အပိုင်း ၈၇
Viewers 6k

🍬Chapter 87


ရွှီလော့ယန်အတွက်အင်တာဗျူးကို သူတို့နဲ့ရင်းနှီးတဲ့ ဝဘ်ဆိုဒ်တစ်ခုဖြင့် စီစဥ်ထားတာဖြစ်သည်။ကျန့်သုန်းကအမေးအဖြေအတွက် မေးခွန်းတွေကိုပြန်စီစစ်ကာ မသင့်တော်တဲ့ မေးခွန်းသုံးခုကိုဖယ်ရှားလိုက်ပြီး ၊ဝဘ်ဆိုဒ်ကလဲအလွန်ပူးပေါင်းမှုရှိသောကြောင့် လေထုက အလွန်သဟဇာတဖြစ်ခဲ့သည်။


"လော့ယန်၊နှစ််တိုင်း ဇွန်လတစ်ရက်နေ့မှာ ပရိတ်သတ်တွေနဲ့အတူတူမွေးနေ့လုပ်နေကျမလား၊ ဒီနှစ်အတွက်ရော အဲ့လိုပဲစီစဥ်ထားတာလား"


Host ရဲ့မေးခွန်းကိုကြားတဲ့အချိန်မှာ ရွှီလော့ယန် စိတ်ထဲမှာအမြန်တွက်ချက်လိုက်သည်။ယနေ့က 17ရက်နေ့ရှိနေပြီဖြစ်တဲ့အတွက် သူ့မွေးနေ့ကနီးနေပြီဖြစ်သည်။


သူ့ရဲ့ငယ်ရွယ်တဲ့ ပုံရိပ်ဖြင့်မလိုက်ဖက်စွာသက်ပြင်းတစ်ချက်မျှချလိုက်ပြီး ခေါင်းကိုလေးလေးနက်နက်ခါလိုက်ကာ 


"ဒီနှစ်တော့ ကျွန်တော့ရဲ့မွေးနေ့ကို ရှေ့တစ်ရက်နှစ်ရက်လောက်ကြိုပြီး ကျင်းပဖြစ်မယ်ထင််တယ်၊ကျွန်တော်ရဲ့ တကယ့်မွေးနေ့ကိုတော့ အားအောင်လုပ်ထားဖို့စဥ်းစားထားတယ်"


"မင်းမှာ တခြားအစီအစဉ်ရှိနေလို့လား"


ရွှီလော့ယန်က သူ့ရဲ့လက်ကိုလက်သီးဆုပ်အဖြစ်ပြောင်းလိုက်ပြီး သူ့နှုတ်ခမ်းထောင့်မှအပြုံးတစ်ပွင့်ကို ဖုံးအုပ်လိုက်ကာ


"ဟုတ်တယ်၊ ကျွန်တော်မှာအရမ်းအရေးကြီးတဲ့ အစီအစဥ်တစ်ခုရှိလို့"ဟုဖြေလိုက်သည်။


ထိူ့နောက် hostက ဘာထပ်မေးတော့မလဲဆိုတာကို သိလိုက်ကာ "ပြီးတော့ အဲ့ဒါက လျှို့ဝှက်ချက်တစ်ခု၊ကျွန်တော် ပြောပြလို့မရတဲ့တစ်ခုခု"


"သနားစရာပဲ၊ဒါပေမယ့် မင်းရဲ့ပရိတ်သတ်တွေက မင်းရဲ့မွေးနေ့ကိုနှစ်တိုင်းကျင်းပခွင့်ရတာနဲ့တင် အရမ်းကံကောင်းတာပဲ"


ရွှီလော့ယန်ခေါင်းညိတ်ပြတာကိုမြင်တော့ အစီစဥ်တင်ဆက်သူက သူ့လက်ထဲကကဒ်ပြားကိုတစ်ချက်ကြည့်လိုက်ပြီး "မင်း ဒါရိုက်တာချူးရဲ့ "ယို့ယွင်းနေသောကမ္ဘာကြီး" ဆိုတဲ့ရုပ်ရှင်ကို ပြန်မျှဝေခဲ့တာကို တွေ့ရတယ်။ ဒါပေမယ့် တော်တော်များများက မင်းအဲ့ဒီရုပ်ရှင်မှာပါတယ်ဆိုတာကို အဲ့အချိန်မှပဲသိကြရတာ... အဲ့ဒါကို လျှို့ဝှက်ထားရတဲ့အကြောင်းပြချက်ကို ပြောပြပေးနိုင်မလား"


"ဒါပေါ့၊ ကျွန်တော်အကြောင်းပြချက်ကို ပြောပြလို့ရတယ်...အဓိက အကြောင်းပြချက်ကတော့ ကျွန်တော်ကိုယ်ကျွန်တော် ယုံကြည်မှုမရှိလို့ပါ" 


ရွှီလော့ယန်ရဲ့အပြုံးက အေးချမ်းနေပြီး 


"လူတိုင်းသိတဲ့အတိုင်း ဒါရိုက်တာချူးမှာ အကျင့်တစ်ခုရှိတယ်၊သူကအပိုင်းတွေအများကြီး ရိုက်ထားပေမဲ့ နောက်ဆုံးပိတ်မှာအကုန်သုံးလေ့မရှိဘူးလေ"


"အဲ့ဒါအမှန်ပဲဒါရိုက်တာချူးမှာ ထူးခြားတဲ့အလေ့အကျင့်တစ်ခုရှိတယ် အဲ့ဒါကြောင့်နားလည်နိုင်တယ် တစ်ကယ်နားလည်ပေးလို့ရတယ်" အစီအစဥ်တင်ဆက်သူကရယ်မောရင်း "ဒါဆို လော့ယန် နောင်မှာ ဒါရိုက်တာချူးနဲ့ နောက်တစ်ကြိမ်အတူတူအလုပ်တွဲလုပ်ဖို့အခွင့်အရေးရှိသေးမယ်ထင်လား"


"သေချာပေါက် ကျွန်တော်ကတော့လုပ်ချင်တာပေါ့ ဒီအတိုင်းမရရင်တောင် ကျွန်တော်ကိုယ်တိုင် ရင်းနှီးငွေထည့်ရမယ်ဆိုရင်တောင်ဖြစ်တယ်...ဒါရိုက်တာချူးက တစ်ကယ့်ကိုထူးချွန်တဲ့ ဒါရိုက်တာဖြစ်လို့ သူနဲ့တွဲလုပ်တဲ့သရုပ်ဆောင်တိုင်း သူ့စီကနေ အကျိုးရှိတာတွေအများကြီး သင်ယူနိုင်မယ်လို့ကျွန်တော် ယုံကြည်တယ်"


ထိုသို့ပြောပြီးနောက် သူက ကင်မရာကိုကြည့်ကာ


 "ဒါရိုက်တာချူး နောင်တစ်ချိန်မှာ ဇာတ်ညွှန်းကောင်းတစ်ခုခုရှိရင် ချန်အန်း..မဟုတ်ဘူး၊ ကျွန်တော်ဖုန်းနံပါဒ်က 139-"ဟု စိတ်အားထက်သန်စွာပြောလိုက်သည်။


အလွန်ပူးပေါင်းတဲ့ အပြုအမူနှင့်အတူ အစီစဥ်တင်ဆက်သူက အလျင်စလိုပြုံးကာ 


"အခုအချိန်မှာတော့ ဖုန်းနံပါတ်မျှဝေတာနဲ့ အလားတူ ကိစ္စလေးတွေကိုတော့ စောင့်ထိန်းကြပါစို့"ဟုဆိုကာ အနည်းငယ်ဟန့်လိုက်သည်။


ထို့နောက်ရွှီလော့ယန် မိုက်ခရိုဖုန်းကိုကောက်ကိုင်လိုက်တာကိုမြင်တာနှင့် သူက ကင်မရာကို ကမန်းကတန်းကြည့်ကာ 


"လော့ယန်ရဲ့ ရုပ်ရှင်နှစ်ကားလုံးက Box Office မှာအပေါက်ဆုံးဖြစ်ဖို့အတွက်ကျွန်တော်တို့မျှော်လင့်ပါတယ် ပြီးတော့ သူ့ရဲ့ဆန္ဒတွေအားလုံးဖြစ်မြောက်လာဖို့ရောပေါ့"


သူကားထဲကိုပြန်ရောက်ထဲအချိန်မှာ ရွှီလော့ယန်က ရေတစ်ငုံပင်သောက်ဖို့ရာအချိန်မယူဘဲ သူ့ဖုန်းကိုစစ်ဆေးဖို့ရာ ခေါင်းကို ငုံ့ထားလေသည်။


သူ့ရဲ့နှုတ်ခမ်းထက် လျှို့ဝှက်တဲ့အပြုံးတစ်ပွင့်ကိုမြင်လိုက်ရချိန်မှာတော့ ကျန်းသုန့်က သူ့ရဲ့သွားများထဲအထိ ချဥ်စူးသွားရ၏။


"မင်းရဲ့ မစ္စတာချီနဲ့ ထပ်ပြီးစာပို့နေပြန်ပြီလား"


"ကျန်းကော ကောကအရမ်းသဘောပေါက်လွယ်တာပဲ" 


ပြောပြီးတဲ့နောက် ရွှီးလော့ယန်ခေါင်းကို တစ်ဖန်ပြန်ငုံ့ပြီး သူ့လက်ချောင်းတွေက လျှပ်စီးအလား လှုပ်ရှားသွားပြန်သည်။


"ဒါက ငါသဘောပေါက်လွယ်တာမဟုတ်ဘဲ မင်းကအရမ်းသိသာနေတာ"ကျန်းသုန့်က သူ့ဆီ အပူခံခွက်ကိုကမ်းပေးလိုက်ရင်း"ငါကြားဖူးတာက စုံတွဲတွေက နည်းနည်းကြာလာရင် တစ်ယောက်နဲ့တစ်ယောက်ငြီးငွေ့လာတယ်လို့ပြောကြတယ်မလား မင်းတို့ကဘာလို့ ပိုပြီဲးမခွဲဲဲဲနိုင်တဲ့ပုံပေါ်နေရတာလဲ"


ရွှီလော့ယန်က ပြုံးလိုက်ပြီး "လူ့ဘဝဆိုတာက တိုတိုလေးရယ်၊ ကျွန်တော်တို့မှာ ရှိတဲ့ အချိန်တိုင်းကို တန်ဖိုးထားရမယ်လေ"


ပြောပြီးနောက် ကျန်းသုန့်ရဲ့မျက်လုံးများထဲက ရွံဖို့ကောင်းလိုက်တာဆိုတဲ့ အကြည့်ကိုမမြင်ချင်ယောင်ဆောင်ကာ"ကျန်းကော ၊ကျွန်တော်တို့အခုဘယ်သွားနေတာလဲ"


"ငါတို့ Century Flower City ကိုသွားနေတာ ဘာအခက်အခဲမှမကြုံရင် မိနစ်သုံးဆယ်ဆိုရောက်ပြီ"


သူ၏လက်ရှိတည်နေရာနှင့် နောက်ထပ်သွားမဲ့နေရာကို ချီချန်အန်းစီပို့ပြီးတဲ့နောက် ရွှီလော့ယန် ဖုန်းကိုပိတ်၊ ရေနွေးခွက်ကိုဖွင့်ကာ ရေအနည်းငယ်သောက်လိုက်ပြီး ခဏလောက်တရေးတမောအိပ်လိုက်သည်။


တစ်ဖက်မှာ ချီချန်အန်းက စာရွက်စာတန်းတွေကြည့်နေတာဖြစ်သည်။ရွှီးလော့ယန်ထံက သူ့ရဲ့တည်နေရာကို ပြထားတဲ့မက်ဆေ့ကို လက်ခံရရှိချိန်မှာတော့ သူ့ရဲ့အကြည့်တွေကအလိုလိုပျော့ပြောင်းသွားသည်။


သူအိမ်ကထွက်သွားတဲ့နေ့ခင်းပိုင်းကစပြီး ရွှီလော့ယန်က သူရောက်နေတဲ့နေရာကို ပုံတစ်ပုံ ဒါမှမဟုတ် စကားလုံးအနည်းငယ်နှင့်အတူပို့ပေးတက်သည်။တစ်ခါတစ်လေမှာ သူ့ပတ်၀န်းကျင်ကို ရိုက်ပြတက်ပြီး တစ်ခါတစ်လေမှာတော့ သူ့ရဲ့selfie ပုံကိုပို့ပေးတက်၏။ 


ယင်းမှာ ချီချန်အန်းကို သူဘယ်မှာရောက်နေတယ်၊ဘာလုပ်နေတယ်၊ ပြီးတော့ နောက်လုပ်မဲ့အရာတွေကိုပါပြောပြနေသလိုပင်။


ရွှီလော့ယန်က သူ့နည်းသူ့ဟန်ဖြင့်သူ သူ့ကိုစိတ်လုံခြုံမှုပေးနိုင်ဖို့ ကြိုးစားနေတယ်ဆိုတာ ချီချန်အန်းသိပေသည်။


မင်းစိတ်လုံခြုံမှုမရှိဘူးလား...ဒါဆိုရင် မင်းကိုလုံခြုံမှုပေးနိုင်ဖို့ ငါတတ်နိုင်သလောက် ငါလုပ်မယ်...


သူ့လက်ချောင်းတွေကို ဖုန်းမျက်နှာပြင်ထက်မှာ ရွေ့လျားနေပြီး စကားလုံးတွေကို ထပ်ခါထပ်ခါရိုက်လိုက်ဖျက်လိုက်လုပ်ပြီးနောက် နောက်ဆုံးမှာ ကိုယ်မင်းကိုချစ်တယ် ဆိုတဲ့ စာလုံးသုံးလုံးကိုပဲ ပို့လိုက်သည်။


ရွှီလော့ယန်သူ့စာကို လက်ခံတဲ့အချိန်မှာ ထိုစကားလုံးသုံးလုံးကိုမြင်လိုက်ရချိန်မှာတော့ ပင်ပန်းမှုတွေအကုန်ရုတ်ချည်းပျောက်ကွယ်သွားသလိုခံစားလိုက်ရပြီး သူ့ခံစားချက်တွေအလွန်ပေါ့ပါးသွားကာ တေးသွားတစ်ခုကိုပင် ညည်းချင်လာသည်။


သူ့ဖုန်းကို အိတ်ကပ်ထဲထည့်နေရင်း ရုတ်တရက် တစ်ခုခုကို သတိရသွားကာ"ကျန်းကော၊ ကျွန်တော်တို့ အင်္ကျီမလဲရသေးခင် ဓာတ်ပုံရိုက်ဖို့စောင့်နေတဲ့ မီဒီယာသမားတွေရှိမှာလား"


ခိုင်လုံတဲ့အဖြေကိုရပြီးတဲ့နောက် ကျန်းသုန့်ထံ သူ့ဖုန်းကိုပေးလိုက်ပြီး "ကျေးဇူးပြုပြီး ကျွန်တော်ကို တစ်ကိုယ်လုံးပေါ်တဲ့ ဓာတ်ပုံတစ်ပုံလောက်ရိုက်ပေးပါဦး ကျွန်တော်အဲ့ဒါကို weiboမှာ တင်ချင်လို့၊ပြီးတော့ သေချာပေါက်ရုပ်ချောအောင်ရိုက်ပေးနော်"


ကျန်းသုန့်က ရွှီလော့ယန် တင်လိုက်တဲ့ပိုစ့်ကို စာသားနှင့်တွဲလျှက်တွေ့လိုက်ရသည်။


"ဒါကနည်းနည်းတော့ခက်ခဲပေမယ့် နောက်ဆုံးမှာတော့ ငါချန်အန်းမှာရှိတဲ့ အင်္ကျီနဲ့ ပုံစံတူတစ်ထည်ကိုရခဲ့ပြီ အဲ့ဒါက သူဝတ်ထားတာထက်ပိုပြီး ကြည့်ကောင်းတယ်မလား"


ပို့စ်တင်ပြီးနောက် ကျန်းသုန့်က ခေါင်းကနေခြေဖျားအထိ သေသေချာချာစစ်ဆေးလိုက်ရင်း


 "ဆိုဒ်ကပုံမှန်ထက်နည်းနည်းတော့ကွာတယ် မင်းနဲ့နည်းနည်းကြီးနေပေမဲ့ သိပ်မသိသာဘူး ဆိုတော့...ဒီအင်္ကျီက ချီချန်အန်းရဲ့ဟာလား"


ရွှီလော့ယန်က ခေါင်းညိမ့်ပြလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် သူ့မျက်ဝန်းအစုံက တောက်ပနေကာ


"ဟုတ်တယ် ဒီအင်္ကျီကအရမ်းမိုက်တယ်မလား၊ ကျွန်တော်နေ့ခင်းကအိမ်ကထွက်ခါနီးတုန်းက အဲ့ဒါကိုတွေ့တာနဲ့ တိတ်တိတ်လေးဝတ်ပြီး ပြေးထွက်ခဲ့တာ... ဟူး..အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ"


အမှတ်တံဆိပ်အရောင်းမြှင့်တင်ရေးအတွက် ပရိုမိုးရှင်းဗီဒီယိုကို ရိုက်ကူးပြီးနောက်မှာ ရွှီလော့ယန်သူ့ရဲ့ဖုန်းကို ကျန်းသုန့်ထံက ပြန်ရခဲ့ပြီး weiboက မှတ်ချက်တွေကိုကြည့်ဖို့ရာ စိတ်အားထက်သန်စွာဝင်လိုက်ပြီးတဲ့နောက် ထိပ်ဆုံးမှာရှိနေသည့် မှတ်ချက်တွေကိုမြင်လိုက်ရ၏။


"တစ်ခုလောက်ရှင်းပြပါရစေ၊ ဒီအင်္ကျီက SA brandကနေပြီး ကန့်သတ်ချက်နဲ့ထုတ်ထားပြီး တစ်ကမ္ဘာလုံးမှာ စုစုပေါင်းငါးထည်ပဲရှိပါတယ် အဲ့ငါးထည်ကို အောက်မှာဖော်ပြထားတဲ့_Frank Gerard,Alan Cole,Leo Terry, Wayne Neville နဲ့ နောက်ဆုံးတစ်ယောက် ချီချန်အန်းတို့က ပိုင်ဆိုင်ထားတယ် အဲ့တော့ လော့ယန်ရေ မင်းလက်ထဲမှာရှိနေတဲ့တစ်ထည်က ဘယ်ကရခဲ့တာဖြစ်မလဲ ဒါကရဖို့ တော်တော်လေးခက်ခဲ ခဲ့တယ်ဆိုတာဖြစ်နိုင်တယ်"


ထိုကောမန့်ရဲ့အောက်မှာ စာပြန်ထားတာတွေတန်းစီနေလေသည်။


"-ချီချန်အန်းစီကပဲဖြစ်မှာပေါ့၊ ဟားဟားဟား...ငါမရီနိုင်တော့ဘူး အခုစခရင်ရှော့ရိုက်ထားပြီးပြီမလို့ ငြင်းဖို့မကြိုးစားနဲ့နော်"


"-ချီချန်အန်းစီကဖြစ်မယ်၊လော့ယန်က အရမ်းချစ်ဖို့ကောင်းတာပဲ~ငါ့နှလုံးသားလေး အရည်ပျော်နေပြီ"


"- ချီချန်အန်းစီကနေမှာပေါ့၊ ကောင်းပြီ...ကောင်းပြီ၊ ချီချန်အန်းစီက ဂျာကင်ကိုလုယူဖို့အတွက် ငါတို့ရဲ့လော့ယန်လေးအတွက် တော်တော်လေး(အလေးပေး) ကိုပဲ လွယ်ကူခဲ့မှာမဟုတ်ဘူး‌ေလ..."


ရွှီလော့ယန် သူဝတ်ထားတဲ့ အင်္ကျီကိုဆုပ်ကိုင်ထားပြီး ဆယ်စက္ကန့်မျှတိတ်ဆိတ်နေပြီးတဲ့နောက် " ဒါက limited edition ဆိုတာမယုံနိုင်စရာဘဲ ကျွန်တော်ရဲ့အကြိုက်က တစ်ကယ်ကောင်းတယ်မလား"


"........."


နေပါဦး...သူကအခုသူ့ရဲ့အမှားကိုအာရုံစိုက်နေသင့်တာမဟုတ်ဘူးလား...


ထို့နောက် ကျန်းသုန့်က သူ့ရဲ့နှလုံးသားက ပြဿနာနှင့်ကြုံလာရင် မတန်မလှုပ်နေနိုင်တဲ့ စိတ်ကိုမွေးမြူထားတယ်လို့ပဲတွေးလိုက်ပြီး "အကောင်းကြိုက်တာက ချီချန်အန်းဖြစ်သင့်တာမလား"လို့ တည်ငြိမ်စွာပြောလိုက်သည်။


"သူ့အကြိုက်က တော်တော်လေးကောင်းပါတယ်"


"ကျန်းသုန့်ခေါင်းညိတ်ပြခါနီးမှာပဲ ရွှီးလော့ယန်က "သူ့ကျွန်တော်ကိုရွေးလိုက်တာကိုပဲ ကြည့် သူ့အကြိုက်က အတော်လေးကောင်းတယ်လေ"


ဒါရိုက်တာနှင့် ဝန်ထမ်းများအား နှုတ်ဆက်လိုက်ပြီးနောက် ကျန်းသုန့်နှင့် ရွှီလော့ယန်တို့ ရိုက်ကွင်းကနေ အရင်ဆုံးထွက်လာခဲ့ကြသည်။ချီချန်အန်းရဲ့ ကုတ်အင်္ကျီကို ဝတ်တာနဲ့ပတ်သတ်ပြီး တော်တော်လေး သတင်းပေါက်သွားပေမဲ့ ကျန်းသုန့်က ယင်းကို PR လုပ်ဖို့မစဥ်းစားထားပေ။


တစ်ဖက်ကကြည့်မယ်ဆိုရင် အဝတ်အစားတူတူဝတ်တာက သူတို့ကြားထဲက ဆက်ဆံရေးကအတော်လေးကောင်းတယ်လို့ရှင်းပြလို့ရပေသည်။အဓိကကတော့ လူထုရဲ့အမြင်ကိုချယ်လှယ်ဖို့ကြိုးစားလေ ပိုပြီး အမှားပါလေလေဖြစ်လာမှာစိုး၍ဖြစ်သည်။ယခုထိုအကြောင်းကို အဓိကဆွေးနွေးနေကြတဲ့သူတွေက သူတို့ရဲ့CP ပရိတ်သတ်များဖြစ်ပြီး ကျန်တဲ့ပရိတ်သတ်တွေကလည်း သူ့ရဲ့ရုပ်ရည် ဒါမှမဟုတ်သူ့ရဲ့အရည်အချင်းကြောင့် ယင်းကိုဂရုမစိုက်ဘဲ ဆက်အားပေးကြမည့်သူများဖြစ်လေရာ ရက်အနည်းငယ်အတွင်းမှာပင် ထိုသတင်းက ငြိမ်ကျသွားလိမ့်မည်ဖြစ်သည်။


ကားထဲကိုဝင်ပြီးတာနှင့် ရွှီလော့ယန်က ချီချန်အန်းစီ ပျော်ရွှင်စွာစာပို့လိုက်ပြီး နောက်တစ်နေ့အတွက် အချိန်ဇယားအကြောင်း ကျန်းသုန့်ပြောပြပေးနေတာကိုနားထောင်ရင်း နေလိုက်သည်။


ထို့နောက်ရွှီလော့ယန် သူ့လက်တွေ ဖုန်းစခရင်ပေါ်မှာပြေးနေတာကိုရပ်လိုက်ရင်း 


"မနက်ဖြန်နေ့လည်ဘက် အားလား" 


ထိုသို့မေးပြီးတဲ့နောက်မှာပဲ၊ အစောလေးကတင် ကျန်းသုန့်ပြောပြပေးတာကို သတိရလိုက်ကာ သူ့မျက်နှာထက် စိုးရိမ်မှုတွေဖြတ်ပြေးသွားပြီး


 "ကျန်းကော အဲ့ဒါကကျွန်တော်မကြာခင်မှာပဲအလုပ်လက်မဲ့ဖြစ်တော့မယ်လို့ဆိုလိုတာလား"


"အလုပ်လက်မဲ့ ဟုတ်လား မင်းကအတွေးလွန်နေတာပဲ၊အရင်က ပြောထားတဲ့အစီအစဥ်တစ်ခုကနောက်ကို ရက်နည်းနည်းရွေ့ထားတာလေ အဲ့ဒါကြောင့်မင်းမှာ နေ့တစ်ဝက်လောက်အနားယူဖို့အချိန်ရှိနေတာ"


ထို့နောက် ကျန့်သုန်းက သူ့စီကို ဓာတ်ဘူးတွန်းပို့လာပြီး ရေပိုသောက်ဖို့ရာပြောလာလေသည်။


"ဒါနဲ့ ပြောရမယ်ဆိုရင် မင်းနဲ့ ချီချန်အန်း ရိုက်ထားတဲ့ 'မတူညီသောလမ်းနှစ်သွယ်' ဇာတ်ကားကို ဇွန်လမှာကျင်းပမဲ့ ရုပ်ရှင်ပွဲတော်မှာ ပြသမှာဖြစ်ပြီးတော့ ဒါရိုက်တာချူးရဲ့ 'ယို့ယွင်းနေသော ကမ္ဘာကြီး' ကလည်းမကြာခင်မှာ ပရိုမိုးရှင်းဆင်းတဲ့အဆင့်ကိုရောက်တော့မှာ အဲ့တော့အခု မျက်စိပါတဲ့လူတိုင်းမြင်နိုင်တယ် ဒီနှစ်ကုန်ကျရင် မင်းရဲ့တန်ဖိုးက သိသိသာသာကိုပဲ တိုးလာလိမ့်မယ် မင်းနဲ့ လက်တွဲချင်တဲ့သူတွေလည်းများလာပြီး နောက်ပိုင်းကျရင် ငါ့ရဲ့ mail box ကတော့ နေ့တိုင်းပေါက်ကွဲထွက်နေတော့မှာပဲ"


ရွှီလော့ယန်ပြုံးလိုက်ချိန်မှာ သူ့မျက်လုံးတွေကွေးညွတ်သွားပြီး သူကလေးနက်စွာပြောလိုက်သည်။


"ဒါပေမဲ့ 'မတူညီသောလမ်းနှစ်သွယ်' မထုတ်လွှင့်ရသေးခင်အထိ အခြားဇာတ်ညွှန်းလက်မခံသေးဘူး"


"ဒီလို တွေးရတဲ့ အကြောင်းအရင်းက ဘာလဲ"


"ချန်အန်းက အဲ့နောက်ပိုင်းမှာ ကမ်းလှမ်းလာတဲ့ဇာတ်ညွှန်းတွေက ပိုကောင်းပြီး အဆင့်မြင့်လိမ့်မယ်တဲ့ အခုကမ်းလှမ်းလာတာတွေကို လက်ခံလိုက်မယ်ဆိုရင် ကျွန်တော်ရှုံးသွားမှာပေါ့"


"အဲ့ဒါတော့ အမှန်ပဲ သူပြောတာ လုံးဝမှန်တယ်"


ယင်းကကျန်းသုန့် ရွှီလော့ယန်ကို အကောင်းမြင်ရတဲ့အကြောင်းပြချက်တစ်ခုဖြစ်ပေသည်။သူက နာမည်ရသည်ဖြစ်စေ မရသည်ဖြစ်စေ သူလိုချင်တဲ့အရာကို အမြဲတမ်းသိပြီး သူ့ရည်မှန်းချက်အောင်မြင်ဖို့အတွက် ဘယ်လိုကြိုးစားရမယ်ဆိုတာကိုလည်း အမြဲရှင်းရှင်းလင်းလင်းသိသူဖြစ်သည်။တစ်ကယ်ဆိုလျှင် ဤနယ်ပယ်မှာ ကျော်ကြားမှုနှင့် ငွေကြေးတွေက လျှင်လျှင်မြန်မြန်ပဲရောက်လာတတ်သဖြင့် လူတွေကသူတို့ရဲ့ မူလရည်ရွယ်ချက်နဲ့ အိပ်မက်တွေကနေ ပိုပြီးဝေးကွာလာတက်ကြသည်။


သူဖုန်းကိုချလိုက်ပြီးနောက် ရွှီလော့ယန် ခဏလောက်တုံ့ဆိုင်းသွားပြီး "ကျန်းကော ၊ ကောကျွန်တော်ကို အဲ့လိုအမူအရာကြီးနဲ့မကြည့်လို့မရဘူးလား"


"ဘယ်လိုအမူအရာကိုပြောနေတာလဲ"


"အဲ့ဒါက ဘာနဲ့တူလဲဆိုရင် ကောအိမ်က ဟက်စကီးက သူ့ဘာသာ သူအိမ်သာသုံးတက်သွားတာကို မြင်ရပြီး စိတ်သက်သာရာရသွားတဲ့အမူအရာနဲ့အတူတူပဲ"


ရွှီလော့ယန် အိမ်ပြန်ရောက်တဲ့အချိန်မှာ ရှစ်နာရီထိုးနေလေပြီ။


ထို့နောက်သူက ချီချန်အန်းကိုပွေ့ဖက်ကာ နမ်းလိုက်ပြီး"ငါမင်းကိုအရမ်း လွမ်းနေတာ"


သူ့လက်ကိုဆုပ်ကိုင်လိုက်ပြီးနောက် ချီချန်အန်းကသူ့ကို အထဲခေါ်သွားကာ "ပင်ပန်းနေပြီလား"


"အလုပ်လုပ်ရတာကတော့မပင်ပန်းပါဘူး ဒါပေမဲ့ မင်းကိုလွမ်းရတာကတော့ ပင်ပန်းတယ် ငါ့ဦးနှောက်ဆဲလ်တွေက မင်းအကြောင်းကိုပဲ စက္ကန့်မလပ်တွေးနေတော့ ငါတော်တော်လေးပင်ပန်းနေပြီ"


.............................................................


ရွှီနျောင်နျောင်ရဲ့စိတ်ခံစားချက်လေး : အမှား.....အမှားလုပ်မိပြီTwT


.........................................................................................


Translated By IQ-Team.