အပိုင်း ၈၄
Viewers 6k

🍬Chapter 84


------------


မိနစ်ဝက်နီးပါးတိတ်ဆိတ်သွားပြီးနောက် ချီချန်အန်းရဲ့လေသံက နှေးကွေးလာပြီး


 "ကိုယ်ရဲ့မွေးအမေနာမည်က ရှန်ကျဲမေ့လို့ခေါ်တယ် သူ့အသက် နှစ်ဆယ့်နှစ်နှစ်မှာ မိသားစုနှစ်ခု ပေါင်းစည်းဖို့အတွက် လက်ထပ်ခဲ့ရပြီး နှစ်နှစ်အကြာမှာ ကိုယ့်ရဲ့အကိုကြီးချီချန်ယင််းကိုမွေးခဲ့တယ်"


"ကိုယ့်ရဲ့အဖေက အဆင့်အတန်းမြင့်တဲ့မိသားစုကမွေးဖွားလာခဲ့ပြီး အလုပ်ကိုပဲအဓိကလုပ်တဲ့သူမလို့ အိမ်ပြန်ဖို့အချိန်ဆိုတာမရှိသလောက်ပဲ။ကိုယ့်အကိုကြီး အသက်ခြောက်နှစ်အရွယ် မိသားစုဆရာနဲ့စပြီးလေ့လာတဲ့အချိန်မှာ အထီးကျန်မှုကြောင့် အမေက ကိုယ့်ကိုမွေးခဲ့တာ"


ချီချန်အန်းက စကားများများပြောလေ သူ့လေသံက ပိုပျော့ပြောင်းလာပုံရပြီး အခြားသူအကြောင်းပြောပြနေသလိုပင်၊ဤသည်ကပဲ နားထောင်နေတဲ့သူကို အထီးကျန်မှုကိုခံစားရစေသည်။


"ကိုယ်သုံးလသားအရွယ်မှာ အမေက ကိုယ့်ကိုသူကိုယ်တိုင်ပြုစုစောင့်ရှောက်ချင်တဲ့အတွက် သူ့အနားကလူတစ်ယောက်က ကိုယ့်ကိုနာနီစီကနေခိုးယူဖို့ကြိုးစားခဲ့တယ်ဆိုပြီး အကြောင်းပြခဲ့တယ်။ အဲ့ဒီနောက်ပိုင်းကနေစပြီး ကိုယ်က ကျန်းမာရေးညံ့ဖျင်းတယ်ဆိုပြီး မိသားစုဝင်တွေအားလုံးကိုလိုက်ပြောတယ်၊ ပြီးတော့ ကိုယ့်ကဓာတ်မတည့်မှုတွေကြောင့် ပန်းနာရင်ကျပ်ဖြစ်တက်တယ်ဆိုပြီးတော့ရောပဲ၊အဲ့ဒီအလိမ်အညာတွေအတွက် မိသားစုဆရာဝန်တွေအားလုံးကိုတောင်မှ လာဘ်ထိုးခဲ့သေးတယ်"


"ချန်အန်း....."


"ဟမ်..." ချီချန်အန်းရဲ့လေသံကဖြောင့်ဖြူးနေဆဲဖြစ်ပြီး "သူမပြောပုံအရတော့ ကိုယ့်ရဲ့ရောဂါက ပိုပြင်းထန်လာပြီး နေ့တိုင်းအောက်စီဂျင်ပိုက်တပ်ထားရမယ်တဲ့၊ ပြီးတော့ကိုယ့်ကို လှုပ်ရှားမှုသေးသေးလေးတောင်လုပ်ခွင့်မပြုခဲ့ဘူး၊ လမ်းလဲလျှောက်ခွင့်မရဘဲ အိပ်ရာထဲကထွက်လိုက်တာနဲ့ ဝှီးချဲနဲ့ပဲသွားရတယ်၊အဲ့ဒီအချိန်တုန်းက ကိုယ်ကအရမ်းငယ်သေးတာကြောင့် အဲ့ဒါတွေကိုနားမလည်နိုင်ခဲ့ဘူး ကိုယ်သိတာက ကိုယ့်ရဲ့ခန္ဓာကိုယ်ကမကောင်းဘူးဆိုတာရယ် အဲ့ဒါအတွက် ကုထုံးနဲ့ခွဲစိတ်မှုတွေလုပ်ရမယ်ဆိုတာပဲရှိတာ...ဒါပေမဲ့နောက်နှစ်နှစ်အကြာ၊ကိုယ့်ရဲ့ ခုနှစ်ပြည့်မွေးနေ့မှာ အဖေက အရေးကြီးအလုပ်ကိစ္စတစ်ခုရှိနေတာနဲ့ ပွဲလုပ်မပေးနိုင်ခဲ့ဘူး အဲ့ဒီနေ့မှာ ကိုယ့်အမေကလည်း စိတ်အခြေအနေကောင်းတဲ့ချိန်ဟုတ်မနေခဲ့ဘူး သူက 'မင်းအဖေဘာလို့ပြန်မလာသေးတာလဲ'လို့ခဏခဏမေးရင်း ကိုယ့်လက်ကိုကိုင်ပြီးငိုနေခဲ့တယ်လေ 'မင်းအဖေက မင်းကိုမလိုချင်တော့ဘူးလား' ၊'သူက ငါ့ကိုရောမလိုချင်တော့ဘူးလား' ၊'သူဘယ်တော့မှပြန်မလာတော့ဘူးလား'ဆိုပြီးတောက်လျှောက်ပြောနေခဲ့တာ"


ချီချန်အန်းရဲ့ နှုတ်ခမ်းထောင့်မှာ သရော်တဲ့အရိပ်အရောင်တစ်ခုပေါ်လာပြီး 


"အဲ့ဒီ့ညမှာ ကိုယ့်ရဲ့ရောဂါကပိုဆိုးလာတယ်..မကြာခင်မှာပဲ အစာပိုက် တပ်လိုက်ရပြီး ကိုယ့်ဘာသာမစားနိုင်အသက်မရှုနိုင်တော့ဘူး ကိုယ့်အမေနဲ့ ဆရာဝန်တွေနဲ့ဆွေးနွေးနေတာကိုကြားပြီးတော့ ပထမဆုံးအနေနဲ့ ထူးဆန်းတယ်လို့ခံစားခဲ့ရတယ် ဘာလို့ပဟေဠိဖြစ်သွားလဲဆိုရင် သူတို့ပြောနေသလိုမျိုး မသက်မသာဖြစ်နေတာမျိုး တစ်ခုမှကိုယ်မခံစားရဘူး"


"အဲ့ဒါနဲ့ပဲ 'အမေ၊ကျွန်တော်အရမ်းနေမကောင်းဖြစ်နေတာလား'လို့မေးခဲ့တယ် အမေက "ဟုတ်တယ် ၊မင်းအရမ်းဖျားနေတာ၊ဒါပေမယ့် အခုလိုမျိုးဖျားနေတဲ့အချိန်မှာတောင် မင်းအဖေကမင်းကိုတွေ့ဖို့ရောက်မလာဘူး" လို့ပြောရင်း သူမက အလွန်ဝမ်းနည်းနေခဲ့သေးတာ"


ထိုအချိန်မှာ ရွှီလော့ယန်ရဲ့ လက်ဖမိုးပေါ်ကို မျက်ရည်တစ်ပေါက်ကျလာတာကို ချီချန်အန်းသတိပြုလိုက်မိပြီးနောက် သူအေးခဲသွားရ၏။


"နျောင်နျောင်_"


"မင်းရဲ့အကိုကြီးကရော"ချီချန်အန်းရဲ့ အင်္ကျီလက်အနားကိုဆုပ်ကိုင်ထားလိုက်ရင်း ရွှီလော့ယန်ရဲ့အသံကဆို့နစ်နေကာ "မင်းရဲ့အစ်ကိုကြီးကရော..."


"ကိုယ့်အသက်ခြောက်နှစ်မှာ နိုင်ငံခြားက ပုဂ္ဂလိကကျောင်းမှာ ပညာသင်ဖို့လွှတ်ခံခဲ့ရတယ်" 


ချီချန်အန်းက ရွှီးလော့ယန်ရဲ့ မျက်ရည်စတွေကို သူ့လက်ချောင်းရဲ့နူးညံ့တဲ့လက်ထိပ်လေးဖြင့် ခပ်ဖွဖွဖိသုတ်ပေးလိုက်ပြီး ၊ တစ်ဆက်တည်းဆိုသလို သူ့နှုတ်ခမ်းထက် ခါးသီးတဲ့အပြုံးတစ်ခုထွက်ပေါ်လာသည်။


"တောင်းပန်ပါတယ်၊ကိုယ်မင်းကိုငိုအောင်လုပ်မိပြီ"


မျက်ရည်တွေအဆက်မပြတ်စီးကျလာတာကြောင့် ရွှီလော့ယန် စကားမပြောနိုင်တော့သဖြင့် သူ့ခေါင်းကိုသာခါယမ်းပြနိုင်လေသည်။


"ချန်ယင်းက အားလပ်ရက်ရှိတဲ့အချိန် တစ်နှစ်ကို သုံးခါလောက်ပဲ ပြန်လာတယ်၊ရှန်ကျဲမေ့က နှင်းဆီနီတွေကိုအရမ်းသဘောကျပြီး အများကြီးစိုက်ထားတာ၊ တစ်ခေါက်တုန်းက ချန်ယင်းပြန်ရောက်လာတဲ့အချိန်မှ ကိုယ်ကအခန်းထဲကသိပ်မထွက်တာကိုသတိပြုမိပြီး သူကဥယျာဥ်ထဲကနှင်းဆီနီတစ်ပွင့်ယူလာရင်း အပြင်ကနေရောင်ခြည်နုနုလေးတွေက အရမ်းလှပပြီးချစ်ဖို့ကောင်းနေလို့ အပြင်ထွက်ကြည့်ချင်လားလိုမေးခဲ့တယ်၊ဒါပေမယ့်အဲ့ဒါကို ရှန်ကျဲမေ့ရဲ့ အော်ဟစ်သံကဖျက်စီးလိုက်ပြီး ချန်ယင်းရဲ့လုပ်ရပ်က ကိုယ့်ကိုသေတောင်သေစေနိုင်တယ်လို့ ဒေါသတကြီးပြောခဲ့တာ"


ထို့နောက်သူ့မျက်လုံးထဲမှာအပြုံးရိပ်လေးတစ်ခုသမ်းလာပြီး 


"ဒါပေမယ့်အဲ့ဒီညမှာ ချန်ယင်းက ကိုယ့်အခန်းထဲကိုခိုးဝင်လာခဲ့ပြီး သူပိုကြိုးစားပြီး ဘာမဆိုလုပ်နိုင်တဲ့လူတစ်ယောက်ဖြစ်အောင်လုပ်မယ်လို့ပြောခဲ့တယ် အဲ့ဒါမှ သူကိုယ့်ကိုကုသဖို့အတွက်ထူးချွန်တဲ့ဆရာဝန်တွေရှာနိုင်ပြီး ကိုယ်ကမ္ဘာပတ်ပီးခရီးသွားနိုင်ဖို့ လေယာဥ်တွေ၊အပျော်စီးသင်္ဘောတွေနဲ့ကားတွေဝယ်နိုင်မှာတဲ့လေ"


"အဲ့ဒါကိုကြားတုန်းက ကိုယ်အရမ်းဝမ်းသာခဲ့တာ၊ အဲ့ဒီနေ့ရောက်လာဖို့အထိ အသက်ရှင်နိုင်ခဲ့ပါ့မလားမသိခဲ့ပေမဲ့ အဲ့ဒါလေးက အတွေးလေးနဲ့တင် ကိုယ့်ကိုမယုံနိုင်လောက်အောင်ပျော်ရွှင်စေခဲ့တယ်."


ရွှီလော့ယန်က သူ့မျက်ရည်တွေကိုလက်ခုံဖြင့် သုတ်လိုက်ပြီး ချီချန်အန်းကိုပြုံးပြဖို့မကြိုးစားခင် ထိုသူ့ရဲ့လက်ဖမိုးထက် ခေါင်းငုံ့ပြီးနမ်းလိုက်သည်။


"နောက်ကျတော့ရှန်ကျဲမေ့ကချန်ယင်း ခိုးဝင်တာကို CCTVကနေ တွေ့သွားပြီး သူ့ယောက်ျားနဲ့သားတွေကို ဆုံးရှုံးသွားသလိုမျိုးကိုယ့်ကိုလဲဆုံးရှုံးရမှာကြောက်ပြီး ကိုယ့်အစာအိမ်ရဲ့သုံးပုံတစ်ပုံကိုဖယ်ထုတ်ဖို့ ခွဲစိတ်မှုတစ်ခုစီစဥ်ခဲ့တယ်"


"အဲ့ဒီခွဲစိတ်မှုနောက်ပိုင်းမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်က အရမ်းအားနည်းလာတယ် သည်းခြေရည်ပြန်တက်တာ၊အစာအိမ်သွေးယိုတာနဲ့ ပြင်းပြင်းထန်ထန်အိပ်မပျော်တာကို နှစ်နှစ်လောက်ကြာအောင်ခံစားခဲ့ရတာ တစ်ညမှာ ရှန်ကျဲမေ့က ညနက်သန်းခေါင်မှာ ကိုယ့်အခန်းထဲလာ အိပ်ရာဘေးမှာထိုင်ပြီး ကိုယ့်ကိုစကားပြောတယ်၊သူက ကိုယ့်ကိုအိပ်ပျော်နေတယ်ထင်ပြီးပြောနေတာလေ အခုတော့ကိုယ်သူမကိုထားခဲ့မှာစိတ်မပူရတော့ဘူးဆိုပြီး တိုးတိုးလေးပြောနေတာကိုကြားလိုက်ရတယ်လေ"


"အဲ့ဒီအချိန်ကစပြီး ကိုယ်တစ်ကယ်နေမကောင်းဖြစ်နေတာမဟုတ်ဘူးဆိုတာ ပိုယုံကြည်လာခဲ့တာ"


ချီချန်အန်းက မျက်ရည်လည်ရွှဲဖြစ်နေတဲ့ ရွှီလော့ယန်ကို ပွေ့ဖက်ထားရင်း သူ့ဆံပင်လေးတွေကိုနမ်းရှိုက်လိုက်ပြီး


 "ကိုယ်မင်းကို ဒါတွေအကုန်ပြောမပြသင့်ဘူး" 


ဒါတွေအားလုံးက အတိတ်ကသွေးစွန်းခဲ့တဲ့ ဖြစ်ရပ်သက်သက်ပင်။


"မင်းငါ့ကိုပြောသင့်တာပေါ့"


 ရွှီလော့ယန်ကသူ့လည်ပင်းကို ပြက်းပြင်းထန်ထန်ကိုက်လိုက်ပြီး သူ့သွားဖုံးတွေနာကျင်လာမှလွှတ်ပေးလိုက်ကာ 


"အဲ့ဒါပြီးတော့ ဘာဆက်ဖြစ်သွားလဲ"


"ကိုယ့်အသက်ဆယ့်နှစ်နှစ်ပြည့်ပြီးတဲ့အချိန်မှာ အဖေကအိမ်ပြန်လာပြီး ကိုယ့်ကိုကျောင်းကိုပို့မလား မိသားစုကျူရှင်ပို့မလားလို့ဆွေးနွှေးကြတယ် အဲ့ဒီမှာသူတို့ရန်ဖြစ်ကြတယ် အဖေက ကိုယ့်ရဲ့ခန္ဓာကိုယ်ကအားနည်းနေပေမဲ့လဲ ရုပ်ပိုင်းဆိုင်ရာအားနည်းချက်တွေက လူတစ်ယောက်ရဲ့ အတွေးတွေကိုထိန်းချုပ်မထားနိုင်ဘူးဆိုပြီး တွေးခဲ့တယ်လေ ရက်နည်းနည်းကြာတော့ ကိုယ်ညဘက်မှာကိုယ့်အခန်းထဲကနေ ခိုးထွက်ဖို့အခွင့်အရေးရခဲ့ပြီး ချန်ယင်းနဲ့တွေ့လိုက်ရတယ် အဲ့ဒီအချိန်မှာ ကိုယ်အရမ်းစိတ်လှုပ်ရှားနေပြီး ကြောက်လဲကြောက်နေခဲ့တာ။ကိုယ်သတ္တိမွေးလိုက်ပြီး 'အကိုကြီး၊ ကျွန်တော်နေမကောင်းဖြစ်မနေဘူးလို့ပြောရင်ယုံလား' လို့သူ့ကိုမေးခဲ့တာ သူ့ကို ချီ နဲ့ ရှန် မိသားစုရဲ့လွှမ်းမို့းမှုကနေ ကင်းလွတ်တဲ့ဆေးရုံမှ ဆေးစစ်ပေးဖို့ တောင်းဆိုခဲ့တယ်"


ရွှီလော့ယန်ရဲ့ အသက်ရှုသံတွေက ချီချန်အန်းစီက "သူကိုယ့်ကို ယုံခဲ့တယ်" ဆိုတာကိုမကြားခင်အထိ မတည်မငြိမ်ဖြစ်နေခဲ့၏။


"စစ်ဆေးမှုရလဒ်ထွက်လာတဲ့အချိန်မှာ အဖေနဲ့ ရှန်ကျဲမေ့ အကြီးအကျယ်ရန်ဖြစ်ကြတယ် နောက်ဆုံးမှာ ရှန်ကျဲမေ့က အဖေ့ကိုပစ်သတ်လိုက်ပြီးတော့ သူ့ကိုယ်သူလဲသတ်သေသွားခဲ့တာ အဲ့ဒါတွေပြီးတဲ့နောက်မှာ အရွယ်ရောက်နေပြီဖြစ်တဲ့ ကိုယ့်အကိုကြီးက မိသားစုအမွေကိုဆက်ခံခဲ့ပြီး ကိုယ့်ကိုလည်းသူတက်ခဲ့တဲ့ကျောင်းကိုပဲ ပို့လိုက်တာ" 


ထို့နောက်ချီချန်အန်းက ပြောလက်စကိုခဏရပ်လိုက်ပြီး တစ်ချက်ရယ်မောကာ ဆိုလိုက်၏။


"နောက်ဆုံးမှာတော့ ကိုယ်လွတ်မြောက်ခဲ့တယ်လေ"


သူ့ရဲ့နောက်ဆုံးစကားလေးလုံးကိုကြားတဲ့အချိန်မှာ ရွှီလော့ယန်သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ချီချန်အန်းရဲ့လက်မောင်းတွေကြားထဲကို ပစ်ဝင်လိုက်ပြီး ရှိုက်ငိုနေမိသည်။


သူ့ငိုသံကိုကြားတဲ့အချိန်မှာ ချီချန်အန်းကခေါင်းငုံ့ပြီး သူ့ဆံသားထက် ညင်သာစွာပွတ်သပ်ရင်း "အဲ့ဒါကြောင့်လော့ယန် ၊ကိုယ်ကမင်းထင်သလောက်မကောင်းသလို သာမာန်လူတွေနဲ့လည်းမတူဘူး ကိုယ့်စိတ်ထဲမှာ မုန်းတီးမှုတွေ၊မကျေနပ်ချက်တွေနဲ့ လောဘတွေအပြည့်ပဲ


မင်းရဲ့စာနာမှု၊သနားမှုနဲ့ စိုးရိမ်မှုတွေကိုလိုချင်လို့ ကိုယ်ဒါကိုပြောပြခဲ့တာ ကိုယ့်အတွက်မင်းကို ဝမ်းနည်းစေခဲ့သလို ငိုလည်းငိုစေခဲ့တယ် ပြီးတော့ကိုယ့်ကို ထားသွားမှာကိုလည်းမလိုချင်ဘူး ကိုယ်က အရမ်းကိုမုန်းစရာကောင်း-"


ရွှီလော့ယန်က ချီချန်အန်းရဲ့ နှုတ်ခမ်းတွေကို အကိုက်ခံရလို့သွေးထွက်နေတဲ့ သူ့နှုတ်ခမ်းတွေဖြင့်ပိတ်လိုက်ပြီး ဆက်ပြောမှာကိုရပ်စေလိုက်ကာ သွေးအနည်းငယ်ပေကျံစေလိုက်သည်။


စက္ကန့်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ချီချန်အန်းကို သူ့ဘက်ပြန်ဆွဲယူလိုက်ပြီး "မင်းငါ့ကိုထားခဲ့ရဲလားလို့" တိုးညင်းစွာမေးလိုက်သည်။


ချီချန်အန်းက သူ့ကိုတိတ်ဆိတ်စွာ ကြည့်နေပြီး နောက်ဆုံးမှာခေါင်းယမ်းလိုက်သည်။


"ငါလည်းမင်းကို ထားမသွားနိုင်ဘူး"


ရွှီလော့ယန်က ချီချန်အန်းရဲ့ လက်ချောင်းများကို သူ့လက်ချောင်းတွေနှင့် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်သည်။ 


သူကပြုံးဖို့ကြိုးစားနေပေမဲ့ သူ့ရဲ့အသံကတုန်ခါနေဆဲဖြစ်ကာ


 "ငါ့ရဲ့ချီချီ ၊ ငါ့ရဲ့ချန်အန်းကောကောက ငါတွေ့ဖူးသမျှထဲမှာ အကောင်းဆုံးလူပဲ၊ သူ့ကိုဘယ်သူမှမယှဥ်နိုင်ဘူး ၊သူကအရမ်းတော်ပြီးတော့ ငါ့ရဲ့ကျန်ရှိတဲ့ဘဝတစ်ခုလုံးသူနဲ့ပဲကုန်ဆုံးသွားချင်တယ်"


"ဒါပေမယ့်-"


"ဒါပေမယ့်ဆိုတာမရှိဘူး"


ရွှီလော့ယန်က သေချာမှုအပြည့်ဖြင့် သူ့မေးစေ့ကိုမော့လိုက်ပြီး "ငါ့ရဲ့ဘဝကို မင်းနဲ့သာမကုန်ဆုံးရဘူးဆိုရင် ငါ့ရဲ့အသက်ရှင်နေတဲ့နေ့ရက်တိုင်းကို ဝမ်းနည်းစွာဖြတ်သန်းနေရလိမ့်မယ် မင်းကအဲ့ဒီလိုမျိုး သည်းခံနိုင်လို့လား"


ချီချန်အန်းက သူ့အကြည့်ကိုသေချာစိုက်ကြည့်နေမိပြီးအချိန်အနည်းငယ်အကြာမှ"သေချာပေါက် ကိုယ်သည်းမခံနိုင်ဘူးပေါ့" ဟုဝန်ခံလိုက်သည်။


"မင်းဝမ်းနည်းတာကို ကိုယ်မမြင်ချင်ဘူး၊ကိုယ့်ကြောင့်ဆို ပိုတောင်မဖြစ်စေချင်သေးတယ်"


သူ့ရဲ့တုန့်ပြန်မှုကိုအလွန်ကျေနပ်စွာဖြင့် ရွှီးလော့ယန်ရဲ့လေသံကပိုပျော့ပျောင်းလာပြီး 


"အဲ့ဒါဆိုရင် ငါ့ကိုပိုပြီးကျပ်ကျပ်လေးဖက်ပေးနိုင်မလား"


ချီချန်အန်းက သူ့ရဲ့လက်မောင်းတွေကို ပိုတင်းကျပ်လိုက်သည်။


"ဒီထပ်ပိုကျပ်ကျပ်လေး"


ချီချန်အန်းက သူပြောတဲ့အတိုင်းပိုတင်းကျပ်လိုက်သည်။


"ဟုတ်တယ်၊ဒီလိုမျိုးလေး"


ရွှီလော့ယန်ရဲ အသံက အပြုံးရိပ်စွက်နေပြီး "ချန်အန်းငါ့ကိုနောက်တစ်ခါလက်လွှတ်ပေးဖို့မစဥ်းစားနဲ့၊ ငါ့ကိုမင်းရင်ခွင်ထဲမှာ အပြီးတိုင်ပိတ်လှောင်ထားလိုက်" လို့တိုးငြင်းစွာပြောလိုက်သည်။


ထိုအခိုက်အတန့်မှာ ချီချန်အန်းသူ့ရဲ့မျက်လုံးတွေကို ဖြည်းညှင်းစွာမှိတ်ထားလိုက်မိပြီး၊ တစ်ချိန်တည်းလိုလို သူ့ရဲ့နှလုံးသားထဲမှာပိတ်လှောင်ခံထားရတဲ့ သားရဲက သက်သာရာရသွာတယ်လို့ခံစားလိုက်ရ၏။


.....................................................................


Translated By IQ-Team.