အပိုင်း ၈၁
Viewers 6k

Chapter 81


စက်ဘီးက ခိုင်ခံပြီးသယ်နိုင်စွမ်းရှိကြောင်းကို သက်သေပြခဲ့သည်။ ရွှီလော့ယန်နှင့်အတူ ချီချန်အန်း စက်ဘီးကိုအမြန်နင်းပြီး မကြာခင် သွားရမည့်နေရာသို့ရောက်လာလေသည်။


Ursoia နန်းတော်၏ပုံစံက အတော်လေးကိုထူးခြားဆန်းပြားလှသည်။အချိန်ကိုကြည့်လိုက်ပြီး ကျန်းလျို့ကသူတို့နှစ်ယောက်ကိုပြောလာသည်။


 "အခု 12:40ရှိနေပြီ "


"ဒါဆို မြန်မြန်လေးသွားရအောင်၊ပရိုဂရမ်အဖွဲ့ရဲ့ လုပ်နေကျအတိုင်းဆိုရင် သူတို့က ငါတို့ကို သာမာန်လမ်းကနေသွားခိုင်းမှာမဟုတ်လောက်ဘူး" ဟုပြောလိုက်ကာ ရွှီလော့ယန် နန်းတော်တံခါးအားတွန်းဖွင့်လိုက်တော့ အထဲကမီးတွေက ချက်ချင်းဆိုသလို လင်းလာလေသည်။


သူတို့နှင့်မလှမ်းမကမ်းမှာရှိ‌နေသည့်"You Say, I Guess"ဆိုသည့်စာလုံးလေးလုံးပါသည့် သစ်သားဆိုင်းဘုတ်ကိုကြည့်လိုက်ပြီး ရွှီလော့ယန် အံဩနဘန်းဖြစ်သွားကာမေးလိုက်သည်။


"ငါကရှေ့ဖြစ်ဟောတဲ့သူလား ဒါမှမဟုတ် နတ်ဆိုးလားဟင် "


ထိုအချိန်၌ ဒါရိုက်တာ၀မ်၏အသံကအခန်းထဲမှာထွက်ပေါ်လာသည်။ 


"မင်းတို့တစ်ယောက်နဲ့တသ်ယောက်ဘယ်လောက်နားလည်မှုရှိလဲစမ်းသပ်ဖို့အချိန်ရောက်လာပြီ၊မင်းတို့သုံးယောက် Aကဆိုင်းဘုတ်ကိုကိုင်ထားမယ်၊Bကဆိုင်းဘုတ်ပေါ်က စာလုံးနဲ့စာသားကိုသရုပ်ဖော်ပေးရမယ်၊Cကသရုပ်ဖော်ပြတာကိုကြည့်စာလုံးကိုခန့်မှန်းပေးရမယ်၊၁၀ခုမှာ၈ခုမှန်ရင် မင်းတို့နိုင်တယ် "


ရွှီလော့ယန်ကမေးလိုက်သည်။


"ငါတို့မရရင်ဘယ်လိုလုပ်မလဲ "


"အဲ့ဒါဆို နောက်တစ်ခေါက်ထပ်လုပ်ရမယ် "


"....."ခဏလောက်စဉ်းစားလိုက်ပြီး ရွှီလော့ယန် နောက်ဆုံးမေးခွန်းတစ်ခုကိုမေးလိုက်သည်။


 "တခြားအသင်းကလူတွေ အခုဘာလုပ်နေလဲ "


"တခြားသဲလွန်စကနေပြီး တခြားနေရာကိုသွားနေတယ်"


သူတို့သုံးယောက် အမြန်ဆွေးနွေးတိုင်ပင်လိုက်ကာ ကျန်းလျျု့ကဆိုင်းဘုတ်ကိုင်ပြီး ရွှီလော့ယန်ကတော့သရုပ်ဖော်ပေးမည်ဖြစ်သည်။ချီချန်အန်းကတော့ ခန့်မှန်းပေးရမည်။သူတို့ တာ၀န်ခွဲဝေပြီးတဲ့နောက် ကျန်းလျို့က "မနာလိုဖြစ်တာ"ဆိုသည့်စာလုံးနှစ်လုံးပါသည့်ဆိုင်းဘုတ်ကိုထောင်ပြလာလေသည်။


ရွှီလော့ယန် "ပြီးခဲ့တဲ့အ‌ခေါက် တီးဝိုင်းဖျော်ဖြေပွဲတူတူသွားကြည့်တော့ မင်းစင်ပေါ်သီးချင်းတတ်ဆိုတုန်းက ငါဘာဖြစ်လဲ နှစ်လုံးထဲ စာလုံးက "


တီးဝိုင်းဖျော်ဖြေပွဲတူတူသွားကြည့်တယ်...ချီချန်အန်းကသီချင်းတောင်တတ်ဆိုလိုက်သေးတယ်၊ ကျန်းလျို့အံဩလွန်း၍ မျက်လုံးပင်ပြူးသွားရသည်။


"ဘုရားရေ ရွှီကောက လုံး၀ပေါက်ကွဲထွက်စေမယ့်သတင်းကိုချပြနေပါလား "


ချီချန်အန်း အဖြေမှန်အား အမြန်ပြန်ဖြေလိုက်သည်။


"မင်းမနာလိုဖြစ်သွားတယ်၊အဖြေက မနာလိုဖြစ်တာလား "


"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်"


ဒုတိယမြောက်ထောင်ပြလာတဲ့ဆိုင်းဘုတ်ကို ကြည့်လိုက်ပြီး ရွှီလော့ယန်က "မနေ့ကမနက် ငါ့မင်းကို ဘာချက်ပေးခဲ့လဲ၊စာလုံး၃လုံး ဟင်းချက်နည်းကော ဘာငှက်အမျိုးအစားလဲ ကောသိပါတယ်"


"ကြက်ဥကြော် "ကျန်းလျို့ကဆိုင်းဘုတ်စက်လိုမျိုး အမြန်ပြောင်းရင်းတွေးတောလိုက်သည်။


ဒီစာသားမှာပါတဲ့အချက်အလက်ကအများကြီးပဲ...


"ဟုတ်ပြီ နောက်တစ်ခုက ငါ တစ်ယောက်ယောက်ရဲ့ပစ္စည်းနဲ့အရိုက်ခံလိုက်ရပြီး မင်းကိုချစ်မိသွားတယ်"


"မြှားနတ်မောင်ရဲ့မြှား "


"ငါဘာကိုအကြောက်ဆုံးလဲ ၁လုံးထဲ တိရစ္ဆာန်လေ၊ငါ မနက်တိုင်း ခေါ်ပြီးလမ်းလျှောက်ထွက်ရတယ် "


"ခွေး" ချီချန်အန်းတွေးစရာပင်မလိုဘဲ အဖြေကိုသိနေပုံရသည်။ 


"ခွေးကိုလမ်းလျှောက်ပေးရတာ "


"ငါတို့နှစ်သစ်အတူတူကူးကြတော့ ငါလုပ်ချင်ပေမယ့် လုပ်လို့မရလို့ အိမ်မှာပဲနေလိုက်ရတယ်"


"မီးရှူးမီးပန်းဖောက်တာ "


မေးခွန်းတစ်ခုကိုဖြေနိုင်ဖို့ ၁၀စက္ကန့်သာအချိန်ယူရပြီး သူတို့မေးခွန်းအားလုံးပေါင်း၁၀ခုကိုဖြေတာ ၃မိနစ်သာကြာလေသည်။အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ကာရွှီလော့ယန်က ချီချန်အန်းနှင့်high-fiveလုပ်လိုက်သည်။


"ငါတို့ မတော်ဘူးလား၊အားလုံးမှန်အောင်ဖြေနိုင်တယ် "


ကျန်းလျို့ကဆိုင်းဘုတ်‌ကိုချလိုက်ပြီးနောက် အံဩနေသေးတာကြောင့် အသံတိုးတိုးဖြင့် 


"ရွှီကော ကုချန်cpဖန်တွေ ဒီအပိုင်းကိုသာလွှတ်လိုက်ရင် ရူးသွားကြမယ်ထင်တယ် "


စိတ်ပျော်နေတာကြောင့် ရွှီလော့ယန် က "ရတယ် ချန်အန်းနဲ့ငါ ရင်းနှီးတယ်ဆိုတာ ဘာပဲဖြစ်ဖြစ်လျှိုဝှက်ချက်မှမဟုတ်တာ "ဟုတိုးတိုးလေးပြန်ပြောလိုက်တော့၏


သူလည်း ယင်းကို လုပ်ရသည့်အကြောင်းပြချက်ရှိသည်။ ပရိုဂရမ်အဖွဲ့အတွက်မူ ဤသည်မှာ ကြီးကြီးမားမားကိစ္စမဟုတ်ကြောင်း ထင်ရှားပေ၏။ ရွှီလော့ယန်က ပရိုဂရမ်အဖွဲ့အတွက် ratingကောင်းကောင် လိုချင်ပါက၊ တချို့စိတ်လှုပ်ရှားစရာကိစ္စလေးတွေလိုအပ်မည်မှန်း ကောင်းကောင်းသိသည်။ တစ်ချိန်တည်းမှာပင်၊ သူသာ ချီချန်အန်းနှင့် ပိုမိုနီးကပ်လေလေ၊ cp shipတဲ့သူတွေကြား ကျော်ကြားမှုလိုချင်လို့ တမင်သရုပ်ဆောင်နေသည်ဟု ပရိသတ်တွေက ပို၍ ခံစားကြရမည်ပင်။

     

ကျန်းလျိုက ယခု Reality Show ၏ နှောင်းပိုင်းဇာတ်လမ်းတွေက လက်မည်းကြီးတွေရဲ့လိုသလိုEditမှုအပေါ်မူတည်ကြောင်းနှင့် ပုံမှန်ဆန်ဆန်အပြန်အလှန်ပြောဆိုတုံ့ပြန်မှုမျှသာဖြစ်သော်လည်း၊ သူတို့က နည်းလမ်းမျိုးစုံဖြင့် ခွေးသွေးဇာတ်လမ်းတစ်ခုကို ဖန်တီးတည်းဖြတ်ကြမည်ဖြစ်ကြောင်းကို ကျန်းလျိုက ရှင်းရှင်းလင်းလင်းနားလည်၏။  


ဤLinkမှာပါ၀င်တဲ့ ရွှီလော့ယန်ဖော်ပြသည့်အချက်အလက်တွေက ချီချန်အန်းနှင့် သူ အလွန်ကောင်းမွန်တဲ့ဆက်ဆံရေးရှိကြောင်း ထပ်မံအတည်ပြုလိုက်သလိုဖြစ်သွားသည်။

     

ရှင်းသင့်တာတွေရှင်းပြီးတဲ့နောက် သူတို့ သုံးယောက်က ဆက်လက်၍ လျှောက်လာလိုက်ကြသည်။ သေချာပေါက်ပင်၊ မကြာခင်မှာဘဲ ဒုတိယအဆင့် တာ၀န်ကပေါ်လာပြီး အသက်တစ်ခါရှုအတွင်း ဖယောင်းတိုင်မီးတွေအကုန်အတန်းလိုက် မီးငြိမ်းပေးရမည်ပင်။ ဖယောင်းတိုင်သုံးတန်း၊ အတန်းတစ်တန်းစီတွင် တစ်ဆယ့်နှစ်တိုင်ရှိပြီး တစ်ဆယ့်နှစ်တိုင်တွင် ဆယ်ခုကို မီးငြိမ်းအောင်လုပ်နိုင်လျှင် အောင်မြင်သည်ဟု ဆုံးဖြတ်မည်ဖြစ်သည်။

    

ကျန်းလျိုကက သူ့လက်ကို မြှောက်ပြီး "ကျွန်တော် ဒီနေရာမှာကျွမ်းတယ်"  


ထို့နောက် သူက အနားသို့အမြန်သွားကာ ဖယောင်းတိုင်ဆယ့်နှစ်တိုင်လုံးမှာ လေတစ်ချက်မှုတ်လိုက်သည်နှင့်ငြိမ်းသတ်သွားတော့သည်။

     

အံ့အားသင့်သွားပြီးနောက် ရွှီလောယန်က သူ့ထံအမြန်ပြေးသွားပြီး High-Five လုပ်လိုက်သည်။


"အောင်ပွဲရဲ့အရုဏ်ဦးကိုမြင်ကွင်းကို ငါမြင်နေရပြီကွ"  


အတားအဆီးနှစ်ခုကို ဆယ်မိနစ်မပြည့်မီတွင် ကျော်ဖြတ်နိုင်သွားသဖြင့် ပရိုဂရမ်အဖွဲ့မှာ အတော်လေးကသိကအောင့်ဖြစ် စိုးရိမ်သွားရသည်။  


ဟာ့!


ကျန်းလျို့ကလည်း အရမ်းပျော်ရွှင်နေ၏။ 


"ငါတို့ ပရိုဂရမ်အဖွဲ့ကို ဆက်ပြီး လောင်စာထည့်ကြတာပေါ့"

     

နောက်တာ၀န်မှာ မြှားပစ်ရမည်ဖြစ်ပြီး မြှားဆယ်ခုအနက် ရှစ်ခုထိမှန်ပါက အောင်မြင်သည်ဟု သတ်မှတ်ထားသည်။

     

ကျန်းလျို့"ငါ ရှေးခေတ်ဝတ်စုံဇာတ်လမ်းတွဲ တစ်ခါမှမရိုက်ရသေးလို့ လေးနဲ့မြှား မထိရဖူးသေးဘူး"

    

ရွှီလော့ယန်မှာလည်း ခါးသီးသော မျက်နှာထားရှိနေသည်။  


"ရှေးခေတ်ဝတ်စုံတွေနဲ့ ငါက ဓာတ်ပုံရိုက်ဖူးပေမယ့် လေးတစ်ချောင်းနဲ့ မြှားတစ်စင်းကို ဟန်ဆောင်ပြီးကိုင်ထားရုံတင်ရယ်"  


ထို့ကြောင့် အဆုံးတွင် နှစ်ယောက်စလုံးက ချီချန်အန်းကို စိုက်ကြည့်လိုက်ကြသည်။


ချီချန်အန်းက စကားတစ်ခွန်းမဆိုဘဲ စားပွဲပေါ်ရှိ သစ်သားလေးကိုကိုင် လေးကြိုးကိုမြှားတင်ဆွဲပြီး "ဘန်း" ဆိုသည့်အသံကိုသာ သူတို့အားနားထောင်စေသည်။  


မြှားက အလည်ဗဟိုနှလုံးသားတည့်တည့်ကို နက်နက်ရှိုင်းရှိုင်း စိုက်၀င်သွားပြီး မြှားအမြီးလေးကမူ အနည်းငယ်ပင် တုန်ရီနေသေး၏။


"ဘယ်လောက်တောင် မိုက်လိုက်သလဲ" 


ရွှီလော့ယန်ကအံ့အားသင့်မှုကြောင့် တုံ့ပြန်မှုမပြုရသေးမီ ချီချန်အန်းက ဒုတိယမြောက်မြှားကို နှလုံးအထက် တစ်လက်မအကွာကနေ နေရာယူ၍တည်ငြိမ်စွာ ပစ်လွှတ်လိုက်ပြန်သည်။ ထို့နောက် မြှားက ပစ်မှတ်စီရောက်တိုင်း အနီရောင်နှလုံးသားတစ်ဝိုက်တွင်သာ သေသေသပ်သပ်စိုက်နေ၀င်ပုံက ပုံစံတစ်ခုကိုပုံဖော်နေသကဲ့သို့ပင်။

    

 "မယုံနိုင်စရာဘဲ ငါတကယ်ကို လူတစ်ယောက်ကိုပစ်သတ်နေသလို ခံစားလိုက်ရတာ" 


ကြေငြာသူရဲ့ လေသံက အတော်လေး အံ့အားသင့်နေပုံပင်။

    

ရွှီလော့ယန်က မည်သည့်စကားမျှမဆို။ သူက ခြေလှမ်းအနည်းငယ်အကွာမှ ချီချန်အန်းကိုသာ စေ့စေ့ကြည့်နေမိသည်။ တစ်ဖက်လူက နက်ပြာရောင် ကုတ်အင်္ကျီအရှည်ကို ၀တ်ဆင်ထားပြီး ခြေတံရှည်ရှည်ကို အသာခွဲရပ်နေကာ လက်နှစ်ဖက်ကို ညီညာစွာ မြှောက်ထားပြီး အနက်ရောင်လေးကြိုးပေါ်တွင်မူ လက်ညိုးရှည်များက တင်ထားပြီး မျက်နှာမှာကမူ အမူအရာမဲ့နေ၏။ လူတစ်ယောက်လုံးက ခပ်ထက်ထက်ဓားတစ်လက်ကဲ့သို့ လုံး၀ချွန်မြနေသည်။

     

ပြီးသွားပြီ၊ ငါ့တို့မိသားစုက ကလေးက အရမ်းချောတာပဲ၊ ငါ့နှလုံးသားလေးကတော့ နောက်တစ်ခါ အသတ်ခံလိုက်ရပြန်ပြီ။


နောက်ဆုံးမြှားက ပစ်မှတ်သို့ သံမှိုဆွဲကပ်ထားသလိုထိုးစိုက်ပြီးနောက် အခြားမြှားရှစ်ခုရဲ့ စက်ဝိုင်းပုံစံပြုလုပ်ထားတာက ချက်ချင်းဆိုသလို နှလုံးသားပုံစံတစ်ခုကို ပုံဖော်သွားကာ နှလုံးအလယ်တည့်တည့်တွင်မူ ပထမဆုံးစိုက်၀င်နေတဲ့မြှားရှိပြီး ကျန်မြှားများက ယင်းကို ဝန်းရံထားသည်။

     

ချီချန်အန်းက လေးကို ပြန်ချလိုက်ပြီးနောက် ဘေးသို့လှည့်ကာ ရွှီလော့ယန်ကိုမေးလိုက်သည်။


"ဘယ်လိုလဲ"

     

ရွှီလော့ယန်က မဆိုင်းမတွ ပြန်စကားဆိုလိုက်၏။


"ချောမောမှုက ကောင်းကင်ကြီးကိုတောင် ဖြိုခွင်းပစ်လိုက်တာပဲ"


သူ့အဖြေကိုကြားတော့ ချီချန်အန်းက သူ့နှုတ်ခမ်းထောင့်စွန်းတွေကို တွန့်ကွေးမိသွားသည်။

     

သုံးနာရီထိုးရန် ငါးမိနစ်အလိုတွင် တံခါးကြီးအရှေ့တွင် သုံးယောက်သားရပ်ပြီး မကြာမီ ဖြတ်သန်းသွားကြသည်။ 


တစ်ချိန်ထဲဆိုသလို အခန်းထဲမှ ဒါရိုက်တာ၀မ်၏ အသံကိုကြားလိုက်ရသည်။


"ခက်ခဲတဲ့ ပတ်၀န်းကျင်ကနေအောင်မြင်စွာ ဖြတ်ကျော်သွားနိုင်တဲ့အတွက် ဂုဏ်ယူပါတယ် အခုနောက်ဆုံးတာ၀န်ကို နံရံပေါ်မှာ ဖော်ပြပေးမှာပါ အောင်မြင်တာ ဒါမှမဟုတ် ရှုံးနိမ့်တာက ဒီတစ်ခေါက်လှုပ်ရှားမှုပေါ်မှာ မူတည်ပါတယ်"

     

ကျန်းလျို့က မြေပြင်ပေါ်မှာ တိုက်ရိုက်ထိုင်ချလိုက်ပြီး အသံရှည်ကြီးဆွဲ၍အော်ဟစ်လိုက်သည်။


"နောက်ထပ်မေးခွန်းရှိသေးတာလား ကျွန်တော်က တံခါး ဖွင့်ပြီးတာနဲ့ ပြီးပြီ ထင်နေခဲ့တာ။ “

   

ရွှီလော့ယန်ကလည်း ကျန်းလျို့နည်းတူထိုင်ချလိုက်ပြီး အရမ်းမကျေနပ် အထွန့်တက်လိုက်သည်။  


"ချန်အန်းနဲ့ ငါ့ကိုပါထပ်ပေါင်းထည့်လိုက် တံခါးကိုဖွင့်နိုင်တာနဲ့ ပွဲသိမ်းပြီထင်နေတာ"

     

ထိုအချိန်တွင်၊ နံရံပေါ်ရှိ ဖန်သားပြင်ကြီးသည်ပြောင်းလဲသွားပြီး ဒါရိုက်တာက သူတို့၏ ကန့်ကွက်စကားကို လုံးလုံးလျားလျား လျစ်လျူရှုကာ ဆက်ပြောလိုက်သည်။ 


"တာ၀န်ကတော့ သုံးမိနစ်အတွင်း ဖန်သားပြင်ပေါ်က မတူကွဲပြားတဲ့အမူအရာတွေရှိတဲ့ ခွေးခေါင်းကို ရှာပေးရမှာ" 

     

ထိုစကားလုံးများပြောပြီးသည်နှင့်တပြိုင်နက် ဖန်သားပြင်ကြီးတွင်ပြသထားသည့် တာ၀န်ကရပ်တန့်သွားပြီး ရွှီလောယန်မှာ ဖန်သားပြင်တစ်ပြင်လုံး အဝါရောင်ခွေးခေါင်းတွေနှင့် ပြည့်နှပ်သွားသဖြင့် ကြောက်စိတ်ကြောင့် မှုန်မှိုင်းသွားရသည်။  


စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းအောင်လုပ်တာပဲ...ဖာခ့်!


ခွေးခေါင်းအရေအတွက်က ထောင်ဂဏန်းလောက်တောင်ရှိနေတယ်မလား။ သောက်ကျိုးနည်းအောင် ပရိုဂရမ်အဖွဲ့က ရက်စက်လွန်းနေတာပဲ။


ကျန်းလျိုမှာလည်း နည်းနည်းရှုပ်ထွေးနေသည်။  


"ဒီခွေးခေါင်းတွေက ငါ့အိမ်မက်ထဲ ညဘက်ရောက်လိမ့်မယ်ထင်တယ်!"

     

သို့သော်၊ ဤသည်ကနောက်ဆုံးအဆင့်ဖြစ်သည်၊ နောက်ထပ်မစ်ရှင်တွေလုပ်ရန်မရှိတော့ပေ၊ မျက်နှာပြင်ကို သူတို့၃ယောက်က သုံးပိုင်းခွဲတာ၀န်ယူလိုက်သည်။ မတူညီကွဲပြားတဲ့ခွေးခေါင်းကိုရှာရတာ လူကိုမူးနောက်လုနီးပါးပင်။

     

တာ၀န်ပြီး၍တံခါးဖွင့်မည့်အချိန်ကို စောင့်နေစဉ်တွင် ရွှီလော့ယန်က ချီချန်အန်းကို စိုက်ကြည့်နေမိသည်။  


ချီချန်အန်း "ဘာတွေကြည့်နေတာလဲ"

    

 "မင်းကိုကြည့်နေတာ မင်းကအရမ်းကြည့်ကောင်းတာပဲ ငါ့မျက်လုံးတွေက ဘလင်းဘလင်းထနေတဲ့မင်းကိုကြည့်ရလွန်းလို့ နာပြီး ကုဖို့လိုနေပြီ"

     

ထိုအချိန်တွင် နောက်ဆုံး တံခါးပွင့်လာပြီး လူသုံးယောက်အရှေ့တွင် စတုဂံပုံသေတ္တာတစ်ခု ပေါ်လာသည်။ ထို့နောက် သေတ္တာအတွင်းရှိ သဲလွန်စများနှင့်အညီ သုံးဦးသားသဲပန်းပုလောကသို့အ ပြေးသွားပြီး သဲပန်းပုရဲတိုက်မှ တတိယသေတ္တာကို ရှာတွေ့ကြသည်။

     

သုံးနာရီကြာပြီးနောက် လူခြောက်ယောက်က ထပ်မံအတူပြန်စုံကြပြီး ဒါရိုက်တာ၀မ်ကမူ အသံချဲ့စက်ကို ကိုင်ထားသည်။


 " ဒုတိယအဖွဲ့ဖြစ်တဲ့ ချီချန်အန်း ရွှီလော့ယန် နဲ့ ကျန်းလျိုတို့က အနိုင်ရရှိခဲ့ပါတယ် အခု အဖွဲ့တစ်ခုကိုရွေးချယ်ပြီး ပြစ်ဒဏ်ပေးမ

ယ့်နည်းလမ်းကိုပါသတ်မှတ်လိုက်ပါ"


ရွှီလော့ယန်မှာ သူ့စိတ်ထဲ ဆိုးဆိုးဝါးဝါး တုန်ခါသွားရသည်၊ ဤပရိုဂရမ်အဖွဲ့က နေရာတိုင်းတွင် ထောင်ချောက်များနှင့်ပြည့်နေ၏-ဥပမာ ပြစ်ဒဏ်ပေးမယ့်နည်းလမ်းကို ရွေးချယ်ခြင်းမျိုးပင်။ 


မင်းသာ ဂရုမစိုက်ရင် အနက်ရောင် ထောင်ချောက်တွေရဲ့ကြားထဲ ချောင်ပိတ်ရိုက်ခံလိုက်ရမည်ပင်။

     

အနက်ရောင်အ၀တ်စကို လှန်ပြီး စားပွဲပေါ်ရှိ အရာများစွာကို ကြည့်ပြီးနောက် ရွှီလော့ယန်က တတိယလူကို လက်ညှိုးထိုးလိုက်ပြီး "အသီးအရွက်ဖျော်ရည်တစ်ခွက်သောက်တဲ့ ပြစ်ဒဏ်ကို ကျွန်တော်ရွေးတယ်"

     

ချီချန်အန်းက လုံးဝတွန့်ဆုတ်ခြင်းမရှိသဘောတူလိုက်သည်။  


"ကျွန်တော်လည်း လော့ယန်စကားကို နားထောင်တယ်"

     

တတိယမီးသီးလေး ကျန်းလျိုကမူ ထိတ်လန့်သွားရသည်- သူတို့က သူတို့ရဲ့ ချစ်ခြင်းမေတ္တာကိုပြဖို့ အခွင့်အရေးကို ရသလိုဆုပ်ကိုင်နေကြတာလား။  


သူက အတွေးယာဥ်ကြောကိုဖြတ်ပြီး ကမန်းကတန်း၀င်ပြောလိုက်ရသည်။


 “ကျွန်တော်လည်း ရွှီကောသဘောပဲ” 


အခြားနည်းနည်းလွန်ကဲတဲ့ ပြစ်ဒဏ်တွေနှင့်ယှဉ်လျှင် အသီးအရွက်ဖျော်ရည်က အရသာမကောင်းပေမယ့် အာဟာရတန်ဖိုးက အရမ်းမြင့်နေသေးသည့်အတွက် အစီအစဉ် ထုတ်လွှင့်ပြီးတာနှင့် စုန့်ယောင် ပရိသတ်တွေဆီကနေ လှောင်ရယ်ခံရလိမ့်မယ်လို့ သူတော့မထင်တော့ချေ။


 "Top Secret Action" ကိုရိုက်ကူးပြီးနောက် အပိုင်း၁ကိုဦးစွာ ထုတ်လွှင့်နေပြီး ပရိုဂရမ်အဖွဲ့က ရလဒ်များကို မြင်လိုသေးတာကြောင့် ဒုတိယအကြိမ်မြောက် ရိုက်ကူးရေးအစီအစဉ်ကို ပြန်လည်ချိန်ညှိလိုက်ပြီး ယင်းက ငါးရက်အကြာ သောကြာနေ့တွင် ဖြစ်ပြီး " Top Secret Operation"ကို Rainbow TVတွင် ည ရှစ်နာရီ၌ ထုတ်လွှင့်ပြသရန် စီစဉ်ထားပေ၏။