အပိုင်း ၈၂
Viewers 6k

Chapter 82



ထုတ်လွှင့်ခြင်းမပြုမီ၊ အစီအစဉ်မှ ပါ၀င်သူဧည့်သည်အားလုံးကို Weibo တွင် ပရိုမိုးရှင်းပြုလုပ်ရန် တောင်းဆိုခဲ့ပြီး ရွှီလော့ယန်မှ တရားဝင်ပိုစ့်ကို အမြန်Forwardလုပ်ပေးလိုက်သည်။  


တစ်မိနစ်မပြည့်ခင်မှာပင် ချီချန်အန်းက သူ့ရဲ့ Weibo ကို၀င်ပြီး "အတူတူကြည့်ကြရအောင်" / / @ရွှီလော့ယန်: ညနေ ရှစ်နာရီကျရင် အစီအစဉ် ကြည့်ဖို့ နှိုးစက်သေချာ ငါပေးထားတယ် “

     

ကြေငြာချက်ကို အမှီတင်ပေးပြီးနောက်၊ ရွှီလော့ယန်က အစီအစဥ်မစတင်မီ အချိန်မှီအောင် အိမ်ကိုအမြန်ပြေးလိုက်ရသည်။

     

ဗီဒီယိုခန်းထဲမှာ ချီချန်အန်းက ဆိုဖာပေါ်မှာ ထိုင်နေပြီး သူ၀င်လာသည်နှင့်ဘေးကနေရာလွတ်ကို အသာပုတ်ပြလိုက်၏။  


"နျောင်နျောင် ဒီကိုလာ"

     

ရွှီလော့ယန်က ၀င်ထိုင်လိုက်ပြီး စတော်ဘယ်ရီသီးစားရန် လှမ်းယူလိုက်ပြီးနောက် ချိုလွန်းသည်ဟု ခံစားမိသဖြင့် ချီချန်အန်းကို နောက်တစ်လုံး ခွံ့ကျွေးလိုက်သည်။

     

ချီချန်အန်းက သူ့နှုတ်ခမ်းထောင့်စွန်းကို အသာပင့်မြှောက်လိုက်ပြီး "အရသာရှိတယ်"  


သူ့အသံကအနည်းငယ်တိုးလျနေပြီး ချော့မော့နေသည့်အသံမျိုးပေါက်နေသဖြင့် ရွှီလော့ယန်ရဲ့အမြီးလေးမှာမြှောက်တတ်သွားရသည်။

    

"ကျွန်တော်က ကျွန်တော့်ထက် အသက်အများကြီးကြီးတဲ့သူကို ကလေးလေးလိုကျွေးရမှာပေါ့" 


ရွှီလော့ယန်ကသူ့သွားဖြင့် စတော်ဘယ်ရီသီးကို ကိုက်ပြီး ချီချန်အန်း၏နူတ်ခမ်း၀သို့ နူတ်ခမ်းခြင်းထပ်၍တွန်းထည့်ပေးလိုက်သည်။ သူတို့နှစ်ဦးက စတော်ဘယ်ရီသီးရဲ့အရသာကိုကို မျှဝေရင်း သဘာဝကျကျပဲ နက်ရှိုင်းတဲ့အနမ်းဆီသို့ဦးဆောင်လိုက်ကြသည်။


သို့သော်၊ ချီချန်အန်းရဲ့အဝတ်အစားတွေထဲသို့ လက်၀င်ကာ ယင်းကို နှစ်ကြိမ်လောက်ထိတွေ့ပြီးနောက် ရွှီလော့ယန်ကအသက်ရှုကြပ်လာမသဖြင့် ပြန်၍မတ်မတ်ထိုင်လိုက်ရသည်။  


"နောက်မှ ဆက်ကြရအောင်လေ အစီအစဉ်ကို အရင်ကြည့်ကြတာပေါ့ မင်းနဲ့အတူ ပထမဆုံးအကြိမ် ရိုက်ကူးခဲ့တဲ့အစီအစဥ်ဆိုတော့လေ"

    

 "ကောင်းပြီလေ"  


ချီချန်အန်းက ရွှီလော့ယန်ရဲ့ ပခုံးပေါ် သူ့လက်ကို တင်၍သိုင်းဖတ်ပြီးထိုင်နေတဲ့ သူ့အနေအထားက အတော်လေး သက်တောင့်သက်သာ ရှိနေပုံပေါ်နေသည်။

    

TVထက်တွင် ချီချန်အန်းရဲ့ အသွင်အပြင် ကိုကြည့်ပြီး ရွှီလော့ယန်က အထွန့်တက်လိုက်သည်။


"ပရိုဂရမ်အဖွဲ့က တကယ်ကို သည်းမခံချင်စရာဘဲ လျှို့ဝှက်ဆန်းကြယ်တဲ့ ဧည့်သည်ကို ကြေညာဖို့ အခုအချိန်ကအရမ်းစောလွန်းမနေဘူးလား"

     

တစ်ချိန်တည်းမှာပင်၊ ကင်မရာသည် အောက်ခြေမှ အထက်သို့ ရွေ့သွားပြီး နောက်ဆုံးတွင် ချီချန်အန်းရဲ့ မျက်နှာထက်တွင်ရပ်တန့်လိုက်သောအခါ၊ တည်ငြိမ်နေတဲ့ ကြည့်ရှုသူတွေကရုတ်ချည်းဆိုသလို ပေါက်ကွဲထွက်သွားတော့သည်။

     

"အာ... ဒီဘ၀မှာ မစ္စတာချီကို ရသစုံရှိုးတစ်ခုမှာမြင်ရလိမ့်မယ်လို့ လုံး၀မထင်ထားမိဘူး မယုံနိုင်လောက်အောင်ပါပဲလား ငါ့ ဘဝလေးကတော့ ငြိမ်းချမ်းသွားပြီ ဒီမြင်ကွင်းမျိုးကို အကြိမ်တစ်ရာလောက် မြင်ချင်လိုက်တာ"

    

"လျှို့ဝှက်ဆန်းကြယ်တဲ့ ဧည့်သည်က မစ္စတာချီ ဖြစ်သွားတယ် ငါတော့ Laptopကြီးကိုင်ပြီး အော်ဟစ်နေမိပြီလို့ မိုက်လိုက်တာ မစ္စတာချီ၊ မင်းက ဘာလို့ ဒီလောက်တောင်အရမ်းခန့်ညားချောမောနိုင်ရတာလဲလို့..."

    

"မင်းအနိုင်ရသွားပါပြီ Rainbow Satellite TVရေ ကုချန် ပရိသတ်တွေက Screenအရှေ့ သုံးစက္ကန့်အတွင်း အပြေး ရောက်လာပေးမယ်"

    

အဆုံးသတ်တည်းဖြတ်ပြီးနောက်၊ ပရိုဂရမ်၏ရောင်စုံကာလာဇာတ်လမ်းတွေကြောင့် နဂိုဇာတ်ကြောင်းနှင့်အလွန်ကွဲပြားခြားနားသွားသည်။ ရွှီလော့ယန်က သေသေချာချာကြည့်ကြည့်သည့်အခါ ဒါရိုက်တာ၀မ် ပြောနေချိန်မှာ စုန့်ယောင်က သူ့ကို အကြိမ်ပေါင်းများစွာ ကြည့်နေတာကို တွေ့လိုက်ရ၏။ 


သူ့မျက်လုံးထဲက အကြည့်တွေက ဆိုးဆိုးရွားရွားဖြစ်မနေပေမယ့် ယင်းက လုံးဝကို ဖော်ရွေမှုမျိုးလည်းရှိမနေချေ။ ပရိုဂရမ်အဖွဲ့က သူတို့နှစ်ဦးကြား သဘောထားကွဲလွဲမှုကို မီးမောင်းထိုးပြရန် ကြိုးစားနေမှန်း သိသာလွန်းလှသည်။


ဥပမာအားဖြင့်၊ သူက ထိတ်လန့်ခြောက်ချားစရာအိမ်ထဲသို့ဝင်တော့မည်ကိုကြားသောအခါ၊ မသိစိတ်က ချီချန်အန်းရဲ့အင်္ကျီလက်ကိုဆွဲကိုင်မိတာကို အနီးကပ်ပုံချဲ့ပြထားတာကို သူတွေ့လိုက်ရသည်။

     

သေချာပေါက်ပင်...


Comment Section တစ်ခုလုံး "ဟား ဟား ဟား" နှင့် ပြည့်သွားပြီး " လော့ယန်လေး ချန်အန်းလက်ကိုဆွဲလိုက်တာက တစ်ခုခုများ သိသာလွန်းမနေဘူးလား" "ကုချန်ပါတီ၀င်ကကျေနပ်နေပါပြီနော်" ကဲ့သို့သောဝါကျများက မမြင်ချင်မှတဆုံးပေါ်လာတော့သည်။


ရွှီလော့ယန်က သူ့မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး "ငါလည်း ငါ့မျက်နှာလေးကို ကယ်တင်ချင်ပါသေးတယ်နော် ဟုတ်ပြီလား"

     

ချန်အန်းက သူ့ကို နှစ်သိမ့်ပေးလာ၏။


 "အရမ်းချစ်စရာကောင်းတယ်"

     

ရွှီလော့ယန်ကမှု စိတ်ဓာတ်ကျနေတဲ့မျက်နှာဖြင့်ဖြစ်နေဆဲဖြစ်ပြီး ဝမ်းနည်းမှုကနေ လုံးဝမသက်သာသေးချေ။ သို့သော် အစပိုင်းအဖြစ်အပျက်တွေက ကိတ်မုန့်ရဲ့တစ်စိတ်တစ်ပိုင်းမျှသာဖြစ်ကြောင်း တဖြည်းဖြည်းသိလာပြီး ချီချန်အန်းနှင့် သူတို့ဆက်ဆံရေးက ပရိုဂရမ်အဖွဲ့မှ လူများအတွက် မျက်စိနာအောင်လုပ်ချင်စရာကောင်း စိတ်၀င်စားဖွယ်ဖြစ်နေတော့၏။


ဥပမာအားဖြင့်၊ ချီချန်အန်းကထိုင်ချပြီး သူ့အင်္ကျီ ဇစ်ဆွဲပေးလိုက်သည့် မြင်ကွင်းမှာ ထပ်ခါထပ်ခါ သုံးခါလောက် အနှေးပြကွပ်ဖြင့်ပြသပေးသွားသည်။


ထို့နောက် အောက်ဘက်တွင် "ချန်အန်းမင်းကအနောက်မှာလော့ယန်ရှိတဲ့၀ါးဖောင်လေးပေါ်မှာထိုင်နေတာပဲ"ဟုစာတန်းထိုးပြီး သူတို့အနောက်တွင် ရောင်စုံပူဖောင်းများက ပေါလောပေါ်နေတော့၏။


 ထိတ်လန့်ခြောက်ချားစရာအခန်းသို့ရောက်သောအခါ သူကကြောက်တာကြောင့် ချန်အန်းရဲ့လက်ကိုဆွဲကာ အထဲသို့ဝင်သွားသည်။  


ယင်းကိုကင်မရာက ရှုထောင့်အမျိုးမျိုးဖြင့်ပြသပေးပြီး အချဲ့ကားဆုံးမှာ ရေမြောင်းထဲတွင် "သရဲ"က သူ့ခြေကျင်းဝတ်ကို ဖမ်းကိုင်လိုက်တာကြောင့် ချန်အန်းရဲ့ရင်ခွင်ထဲသို့ မသိစိတ်က ခုန်ဝင်မိတာကိုရိုက်ကူးထားခြင်းပင်။  


"ချန်အန်းကော" 


ဆိုတဲ့ စကားလုံးက ဖန်သားပြင်ပေါ်တွင် ပြွတ်သိပ်ပေါ်လာပုံက ကန့်လန့်ကာဖြင့်ပြည်ဖုံးကားချလိုက်သလိုပင်။

     

ရွှီလော့ယန်" တစ်လောကလုံးကျွန်တော်တစ်ယောက်တည်းကပဲ ချန်အန်းကောလို့ ခေါ်လို့ရတယ်"

    

"ကောင်းပြီ၊ မင်းပဲခေါ်လို့ရတယ်"

     

ခဏအကြာတွင် ရွှီလော့ယန်ကလုံးလုံးငြိမ်သက်သွားသည်။  


မည်သို့ပင်ဆိုစေကာမူ၊ ပရိုဂရမ်အဖွဲ့က သူနှင့်ချီချန်အန်းကို အနီးကပ်ဆွဲပြ၍ပန်းရောင်အသဲပုံပူဖောင်းများ၊ သီးသန့် bgm မျိုးစုံဖြင့် စည်းချက်ကျကျ လုပ်ပေးသွားပုံမှာ အတော်လေးချီးကျူးစရာကောင်းလှသည်။  


တူညီတဲ့မြင်ကွင်းတစ်ခုထဲတွင် အလှအပအနုအရွလေးတွေထည့်ပေးထားတဲ့မြင်ကွင်းကိုကြည့်ပြီး ရွှီလော့ယန်တစ်ယောက် အော်ဟစ်သာပစ်လိုက်ချင်တော့၏။

    

ထိုအချိန်တွင် ကျန်းသုန့်က "Weibo ကိုကြည့်" ဟုစာပို့လာသည်။

    

ရွှီလော့ယန်ဖုန်းဖြင့် Weiboကို ဝင်ရောက်လိုက်ပြီးနောက် ပရိုဂရမ်အဖွဲ့သည် အမှန်တကယ် ချမ်းသာရေလျှံနေပုံပေါက်ပြီး ပြဿနာရှာဖို့ရာ ငွေသုံးရန်စိတ်ပိုင်းဖြတ်ထားကြောင်း ထပ်မံအတည်ပြုနိုင်သွားသည်။  


"Top Secret Action"နှင့်ဆက်စပ်သော ရှာဖွေမှုက ထိပ်တန်း၁၀ခုတွင် ခြောက်ခုပါဝင်နေပြီး #ကုချန်cp ကို ပရိသတ်များက တိုက်ရိုက်ကြည့်ရှုခဲ့ရပြီ

     

ခေါင်းစဉ်ကိုဖွင့်ကြည့်လိုက်ရာ၊ ရွှီလော့ယန်သည် ပရိုဂရမ်အဖွဲ့သည်မပြီးသေးကြောင်း တွေ့ရှိလိုက်ရပြန်၏။


သူနှင့်ချီချန်အန်းအပြန်အလှန်ပြောဆိုဆက်ဆံမှုအပိုင်းများမှscreenshots တွေဖြစ်ပြီး၊ စျေးကွက်ရှာဖွေရေးအကောင့်တွေကလည်း နောက်ကျသွားရင် သူတို့ဒေ၀ါလီခံတော့မည့်အလား တစ်ခုပြီးတစ်ခုတင်နေကြပြီး ပြန်လည်ပို့စ်တင်သည့်အရေအတွက်မှာလည်း အံ့အားသင့်ဖွယ်ကောင်းအောင်အလွန်အမင်းများပြားနေခဲ့သည်။  


ရေတပ်တွေတောင် မလိုအပ်တော့ဘူးဘဲ၊ မူရင်းရေနဲ့တင် Weibo နဲ့ အဓိကဖိုရမ်တွေ၊ Barတွေမှာ လုံး၀တိုက်ရိုက်လွှမ်းမိုးနေပြီ။


 "မရေမတွက်နိုင်တဲ့ CP ပရိတ်သတ်တွေထဲကတစ်ယောက်အနေနဲ့ နောက်ဆုံးတော့ စိန်ခွေးစာ၊ စိန်သွား ဆိုတာဘာဆိုတာမှန်း သိလိုက်ရပြီမို့လို့ မျက်ရည်ဆက်လတ်နဲ့မျိုချနေပါပြီလို့...တကယ်အရသာရှိလိုက်တာလူတို့ရယ်...ထိတ်တန်းအဆင့်စင်ဂယ်ခွေးတွေကိုအနိုင်ကျင့်မှုကြီးဖြစ်သွားတာပဲလို့...အား...ဒါမယ့်အရမ်းချစ်ဖို့ကောင်းတယ်"

    

 "အစတုန်းက လော့ယန်ရဲ့ အသွင်အပြင်ကြောင့် သူ့အတွက် ကျန်းလျိုနဲ့တွဲဖက်ပေးပြီး"Ocean current cp'ဆိုပြီး ဦးနှောက်တွေကို အလုပ်ပေးခဲ့ပေမယ့် မစ္စတာချီလည်းထွက်လာရော ပင်မနန်းဆောင်က ဧကရီဆိုတဲ့အတိုင်း သူ့ရဲ့ဩဇာအာဏာကြီးက တွန်းလှန်နိုင်စွမ်းလုံး၀မရှိဘူးလို့... နောက်ဆုံးကျတော့ ကုချန်Cpက ငါ့ကိုသကြားလုံးတွေ ပြင်းပြင်းထန်ထန် ထိုးသွပ်ပေးသွားလို့ ငါ့မျက်လုံးထဲ သူတို့၂ယောက်ကလွဲ တခြားဘာမှ မမြင်တော့ဘူး..."


"တကယ် မျက်စိကန်းတော့မှာပဲ သူတို့မှာ ဇာတ်ညွှန်းမရှိဘူးလို့ ငါတော့ယုံကြည်ထားတယ် ပြောရရင် လော့ယန်မှာရှိတဲ့ အမူအရာလေးတွေက ငါတို့လုံး၀မမြင်ဖူးတဲ့ပုံစံလေးပဲ။ မစ္စတာချီ ရဲ့ အချစ်တော်အိမ်မွေးတိရစ္ဆာန်လေးကြနေတာပဲ ထွက်ပြေးပြီး၀င်ပုန်းနေတဲ့ပုံလေးက...ယန်ယန် မင်းက ဒီလိုခရုတီလေးတွေလည်းလုပ်ပြတတ်သေးတယ်လားလို့..."

     

"အား... ငါဘာ၀င်မန့်ရမှန်းမသိတော့ဘူး"


"သိချင်လိုက်တာ မစ္စတာချီက လော့ယန်ရဲ့ ခြေကျင်းဝတ်ကို ထိဖို့ ထိုင်ချလိုက်ပြီးတော့လေ လော့ယန်ရဲ့ နားထဲမှာ သူအသာလေးတစ်ခုခုကပ်ပြောခဲ့သေးတယ်လေ အဲ့ဒါပြီးတော့လော့ယန်ကမကြောက်တော့ဘူး မစ္စတာချီ ရှင်တကယ်ပဲဘာတွေပြောလိုက်တာလဲလို့..."

     

ယင်းကို ရွှီလော့ယန်က မြင်တဲ့အခါ သူက ချီချန်အန်းကို မေးလိုက်သည်။


"ငါက ချစ်ဖို့ကောင်းသလိုသရုပ်ဆောင်တာ တကယ်တော်တယ်လား"

    

 "အင်း..."

    

 "ငါ ဒီလိုလုပ်ရင် မင်း လုံးဝ သည်းမခံနိုင်ဘူးဆိုတာ တကယ် သေချာလား ဒါဆို မင်း ငါမေးသမျှကိုဖြေပေးမှာလား"

     

"သေချာတာပေါ့"

     

ရွှီလော့ယန်က သူ့ဖုန်းကိုချပြီး ချီချန်အန်း၏ပေါင်ပေါ်တက်ထိုင်ကာ တစ်ဖက်လူရဲ့လည်ပင်းကို သူ့လက်ဖြင့်ရစ်ပတ်လိုက်ပြီး တိုးလျလေးလံတဲ့အသံလေးဖြင့်မေးလိုက်သည်။ 


 "မင်းက ဘာနတ်ဆိုးအမျိုးအစားလဲဆိုတာ ငါ့ကို ပြောပြပေးနိုင်မလား"


___


 ရွှီနျောင်နျောင်ရဲ့ ခံစားချက်သေးသေးလေး:


  ငါသိချင်နေတာ အရမ်းကြာနေပါပြီနော်!


___


Translated By IQ-Team.