အပိုင်း ၇၉
Viewers 6k

Chapter 79



------------


အင်္ကျီလက်ကိုအားနည်းနည်းနဲ့လာဆွဲတာကို ခံစားရသဖြင့် ချီချန်အန်းကိုယ်ဟန်အ‌နေထားကိုပြောင်းလိုက်ကာ ကင်မရာတွေကိုကာလိုက်ပြီး ရွှီလော့ယန်၏လက်ချောင်းလေးများအား သူ့နောက်ကျောကနေတစ်ဆင့် ချိတ်လိုက်သည်။ 


"ကြောက်လို့လား "


ရွှီလော့ယန် တည်ငြိမ်နေပုံပေါက်ပေမယ့် စိတ်ထဲမှာတော့ ငိုနေတာကြောင့်မျက်ရည်တောင်ကျနေပြီဖြစ်သည်။ 


"ဟုတ်တယ် "ဟုတိုးတိုးလေးပြန်ဖြေလိုက်၏။


ပြုံးရိပ်သန်းနေတဲ့မျက်လုံးများဖြင့် ချီချန်အန်းလက်ချောင်းတွေကိုရွေ့လိုက်ကာ "မကြောက်နဲ့ ကိုယ်ရှိတယ် "


'Top Secret Action' ပထမအပိုင်းရဲစည်းမျဉ်းတွေကတော့ရိုးရှင်းပါတယ်၊လူခြောက်ယောက်ကို အသင်းနှစ်သင်းခွဲလိုက်ပြီးတော့ ညနေ၃နာရီမတိုင်ခင် tasksလုပ်ရမယ့်ပစ္စည်းတွေပိုရှာနိုင်တဲ့အဖွဲ့ကနိုင်ပြီး ရှုံးတဲ့အဖွဲ့ ပြစ်ဒဏ်ခံရမည်ပင်။


သို့သော် ဒီနေရာမှာ နိုင်တာရှုံးတာကအရေးမကြီးကြောင်းအားလုံးကနားလည်ထားသည်။အရေးကြီးတာက သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းဖြစ်သည်။


မိုက်ကိုကိုင်ပြီး ဒါရိုက်တာ၀မ်က သူဘေးကအနက်ရောင်အ၀တ်အုပ်ထားတဲ့ သေတ္တာကိုလက်ညိုးထိုးပြလိုက်ကာသူအသံကမူ မနှေးလွန်းမမြန်လွန်းပုံမှန်အတိုင်းပင်။


"အခု အဖွဲ့ဖွဲ့ဖို့မဲနှိုက်ကြမယ် ဘယ်သူအရင်နှိုက်မလဲ"


ဘေးမှာရပ်နေတဲ့ ချင်းရှောက်ရန်ကနေ အပြုံးတစ်ပွင့်ဖြင့်လက်ထောင်ပြလိုက်သည်။


"ဒါရိုက်တာ ကျွန်တော်အရင်နှိုက်မယ်"ဟုဆိုပြီး ပြေးသွားလိုက်ကာ သေတ္တာထဲလက်ထည့်လိုက်ပြီး ' i 'ဆိုပြီးရေးထားတဲ့ပလပ်စတစ်ကဒ်ကိုဆွဲထုတ်လိုက်သည်။


ဒုတိယမြောက်မဲနှိုက်တဲ့သူကတော့ ကွမ်းရှန်ဖြစ်သည်။ကွမ်းရှန် သူ့ကဒ်မှာ' i ' ရေးထားတာကိုတွေတော့ သူမျက်နှာပျက်သွားသည်ကို ရွှီလော့ယန် ရှင်းရှင်းလင်းလင်းမြင်လိုက်လေသည်။သူက ချင်းရှောက်ရန်ဘေးနားသွားရပ်လိုက်သော်လည်း နှစ်ယောက်လုံး တစ်ယောက်နှင့်တစ်ယောက်အရေးမလုပ်ကြပေ။


ရွှီလော့ယန် ဖြစ်ပျက်နေတာကိုသဘောပေါက်သွားရသည်။အခြားကိစ္စတွေနဲ့ပတ်သက်ပြီး သူသေချာမသိပေမယ့် ဤမဲနှိုက်ရတဲ့အပိုင်းကိုတော့ ပရိုဂရမ်အဖွဲ့ကသေချာပေါက် ကြိုတင်အစီအစဉ်ချထားတာဖြစ်လေသည်။


ကွမ်းရှန်ကပီယာနိုတီးတာကိုမူလတန်းကတည်းကစတင်သင်ကြားလာတာဖြစ်ပြီး နောက်ပိုင်း အေးတိအေးစက် သီးခြားနေတတ်တဲ့ ပီယာနိုတီးတဲ့မင်းသားလေးတစ်ပါးလို အနုပညာလောကထဲကို၀င်လာသည်။သူရဲ့ပင်ကိုစရိုက်အနေအေးပြီး စကားအများကြီးပြောရတာကိုမကြိုက်ပေ။တစ်ဖက်က ချင်းရှောက်ရန်ကတော့ အမြဲကင်မရာရှေ့၌ရယ်မောစနောက်နေတတ်နေသူတစ်ဦးဖြစ်ကာ ရယ်စရာကောင်းပေမယ့်လည်း သူ့၌လှည့်ကွက်များစွာရှိလေသည်။တစ်ခါကလူအများကြီးရှေ့မှာတင် ကွမ်းရှန်ရဲ့သိမ်မွေ့တဲ့ပုံကိုပွင့်ပွင့်လင်းလင်းဝေဖန်ခဲ့ဖူးပြီး နှစ်ယောက်ပြသနာလေးတွေရှိတာကိုလုံး၀ချပြခဲ့သည်။


ရွှီလော့ယန်နဲ့စုန့်ယောင်ကတော့ လွန်ခဲ့တဲ့နှစ်အတွင်းresourceများအတွက်နဲ့ အပြင်းအထန်ကိုပြိုင်ဆိုင်ခဲ့ကြသည်။သူတို့နှစ်ဦး ပြီးခဲ့တဲ့Golden Pineဆုအတွက်ပြိုင်ခဲ့ဖူးသော်လည်း စုန့်ယောင်၏နောက်ကပိုင်လဲ့မီဒီယာကနေငွေပေါက်ပြီး သူကိုလူသိများစေရန် အဆက်အသွယ်များကိုသုံးခဲ့လေသည်။နောက်ပိုင်း ရွှီလော့ယန်ကိုတိုက်ခိုက်သည့်သတင်းများဖြန့်ခဲ့ကာ သူတို့နှစ်ဦး၏ဖန်များအကြား အွန်လိုင်းတိုက်ပွဲများ အရှိန်အဟုန်မြင့်လာခဲ့သည်။ထို့နောက် ရွှီလော့ယန်က Stuရဲ့ပြောရေးဆိုခွင့်နေရာကိုရရှိသွားပြီး စုန့်ယောက်ကဆံချည်တစ်မျှင်လေးတောင်မှမရခဲ့ပေ။ နှစ်ဖက်အဖွဲ့ကြား လျှိုဝှက်အငြိုးထားမှုတွေရှိလေသည်။


အားလုံးကိုခြုံငုံပြီးကြည့်လိုက်တော့ လူခြောက်ယောက်ကြားမှာအငြိုးအတေးမရှိဘူးဆိုတာမရှိပေ။


သူနဲ့ချီချန်အန်းက ရှိုးအတွက်cpဖြစ်တယ်ဆိုသည့်အချက်နဲ့တွဲလိုက်ပါက ရသစုံရှိုးကhitဖြစ်ရန် ကုန်ကြမ်းကသေချာပေါက်လုံလောက်တာထပ်တောင်ပိုနေပြီဖြစ်သည်။ပြီးတော့ တစ်ခါမှရသစုံရှိုးပွဲမသွားဖူးတဲ့ချီချန်အန်းကိုဖိတ်ကြားနိုင်တာက ပရိုဂရမ်ကိုလူအများအာရုံစိုက်စေသည့်အချက်လည်းဖြစ်သည်။


တတိယမြောက်မဲနှိုက်တဲ့လူကတော့ ကျန်းလျို့ဖြစ်ပြီး'ii'ဆိုတဲ့စာလုံးပါတဲ့ကဒ်အားဆွဲလိုက်လေသည်။


ချီချန်အန်းနားကိုကပ်သွားကာ ရွှီလော့ယန်ကနေပြီး "ရွှီလောင်ရှီးကအကြားအမြင်ရနေတယ် ငါတို့တွေတစ်သင်းထဲကျလိမ့်မယ် "


သေချာတာပေါ့ စုန့်ယောင်က'i'ဆိုတဲ့စာလုံးပါတဲ့ကဒ်ကိုဆွဲလိုက်ကာ အဖွဲ့ကိုလူပြည့်သွားစေပြီး ရွှီလော့ယန်နဲ့ချီချန်အန်းက ဒုတိယအဖွဲ့ကိုအလိုလိုရောက်ပြီးသားဖြစ်သွားလေသည်။


ကျန်းလျှို့က၀မ်းသာအားရပြေးလာပြီး ရွှီလော့ယန်ဘေးမှာရပ်လိုက်ကာ တောက်ပစွာပြုံးပြရင်း "ရွှီကော ကျေးဇူးပြုပြီး ကျွန်တော်ကိုဂရုစိုက်ပေးပါဦး "


မျက်လုံးများပိတ်သွားသည့်အထိပြန်ပြုံးပြလိုက်ကာ ရွှီလော့ယန်က ချီချန်အန်းကိုလက်ညိုးထိုးပြလိုက်ပြီး သက်ပြင်းချလိုက်သည်။


 " ဒီတစ်ခါ မင်းရဲရွှီကောက ချီလူကြီးမင်းကိုပဲအားကိုးမှာ "


သူပြောနေတုန်း ၀န်ထမ်းတွေကအသင်းယူနီဖောင်းလို့ခေါ်တဲ့ ဒူးထိရှည်တဲ့ပါးလွှလွှလေကာအင်္ကျီကိုယူလာပေးသည်။စုန့်ယောင်အသင်းအတွက်အရောင်ကစစ်စိမ်းရောင်ဖြစ်ပြီး ရွှီလော့ယန်တို့အသင်းအတွက်ကတော့နက်ပြာရောင်ဖြစ်လေသည်။


ရွှီလော့ယန်ဘက်ကနေ အရင်သွားယူလိုက်ပြီးနောက် တစ်ထည်ကို ချီချန်အန်းအားလှမ်းပေးလိုက်ပြီး နောက်တစ်ခုကို ကျန်းလျို့အားပေးလိုက်ကာ သူအတွက်သူယူလိုက်သည်။


တစ်ချက်စစ်ကြည့်လိုက်ပြီးတော့ ရွှီလော့ယန်လေကာအင်္ကျီကို၀တ်လိုက်သည်။သို့သော် သူကုန်းပြီးဇစ်ကိုဆွဲတော့မယ်အချိန်၌ ချီချန်အန်းကပုံမှန်အတိုင်း အောက်ကိုကိုင်းညွှတ်ပြီး သူ့ကိုဂရုတစိုက်ဇစ်ဆွဲတင်ပေးလေသည်။


ဘေးနားမှာရပ်နေတဲ့ ကျန်းလျို့က မြင်ကွင်းကြောင့်အံဩသွားကာ ငြီးတွားလိုက်သည်။ 


"တကယ်ကြီး ငါ့ခွေးမျက်လုံးတွေတော့ကန်းကုန်တော့မှာပဲ "


ရွှီလော့ယန်က မပြုံးမိစေရန် လက်သီးကိုဆုတ်ထားလိုက်သည်။


၁၀နာရီခွဲ အသင်းနှစ်သင်းက ကစားကွင်းထဲသို့တောင်နဲ့မြောက်ဂိတ်များကနေပြီး ၀င်လာကြသည်။


အရင်ဆုံးကစားကွင်းထဲမှာလမ်းညွှန်ဆိုင်းဘုတ်တွေကိုတွေ့တော့ လမ်းညွှန်မြေပုံကိုဓာတ်ပုံရိုက်ထားလိုက်သည်။ပြီးနောက်သုံးယောက်သား သရဲအိမ်ကို အပြေးလေးသွားလိုက်ကြသည်။ကစားကွင်းရဲ့သရဲအိမ်က သေချာကိုဒီဇိုင်းဆွဲထားပြီး‌ရေကန်အလယ်ကကျွန်းလေးပေါ်၌ဆောက်ထားခြင်းဖြစ်သည်။ကျွန်းကိုရောက်ဖို့ ဝါးဖောင်ကိုလှော်ရသေးသည်။


ဝါးတိုင်ကိုယူလိုက်ပြီး ရွှီလော့ယန် သူတို့ကိုပြောလိုက်သည်။


"လှေပေါ်မြန်မြန်တတ်ကြ ငါရဲ့အစွမ်းအစတွေ မင်းတို့ကိုပြပါရစေ "


ဝါးဖောင်ပေါ်ရပ်နေကာ ကျန်းလျို့ပြောလိုက်သည်။


"ရွှီကော မင်းက‌ဝါးဖောင်နဲ့တောင်မှ လှော်တတ်တယ်ပေါ့"


"ရတာပေါ့ အသက်ရှင်ဖို့ မရှိမဖြစ်စကေးတစ်ခုပဲ"


ရွှီလော့ယန် ပြောပြီးနောက် အတော်လေးစိတ်ပျော်နေတာကြောင့် သီချင်းဆိုချင်လာသည်။ 


"ချန်အန်း မင်းကရှေ့မှာထိုင်နေတယ် လော့ယန်ကနောက်မှာရှိနေတယ်..."ပြီးတော့မှ သူရုတ်တရတ်သတိရသွားသည်။


စာသားတွေကတဲ့တိုးဆန်လွန်းတာကြောင့် ဒုတိယသီချင်းစာသားရောက်ခါနီးမှ အမြန်ပြန်ထိန်းလိုက်ကာ သူ့ကိုယ်သူ နာအောင်လုပ်မိလုနီးပါးဖြစ်သွားသည်။


ထိုအချိန်မှာပဲ ကျန်းလျို့ကရုတ်တရတ်အော်ပြောလာသည်။


"ရွှီကော ရွှီကော တခြားအသင်းကလူတွေမှီလာကြပြီ "


လှည့်ကြည့်လိုက်တော့ ရွှီလော့ယန် စုန့်ယောင်နှင့် သူ့အသင်းကလူတွေလည်းရေကန်ဆီရောက်လာတာကိုတွေ့လိုက်ရပြီး ဝါးဖောင်ကိုကြိုးဖြည်နေကြသည်။


လက်ခုပ်တီးပြီး သူအရှိန်မြှင့်လိုက်ကာ "ငါရဲ့လက်က နတ်ဘုရားလက် မတုန်လှုပ်သွားနဲ့ မတုန်လှုပ်နဲ့ "


သူတို့သုံးယောက်ကမ်းကပ်တော့ စုန့်ယောင်ရဲ့ဝါးဖောင်ကတစ်နေရာထဲမှာလည်နေကာ အရှေ့သို့သိပ်မရွေ့လာ၊‌၀မ်းသာသွားရပြီးချီချန်အန်း ချီးကျူးတာခံရဖို့အတွက် ရွှီလော့ယန် ပြေးလာကာ "ချန်အန်း ချန်အန်း ငါတော်တယ်မှတ်လား "


ချီချန်အန်းက သူ့ခေါင်းကိုပွတ်ပေးလိုက်ကာ "မင်းကအတော်ဆုံးပဲ "


သို့သော် ချီးကျူးခံရခြင်းကြောင့်ပျော်နေတဲ့စိတ်လေးကမိနစ်၀က်သာကြာလိုက်ပြီး သရဲအိမ်ရဲ့တံခါးနားမှာရပ်နေရင်း ချက်ချင်းဆိုသလို ရွှီလော့ယန် ကြောက်လာရပြီး ချီချန်အန်း၏အနောက်တွင်အလိုလိုပုန်းနေပြိးသားပင်၊ပြိုကျနေတဲ့တံခါးကြီးအား မျက်လုံးပြူးမျက်ဆံပြူးဖြင့်စိုက်ကြည့်နေပြီး ဘာစကားမှပြန်မပြောနိုင်တော့ပေ။



ကျန်းလျိုက ရှေ့နှစ်လှမ်းလျှောက်ပြီးမှကြည့်လိုက်ရာ ချီချန်အန်းနှင့် ရွှီလော့ယန်တို့က သူ့ကို လိုက်မမီကြောင်း ရုတ်တရက် တွေ့လိုက်ရသည်။  


"ရွှီကော မင်းကြောက်နေလား"

     

အမွှေးအခြောက်ခံထားတဲ့ကြောင်လေးလိုအမွှေးတစ်ထောင်ထောင်ဖြစ်နေတဲ့ ရွှီလော့ယန်ကမြန်မြန်လေးပြန်တုံ့ပြန်လိုက်၏။ 


"ဘယ်လိုဖြစ်နိုင်မှာလဲ ကျွန်တော်က ကလေးမဟုတ်ဘူး "


 သူကထိုသို့ပြောလိုက်ပေမယ့် လူကမူချီချန်အန်းရဲ့အနောက်မှာ ပုန်းနေဆဲဖြစ်ပြီး ခြေတစ်လှမ်းမှ မရွေ့သေးချေ။

    

ရွှီလော့ယန်၏တုံ့ပြန်မှုကို သဘောကျသဖြင့် ချီချန်အန်းက သူ့ကောင်လေးရဲ့လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး "သွားရအောင် ပေါင်ပေ့လေး ကိုယ်မင်းကို ကာကွယ်ပေးမယ်"


လူသုံးယောက်က သစ်သားတံခါးကို တွန်းဖွင့်ပြီး အထဲဝင်သွားချိန်တွင် အထဲမှာ အလင်းရောင်က အရမ်းမှောင်နေပြီး ဘယ်ကမှန်းမသိ၀င်လာတဲ့လေက တိုက်ခတ်လာတာကြောင့် လူကို အကြောင်းအရင်းမရှိကျောချမ်းသွားစေသည်။

     

မျက်လုံးများက အလင်း၏ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေဖြစ်အောင် တဖြည်းဖြည်းချင်း အချိန်ယူပြီးနောက် အတွင်းရှိဒီဇိုင်းကို ရှင်းရှင်းလင်းလင်းမြင်လိုက်ကြရသည်။  


"မမျှော်လင့်ဘဲ လမ်းနှစ်လမ်း ခွဲထားတာရှိနေတာပဲ ရွှီကော မင်းနဲ့ မစ္စတာချီက တစ်လမ်း ငါကတစ်လမ်းသက်သက် သွားကြမလား"


ရွှီလော့ယန်ရဲ့လက်တွေအေးစက်လာတာကိုခံစားမိသည်နှင့် ချီချန်အန်းက တစ်ဖက်လူ၏လက်ကို သူ့လက်ထဲတွင် တိတ်တဆိတ်ဆုပ်ကိုင်လိုက်ပြီး "အိုကေ၊ ဒါပေမယ့် ငါတို့ ရှာတွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ မိနစ်လေးဆယ်ကြာရင် ငါတို့ထွက်ပေါက်မှာ စုံကြမယ်"  

     

"ဟုတ်ကဲ့"  


ကျန်းလျိုသည် သူ့လက်ထဲတွင် ပရိုဂရမ်အဖွဲ့မှ ပေးထားသော မိုဘိုင်းလ်ဖုန်းကို လှုပ်ယမ်းပြပြီးနောက် ဘယ်ဘက်ရှိ လမ်းကို ကျပန်းရွေးချယ်ထွက်သွားသဖြင့် မကြာမီ သူတို့မြင်ကွင်းမှပျောက်ကွယ်သွား၏။


ချီချန်အန်းက သူ့အနောက်တွင် ရပ်နေသော ရွှီလော့ယန်ကို ကြည့်လိုက်သည်။  


"ကိုယ်တို့လည်း သွားရအောင်"

     

"အင်း၊ သွားရအောင်"  


ရွှီလော့ယန်က အသက်ပြင်းပြင်းရှုထုတ်ရင်း တွေးမိသည်က အကယ်၍များဓာတ်ပုံဆရာက သူ့အနောက်သို့ လိုက်မလာပါက၊ ယခုအချိန်တွင် ချီချန်အန်းရဲ့လက်မောင်းထဲ သူ့ကိုယ်သူ တိုက်ရိုက်ပစ်ထည့်ကာ နတ်ဆိုးရဲ့ စွမ်းအားတွေဖြင့် တစ်ကိုယ်လုံးဖုံးအုပ်ထားပစ်လိုက်မည်ပင်။

     

ညာဘက်ရှိ၀င်ပေါက်ထဲသို့၀င်ပြီး ခဏအကြာ လမ်းလျှောက်ပြီးနောက် သူတွေ့တာကို တိုးတိုးလေးကပ်ပြီးပြောပြလိုက်၏။


 "မြေက နည်းနည်းစိုနေတယ်"  


သူက ဆဲလ်ဖုန်းကို ထုတ်၊ ဓာတ်မီးကိုဖွင့်ကာကြည့်လိုက်ရာ မြေကြီးပေါ်မှထခုန်လုနီးပါးထိတ်လန့်သွားရသည်။ 


"ချန်အန်းကော...မြေပေါ်မှာသွေးတွေရှိနေတယ်“

    

ထိုစကားထွက်လာပြီးနောက်မှာ ပိုခြောက်ခြားစရာကောင်းတဲ့ ပဲ့တင်သံထွက်လာတော့သည်။

     

ချီချန်အန်းက ရွှီလော့ယန်ရဲ့ လက်ချောင်းတွေကို ရိုးရှင်းစွာ ဆုပ်ကိုင်ပြီး နူးညံ့စွာပြောလိုက်၏။


 "ဒါက အတု ဒီအတိုင်းခြောက်နေတဲ့ဆိုးဆေးတွေ" 


ယောကျာ်းအရင့်အမာကြီးနှစ်ယောက်က လေပြင်းတိုက်သံနှင့် လူပေါင်းများစွာ၏ ခြေသံများမှလွဲ၍ ကျန်တာမကြားရသည့်ပတ်၀န်းကျင်တွင် ငြိမ်သက်စွာ သွားလာနေကြသည်။  


ရွှီလော့ယန်ရဲ့ နှလုံးသားလေးမှာ ပြုတ်ကျလုနီးပါးထိတ်လန့်နေရသဖြင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို အသာသပ်လိုက်ပြီး " မြောင်းတစ်ခုရှိပုံရတယ်၊ ရေစီးသံကို ငါကြားနေရတယ်"  


သူကထောင့်စွန်းဘက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရွှီလော့ယန်က မကျေမနပ်ဖြင့်"တွေ့လား ငါပြောသားပဲ ဒီမှာ ရေမြောင်းတွေရှိတယ်လို့ ဒါပေမယ့်..."

    

ထိုအချိန်တွင်ပင် ရွှီလော့ယန်သည် သူ့ခြေကျင်းဝတ်ကို အေးစက်စက်အရာတစ်ခုခုရဲ့ ဆုပ်ကိုင်တာကို ခံလိုက်ရမှန်း ရုတ်တရက် ခံစားလိုက်ရသည်။ ခေါင်းငုံ့ကာကြည့်လိုက်ရာ ရေမြောင်းထဲရှိ သတ္တုတုံးများကြားထဲမှ ဖြူဖြူဖျော့ဖျော့ ပိန်ပိန်ပါးပါးလက်တစ်ဖက်က သူ့ ခြေကျင်းဝတ်ကိုဖမ်းဆွဲနေတာကိုတွေ့လိုက်ရ၏။

     

ရွှီလော့ယန်မှာ နှလုံးပြုတ်ကျလုမတတ် ထိတ်လန့်သွားရသည်။ ငါးစက္ကန့်လောက်ကြာပြီးနောက် သူက ချီချန်အန်းရဲ့ရင်ခွင်ထဲကိုတိုက်ရိုက်ပြေး၀င်သွားပြီး "ချန်အန်းကော ကျွန်တော်ကိုကယ်ပါဦး သရဲရှိတယ် သူကျွန်တော်ခြေထောက်ကို ကိုက်တော့မယ်! “

     

သူ့ရဲ့အောင်မြင်လှတဲ့အော်သံက သူ့အနောက်က ကင်မရာမန်းအစ်ကိုနှင့် ရေဆိုးမြောင်းထဲက သရဲတွေလို ဟန်ဆောင်ထားတဲ့ ဝန်ထမ်းတွေကို အံ့သြသွားစေသည်။ ချီချန်အန်းက သူ့လက်မောင်းထဲကလူသားလေးကိုပွေ့ဖက်လိုက်ပြီး ကျောကို ညင်သာစွာပုတ်ပေးရင်စနှစ်သိမ့်စကားဆိုလိုက်သည်။  


"ဟုတ်ပြီနော် ကိုယ်ဒီမှာရှိတယ် မင်းခြေထောက်တွေ အကိုက်မခံရတော့ဘူးနော်"

    

ကင်မရာဖြင့် ရွှီလော့ယန်ကိုရိုက်ကူးရန် တာဝန်ရှိတဲ့ ဓာတ်ပုံဆရာ ကျန်းရှင်းက လေသံလေးဖြင့်မေးလာ၏။


“လော့ယန် သူ…” 


အားလုံးအဆင်ပြေရဲ့လားဟင်...

     

ချီချန်အန်းက သူ့ခါးကို ဖက်ထားတဲ့သူကို ကူကယ်ရာမဲ့စွာငုံ့ကြည့်လိုက်ပြီးနောက် ကင်မရာမန်းကိုအသာပြုံးပြ၍ဆိုလိုက်သည်။


"ဝန်ထမ်းက သူ့ကိုခြောက်လိုက်တာ"

     

ချီချန်အန်းရဲ့လက်မောင်းထဲ မိနစ်ဝက်ကြာအနားယူပြီးနောက်၊ ရွှီလော့ယန်က မတ်မတ်ပြန်ရပ်ရန် အတော်ရုန်းကန်လိုက်ရပြီး ထို့နောက် သူ့မျက်နှာကို ပွတ်သပ်၍ဆိုလိုက်သည်။  


"ဆက်လုပ်ကြရအောင် ငါတို့မှာ လုပ်စရာတွေ ရှိသေးတယ်"

     

ချီချန်အားက ထိုလူသားလေးရဲ့မျက်နှာဖြူဖျော့နေတာကို မြင်လိုက်သည်နှင့် ချက်ချင်း စိတ်တိုသွားသည်။ သူက မြေပြင်မှာ ဒူးထောက်ထိုင်လိုက်ပြီး လက်ကိုဆန့်ကာ ထိုလူသားလေးရဲ့ခြေကျင်းဝတ်ကို အသာပွတ်သပ်ပေးလိုက်သည်။ ထိုင်ရာကထပြီးနောက် ထိုသူ့နားကို အသာချဉ်းကပ်လိုက်သည်။  


တခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူက တိုးတိုးလေး နှစ်သိမ့်စကားဆို လိုက်သည်။


"မကြောက်နဲ့နော် ဒီနတ်ဆိုးကြီးက မင်းကို ကာကွယ်ပေးမယ်"


xxxxxxx