🍬Chapter 86
အတန်ကြာစဥ်းစားပြီးတဲ့နောက် ရွှီလော့ယန်က weiboမှာ နဂါးဝတ်ရုံဖြင့် ဧကရာဇ်ကျစ်ချူးကဲ့သို့ဝတ်ဆင်ထားသောပုံကိုတင်လိုက်ပြီး
"ဒီမှာမင်းတို့အတွက်ရိုးသားကြဖို့အခွင့်အရေးပဲ-ကျန်းကအနှိုင်းမဲ့ချောမောလွန်းတယ်မလား"ဆိုတဲ့ စာသားဖြင့်တွဲတင်လိုက်သည်။
စာမျက်နှာကိုတစ်ဖန်ဆွဲချလိုက်သည်နှင့်တစ်ပြိုင်နက် မရေမတွက်နိိုင်တဲ့ မှတ်ချက်တွေတက်လာပြီး အကုန်လုံးကညှိထားသလိုမျိုး ချီချန်အန်းကို mention ထားလေသည်။
ယင်းကိုမြင်တော့ ချီချန်အန်းက ရွှီလော့ယန်ရဲ့ဖုန်းကနေ သူ့ကိုယ်ပိုင် အကောင့်ကိုဝင်လိုက်ပြီး
"ကျွန်တော်မျိုးရဲ့ဧကရာဇ်က တစ်ကယ်ပဲတုနှိုင်းမဲ့တဲ့သူပါ" ဆိုတဲ့စာသားဖြင့် //@ရွှိလော့ယန်:မင်းတို့အတွက်ရိုးသားကြဖို့အခွင့်အရေးပဲ -ကျန်းကအနှိုင်းမဲ့ချောမောလွန်းတယ်မလား// ဆိုတဲ့ပိုစ့်ကိုမျှဝေလိုက်လေသည်။
ထို့နောက်မှာတော့ မှတ်ချက်ရေးတဲ့နေရာနှစ်ခုလုံး ပေါက်ကွဲထွက်သွားတော့သည်။
"-သူတို့ပရောပရည်လုပ်နေတာက ကောင်းကင်တောင်ပြိုကျတော့မယ်... ''ကျွန်တော်မျိုးရဲ့ဧကရာဇ်ဆိုတာက ခေတ်သစ်တရုတ်ဘာသာမှာဆိုရင် 'ကိုယ့်ရဲ့ဧကရာဇ်' မလား အဲ့ဒါကနေ နဲနဲကွဲထွက်လိုက်ရင် 'ကိုယ့်အချစ်' ဆိုတာနဲ့ ခပ်ဆင်ဆင်လေးတူတယ်မလား ငါ့ရဲ့ဘာသာစကားစွမ်းရည်ကို ပြီးပြည့်စုံတဲ့အဆင့်တစ်ခုတော့ပေးဖို့လိုနေပြီ"
"-ငါဒါကိုထိန်းမထားနိုင်တော့ဘူး၊စိတ်အေးအေးထား...ကောင်းပြီ၊အကုန်မင်းပြောသလိုပဲပေါ့"
"ဒါရိုက်တာချူးရဲ့ ရုပ်ရှင်ထုတ်လုပ်မှုက အဲ့ဒီလောက်မြန်မြန်ပြီးသွားပြီပေါ့ ရွှီလော့ယန်က ဧကရာဇ်တစ်ပါးအနေနဲ့ အရမ်းအံ့သြဖို့ကောင်းတာပဲ နိုင်ငံတကာကိုဆက်သွယ်နေပါတယ်:သူ့ရဲ့အခန်းကို အရမ်းသိချင်နေပြီ ပုံထဲကအရဆို သူကနေမကောင်းပုံပေါ်ပြီး နည်းနည်းမှိုင်းတိုင်းတိုင်းဖြစ်နေတာဆိုတော့...သူကနာမကျန်းဖြစ်ပြီး စိတ်ဓာတ်ကျနေတဲ့ ဧကရာဇ်ငယ်တစ်ပါးလား"
"ရုပ်ရှင်လက်မှတ်တွေအတွက်ပိုက်ဆံကြိုစုထားရမယ် ပြီးတော့မစ္စတာချီနဲ့အတူသရုပ်ဆောင်ထားတဲ့ "မတူညီသောလမ်းနှစ်သွယ်" ကရောဘယ်တော့ထွက်မှာလဲ...ရုပ်ရှင်ပွဲတော်ပြီးတဲ့အချိန်ကျမှလား အဲ့ဒါကို ကြည့်ရဖို့မစောင့်နိုင်တော့ဘူး"
ရွှီလော့ယန်က ချီချန်အန်းဖော်လိုထားသည့်လူအရေအတွက်ကို ကြည့်လိုက်ချိန်မှာ ယင်းက ''1'' ကိုပြထားဆဲဖြစ်ပြီး သူကတစ်ချက်နှုတ်ခမ်းသပ်လိုက်ကာ "မင်းငါတစ်ယောက်ထဲကိုပဲ follow ထားတာလား"
"အမ်း၊ ဒီအကောင့်က တစ်ဦးတည်းသောမင်းအတွက်ပဲ ဖွင့်ထားတာလေ"
ချီချန်အန်းစီကဖုန်းကိုပြန်ယူကာ ရွှီလော့ယန် သူ့နားရွက်တွေပူလောင်နေတာကို လျစ်လျူရှုနိုင်ဖို့ကြိုးစားလိုက်ပြီး"ချန်အန်း၊ အမှန်အတိုင်းဖြေ မင်းဒီလိုချိုမြိန်တဲ့အရာတွေကိုဘယ်ကနေသင်ယူလာတာလဲ"
ကျေးဇူးပြုပြီးပြောပြ၊ငါလဲပဲအဲ့ဒါတွေကိုသင်ယူချင်တယ်လို့...
"မင်းစီကနေလေ"
"ဟင်...?" ရွှီလော့ယန်က အံ့အားသင့်သွားသည်။
"ငါ့စီက ဟုတ်လား ငါဘယ်တုန်းကမင်းကိုသင်ပေးမိလို့လဲ"
"မင်းကိုယ်ကိုသင်ပေးတာမဟုတ်ဘူး ကိုယ်မင်းကိုတွေ့တာနဲ့အဲ့ဒါက အလိုလိုတက်လာတာ"
ရွှီလော့ယန်က တစ်နေ့မှာ ယခုလိုစကားလုံးလေးတွေရဲ့တိုက်ခိုက်မှုကြောင့် သူ့နှလုံးသားလေး လှုပ်ခတ်သွားရလိမ့်မယ်လို့ မထင်ထားခဲ့ချေ။
သူဖုန်းကိုထပ်မံဖွင့်လိုက်တဲ့အချိန်မှာ ဖန်သားပြင်ကိုနှိပ်တော့မဲ့ သူလက်ချောင်းတွေက ရုပ်တရက်ရပ်တန့်သွားပြီးချီချန်အန်းကိုစိုက်ကြည့်ကာ အော်လိုက်မိသည်။
"ခဏလေး၊ချန်အန်း မင်း-ငါ့ရဲ့လျှို့ဝှက်အကောင့်-ခံစားချက်လေး"
ရွှီလော့ယန်ရဲ့စိတ်ထဲအတွေးပေါင်းစုံ စုပြုံံဝင်လာပြီး ~ မကောင်းတော့ဘူး...ငါတွေးမိတာ အမှန်ဖြစ်လို့မရဘူး...ငါကြောက်တယ်~
သူ့အမူအရာကိုကြည့်ကာ ရယ်မောရင်း ချီချန်အန်းက သူ့ဆံပင်တွေကို အသာဖွပစ်လိုက်၏။
"ကောင်းပါတယ်"
အိုးဟိုး...
ထိုစကားလုံးနှစ်လုံးဖြင့်တုန့်ပြန်တာကိုကြားလိုက်ရပြီးနောက်မှာတော့ ရွှီလော့ယန်တစ်ယောက် ရက်စက်ကြမ်းကြုတ်ပြီး ခါးသီးတဲ့အမှန်တရားကို နားလည်လိုက်သည်။ ချီချန်အန်းက သဘာဝလွန်တည်ရှိမှုမျိုးမဟုတ်သဖြင့် သူ့ရဲ့သေးငယ်တဲ့ဆန္ဒလေးတွေကိုမသိနိုင်ပေ။
ဧည့်ခန်းထဲမှာ နေ့ခင်းဘက်လက်ဖက်ရည်တစ်ခွက်ရုတ်တရက် ပေါ်လာဖို့အတွက် တစ်ခုတည်းသော ဖြစ်နိုင်ချေက...
ယင်းကိုသဘောပေါက်သွားချိန်မှာတော့
"ငါတော့ဒါက ကောင်းတယ်လို့မခံစားရဘူး အဲ့ဒီလျှို့ဝှက်အကောင့်ကို အရင်ကတည်းကသိနေခဲ့တာလား"
ချီချန်အန်းခေါင်းညိတ်ပြတာကိုမြင်တော့ ရွှီလော့ယန်က နောက်ထပ်မေးခွန်းမမေးခင်မှာတုန်လှုပ်နေခဲ့ရသည်။
"ဒါဆိုမင်းငါ့ရဲ့ nicknameကို သိဖို့အတွက်လဲ သဘာဝလွန်စွမ်းအားတွေမသုံးခဲ့ဘူးပေါ့"
"ဟုတ်တယ် ၊မင်းအရက်မူးတုန်းက ကိုယ့်ကိုပြောပြခဲ့တာ"
ဆယ်စက္ကန့်လောက်အကြာမှာတော့ ရွှီလော့ယန်က မျှော်လင့်တကြီးဖြင့်
"ချန်အန်း အဲ့ဒီသဘာဝလွန်တည်ရှိမှုတွေနဲ့ လျှို့ဝှက်အကောင့်တွေအကြောင်း ရှုပ်ယှက်ခက်နေတဲ့ ထူးထူးဆန်းဆန်း မှတ်ဥာဏ်တွေကို ငါတို့မေ့ပြစ်ကြရအောင်"
သူ့ရဲ့နီရဲနေတဲ့နားရွက်ထိပ်လေးတွေကိုပွတ်သပ်ပေးလိုက်ရင်း ချီချန်အန်းရဲ့အသံက ရယ်သံစွက်နေကာ
"ဒါပေမယ့် ကိုယ်ကတော့ ကိုယ်တို့အတူဖြတ်သန်းခဲ့တဲ့စက္ကန့်တိုင်းနဲ့ အဲ့ဒီစက္ကန့်တိုင်းမှာဖြစ်ပျက်ခဲ့သမျှကို မှတ်မိချင်တယ်"
"အဲ့ဒါမှ ကိုယ်တို့အသက်ကြီးလာရင် ဒီအမှတ်တရတွေကို အတူတူပြန်အောက်မေ့လို့ရမှာလေ"
ထိုအခိုက်အတန့်မှာ ရွှီလော့ယန်ရဲ့ နှလုံးသားက ထပ်ပြီး တုန်ယင်သွားရပြန်၏။
ရွှီလော့ယန် သူနည်းနည်းလောက်ကံဆိုးနေတယ်ဆိုတာကို ရှာတွေ့ခဲ့ပြီး အသေးအမွားကိစ္စလေးတွေက အစလွဲချောနေသလိုပင်။ဘာလို့လဲဆိုရင် သူအိပ်ယာမဝင်ခင် နောက်ဆုံးအကြိမ်အနေဖြင့် weiboကို စစ်ကြည့်လိုက်တဲ့အချိန်မှာ သူတုန်လှုပ်သွားရသည်။
"ဘုရားရေ၊ မစ္စတာချီ ငါတို့ထပ်ပြီးနာမည်ကြီးနေပြန်ပြီ"
ချီချန်အန်းက ရွှီးလော့ယန်ရဲ့ နားသီးလေးကို ဆုပ်ကိုင်နေရင်း သူပြောတာကိုကြားတဲ့အချိန်မှာ အနည်းငယ်အာရုံစိုက်လိုက်ပြီး
"ဘာတွေ့လို့လဲ"
သူ့ရဲ့ခပ်နိမ့်နိမ့်အသံကြောင့် ရွှီလော့ယန်အာရုံပြန့်နှံ့သွားကာ သူ့ရဲ့အသံကလည်း မသိစိတ်ကနေ အနည်းငယ်ပျော့ပျောင်းသွားသည်။
"အဲ့ဒါအရင်က မင်းweiboမှာ ပိုစ့်တင်ဖို့ ငါ့ဖုန်းကိုသုံးတုန်းကဟာ၊ အခုအဲ့ဒါကို သူတို့ရှာတွေ့သွားကြပြီ"
"ဟမ်"
သူ့ရဲ့နားရွက်ကနေ နာကျင်မှုကိုခံစားလိုက်ရတဲ့အတွက် ရွှီလော့ယန်ရဲ့ အသက်ရှုသံကအလိုလျောက်ဆိုသလိုမြန်လာလေသည်။သို့ပေမဲ့လည်း သူက ဖုန်း စခရင်ပေါ်မှာအာရုံစိုက်နိုင်ဖို့ ကြိုးစားနေဆဲပင်။
"ငါတွေ့တဲ့ ကောမန့်တွေအရဆိုရင် အရင်တုန်းက မင်းရဲ့ပိုစ့်တွေအားလုံးကို Canadian တံဆိပ်ဖုန်းကနေအမြဲတမ်းတင်ထားခဲ့ပြီးတော့ ဒီတစ်ခေါက်မှာ Fruit 9ဖုန်းကနေတင်ထားတာကိုတွေ့လိုက်တယ်တဲ့ ပြီးတော့ ငါ့ရဲ့ပိုစ့်တွေအားလုံးက Fruit 9 ကပဲ အမြဲတမ်းတင်ထားတာကိုသူတို့တွေ့လိုက်ရတော့ မင်းweiboမှာ ပိုစ့်တင်ဖို့ ငါ့ဖုန်းကိုသုံးခဲ့တာလို့ပြောနေကြတာ သူတို့ခန့်မှန်းပြီး သရုပ်ပြပုံတောင်ဆွဲထားကြသေးတယ်"
"သရုပ်ပြပုံ ဟုတ်လား အဲ့ဒါကတူလား"
"အဲဒါက ဒီထက်ပိုမတူနိုင်တော့ဘူး ငါကမင်းပေါင်ပေါ်မှာလှဲနေပြီး ငါ့ဖုန်းကိုအတူတူကြည့်...ဟမ်း...."
ချီချန်အန်းက သူ့နားရွက်ကိုပြင်းပြင်းထန်ထန်စုပ်လိုက်တယ်လို့ ခံစားလိုက်ရတဲ့အတွက် ဖုန်းပေါ်မှာသူ့အာရုံမစိုက်နိုင်ဖြစ်သွားပြီး ရွှီလော့ယန်ရဲ့အသံက ထိန်းချုပ်မရဖြစ်သွားသည်။
"သူတို့ကအရမ်းမျက်စိလျင်ကြတာပဲ"
ချီချန်အန်းရဲ့လက်က ရွှီလော့ယန်ရဲ့မျက်လုံးကိုဖြည်းညှင်းစွာ ဖုံးအုပ်လိုက်ပြီး ဖုန်းကိုဆွဲယူလိုက်က ဘေးဘက်မှာချထားလိုက်သည်။
ထို့နောက် ရွှီလော့ယန်ရဲ့ နားနားကို ကပ်ကာ တိုးညှင်းစွာဖြင့် "မင်းအခြားသူတွေအကြောင်းကို တွေးနေတာမျိုးမလိုချင်ဘူး"
ပထမဆုံးအနေနဲ့ သူ့ရဲ့ပိုင်ဆိုင်လိုစိတ်ကို ပြောင်ပြောင်တင်းတင်း ချပြလာတာပင်။
ထို့နောက် ချီချန်အန်းက သူ့ရဲ့အနေအထားကိုပြောင်းကာ ညာဘက်လက်မောင်းကို ကုတင်ပေါ်တင်လိုက်ပြီး ဘယ်ဘက်လက်ကိုမြှောက်ကာ ရွှီလော့ယန်ရဲ့ မေးရိုးကြောတစ်လျှောက်ပွတ်ဆွဲလိုက်ပြီး သူ့အကြည့်ကမူအလွန်စူးရှကာ တိုးညှင်းစွာဖြင့်
"နျောင်နျောင် အခုစိတ်ထဲမှာ ကိုယ့်အကြောင်းပဲတွေးနော်"
ထိုအခိုက်အတန့်မှာ ရွှီလော့ယန်ရဲ့စိတ်ထဲက အခြားအတွေးတွေအားလုံး တိမ်များကဲ့သို့ပျောက်ကွယ်သွားပြီး သူ့နှလုံးသားနှင့်သူ့မျက်ဝန်းများထဲ သူ့ရှေ့မှလူသားနှင့်သာပြည့်နှက်နေပေသည်။ထို့နောက်ချက်ချင်းပင်၊ ချီချန်းအန်းရဲ့ကော်လာကိုဆွဲလိုက်ပြီး သူ့ကိုအောက်သို့ဆွဲချလိုက်ကာ မဆိုင်းမတွ ပြင်းပြင်းထန်ထန်နမ်းရှိုက်လိုက်တော့သည်။
ချီချန်အန်းရဲ့ ဖြူဖျောဖျော့ဖြစ်နေတဲ့ နှုတ်ခမ်းသားအစုံက အစိုဓာတ်ကြောင့် အနီရောင်ဖျော့ဖျော့သန်းလာပြီး ရွှီလော့ယန်က ဒေါသတကြီးဖြင့်
"ဒါဆိုရင် ချန်အန်းကောကော ပိုပြီအလုပ်ကြိုးစားရလိမ့်မယ်"
သို့ရာတွင် နောက်ငါးမိနစ်ပင်မကြာလိုက် ရွှီလော့ယန်ကနောင်တရသွားသည်။
မဟုတ်ဘူး၊ မဟုတ်ဘူး...မဖြစ်ရဘူး၊ကျေးဇူးပြုပြီးအရမ်းမကြိုးစားပါနဲ့၊တစ်ကယ်ပါ...
လူတိုင်းက သူတို့ရဲ့စကားအတွက် ထိုက်သင့်တဲ့အဖိုးအခကိုပေးရမယ်ဆိုတဲ့စကားက သက်သေပြခံလိုက်ရပေ၏။နောက်တစ်နေ့မနက်စောစော ရွှီလော့ယန်ထံ ကျန်းသုန့်ရဲ့ဖုန်းဝင်လာချိန်မှာ ရွှီလော့ယန်က အိပ်ချင်မူးတူးဖြင့် မျက်လုံးပင်မဖွင့်နိုင်ပေမယ့် သူ့ဘေးမှာအိပ်ပျော်နေတဲ့ ချီချန်အန်းကိုနှိုးလိုက်မိမှာကို စိုးရိမ်သဖြင့် သူ့ရဲ့ ကြမ်းရှနေတဲ့လေသံကိုပင် တိုးလိုက်မိသည်။
"ကျန်းကော"
"နေ့လည် ၂နာရီမှာ မင်းအတွက် အင်တာဗျူးတစ်ခုစီစဥ်ပေးထားပြီး ညနေလေးနာရီမှာ အမှတ်တံဆိပ်တစ်ခုအတွက် ပရိုမိုးရှင်းဗီဒီယိုတစ်ခုရိုက်စရာရှိတယ် ပြီးတော့ မင်းအခုဘယ်ရောက်နေလဲဆိုတာမေးလို့ရမလား"
"ငါအခုပိတ်မိနေတယ်.....အိပ်ယာထဲမှာ"
ချီချန်အန်းကနိုးနေပြီဖြစ်ပြီး သူ့ရဲ့နောက်ကျောကို အနောက်ကနေနမ်းနေတာကို ရုတ်တရက်သတိပြုမိလိုက်သည်။နောက်ဘက်ကအာရုံခံစားမှုကြောင့် ရွှီလော့ယန်ရဲ့အသံကတုန်ယင်နေပြီး အသံကိုထိန်းမထားနိုင်တော့ပေ။
သူက ငြိမ်သက်စွာဖြင့် အသက်ကိုပြင်းပြင်းရှုလိုက်ပြီး
"ကျွန်တော်၁၁ နာရီမတိုင်ခင်အဲ့ဒီကိုအရောက်လာခဲ့မယ်" လို့ တည်ငြိမ်စွာပြောလိုက်သည်။
အလျင်စလိုဖုန်းချပြီးတဲ့နောက် ရွှီလော့ယန် သူ့ရဲ့အာရုံကြောတွေအကုန်နိုးထလာပြီး သူ့ရဲ့ခန္ဓာကိုယ်ကလည်း ပူနွေးလာသလိုခံစားလိုက်ရသည်။သူ့ရဲ့မျက်နှာကို ခေါင်းဦးထက်မြုပ်လိုက်ပြီး ချီချန်အန်းထံ လုံးလုံးလျားလျားကျရှုံးသွားကာ အသံပင်မထွက်နိုင်တော့သဖြင့် နှာသံသဲ့သဲ့ရောနေတဲ့ ညည်းညူသံတွေကိုသာထုတ်လွှတ်နိုင်တော့၏။
သူ့နောက်ကျောထက် ပန်းရောင်ဖျော့ဖျော့ အမှတ်အသားအချို့ ချန်ထားပြီးနောက်၊ချီချန်အန်းက သူ့ကို ထွေးပွေ့ထားလိုက်သည်။
"မင်းဘာလို့ဒီလောက်ထိနာခံနေရတာလဲ"
ထက်ရှတဲ့မျက်လုံးတွေနဲ့ ရွှီးလော့ယန်က သူ့ကိုစိုက်ကြည့်လိုက်ပေမယ့် ယင်းက သူ့ကိုခြိမ်းခြောက်တဲ့ပုံမပေါ်စေပေ။
"ခုခံနေလို့ရော တစ်ခုခုထူးသွားမှာမလို့လား"
မနေ့ညကလည်းအတူတူပဲမလား။
သူ့ကိုချုပ်ထားပြီး ချီချန်အန်းက သူ့ရဲ့ခန္ဓာကိုယ်အနှံ့ကို ပိုင်ဆိုင်လိုစိတ်အပြည့်နဲ့ နမ်းခဲ့သည်။
သူ့ရဲ့နှုတ်ခမ်းထောင့်ကိုထိလိုက်ပြီး ချီချန်အန်းက မချိုမချဥ်ပြုံးလျက်ဆိုလိုက်သည်။
"အင်း၊ ဘာမှမထူးဘူး"
"မင်းကအာဏာရှင်ကြီး...ပိုင်ဆိုင်လိုစိတ်ကြီးတဲ့ အာဏာရှင်ကြီး..."
ထို့နောက်ရွှီလော့ယန်က လေသံဖျော့ဖျော့လေးဖြင့် "ငါပစ္စည်းတွေအပြီးထုတ်ပိုးရမယ့်အချိန်က ဆယ်နာရီခွဲကနေ ရှစ်နာရီခွဲအထိဆိုတော့ အချိန်နှစ်နာရီကျန်သေးတယ်"
ချီချန်အန်းရဲ့မျက်လုံးများနက်ရှိုင်းလာကာ သူက ကျီစယ်လိုစိတ်အပြည့်ဖြင့် ပြုံးလိုက်ပြီး "နှစ်နာရီလား၊နျောင်နျောင်က ကိုယ်နဲ့တစ်ရေးလောက် အိပ်ချင်သေးလို့လား"
စိတ်တိုဖို့ကောင်းလိုက်တာ!
ရွှီလော့ယန်က သူ့ခေါင်းပေါ်အထိ စောင်ကိုဆွဲခြုံံလိုက်ပြီး "ငါမင်းနဲ့ စကားဆက်မပြောတော့ဘူး"
သူဒေါသထွက်နေတာကိုသိလိုက်ရတော့ ချီချန်အန်းလည်းစောင်အောက်တိုးဝင်လိုက်ပြီး ရွှီလော့ယန်ရဲ့နှုတ်ခမ်းပါးထက် ညင်သာစွာပွတ်သပ်လိုက်ရင်း "ကိုယ်မှားပါတယ်၊ မင်းကိုဖက်လို့ရမလားဟင်"
"မရဘူး"ထိုသို့ပြောပြီးနောက် ရွှီလော့ယန်ပိုဒေါသထွက်လာကာ "နေပါဦး၊ငါအခုပဲ မင်းကိုစကားမပြောတော့ဘူးလို့ ပြောခဲ့တယ်မလား"
ချီချန်အန်းရဲ့ မထိန်းချုပ်နိုင်တော့တဲ့ရယ်သံကိုကြားလိုက်ရတဲ့အချိန်မှာတော့ ရွှီလော့ယန်တစ်ယောက် သူ့ရဲ့အသိဥာဏ်က အိမ်ကနေအဝေးကိုထွက်ပြေးသွားသလိုခံစားလိုက်ရ၏။
ရက်စက်လိုက်တာ...သူစိတ်မထိန်းနိုင်ဘဲ ချီးချန်အန်းရဲ့လက်ကိုကိုက်ရန် ပါးစပ်ကိုဖွင့်လိုက်သော်လည်း သူပြင်းပြင်းထန်ထန်ကိုက်ပြစ်လိုက်ဖို့အထိတော့ အသဲကမမာ။
ပြီးသွားပြီ...သူမတရားမှုတွေအပြည့်နဲ့ ဖြတ်သန်းရမဲ့ဘဝတစ်ခုကိုကြိုမြင်နေရပြီ။
...........................................................................
Translated By IQ-Team.