယှက်မဖြစ်စေပေ။တစ်ချိန်ကသူအဖေဆီမှတူညီသောအရာမျိုး ရွှီလော့ယန်ခံစားရဖူးသည်။


စိတ်အားထက်သန်မှု၊ အာရုံစူးစိုက်မှု


နေရာ၌ ၃မိနစ်ခန့်ရပ်‌ပြီးနောက် Wilsonကတောက်ပနေသည်ြမျက်လုံးများဖြင့် သူဆီ အမြန်လျှောက်လာနေသည်။ 


"မင်းက တကယ့်ကို ငါ့ဉာဏ်ကွန့်မြူးနိုင်မှုရဲ့muse ပဲ၊မင်းဘယ်လိုထင်လဲ "


ရွှီလော့ယန် အောက်ငုံပြီးကြည့်လိုက်တော့ စာရွက်ပေါ်၌ တမူထူးခြားတဲ့cut coatနဲ့ မာဖလာ ဒီဇိုင်းပုံစံအကြမ်းကိုတွေ့လိုက်ရသည်။ဘာကိုပြသချင်လည်းဆိုတာကို သူမသိပေမယ့် ကြည့်ရတော့မဆိုးပေ။


ထို့ကြောင့် သူအမှန်အတိုင်း " မဆိုးပါဘူး "ဟုသာပြောလိုက်သည်။


Wilsonက ပခုံးကိုပုတ်လာကာ "မင်းနဲ့မင်းအဖေကတူတူပဲ ၊မင်းရဲ့အမြင်အာရုံနဲ့aestheticကတိုးတတ်ဖို့လိုသေးတယ်၊ငါ မင်းကိုတစ်စုံပေးလိုက်မယ် ပွဲတတ်ရင်၀တ်လို့ရအောင် "


သူပြောလိုက်သည့်စကားကြောင့် ရွှီလော့ယန် "ကျွန်တော်အဖေကို ပြောတာလား"ဟုမေးလိုက်သည်။


"အင်း ရွှီချွင်ချင်းလေ" Wilsonက နာမည်အားပီပီသသ အသံထွက်ပြလာသည်။


နားရွက်ကြားထဲခဲတံညှပ်ရင်း "တစ်ခါ မင်းအဖေ 'The Court Ball' ဆိုတဲ့ရုပ်ရှင်ရိုက်ဖူးတယ် ဒီနိုင်ငံက မင်းမျိုးမင်းနွယ်အသိုင်းအဝိုင်းရဲ့ ဇိမ်ခံမှုနဲ့ရူးသွပ်မှုအကြောင်းရိုက်ထားတဲ့ရုပ်ရှင်ပေါ့၊အဲ့ကားထဲက၀တ်စုံတွေအားလုံးကို ဒီဇိုင်းဆွဲခဲ့တာငါလေ၊ဒါပေမယ့် အဲ့ဒါက လွန်ခဲ့တဲ့နှစ်၂၀ကပါ ငါ Rome Costume Acadmeyကနေဘွဲရပြီးခါစပဲရှိသေး "


ရွှီလော့ယန် အံဩသွားရသည်။ 


"ဒါပေမယ့် အဖေက ဒီအကြောင်းတခါမှ မပြောပြဖူးဘူး "


Wilsonကမျက်ခုံးပင့်လိုက်ကာ ပခုံးတွန့်ပြလာသည်။


"ဒါပုံမှန်ပဲ ငါတို့နှစ်ယောက်လုံး တစ်ယောက်နဲ့တစ်ယောက် မတည့်ကြဖူး၊အချင်းချင်း တဖက်လူရဲ့အလှတရားပေါ်မြင်တဲ့အမြင်က ဆိုးရွားတယ်လို့ ထင်ကြတာကိုး၊မင်းသိမှာပါ ရုပ်ရှင်နဲ့အနုပညာရဲ့လိုအပ်ချက်ကြောင့်သာမဟုတ်ရင် ငါတို့တွေအတူတွဲလုပ်ဖြစ်မှာမဟုတ်ဘူး "


ပြီးတော့သူကဆက်ပြီး "မင်းအဖေနဲ့ အလုပ်တွဲလုပ်နေရတာ လူ့ကိုအမြဲတုန်လှုပ်စေတယ်၊လောကမှာ ဒီလိုမျိုး ဆိုးရွားလှတဲ့ aestheticနဲ့လူတစ်ယောက်ရှိတာပဲလို့ "


ရွှီလော့ယန် ရယ်သာယးရယ်နေမိတော့သည်။


သူရီနေတာကိုမြင်ပြီး Wilsonကလည်းရီလိုက်ရင်း "ဒါပေမယ့် မင်းက မင်းအဖေရဲ့ ဒေါသနဲ့ထူးဆန်းတဲ့အကျင့်စရိုက်ကိုတော့ အမွေမရထားဖူးပဲ၊မင်းက အရမ်းထက်မြက်တဲ့ချစ်စရာကောင်လေး၊ငါ့ကို အကြံဉာဏ်အသစ်တွေပေးစွမ်းနိုင်တဲ့ ချစ်စရာကောင်လေး"


"ကျွန်တော့်အသက် ၂၅နှစ်ရှိပြီ " ရွှီလော့ယန် ကြိုးစားပြီး ပြင်ပေးလိုက်သေးသည်။


"မင်းတို့ရဲ့အစဥ်အလာအရ ငါ့က မင်းအဖေရဲ့လုပ်ဖော်ကိုင်ဖက်၊ဒါကြောင့် မင်းအသက်၄၀ဖြစ်သွားရင်‌ေတာင်မှ မင်းကိုချစ်စရာကောင်လေးလို့ ခေါ်လို့ရတယ်" 


Wilsonကသူ့နှုတ်ခမ်းမွှေးအား ဆွဲဆန့်လိုက်ကာ "ကဲ လက်ဖက်ရည်သောက်ချိန်ကုန်သွားပြီ၊မင်းသားလေးရေ ငါတို့ဆက်ရိုက်ရဦးမယ် "


သူ့နောက်နေ လိုက်လာရင်း ရွှီလော့ယန်၂စက္ကန့်လောက် တွန့်ဆုတ်နေပေမယ့်လည်း သူစိတ်ထဲက မေးခွန်းကိုမေးလိုက်သည်။ 


"ဘာလို့ ကျွန်တော်ကိုရွေးတာလဲဆိုတာ သိလို့ရမလား "


ဒီမေးခွန်းကိုကြားတော့ Wilsonရဲ့ပုံစံက အလေးအနက်ဖြစ်သွားရပြီး "ငါ Stuရဲ့ဒါရိုက်တာအဖြစ် တာ၀န်ယူပြီးတည်းက လူတော်တော်များက Stuရဲ့အ၀တ်အစားတွေက တွဲ၀တ်ရခက်လာတယ်လိပြောလာကြတယ်၊သေချာပေါက် သူတို့စိတ်ထဲမှာ ခံစားရတာဒီလိုမျိုးမဟုတ်ဘူး၊သူတို့ အလှတရား‌ပေါ်မမြင်တတ်ဘဲ အမြင်ကျဉ်းတာကို လူသိမခံချင်လို့လားတော့မသိဘူး "


ရွှီလော့ယန် ရယ်မောလိုက်ကာ ပါးနပ်စွာဖြင့် "ဟုတ်တယ် တွဲ၀တ်ရတာတော်တော်လေးကို ခက်လာတယ် "


"ငါလည်း အဲ့လိုပဲထင်တယ် အထူးသဖြင့် အာရှသားတွေ၊ငါလိုချင်တဲ့ပုံစံရဖို့ အတော်လေးခက်တယ်၊ဒါပေမယ့် မင်းကတော့ ချွင်းချက်ပဲ" 


Wilsonကဖုန်းကိုထုတ်ပြီး albumကို လှန်ကာ " လွန်ခဲ့တဲ့လအနည်းငယ်လောက်က ငါ ဒီပုံကိုမြင်လိုက်ရတယ် "


ရွှီလော့ယန် အနှီပုံကို ချက်ချင်းမှတ်မိလေသည်။သူ Stu ဖက်ရှင်ဘရန်းမှ ဆောင်းရာသီ ၀တ်စုံကို၀တ်ပြီး နှစ်ကူးအကြိုဖျော်ဖြေပွဲ၌ ရိုက်ကူးခဲ့သည့်ဓာတ်ပုံဖြစ်သည်။collectionထဲက ၃ခုကို ရောပြီး၀တ်ဆင်ခဲ့တာဖြစ်ပြီး ဖက်ရှင်ဘလော့ကာများမှ တွဲ၀တ်တာညံဖျင်းလိုက်တာဟုဝေဖန်ခဲ့ကြသည်။


"ဒီဟာတွေကို တွဲ၀တ်ရတာအတော်ခက်တာ၊တစ်ချက်မှားတာနဲ့ သွားပြီပဲ၊ဒါပေမယ့် မင်းကိုယ်ပေါ်ရောက်သွားရင် သဘာ၀ဆန်ပြီး လိုက်ဖက်တယ်၊အ၀တ်အစားကမင်းကို၀တ်တာမဟုတ်ဘူး မင်းကအ၀တ်အစားကို၀တ်ထားတာ အရင်ဆုံးမင်းကိုကြည့်လိုက်ရင် မင်းကကြည့်ကောင်းနေတာ အ၀တ်အစားကကြည့်ကောင်းနေတာမဟုတ်ဘူး "


Wilson သူ့အားဘာလို့ရွေးချယ်ခဲ့တာလည်းဆိုတာ နားလည်သွားသည်။


"ကောင်းပြီး ငါတို့အချိန်မလွန်ခင်ပြီးအောင်လုပ်ကြရအောင်၊မဟုတ်ရင် မနက်ဖြန် ဆက်ရိုက်နေရမယ် "ဟုWilsonပြောရင်း သူ့ဆံပင်ကို ponytailဖြစ်အောင်သားရေပင်ဖြင့်စီးလိုက်သည်။ 


"ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစမ်းပါ၊မင်းကအရမ်းတော်တယ်၊မင်းကရေလိုပျော့ပျောင်းပြီး ခိုင်ခံတယ် "


ညနေ၆နာရီတိတိ Wilsonနဲ့ဓာတ်ပုံဆရာBarnes လက်စသပ်စရာရှိတာတွေသပ်လိုက်ကာ တစ်ရက်တာကိုပြီးဆုံးစေလိုက်၏။


သို့သော် သူဟိုတယ်ရဲ့အခန်းတံခါးကိုဖွင့်လိုက်တော့ ရွှီလော့ယန်မျက်နှာကအပြုံးကပျောက်သွားရပြီးတစ်ခုခုတော့မှားနေပြီဖြစ်သည်။မှောင်နေပြီဖြစ်သော်လည်း အခန်းထဲတွင် မီးမထွန်းထားပေ ပြတင်းပေါက်ကနေလာတဲ့နီယွန်မီးကြောင့်သာမဟုတ်လျှင် သူဘာမှမြင်ရမှာမဟုတ်ချေ။


ရွှီလော့ယန် ထိတ်လန့်လာရသည်။သူကုတင်နားလျှောက်သွားလိုက်ကာ ချီချန်အန်းရဲ့လက်အား သတိထားပြီး ကိုင်ကြည့်လိုက်သည်။လက်ကအေးစက်နေပေမယ့် နှဖူးက ပူကျစ်နေသည်။


ရွှီလော့ယန် ရင်ဘန်ထဲစူးခနဲဖြစ်သွားရပြီး အလင်းရောင်စူးစူး‌ကြောင့်ချီချန်အန်းမျက်လုံးထိသွားမှာဆိုးတာကြောင့် ညအိပ်မီးလေးသာဖွင့်လိုက်သည်။


ကုတင်ပေါ်မှာလှဲနေတဲ့ချီချန်အန်းကိုကြည့်ပြီး အသံခပ်တိုးတိုးဖြင့် "ချန်အန်း ငါ့အသံကြားရလား "


သူကိုယ့်သူတည်ငြိမ်အောင်နေဖို့ကြိုးစားနေပေမယ့်လည်း နေလို့မရပေ။စိတ်ကိုမနည်းပြန်တင်းလိုက်ကာ ရွှီလော့ယန် လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူ့အဖေဆေးရုံကုတင်ပေါ်၌လှဲနေပြီးသူဘယ်လိုငိုငိုပြန်ပြီးတုန်ပြန့်မလာတဲ့ မြင်ကွင်းကို ရုတ်တရတ်ပြန်သတိရသွားရသည်။


သူ့မိဘနှစ်ပါးကို တစ်ယောက်ပြီးတစ်ယောက်ဆုံးရှုံးလိုက်ရတဲ့အကြောက်တရားကို နက်နက်နဲနဲကိုမြှပ်နှံထားပြီး တခါလောက်ပြန်ဖော်မိလိုက်တာနဲ့ သူ့ကျိုးကြောင်းဆီလျော်နိုင်စွမ်း ပြိုလဲသွားရတာကို အဲ့တော့မှပဲသူသဘောပေါက်သွားသည်။


ထိုအချိန်မှာပဲ ချီချန်အန်းရဲ့ အသက်ရှုသံကသိသိသာသာကို ပြောင်းလဲသွားပြီး မျက်လုံးဖြည်းဖြည်းချင်းပွင့်လာလေသည်။


ရွှီလော့ယန်က အားတင်းပြုံးပြလိုက်ကာ "ချန်အန်း ဘာဆေးသောက်မလဲ ငါယူပေးမယ်လေ "


ချီချန်အန်း ပြန်ဖြေဖိုစက္ကန့်အနည်းငယ်လောက်ယူလိုက်ရပြီး သူ့အသံကမူအက်ကွဲနေ၏။


"ဆေးကသောက်ပြီးပြီ"


 ပြီးနောက် သူ့ညာဖက်မျက်လုံးအားမှိတ်လိုက်ပြီး ရွှီလော့ယန်ကို ဘယ်ဖက်မျက်လုံးဖြင့်ကြည့်ရန် ခေါင်းကိုလှည့်လိုက်ကာ သူ့အကြည့်ကမူနူးညံလှသည်။


သူစိတ်အေးသွားအောင်အသာချော့မော့ပြောလိုက်သည်။


"စိတ်မပူနဲ့၊ဘာမှမဖြစ်ဘူး၊မကြာခင် သက်သာသွားလိုက်မယ် အအေးနည်းနည်းမိသွားလို့ပါ"


ငါဘာလို့စောစောပြန်မလာမိရတာလဲ 


ချီချန်အန်းကုတင်ပေါ်မှာ ကွေးကွေးလေးနေနေတဲ့ပုံကိုမြင်ယောင်ကြည့်ပြီး ရွှီလော့ယန် ရင်ဘတ်ထဲကပိုပြီးနာလာရသည်။


ကုတင်ဘေးကကော်ဇော်ပေါ်မှာဒူးတစ်ချောင်းထောက်ထိုင်လိုက်ကာ သူ့မျက်နှာအား ချီချန်အန်းရဲ့အေးစက်နေတဲ့လက်ဖဝါးထဲ မြှပ်နှံထားလိုက်သည်။


စိတ်ထဲ မကျေမနပ်သူ့ကိုယ်သူ အပြစ်တင်ခြင်းကပိုပိုတိုးလာတော့၏။


ရွှီလော့ယန် အသံမသဲမကွဲဖြစ်နေကာ "ချန်အန်း မင်းနေမကောင်းမဖြစ်တာကြာလှပြီ "


ပြီးခဲ့တဲ့ရက်ပိုင်းက သူဆုတောင်းတွေကိုဖြည့်ဆည်းပေးလိုက်လို့များလား၊ဖြည့်ဆည်းပေးဖို့အတွက် သူ့အစွမ်းတွေအများကြီးသုံးလိုက်မိလို့များလား


အတော်လေးစိတ်မကောင်းဖြစ်သွားကာ ရွှီလော့ယန် အသံတိုးသွားရပြီး "ငါတောင်းပန်ပါတယ် "


ရွှီလော့ယန်လက်ကိုချီချန်အန်းကိုင်ထားတာတင်းကြပ်သွားရပြီး သူ့စိတ်ဓာတ်ကျနေတဲ့ပုံ မကြည့်ရက်တာကြောင့်မေးလိုက်သည်။


 "ဘာလို့တောင်းပန်နေရတာလဲ "


ရွှီလော့ယန် ပိုပြီးတော့ စိတ်မကောင်းဖြစ်သွားရကာ "ငါ့ကို မလိမ်နဲ့၊ငါ ဖြစ်ချင်တာတွေကိုဆက်တိုက်ဆုတောင်းနေလို့မလား "


အဖြေကိုကြားတော့ အံဩသွားရကာ ရွှီလော့ယန် ဘာတွေးနေလဲဆိုတာကို ရုတ်ချည်းဆိုသလို သဘောပေါက်သွားရပြီး ဘာ‌ပြောရမှန်းမသိဖြစ်သွားရသည်။


အရင်က သူဒီအကြောင်းကိုဘယ်လိုပြောရမလဲဆိုတာကိုမသိခဲ့ပေမယ့် အခုတော့ ရွှီလော့ယန် သူ့ကိုယ်သူအပြစ်တင်နေတာမျိုးကို ချီချန်အန်းမလိုချင်ပေ။ဒါကြောင့် အရင်ဆုံး သူအမြဲပြောချင်နေခဲ့ပေမယ့် မပြောရဲတဲ့စကားကို ပြောလိုက်သည်။ 


"နျောင်နျောင် ကိုယ်ကနတ်ဆိုးမဟုတ်ရပါဘူး "


"ငါ နားလည်တယ် "ရွှီလော့ယန် မဆိုင်းမတွခေါင်းညိတ်လိုက်ကာ သူ့အသံကမူသနားစရာကောင်းနေဆဲပင်။


 "မင်း ဘာလဲဆိုတာ လျှိုဝှက်ထားပေးရမှာ ငါ့နားလည်တယ် "


"....."


"ငြင်းမယ်မကြံနဲ့၊နားနေခန်းထဲ ရုတ်တရတ်ကြီးပေါ်လာပြီး မနက်စာနဲ့နေ့ခင်းလက်ဖက်ရည်ယူလာပေးတာမင်းမဟုတ်ဘူးလား "


ရွှီလော့ယန် ကဆက်ပြီး "စတော်ဘယ်ရီကိတ်ကိုမြင်တော့ မင်းလို့ထင်ပေမယ့် ငါမစားရဲဘူး၊ငါ့ဘာသာအတွေးလွန်နေတာလို့ထင်လို့ကော တခြားတယောက်ယောက်လာထားသွားတာပြီး မုန့်ထဲမှာမကောင်းတာထည့်ထားမှာစိုးလို့ကော၊ဒါပေမယ့် နောက်တနေ့ ဇွန်းကိုခွက်ဘေးမှာ 60°စောင်းပြီးထားထားဝာာကိုမြင်တော့ မင်းပဲဆိုတာကို ငါသိလိုက်တယ်"


ဒါက ချီချန်အန်းသာသိတဲ့ သူ့အကျင့်လေးတစ်ခုဖြစ်သည်။


"နောက်ပြီးတော့ နေ့လည်ခင်းအစာပြေအတွက် ၀က်ပေါင်ခြောက်ကို ပါးပါးလေးလှီးပြီး sauceနည်းနည်းနဲ့ စတော်ဘယ်ရီသီးကိုလည်း မလှီးဘဲနဲ့ သကြားမှုန့်နည်းနည်းလေးပဲဖြူးထားတာကော အားလုံးကငါ့အကျင့်တွေလေ၊မင်းအားလုံးကိုသေသေချာချာကိုမှတ်မိသေးတယ် "သူစကားပိုပြောလေလေ အပြစ်ရှိသလိုပိုပြီးခံစားရလေလေဖြစ်သည်။ 


ချီချန်အန်းကို သနားစဖွယ်ကောင်းလှသည့်မျင်လုံးများဖြင့် ကြည့်လာသည်။


သူ့ကိုဒီလိုပုံစံမျိုးနဲ့ကြည့်လာတော့ ချီချန်အန်း ရင်နာလာရသည်။ 


ချီချန်အန်းက အသံတိုးတိုးဖြင့် "နျောင်နျောင်"ဟုခေါ်လိုက်သည်။


"အင်း"


"ကိုယ်အေးနေလို့ အနားလာပြီးအဖော်ပြုပေးပါဦး "


ရွှီလော့ယန်က အမြန်အ၀တ်အစားတွေကိုချွတ်လိုက်ပြီး ည၀တ်အင်္ကျီကိုလဲလိုက်ကာ ကုတင်ပေါ်တတ်လိုက်သည်။


ချီချန်အန်းကို တင်းတင်းကြပ်ဖက်ထားလိုက်ကာ ၀မ်းနည်းနေသေးသည့်အသံလေးဖြင့် "အခု မင်းနွေးလာရဲ့လား "


"အင်း" ရင်းနှီးကျွမ်း၀င်လှသည့်ခန္ဓာကိုယ်အပူရှိန်ကြောင့် ညာဘက်မျက်လုံးမမြင်ရတာကြောင့် ဖြစ်လာသည့် မသက်မသာခံစားချက် ပျောက်သွားရသည်။


ရွှီလော့ယန် ဆံပင်တွေကိုနမ်းလိုက်ရင်း "ဒီနေကော ပင်ပန်းသေးလား "


"သိပ်တော့ မပင်ပန်းဘူး၊ဒါ‌ပေမယ့်ဒီမနက် ကျန်းကောစိတ်တိုနေပြန်ပြီ "


"ဘာဖြစ်လို့လဲ "


ရွှီလော့ယန် နည်းနည်းတော့ရှက်သွားရသည်။ 


"ဟိုနေ့က ငါတို့နှစ်ယောက် undergroundအဖွဲ့ရဲ့ဖျော်ဖြေပွဲကိုအတူသွားကြည့်တော့ မင်းစင်ပေါ်မှာသီချင်းတတ်ဆိုတော့ ပတ်၀န်းကျင်ကလူတွေက လေဝိုင်းချွန်ကြတယ်လေ၊ အဲ့ဒါနဲ့ ငါ့စိတ်ထဲမပျော်မရွှင်ဖြစ်သွားတာနဲ့ အရင်တုန်းက တင်ခဲ့တဲ့ပိုစ့်ကိုဖျက်လိုက်တယ်လေ "


သူကစကားကိုအမြန်ပြောလာလေသည်။ 


"ငါသေချာပေါက် မနာလိုမဖြစ်ဘူးဆိုပြီး တင်ထားတဲ့ပိုစ့်"


ချီချန်အန်းအသံက ရယ်သံစွတ်နေလျက် "အဲ့ဒါနဲ့ပြီးတော့ ဘာဆက်ဖြစ်လဲ မင်းရဲ့ဖန်တွေရှာတွေ့သွားလို့လား "


"ဟုတ်တယ် သူတို့အားလုံး ဘာလို့ဒီလောက်တော်နေရတာလဲ၊'ရွှီလော့ယန် ပိုစ့်ဖျက်'ဆိုတဲ့ခေါင်းစဉ်နဲ့ ပျံသွားသေးတယ်၊ဒါပေမယ့် အဓိကအချက်က သူတို့တွေဇာတ်၀င်ခန်းမျိုးစုံနဲ့ ကာတွန်းပုံတွေအများကြီးဆွဲထားတာ ကာလာနဲ့ကော ရုပ်ပြကော ဒါပေမယ့်..."


စကားလမ်းကြောင်းလွှဲသွားတာကို ရွှီလော့ယန်သတိထားမိတာနဲ့ ချက်ချင်းဆိုသလို ပြန်ပြောင်းလိုက်သည်။ 


"ဘာပဲဖြစ်ဖြစ်ထားပါတော့ ကျန်းကောက ငါ့ကို နောက်ထပ်ပိုစ့်၂ခုလောက်ဘာလို့ထပ်မဖျက်လဲတဲ့၊အဲ့အချိန်တုန်းက မတွေးမိလိုက်ဘူး၊ကြာလည်းကြာနေပြီဆိုတော့ "


သူစကားပြောရင်း လှမ်းပြီးချီချန်အန်း နဖူးကိုစမ်းကြည့်လိုက်သည်။


"ငါအပူကျအောင် တဘတ်ကိုရေညှစ်ပြီး သွားယူလိုက်မယ်၊မင်းအ‌ဖျားရှိသေးတယ် "


ရွှီလော့ယန်ကို တင်းတင်းဖက်ထားလိုက်ရင်း ချီချန်အန်းက "မင်းကိုဖက်ထားရရုံနဲ့ လုံလောက်တယ်" ပြုံးပြီးဆိုလာလေသည်။


သူ့ခန္ဓာကိုယ်အကြောင်းကို သူကိုယ်တိုင်ပြုစုထားတာသိပ်မကြာသေးတာကြောင့် သိလေသည်။သူ ဖျားနာတဲ့အကြိမ်အရေအတွက်နည်းလာပြီး အရင်တုန်းကလို အအေးမိလျှင် မပြင်းထန်တော့ပေ၊ဆေးသောက်လိုက်ရုံဖြင့်ပင် သက်သာသွားတတ်သည်။


ရွှီလော့ယန် ထိုကိစ္စကြောင့် မပျော်ရသေးခင်မှာပဲ။


"ပြီးတော့ မင်း ချိုရဲ့လားလို့ မမြည်းရသေးဘူး"ဟု ချီချန်အန်းပြောသံကိုကြားလိုက်ရသည်။


"မင်းပြန်လာရင် ငါမြည်းကြည့်ဦးမယ်ဆိုတဲ့" 


နေခင်းကပို့လိုက်တဲ့အသံမက်ဆေ့ကိုသတိရသွားပြီး ရွှီလော့ယန်က ချက်ချင်းဆိုသလို နားရွက်တွေနီရဲလာရပြီး အသက်ရှုသံမြန်လာရသည်။


သူက စကားထစ်ထစ်ဖြင့် "ဘယ်နေရာကို.....မြည်းကြည့်ချင်တာလဲ"ဟုပြန်မေးလိုက်သည်။


နောက်တနေ့ နေ့လည်ခင်း၌ ကျန်းသုန့် ရွှီလော့ယန်ကိုတွေ့တော့ မျက်နှာကမည်းခနဲဖြစ်သွားရသည်။သူကလုတိကို နားကြပ်တစ်ခုသွားယူစေကာ ရွှီလော့ယန် လည်ပင်း၌ချိတ်ပေးလိုက်သည်။


"မင်း လေယာဉ်ပေါ်ကဆင်းတာနဲ့ သေချာပေါက် ဖန်တွေကော မီဒီယာတွေကောရှိနေမှာ၊သေးသေးလေးပဲဖြစ်ဖြစ် ဖုံးထားသင့်ရင်ဖုံးထားရမှာပဲ "


စကားပြောနေရင်း ကျန်းသုန့် သည်းမခံနိုင်တော့ဘဲ မျက်လုံးကိုမှိတ်လိုက်ကာ အသံတိုးတိုးဖြင့် "မနေ့ညက မင်းတို့နှစ်ယောက် ဘယ်လောက်တောင် အရူးထထားတာလဲ၊ လည်ပင်းပေါ်မှာ နမ်းထားတဲ့အရာတွေချည်းပဲ "


သူလက်သီးဆုတ်ပြီး ပါးစပ်ကိုအုပ်ကာ ရွှီလော့ယန်ကအသံတိုးတိုးဖြင့် "ကျန်းကော ကျွန်တော်တို့နှစ်ယောက် အခုထိရိုးရိုးသားသားပဲရှိတုန်းဆိုရင် ယုံမလား "


"မင်း ငါ့ကိုလာနောက်နေတာလား "


"......."


မနောက်ရပါဘူးဟု 


ရွှီလော့ယန် သူ့ဘာသူတွေးမိရ၏။


မနေ့ညက ချီချန်အန်း သူ့တစ်ကိုယ်လုံးအနှံခြေထောက်တောင်မှပါသေး လိုက်ပြီးနမ်းခဲ့ပေမယ့် စည်းမကျော်ခဲ့ပေ၊ဒီအတိုင်း နမ်းရုံလေးသာဖြစ်သည်။


နောက်ပိုင်း၌ ရွှီလော့ယန် ကြောင်တောင်ကြောင်သွားရသည်။သူကတကယ်ကြီး ချိုတာလားဟုပင်တွေးမိရသည်။သူ့ဘာသာစစ်ကြည့်ဖို့ လက်ကောက်၀တ်ကို လျှာဖြင့်လျက်ကြည့်လိုက်ပေမယ့် ချိုမနေ၊သို့ပေမယ့် ချီချန်အန်းက သူ့လက်ကောက်၀တ်ကို ကိုင်ထားပြီး တတိတိနမ်းရှုံနေတော့သည်။


10နာရီခန့် ပျံသန်းပြီးနောက် လေယာဉ်က Bမြို့ရှိနိုင်ငံတကာလေဆိပ်သို့ ဆိုက်ရောက်လာသည်။ချီချန်အန်းရဲ့ကျန်းမာရေးကို စိတ်ပူတာကြောင့် ရွှီလော့ယန်က သူ့ကိုလာကြိုတဲ့မီဒီယာနဲ့ပရိသတ်တွေကို သွားရောက်တွေ့ဆုံခဲ့သည်။


ယခုတခေါက် Stuတံဆိပ်ရဲ့နောက်ဆုံးပေါ်အ၀တ်အစားကို၀တ်ထားပြီး မေးလာနိုင်သည့်မေးခွန်းများကိုကြိုတင်လေ့ကျင့်ထားပြီးသားဖြစ်သည်။ဥပမာပေးရရင် Stuအမှတ်တံဆိပ်ရဲ့ Globalပြောရေးဆိုရေးရှိခွင့်သူအဖြစ်ခန့်အပ်ခြင်းခံရသည့်အတွက် ဘယ်လိုခံစားရလဲမေးရင် အမှတ်တံဆိပ်ရဲ့ထောက်ခံအားပေးမှုနှင့်အသိမှတ်ပြုမှုအတွက် ပရိသတ်တွေကိုကျေးဇူးတင်ကြောင်း ပြောရလိမ့်မည်။


သို့သော် ကိစ္စတွေက သူစိတ်ကူးယဉ်ထားသည့်အတိုင်းမဟုတ်ပေ။ 


"လော့ယန် မင်း ငါတို့ကိုပြောပြပေးလို့ရမလား၊ချီလူကြီးမင်းအတွက် ဘရန်းကနေ တန်ဖိုးကြီးပစ္စည်း၃ခု၀ယ်လို့ နှစ်သန်းလောက်ကုန်သွားတယ်ဆို အင်တာနက်သုံးစွဲတဲ့သူတွေက ဒါက တရား၀င်သကြားလုံးဝေနေတာလို့ပြောကြတယ် မင်းဘယ်လိုထင်လဲ "


ရွှီလော့ယန် သူလေယာဉ်ပေါ်ကဆင်းလာတဲ့လမ်းကမှားများမှားနေသလားဟုတွေးလိုက်မိတော့၏။


__


Translated By IQ-Team.