Chapter-2
သူကမူကြိုမတက်ခဲ့ရဘူး
______
ယင်းမင်ကျန်းက အရမ်းကိုချောမောသည်။ဆယ့်လေးနှစ်သားအရွယ်တွင် သူက ကလေးဆန်ပြီးချောမောလှပသည့်အသွင်အပြင်ရှိနေပြီဖြစ်သည်။
သူ့အသားအရေကဖြူပြီး သူခန္ဓာကိုယ်က အပြည့်အဝ မဖွံ့ဖြိုးသေးသောကြောင့် သူ့အရိုးတည်ဆောက်ပုံက မိန်းကလေးတစ်ယောက်ကဲ့သို့ဖြစ်ကာ အရမ်းမကြီးပေ။ကာလကြာရှည်စွာအာဟာရချို့တဲ့မှုကြောင့် သူခန္ဓာကိုယ်က မှောင်မဲနေသည့်ထောင့်လေးတွင်ရှင်သန်ရန်ကြိုးစားနေသည့် ပေါင်းပင်လေးကဲ့သို့ ပိန်ပါးပြီး ဖျော့တော့သည်။ပေါင်းပင်လေး၏ပင်စည်က သေးသွယ်ပြီးရှည်လျားကာ လေတစ်ချက် တိုက်လိုက်ရုံဖြင့် ခပ်ကြမ်းကြမ်း ယိမ်းထိုးသွားနိုင်၏။
သူက အသက်15နှစ်ပြည့်တော့မည်ဖြစ်သည်။ သူက 7တန်း ၊တန်းခွဲ3 တွင် အသက်အကြီးဆုံးကလေးများထဲမှ တစ်ယောက်ဖြစ်သည်။
ထပ်ပြောရလျှင် သူ့ရဲ့အရက်သမားအဖေက သူ့ကိုကျောင်းသွားရန်ခွင့်မပြုခဲ့ချေ။ရက်ကွက်စောင့်ကြည့်ရေးကော်မတီက သူ့အဖေ ဘယ်လိုလူလဲဆိုတာကိုသိသွားပြီးသည့်နောက် ယင်းမင်ကျန်း၏မွေးစားအမေအား သူ့ကိုကျောင်းသို့ပို့ရန် အထူးတလည် သတိပေးခဲ့သည်။
သူမက သူ့ကိုကျောင်းကို ပို့ရန်အတွက် ပိုက်ခံအကုန်အကျခံဖို့ မလိုဘူးဆိုတာကို သေချာသွားသည့် နောက်ဆုံးတွင်မှ သူ့မွေးစားအမေက ယင်းမင်ကျန်းကိုမူလတန်းကျောင်းသို့ပို့လိုက်သည်။မဟုတ်ပါလျှင် ယင်းမင်းကျန်းက ကျောင်းလာရန်ပင် တတ်နိုင်မည် မဟုတ်ပေ။
မွေးစားမိဘများ၏လျစ်လျူရှုမှုကြောင့် ယင်းမင်ကျန်းက သူနှင့်ရွယ်တူတွေထက် တစ်နှစ်နောက်ကျပြီးမှ ကျောင်းတက်ခဲ့ရသည်။
မူကြိုကိုတော့ ယင်းမင်ကျန်းတက်ခွင့်မရရှိခဲ့ချေ။သူ့မိသားစုက အရမ်းဆင်းရဲလွန်းတာကြောင့် သူ့မွေးစားမိဘတွေက သူ့အတွက် ပိုက်ဆံဖြုန်းဖို့ တွန့်ဆုတ်နေခဲ့ကြ၏။
အသက် 3/4 နှစ်အရွယ် ကလေးအများစုက များသောအားဖြင့် မူကြိုတက်နေကြသည့်အရွယ်တွင် ယင်းမင်ကျန်းက ထိန်းပေးမည့်သူမရှိဘဲ အနီးအနားတစ်ဝိုက်တွင် သူ့ဟာသူ လှည့်လည်သွားလာနေတတ်သည်။
ရှုနဉ်က ယင်းမင်ကျန်းထက် တစ်နှစ်ငယ်သည်။သူသုံးနှစ်အရွယ်တွင်သူက ရပ်ကွက်တွင်းရှိနေကြာပန်းမူကြိုကျောင်း၌ တတ်ခဲ့သည်။အကြိမ်ပေါင်းများစွာ သူကစားကွင်းတွင်ကစားသည့်အခါတိုင်း အစိမ်းရောင်ခြံစည်းရိုး၏ အပြင်ဘက်မှ ယင်းမင်ကျန်းအငယ်လေးက မူကြိုအတွင်းရှိကလေးများကို စိတ်အားထက်သန်စွာ ကြည့်နေသည်ကို တွေ့ခဲ့ရသည်။
ရပ်ကွက်အတွင်းရှိကလေးများ ဆော့ကစားရန်အတွက် အထူးရပ်ကွက်ကလေးကစားကွင်းတစ်ခုရှိ၏။
မူကြိုကျောင်း၌နေ့ခင်းကျောင်းဆင်းသောအခါ သူ့အဖွားက ရှုနဉ်ကိုအိမ်သို့ခေါ်သွားလိမ့်မည်။သူတို့ကစားကွင်းနားမှ ဖြတ်သွားသည့်အခါတိုင်း ဆီးဆောပေါ်တွင်သူ့ဘာသာ ထိုင်နေသည့် ယင်းမင်ကျန်းကို ရှုနဉ်တွေ့ရတတ်သည်။
ကျောင်းဆင်းချိန်သို့ရောက်သည့်အခါတိုင်း ကလေးများ၏ရယ်မောသံ စကားပြောသံများဖြင့် ပြည့်နှက်နေပြီး ရပ်ကွက်တစ်ခုလုံး သက်ဝင်တက်ကြွလာသည်။ကလေးများက ကစားကွင်းထဲသို့အလျင်စလို ဝင်လာကြပြီး မြန်မြန်ပဲ ယင်းမင်ကျန်းအနားတွင်ရှိသည့် ကစားစရာများကို သိမ်းပိုက်လိုက်ကြ၏။
အဖွားက သူမသိသည့်အဖွားတစ်ယောက်နှင့်စကားစမြည်ပြောချင်သောကြောင့် ရှုနဉ်အား မေးလိုက်သည်။
“သားသွားကစားမလား”
ရှုနဉ်က ခေါင်းညိတ်လိုက်သည်။
”ဟုတ်ကဲ့။”
သူက ကျောပိုးအိတ်ကိုအဖွားဆီသို့ပေးကာ ကစားကွင်းနေရာဆီသို့ အလျင်စလို ပြေးဝင်သွားလိုက်သည်။
“ဟေး ဒါကငါ့ဒန်း ဆင်းစမ်း”
ငယ်ရွယ်ပြီးနူးညံ့သည့်အသံက ဆီးဆောပေါ်ရှိ ရှုနဉ်ကို လှည့်ကြည့်မိစေသည်။ဒန်းဘေးတွင် ခါးထောက်၍ရပ်နေသည့်ဖက်တီးလေးက ယင်းမင်ကျန်းကို အော်ဟစ်နေတာကို သူတွေ့လိုက်ရသည်။
ယင်းမင်ကျန်းက ခေါင်းငုံ့ပြီး သူ့အသစ်စက်စက် အပြာရောင်ရှပ်အင်္ကျိီအောက်မှ ဖြူပြီးပျော့ပျောင်းသည့် လည်တိုင်လေးပြီး ပေါ်လာစေသည်။
သူ၏ဒန်းက ကလေးတစ်ယောက်ဆော့နေသကဲ့သို့ သက်ဝင်လှုပ်ရှားကာ ပျော်ရွှင်နေခြင်းမျိုး မရှိပေ။နေရာက အရမ်းကျဉ်းပြီး အရှိန်ကလဲ အရမ်းနှေးနေသောကြောင့် ဖက်တီးလေးကို အလွန်မပျော်မရွှင်ဖြစ်သွားစေသည်။
“ဟေး မင်း ငါပြောနေတာကြားလား”
ဖက်တီးလေးက ယင်းမင်ကျန်းကိုတွန်းရန် လက်မြှောက်လိုက်သည်။သူက သက်တူရွယ်တူကလေးများထက် အရပ်ပိုရှည်ပြီး ပို၍ သန်မာသောကြောင့် ယင်းမင်းကျန်းက ချက်ချင်းဆိုသလို မြေကြီးပေါ်သို့ ပြုတ်ကျသွား၏။
ဗီလိန်လေးက မြေကြီးပေါ်မှ မတ်တပ်ထရပ်လိုက်ချိန်တွင် သူ့မျက်လုံးများ နက်မှောင်လာသည်။သူက အံကြိတ်၍ ဒန်းမှ ကြိုးများကို အတင်းဆုပ်ကိုင်လိုက်ပြီး ဖက်တီးလေး အသုံးမပြုနိုင်ရန် တားမြစ်လိုက်သည်။
ဖက်တီးလေးက အရမ်းဒေါသထွက်သွားပြီး ဗီလိန်လေးကို တွန်းရန် သူ့လက်ကို မြှောက်လိုက်သည်။
ဗီလိန်လေးက ဖက်တီးလေးကို ကန်လိုက်သဖြင့် ဖက်တီးလေး ပြုတ်ကျသွားသည်။သူက အော်ဟစ်၍မငိုခင် ခဏလောက် ကြောင်အသွားရသည်။
ငိုသံက အနီးအနားရှိ မိဘများ၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ဖက်တီးလေး၏အဖွားက ပျံသန်း၍လာသကဲ့သို့ အလျင်စလိုရောက်လာပြီး ဖက်တီးလေးကို ထူပေးရန်အတွက် သူမက ဒန်းဆီသို့ပြေးလာခဲ့သည်။
ယခုတော့ သူ့ကိုကူညီမဲ့လူကြီးရှိလာပြီဖြစ်၍ ဖက်တီးလေးက ပို၍ပင် အော်ဟစ်ကာ ငိုယိုတော့သည်။ သူက ဗီလိန်လေးကိုလက်ညှိုးထိုးပြ၍ ငိုနေပြန်သည်။
” သူသား ကိုရိုက်တယ် အဖွား သူသားကိုရိုက်တယ်”
ထိုသည်က ယင်းမင်ကျန်းဖြစ်မှန်း မြင်လိုက်သည်နှင့် အရပ်ပုပုနှင့်အဖွားအိုလေးက ဒေသိယစကားဖြင့် စတင်ကျိန်ဆဲတော့သည်။
” အဲ့ဒါက မင်းပဲ မင်း လူယုတ်မာလေး $&@$&&…….”
မကြာခင်မှာပဲ ဗီလိန်လေးရဲ့မွေးစားအမေက ရောက်ချလာသည်။အခြေအနေအဖြစ်အပျက်အကြောင်း မေးမြန်ခြင်းပင် မပြုဘဲ သူမခေါင်းကို ညွတ်၍ ကျိန်ဆဲနေသည့် အဖွားအိုကို ထပ်ခါထပ်ခါ တောင်းပန်နေတော့၏။
ဗီလိန်လေးက သူ့မျက်လုံးထဲ၌မျက်ရည်စများဖြင့် ကြိုးကို ဆုပ်ကိုင်ထားပြီး မလွှတ်ပေ။
သူကတစ်ချိန်လုံး မည်သည့်စကားမှ မပြောခဲ့ပေ။သူ့အမေရောက်လာသည့်အချိန်မှသာ သူတစ်ခွန်းပြောလိုကမသည်။
”အမေ သူက ကျွန်တော်ကိုအရင်တွန်းတာ”
“ပေါက်ကရတွေ”အဖွားအိုက ငြင်းလိုက်သည်။
”မင်းရဲ့ကလေးက မယုံရဘူး သေချာတာကတော့ မင်းအဖေထောင်ကျနေတုန်းကလို မဟုတ်ဘူး သူလုပ်ချင်တာမှန်သမျှကို သူလုပ်ရဲနေတယ် မဟုတ်လား တစ်ယောက်ယောက်ကိုရိုက်နှက်ပြီးတာတောင်မှ သူ့အမှားကိိုသူဝန်မခံဘူး”
ရှုနဉ်လေးက ဗီလိန်လေးရဲ့မွေးစားအမေ မျိုးရိုးနံမည်က ကျိုး ဆိုတာ သူသတိရသွားသည်။သူနံမည်က ကျိုးကျွမ်ဖြစ်လောက်မည်။
ကျိုးဟွမ်က ခေါင်းညွှတ်၍ထပ်တောင်းပန်လိုက်သည်။ သူက ဗီလိန်လေးကို ဆွဲခေါ်၍ဆူလိုက်သည်။
”မြန်မြန်တောင်းပန်”
ဗီလိန်လေးက ရုန်ကန်ရင်း ပြောလိုက်သည်။
”အမေ ကျွန်တော်သူ့ကိုတွန်းတာက သူကကျွန်တော့်ကို အရင်လာတွန်းလို့ပါ”
“တော်တော့ မြန်မြန်တောင်းပန်လိုက်”
ကျိုးကျွမ်က သူမအသံကို မြှင့်လိုက်ပြီး ပြင်းပြင်းထန်ထန်အော်ပြောလိုက်၏။
ဗီလိန်လေးက သူ့အမေရောက်လာသည်နှင့် သု့ကိုမျှမျှတတဆက်ဆံခံရမည်ဟု ထင်ထားခဲ့သော်လည်း သူက တောင်းပန်ရန် ဖိအားပေးခံလိုက်ရသည်။သူ့အမူအရာက ပိုပို၍ မတရားခံရသကဲ့သို့ ဖြစ်လာသည်။အဆုံးတွင်တော့ သူက လူကြီးတစ်ယောက်၏ ဩဇာအာဏာကို မခုခံနိုင်တာကြောင့် မျက်ရည်များဖြင့်ဖက်တီးလေးအားတောင်းပန်လိုက်ရသည်။
”ငါတောင်းပန်ပါတယ်”
ဖက်တီးလေးက တိုက်ပွဲတွင်အနိုင်ရလိုက်သောကြက်ဖကဲ့သို့ သူ့ခေါင်းကိုပင့်မော့၍ကြည့်လိုက်သည်။
ကျိုးကျွမ်က ဗီလိန်လေးကို အဝေးသို့မြန်မြန်ဆွဲခေါ်သွားပြီး လမ်းလျှောက်ရင်းဆူပူနေသည်။
”အိမ်ထဲကနေ အပြင်မထွက်ပါနဲ့လို့ ငါပြောထားတာကို ကြားရဲ့လား တစ်နေကုန်ပြေးလွှားနေပြီးတော့ ပြသနာဖြစ်အောင်လုပ်နေတယ်”
သူတို့နှစ်ယောက်ထွက်သွားသည်နှင့် ကစားကွင်းတစ်ခုလုံး ပျော်ရွှင်သည့် အငွေ့အသက်များ ပြန်လည်ရောက်ရှိလာပြီး ဖက်တီးလေးက ဒန်းပေါ်၌ အောင်နိုင်သူတစ်ဦးလိုအမူအရာဖြင့် ထိုင်နေသည်။
ဖြစ်ပျက်သွားသည်များကို မြန်မြန်ဆန်ဆန်နားလည်ရန်အတွက် ရှုနဉ်က ထိုအချိန်၌အရမ်းငယ်သေးသည်။သူငယ်ချင်းတစ်ယောက်က သူ့ကိုတိုးတိုးလေးလာပြောလာသည်။
”ငါထင်တာတော့ ယင်းမင်ကျန်းက ငါ့အိင်္ကျီတွေကို ဝတ်ထားတယ်”
ရှုနဉ်က “ဟမ်”ဟု ပြန်ပြောလိုက်မိသည်။
သူ့သူငယ်ချင်းက လေးလေးနက်ပြောလာ၏။
”သူ့အဖေက ခိုးလို့ထောင်ကျသွားတာလေ ငါ့အင်္ကျီတွေကို တော့ သူမခိုးလောက်ပါဘူးနော်”
နောက်တစ်နေ့ မူကြိုကျောင်းဆင်းသောအခါ ရှုနဉ်နှင့်သူ့သူငယ်ချင်းတို့ ကစားကွင်းသို့ ကစားရန်သွားကြသည်။ရှုနဉ်၏အဖွားနှင့် အဖွားလီတို့က အချင်းချင်း စကားစမြည်ပြောဆိုနေကြသည်။
ကလေးနှစ်ယောက်က ကစားကွင်းအတွင်းလျှောက်သွားနေကြရင်း ဆီးဆောပေါ်တွင်ထိုင်နေသည့်ဗီလိန်လေးကို တွေ့လိုက်ရ၏။
“ဟေး...ဆင်းလာခဲ့ ငါ့တို့ ကစားမလို့”
ကလေးတစ်ယောက်က အော်လိုက်သည်။
ဗီလိန်လေးက စကားမပြောဘဲ ဆီးဆောတစ်ဖက်ခြမ်းတွင် တိတ်တဆိတ် ထိုင်နေသည်။
တစ်ယောက်ယောက်က တခြားဖက်ခြမ်းတွင်ထိုင်လိုက်သည်နှင့် ဆီးဆောကလှုပ်ရှားလာမည်ဖြစ်သည်။
သို့သော်လည်း ဘယ်သူကမှဆီးဆောပေါ်သို့ မတက်ချင်ကြပေ။ဘယ်သူကမှ ဗီလိန်လေးနှင့် အတူ မကစားချင်ကြပေ။
ဗီလိန်လေး၏အဖေက ထောင်ကျဖူးပြီး အရမ်းဆိုးသည့်လူဖြစ်ကြောင်း လူကြီးများ ပြောခဲ့ဖူးသောကြောင့်ဖြစ်သည်။ဗီလိန်လေးရဲ့ ကြီးပျင်းလာပုံက မကောင်းတာကြောင့် သူတို့က သူနဲ့အတူမကစားချင်ကြဘူး။
ရှုနဉ်၏အဖွားကလဲ ရှုနဉ်ကို ဗီလိန်လေးဆီမှ မကောင်းတာတွေ သင်ယူမိမည်ကို စိတ်ပူသည့်အတွက် သူ့ကိုအကြိမ်ပေါင်းများစွာ သတိပေးခဲ့၏။
ဗီလိန်လေးက ဘာမှ မပြောပေ။
ကလေးများက အရမ်းစိတ်ဆိုးသွားကြသည်။
“သူကဘာလို့ ခုလိုဖြစ်နေတာလဲ”
“ငါတို့ကဒီကိုအရင်ရောက်တာလေ သူက အခုဆီးဆောကိုယူသွားတော့ ငါတို့ကစားလို့မရတော့ဘူး”
“တကယ်မကောင်းတာပဲ”
ရှုနဉ်ရဲ့သူငယ်ချင်းက မတ်တပ်ရပ်ပြီး ဗီလိန်လေးရဲ့အဝတ်အစားတွေကိုလက်ညှိုးထိုးပြီး မေးလိုက်သည်။
”ဟေး ယင်းမင်ကျန်း မင်းငါ့အင်္ကျီတွေကို ခိုးထားတာလား”
ထိုစကားတွေကိုပြောလိုက်သည်နှင့် တောက်ပနေသည့် မျက်လုံးတွေအများကြီးက ယင်းမင်ကျန်းကိုဝိုင်းကြည့်လိုက်ကြသည်။
“အဲ့ဒီအဝတ်အစားတွေက သေချာပေါက်ငါ့ဟာတွေပဲ အဖွား အရင်လက ငါ့ဖို့ဝယ်လာခဲ့တာ ဦးထုတ်က အရမ်းမိုက်ပေမဲ့ ငါနဲ့ကြီးနေလို့ ငါဝတ်လို့မရဘူး အခု မင်းဆီကို ဘယ်လိုလုပ်ရောက်နေတာလဲ”
သူ့သူငယ်ချင်းက စိတ်ရှုပ်နေသည့်အမူအရာဖြင့်ဒေါသတကြီးပြောလိုက်သည်။
ဗီလိန်လေးကရှင်းပြသည်။
”အဖွားလီက ငါ့ကိုပေးထားတာ”
“အဖွားက မင်းကိုဘာလို့ပေးရမှာလဲ ဒါက ငါအကြိုက်ဆုံးဦးထုတ်လေ”
“အဖွားလီ ငါ့ကိုပေးထားတာ”
ဗီလိန်လေးက ထိုစကားကိုပဲ ထပ်ကာထပ်ကာပြောနေသည်။
သူတို့နှစ်ယောက်ကြားရှိ ငြင်းခုန်မှုက ပိုပို၍ကျယ်လောင်လာသည်။
သူတို့အသံက အဖွားလီ၏အာရုံစိုက်မှုကို ဆွဲဆောင်လိုက်သောကြောင့် အဖွားလီက အမြန်ပြေးလာလိုက်သည်။သူတို့၏ငြင်းခုံမှုကိုသူမကြားလိုက်သောအခါ ရှုနဥ်၏သူငယ်ချင်းအားပြောလိုက်၏။
”အဖွားက ယင်းမင်ကျန်းကို အဲ့ဒီအဝတ်အစားတွေပေးလိုက်တာ”
“ဘာလို့လဲ”သူ့သူငယ်ချင်းက မပျော်မရွှင်ဖြစ်သွားသည်။
“ဒါတွေက မင်းဝတ်ဖို့ကြီးလွန်းနေတယ်လေ”
“မရဘူး ကျွန်တော် အဲ့ဒါတွေသူ့ကိုမပေးချင်ဘူး”
“ချောင်ချောင် ရယ်စရာလုပ်မနေနဲ့ အဖွားကသူ့ကိုပေးပြီးသွားပြီလေ မင်းပြန်တောင်းလို့မရဘူး”
“ကျွန်တော်ဂရုမစိုက်ဘူး ကျွန်တော်ဂရုမစိုက်ဘူး ဒါကိုလိုချင်တယ် ဒါကိုလိုချင်တယ်”
တခြားကလေးတွေကပါ ရယ်မောလာကြသည်။
”ဝိုး ယင်းမင်ကျန်းက တကယ်တမ်းကျတော့ သူများရဲ့အဝတ်တွေကို ဝတ်နေတာပဲ”
တခြားကလေးတစ်ယောက်က ထပ်ပြောလိုက်သည်။
”အရင်တုန်းကလဲ ယင်းမင်ကျန်းအမေက ယင်းမင်ကျန်းဝတ်ဖို့အဝတ်တွေကို အမှိုက်ပုံထဲကကောက်နေတယ်လို့ငါ့အဖွားက ပြောဖူးတယ်”
“တကယ်ကြီးလား အမှိုက်ပုံထဲက အဝတ်တွေကိုကောက်တယ် အရမ်းညစ်ပတ်တာပဲ”
ဗီလိန်လေးက စိတ်ရှုပ်ထွေးလာပြီး ဆီးဆောရဲ့ ထိပ်မှာထိုင်နေရင်း အော်ပြောလိုက်သည်။
”အဲ့ဒါက အမှိုက်ပုံးမဟုတ်ဘူး အဝတ်အစားတွေကို စွန့်ပစ်တဲ့နေရာက မညစ်ပတ်ဘူး”
ရပ်ကွက်က အဝတ်အစားများလှုဒါန်းရန်အတွက် သေတ္တာများ ပြုလုပ်ပေးထားသည်။များသောအားဖြင့် လူတွေက ဝတ်ဆင်ပြီးသားအဝတ်အစားများကို ထည့်တတ်ကြပြီး ပုံမှန် ကောက်ယူသည့် တစ်စုံတစ်ယောက်လဲ ရှိတတ်၏။
တစ်ခါက ကျိုးကျွမ် အဝတ်အစားလှူသည့်သေတ္တာထဲမှ အင်္ကျီများကောက်ယူနေသည့်အချိန်တွင် တစ်ယောက်ယောက်က မြင်သွားခဲ့သည်။
“အမှိုက်ပုံးက အမှိုက်ပုံးပဲ တခြားသူရဲ့အဝတ်တွေကို ကောက်ပြီးဝတ်တယ်ဆိုတာက ရွံစရာပဲ...ရွံစရာပဲ...ရွံစရာပဲ...”
ကလေးတွေက စတင်ရေရွတ်ပြောဆိုကြတော့သည်။
မျက်လုံးထဲ၌မျက်ရည်များဖြင့် ဗီလိန်လေးက ဆီးဆောပေါ်မှဆင်းလိုက်ပြီးခေါင်ငုံ့၍ထွက်သွားသည်။
“ဟေး ငါ့အဝတ်အစားတွေ”ရှုနဉ်၏သူငယ်ချင်းက ငိုကြွေးနေဆဲပင်။
ဗီလိန်လေးက မျက်ရည်များကြောင့်နီရဲနေသည့် မျက်လုံးများဖြင့် သူ့ခေါင်းကိုမော့လိုက်ပြီး ရှုနဥ်သူငယ်ချင်းကိုကြည့်လိုက်သည်။သူက အပြာရောင်ဂျက်ကပ်ကိုချွတ်ပြီး ကောင်လေးရဲ့ခြေထောက်နားသို့ပစ်ပေးလိုက်သည်။ထို့နောက် သူ့အသံကိုမြှင့်၍ပြောလိုက်သည်။
”ဒီမှာ ပြန်ယူလိုက် ဘယ်သူက မင်းအင်္ကျီကို ဂရုစိုက်နေလို့လဲ ဟမ့်”
အဖွားလီက သူ့မြေးလေးကြောင့် စိတ်ဒုက္ခရောက်နေသည်။နဂိုကတော့ သူမက ဗီလိန်လေးကို စကားပြောချင်သေးသော်လည်း ယခုမူ ဗီလိန်လေးက အင်္ကျီကို သူမအရှေ့၌မြေပေါ်သို့ ပစ်ချလိုက်သည်ကို မြင်လိုက်ရသောအခါ သူမ ရုတ်တရက် စိတ်ဆိုးသွားသည်။
”ဒါက ဘယ်လိုအပြုအမူမျိုးလဲ”
“အဖွား နောက်ကျရင် သူ့ကိုအင်္ကျီတွေမပေးနဲ့တော့”
အဖွားလီက သူမမြေး၏ခေါင်းကိုပွတ်လိုက်ပြီးပြောလိုက်သည်။
”အေးပါ အေးပါ မပေးတော့ဘူး မပေးတော့ဘူး”
တစ်ခါတစ်ရံတွင် ရှုနဉ်က မူကြိုကျောင်းခြံစည်းရိုး အပြင်ဘက်မှ သူတို့ကို မနာလိုစွာစိုက်ကြည့်နေတတ်သည့်ကောင်လေးကို တွေ့ဖူးသည်။
ထိုအချိန်၌ဗီလိန်လေး၏အသက်က လေးနှစ်ငါးနှစ်ခန့်သာ ရှိဦးမည်။သူက သူ့အမူအရာကို ဘယ်လိုဖုံးကွယ်ရမည်မှန်းမသိသေးသောကြောင့် သူ့မျက်လုံးထဲမှ လိုချင်တာကို မဖုံးကွယ်နိုင်ခဲ့ပေ။သို့ပေမဲ့ ရှုနဉ်ကလည်းထိုအချိန်က လေးနှစ်သာရှိသေးသောကြောင့် သူ့မျက်လုံးများရဲ့အကြည့်ကို နားမလည်နိုင်ခဲ့ချေ။
ထိုဟာက အလွန့်...အလွန်ကို ကြာခဲ့ပြီဖြစ်သည်။ယခု သူရုတ်တရက်ကြီးသတိရလာသောအခါ အရမ်းစိတ်မကောင်းဖြစ်မိသွားရသည်။
ရှုနဉ် ကူးပြောင်းလာစဉ်က အရမ်းငယ်လွန်းသောကြောင့် ရှုနဉ်၌ကူးပြောင်းလာရခြင်းနှင့်ပတ်သတ်၍လေးနက်သော ခံစားချက်များ မရှိပေ။အံ့အားသင့်ခြင်း သို့မဟုတ် ထိန့်လန့်ခြင်း စသည့် ခံစားချက်များ ပျောက်ကွယ်သွားသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်၏။
ထိုအချိန်တုန်းက သူတွေးခဲ့မိသည်မှာ: ”ငါက ယင်းမင်ကျန်းရဲ့ ဝတ္တုထဲက ဇာတ်သိမ်းကို သဘောမကျလို့များ ကူးပြောင်းလာခဲ့တာများလား”
“ဒါဆို ငါသူ့ကိုဂရုစိုက်ပေးသင့်လား သူ့ဇာတ်သိမ်းကို ပြောင်းလိုက်ရမလား”
ထို့နောက် သူ့မှတ်ဉာဏ်များပျောက်ဆုံးသွားသည်။သူအတိတ်မေ့နေတဲ့ကာလအတွင်း တွေ့ကြုံခဲ့ရသည်များက အစစ်အမှန်ဖြစ်ပြီးနောက်ပိုင်းတွင် ထိုကမ္ဘာအပေါ်သူ့ခံစားချက်များတိုးလာသည်။ အတိတ်ကို ပြန်တွေးကြည့်မည်ဆိုလျှင် ယင်းမင်ကျန်းအပေါ်သူ့ခံစားချက်များက ယခု ပို၍ရှုပ်ထွေးလာသည်။
အစက သူတွေးထားခဲ့သည့် “ယင်းမင်ကျန်းရဲ့အဆုံးသတ်ကို ပြောင်းလဲပေးမယ်”ဆိုတဲ့ အကြံအပြင် ထပ်၍ “သူ့ရဲ့အပြုအမူတွေကိုဖယ်ထုတ်ပြီး သူ့ကို ပြင်ဆင်ပေးရမယ်”ဟူသည့် ကိစ္စတစ်ခုပါ ယခုတွင်ထပ်၍ ပေါင်းထည့်ရမည်ဖြစ်သည်။
အတန်းပိုင်ဆရာမနှင့်စကားပြောပြီးသည့်နောက် ကျောင်းသားများရုံးခန်းအတွင်းမှ ထွက်လာကြသည်။ဗီလိန်လေး၏ပိန်ပါးသည့်ကျောပြင်ကိုကြည့်ရင်း ရှုနဉ်က စကားပြောချင်ပေမဲ့ သူဘာပြောရမလဲဆိုတာ မသိတော့ပေ။
ကျန်းချောင်က သူ့ကိုတံတောင်ဆစ်ဖြင့်တွန်းလိုက်ပြီး အသံတိုးတိုးဖြင့်ပြောလာသည်။
”မင်းဘာဖြစ်သွားတာလဲ ဘာလို့ သူလို့မပြောလိုက်ရတာလဲ မင်းဘယ်လောက်ကြာမှ သူ့ကိုဆွဲထုတ်ဖို့ စီစဉ်ထားလို့လဲ”
ရှုနဉ်က ရပ်လိုက်ပြီး သူ့ခေါင်းကိုလှည့်ကာ အေးစက်စွာပြောလိုက်သည်။
”သူငါ့အကြောင်းကောလဟာလတွေဖြန့်နေတယ်ဆိုတာ တကယ်လား”
ကျန်းချောင်းက သူထိုကဲ့သို့မေးခွန်းမျိုးမေးလာလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် သူက မသက်မသာဖြင့် ခပ်ဝေးဝေးကို အကြည့်လွှဲလိုက်သည်။
”အေးပေါ့...သူပြောတာလေ”
အရွယ်ရောက်ပြီးသားလူတစ်ယောက်အနေဖြင့် ရှုနဉ်က သူ့ရဲ့ ထူးဆန်းတဲ့အမူအရာကိုချက်ချင်းသတိပြုမိလိုက်ပြီး သူဗီလိန်လေးအပေါ် မှားယွင်းခဲ့တယ်ဆိုတာကို နားလည်သွားသည်။
သူခဏလောက် တိတ်ဆိတ်သွားပြီး “မေ့လိုက်တော့ အနာဂတ်မှာဒါကိုထပ်မပြောနဲ့တော့”
ကျန်းချောင်က အံ့အားသင့်သွားသည်။
”ကောလဟာလတွေကရော မင်းဘာမှမလုပ်တော့ဘူးလား”
“ပညာရှိတွေရဲ့ ကောလဟာလတွေက ရပ်သွားလိမ့်မယ် ငါအဲ့ဒီအကြောင်းကိုထပ်ပြီးမပြောတော့ဘူးဆိုရင် သူ့ဘာသာသူပဲ ပျောက်ကွယ်သွားလိမ့်မယ်”
ကျန်းချောင် တိတ်ဆိတ်သွားသည်။
သူတို့နှစ်ယောက်က 7တန်းရဲ့တန်းခွဲ3 ထဲသို့လျှောက်ဝင်သွားပြီ နောက်ဆုံးကရေလျှင် သုံးတန်းမြောက်နေရာ၌ထိုင်လိုက်သည်။
ဗီလိန်လေးက နောက်ဆုံးတန်း၏ပြတင်းပေါက်ဘေး၌ထိုင်ကာ ခေါင်းချကာ စားပွဲပေါ်၌လှဲနေ၏။
သူထိုနေရာသို့သွားပြီး ဟယ်လို လို့ နှုတ်ဆက်လိုက်ရင်ကောင်းမလားဟု ရှုနဉ်တွေဝေနေမိသည်။တခြားကျောင်းသားများက သူ့အနားသို့အလျင်စလို ဝိုင်းလာကြပြီး သူ့ဒါဏ်ရာအကြောင်း သတင်းလာမေးကြသည်။
ရှုနဉ်တွင် ကြည့်ကောင်းသည့်ရုပ်ရည်သွင်ပြင်ရှိသည်။ သူက နွေးထွေးတောက်ပပြီး မိန်းကလေးများကြားတွင် ကျော်ကြားသည်။
ကောင်မလေးတစ်ယောက်က ရှုနဉ်ကိုမေးလာသည်။
”အတန်းပိုင်ဆရာမက ဘာပြောသေးလဲ ယင်းမင်ကျန်းက တော်တော်လွန်တာပဲ ဒီတစ်ခါတော့ သူ့ကိုပြင်းပြင်းထန်ထန်အပြစ်ပေးသင့်တယ်”
ရှုနင်က မျက်မှောင်ကြုံ့၍ ခေါင်းမော့ပြီးပြောလိုက်သည်။
”ငါ့ဘာသာလဲသွားတာ ယင်းမင်ကျန်းနဲ့ ဘာမှမဆိုင်ဘူး”
____
Translated By IQ-Team.