အပိုင်း ၇၈
Viewers 6k

Chapter 78



ရွှီလော့ယန် အွန်လိုင်းပေါ်ကမှတ်ချက်တွေကိုတစ်ခုမှမမြင်ရသေး၊'Color of Elegance'ရဲ့ special editionကိုထုတ်ဝေတဲ့နေမှာRainbow TVရဲ့ရသစုံရှိုးဖြစ်တဲ့ 'Top Secret Action'ကို တရား၀င်စတင်ရိုက်ကူးခဲ့သည်။


မကြာသေးခင်နှစ်တွေကနေစပြီး ရသစုံရှိုးများသည် ပရိသတ်ကြိုက်နှစ်သက်သည့်ရှိုးတစ်ခုဖြစ်လာခဲ့သည်။ရွှီလော့ယန် သုံးကြိမ်လောက် ပါ၀င်ဖူးတာကြောင့် ရှိုး၏ပုံစံနှင့်ရင်းနှီးကျွမ်း၀င်ပြီးသားဖြစ်သည်။တံခါးခေါက်သံကြားတော့ လက်ထဲကဇွန်းကိုချပြီးတံခါးသွားဖွင့်လိုက်သည်။


တံခါးနားမှာရပ်နေတဲ့ကင်မရာမန်းက ရှိုး၌ရွှီလော့ယန်ကိုတာ၀န်ယူပြီးရိုက်ကူးရမည့်သူဖြစ်သည်။


 "မင်္ဂလာနံနက်ခင်းပါ"


 "ကျောက်ကော မနက်စာစားပြီးပြီလား၊အတူတစ်ခုခုစားမလား၊ကြက်ဥ ကွေကာ ကွတ်ကီးနဲ့အချိုရည်ပြင်ထားတယ်"


"ရတယ် ကျွန်တော်တို့လမ်းမှာစားလာပြီးပြီ" ကျောက်ကောက၀င်လာပြီး ရွှီလော့ယန်နောက်ကိုလိုက်ပြီး အတတ်နိုင်ဆုံးလိုက်ရိုက်နေသည်။


'Top Secret Action'ဟာဆိုရင် ပရိုမိုးရှင်းလုပ်ရာ၌ 'ဇာတ်ညွှန်းလုံး၀မရှိ'ဆိုသည့်ဆောင်ပုဒ်ကိုရဲ့ဝံစွာကြွေးကြော်ထားတာဖြစ်သည်။အာရုံစိုက်မှုအများအပြားလည်းခံရသလို ကြည့်ရှုသူများကလည်းသံသယအချို့ရှိလေသည်။ဇာတ်ညွှန်းလုံး၀မရှိ'ဆိုသည့်အကြောင်းသက်သေပြနိုင်ရန်နှင့် ဧည့်သည်များ၏အစစ်မှန်ဆုံးပုံစံကိုတင်ပြနိုင်ရန် ရှိုးအစ၌ ဧည့်သည်တစ်ဦး၏အိမ်သို့သွားရောက်ပြီး အွန်လိုင်းကနေထုတ်လွှင့်မည်ဖြစ်ကြောင်း ပရိုဂရမ်အဖွဲ့ကကြေညာခဲ့သည်။


ထို့ကြောင့် အခန်းထဲ လှုပ်ရှားသွားလာနေသည့်ပုံရိပ်ကို အွန်လိုင်း၌ ထုတ်လွှင့်လိုက်တော့ barrageကပေါက်ကွဲထွက်သွားရသည်။


_မြန်မြန်လေး ငါ့ကိုလှုပ်နှိုးပေးစမ်းပါဦး၊နင်တို့တွေ ဖြတ်ခနဲ့မြင်လိုက်ရတဲ့ ဗီရိုကိုမြင်လား ဖိနပ်နှစ်ရံကဆိုဒ်မတူဘူးဟ


_အား အား အား သူတို့ရေချိုးခန်းထဲ၀င်သွား မြန်မြန်စခရင်ရှော့ရိုက်ထားပြီး highlightလုပ်ထားကြ၊ပါးစပ်ဆေးတဲ့ခွက်တစ်စုံ၊သွားတိုက်တံနှစ်ခု၊မျက်နှာသုပ်ပုဝါကလည်းနှစ်ခု ငါတို့ လျှိုဝှက်ချက်ကိုရှာတွေ့သွားတာလား


ဤသို့ဖြင့် စခရင်ရှေ့ကပရိသတ်တွေ ရိုက်ကူးနေတဲ့ကျောက်ကောဆီမှစကားသံကိုကြားလိုက်ရသည်။


"လော့ယန် ကျွန်တော်အခုlivestreamကcommentတွေကိုကြည့်နေတာ၊ကြည့်ရှုသူတော်တော်များများက မင်းရဲ့ရေချိုးခန်းထဲဘာတွေရှိလဲဆိုတာ စိတ်၀င်စားနေကြတာ၊မျက်နှာသုပ်ပုဝါ၊ပလုပ်ကျင်းတဲ့ခွက်၊သွားတိုက်တံ အားလုံးကစုံတွဲသုံးတဲ့အစုံလိုက်တွေ၊ဘာကြောင့်လဲဆိုတာ ပြောပြပေးနိုင်မလား"


ရွှီလော့ယန် မျက်လုံးများကတည်ငြိမ်နေပြီး သူက ရှက်ရှက်နဲ့ပြုံးလိုက်ရင်း "တစ်ကိုယ်ရေသုံးပစ္စည်းတွေ ၀ယ်တော့ single dogမဟုတ်သလို ဟန်ဆောင်ဖို့ အစုံလိုက်၀ယ်လေ့ရှိတယ်၊ အရမ်း ၀မ်းနည်းတာပဲ "


_မင်းပေါက်ကရတွေပြောနေလည်း ငါခွင့်လွှတ်တယ်ဆိုတဲ့ပုံစံနဲ့ကြည့်နေမယ် (လူတွေကြားကယုံကြည်မှုကဘယ်မှာလဲ jpg)


_ထုတ်လုပ်ရေးအဖွဲ့က အရမ်းတော်တာပဲ၊နောက်ကနေလိုက်ပြီးရိုက်နေတဲ့အစ်ကိုကြီးကိုလည်းသဘောကျတယ်၊လော့ယန်ကတော့ ဆက်ပြီမကြိုးစားပါနဲ့တော့၊ငါတို့အားလုံးမြင်နေရတယ် ချီချန်အန်း ဒီမှာနေတာမှတ်လား "


_အနာကိုဆားသိပ်လိုက်သလိုပဲ လော့ယန် ငါတို့အားလုံး ရင်ဘတ်ထဲမှာလေးနေတယ်၊တကယ်တော့ ငါတို့နောက်ကွယ်မှာ မင်းတယောက်ယောက်ထားနေတာမှတ်လား၊ ဒီ‌အဒေါ်ကြီးရဲ့ မောက်မာတဲ့အပြုံးကိုပြရသေးတာပေါ့ "


ရွှီလော့ယန် commentများကိုမမြင်နိုင်တာကြောင့် အေးဆေး မနက်စာစားပြီးသည့်နောက် ခရီးဆောင်အိတ်ကိုဆွဲပြီး တံခါးကနေထွက်လိုက်သည်။၂နာရီခန့် ကားစီးပြီးသည့်နောက် Bမြို့၏အရှေ့တောင်ဘက်မ၌ အသစ်ဖွင့်လှစ်ထားသည့် အပန်းဖြေကစားကွင်းသို့ခေါ်ဆောင်ခြင်းခံလိုက်ရသည်။ ကစားကွင်းက publicတောင်မဖွင့်ရသေးချေ။


ကားပေါ်ကဆင်းပြီး ခြေအနည်းငယ်ပဲလှမ်းရသေး ရုပ်ရှင်တကား၌ အတူတွဲလုပ်ဖူးသည့် အသိမိတ်ဆွေတယောက်ကိုတွေ့လိုက်ရသည်။


အနုပညာလောကထဲ၌ ကျင်လည်နေတာ ၂နှစ်ကြော်ရှိပြီဖြစ်တဲ့ ကျန်းလျှို့ဟာ'The Search For A Man'ရုပ်ရှင်တွင် ဒုတိယမင်းသားနေရာမှသရုပ်ဆောင်ခဲ့ပြီး လူသိများလာခြင်းဖြစ်သည်။ယခုတခေါက် သူ့အေးဂျင့်က ဒီရသစုံရှိုး၌ပါ၀င်ခွင့်ရရန် အတော်လေးကြိုးစားလိုက်ရသည်။သို့ပေမယ့် ပထမဆုံးအကြိမ် ရသစုံရှိုးရိုက်သည့်အခေါက်မှာပင် သမာရိုးကျမဟုတ်သည့် Rainbow TVနှင့် တည့်တည့်ကိုတိုးလေသည်။သူတို့ရှိုး၌ ဇာတ်ညွှန်းမရှိဘူးဟုပြောလာသည့်အခိုက်တန့်၌ သူ့နည်းနည်းခေါင်းစားသွားရသည်။


ထို့ကြောင် ရွှီလော့ယန်ကိုတွေ့တော့ ကယ်တင်ရှင်ကိုတွေ့လိုက်ရသည့်အတိုင်း သူဆီပြေးလာပြီး "ရွှီကော ဇာတ်ညွှန်းရပြီးပြီလား "သူကြည့်ရတာစိတ်ပူနေပုံရသည်။


သူအမှန်တကယ်စိတ်ပူနေမှန်းသိသာလှသည်။မဟုတ်ရင် ကင်မရာသမားများရှေ့၌ ယခုလို sensitiveဖြစ်တဲ့မေးခွန်းမျိုးမေးလာမည်မဟုတ် ၊ရွှီလော့ယန် ခေါင်းခါပြလိုက်ကာ "ဟင့်အင်း မရပါဘူး၊ကျန်းလျို့ ငါမင်းကိုလျှိုဝှက်ချက်တစ်ခု ပြောပြမယ်၊အခုဒီလာတဲ့လမ်းမှာ ကင်မရာသမားကနေတိတ်တိတ်လေးမေးထားတာ၊ငါတို့ပရိုဂရမ်အဖွဲ့က အပြင်ပန်းမှာပိုက်ဆံရှိတဲ့ပုံပေါက်ပေမယ့် လက်တွေ့မှာ ဘတ်ဂျက်မလောက်လို့ ဇာတ်ညွှန်းရေးတဲ့သူငှားဖို့ ပိုက်ဆံတောင်မရှိဘူး၊ဒါကြောင့် အဆင့်မြင်တဲ့ဇာတ်ညွှန်း လိုဟာတွေ ဘာတွေမရှိဘူး "


ကျန်းလျို့ မမေးသင့်သည့်မေးခွန်းကိုမေးလိုက်မိကြောင်းအချိန်နှောင်းမှသိလိုက်ရသည်။ထို့ကြောင့် ရွှီလော့ယန် ‌နောက်ရေလိုက်ငါးလိုက်ဖြင့် စိတ်ညစ်နေသည့်ပုံဖမ်းကာ "ထုတ်လုပ်ရေးအဖွဲ့က ပိုက်ဆံမရှိရင် ငါတို့ကော ပိုက်ဆံရဦးပါ့မလား "ဟုမေးလိုက်သည်။


ရွှီလော့ယန် စိတ်ထဲ "အနည်းဆုံး သူတုန့်ပြန့်တာမနှေးဘူးဘဲ"ဟုတွေးလိုက်ရင်း ကျန်းလျို့ ပခုံးအားပုတ်လိုက်ကာ "ငါလည်း အဲ့လိုထင်နေတယ် ငါတို့ရင်းနှီးမြှပ်နှံသူ main dadကြီးကို မြှောက်ပင့်ပြောကြရင်ကော "


ဤစကား သူပြောပြီး နှစ်ယောက် ကင်မရာကိုတစ်ပြိုင်နက်ထဲကြည့်ကာ "ဒီအစီအစဉ်ကို အဓိကပံပိုးပေးတဲ့ Kaixinဒိန်ချဉ်ကိုကျေးဇူးတင်းပါတယ်၊စိတ်ဓာတ်ကျနေလား ဒိန်ချဉ်တစ်ဗူးသောက်ပြီး ပျော်လိုက်ပါ "


သူတို့ဘေးနားက ၀န်ထမ်းတွေ အသံထွက်သည်အထိရယ်မောလာကြတော့သည်။


ပြီးသွားပြီ ကြေညာဆောင်ပုဒ်တွေက ရှက်ဖို့ကောင်းလိုက်တာ။


သူ ကျန်းလျို့ကိုဆွဲပြီး အထဲ၀င်လိုက်သည်။


ကင်မရာတွေမရှိတော့မှ ကျန်းလျို့က "ရွှီကော မျက်နှာမပျက်အောင်လုပ်ပေးလို့ ကျေးဇူး "


ရွှီလော့ယန် ပြုံးပြီးလက်ခါပြကာ "မလိုပါဘူး ငါလည်းကြောင်နေတာ၊အရင်က သူတို့work flowဇာတ်ညွှန်းတော့ပေးမယ်ပြောပြီး အခုဘာမှမရှိဘူး "


"စစချင်းကျွန်တော်ရထားတဲ့သတင်းကလည်းအဲ့လိုပဲ၊ရှိုးမှာပထမဆုံးပါဖူးတာဆိုတော့ ဇာတ်ညွှန်းမရှိရင် သေချာမလုပ်နိုင်မှာစိုးလို့ ကောင်းကောင်းမလုပ်နိုင်ရင် ကျွန်တော့်ကို‌အေးဂျင့်ကသတ်လိမ့်မယ်၊


"ဒါပေမယ့် ဒါရိုက်တာနဲ့ထုတ်လုပ်ရေးအဖွဲ့ကအေးဆေးပဲ၊တည်တည်ငြိမ်ငြိမ်နဲ့ အစီစဉ်ဆွဲတတ်တဲ့သူတွေမျိုး "


ကျန်းလျို့က တွန့်ဆုတ်နေသည့်ဟန်ဖြင့် "ရွှီကော မရောက်ခင်၅မိနစ်အလိုက စုန့်ယောင် လက်ထောက်၅ယောက်နဲ့ရောက်လာတယ်၊ပထမဆုံးမေးတဲ့မေးခွန်းက ကောရောက်ပြီလားတဲ့ "


ရွှီလော့ယန် မျက်နှာထက် ဘာအမှုအရာမှရှိမနေ သူကခပ်ပြုံးပြုံးဖြင့်သာ "သူက ငါ့ကိုအရမ်းဂရုစိုက်နေတာပဲ""ဘာဖြစ်ဖြစ် သူရည်ရွယ်ချက်ကကောင်းမှာမဟုတ်ဘူး၊ရွှီကော သတိထား "ကျန်းလျို့ကစကားလမ်းကြောင်းပြောင်းလိုက်ကာ "ဒါနဲ့ ပရိုဂရမ်အဖွဲ့က ဧည့်သည်၆ယောက်ဖိတ်ထားတာ၊လျှိုဝှက်ထားတဲ့ ဧည့်သည်ကဘယ်သူလဲ မပြောသေးဘူး၊ကျွန်တော်လည်းမသိဘူး "


ရွှီလော့ယန်ကယင်းကို သိပ်ပြီးဂရုမစိုက် "အဆင်ပြေပါတယ်၊ငါတို့ ဒေါသထွက်နေရင်တောင်မှ ပြုံးထားရဦးမယ်လေ"ဟုသာနှစ်သိမ့်လိုက်သည်။


ကျန်းလျို့ကခေါင်းညိတ်လိုက်ပေမယ့် စိတ်ပူနေဆဲပင်။


၁၀နာရီအတိ၌ ပရိုဂရမ် ဒါရိုက်တာ ၀မ်ကျစ်လင်က မိုက်အားယူကာ အစီအစဉ်ကိုစတင်လိုက်သည်


ဧည့်သည်၅ယောက်လုံး အချင်းချင်း ယဉ်ကျေးပျူငှာစွာနှုတ်ဆက်နေသည့်မြင်ကွင်းကို ဖန်တီးလိုက်ပြီး ကင်မရာဖက်မျက်နှာမူစေလိုက်သည်။ ရွှီလော့ယန်ကအလယ်မှာရပ်နေပြီး ဘယ်ဘက်၌စုန့်ယောင်နဲ့ကျန်းလျို့ရပ်နေ၏။


"အားလုံး မင်္ဂလာနံနက်ခင်းပါ ပရိုဂရမ်မှာပါ၀င်ပေးကြတဲ့အတွက် ကျေးဇူးပါ ကျွန်ဝောာ်က 'Top Secret Action'ရဲ့ဒါရိုက်တာ ၀မ်ကျစ်လင်ပါ ဒါရိုက်တာ၀မ်လို့ ခေါ်လို့ရပါတယ် ၊ကျွန်တော်တို့ ပရိုဂရမ်နာမည်က'Top Secret Action'ဆိုတော့ လျှိုဝှက်ချက်တွေရှိတာပေါ့"


ဧည့်သည်အားလုံး အတော်လေးကိုပူပေါင်းဆောင်ရွက်ပေးကြသည်။စုန့်ယောင်ကတောင်မှ "ဒါရိုက်တာ၀မ် လျှိုဝှက်ချက်ကိုပြောပြပါတော့ "


"မလောပါနဲ့ အခု ငါတို့ ဖော်ထုတ်မယ့် ပထမဆုံးလျှိုဝှက်ချက်က ၆ယောက်မြောက်ဧည့်သည်ကဘယ်သူလဲဆိုတာကိုပါ "


ရွှီလော့ယန်နေရာမှာရပ်ရင်းဒါရိုက်တာ၀မ်၏ စကားပြောနှုန်းကြောင့် ငိုက်မျဉ်းလာရသည်။


အိပ်မငိုက်အောင် စိတ်ထဲ၌ ရွှီလော့ယန်ပုံစံကိုပုံဖော်ကြည့်နေတုန်း ကျန်းလျို့က သူ့ကိုတံတောင်ဖြင့်တွတ်ထိုးပြီး စိတ်လှုပ်ရှားစွာဖြင့် "ရွှီ‌ကော ရွှီကော ကြည့် မြန်မြန် ကြည့်လိုက် "


ရွှီလော့ယန် နားမလည်သည့်ပုံဖြင့် ဘေးကိုလှည့်ပြီးကြည့်လိုက်တော့ သူတို့ဆီ ဖြည်းဖြည်းချင်းလျှောက်လာနေသည့်လူကိုကြည့်ပြီး သူလည်းအံဩသွားရသည်။


သွားပြီ ဒီတစ်ခေါက်လည်း သူလှည့်စားခံလိုက်ရပြန်ပြီ...


မနေ့ညက ချီချန်အန်း အလုပ်ကိစ္စနဲ့မြို့ပြင်ကိုသွားရမယ်ဆိုပြီး အရုဏ်မတတ်ခင် အထုတ်အပိုးတွေနဲ့အိမ်ကနေထွက်သွားတာ သူသေချာမှတ်မိနေသည်။တစ်မနက်လုံးပျောက်သွားပြီး သူရှေ့မှာပေါ်လာလိမ့်မယ်လို့မထင်ထားခဲ့ပေ။


ချီချန်အန်းက အရပ်မြင်မြင့်၊ခြေတံအရှည်ကြီးတွေဖြင့် ကင်မရာများရှေ့သို့ အမြန်ပင်ရောက်လာခဲ့သည်။


သူမိုက်ကိုမယူခင် ရွှီလော့ယန်ကိုတစ်ချက်ကြည့်လိုက်ကာ "အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ၊ကျွန်တော်ကတော့ ၆ယောက်မြောက်ဧည့်သည် ချီချန်အန်းပါ "ဟုမိတ်ဆက်လိုက်သည်။


ရွှီလော့ယန် မတုံပြန်နိုင်သေးခင်မှာပဲ ကျန်းလျို့က ဘေးနားကခွာပေးလိုက်ပြီး သူ့ကိုနေရာပေးလိုက်ကာ ရွှီလော့ယန်ကိုမျက်စိတဖက်မှိတ်ပြလာသည်။ 


"ကုချန်cpက မယိမ်းမယိုင် "


"........"


ထို့ကြောင့် ရွှီလော့ယန်၏ဘေး၌ ချီချန်အန်းက ပုံမှန်ရပ်နေကြအတိုင်းရပ်နေသွားနိုင်သည်။


ချင်းရှောက်ရန်၊စုန့်ယောင်၊ရွှီလော့ယန်၊ချီချန်အန်း၊ကျန်းလျို့နှင့်ကွမ်းရှန်း။


ဖျော်ဖြေရေးအသိုင်းအဝိုင်းရှိ သူတို့၏အဆင့်အတိုင်း ခြောက်ယောက်သားအစဉ်လိုက်ရပ်‌နေကြသည်။


အစဉ်လိုက်ရပ်ပြီးသွားသည့်နောက် ရွှီလော့ယန်ကို "လော့ယန် မတွေ့တာကြာပြီ "ဟု ချီးချန်အန်းကပြောလာသည်။


သူတို့ရှေ့၌ အတန်းလိုက်ရှိနေသည့်ကင်မရာတွေကြောင့်သာမဟုတ်ရင် သူပုံရိပ်ကိုဂရုမစိုက်ဘဲ ရွှီလော့ယန် မျက်လုံးလှန်ပြမိလောက်သည်။


ဟန်ဆောင်နေသေးတယ် ဒီမနက် မသွားခင် တံခါးမှာကပ်ပြီး ၁၀မိနစ်လောက်နမ်းခဲ့တာ သူ့မဟုတ်တဲ့အတိုင်းပဲ။


ထိုအချိန်၌ ဒါရိုက်တာ၏အသံ ထွက်လာသည်။


"ဒီအပန်းဖြေကစားကွင်းမှာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ရိုလာကိုစတာတွေလည်းရှိသလို ကြောက်စရာကောင်းသည့်သရဲအိမ်တွေလည်းရှိတယ်၊ဒီနေ့က ကျွန်တော်တို့ပရိုဂရမ်ရဲ့ ပထမဆုံးအပိုင်းလည်းဖြစ်တာကြောင့် အားလုံးကို hintတစ်ခုပေးမယ်၊မင်းတို့ရှာရမယ့်ပစ္စည်း၅ခုထဲက ၁ခုကိုသရဲအိမ်ထဲမှာ ဝှက်ထားတယ် "


ထိုစကားကိုကြားပြီး ရွှီလော့ယန် ခေါင်းနပမ်းကြီးသွားရကာ ချီချန်အန်း အင်္ကျီလက်ကို ကိုင်မိလျက်သားဖြစ်သွားရသည်။ပရိုဂရမ်အဖွဲ့၏ မကောင်းသည့်ရည်ရွယ်ချက်ကို ခံစားမိလိုက်ချေပြီ။


_____


Translated By IQ-Team.