အပိုင်း ၈၀
Viewers 6k

Chapter 80




ရွှီလော့ယန်၏ စိတ်ဓာတ်များ သိသိသာသာ ပြန်လည်ကောင်းမွန်လာတာကို မြင်ပြီး သူတို့အနောက်မှ ကင်မရာဆရာက ချီချန်အန်းပြောလိုက်သည့်စကားကို အလွန်သိချင်နေမိသော်လည်း သူ ဘာမှ မကြားရသဖြင့် စိုက်ကြည့်နေရုံသာ တတ်နိုင်၏။

     

သို့ပေမယ့် လမ်းရဲ့နောက်တစ်ပိုင်းကိုရောက်ချိန်တွင်၊ ရွှီလော့ယန်က အတော်လေးပြန်တည်ငြိမ်သွားပြီဖြစ်သည်။


သူ့ပတ်၀န်းကျင်မှာလေတိုက်လာတာကိုသတိထားမိသည်နှင့် ချီချန်အန်းရဲ့အင်္ကျီအစကို လက်နှစ်ဘက်ဖြင့်ဆွဲကိုင်လိုက်ပြီး တွေးတွေးဆဆဖြင့်ဆိုလိုက်သည်။


"ဒါရိုက်တာ ဝမ်က ပြောတယ် task itemတွေ ဒီမှာရှိတယ်တဲ့၊ ဒါပေမယ့် လမ်းတစ်လျှောက်လုံး ဗလာနံရံတွေပဲ ရှိတယ် ထူးထူးခြားခြား ဘာမှကို မတွေ့မိဘူး"

     

ချီချန်းကအရိပ်ထဲမှာ ရပ်နေတဲ့ပုံရိပ်ကို သတိထားမိသဖြင့် ရွှီလော့ယန်ရဲ့ မျက်လုံးတွေထက်သူ့လက်ကို တင်လိုက်သည်။  


"တစ်ခုခုကြားရင် မျက်လုံးမဖွင့်နဲ့"

    

ရွှီလော့ယန်က ခေါင်းညိတ်လိုက်သည်။  


"ကောင်းပြီ ငါမျက်လုံးမဖွင့်ဘူး"

     

ထို့နောက်မှာတော့ ရွှီလော့ယန်က ချီချန်အန်းရဲ့ ခြေသံကို ပထမဆုံးကြားရပြီး နေုက်ဆက်တွဲအနေဖြင့် သူ့အနောက်မှ ကင်မရာမန်းရဲ့ အာမေဋိတ်သံအပြင် သိပ်မရှင်းလင်းတဲ့ အဝတ်အထည်ပစ္စည်းတွေရဲ့ ပွတ်တိုက်သံတွေကို ကြားလိုက်ရသည်။  


သူက မျက်လုံးမှိတ်ထားလျက် မတ်တပ်ရပ်နေဆဲဖြစ်ကာ စပ်စုချင်စိတ်ဖြင့် တိုးတိုးလေးမေးလိုက်သည်။ 


"ချန်းအန်း မင်းဘာလုပ်နေတာလဲ ငါ မျက်လုံးဖွင့်လို့ရပြီလား “

    

 "ရပြီ"


သူ့မျက်လုံးတွေဖွင့်လိုက်သည်နှင့်တပြိုင်နက် ချီချန်အန်းက"တစ္ဆေ" အရှေ့မှာရပ်နေတာကို ရွှီလော့ယန်တစ်ယောက် မြင်လိုက်ရပြီး တစ်ဖက်မှကာယကံရှင်ထံကထွက်ကျနေတဲ့ "လျှာအရှည်ကြီး" ဖြင့် ထိုသူ့ရဲ့လက်များကို တွဲချည်ထားပုံက တစ်ဖက်လူအား လုံး၀အနိုင်ကျင့်နေသည့်အသွင်အပြင်ကိုဖော်ဆောင်နေ၏။  


မြင်ကွင်းက နည်းနည်းတော့မှော်ဆန်နေတယ်...။

 

ရွှီလော့ယန်ကနေရာမှာ ခဏကြာကြောင်ရပ်နေပြီးမှ ရုတ်တရက် ချက်ချင်းဆိုသလို ချီချန်အန်းရဲ့အနောက်ကို အမြန်ပြေး၀င်သွားလိုက်သည်။  


"ချန်အန်းကောက အကောင်းဆုံးပဲ"  


သူအရမ်းဂုဏ်ယူနေပြီနော်...


ချီချန်အန်းက သူ့အမြင်ကို ပိတ်ဆို့ပေးထားပြီး သရဲဆိုသူကိုမေးလိုက်သည်။


"မစ်ရှင်ပစ္စည်းတွေ ဘယ်မှာလဲ" 

   

  "သရဲ"က ခေါင်းကို အထပ်ထပ်အခါခါယမ်းပြကာ "ငါမသိဘူး"

    

 "နောက်ဆုံးအကြိမ်မေးမယ် ဘယ်မှာလဲ"

   

  "သရဲ" အဖြစ် ဟန်ဆောင်ရသော ဝန်ထမ်းမှာချီချန်အန်းရဲ့ စူးရှတဲ့အကြည့်ဖြင့် ကြည့်တာကို မခံနိုင်တော့ဟု ခံစားလိုက်ရသည်။  


ညီအစ်ကိုတို့၊ ငါတောင်းပန်ပါတယ်ကွာ... 


"ကျွန်တော့် အရှေ့က ကျောက်စားပွဲထဲမှာ "


 ရွှီလော့ယန်က သက်ပြင်းချလိုက်ပြီး "ဒီလို မျိုးလည်းရသလား" 


ဆိုရလျှင် သူတို့သာ ၀န်ထမ်းတွေကို မေးခွန်းများမေးဖို့ အတင်းအကြပ်မလုပ်ဘူးဆိုပါက၊ ထိတ်လန့်ခြောက်ချားစရာအခန်းကြီးကို သုံးကြိမ်တိုင်တိုင်လှည့်ပတ်ကြည့်လျှင်ပင် မည်သည့်အရာကိုမျှ ရှာတွေ့နိုင်မည်မဟုတ်ပေ၊၊


ယဉ်ကျေးမှုဒါရိုက်တာနဲ့ ပရိုဂရမ်အဖွဲ့က သိပ်စေတနာကောင်း၊ရည်ရွယ်ချက်ကောင်းတွေရှိနေတာပဲ။

   

နောက်ဆက်တွဲအနေဖြင့် ယခုလိုမြင်ကွင်းမျိုးကိုမြင်လိုက်ရတာကြောင့် ရွှီလော့ယန်ရဲ့ ရဲစွမ်းသတ္တိကို 50%လောက် တိုးသွားစေသည်။ သူက ချီချန်အန်းရဲ့လက်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပေမယ့် အစပထမတုန်းကလောက်တော့ သိပ်မကြောက်တော့ချေ။


“လေအေးတွေအားလုံးက လေအေးပေးစက်ကလာတာ၊ လေအေးပေးစက်၊ လေအေးပေးစက် နဲ့ လေအေးပေးစက်တွေ ရှိတယ်”

     

နောက်က ကင်မရာမန်းနှစ်ယောက်မှာ ထိုစကားကို ကြားပြီး မရပ်မနား ရယ်မောလိုက်မိကြသည်။

     

လမ်းနည်းနည်းလျှောက်ပြီးနောက် ထူးထူးခြားခြားပုံစံ ကျောက်စားပွဲတစ်ခုကို တွေ့လိုက်ရသည်။ သူတို့နှစ်ဦး နှစ်မိနစ်ကြာ စောင့်ကြည့်ခဲ့ကြပြီး နောက်ဆုံးတွင် ကျောက်တုံးကို အတူတကွမ၍ အတွင်းဘက်ရှိသတ္တုသေတ္တာကို ဆွဲထုတ်လိုက်ကြသည်။ဖော်


မိနစ် ၄၀ တိတိကြာပြီးနောက် ကျန်းလျိုက ထိတ်လန့်ခြောက်ချားစရာအခန်းထဲမှ အချိန်မီထွက်လာနိုင်ခဲ့သည်။ 


သူ့လက်ထဲက ကတ်ပြားကို ဝမ်းသာအားရ လှုပ်ယမ်းရင်းဆိုလာသည်။  


"ရွှီကော မစ္စတာချီ ကျွန်တော် နေ့လည်စာကူပွန် ရှာတွေ့ခဲ့တယ်"

     

ရွှီလော့ယန်က အပြေးအလွှားပြေးသွားပြီး "နေ့လည်စာကူပွန်ဟုတ်လား အရမ်းကောင်းတယ် ရော့ဒီမှာ မင်းအတွက်အနီရောင် ပန်းပွင့်လေးတွေ“


[ T/N - အနီရောင်ပန်းပွင့်ဆိုတာ KGမှာကလေးလေးတွေတော်ရင် ဆုချတာမျိုးပါ ]


မထင်မှတ်ထားစွာ သူ့အနောက်မှလိုက်လာသော ချီချန်အန်းက ရုတ်တရက် ဆူပုတ်ပုတ်မျက်နှာဖြင့်မေးချလာသည်။


 "ကိုယ့်အတွက်ကော ဘယ်မှာလဲ"

    

 ချီချန်အန်းကအနည်းငယ် စိတ်မချမ်းသာဖြစ်နေပုံရပြီး ကင်မရာကို တမင်ရှောင်ဖယ်သွားနေတာကို ချက်ခြင်းသတိပြုမိလိုက်သည်၊၊ 


ရွှီလော့ယန်က သူ့ လက်ချောင်းလေးများကို ချီချန်အန်းရဲ့လက်ချောင်းလေးများဖြင့် အသာချိတ်တွယ်ပြီး ညင်သာစွာ လှုပ်ယမ်းနေရင်း စကားမတစ်ခွန်းမဆိုတော့ဘဲ သူ့ကိုသာပြုံးကြည့်နေလိုက်၏။

     

သူ့နှလုံးသားထဲ တိုး၀င်လာတဲ့ မနာလိုစိတ်က လျင်မြန်စွာပင် အငွေ့ပျံသွားပြီး ချီချန်အန်းက သူ့နူတ်ခမ်းထောင့်စွန်းကို မထိန်းချုပ်နိုင်စွာ တွန့်ကွေးလိုက်မိတော့သည်။


ကျန်းလျိုလေးမှာမူအနားတွင်ရပ်နေသဖြင့် ရှင်းရှင်းလင်းလင်းမြင်နေရပြီး ကမ္ဘာမြေကြီးနှင့်အပြိုင်သူ့ သူ့နှလုံးသားတစ်ခုလုံး တုန်ခါသွားသလိုခံစားလိုက်ရသည်။


ငါတော့ အစစ်အမှန်cp ကိုမှ Stanနေမိတာပဲ အား!!!မျက်လုံးတွေ ကန်းတော့မယ်!

     

အရင်ကပြောခဲ့သည့် လမ်းကြောင်းမြေပုံအတိုင်းထမင်းစားခန်းကိုရောက်လာကြသည်၊ အကြောင်းပြချက်မှာ သူတို့၃ယောက်တွင် နေ့လည်စာကူပွန်တွေရှိတာကြောင့်ဖြစ်ပြီး ဟင်းလျာတွေကလည်း အရမ်းကိုပေါကြွယ်နေ၏။


ရွှီလော့ယန်က ထိုင်ချလိုက်ပြီး ချီချန်အန်းအရှေ့ရှိ ဖန်ခွက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်လဲရန် မီးဖိုချောင်ထဲက တစ်ယောက်ယောက်ဆီ ဖန်ခွက်ကိုတိုက်ရိုက်ယူသွားလိုက်သည်။  


ကျန်းလျို "ဒီဖျော်ရည်ခွက်က ဘာဖြစ်လို့လဲ"  


ရွှီကောက ဘာလို့ အထူးတလည် အရေးတယူဖြစ်နေရတာလဲ...။  


ချီချန်အန်းက ရွှီလော့ယန်ဘက်ကို အသာစောင်းငဲ့ကြည့်လိုက်ပြီး "ဘာမှမဟုတ်ပါဘူး၊ ကျွန်တော်ကဗိုက်သိပ်မကောင်းလို့ ရေခဲပါတာစားလို့မရဘူးလေ အဲ့ဒါကြောင့် ပန်းသီးဖျော်ရည်လည်းသောက်မရတာ"

     

ထိုသို့ လိမ်စဥ်တွေဖြင့်ပြည့်နေတဲ့စကားတွေကိုနားထောင်ပြီးနောက်၊ ကျန်းလျို့တစ်ယောက် သူက အရူးတစ်ယောက်လို့ ခံစားလိုက်ရ၏။

     

ထမင်းစားရင်းတန်းလန်းတွင် လူသုံးယောက်အဖွဲ့တစ်ဖွဲ့ရောက်လာသည်။ 


စုန့်ယောင်က ကြက်တောင်ပံတွေစားနေတဲ့ ရွှီလော့ယန်ကိုမြင်သည်နှင့် သူ့အမူအရာက ရုတ်တရတ် ကြည့်ရဆိုးသွားပေမယ့် မကြာခင်မှာဘဲ သူက အပြုံးကိုပြန်ထိန်းလိုက်ပြီး "မင်းနဲ့ အဖွဲ့မလိုက်ရတာ သနားစရာပဲ" ဟု ဆိုလာသည်။


 လေသံလေးကအစ ပကတိ ဝမ်းနည်းစရာအပြည့်ပင်။


ရွှီလော့ယန်မှာဒီလိုပြောပြစ်လိုက်ချင်သည်။


 "သနားစရာကောင်းတယ်လို့တော့ မထင်ပါဘူး၊ဘာလို့ဆို မင်းက အရမ်းပြုံးရယ်နေတာပဲလေ ပြီးတော့ ဒီလူစုကြီးထဲမှာ တစ်ယောက်မှ ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာ မသိတဲ့သူက မပါဘူးဆိုတော့လေ"


ရွှီလော့ယန်က တိတ်ဆိတ်နေတာကိုမြင်တော့ စုန့်ယောင်က ထပ်မံ၍ရန်စလိုက်သည်။ 


"မင်းက ငါတို့ထက် အများကြီးမြန်လိမ့်မယ်လို့ ငါမမျှော်လင့်ထားမိဘူး၊ မင်းကထိတ်လန့်ခြောက်ချားစရာအိမ်ရဲ့ မစ်ရှင်ပစ္စည်းတွေကို ရခဲ့တယ်ဆိုပေမယ့် နေ့လည်အထိအချိန်ရှိပါသေးတယ်၊ ငါတို့လည်း ဖြစ်နိုင်တယ်လေ နိုင်တဲ့သူက အနိုင်အရှုံးကမသဲကွဲသေးပါဘူးကွာ"

    

အိုး..ဆိုတော့ သူကနေ့ခင်းဘက်ကြီး ရန်ထပ်ဖြစ်ချင်သေးတယ်ပေါ့...။  


ရွှီလော့ယန် "ငါတို့မနက်ခင်းကတည်းက ကံကောင်းလိုက်တာကွာ အိုက်ယား...စိန်ခေါ်တာကိုလက်ခံတယ်နော် အတည်ပြောတာ..."

     

ကျန်းလျိုကသူ့အနားတွင်သာ ငြိမ်ငြိမ်လေး ရပ်နေပြီး စုန့်ယောင်ရဲ့ရုပ်ဆိုးဆိုးအမူအရာကို ပျော်တပြုံးပြုံးကြည့်နေတော့သည်။


နေ့လယ်စာစားပြီးနောက် လူသုံးဦးက မြက်ခင်းပြင်တွင် ထိုင်ကာ ထိတ်လန့်ခြောက်ချားစရာနေရာမှရသည့် သတ္တုသေတ္တာကို ထုတ်ယူလိုက်သည်။ သေတ္တာထဲတွင် မျဥ်းတွေရောနှောထားတဲ့ ခပ်ပါးပါးသတ္တုပြားတစ်ခု ရှိနေပြီး ယင်းက အစိတ်အပိုင်းတစ်ခုသာ ဖြစ်ကြောင်း သုံးဦးသားက သဘောတူသုံးသပ်လိုက်ကြပြီးနောက် အကြောင်းအရာ အပြည့်အစုံကို မြင်တွေ့နိုင်ရန် အပိုင်းများများရှာရန်ဆုံးဖြတ်လိုက်ကြ၏။


ဒုတိယမြောက်ပစ္စည်းက ကဒ်တစ်ခုပင်။  


ကျန်းလျို့က ကဒ်ပေါ်ရှိ စကားလုံးများကို ဖတ်ပြ၏


 "ခြားနားတဲ့ကမ္ဘာဆီသို့ တံခါးကို တစ်နာရီအချိန်တွင် အချိန်မှန်ဖွင့်မည်ဖြစ်ကြောင်း ရင်းနှီးစွာသတိပေးလိုက်ပါတယ်"


ရွှီလော့ယန်က မြက်ခင်းပြင်ပေါ်၌ လဲလျောင်းနေရင်း ချီချန်အန်းရဲ့ပေါင်ပေါ်တွင် ဦးခေါင်းကို တင်ထားကာ တစ်ကိုယ်လုံးကမူ အတော်လေးစိတ်အေးလက်အေးရှိနေပုံပင်။


 "နည်းနည်းလေးကျန်သေးတယ်..."  


အချိန်က 12:30 မရောက်သေးချေ။ထို့ကြောင့် မိနစ်သုံးဆယ် ဒါမှမဟုတ် လေးဆယ်လောက် ကျန်နေသေးသည်။  


"ဒါပေမယ့် မတူညီတဲ့ကမ္ဘာတစ်ခုရဲ့တံခါးက ဒီနေရာရဲ့အပန်းဖြေဥယျာဉ်ထဲမှာ တကယ်ပဲရှိနေတာလား"


ကျန်းလျိုက သူ့လက်ကိုင်ဖုန်းဖြင့် ရိုက်ထားတဲ့ မြေပုံကို ဖွင့်ပြီး ဂရုတစိုက် ရှာကြည့်လိုက်သည်။  


"တံခါးနဲ့ပတ်သက်တဲ့ နေရာတော့မရှိဘူး၊ ဒီစာကြောင်းမှာ တခြား လျှို့ဝှက်ထားတဲ့ အဓိပ္ပါယ်တွေများရှိနေသေးလား ရွှီကော ကောရောဘယ်လိုထင်လဲ “

     

နာရီပေါင်းများစွာ လက်တွဲပြီးအတူလုပ်ဆောင်ခဲ့ကြသော်လည်း ကျန်းလျိုသည် ချီချန်အန်း နှင့် စကားပြောရန် ကြောက်ရွံ့နေဆဲဖြစ်ပြီး အဓိက ရုပ်ရှင်ပွဲတော်များရဲ့အဓိကဇာတ်ကောင်၊ ရုပ်ရှင်နှစ်ကားရှိ ထက်မြက်ထူးချွန်တဲ့ ထိုသူ့ရဲ့ အောင်မြင်မှုတွေကြောင့် တစ်ဖက်နှင့် တစ်ဖက် ဝေးကွာလွန်းသည်ဟု အမြဲခံစားနေရ၏။


ခံစားချက်က "မသေမျိုးတန်ခိုးရှင်" တစ်ယောက်ကိုမြင်နေရသလိုပင်။

    

ရွှီလော့ယန်က ချီချန်အန်းကို မော့ကြည့်လိုက်ပြီး "ချန်အန်း မင်း ဘယ်လိုထင်လဲ"


နေ့ခင်းနေရောင်က အရမ်းကောင်းပြီး သက်သောင့်သက်သာရှိစေသည့်အပြင် ချီချန်အန်းရဲ့မျက်နှာလေးပါ ထပ်ပေါင်းထည့်လိုက်တော့ သူ့အသံလေးကအစ အော်တိုပျော့ပျောင်းနူးညံ့သွား၏။  


ကျန်းလျို့မှာ ထိုအသံကို နားထောင်ပြီး အနည်းငယ် အံ့သြသွားရသည်- အရင်တုန်းက မင်းက ဒီလိုလူမျိုးဆိုတာမသိခဲ့ဘူး ရွှီကောရာ။

     

ရွှီလော့ယန်က သဘာ၀ကျကျ လက်ကိုမြှောက်ပြီး သူ့မျက်လုံး မြင်ကွင်းအရှေ့မှာ လာကာနေတဲ့ ဆံပင်တွေကို ဖယ်ထုတ်ပစ်လိုက်သည်။ 


ချီချန်အန်း "အဲဒါက Essoya နန်းတော်ထဲမှာပဲ ဖြစ်မယ်"

     

ထိုနာမည်ကိုကြားတော့ ကျန်းလျိုက ခေါင်းငုံ့ပြီး ချက်ချင်းရှာကြည့်လိုက်ရာ မကြာခင်မှာပဲ ထိုနာမည်နှင့် အမှတ်အသားပြုထားတဲ့ အဆောက်အဦးကို ရှာတွေ့သွားသည်။  


"ဒါက အရှေ့တောင်ဘက်မှာ ရှိတယ်၊ ကျွန်တော်တို့နဲ့ နည်းနည်းဝေးတယ်၊ ဒါပေမယ့် ကျွန်တော် သတိထားမိတာရှိတယ် အဲဒီကို စက်ဘီးနဲ့ သွားလို့ရတယ်"

     

သုံးယောက်သား ပစ္စည်းတွေ ထုပ်ပိုးပြီး အပြင်ထွက်ဖို့ အဆင်သင့်ဖြစ်တဲ့အခါ ရွှီလော့ယန်က ချီချန်အန်းကို မေးလိုက်သည်။ 


"မင်းက ဘယ်မှာလဲဆိုတာ ဘယ်လိုလုပ်ပြီးသိတာလဲ ဘာပါလိမ့် ..Es...ဘာဆိုတဲ့ နန်းတော်ကို “

     

"ဘာလို့လဲဆိုတော့ ဒဏ္ဍာရီပုံပြင်ထဲမှာ Essoya ရဲ့နန်းတော်မှာ တံတိုင်းတစ်ခုရှိတယ်၊ နံရံပေါ်ကမေးခွန်းတွေကို မှန်မှန်ကန်ကန်ဖြေနိုင်နေသမျှ အဲဒီနံရံပေါ်က တံခါးကနေတစ်ဆင့် လှပတဲ့ကမ္ဘာကြီးထဲကို ဝင်ရောက်သွားနိုင်တယ်"

    

 "မင်းအဲ့ဒါကိုသိတာ ငါဖြင့် မယုံနိုင်သေးဘူး ချန်အန်းမင်း ဦးနှောက်ထဲမှာ ဘာတွေရှိနေတာလဲ စွယ်စုံကျမ်းများလား..."


 "စွယ်စုံကျမ်းတော့ မရှိဘူး"


ချီချန်အန်းက စိတ်အားထက်သန်စွာဖြင့် အဖြေလေးကို ပြန်ဖြေပေးလာသည်။  


"မင်းနဲ့ပတ်သတ်တာတွေပဲရှိတယ်"


  "..."


နားရွက်ဖျားက ချက်ချင်းပင် ပူလောင်လာတော့သည်၊ ရွှီလော့ယန်က ခြေလှမ်းအနည်းငယ် မြန်မြန်လှမ်းလိုက်မိပြီး ထိုလူနှင့်စကားပြောဖို့ နည်းလမ်းမရှိတော့ဘူးလို့ ခံစားလိုက်ရ၏။

    

သို့ပေမယ့် စက်ဘီးရပ်သည့်နေရာကို ရောက်တဲ့အခါမှာတော့ စက်ဘီးက နှစ်စီးပဲ ရှိတာကို တွေ့လိုက်ရသည်။ 


ရွှီလော့ယန်သည် ပရိုဂရမ်အဖွဲ့ရဲ့ ရည်ရွယ်ချက်ရှိရှိ အကျင့်ယုတ်ခြင်းဖြစ်မှန်းကို ခံစားမိသော်လည်း ၀တ္တရားရှိနေသေးသဖြင့်ထုတ်မေးလိုက်သည်။


"ကျန်းလျို မင်း၊ ငါနဲ့ ချန်အန်း ဘယ်လိုလုပ်ကြမလဲ"

     

သုံးယောက်စလုံးက ပရိုဂရမ်အဖွဲ့ရဲ့အစီအစဉ်ကို သဘောတူလိုက်ကြပေမယ့် မေးစရာ ထပ်ပေါ်လာပြန်သည်- ဘယ်သူက ဘယ်သူကို တင်မောင်းမလဲ။

     

ချီချန်အန်းက အရှေ့တည့်တည့်တွင် ၀င်ထိုင်လိုက်ပြီး နောက်ထိုင်ခုံကို လက်ဖြင့်ပုတ်ကာ "တက်လေ"

     

သစ်ပင်တွေရဲ့အရွက်တွေကြားကနေတဆင့် နေ၀င်လာသဖြင့် ချီချန်အန်းရဲ့ အပေါ်ထိုနေပြောက်လေးတွေ ထိုးနေပုံက အရမ်းကိုလှပလွန်းနေသည်။ ရွှီလော့ယန်ကအမြန်ထိုင်လိုက်ပြီးနောက် ချီချန်အန်းရဲ့ခါးပေါ်ရှိ အဝတ်အစားတွေကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး တိုးတိုးလေးကပ်ပြောလိုက်၏။


"ငါ့ကို ပျက်စီးအောင် အရမ်းအလိုလိုက်နေတာပဲ"  


မျက်လုံးထဲရှိ အပြုံးကမူ နေရောင်ကဲ့သို့ တဖြတ်ဖြတ်တောက်ပနေခဲ့သည်။

     

ချီချန်အန်းက စက်ဘီးအရှေ့လက်ကိုင်ကို လက်နှစ်ဖက်ဖြင့် သေချာကိုင်ထားရင်းမှ အပြုံးနုလေးဖြင့် သူ့ကိုကြည့်ကာဆိုလာသည်။  


"မင်းကိုမှ မပျက်စီးအောင်မဖျက်စီးရင် ဘယ်သူကိုသွားလုပ်ရမှာလဲ"


သူ့စက်ဘီးဘေးမှာ ထိုင်နေဆဲဖြစ်သည့် ကျန်းလျိုဟာ စက်ဘီးက ခွေးစာတွေ သေချာသယ်နိုင်ပါ့မလားဆိုတာ ရုတ်တရက် စိတ်ပူမိသွား၏။


__


 ရွှီနျောင်နျောင်ရဲ့ ဆူညံတဲ့ ခံစားချက်လေးတွေ-

   

ချီချီရဲ့ ချစ်ခြင်းမေတ္တာစကားပြောတဲ့ စွမ်းရည်က ဘာလို့သောက်ကျိုးနည်းအောင်မိမိုက်နေရတာလဲ ငါလည်း သင်ယူချင်တယ်လေ!


_____


Translated By IQ-Team.