အပိုင်း ၈၃
Viewers 6k

🍬Chapter 83



------------


ရွှီလော့ယန်အတွက် ထိုမေးခွန်းကိုမေးဖို့ရာ သတ္တိစုဆောင်းရန်အတွက်ပင် အချိန်အတော်ကြာယူလိုက်ရသည်။


ချီချန်းအန်းကအမြဲတမ်းသူ့အရှေ့မှာ လူသားပုံစံနဲ့ပဲပေါ်လာတတ်တာပင်။


သူ့အနေဖြင့်ချီချန်အန်းက နတ်ဆိုးဆိုတာကို သိထားတာကကိစ္စတစ်ခုဖြစ်ပြီး သူ့ရဲ့ပုံစံအစစ်အမှန်ကိုသိရခြင်းက ကိစ္စတစ်ခုဖြစ်ပေသည်-ဘယ်လိုပဲဖြစ်ဖြစ်သူ့ဘက်က ချီချန်အန်းရဲ့ပုံစံအမှန်က ဘယ်လိုပဲ ဖြစ်ဖြစ်လက်ခံဖို့ကမူသေချာနေပေသည်။


နောက်ပိုင်းမှာ သူ့ရဲ့မူလဇစ်မြစ်ကိုမရွေးချယ်နိုင်ခဲ့တာနှင့်ပတ်သတ်ပြီး ထိုအရာကြောင့် သူတို့နှစ်ယောက်ကြားထဲမှာ ပြဿနာတစ်ခုဖြစ်လာစေဖို့ ခွင့်မပြုနိုင်ပေ။


ဘယ်လိုပဲပြောပြော ယင်းကိုမေးပြီးတဲ့နောက်မှာ ရွှီလော့ယန်က စိတ်ထဲမှာ မသက်မသာ ခံစားလိုက်ရပြီး စက္ကန့်အနည်းငယ်ကြာတဲ့အထိ ချီချန်းအန်းထံက အဖြေမကြားရသေးတာကို သတိထားမိပြီးနောက် သူကချီချန်အန်းရဲ့နားနားကို မှီလိုက်ပြီး


 "ချန်အန်း မင်းအဲ့ဒါကိုမဖြေပေးနိုင်ရင်လဲ ငါမမေးတော့ဘူး၊ ဒါကိုငါတို့ကြားထဲက လျှို့ဝှက်ချက်လေးအနေနဲ့ထားလိုက်ကြမယ်" လို့တိုးတိုးလေးပြောလိုက်၏။


ယခုအချိန်မှာ ချီချန်အန်းက ရွှီလော့ယန်ကို သူ့လက်နှစ်ဖက်ကြားပွေ့ဖက်ထားပြီး လက်တစ်ဖက်ကထိုလူသားလေးရဲ့ခါးပေါ်တင်ထားရင်း နောက်တစ်ဖက်က သူ့လည်ပင်းနောက်ဖက်ကိုညှင်သာစွာပွတ်သပ်ပေးနေကာ ကူကယ်ရာမဲ့နေတဲ့အပြုံးတစ်ပွင့်နှင့်အတူ ဆိုလိုက်ရသည်။


"မင်းတစ်ကယ်သိချင်တာလား"


"အင်း၊ငါတစ်ကယ်သိချင်တယ်"


ရွှီလော့ယန်က အနှိပ်ခံနေရင်း ပျော်ရွှင်စွာပဲ ပြန်ဖြေလိုက်ပြီးနောက် အားမရှိတဲ့ပုံစံကို အမြန်ပဲချိန်းလိုက်ကာ ချန်အန်းရဲ့ပခုံးပေါ်ခေါင်းမှီလိုက်ပြီးနောက် သူ့ရဲ့မျက်လုံးတွေကိုအလုံးစုံမမှိတ်သေးခင် လည်ပင်းပေါ်က အရေပြားလေးကို အလျင်အမြန်တစ်ချက် နမ်းလိုက်ပြီး အခုလိုနီးနီးကပ်ကပ်ရှိနေရတာကို သဘောကျနေမိသည်။


ချီချန်အန်းက သူ့ခေါင်းကိုလှည့်လိုက်ပြီး ရွှီလော့ယန်ရဲ့ နှုတ်ခမ်းကိုတစ်ချက် ကိုက်လိုက်ပြီး "နျောင်နျောင်"


"အမ်..."


"ကိုယ့်ရဲ့ပုံစံအစစ်က ဘာလို့ထင်လဲ"


ရွှီလော့ယန်


 "မစ္စတာချီကို ရိုးရိုးသားသားပြောရမယ်ဆိုရင်တော့ ၊အဲ့ဒီအကြောင်းကိုမရေမတွက်နိုင်အောင်မှန်းဆခဲ့ဖူးတယ်"


ချီချန်အန်းရဲ့ လက်ချောင်းတွေကို သူကထိတွေ့ရေတွက်နေရင်း


 "အစကတော့ မင်းကို နတ်ဆိုးတစ်ဝက်သွေးနှောလို့ထင်ခဲ့တာ ဘာလို့လဲဆိုမင်းရဲ့ ကျန်းမာရေးက အတော်လေးညံ့ပြီးအဲ့ဒါက မတူညီတဲ့ သွေးမှုန်တွေပေါင်းစပ်မှု့ရဲ့ ရလဒ်လို့ထင်ခဲ့တာ..ပြီးတော့မင်းက အချို့အစားအစာတွေနဲ့ ဓာတ်မတည့်တော့ လူတွေစားတဲ့အစားအစာကို မစားနိုင်တာလို့ ငါသံသယရှိခဲ့မိတယ်"


သူကမျက်မှောင်ကြုတ်ပြီး ဆက်ပြောလိုက်သည်။


"ဒါပေမဲ့မင်းရဲ့ ပုံစံအမှန်က ဘာလဲဆိုတာကို ငါဘယ်တော့မှမခန့်မှန်းနိုင်ခဲ့ဘူး။မင်းရဲ့ ခန္ဓာကိုယ်အပူချိန်က ပုံမှန်အခြေအနေမှာအေးနေပေမဲ့ အဖျားရှိတဲ့အချိန်ဆိုရင်တော့ အန္တရယ်ရှိတဲ့အပူချိန်ထိရောက်နေပြန်ရော၊ပြီးတော့မင်းက နှင်းဆီနီတွေကိုလည်း ဆိုးဆိုးရွားရွားမကြိုက်ပုံပြတယ်လေ၊နောက်တစ််ချက်က မင်းမှာ ရှေးက ဂရိလူမျိုးတွေနဲ့ လက်တင်လူမျိုးတွေမှာပဲရှိတဲ့ ကိုဘော့ပြာရောင်မျန်းဝန်တစ်စုံအပြင် အရမ်းတန်ခိုးကြီးတဲ့နတ်ဆိုးတစ်ကောင်ရဲ့ အရှိန်အဝါတွေလဲ အပြည့်ဖြစ်နေသေးတယ်။ ငါနဲ့ အနီးကပ်ဆက်သွယ်မှုသိပ်မရှိပေမယ့် ငါ့ရဲ့ သေးငယ်တဲ့လိုအင်ဆန္ဒလေးတွေကိုဖြည့်စည်းပေးဖို့အတွက် ပစ္စည်းတွေကို လေထဲကနေပို့ပေးနိုင်တယ်လေ"


သက်ပြင်းအရှည်ကြီးချလိုက်ရင်း ရွှီလော့ယန်က ချီချန်အန်းရဲ့လက်ဖမိုးကို တို့ထိကာ "အဲ့ဒါက ခန့်မှန်းဖို့ရာအတွက် အရမ်းခက်လွန်းတယ်"


ချီချန်အန်းက ရွှီလော့န်ရဲ့လက်ကိုသူ့လက်တွေကြားထဲမှာ ဆုပ်ကိုင်ထားရင်း အတန်ကြာစိုက်ကြည့်နေပြီး နောက်ဆုံးတွင် "ဒါဆိုရင် ကိုယ်ကဘယ်ကလာမှန်းမသိတဲ့နတ်ဆိုးဖြစ်နေရင်တောင်မှ ၊ကိုယ်နဲ့တူတူရှိနေချင်သေးတယ်ပေါ့"လို့ အသံတိုးတိုးဖြင့်မေးလိုက်၏။


"ဘာလို့မနေချင်ရမှာလဲ သေချာပေါက်အတူရှိနေချင်သေးတာပေါ့"


ရွှီလော့ယန်ရဲ့လေသံက အနည်းငယ်နှာသံပေါက်နေပြီး ဖျော့တော့နေပေမဲ့ အလွန်ခိုင်မာမှုရှိနေသည်။


"မင်းကနတ်ဆိုးတစ်ကောင်ဆိုတာငါသိခဲ့တာကြာလှနေပြီ၊အဲ့ဒါကိုတောင်မှငါမင်းကိုချစ်မိသွားတုန်းပဲလေ၊ အဲ့ဒါကို ငါမထိန်းချုပ်နိုင်ဘူး"


သူကချီချန်အန်းရဲ့ လက်ဖဝါးထက် သူ့လက်ဖြင့် ခြစ်ကုတ်နေရင်း"ဒီလိုမျိုး မျိုးကွဲဆက်ဆံရေးတစ်ခုမှာ ငါတို့ပြဿနာတွေအများကြီးရင်ဆိုင်ရမှာ ၊မင်းရဲ့ သက်တမ်းနဲ့ငါ့ရဲ့သက်တမ်းကွာခြားချက်လိုမျိုးပေါ့။နောက်နှစ်နှစ်ဆယ် ဒါမှမဟုတ် သုံးဆယ်အတွင်းမှာ ငါ့ရဲ့အသက်ကကြီးလာပြီး မင်းကတော့ ငယ်ရွယ်မှုနဲ့ချောမောမှုတွေကျန်နေသေးမှာပဲ၊ဒါပေမဲ့ ငါကလည်းမင်းကိုချစ်ပြီး မင်းဘက်ကလည်းငါ့ကိုချွင်းချက်မရှိပြန်ချစ်နေဦးမယ်ဆိုရင် ဒါကကြိုးစားဖို့အတွက် ထိုက်တန်မယ်မဟုတ်လား"


ထိုသို့ပြောပြီးတဲ့နောက်မှာ သူကအရမ်းကိုစိတ်ကူးယဥ်ဆန်လွန်းတယ်လို့ခံစားလိုက်ရပြီး ရွှီးလော့ယန်ကအနည်းငယ်ရှက်ရွံ့မိသွား၏။


"ဘာပဲ ဖြစ်ဖြစ် ဖြစ်နိုင်မလားဆိုတာက မကြိုးစားကြည့်ရင်မသိနိုင်ဖူးလေ၊ဥပမာအနေနဲ့ ကျင့်ကြံရေးစာအုပ်တွေဖတ်ပြီး ကျန်းမာရေးပိုလိုက်စားမယ်ဆိုရင် အသက်ပိုရှည်ပြီး မင်းနဲ့နည်းနည်းလောက်ပဲဖြစ်ဖြစ်ပိုနေရဖို့ ကြိုးစားကြည့်မယ်လေ"


ပြောနေရင်း ချီချန်အန်းကိုပြုံးပြလိုက်ချိန်မှာ သူ့မျက်လုံးတွေက လခြမ်းကွေးသဏ္ဍာန်ကွေးညွတ်သွားပြီး"ငါ့ရဲ့ ချန်အန်းကအရမ်းကောင်းတော့ ငါမင်းနဲ့မခွဲနိုင်ဘူး"


".......ကိုယ်ကမင်းထင်သလောက်မကောင်းပါဘူး"


ချီချန်အန်းရဲ့အသံထဲမှာ ထိတ်လန့်မှုနှင့်မသေချာမရေရာမှုများကို ကွယ်ဝှက်မထားနိုင်ပေ။ကစားနေတဲ့ပရိုဂရမ်ကိုပိတ်လိုက်ချိန်မှာတော့ အခန်းကတိတ်ဆိတ်သွားလေသည်။သူကရွှီလော့ယန်ရဲ့မျက်လုံးအစုံကိုအုပ်ထားရန် လက်ကိုညင်သာစွာမြောက်လိုက်ပြီး ရွှီလော့ယန်က သူ့လက်ရဲ့သွားရာအတိုင်းမျက်လုံးမှိတ််လိုက်ချိန်မှာ သူ့ရဲ့မျက်ခွံပေါ်ကို ညင်သာစွာနမ်းရှိုက်ပြီးနောက် ထပ်ပြောလိုက်၏။


"ကိုယ်အတည်ပြောတာ ကိုယ်ကမင်းထင်သလောက်မကောင်းဘူး"


"မင်းကအရမ်းကောင်းပါတယ်" 


ရွှီလော့ယန်ကသူ့မျက်လုံးကိုဖွင့်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။


"မင်းကိုယ့်ဘာသာမယုံရင်တောင် ငါ့ကိုယုံကြည့်လိုက် ငါ့ရဲ့ဆုံးဖြတ်ချက်ကိုယုံလိုက်"


ထိုအခိုက်အတန့်မှာ ချီချန်အန်းရဲ့နှလုံးသားက အလွန်ပြင်းထန်စွာခုန်နေမိသည်။ သူ့ရဲ့လက်မောင်းကြားထဲကလူကို ငုံံကြည့်လိုက်ပြီးနောက်သူရဲ့ နှဖူး၊နှာခေါင်းထိပ်လေးနဲ့ နှုတ်ခမ်းပါးပါးလေးတွေကို အကြိမ်ကြိမ်မနမ်းမိဖို့ရာ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ပေ။


ဒီလူသားလေးက သူနတ်ဆိုးမှန်းသိတာတောင် သူနဲ့အတူရှိဖို့ ဆန္ဒရှိနေဆဲဖြစ်ပြီး အခက်အခဲတွေအများကြီးရှိလာနိုင်သည့်တိုင် သူနဲ့အတူရှိနေနိုင်ဖို့ ကြိုးစားချင်နေတဲ့သူပင်။


ဒါနဲ့ နှိုင်းယဥ်ကြည့်ရမယ်ဆိုရင် သူ့အနေနဲ့ဘာကိုများကြောက်နေစရာလိုတော့မလဲ။


ရွှီလော့ယန်က သူ့ကိုဖက်ထားတဲ့ လက်တွေတစ်ဖြည်းဖြည်းတင်းကျပ်လာသဖြင့် တစ်ခုခုကြောင့်သူ စိတ်မသက်မသာဖြစ်နေတာကို သတိပြုမိလိုက်သည်။သူ့ရဲ့စိတ်ခံစားချက်တွေ မူမှန်တာကိုခံစားမိသည့်တိုင် သူကမလှုပ်လိုက်ဘဲ ထပ်မေးလိုက်သည်။


"ဒါကပြောလို့မရတဲ့ လျှို့ဝှက်ချက်တစ်ခုလား၊ငါတို့ခေါင်းစဥ် ပြောင်းလိုက်ကြရင်ရော"


ရွှီလော့ယန်ရဲ့နှဖူးထက် လေးနက်တဲ့အနမ်းတစ်ပွင့်ပေးလိုက်ပြီး ချီချန်အန်းက ထိုသူ့ရဲ့မျက်လုံးတွေကိုစေ့စေ့ ကြည့်လိုက်ကာ 


"နျောင်နျောင် တစ်ကယ်တော့....ကိုယ်ကနတ်ဆိုးမဟုတ်ဘူ"


တစ်ခုခုတော့လွဲနေပြီလို့ခံစားလိုက်ရပြီးနောက် ရွှီလော့ယန်က ချီးချန်အန်းရဲ့ရင်ခွင်ထဲမှာမတ်မတ်ထိုင်လိုက်၏။


"ဒါပေမဲ့ အရင်ကအဲ့ဒါကို မင်းကိုယ်တိုင်ပြောခဲ့တာလေ၊သရဲခြောက်တဲ့အိမ်မှာတုန်းကမဟုတ်ဘဲ အဲ့ဒီအရင်က"


ချီချန်အန်းက အတော်လေးစိတ်ရှည်ပေသည်။


"အဲ့ဒါဘယ်တုန်းကလဲဆိုတာ ကိုယ့်ကိုတိတိကျကျပြောပြနိုင်မလား"


"အဲ့ဒါက ဒါရိုက်တာချူး အသားကင်စားဖို့ဖိတ်တဲ့ အချိန်တုန်းကပဲ၊မင်းထွက်လာပြီး နေလို့မကောင်းတာနဲ့ ကားပါကင်မှာ ကားတစ်စီးကိုဝင်တိုက်မိခဲ့တယ်လေ"


ချီချန်အန်းကထိုစကားကို အလျှင်အမြန်ဖမ်းဆုပ်လိုက်ပြီး"အဲ့ကားက...မင်းကားလား"


"ဟုတ်တယ်ငါ့ရဲ့ကားပဲ၊ငါတို့ကတော်တော်ရေစက်ပါတယ်နော် အဲ့ဒီညက ငါ့သူငယ်ချင်းတွေနဲ့ အဲ့နေရာမှာပဲ အသားကင်စားနေတာ ထွက်လာတော့ ငါ့ရဲ့ကားအရှေ့ပိုင်းကပျက်စီးနေပြီး လေကာမှန်ပေါ်မှာ မင်းရဲ့ လိပ်စာကဒ်ပြားရှိနေတယ်လေ"


ထိုအချိန်တုန်းက ချန်အန်းလို့ခေါ်တဲ့ အစ်ကိုကြီးတစ်ယောက်နှင့်ပတ်သတ်သည့်အခြေအနေကို ရွှီလော့ယန်ကရှင်းရှင်းလင်းလင်းမှတ်မိနေခဲ့သည်။


"အစောပိုင်းတုန်းကငါမင်းကိုရှာဖို့မရည်ရွယ်ခဲ့ပေမဲ့ ငါ့ရဲ့သူငယ်ချင်း ယဲ့ချန်းချန်းက ငါ့နာမည် လော့ယန်ဆိုတာသိပြီးကတည်းက ငါ့မှာပျောက်နေတဲ့ ချန်အန်းလို့ခေါ်တဲ့အစ်ကိုကြီးတစ်ယောက်ရှိလိမ့်မယ်လို့ အမြဲတမ်းပြောနေတတ်တယ်လေ၊လိပ်စာကဒ်ပေါ်က ချီချန်အန်းဆိုတဲ့နာမည်ကို မြင်လိုက်တာနဲ့ ငါအရမ်းကိုသိချင်သွားတာ"


"ဒါဆို မင်းက ကိုယ့်ကို အဲ့ဒီတုန်းက မတူညီတဲ့ အထောက်အထားတစ်ခုနဲ့ ဆက်သွယ်ခဲ့တာလား"


"ဟုတ်တယ်" 


ဆက်ပြောလာတဲ့ ရွှီလော့ယန်ရဲ့လေသံထဲမှာ အနည်းငယ် စိုးရိမ်မှုတွေရောပြွန်နေပြီး "အဲ့တုန်းက ငါမင်းနဲ့တွေ့ဖို့ချိန်းထားတဲ့နေရာကို လာခဲ့တယ် နည်းနည်းလေးပဲစောလာခဲ့ပေမဲ့ အတော်လေးစောနေတယ်လို့ခံစားခဲ့ရတယ် ငါမင်းကိုတွေ့တဲ့အချိန်မှာမင်းက စင်္ကြံမှာရပ်ပြီး ဖုန်းပြောနေတာ တစ်ဆက်တည်း မင်းရဲ့မျက်လုံးတွေကိုလည်းတွေ့လိုက်ရတယ်၊အဲ့ဒါတွေက တစ်ဖက်က အနက်ရောင်ဖြစ်နေပြီး နောက်တစ်ဖက်က အပြာရောင်ဖြစ်နေတာလေ၊ပြီးတော့ မင်းပြောလိုက်တဲ့စကားတစ်ခွန်းကိုလည်း ငါကြားလိုက်သေးတယ်" 


ကြည့်ရတာ ထိုစာကြောင်းကအဓိကသော့ချက်ဖြစ်မယ့်ပုံပေါ်နေပေမဲ့ သူ့မှတ်ဥာဏ်တွေက မှုန်ဝါးဝါးဖြစ်နေတာကြောင့် ချီချန်အန်းက သူ့ကိုမေးလိုက်၏။


"ကိုယ်အဲ့တုန်းက ဘာပြောခဲ့မိတာလဲ"


ရွှီလော့ယန်က ဂရုတစ်စိုက်ဖြင့်


 "မင်းပြောတာက ငါ့လိုမျိုး လူသားအရေခွံခြုံထားတဲ့ နတ်ဆိုးတစ်ကောင်က ဒီကမ္ဘာပေါ်မှာ ရှိတောင်ရှိမနေသင့်ဘူး" ဆိုတဲ့စကားကိုပြန်ပြောပြလိုက်သည်။


ဆိုတော့..အဲ့လို့ဖြစ်ခဲ့တာပေါ့...


ရွှီလောယန်က သူ့ကိုအလေးအနက်ထားပြီးကြည့်နေတုန်းဆိုတာကို မြင်ပြီးနောက် ချီချန်အန်းက အသက်ကိုပြက်းပြင်းရှုလိုက်ပြီး "အဲ့အချိန်တုန်းက ကိုယ့်ရဲ့ရောဂါကလည်း ထပ်တလဲလဲဖြစ်နေချိန် စိတ်ခံစားချက်လည်းမကောင်းတော့ နှလုံးတစ်ခုလုံးလေးလံနေပြီး အဲ့အချိန်မှာသေလိုက်ဖို့အတွက်တောင်စဥ်းစားနေခဲ့တာ ၊အဲ့ဒါကြောင့် ကိုယ်အဲ့စကားတွေကိုပြောလိုက်မိတာ"


"သေလိုက်ဖို့" ဆိုတဲ့စကားလုံးကိုကြားလိုက်ရတဲ့အချိန်မှာ ရွှီလော့ယန်ရဲ့ နှလုံးသားကိုဆုပ်ကိုင်ခံလိုက်ရသလိုမျိုး တင်းကျပ်သွားရသည်။


ထို့နောက်သူ့ရဲ့ရှုပ်ထွေးနေတဲ့အတွေးများကို ခဏဖျောက်ထားလိုက်ကာ"အဲ့ဒီထပ်ဖြစ်နေတယ်ဆိုတာက....ရောဂါတစ်ခုခုလား"


ထိုသို့မေးလိုက်ပြီးနောက် ရွှီလော့ယန်ကစိတ်လှုပ်ရှားမှုကို ခံစားလိုက်ရပြီး ချီချန်အန်းရဲ့လက်ကိုဆုပ်ကိုင်ကာ သူ့မျက်လုံးများကို စိုးရိမ်တကြီးစိုက်ကြည့်လိုက်သည်။


"အဲ့ဒါကိုရှင်းပြဖို့အတွက်အချိန်တော်တော်ယူရလိမ့်မယ်"


ရွှီလော့ယန်ကမူ သူ့ကိုဆက်ပြီးစိုက်ကြည့်နေဆဲပင်။


....................................................................


xxxxxxxc