ချူထင်းရှိူ့သည် ညီမဖြစ်သူကို မှင်တက်လျက် ကြည့်နေမိသည်။
သူ့ညီမက အလွန်ဖောင်းကားနေပြီး ပုံစံပြောင်းသွားသဖြင့် သူသည် သူ့ညီမကို မမှတ်မိလုနီးပါးပင်။
" ထင်းလန် " ချူထင်းရှိူ့ ခေါ်လိုက်သည်။
" အစ်...အစ်ကိုကြီး " ချူထင်းလန်သည် သူ(မ)၏ အစ်ကိုတော်ကို ကြည့်လိုက်ပြီး ချူထင်းရှိူ့ကို စတင်တောင်းပန်ပြန်သည် : " အစ်ကိုတော်၊ ညီမလေးကို ထုတ်ပေးပါ။ အစ်ကိုတော်... "
ချူထင်းရှိူ့က မတုံ့ပြန်ပေ။
ချူထင်းလန်၏ ပြစ်မှုမှာ ဥပဒေအရ မိသားစု၏ မျိုးဆက်ကိုးဆက်လုံးကို အသတ်ခံရလျှင်ပင် မလွန်ချေ။ သူ(မ) ယခု ဤနေရာတွင် ကောင်းကောင်းမွန်မွန် နေနိုင်သည်မှာ ယန်ကျင်းဇီ၏ သဒ္ဓါတရား ဖြစ်သည်။
" အစ်ကိုတော်... " ချူထင်းလန်က ငိုပြန်သည်။
ချုထင်းလန် ငိုကြွေးနေရုံတင်မကဘဲ အနည်းငယ်ကြာအောင် ငိုကြွေးနေကြသူများလည်း ရှိသည်။
ယန်ကျင်းဇီက ဆိုသည်။ " မငိုနဲ့တော့။ ငိုတာက အသုံးမဝင်ဘူး။ "
ပင်းဝမ်နှင့် အခြားသူများသည် ယန်ကျင်းဇီကို တပြိုင်နက် ကြည့်လာကြသည်။
ယန်ကျင်းဇီက ပြုံးသည် : " ကိုယ်တော် မင်းတို့ကို အပြင်ထုတ်ပေးမှာ မဟုတ်ဘူး။ "
အမှန်တော့ သူသည် ပင်းဝမ်ကို သိပ်မမုန်းပေ။ သို့သော် ပင်းဝမ်ကို အပြင်ထုတ်ပေးခြင်းမှာ အလွန်ပြဿနာများလိမ့်မည်။
ချူထင်းလန်ကိုတော့ သူ မလွှတ်ပေးနိုင်ပေ။
ချူထင်းလန်က သူ့ကို လုပ်ကြံရန် လူရှာလာသောအခါ သူ အရမ်းစိတ်မဆိုးသော်လည်း ချူထင်းလန်က ချူထင်းရှိူ့ကို လုံးဝ စိတ်ထဲမထားချေ... သူ့တွင် ချူထင်းလန်အပေါ် ထင်မြင်ချက် ရှိသည်။
ယန်ကျင်းဇီက လူများကို အပြင်ထုတ်ပေးမည်မဟုတ်ဟု ပြောပြီးနောက် ပင်းဝမ်မှာ အံ့အားသင့်သွားသည်။
ခဏကြာပြီးနောက် ပင်းဝမ်သည် မတ်တပ်ရပ်ပြီး နှာမှုတ်လိုက်သည် : " ဒါဆို ငါ ဘယ်လောက်သနားစရာကောင်းနေလဲ ကြည့်ဖို့ ဒီကိုရောက်လာတာလား? "
အကျဉ်းချခံရပြီးနောက် ဘာမှလုပ်စရာမရှိချေ။ သတိမထားမိခင်မှာပဲ ပင်းဝမ်က ဝလာသည်။ သူက ရှေ့တွင် ဒူးထောက်လျက် အသနားခံသောအခါ စဉ်းစားဉာဏ်မဲ့သော အသွင်အပြင်ကို လူအများအား မလွဲမသွေ ထင်မြင်စေသော်လည်း ဤအချိန်၌ ဤခံစားချက်မှာ လုံးဝ ပျောက်ကွယ်သွားသည်။
အဆုံးမှာတော့ သူသည် ဘွားတော်ကြီး၏ မျက်စိအောက်၌တင် သူ့ကိုယ်ပိုင်အင်အားကို ထူထောင်နိုင်ခဲ့သူ ဖြစ်လေသည်။
" မင်းရဲ့ဟာသတွေကို ကြည့်ဖို့ ကိုယ်တော့်မှာ အချိန်မရှိဘူး။ အထဲက ကလေးကို အပြင်ခေါ်ထုတ်သွားမယ်။ " ယန်ကျင်းဇီ ပြောလိုက်ပြီး သူ့အနားမှ လူများကို ကြည့်လိုက်သည် : " ကလေးကို သွားခေါ်လိုက်။ "
" ငါ မင်းကို အဲ့လိုစေတနာကောင်းတဲ့မိန်းမလို့ မထင်ထားခဲ့မိဘူး။ " ပင်းဝမ်က သရော်လိုက်သည်။
သူတို့ အကျဉ်းချခံရချိန်ကတည်းက အစောင့်များသည် ပင်းဝမ်၏ ကြင်ယာတော်များကို အလိုဆန္ဒရှိလျှင် မီးဖွားခါစ ကလေးများကို အပြင်ဘက်သို့ စေလွှတ်ကာ ကြီးပြင်းစေနိုင်ကြောင်း ပြောပြထားကြသည်။
ပင်းဝမ် ပုန်ကန်သောအခါ ယန်ကျင်းဇီက လူသတ်ရန် အလျင်မလိုခဲ့ချေ။ ပင်းဝမ်၏ မိခင်ဘက်မှ မျိုးနွယ်စုဖြစ်ဖြစ်၊ ကြင်ယာတော်နှစ်ဦး၏ မိခင်ဘက်မှ မျိုးနွယ်စုများဖြစ်ဖြစ် မိသားစုတွင် လူများ ကျန်ရစ်နေကြသေးသည်။ ဤနေရာတွင် အကျဉ်းချခံရမည့်အစား အပြင်ဘက်တွင် ကြီးပြင်းရမည်က ကလေးအတွက် ပိုမိုကောင်းမွန်သည်။
သို့ရာတွင် ပင်းဝမ်၏ ကြင်ယာတော်များသည် အကျယ်ချုပ်ကျပြီးနောက် ပင်းဝမ်၏အနားသို့ မကပ်ချင်ကြသဖြင့် တစ်ခါမှ ကလေးမမွေးခဲ့ကြသော်လည်း ချူထင်းလန်ကတော့ ကလေးတစ်ယောက်ကို မွေးဖွားခဲ့သည်။
ယန်ကျင်းဇီက စကားမပြောခဲ့ပေ။
အဆုံးမှာတော့ သူက ကူးပြောင်းလာသူသာ ဖြစ်သည်။ သူ့တွင် ယခင်က မှတ်ဉာဏ်များ မရှိသော်လည်း သူ့အတွေးတစ်ချို့မှာ ဤခေတ်ကာလရှိ လူများနှင့် အမြဲကွဲပြားနေသည်။
ဥပမာအားဖြင့် သူသည် ပင်းဝမ်၏ အရံကြင်ယာတော်နှစ်ဦးမှာ ပင်းဝမ်နှင့်အတူ အကျဉ်းချခံရစရာမလိုအပ်ဟု အမြဲထင်မိသည်။
သူတို့က အပြင်ရောက်လျှင် ပိုဆိုးသော အချိန်တွင် နေထိုင်ရနိုင်သဖြင့် သူသည် သူတို့ကို မပြောင်းပေးတော့ပေ။
ဤခေတ်ကာလတွင် လူများ၊ အထူးသဖြင့် အမျိုးသမီးများသည် စည်းမျဉ်းများစွာဖြင့် ချုပ်နှောင်ခံထားကြရသည်။
သူသည် အမျိုးသား ဖြစ်ပြီး ဧကရာဇ်မင်း ဖြစ်နေခြင်းမှာ သူ့အတွက် ကောင်းမွန်သော ကံဇာတာ ဖြစ်နေပြီပင်။
ကလေးကို အပြင်ခေါ်ထုတ်လာသည်။
ချူထင်းရှိူ့က သူ့လက်ကိုဆန့်ထုတ်လိုက်သည် : " ငါ ကြည့်ဦးမယ်။ "
နုနယ်သော ကလေးတစ်ဦးက သူ့လက်မောင်းများထဲ ရောက်ရှိလာသည်။ ကလေးက ငိုနေသော်လည်း အချီခံရပြီးနောက် သူ(မ)က ရုတ်တရက် အငိုရပ်သွားသည်။ ထိုအစား သူ(မ)၏အနားမှ ပစ္စည်းများကို ထိတွေ့ရန် သူ(မ)၏ပါးစပ်ကို ဆက်တိုက်လှုပ်ရှားလျက်ရှိရာ ဗိုက်ဆာနေခြင်း ဖြစ်နိုင်လောက်သည်။
ချူထင်းရှိူ့က ကလေးကို ခဏကြည့်လိုက်ပြီးမှ ချူထင်းလန်ကို ကြည့်လာသည် : " ငါ ဒီကလေးကို ခေါ်သွားမယ်။ ငါ သူ့ကို ကောင်းကောင်းမွေးမှာပါ။ "
" အစ်ကိုတော်... " ချူထင်းလန်က ကလေးကို လျစ်လျူရှုပြီး ဆက်လက်တောင်းပန်သည် : " အစ်ကိုတော်၊ ညီမလေးကို အပြင်ထုတ်ပေးပါ။ ကျေးဇူးပြုပြီး... ညီမလေး မှားသွားပါတယ်။ ညီမလေး စကားနားထောင်ပါ့မယ်... "
" သူက ယန်ကျင်းဇီရဲ့ ပြေးလွှားနေတဲ့ ခွေးသာသာပဲ။ ယန်ကျင်းဇီက မင်းကို အပြင်မထုတ်ပေးဘူးလို့ ပြောပြီးပြီ။ သူ့ကို တောင်းပန်နေတော့ရော ဘာထူးမှာလဲ? " ပင်းဝမ်က နှာရှုပ်ပြီး ချုထင်းရှိူ့ကို ပြန်ကြည့်လိုက်သည် : " ချူထင်းရှိူ့၊ မင်းက တော်တော်စွမ်းတာပဲ။ မင်းက နဂါးပုံစံချည်ထိုးထားတဲ့ အဝတ်တွေကို အပေါ်ပိုင်းဝတ်ရုံအနေနဲ့ ဝတ်ဆင်နိုင်တယ်... ယန်ကျင်းဇီနောက်လိုက်ရင် ကောင်းကောင်းအဆုံးသတ်နိုင်လိမ့်မယ်လို့ မင်း မတွေးနဲ့။ အနာဂတ်မှာ မင်းက သေချာပေါက် ငါ့ထက် အခြေအနေပိုဆိုးလိမ့်မယ်! "
ချူထင်းရှိူ့၏ အဝတ်အစားများတွင် နဂါးပုံစံများ ရှိပြီး ယင်းမှာ အမှန်တော့ ယန်ကျင်းဇီ ပေးထားသော အထူးအခွင့်အရေးများထဲမှ တစ်ခု ဖြစ်သည်။ သို့သော် ပင်းဝမ်အတွက်တော့ ၎င်းက အလွန်ထူးဆန်းသည်။
ပင်းဝမ်က ယန်ကျင်းဇီကို ကြည့်ပြန်သည် : " ယန်ကျင်းဇီ၊ မင်းက ချူထင်းရှိူ့ကို ဒီလိုမျိုး ကူညီခွင့်ပြုထားတာ တကယ် တော်တယ်... ဒါပေမယ့် ချူထင်းရှိူ့က မင်းရဲ့ခေါင်းပေါ် တက်လာတာကို မင်း သည်းခံနိုင်လို့လား? "
ယခုအခါ ပင်းဝမ်သည် လက်လျှော့ရန် အဆင်သင့်ဖြစ်သွားသဖြင့် သူက စတင်ပြီး သွေးထိုးတော့သည်။
ယန်ကျင်းဇီက သူ့ကို တိတ်တဆိတ် ကြည့်လိုက်သည်။ နားထောင်ပြီးနောက် သူက ဆိုသည်။ " ကိုယ်တော်နဲ့ ဧကရီတို့ကြားက ကိစ္စကို မင်း စိတ်ပူစရာမလိုဘူး။ "
ပင်းဝမ်မှာ နောက်တစ်ကြိမ် အံ့အားသင့်သွားရပြီး ထို့နောက် သူက ချူထင်းရှိူ့ကို ကြည့်လိုက်ပြန်သည်။
ချူထင်းရှိူ့၏မျက်နှာမှာ ရှက်ရွံ့ပြီး ပျော်ရွှင်သွားသကဲ့သို့ အနည်းငယ် ပြောင်းလဲသွားလေသည်။
ယန်ကျင်းဇီသည် သူ့ကို ဘုရင်ဘွဲ့ ပေးပြီး အမျိုးမျိုးသော အထူးခွင့်ပြုချက်များ ပေးခဲ့သော်လည်း သူက ဧကရီ ဖြစ်သည်ဟု ပထမဆုံးအကြိမ် ပြောခြင်းဖြစ်သည်။
" မင်း၊ မင်း... " ပင်းဝမ်၏အသံမှာ တုန်ယင်သွားသည်။
ယန်ကျင်းဇီသည် ချူထင်းရှိူ့ကို ကြည့်လိုက်သည် : " မင်း မင်းညီမကို စကားပြောချင်လား? "
" မလိုပါဘူး။ " ချူထင်းရှိူ့ ငြင်းလိုက်သည်။ သူ့ညီမက ဤနေရာတွင် အဆင်သိပ်မပြေသော်လည်း ယင်းမှာ အတိတ်မှ လုပ်ရပ်ကြောင့် ဖြစ်သည်။
ချီတိုင်းပြည်တစ်ခုလုံးမှာ စားဖို့မလုံလောက်ဘဲ နွေးနွေးထွေးထွေး မနေနိုင်တဲ့သူတွေ ဘယ်လောက်တောင် ရှိလိုက်သလဲ? သူ(မ)၏ဘဝက ယခု အဆင်ပြေနေသည်။
ထို့အပြင် ချူထင်းလန်က သူ့ကို တွေ့သောအခါ အပြစ်ရှိစိတ် လုံးဝ ရှိမနေသဖြင့် သူလည်း အတော်လေး ကျောချမ်းသွားရသည်။
" ဒါဆို ပြန်ကြမယ်။ " ယန်ကျင်းဇီက ဆိုသည်။
ယန်ကျင်းဇီသည် ချူထင်းရှိူ့ကို ခေါ်၍ ထွက်သွားခဲ့သည်။ သူတို့နောက်မှ ပင်းဝမ်က အော်ဟစ်နေသည်။ " မင်းတို့က ဒီလိုဆက်ဆံရေးကိုး။ ဒီလိုသာဆက်သွားရင်... ချူထင်းရှိူ့၊ ယန်ကျင်းဇီက မင်းနဲ့ အမြဲတမ်း အတူရှိနေမယ်လို့ ထင်လား? အနှေးနဲ့အမြန် သူက မင်းကို စွန့်ပစ်သွားမှာပဲ! "
ယခင်က နားမလည်နိုင်ခဲ့သော ကိစ္စများကို ပင်းဝမ် ချက်ချင်း အလုံးစုံနားလည်သွားရသည်။ ချူထင်းရှိူ့က နန်းတော်ထဲမှာ ညအိပ်နေတာ မဆန်းတော့ပါဘူး၊ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာရလာပြီး ညဉ့်နက်သန်းခေါင် မြင်းပေါ်က ဆင်းလာရင် ထူးထူးဆန်းဆန်း လှုပ်ရှားတာ မဆန်းတော့ပါဘူး။ ချူထင်းရှိူ့က ချူထင်းလန်ကို နန်းတော်ထဲ မဝင်ခိုင်းသည်မှာ မဆန်းတော့ချေ။ ယန်ကျင်းဇီအတွက်နှင့် သူနှင့် သရုပ်ဆောင်ရန်ပင် လိုလားခဲ့ပေသည်။
ဒါက ခွေးစုံတွဲ ဖြစ်နေတာပဲ!
သို့သော် ဤလူနှစ်ယောက် ဘယ်တော့မှ ကြာရှည်မခံနိုင်ဟု သူ ယုံကြည်သည်။
ထိုအချိန်က ဘွားတော်ကြီးတွင်လည်း ဧကရာဇ်ထိုက်ဇူနှင့် နက်ရှိုင်းရိုးသားသော ဆက်ဆံရေး ရှိခဲ့သည်။ နောက်ဘာဖြစ်သွားလဲ? အာဏာအတွက်နဲ့ သူတို့ ပြတ်စဲသွားကြတာ ကြာပေါ့! ဧကရာဇ်ထိုက်ဇူ၏ ကွယ်လွန်မှုမှာ ဘွားတော်ကြီးကြောင့်ပင် ဖြစ်နိုင်သေးသည်။
ချူထင်းရှိူ့နှင့် ယန်ကျင်းဇီတို့သည် နှစ်ဦးစလုံး အမျိုးသားများ ဖြစ်ကြပြီး အနှေးနှင့်အမြန် ကွဲကွာသွားကြလိမ့်မည်။
ယန်ကျင်းဇီသည် ခေါင်းလှည့်ပြီး ပင်းဝမ်ကို တစ်ချက်ကြည့်လိုက်ကာ ပြုံးလေသည်။
ယန်ကျင်းဇီသည် ပင်းဝမ်ရှေ့တွင် ဘာမှမပြောခဲ့သော်လည်း အပြင်ရောက်ရောက်ချင်း သူက ချူထင်းရှိူ့ကို ပြောသည် : " ထင်းရှိူ့၊ ကိုယ် အရမ်းဝမ်းနည်းတယ်။ ကိုယ်က မင်းအပေါ် ရက်စက်မယ်လို့ သူတို့အားလုံးက ထင်နေကြတယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ! "
ချူထင်းရှိူ့ : " အရှင်မင်းကြီး၊ ငါ မင်းကို ယုံကြည်ပါတယ်။ "
" ဒါပေမယ့် ကိုယ် အရမ်းဝမ်းနည်းနေသေးတယ်။ " ယန်ကျင်းဇီသည် ချူထင်းရှိူ့ကို ကြည့်ပြီး မျက်တောင်ခတ်လိုက်သည်။
ချူထင်းရှိူ့ : " အရှင်မင်းကြီး ဘာအလိုရှိသလဲ? " အရှင်မင်းကြီးမှာ ထူးဆန်းသော အတွေးများ ရှိနေပြန်သည်မှာ သံသယဖြစ်စရာပင်မလိုချေ...
" ကိုယ် ကျန်းနန်မှာ သွားဆော့ချင်တယ်။ မင်း ကိုယ့်ကို အဖော်ပြုပေးဦး။ " ယန်ကျင်းဇီ ရယ်လိုက်သည်။
သူတို့နောက်တွင် ပင်းဝမ်က အော်ဟစ်ပြီး ဆဲဆိုနေဆဲဖြစ်သည်။
သူသည် အချိန်အကြာကြီး ကျိန်ဆဲနေပြီးမှ နောက်ဆုံး ရပ်သွားသည်။ ဤအချိန်တွင် ကောင်းကင်မှာ မှောင်နေပြီဖြစ်သည်။
ပင်းဝမ်သည် ချူထင်းလန်ကို ရုတ်တရက် ကြည့်လိုက်သည် : " မင်းအစ်ကိုက သူများတွေကို လိင်ဆက်ဆံပြီး ပြုစုတာ တကယ် အရမ်းတော်တာပဲ... အနှေးနဲ့အမြန် သူက စွန့်ပစ်ခံရပြီး ကောင်းကောင်းအဆုံးသတ်ရမှာ မဟုတ်ဘူး။ "
ချူထင်းလန် အံ့အားသင့်သွားသည်။
" မင်းအစ်ကိုက ယန်ကျင်းဇီအတွက် အရမ်းထင်ရာစိုင်းနေတာ မဆန်းတော့ဘူး။ ယန်ကျင်းဇီက မင်းအစ်ကိုကို ကယ်ဖို့ သူ့အသက်ကို စွန့်ချင်တာ မဆန်းတော့ဘူး။ ခံစားချက်တွေက ပြောင်းလဲလွယ်တယ်လေ ဟီးဟီး! " ပင်းဝမ်က လှောင်ရယ်လိုက်သည်။
ချူထင်းလန်က မတုံ့ပြန်သေးပေ။
ပင်းဝမ်က ပြောပြန်သည် : " ချူထင်းရှိူ့က အဲ့နေရာမှာ တော်မှန်း ငါ သိခဲ့ရင် ကောင်းမယ်။ ငါ မလုပ်နိုင်တာမှ မဟုတ်တာ... "
ချူထင်းလန်က ထခုန်ပြီး ပင်းဝမ်ကို ရိုက်နှက်ရန် ကြိုးပမ်းတော့သည်။
နှစ်ယောက်က အတူတူ လုံးထွေးပြီး အဆုံးမဲ့ ကျိန်ဆဲနေကြသော်လည်း အဆုံး၌ နှစ်ဦးသဘောတူမှုတစ်ခု ရှိခဲ့ကြပြီး ချူထင်းရှိူ့နှင့် ယန်ကျင်းဇီတို့က ဧကန်မုချ ကွဲကွာလိမ့်မည်ဟု တွေးထင်နေကြသည်။
သို့သော်ငြား ဒုတိယမြောက်နှစ်တွင် ချူထင်းရှိူ့၏ မွေးနေ့၌ အစောင့်များက အရသာရှိသော စားဖွယ်အချို့ကို ယူလာကြသည် : " အရှင်မင်းကြီးက ချူစစ်သူကြီးအတွက် မွေးနေ့ဂုဏ်ပြုစားပွဲ ကျင်းပပြီး မင်းတို့ကို ဆုချလိုက်တယ်။ "
တတိယမြောက်နှစ် ချူထင်းရှိူ့၏မွေးနေ့တွင် ဆုလာဘ်က ရောက်လာပြန်သည်။
ထို့နောက် စတုတ္ထမြောက်၊ ပဉ္စမမြောက်၊ ဆဠမမြောက်... ဆယ်နှစ်မြောက်၊ အနှစ်နှစ်ဆယ်မြောက်၊ အနှစ်သုံးဆယ်မြောက်...
တစ်ရက်တာခန့် အစားအသောက် အရသာရှိလာခြင်းမှာ ကောင်းမွန်သော်လည်း ပင်းဝမ် အမြဲတမ်း စိတ်ထိခိုက်ရတယ်!
သူ့ကို ပိုစိတ်ထိခိုက်စေသူမှာ ယခင်က ပြင်ပကိစ္စများကို သူတို့အား တစ်ခါမှ မပြောပြခဲ့ဖူးသော အစောင့် ဖြစ်သည်။ ထိုနေ့မှစ၍ သူက သူတို့အား ယန်ကျင်းဇီနှင့် ချူထင်းရှိူ့တို့အကြောင်း စတင်ပြောပြတော့သည်။
'ယန်ကျင်းဇီက ချူထင်းရှိူ့ကို ကျန်းနန်ကို ခေါ်သွားတယ်' ?
'တစ်စုံတစ်ယောက်က ယန်ကျင်းဇီကို အမျိုးသားတစ်ဦးကို လက်ဆောင်ပေးလို့ ယန်ကျင်းဇီက အရမ်းစိတ်ဆိုးသွားတယ်' ?
'ယန်ကျင်းဇီကို ဧကရီတင်မြှောက်ခိုင်းတဲ့သူကို ချူစစ်သူကြီးရဲ့လူတွေက ရိုက်နှက်လိုက်တယ်' ?
'ယန်ကျင်းဇီက မြောက်ပိုင်းမှာ ချူထင်းရှိူ့အတွက် နန်းတော်တစ်ခု သီးသန့်ဆောက်ပေးပြီး လည်ပတ်ဖို့ ချူထင်းရှိူ့ကို ခေါ်သွားတယ်' ?
...
အကုန်လုံးပဲ!
ပင်းဝမ် နားမထောင်ချင်ပေ။
ဒါပေမယ့် အဲ့ဒါတွေကလွဲရင် သူ့မှာ တခြားနားထောင်စရာ မရှိဘူး!
ဘာလုပ်နိုင်မလဲ? သူ နားပဲထောင်နိုင်တယ်!
ပင်းဝမ်သည် အင်အားကြီးမားသော စိတ်ဆန္ဒသမား ဖြစ်သည်မှာ သေချာသည်။ သူသည် အကျဉ်းကျနေသော်လည်း စိတ်မပြိုလဲချေ။ ဝဖြိုးလာလျှင်ပင် အစားအသောက် မကောင်းမွန်သဖြင့် သူသည် အလွန်အကျွံ ဝမလာခဲ့ပေ။
သူသည် အသက်ခုနစ်ဆယ်တိုင်တိုင် နေထိုင်သွားခဲ့သည်။
ထိုအချိန်တွင်လည်း ယန်ကျင်းဇီသည် ချူထင်းရှိူ့၏မွေးနေ့ကို ကျင်းပနေဆဲဖြစ်သည်။
ပင်းဝမ်သည် မသေခင် နောက်ဆုံးအိပ်ရာပေါ်၌ လှဲလျောင်းနေစဉ် ဤလူနှစ်ဦးထံမှ သတင်းများကို ကြားလိုက်ရသည် : " အရှင်မင်းကြီးက ယုံဝမ်ရဲ့ မြေးတော်စီ နန်းလွှဲပေးလိုက်ပြီ။ ပြီးတော့ အရှင်မင်းကြီးက ချူစစ်သူကြီးကို မြောက်ပိုင်းကိုခေါ်သွားတယ်... "
ပင်းဝမ်သည် အလွန်မကျေမနပ်ဖြစ်မိသည်။
သူ အစကတည်းက မပုန်ကန်ခဲ့သင့်ဘူး!
သူသည် ပုန်ကန်မည့်အစား ချူထင်းလန်ကို လက်ထပ်၍ ကလေးအနည်းငယ် ရှိလာခဲ့လျှင်...
ယန်ကျင်းဇီသည် ချူထင်းရှိူ့ကို အလွန်ချစ်သည်။ ချူထင်းလန်က ချူထင်းရှိူ့၏ညီမ ဖြစ်တာကို ငဲ့ပြီးတော့ သူက နန်းပလ္လင်ကို သူနဲ့ ချူထင်းလန်တို့ရဲ့ မြေးကို ပေးမှာ သေချာတယ်! သေချာပေါက် ယုံဝမ်ရဲ့အလှည့် ဖြစ်လာမှာ မဟုတ်ဘူး!
ဘာလို့ သူ အဲ့တုန်းက အရမ်းမိုက်မဲခဲ့တာလဲ?!
သူသည် အကျယ်ချုပ်ကျနေသော်လည်း အခြားလူများ၏ အချစ်ပြသမှုကို တစ်သက်တာလုံး နားထောင်နေရဆဲဖြစ်သည်။ ပင်းဝမ်သည် မချိတင်ကဲဖြစ်လျက် သေဆုံးလုနီးပါး ဖြစ်သွားရသည်။
အစောပိုင်းနှစ်များတွင် အမတ်ချုပ်ကြီးဆွေ့သည် တကယ့်ကို အလွန်စိတ်ရှုပ်ထွေးခဲ့ရပြီး အင်အားအကြီးဆုံးလူနှစ်ဦး ပြတ်စဲကြမည်ကို အမြဲစိုးရိမ်နေခဲ့သည်။
တစ်ခါတွင်တော့ သူသည် စိုးရိမ်လွန်း၍ ကောင်းမွန်စွာ မစားသောက်နိုင်သဖြင့် ဖျားပင်ဖျားနာခဲ့၏။
သို့သော် ပင်းဝမ်ကဲ့သို့ သူသည် မသေဆုံးခင်အထိ တဝဲလည်လည် စွဲလမ်းမနေခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် သူ ဖျားနာပြီးနောက် အရှင်မင်းကြီးက သူ့ကို ကုသရန် သမားတော်ဟူကို ဆင့်ခေါ်စေခဲ့သည်။ သူ၏အတွေးများကို သမားတော်ဟူ မတော်တဆ သိရှိသွားသောအခါ သမားတော်ဟူက သူ့ကို ဆွံ့အလျက် ကြည့်လေသည် : " ချူစစ်သူကြီးက အရှင်မင်းကြီးကို သွေးဆောင်ခဲ့တယ်လို့ အမတ်ကြီးက တကယ် ထင်နေတာလား?! "
" မဟုတ်ဘူးလား? " အမတ်ချုပ်ဆွေ့က မေးသည်။
သမားတော်ဟူ : " မှားနေပြီ! ငါ အမတ်ကြီးကို တိတ်တိတ်လေး ပြောပြမယ်။ အရှင်မင်းကြီးက ချူစစ်သူကြီးကို ဆေးပေးခဲ့ပြီး ချူစစ်သူကြီးလည်း ဒဏ်ရာရခဲ့တယ်... ကျွတ်ကျွတ်! "
အမတ်ချုပ်ကြီးဆွေ့ : " !!! "
သမားတော်ဟူက ပြောပြန်သည် : " အမှန်ပဲ။ ချူစစ်သူကြီးက အရမ်းသစ္စာရှိပြီး မျိုးချစ်လွန်းတယ်... "
အမတ်ချုပ်ကြီးဆွေ့ : " !!! "
တကယ်က အဲ့လိုကိုး... အရှင်မင်းကြီးက တကယ် မရိုးရှင်းဘူးပဲ!
အမတ်ချုပ်ကြီးဆွေ့၏ ဖျားနာမှုဟာ ချက်ချင်း သက်သာကောင်းမွန်သွားလေသည်။
ဤသို့သာဆိုလျှင် အမတ်ချုပ်ကြီးဆွေ့သည် ချူစစ်သူကြီးက အရှင်မင်းကြီး၏ လက်ဖဝါးထဲမှ မလွတ်မြောက်နိုင်တော့မည်မှာ သေချာသွားသည်။
ဧကရီတင်မြှောက်ခြင်းနှင့် အမွေဆက်ခံသူမရှိခြင်းတို့အတွက် အရှင်မင်းကြီး၏ မအောင်မြင်မှုကမူ... မေ့လိုက်တော့၊ ကလေးမရှိတဲ့ ဧကရာဇ်မင်းတွေ တစ်ယောက်ထက်တောင် ပိုသေးတယ်!
ယန်ကျင်းဇီနှင့် ချူထင်းရှိူ့တို့သည် အချိန်အကြာကြီး နေထိုင်ခဲ့ကြသည်။ သူတို့သည် မှူးမတ်များစွာ၏ ထွက်ခွာသွားကြမှုများတွင် အသက်ရှင်ခဲ့ကြပြီး ကောင်းကောင်းမွန်မွန် အသက်ရှင်နေထိုင်နေကြဆဲဖြစ်သည်။
တစ်နေ့တွင်တော့ ဆံပင်ဖြူနေသော ယန်ကျင်းဇီ အိပ်ရာနိုးလာပြီး သူ့သွားတစ်ချောင်းကို ဆုံးရှုံးလိုက်ရသည်အား တွေ့သွားကာ ချက်ချင်းပင် ချူထင်းရှိူ့ကို ကြည့်လိုက်သည် : " ကိုယ်က အရမ်းသနားဖို့ကောင်းတာပဲ! တကယ်ကြီး သွားတစ်ချောင်း ကျွတ်သွားပြီ... "
ချူထင်းရှိူ့သည် သူ့ကို တိုက်ရိုက်နမ်းလိုက်သည်။ ယန်ကျင်းဇီ မပြောသော်လည်း သူ သိသည်။ ယန်ကျင်းဇီသည် နှစ်သိမ့်ပေးရန် အနမ်းတစ်ပွင့်ကို ရရှိချင်ပေလိမ့်မည်။
ဒုတိယမြောက်နေ့တွင် ယန်ကျင်းဇီက ပြောပြန်သည် : " မနေ့က သွားကျွတ်သွားတာကို စဉ်းစားမိတိုင်း ကိုယ် အရမ်းဝမ်းနည်းတာပဲ... "
ဆက်နမ်းပါဦး!
သုံးရက်မြောက်နေ့ : " ကိုယ့်မှာ သွားနည်းနည်းပဲ ကျန်တော့တယ်... "
အချစ်ရေ!
လေးရက်မြောက်နေ့ : " ထင်းရှိူ့၊ မင်းရဲ့သွားတွေလည်း မခိုင်တော့ဘူး။ လာပါဦး၊ ကိုယ် မင်းကို နမ်းဦးမယ်... "
ချူထင်းရှိူ့ : " ... " လုပ်ချင်တာသာ လုပ်တော့... ဆယ်စုနှစ်များစွာ ကြာပြီးနောက် သူ ကျင့်သားရနေပြီ။ ယခု သူ စိုးရိမ်မိသည်မှာ အနားမှ အခြားသူများသည် လူအိုနှစ်ဦး ပူးကပ်နေသည်ကို တွေ့မြင်ရခြင်းအား ထူးဆန်းနေကြမည်ကိုပင်။
အစပိုင်း၌ သူသည် ပျော်ရွှင်ကြည်နူးရမည့် နောက်ဆုံးအကြိမ်ကို တွေးမိခဲ့သည်။ သူသည် ဆယ်စုနှစ်များ ကုန်ဆုံးသွားသော်လည်း ပျော်ရွှင်ကြည်နူးနေရဦးမည်ဟု မမျှော်လင့်ထားမိပေ...
ညောင်စောင်း၏ အခြားတစ်ဖက်တွင် မည်သူ့ကိုမျှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခွင့်မပြုနိုင်ချေ။ သို့သော် ညောင်စောင်းပေါ်တွင်တော့ သူသည် အခြားသူနှင့် တစ်ဘဝလုံး အိပ်စက်နိုင်ဆဲဖြစ်သည်။
—
နှစ်ရာချီများစွာ ကြာပြီးနောက်၊ ကောလိပ်သမိုင်းစာသင်ခန်းတစ်ခု။
စင်မြင့်ပေါ်တွင် ရပ်နေသော ပရော်ဖက်ဆာက ပြောသည် : " ဒီနေ့ ဧကရာဇ်အမွှာနှစ်ဦးရဲ့ ချမ်းသာကြွယ်ဝမှုအကြောင်း ပြောရအောင်... "
" ပရော်ဖက်ဆာ၊ အဲ့အကြောင်းကို မပြောပါနဲ့တော့။ "
" ကျွန်တော်တို့အားလုံး သိတယ်! "
" ယန်ကျင်းဇီနဲ့ ချူထင်းရှိူ့တို့ရဲ့ အချစ်ပုံပြင်အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်တွေနဲ့ တီဗီစီးရီးတွေ အများကြီးရှိနေတာကို... "
" ဒါက သမိုင်းမှာ အလှပဆုံးအချစ် ဆိုတာ သေချာတယ်။ "
" ဟုတ်တယ်... လှလွန်းလို့ ဘယ်သူ့ကိုမှ ကြားဖြတ်ခွင့် မပြုနိုင်ကြဘူး။ အခု ဘယ်သူမှ အတိတ်ကို ကူးပြောင်းပြီး ဒီလူနှစ်ယောက်ထဲက တစ်ယောက်အဖြစ် ရောက်သွားတဲ့ ဝတ္ထုမျိုးကို မရေးရဲကြတော့ဘူး။ "
" သူတို့ရဲ့ ခံစားချက်တွေက ဝတ္ထုတွေထက်တောင် ချိုမြိန်နေပြီ။ ဒီလိုမျိုးပြုမူဖို့ လိင်တူစုံတွဲတွေကို တရားဝင် ဖိအားပေးနေခဲ့တယ်။ "
" ချူထင်းရှိူ့စီကို ယန်ကျင်းဇီ ရေးခဲ့တဲ့ ရည်းစားစာတွေလည်း ဖတ်စာအုပ်တွေထဲမှာ ရှိနေတယ်။ ကျွန်တော်တို့ငယ်ငယ်ကတည်းက သူတို့ကို သိလာတာ! "
......
ကျောင်းသားများသည် တစ်ယောက်ပြီးတစ်ယောက် ပြောလာကြသည်။
ပရော်ဖက်ဆာက မေးသည်။ " သူတို့ ဘယ်လိုအတူရှိသွားကြလဲ မင်းတို့ သိကြလား? "
" ချူထင်းရှိူ့က အဘွားစီက ဖိနှိပ်ခံနေရတဲ့ ယန်ကျင်းဇီကို ကယ်တင်ခဲ့တယ်။ ယန်ကျင်းဇီက သူ့ကို မြင်မြင်ချင်း ချစ်သွားခဲ့တယ်! " ကျောင်းသားတစ်ဦးက ဆိုသည်။
" မှားတယ်! " ပရော်ဖက်ဆာက ပြောသည် : " ထိပ်တန်းလျှို့ဝှက်ချက် အကြောင်းတွေကို ငါ သိထားတယ်။ အမတ်ချုပ်ကြီးဆွေ့ရဲ့ လက်ရေးစာမူတွေတောင် ပါသေးတယ်... "
ကျောင်းသားများ၏ မျက်ဝန်းများမှာ လင်းလက်သွားကြသည်။
ပရော်ဖက်ဆာက ပြောသည် : " ဧကရာဇ်ယန်ကျင်းဇီက ရုပ်ရှင်တွေနဲ့ တီဗီစီးရီးတွေမှာ ပြသလိုမျိုး အားနည်းသေးငယ်တဲ့ သူ့ကိုယ်သူ ကယ်တင်ဖို့ ချူထင်းရှိူ့ကို မမှီခိုခဲ့ဘူး။ သူက အရမ်းအရည်အချင်းရှိတဲ့ အမျိုးသားတစ်ဦး ဖြစ်တယ်။ အသက်ငယ်ငယ်လေးနဲ့ သူက အရူးလို ဟန်ဆောင်ရင်း သူ့အဘွားကို လိမ်ညာခဲ့ပြီး သူ့ကို ဧကရာဇ်အဖြစ် သူ့အဘွားကို ရွေးချယ်စေခဲ့တယ်။ နောက်ပိုင်းမှာ သူ့ကိုယ်ပိုင်အင်အားကို တိတ်တဆိတ် တိုးမြှင့်ခဲ့တယ်... သူက အရမ်းကို ဩဇာတိက္ကမနဲ့ ပြည့်စုံပြီး ချူထင်းရှိူ့ကို သူ့ဘက်ပါအောင် ခေါ်နိုင်တာ ဟိုးအရင်ကတည်းကလို့ ငါတို့ သံသယရှိတယ်။ ချူထင်းရှိူ့ရဲ့ ဘွားတော်ကြီးကို ဖြေရှင်းမှုက ဧကရာဇ်မင်းဆိုတဲ့ နာမည်ပုံရိပ်ကြောင့် မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာအရ သူ့အတွက် လုပ်ပေးတာ ဖြစ်နိုင်တယ်။ ပြီးတော့ သူနဲ့ ချူထင်းရှိူ့ အတူရှိဖြစ်ကြတဲ့အချိန်မှာလည်း သူက တစ်ဆင့်ချင်းစီ တွက်ချက်ခဲ့တယ်။ သူက သိပ်မကောင်းတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့တယ်လို့လည်း ပြောကြတယ်။ သူက ချူထင်းရှိူ့ကို လိုချင်ရင် သေချာပေါက် ရအောင် ယူပြီး ဘယ်တော့မှ လက်မလွှတ်ပေးတော့ဘူးလို့တောင် သူက အမတ်ချုပ်ကြီးဆွေ့ကို ပြောခဲ့ဖူးတယ်... ဒီမင်းကြီးက သူ လိုချင်တာကို အတိအကျ သိမြင်တဲ့ ဉာဏ်ကောင်းသူ ဖြစ်တယ်။ သူက ချူထင်းရှိူ့ကို ရွေးချယ်ခဲ့ပြီး ချူထင်းရှိူ့က သူ့ကို ဘယ်တော့မှ စိတ်မပျက်စေခဲ့ဘူး... "
ကျောင်းသားများ : " ... "
ယန်ကျင်းဇီသည် နန်းတက်စဉ်က ဆယ်ကျော်သက်တစ်ဦး ဖြစ်ပြီး အချစ်အကြောင်း ရေးသားထားသော စာပေများစွာကိုလည်း ချန်ရစ်ထားခဲ့သည်ဟု သမိုင်းများက ဆိုသောကြောင့် များစွာသော ရုပ်ရှင်နှင့် တီဗီဇာတ်လမ်းတွဲများက သူ့နေရာတွင် သရုပ်ဆောင်ရန် အသက်ငယ်သော တက်သစ်စများကို ရှာဖွေကြသည်။ သူသည် အချစ်အကြောင်း ပြောဆိုတတ်သော ငယ်ငယ်ရွယ်ရွယ် စာပေသမားအဖြစ် ပုံသွင်းခံရတတ်သည်။ ချူထင်းရှိူ့က စစ်တပ်အာဏာကို အသုံးပြု၍ သူ့အား ဆက်ဆံရေးတစ်ခု ဖြစ်လာအောင် ဖိအားပေးပြီးမှ အဆုံးတွင် သူ့အတွက် ခံစားချက်များ ဖြစ်လာသည်ဟုပင် ပုံပြင်ဇာတ်လမ်းတချို့ပင် ရှိသေးလေသည်... အဲ့လိုမဟုတ်ဘူးလား?
ဒီဧကရာဇ်က တကယ်ပဲ အရည်အချင်းရှိတာလား?
လူတိုင်း၏ ထိတ်လန့်မှုကို မြင်သော် ပရော်ဖက်ဆာက ပြောလာသည်။ " ဧကရာဇ်နှစ်ပါးရဲ့ ချမ်းသာကြွယ်ဝမှုက အချစ်အကြောင်းပဲ ပြောတတ်တဲ့ ဧကရာဇ်တစ်ပါးတည်းကြောင့် ဖြစ်ပေါ်မလာနိုင်ဘူး။ ယန်ကျင်းဇီ အုပ်ချုပ်တုန်းက မင်းအမိန့်တော် အများအပြားက အရမ်းအသုံးဝင်ခဲ့တယ်။ အဲ့လိုမှမဟုတ်ရင် အဲ့ခေတ်က အမတ်တွေဟာ သူ့ကို အခိုင်အမာ ယုံကြည်ကြမှာ မဟုတ်ဘူး။ သူ နန်းစွန့်တုန်းက လူတွေအများကြီးက ငိုယိုပြီး သူ့ကို ဆက်နေဖို့ တောင်းဆိုခဲ့ကြတယ်... "
ကျောင်းသားများက ဂရုတစိုက် နားထောင်ကြလေသည်။
" အမျိုးသားနှစ်ဦးက အမွေဆက်ခံသူ မရှိဘဲ ချစ်ခင်ကြတဲ့အခါ လူတွေက အရမ်းပုန်ကန်လိုတတ်ကြတယ်။ ဒီလူနှစ်ဦးက အရမ်းသန်မာတော့ ဘယ်သူမှ ဘာမှမပြောရဲခဲ့ကြဘူး။ မင်းတို့ သမိုင်းကို အသေအချာ လေ့လာကြည့်မယ်ဆိုရင် လူနှစ်ဦးမှာ လွှမ်းမိုးတဲ့သူက ယန်ကျင်းဇီပဲဆိုတာ မင်းတို့ ရှာတွေ့ကြလိမ့်မယ်။ "
ကျောင်းသားများ : " !!! "
ဒါဆို ရုပ်ရှင်တွေနဲ့ တီဗီဇာတ်လမ်းတွဲတွေက လှည့်ဖြားခဲ့တာပဲ! ယန်ကျင်းဇီက ဝမ်းနည်းတတ်ပြီး စိတ်ကူးယဉ်တတ်တဲ့ နူးနူးညံ့ညံ့ လူငယ်လေး လုံးဝ မဟုတ်ဘဲ အင်အားကြီးမားတဲ့ အထက်ပုဂ္ဂိုလ်ကြီးပေါ့!
ဤအချိန်တွင် ပရော်ဖက်ဆာက ရုတ်တရက် ပြုံးလိုက်သည် : " တကယ်တော့ ယန်ကျင်းဇီရဲ့ လက်ရာတွေထဲမှာ အဲ့အချိန်တုန်းက ထုတ်ဝေဖို့ ခွင့်ပြုချက်ရခဲ့တဲ့ ရည်းစားစာတွေနဲ့ အချစ်ကဗျာတွေအပြင် အရမ်းပုဂ္ဂိုလ်ရေးဆန်တဲ့ မှတ်စုတချို့လည်း ရှိသေးတယ်။ မှတ်စုအများစုကိုတော့ မထိန်းသိမ်းထားနိုင်ခဲ့ပေမယ့် အဲ့ဒါတွေကို မင်းတို့ မြင်ရင် အံ့ဩသွားရလိမ့်မယ်လို့ ငါ ယုံကြည်တယ်။ "
ကျောင်းသားများအားလုံး စိတ်လှုပ်ရှားသွားကြသည် : " ပရော်ဖက်ဆာ၊ ကျွန်တော်တို့ ကြည့်လို့ရမလား? "
ပရော်ဖက်ဆာက ဆိုသည် : " ရတယ် "
ပရော်ဖက်ဆာသည် ကွန်ပျူတာပေါ်မှ ဓာတ်ပုံတစ်ပုံကို နှိပ်၍ လူတိုင်းကို ပြသလိုက်သည်။
ဤဓာတ်ပုံမှာ စာပေလိပ် အပိုင်းအစတစ်ခုမှ ရိုက်ယူထားသည်။ ပထမဆုံးစာကြောင်းကို ဖတ်ရှုလိုက်သည် : " နေ့ရက် X ၊ စစ်သူကြီးက ပြောတယ် : 'အရှင်မင်းကြီးက အရမ်းအားကောင်းလို့ ငါ မခံနိုင်တော့ဘူး'။ အရမ်းပျော်တယ်။ မနက်ဖြန်ကျရင်လည်း ငါကိုယ်တော် ကိုယ်ခံပညာကို ဆက်ပြီး လေ့ကျင့်ရမယ်။ "
၎င်းတို့မှာ နေ့စဉ်ပြောဆိုသော စကားအချို့ ဖြစ်ပြီး အများစုမှာ ချူထင်းရှိူ့အကြောင်း ဖြစ်လျက် ဟိုဟိုဒီဒီ ကြွားဝါသော စကားများ ဖြစ်ကြသည်။
ဤဓာတ်ပုံထဲမှ အကြောင်းအရာများသည် စာပေများသာ ဖြစ်ကြောင်း သိသာထင်ရှားသည်။ သို့သော် အကြောင်းအရင်းတချို့ကြောင့် သူတို့ ကြည့်မိတိုင်း သူတို့၏မျက်နှာများသို့ သဲပန်းပုအငွေ့အ
သက် လာရောက်ရိုက်ခတ်နေကြောင်း အမြဲခံစားရသည်။
အကြံကြီးပြီး ဩဇာတိက္ကမကြီးမားတဲ့ အထက်ပုဂ္ဂိုလ်ဆို?
____
*သဲပန်းပု - အရူး သို့မဟုတ် ဉာဏ်မဲ့သူအဖြစ် ထင်မြင်ခံရတဲ့အခါ