အပိုင်း ၇၇
Viewers 6k

🍬Chapter 77

------------


မေးလာတဲ့မေးခွန်းက သူကြိုတင်ပြီးပြင်ဆင်လာတဲ့အထဲမပါပေမယ့် ရွှီလော့ယန် ကိုယ့်ကိုကိုယ်ယုံကြည်ချက်အပြည်နဲ့ စကားလုံးတွေကို သေချာလေးရွေးချယ်ပြီး ပြန်လည်ဖြေကြားလိုက်သည်။


" Stuမှာ ကမ္ဘာတစ်ဝှမ်းက ထိပ်တန်းဒီဇိုင်နာတွေစုနေပြီး အထည်တစ်ထည်ချင်းဆီကလည်း မရေမတွက်နိုင်တဲ့ ကြိုးစားအားထုတ်မှုကို ကိုယ်စားပြုပါတယ်၊အထူးသဖြင့် Haute couture တွေကိုဖန်တီးတဲ့ လုပ်ငန်းစဉ်တွေကို သေချာနားလည်သွားတော့၊ဒါတွေကအ၀တ်စားသက်သက်မဟုတ်တော့ဘဲ အနုပညာတစ်ခုလို့ ကျွန်တော်နားလည်သွားတယ်၊ဒါကြောင့် သုံးထည်ကို ချန်အန်းကိုလက်ဆောင်ပေးဖို့အတွက်၀ယ်ခဲ့တာပါ"


ဒီလိုမျိုး ဖြေကြားပြီးနောက် သူအရှေ့ကသတင်းထောက်ကိုပြုံးပြလိုက်ပြီး စိတ်ထဲ၌ "မေးပါဦးဆက်ပြီးမေးပါဦး ဘာဖြစ်ဖြစ် Stuရဲ့ပြောရေးဆိုခွင့်ရှိသူအနေနဲ့ Brandကို မြှောက်ပင့်ပြောရမှာ ငါ့တာ၀န်ပဲ၊ပြီးတော့ ငါလေယာဉ်ပေါ်မှာ စာမျက်နှာပေါင်းများစွာဖတ်လာခဲ့တာကွ လုံး၀မကြောက်ဘူး "


ရလဒ်ကတော့ ဘယ်လိုမေးခွန်းကိုပဲသူတို့မေးမေး ရွှီလော့ယန်က စကားလမ်းကြောင်းကိုStuဆီသို့သာ ချောမွေ့စွာ ဆွဲခေါ်သွားနိုင်ပြီး ၃၆၀ဒီဂရီအထိမြှောက်ပင့်ပြောဆိုနေတာကြောင့် သူ့ဘေးမှာရပ်နေတဲ့လုတိတောင်မှ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။


တဖြည်းဖြည်းနဲ့ သတင်းထောက်တွေသိလာရတာ ဘယ်လိုပဲပြစ်ချက်ရှာရှာ မတွေ့တာကြောင့် လက်လျှော့လိုက်ရသည်။


သို့သော် ရွှီလော့ယန် ကားထဲကို၀င်လိုက်တာနဲ့ သူပုံစံကပြောင်းသွားရသည်။


 ချီချန်အန်း ရင်ခွင်ထဲကိုပစ်၀င်လိုက်ကာ "ချန်အန်း ငါအနိုင်ကျင့်ခံနေရတယ် "


ရယ်မောရင်း ချီးာချန်အန်း သူကျောပြင်ကို ဖွဖွလေးပွတ်သပ်ပေးလိုက်ကာ "ငါတို့ရဲ့နျောင်နျောင်ကို ဘယ်သူအနိုင်ကျင့်တာလဲ "


"အဲ့ဒါကအရေးမကြီးဘူး အရေးကြီးတာက မင်း ငါ့ကိုဘယ်လိုချော့မလဲ "


"အန်း မင်းကို ဘယ်လိုမျိုးချော့ရပါမလဲ "ချီချန်အန်းက အကြံဉာဏ်တောင်းခံလိုက်သည်။


"လွယ်ပါတယ် "


ရွှီလော့ယန်က တည့်တည့်မတ်မတ်ထိုင်လိုက်ကာ စိတ်လှုပ်ရှားနေပြီး "မင်းဟိုတယ်မှာမနေဘဲ ငါနဲ့နေပါလား၊မနက်တိုင်းမင်းကိုမနက်စာလုပ်ပေးပြီး ညတိုင်းမင်းအိပ်ယာကိုနွေးနေအောင်လုပ်ပေးမယ်လေ"


ချီချန်အန်း ခေါင်းညိတ်ပြတာမြင်တော့ ရွှီလော့ယန် သူ့နားထဲတိုးတိုးလေးကပ်ပြောလာသည်။


"ငါအရမ်းပျော်တာပဲ၊ဒီညမင်းဘေးမှာအိပ်ရမယ်ဆိုတဲ့အတွေးက ငါကအိမ်မက်ကနေတောင်မှရယ်မောပြီး နိုးလာရသလိုပဲ "


ချီချန်အန်း နှုတ်ခမ်းကဖြူဖျော့နေဆဲဖြစ်ပြီး သူနှုတ်ခမ်းထောင့်ကအပြုံးကတော့ ထင်းခနဲပင်။


 "ကိုယ်လည်းပျော်တယ် အရမ်းကိုပျော်တယ် "


သို့သော် ဒီတစ်ခေါက် သူတို့နှစ်ယောက် 'Color of Elegance'အတွက် 'Late Spring'စီးရီးကိုရိုက်ကူးဖို့ ကျန်းနန်ကိုသွားရမှာဖြစ်တာကြောင့် မသွားခင်လေအိမ်တွင်သုံးရက်လောက်သာနေလိုက်ရသည်။


ရွှီလော့ယန် လေယာဉ်ပေါ်ကနေဗန်ကား‌ပေါ်ရောက်တဲ့အထိ အပျော်လွန်ပြီး ငြိမ်ငြိမ်မနေနိုင်တာကြောင့် ကျန်းသုန်တောင်မှအမြင်ကပ်လာရပြီး "ကျောင်းသားရွှီရေ မင်းဒီကိုအလုပ်ကိစ္စနဲ့လာတာ၊ပျော်ပွဲစားထွက်လာတာမဟုတ်ဘူး ဘာလို့ အရမ်းတွေပျော်နေရတာလဲ"


"ဘာလို့ မပျော်ပဲနေရမလဲ၊ချန်အန်းနဲ့အလုပ်တူတူလုပ်ရတာပျော်ပွဲစားထွက်ရသလိုပဲလေ "


ပြောပြီးတာနှင့် ရွှီလော့ယန်က သူသယ်လာတဲ့ကျောပိုးအိတ်ကိုကျန်းသုန့်ကိုဖွင့်ပြလိုက်သည်။


"ကြည့် ကျွန်တော်အဆာပြေမုန့်တွေကော အအေးကော ရေနွေးဘူးတောင်မှပြင်လာသေးတယ် "


"......." 


ကျန်းသုန့်ကြည့်ရတာ မျက်နှာပူတယ်လို့ သူ့ကိုယ်သူတွေးလိုက်ပြီး ကားရဲ့ဘေးခလုပ်ကိုနှိပ်လိုက်တော့၏။


အစကျန်းသုန့်ကိုပေးမလို့ပြင်ထားတဲ့ကွာစေ့ကို ပြန်ထည့်ထားလိုက်ကာ ရွှီလော့ယန် စိတ်ထဲအချိန်ကိုတွက်ကြည့်လိုက်ပြီး အိတ်ထဲကနေရေနွေးဘူးကိုထုတ်လိုက်ကာ ချီချန်အန်းကိုပေးလိုက်သည်။ 


"မင်းဆေးသောက်ဖို့အချိန်ရောက်ပြီး လေးနာရီတိတိရှိသွားပြီ "


ဘူးကိုလှမ်းယူလိုက်ပြီး ချီချန်အန်း ဖွင့်ပြီးရေနွေးပူပူလေးသောက်လိုက်သည်။ပြီးနောက်ရွှီလော့ယန်ကိုကြည့်လိုက်တော့ သူကမျက်လုံးဝိုင်းဝိုင်းတွေဖြင့် စိုးရိမ်တကြီးကြည့်နေကာ သူ့အားမေးလာလေသည်။ 


"ပူလို့လား"


"မပူပါဘူး၊ရေအပူချိန်ကပုံမှန်ပါပဲ "


ရွှီလော့ယန်က ဂုဏ်ယူနေသည့်မျက်နှာဖြင့် "ဒီလိုပဲဖြစ်သင့်တာပေါ့ အပူချိနိကိုထိန်းနိုင်ဖို့ ငါလေ့ကျင့်ထားရတာ"ဟုပြောပြီး သူအပြုံးကမူ ပိုမိုတောက်ပလားရပြီး ချီချန်အန်းနားကို ကပ်လာကာ

ဆိုလိုက်၏။


"မင်းကိုဂရုစိုက်ပေးရတာ ငါကျေနပ်တယ်"


ဤအခိုက်အတန့်လေး၌ ချီချန်အန်းရဲ့နှလုံးသားကချိုမြိန်မှုတွေနဲ့ပြည့်နေကာ သူချစ်ရတဲ့သူအား ချစ်မြတ်နိုးတဲ့မျက်လုံးများဖြင့်ကြည့်လိုက်ပြီး နဖူးကိုနမ်းရှုံ့လိုက်တော့သည်။


သူတို့သွားရမယ့်နေရာကတော့ မြစ်ရဲ့တောင်ဘက်မှာရှိတဲ့ ယိရှန်းလို့ခေါ်တဲ့ရေပေါ်မြိုလေးတစ်မြိုဖြစ်ပြီး အဆောက်အအုံတွေအားလုံးကိုရေနဲ့နီးတဲ့နေရာမှာဆောက်လုပ်ထားတာကြောင့် လေထုကစိုစွတ်လျက် ပန်းရနံများမွှေးနေသည်။အဖြူရောင်နရံံတွေ၊အနက်ရောက်အုပ်ကြွပ်ပြား၊မိုးမခသစ်ပင်များနှင့်အစိမ်းရောင်ကြွေပြားတွေက အေးချမ်းလှတဲ့ပတ်၀န်းကျင်ကိုပံပိုးပေးနေသည်။


သူတို့ရောက်သွားတော့ မှောင်နေပြီဖြစ်တာကြောင့် ရိုက်ကူးရေးအဖွဲ့က အရင်ကတည်းက တည်းဖို့စီစဉ်ထားတဲ့ဟိုတယ်ဆီကို သာတန်းသွားလိုက်ကြပြီး နောက်နေရိုက်ကူးရေးစမယ့်အချိန်ကိုသတ်မှတ်လိုက်ပြီးနောက်အားလုံး အနားယူရန်အတွက်ကိုယ်စီအခန်းတွေဆီပြန်သွားလိုက်ကြသည်။


သူအထုတ်အပိုးတွေကိုမြန်မြန်ဖွင့်လိုက်ကာအ၀တ်အစားအသစ်လဲလိုက်သည်။ 


တိတ်တိတ်လေး ချီချန်အန်းကို ရွှီလော့ယန်အပြင်သို့ခေါ်သွားပြီး "ကြည့်ရတာဒီမြို့မှာ နွေးဦးနတ်ဘုရားတွေကိုပို့ဆောင်တဲ့ရိုးရာပွဲတော်ရှိတယ်၊မှောင်နေပြီး အလင်းရောင်တွေကမှိန်နေတော့ ဦးထုပ်ဆောင်းထားရင် ဘယ်သူမှမှတ်မိမှာမဟုတ်ဘူး "


ရွှီလော့ယန် ထင်ထားသည့်အတိုင်း ယိရှန်းရဲ့လမ်းမကြီးကလူတွေဖြင့်ပြည့်နေပြီး လမ်းဘေးနှစ်ဖက်ကသစ်ပင်များ၌မီးပုံးများတွဲလွဲချိတ်ထားပြီး လမ်းဆုံ၌ရိုးရားတိရိယာများကို တီးခတ်နေတာကြောင့်လူအများရဲ့အာရုံဆွဲဆောင်နိုင်လေသည်။


လမ်းဘေးရှိဆိုင်များတွင် လူအနည်းငယ်သာရှိသည်ကိုသတိထားမိသွားပြီး ရွှီလော့ယန် ဆိုင်များရှိရာနေရာသို့ ချီချန်အန်းကိုဆွဲခေါ်သွားရင်း မေးလိုက်သည်။ 


 "အရင်ကမင်းဒါမျိုးကစားဖူးလား "


ခေါင်းခါပြလိုက်ရင်း ချီချန်အန်းပြန်ဖြေလိုက်သည်။


 "မကစားဖူးဘူး "


သူ အသက်၁၂နှစ်မပြည့်ခင်အထိ အချိန်အများစုကိုအိပ်ယာပေါ်နှင့်wheelchairပေါ်၌သာ ကုန်ဆုံးခဲ့ရသည်။အသက်၁၂နှစ်ပြည့်ပြီးတော့လည်း ဘော်ဒါကျောင်းတတ်ခဲ့ရ‌တာကြောင့် ဒီလိုဂိမ်းမျိုးလေးတွေကစားဖို့ အခွင့်ရေးမရခဲ့ပေ။


"ဒီနေ့ ငါတို့တူတူကစားကြမလား၊ဆော့ရတာလွယ်ပါတယ်၊မင်းပလပ်စတစ်ကွင်းကိုကိုင်လိုက်ပြီးတော့မင်းကွင်းကိုပစ်လိုက် မင်းစွပ်မိတဲ့ဘာဟာမဆို မင်းဟာပဲ ၊ဒါပေမယ့် မင်းရဲ့နတ်ဆိုးစွမ်းအားတွေကိုသုံးပြီး လှည့်စားလို့မရဘူး "


ချီချန်အန်း ခေါင်းညိတ်ပြတော့မှ ရွှီလော့ယန် ဆိုင်ရှင်ကို၁၀ယွမ်ပေးလိုက်ပြီး ပလပ်စတစ်၅ကွင်းယူလိုက်ကာအားလုံးကိုချီချန်အန်းအားပေးလိုက်ပြီး "မင်းလုပ်နိုင်တယ်"ဆိုပြီး အကြိမ်များစွာပြောလိုက်သည်။


ချန်အန်းကပလပ်စတစ်ကွင်းတွေကိုယူလိုက်ပြီး ညာဖက်လက်ဖြင့်တစ်ခုကိုယူလိုက်ကာ ရွှီလော့ယန်ရဲ့ခေါင်းပေါ်ကိုတင်လိုက်သည်။


ရွှီလော့ယန် ပြန်မပြောနိုင်သေးခင်မှာဘဲ ချီချန်အန်းရဲ့သံလိုက်လိုဆွဲဆောင်မူရှိတဲ့ခပ်တိုးတိုးအသံကိုကြားလိုက်ရသည်။


 "ကိုယ်လော့ယန်ကိုစွပ်မိသွားပြီး ဒါကြောင့် ကိုယ်လော့ယန်ကို ပိုင်တယ် "


ရွှီလော့ယန် လက်တွေတုန်ယင်လာရပြီး နှလုံးခုန်သံကအစမမှန်ချင်တော့ပေ။


စိတ်ထဲ၌တော့ သိပ်လက်သင့်မခံနိုင်ပေ။


 'ငါကျ‌တော့ဘာလို့ဒီလိုမျိုးရိုမန်တစ်ဆန်တဲ့


 စကားမပြောနိုင်ရတာလဲ မတရားလိုက်တာ'


ခဏအကြာ သူတို့ဘေးက အသံတစ်သံကြားလိုက်ရသည်။ 


"စိတ်မရှိပါနဲ့ ...ရှင်တို့ကကုချန်လားဟင် "


ချီချန်အန်း မျက်နှာပေါ်ကအပြုံးမှာချက်ချင်းဆိုသလိုပျောက်သွားရပြီး ရွှီလော့ယန်အားသူ့နောက်တွင်ကွယ်ထားလိုက်ကာ "မဟုတ်ဘူး "ဟုတစ်လုံးထဲပြန်ဖြေလိုက်သည်။


မေးလာတာက ပိန်ပိန်နဲ့အရပ်ရှည်ရှည်ကောင်မလေးတစ်ယောက်ဖြစ်ပြီး အလန့်တကြားဖြင့်ပြောလာသည်။


"ကျွန်မမှာ မကောင်းတဲ့အကြံမျိုးမရှိပါဘူး၊ဓာတ်ပုံလည်းမရိုက်ပါဘူး၊ရှင်တို့နဲ့တွေ့တာကိုလည်း ဘယ်သူကိုမှပြန်မပြောပြပါဘူး "ချီချန်အန်းကိုပေါ်တင်ကြီးမကြည့်ရဲသဖြင့် သူမကအမြန်မေးလိုက်သည်။


"မင်းတို့ကို အမြဲလူချင်းတွေ့ပြီးအားပေးနေမယ်လို့ပြောချင်ခဲ့တာ"


ထိုအချိန်မှာပဲ ချီချန်အန်းရဲ့အနောက်ကနေခေါင်းလေးထွက်လာပြီး အနက်ရောင်ဘေစ့်ဘောဦးထုတ်အစွန်းကိုလက်ချောင်းများဖြင့်ကိုင်ထားကာ ရယ်သံစွတ်လျက်ဆိုလာ၏။ 


"ဒါပေမယ့် ငါတို့ကမင်းပြောတဲ့ကုချန်တော့မဟုတ်ဘူး၊ဒါပေမယ့် သူတို့သာမင်းပြောတာကိုကြားရင်သေချာပေါက်ကျေးဇူးတင်နေမှာ"ဟုပြောလိုက်ကာချီချန်အန်းရဲ့အင်္ကျီလက်ကိုဆွဲလိုက်ပြီး 


 "လာ သွားကြမယ်၊ဟိုနားမှာအရသာရှိတဲ့အစားအစာတွေ့ထားတယ် "


ရွှီလော့ယန်က ခေါင်းလှည့်ပြီးကြည့်လိုက်ရာ ချီချန်အန်းရဲ့မျက်လုံးထဲကနွေးထွေးမှုကပိုမိုထင်ရှားလာလေသည်။


 "ကောင်းပြီလေ "


သူတို့နှစ်ယောက်ထွက်သွားတော့မှာမြင်တော့ ကောင်မလေးက သတ္တိမွေးပြီး မေးလိုက်သည်။


"တစ်ချက်လောက် ရှင်တို့နှစ်ယောက်က တကယ်ကြီးလား"


ရွှီလော့ယန် ခေါင်းကဘေစ့်ဘောဦးထုတ်အားပြန်ပြင်လိုက်ကာ "မှန်းကြည့်လေ "ဟုပြောပြီး ဆိုင်ရှင်ကိုပလပ်စတစ်ကွင်းတွေအမြန်ပြန်ပေးလိုက်ကာ ချီချန်အန်းကိုဆွဲပြီး လူအုပ်ကြားထဲပြေး၀င်သွားလိုက်သည်။


လူအုပ်ကြားထဲတိုးပြီးနောက် ဝေးသွားတာသေချာပြီဆိုမှနောက်ဆုံးရပ်လိုက်ပြီး သူရဲ့အပြုံးဟာလည်းအတော်လေးကိုအသက်၀င်လှသည်။


ဘယ်လုပ်လိုလုပ်ရမှန်းမသိတာကြောင့် ချီချန်အန်းက သူ့ဦးထုတ်ကိုသေချာလေးပြန်ပြင်ပေးလိုက်ကာ "ပျော်ရဲ့လား "


"အင်း အရမ်းပျော်တယ် "


ရွှီလော့ယန်က ခါးကိုမတ်လိုက်ကာ"animeကားထဲက နောက်ကွယ်ကလျှိုဝှက်ဆန်းကြယ်တဲ့bossတစ်ယောက်လိုမျိုးခံစားရတယ် အရမ်းကိုထူးခြားပြီးတော့ ထူးဆန်းတယ်"


သူကစိတ်မကောင်းဖြစ်နေသည်ပုံဖြင့်ဆက်ပြီး "ငါတို့ပြီးအောင်မ‌ဆော့လိုက်ရတာနှမြောစရာပဲ "


"အဆင်ပြေပါတယ် ကိုယ်တို့တစ်ခြားဟာတစ်ခုခုကစားလို့ရပါတယ် "


ချီချန်အန်း သူ့ရှေ့ကလူသားလေးကိုစိုက်ကြည့်နေခဲ့ကာ သူနဲ့သာအတူတူရှိနေရပါကာ ဘယ်အရာမဆို စိတ်၀င်စားစရာကောင်းလှလေသည်။


နောက်နေ့ ရာသီဥတုကတိမ်ထူနေရာကနေမိုးဖွဲဖွဲလေးရွာလာပေမယ့်လည်းဓာတ်ပုံရိုက်တာကိုတာ၀န်ယူထားရတဲ့ 'Color of Elegance'ရဲ့ထိပ်တန်းအဖွဲက အတော်လေးကို ကျွမ်းကျင်လေသည်။ သူတို့နှစ်ယောက်ကိုရိုက်ချင်တဲ့ပုံစံကိုရှင်းပြပြီးနောက် နေရာကို ချက်ချင်းရှင်းပစ်လိုက်သည်။


ရိုက်ကူးရေး၌ ရွှီလော့ယန်က အဖြူရောင်အားကစားဂျာကင်ကို၀တ်ထားကာ ကျောက်တုံးတံတားထိပ်ရှိအပြာရောင်ကျောက်တုံးပေါ်တွင်ထိုင်ပြီး အေးဆေးပီကေဝါးနေသည်။ပြီးနောက် သူမျက်လုံးလက်ခနဲဖြစ်သွားရသည်။အဝေးကနေ ချီချန်အန်းကခေတ်ဟောင်းစတိုင်းစက်ဘီးစီးကာလာနေသည်။


 ရွှီလော့ယန် အဖြူရောင်ပူဖောင်းတစ်ခုမှုတ်လိုက်ပြီး တောက်ပတဲ့အလင်းရောင်အောက်တွင်မျက်လုံးများ ကွေးညွှတ်သွားသည့်အထိ ရယ်မောလိုက်မိသည်။


ထိုနောက် ခြေထောက်တစ်ဖက်အားချပြီးစက်ဘီးကိုရပ်လိုက်ပြီး သူ့ကိုလှမ်းကြည့်နေတဲ့ချီချန်အန်းကိုလက်ပြလိုက်တော့ ချီချန်အန်းရဲ့အေးတိအေးစက်မျက်နှာကတဖြည်းဖြည်း နွေးထွေးလာရသည်။


ရွှီလော့ယန်နဲ့ချီချန်အန်းရဲ့ ကုတ်အင်္ကျီတွေကိုကိုင်ပြီး ရိုက်ကွင်းအပြင်မှာကျန်းသုန့်နဲ့အတူရပ်နေတဲ့ လုတိကတိုးတိုးလေးပြောလိုက်သည်။


 "ဒီမြင်ကွင်းက ရွှီကောနဲ့ချီလူကြီးမင်းက အထက်တန်းကျောင်းတတ်နေကြပြီး ကျောင်းတူတူသွားဖို့သဘောတူထားကြတာဒါပေမယ့် အထူးသဖြင့်ရွှီကောကအပျင်းထူပြီးစက်ဘီးလည်းမနင်းချင် လမ်းလည်းမလျှောက်ချင်လို့ချီလူကြီးမင်းကိုဖိအားပေးပြီး သူကို့စက်ဘီးနဲ့တင်ခေါ်သွားခိုင်းပုံနဲ့တူတယ်နော် "


သူ ခဏစဉ်းစားလိုက်ပြီး ပြောလာပြန်သည်။


"ဒါပေမယ့် သူတို့သေချာပေါက်ကျောင်းအုပ်ကြီးဆီမှာဖမ်းမိလိမ့်မယ်၊သူတို့နှစ်ယောက်ကြားမှာ ချစ်ခြင်းမေတ္တာလှိုင်းတွေစီးဆင်းနေတာကို ကျွန်တော်မြင်နေရတယ် "


ကျန်းသုန့်ကသူ့ကိုတချက်ကြည့်ပြီး "မင်းရဲ့မျက်လုံးပဲကောင်းတယ် "


သို့သော် လုတိထက်ပိုပြီး အမြင်အာရုံကောင်းတဲ့သူအများအပြားရှိသေးကြောင်းသိလိုက်ရသည်။'Color of Elegance'ရဲ့ဖြည့်စွတ်စာကအမြန်ကိုရောင်းကုန်သွားလေသည်။ 'Color of Elegance'တရား၀င်ဘလောဒ်ကနေ 'Late Spring 'စီးရီးရဲ့ နောက်ကွယ်ကဗီဒီယိုဖိုင်ကပြန်ပြီးforwardလုပ်ထားတာဂဏန်း၆လုံးတောင်ကျော်သွားပြီဖြစ်သည်။


ရွှီလော့ယန်နဲ့ ချီချန်အန်း၏weiboများ၌လည်းမှတ်ချက်များဖြင့်ပြည့်နှက်သွားရသည်ည်


_နှစ်ယောက် ထီးတစ်ချောင်းထဲဆောင်းပြီး လမ်းလျှောက်နေကြတာ ဒီပုံကကြည့်ကောင်းလွန်းလို့ငိုမိတော့မယ်၊အထူးသဖြင့် မျက်လုံးတွေ မျက်လုံးတွေ နှထာ၀ရတည်မြဲ‌နေတဲ့အကြည့် ဒါကမှအချစ်မဟုတ်ရင် ဘာလဲ"


_ငါတစ်ခါထဲမဂ္ဂဇင်းသုံးအုပ်၀ယ်ထားတယ်၊ကုချန်cpကအကောင်းဆုံး၊ကုချန်ရဲ့အလံကဘယ်တော့မှလှဲသွားမှာမဟုတ်ဘူး၊ချောင်းဆိုးသံနဲ့ ချစ်ခြင်းတွေကိုဖုံးထားလို့မရဘူး၊မျက်လုံးတွေကိုပဲကြည့်လိုက်၊ငါကုချန်cpဆီမှာကျရှုံးသွားပြီ ချီချန်အန်းနဲ့ရွှီလော့ယန်ကတကယ်ကိုချိုမြိန်တာပဲ၊


_မေလမှာတောင်ပိုင်းရဲ့အလှဆုံးအရာက အစိမ်းရောင်ကျောက်တုံးတွေ ဆီစိမ်စက္ကူထီးတွေမဟုတ်ပါဘူး၊ဒါပေမယ့် တံတားထိပ်မှာမ

င်း ငါ့ကိုထိုင်စောင့်နေတာလေးပါ "


_ဒီပုံတွေမြင်ပြီး ငါဘာလို့ငိုချင်လာရတာလဲ၊တရား၀င်သကြားလုံးပေးတာ အချိုမြိန်ဆုံးပဲ၊တစ်နေရာရာမှာ သူတို့ငယ်သူငယ်ချင်းအနေနဲ့ကြီးပြင်းလာကြမှာပါ"