အပိုင်း ၈၅
Viewers 6k

🍬Chapter 85



ဆိုဖာပေါက်မှာ ဒူးထောက်ထားရင်း ရွှီလော့ယန်က ချီချန်အန်းကိုမှီထားလိုက်သည်။ သူ့ခြေထောက်တွေက အနေအထားမပြောင်းလဲဘဲ အကြာကြီးထိုင်နေမိတာကြောင့် ထုံကျင်နေသော်လည်း လုံးဝလှုပ်ချင်စိတ်မရှိပေ။သူရဲ့နှလုံးသားကို မရေမတွက်နိုင်တဲ့ အပ်တွေဖြင့်ထိုးစိုက်ထားသလိုခံစားနေရပြီး ယင်းနေရာကအရမ်းနာကျင်ရကာ တဆတ်ဆတ်တုန်ယင်နေသလိုပင်။


သူတို့ weiboမှာ ပိုစ့်တင်တာနဲ့ပတ်သတ်ပြီး ချင်းလီမြို့မှာဆွေးနွေးတုန်းကပြောဖူးတဲ့စကားဝိုင်းကို သတိရလိုက်သည်။ထိုအချိန်တုန်းက ချီချန်အန်းက သူ့ဘဝမှာဝေမျှဖို့အတွက် စိတ်ဝင်စားစရာကောင်းတာမရှိတာကြောင့် မလုပ်ဘူးလို့ပြောခဲ့ဖူးသည်။


နောက်ပြီး ချီချန်အန်းသူ့ကို လန်ဒါမှာရှိတဲ့ ကျေးလက်ရွာလေးက အိမ်သေးသေးလေးတစ်ခုကိုခေါ်သွားတုန်းက အချိန်တွေကိုလည်းမှတ်မိသေးသည်။ထိုအချိန်တုန်းကရွှီလော့ယန်သူ့ကို ဒီနေရာမှာသာ တစ်ယောက်ထဲအထီးကျန်စွာ ဗလာသက်သက်နေရမယ်ဆိုရင် ကြောက်နေမှာလားလို့မေးခဲ့ဖူးသည်။


အဲ့ဒီအချိန်တုန်းက ချီချန်အန်းဘယ်လိုတုန့်ပြန်ခဲ့ပါလိမ့်။


ထိုအချိန်တုန်းက သူပြောတာက -


_တစ်ယောက်တည်း နေရတာက ပိုပြီးလုံခြုံတယ်လို့ ခံစားရတယ်-


ရွှီလော့ယန်က ချီချန်အန်းဘာလို့အမြဲနေမကောင်းဖြစ်နေရတာလဲ ၊ဒါမှမဟုတ် ဘာလို့နှင်းဆီနီတွေတွေ့တိုင်း သူ့မျက်နှာဖျော့တော့နေရလဲဆိုတာကို နားမလည်နိုင်ခဲ့ချေ။ပြီးတော့ ဘာလို့အမြဲတမ်းသူ့မိသားစုအကြောင်းမပြောတာလဲဆိုတာရယ် ပြောမိတဲ့တစ်ကြိမ်တုန်းကလည်း ဘာလို့စကားဆက်မပြောတော့တာလဲဆိုတာကို သူတစ်ကယ်ပဲနားမလည်ခဲ့မိဘူး။


ယခုလိုအသေးစိတ် အချက်အလက်လေးတွေကိုပြန်တွေးကြည့်လိုက်မိတဲ့အချိန်မှာတော့ သူ့ရဲ့နှလုံးသားကပိုလို့ပင်နာကျင်လာရသည်။


ထိုအခိုက်အတန့်မှာ ရွှီလော့ယန်ရဲ့ နှလုံးသားအတွင်းမှာ ခံစားချက်တွေတဟုန်းဟုန်းဝင်ရောက်နေပြီး ထွက်ပေါက်ရှာမရတော့သဖြင့် ချီချန်အန်းရဲ့နာမည်ကို တိုးတိုးလေးပြောနေရုံသာတက်နိုင်ပြီး သူ့စိတ်ထဲမှာနှလုံးသားတစ်ခုလုံးကွဲကြေမတက်နာကျင်ရတာက ဘယ်လိုမျိုးလဲဆိုတာ နားလည်သွားရသည်။


ငါရဲ့ချန်အန်း၊ ငါမင်းကိုဘယ်သူမှ နာကျင်အောင်မလုပ်နိုင်တဲ့ စွမ်းအားကြီးတဲ့နတ်ဆိုးတစ်ကောင်ဖြစ်စေဖို့ ပိုပြီးဆန္ဒရှိမိတယ်။


"နျောင်နျောင်"


"မင်းရဲ့နျောင်နျောင်လေး ရှိပါတယ်"


ချီချန်အန်းပြောလိုက်တာနှင့် ရွှီလော့ယန်က ချက်ချင်းပဲ တုံ့ပြန်လိုက်ပြီးနောက် သူ့ကိုပွေ့ဖက်ထားတဲ့လူကိုကြည့်လိုက်ချိန်မှာတော့ သူ့ရဲ့နှုတ်ခမ်းထောင့်တွေကို မနမ်းဘဲမနေနိုင်တော့ချေ။


သူနှုတ်ခမ်းတွေကိုနမ်းခွင့်ပြုရင်း ပြောလသည့် ချီချန်အန်းရဲ့ အသံကနူးညံ့ညင်သာနေပြီး "ကိုယ်ဒါတွေပြောပြတယ်ဆိုတာ မင်းစီကစာနာမှုရဖို့၊ဒါမှမဟုတ် မင်းကိုယ့်ကိုထားမသွားဖို့ရာ အကြောင်းပြချင်အနေနဲ့ အသုံးချချင်တာမျိုးမဟုတ်ဘူး"


"ငါသိတယ်" 


ရွှီလော့ယန်က ခေါင်းညိတ်ပြလိုက်ပြီး သူ့အမူအရာကမူ လေးနက်စွာဖြင့် "ငါ့ရဲ့ချန်အန်းက သန်မာတယ်ဆိုတာ ငါသိပါတယ်၊ဒါပေမဲ့ ငါမင်းအတွက်ခံစားနေရတာကို မရပ်တန့်နိုင်ဘူး"


သူ့ရဲ့မျက်လုံးတွေကို မှိတ်တုပ်မှိတ်တုပ်လုပ်နေရင်း၊သူငိုတာများလို့ သူ့မျက်လုံးတွေနာကျင်လုမတက်ဘဲဆိုတာကို သတိပြုမိလိုက်သည်။


"ချန်အန်း"


"အင်း"


ရွှီလော့ယန်ရဲ့လေသံကအနည်းငယ်အက်ရှနေပြီး "မင်း ငါ့ရဲ့မျက်လုံးတွေကိုမှုတ်ပေးလို့ရမလား၊ အဲ့ဒါက စပ်ဖျင်းဖျင်းနဲ့ နာနေတယ်"


ချီချန်အန်းကသူ့မျက်ခွံတွေကို သေချာလေးမှုတ်ပေးနေတဲ့အချိန်မှာ ရွှီလော့ယန်က ကျေနပ်စွာညီးတွားလိုက်ပြီး "ငါ့မျက်ခွံတွေအရမ်းဖောင်းနေတာလား"


"အင်း၊နည်းနည်းတော့ရောင်နေတယ်" 


ချီချန်အန်းက သူ့ရဲ့နီနေတဲ့မျက်လုံးထောင့်လေးကိုထိလိုက်ပြီး"နျောင်..ကိုယ့်ကိုခဏလောက်လွှတ်ပေးဦး၊ကိုယ်မင်းမျက်လုံးတွေအအေးခံဖို့ မျက်နှသုတ်ပဝါနဲ့ ရေခဲနည်းနည်းယူခဲ့ပေးမယ် မဟုတ်ရင် မင်းမနက်ဖြန်အပြင်မထွက်နိုင်ဘဲနေလိမ့်မယ်"


မနက်ဖြန်မနက် သူတို့အိိမ််အပြင်ဖက်မှာစောင့်နေမဲ့ သတင်းထောက်တွေကိုတွေးလိုက်မိလိုက်ချိန်မှာ ရွှီလော့ယန်စိတ်ထဲ ပေါက်ကွဲစေလောက်မဲ့ ခေါင်းစဥ်တစ်ခုကိုမြင်ယောင်လိုက်မိသည်-'ရွှီလော့ယန် ပလက်စတစ်ဆာဂျရီလုပ်ပြီး ဘေးထွက်ဆိုကျိုးအနေနဲ့ သူ့မျက်လုံးတွေမယုံနိုင်လောက်အောင်သေးသွားတယ်'


ထိုသို့မြင်ယောင်ကြည့်ပြီးနောက်မှာတော့ ရွှီလော့ယန်တစ်ကိုယ်လုံးတုန်လှုပ်သွားပြီး အဆင်မပြေဖြစ်သွားရသည်။


သူမတ်မတ်ထိုင်လိုက်ရင်း ချီချန်အန်းရဲ့အင်္ကျီကိုလွှတ်လိုက်တယ်ဆိုရင်ပဲ သူ့နှလုံးသားတစ်ခုလုံးဗလာကျင်းသွားသလိုခံစားလိုက်ရကာ ထပ်ပြီးဆုပ်ကိုင်ထားလိုက်ရင်း"ငါမင်းကိုမလွှတ်ပေးချင်ဘူး၊ မရဘူးမလွှတ်လိုက်နိုင်ဘူး အတူတူသွားကြစို့"


တစ်မိနစ်အကြာမှာ ချီချန်အန်းက သူဂရုတစ်စိုက်ပြင်ထားတဲ့ရေခဲဝတ်ကို ရွှီးလော့ယန်ရဲ့ အနည်းငယ်ဖောင်းနေတဲ့ မျက်လုံးအစုံထက်တင်လိုက်သည်။


"ဟစ် ၊ အေးတယ်၊တော်တော်အေးတာပဲ ၊တစ်ကယ်အေးတယ်"


ရွှီလော့ယန်က ဆိုဖာပေါ်ဒူးထောက််နေရင်းကနေထခုန်မိမတက်ဖြစ်သွားသည်။


သူကခေါင်းကိုငုံ့လိုက်ကာ ညှိနှိုင်းလိုသောအသံဖြင့် "ချန်အန်းကောကော ကျွန်တော်ထင်တာတော့ ဒီရေခဲဝတ်က ချန်အန်းကောကောခုဏက မှုတ်ပေးတာလောက်တောင် မထိရောက်ဘူးနော်"


မျက်နှာသုတ်ပဝါကို ကိုင်ထားတဲ့ချီချန်အန်းကလက်ကို မဖယ်ရှားပေးဘဲ ရွှီလော့ယန်ကိုစလိုက်၏။


"ကိုယ့်ရဲ့နတ်ဆိုးစွမ်းအားက အရမ်းကြီးလို့လား"


ရွှီလော့ယန်ကရှက်ရွံ့စွာဖြင့် သူ့အကြည့်တွေကိုရှောင်လိုက်ပြီး "ဟုတ်တယ်"လို့ တိုးတိုးလေးဖြေလိုက်သည်။


သူထင်တဲ့အတိုင်းပဲ ဒီနတ်ဆိုးလို့ထင်တဲ့ကိစ္စနဲ့ပတ်သတ်တဲ့စနောက်မှုက အခုကစပြီး ရပ်တော့မှာမဟုတ်ဘူးမလား။


တွေးမိပြီးပြီးချင်း"ဒါဆိုရင်ငါ ကျင့်ကြံဖို့မလိုတော့ဘူးပေါ့"လို့မေးလိုက်သည်။


"ဟမ်...ဟုတ်တယ်၊မင်းတစ်ကယ်မလိုတော့ဘူး"

ချီးချန်အန်းက ပြုံးရင်းပြောလိုက်သည်။


"ဒါပေမဲ့ လျှို့ဝှက်ကျင့်ကြံရေးစာအုပ်တစ်ခုခု တွေ့ရင်တော့ မင်းကြိုးစားကြည့်လို့ရပါသေးတယ်"


ရွှီလော့ယန်ကသူ့လက်ကိုဝှေ့ယမ်းပြီး "မေ့လိုက်တော့၊မေ့လိုက်တော့၊ မင်းငါ့နားမှာမရှိရင် အသက်ရှည်ရှည်နဲ့တစ်ယောက်ထဲနေရလဲ ဘာအဓိပ္ပါယ်မှမရှိတော့ဘူး"


ရေခဲဝတ်နှင့်အုပ်ပြီးနောက် ရွှီလော့ယန်ရဲ့ မျက်လုံးတစ်ဝိုက် ရောင်ရမ်းမှုသက်သာလာသောကြောင့် နှစ်ယောက်သားဆိုဖာပေါ်မှာထိုင်လိုက်ကြပြီး ရွှီလော့ယန်ကတော့ ချီချန်အန်းရဲ့ပေါင်ပေါ်မှာလှဲလျောင်းနေသည်။


သူကချီချန်အန်းရဲ့ အာဒံပန်းသီးကို ထိလိုက်ပြီး "ချန်အန်း ရိုးရိုးသားသားပြောပြ၊ မင်းရဲ့ခန္ဓာကိုယ်က ပြန်ကောင်းနိုင်ပါ့မလား"


သူ့စိတ်ထဲက ဟိုဟိုဒီဒီအတွေးတွေအားလုံးကိုရပ်တန့်လိုက်ကာ သူ့ရဲ့လေသံကိုအတက်နိုင်ဆုံးထိန်းထားလိုက်သည်။


"အဖေဆုံးပြီးတစ်နှစ်အကြာမှာ အကိုကြီးက ကိုယ့်အတွက်သုသေသနအဖွဲ့တစ်ခု တည်ထောင်ပေးခဲ့တယ် သူ့ရဲ့အဓိကပရောဂျက်တွေထဲကတစ်ခုက ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကို သုသေသနပြုဖို့ပဲ"


ချီချန်အန်းကသူရှင်းရှင်းလင်းလင်း မရှင်းပြလျှင် ရွှီးလော့ယန်ပိုပြီး စိုးရိမ်နေမယ်ဆိုတာသိတဲ့အတွက်အသေးစိတ်ရှင်းပြလိုက်သည်။


"သာမန်ဆေးတွေက ကိုယ့်အပေါ်သက်ရောက်မှုမရှိဘူး၊အဲ့ဒါကြောင့် မင်းမြင်နေတဲ့ ကိုယ်ယူလာတဲ့ဆေးတွေက အဲ့သုသေသနဌာနကယူလာတာ။ဒါပေမဲ့ ကိုယ်ငယ်ငယ်တုန်းက ပါဝင်ပစ္စည်းမသိတဲ့ဆေးတွေအများကြီးသောက်ခဲ့ပြီး ခွဲစိတ်မှုတွေအများကြီးလုပ်ခဲ့တဲ့အတွက်.."


သူကစကားပြောနေရင်း ရွှီလောယန်ရဲ့လက်ကိုကိုင်ကာ သူ့ရဲ့ညာဘက်မျက်လုံးပေါ်တင်လိုက်ပြီး "ဒါက heterochromia iridum ရဲ့ဘေးထွက်ဆိုးကျိုးတစ်ခုလေ ကိုယ်ဆိုးဆိုးရွားရွားစိတ်တိုတဲ့အချိန်မျိုး ဒါမှမဟုတ် စိတ်လှုပ်ရှားတဲ့အချိန်မျိုးမှာဆိုရင် ညာဘက်မျက်လုံးက အပြာရောင်ဖြစ်သွားတက်တယ်၊ညာဘက်နားကလည်း ဆွံ့အသွားသလိုဖြစ်သွားတက်တယ် ဒါပေမဲ့ ရောဂါလက်က္ခဏာတွေကတော့ ခဏလောက်ပဲဖြစ်တာပါ ကိုယ့်ရဲ့ ဓာတ်မတည့်တာတွေနဲ့ အစာအိမ်နာတာတွေကလဲ အဲ့ဒါရဲ့ဘေးထွက်ဆိုးကျိုးတွေပဲ"


သူက ယင်းကိုပြောပြီးတာနဲ့ ရွှီလော့ယန်ရဲ့လက်ကိုဖွဖွလေးဆုက်ကိုင်လိုက်ပြီး သူ့ရဲ့လေသံကိုလည်းဖြေလျှော့လိုက်ကာ "ကိုယ် ကုသမှုကို အစွမ်းကုန်လုပ်မှာပါ၊ မင်းလောက်တော့မကျန်းမာလာနိူင်ပေမဲ့ အတူတူတော့ကြီးပြင်းလာနိုင်ပါသေးတယ်"


သူ့ရဲ့လည်ချောင်းမှာ တစ်ခုခုတစ်ဆို့နေသလိုခံစားရပြီးနောက် ရွှီလော့ယန်ကခေါင်းညိတ်ပြလိုက်ပြီး သူ့လက်သန်းကို ချီချန်အန်းရဲ့လက်သန်းဖြင့် ချိတ်တွယ်လိုက်ပြီး" ငါ့ကိုကတိပေး၊ မင်းပြောပြီးသားစကားကို ပြန်ပြန်လို့မရတော့ဘူးနော်"


"အင်း...ကိုယ်ကတိပေးတယ်"


နာရီလက်တံက ၁၁နာရီကို ညွှန်ပြတဲ့အချိန်မှာ ချီချန်အန်းက "ထိပ်တန်းလျှို့ဝှက်မစ်ရှင်" ဆိုတာကိုမနှိပ်ခင်အထိ "ကြည့်တော့မလား" လို့မေးလိုက်ပြီး ရွှီလော့ယန်ခေါင်းညှိတ်ပြတာကိုမြင်တဲ့အချိန်မှာတော့ စတင်တဲ့ခလုပ်ကိုနှိပ်လိုက်သည်။


ချီချန်အန်းရဲ့အသံကိုစပီကာကနေတစ်ဆင့်ကြားလိုက်ရပြီးနောက် ရွှီလော့ယန်က မစ်ရှင်တည်နေရာကိုမမေးမြန်းခင် ချီချန်အန်း သရဲရာဘာလျှာကို ချည်နှောင်ဖို့အသုံးပြုနေတဲ့မြင်ကွင်းကိုတွေ့ရဖို့အတွက် ဖန်သားပြင်ကိုကြည့်လိုက်သည်။


စခရင်ပေါ်မှာမရေမတွက်နိုင်လောက်အောင် မှတ်ချက်တွေထွက်ပေါ်လာချိန်မှာတော့ ရွှီလော့ယန်က ချီချန်အန်းရဲ့ခါးကိုကိုင်လိုက်ပြီး"သူတို့တွေပြောနေသလိုမျိုးခုဏက ငါသရဲတစ္ဆေတွေကြောင့်လန့်သွားရလို့ အခုအငြိုးနဲ့လက်စားချေပေးနေတာလား"


" အမ်း...အဲ့ဒီလိုသဘောမျိုး"


ချီချန်အန်းရဲ့ပေါင်ပေါ်မှာ လှဲနေတဲ့ ရွှီလော့ယန်က ရယ်မောလိုက်ပြီး" ဝိုး ဝိုး ဝိုး ငါ့ရဲ့လွှမ်းမိုးနိုင်စွမ်ရှိတဲ့ ဥက္ကဋ္ဌကြီးရေ၊ ငါတော့မင်းစီမှာကျရှုံးသွားပြီ၊ ငါ့ကိုနမ်းပေးပါဦး"


ရှိုးကိုဆက်လက်ထုတ်လွှင့်နေဆဲဖြစ်ပြီး ရွှီလော့ယန်တစ်ယောက် ပရိုဂရမ်အဖွဲ့ကအသုံးပြုတဲ့ အဆင့်မြင့်တည်းဖြတ်ခြင်းနည်းပညာတွေကို အာရုံစူးစိုက်နေပြီး ခဏအကြာမှာ ဘေးကသူ့ဖုန်းကိုဆွဲယူလိုက်ပြီး weiboကိုဖွင့်ကာ ရေပန်းစားနေတဲ့ အကြောင်းအရာတွေကိုကြည့်လိုက်သည်။


ထိုအချိန်မှာ #ကုချန်CPဆိုတာက နံပါဒ်တစ်ဖြစ်နေဆဲဖြစ်ပြီး သူ့ကိုအံ့အားသင့်စေတာက တတိယမြောက်နေရာမှာ #ရွှီလော့ယန်ရဲ့ ဖွင့်ဟဝန်ခံချက် ဆိုတာက နေရာယူထားတာပင်။


သူကအံ့သြသွားပြီး"ငါက ငါကိုယ်တိုင်တောင်မသိဘဲ ဘာတွေများ ဝန်ခံလိုက်တာလဲ"


ထိုအကြောင်းအရောကိုတစ်ချက်နှိပ်လိုက်ပြီးနောက်မှာတော့ သူကအမှန်တကယ်ကို ထိန့်လန့်သွားရသည်။


"ငါ့ပရိတ်သတ်တွေကြားမှာ ပုန်းအောင်းနေတဲ့ ပါရမီရှိတဲ့စုံထောက်တွေ ဒါမှမဟုတ် FBI အေးဂျင့်တွေမရှိတာသေချာပါတယ်နော်"


"-ချိုမြိန်တဲ့ နတ်သမီးလေးတို့... လော့ယန်ကို ဝန်ထမ်းတွေလာခေါ်တုန်းက သူ့အိမ်တံခါးဝမှာရှိနေတဲ့ အရွယ်အစား မတူတဲ့ဖိနပ်နှစ်ရံကိုမှတ်မိလား ပြီးတော့ လိုက်ဖက်ညီနေတဲ့ စုံတွဲသွားတိုက်တံခွက်တွေကိုရော မှတ်မိကြလား။ ဒါမှမဟုတ် လော့ယန်က "ငါဘာတွေးနေလဲခန့်မှန်းကြည့်" ဆိုတဲ့အစီအစဥ်မှာ မစ္စတာချီကို မေးခဲ့တဲ့မေးခွန်းကိုရော ဒီကအသက်ကြီးနေတဲ့အန်တီကြီးကတော့ ငါတို့ရဲ့ချစ်လှစွာသော CP ကဒီလောက်စွမ်းအားကြီးလိမ့်မယ်လို့ မမမျှော်လင့်ထားဘူး-[နှာခေါင်းသွေးများပွတ်သုတ်.jpg ]"


"-နှစ်သစ်ကူးကိုအတူတူကုန်ဆုံး၊ မနက်စာအတူတူစား၊သွားတိုက်တံခွက် ကာပယ်သုံး၊စုံတွဲဖိနပ်တွေနဲ့ စုံတွဲမျက်နှာသုတ်ပဝါတွေ-ဟုတ်ပါတယ်လေ ငါတို့အကုန်ဘာမှမသိရှာပါဘူး!!!"


"-အားအားအား... မစ္စတာချီရဲ့ လေးနဲ့မြှားကအရမ်းမိုက်တာပဲ၊ငါတော့ ကမ္ဘာမြေရဲ့ဆွဲအားကနေလွတ်ထွက်သွားပြီဟ...ငါ့သူ့ကို သမိုင်းကြောင်းရိုက်ထားတဲ့ ရုပ်ရှင်မှာမြင်ချင်လိုက်တာ။ ပြီးတော့ရှိသေးတယ်'မင်းကငါ့စိတ်ထဲမှာရှိတဲ့ တစ်ဦးတည်းသောလူပဲ၊ မင်းကိုမှအလိုမလိုက်ရင် ဘယ်သူ့ကိုအလိုလိုက်ရပါ့မလဲ၊လော့ရန်ပြောသမျှငါလုပ်မယ် 'တဲ့လေ။ ဘာပဲဖြစ်ဖြစ် ငါလဲဘာမှမသိဘူးနော် ~[နှလုံးခုန်သံကမောက်ကမဖြစ်.jpg]"


"-ဝိုး အားလုံးပဲ မနာလိုဖြစ်တဲ့ အပိုင်းကိုမေ့နေကြပြီလား လော့ယန်က သူ့ကိုယ်သူ ဆန့်ကျင်ပြီး ပိုစ့်မဖျက်ခင်မှ သူဘယ်တော့မှမနာလိုမဖြစ်ဘူးဆိုပြီးပြောခဲ့တယ်လေ။ အဲ့နောက်မှာလျှို့ဝှက်ချက်တစ်ခုခုရှိနေမယ်လို့ ငါတွေးခဲ့ပေမဲ့ သူကိုယ်တိုင်အဲ့ဒါကိုထုတ်ဖော်ခဲ့တယ်။သူပြောခဲ့တဲ့စကားလုံးအတိအကျက 'ပြီးခဲ့တဲ့တစ်ခေါက်ငါတို့ တီးဝိုင်းဖျော်ဖြေမှုတစ်ခုကိုသွားကြည့်တဲ့အချိန် မင်းသီချင်းဆိုဖို့ စင်ပေါ်ကိုတက်လိုက်တုန်းက အရမ်းမနာလိုဖို့ကောင်းတာပဲ' တဲ့ ငါအဲ့အပိုင်းကိုအခါ ၃၀လောက်ကြည့်ပြီးတော့ ငါ့ရဲ့ဆယ်ကျော်သက်နှလုံးသားလေးက လောင်ကျွမ်းပြာကျနေပြီ"


"ငါကဒီ fandom ကိုအခုမှအသစ်ဝင်လာတာ~ဒါကိုမှအချစ်လို့မခေါ်ရင် ဒီအချိုတွေကြောင့် ငါ့ရဲ့စွဲလမ်းမှုက တားမရတော့ဘူး ဘာလို့သူတို့ရဲ့ moment တွေကအရမ်းချိုမြိန်နေရတာလဲ။အဲ့ဒါက တွင်းပေါက်တစ်ခုလိုပဲ အချိုတွေကြောင့်ငါတော့ ဆီးချိုဖြစ်တော့မယ်"


ရွှီလော့ယန်က ချီချန်အန်းကိုကောမန့်တွေဖတ်ဖို့ရာဖုန်းကို တိုးပေးလိုက်ပြီး "တစ်ကယ်ကိုပဲ အဲ့မနာလိုတဲ့ကိစ္စဆီကိုပဲ တစ်ပတ်ပြန်လည်နေပြန်ပြီ၊ တစ်နေ့နေ့ကျရင် ပစိဖိတ်သမုဒ္ဒရာလောက်ကြီးတဲ့ ရှာလကာရည်အိုးကြီးဖန်တီးပြီး တစ်ကယ်မနာလိုတယ်ဆိုတာက ဘာလဲဆိုတာပြပေးရမယ်"


ချီချန်အန်းကတစ်ချက်ရယ်မောလိုက်ပြီး"မင်းလေးကအရမ်းရည်မှန်းချက်ကြီးတာပဲ"


ထိုအချိန်မှာ ဖုန်းကိုမက်ဆေ့ချ်တစ်ခုဝင်လာပြီး ရွှီလော့ယန်က "ခန့်မှန်းရရင်အဲ့ဒါ ဒါရိုက်တာချူးစီကမလား၊ဖုန်းဘေလ်ပေးဆောင်ဖို့၊ပက်ဂေ့ချ်ဝယ်ဖို့ ဒါမှမဟုတ် ကြော်ငြာတွေဝင်တာကလွဲရင် အခုချိန်မှာစာပို့မဲ့သူက ဒါရိုက်တာချူးတစ်ယောက်ပဲရှိတယ်"


စာကိုဖတ်ပြီးနောက် ရွှီလော့ယန်နှင့်ချီချန်အန်းတို့နှစ်ယောက်သား အကြည့်ချင်းဖလှယ်မိကြသည်။


"ဒီနေ့ပဲရုပ်ရှင်ကို တည်းဖြတ်ပြီးတာလား၊မယုံနိုင်စရာဘဲ"


ချီချန်အန်းကထောက်ခံလိုက်သည်။ 


"အစက ကိုယ်ထင်တာ ဒီရုပ်ရှင်ကိုတည်းဖြတ်ဖို့ လာမဲ့နွေရာသီလောက်ထိ အချိန်ယူမယ်ထင်ထားတာ"


သူကစကားစကိုခဏရပ်လိုက်ပြီး "ကြည့်ရတာအကုန်လုံးချောချောမွေ့မွေ့ပြီးသွားတယ်ထင်တယ်" လို့ဆက်ပြောလိုက်သည်။


"အတိအကျပဲ၊ဒါရိုက်တာ ချူးက ဇာတ်ညွှန်းရဲ့နောက်ဆုံးမိနစ်တွေကိုသာ မပြောင်းလဲခဲ့ဘူးဆိုရင် အခုတစ်ယောက်ယောက်က သူ့အယောင်ဆောင်နေတယ်လို့တောင်ထင်မိမှာ၊နောက်တစ်ခုက ငါ့လိုဇာတ်ပို့သရုပ်ဆောင်တွေအတွက် ဇာတ်ကွက်သိပ်မပါတက်တာ ကြာပြီမလား"


သူတို့စကားပြောနေစဥ်မှာပဲ ချူးဝေ့က weiboမှာ "ယို့ယွင်းနေသော ကမ္ဘာကြီး" ဆိုတဲ့ရုပ်ရှင်ရဲ့ ထုတ်လုပ်မှုပြီးဆုံးကြောင်း သတင်းအသစ်တင်ခဲ့သည်။


"ပြောရမယ်ဆိုရင် ငါသရုပ်ဆောင်ထားတဲ့ ဇာတ်ကားက အဲ့ဒီ'ယို့ယွင်းနေသော ကမ္ဘာကြီး 'ဆိုတဲ့ဟာပဲ"



.....................................................................




Translated By IQ-Team.