အပိုင်း ၅
Viewers 11k

Chapter 5

ဆရာမရဲ့အချစ်တော် [ အိမ်မွေးတိရိစ္ဆာန် ] လေး



အဖေနှင့်သားက ဆိုဖာပေါ်၌ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည်။တိုက်ခိုက်နေစဉ်အတွင်း ယင်းမင်ကျန်းက ယင်းချန်းကို ဆိုဖာပေါ်သို့ တွန်းချပြီး သူ့မျက်နှာကို နှစ်ချက်ထိုးလိုက်သည်။


“ရပ်လိုက်”


ကျိုးကျွမ် အရမ်းထိတ်လန့်သွားသည်။ သူမကအရှေ့သို့ ကပျာကယာပြေးသွားကာ ယင်းမင်ကျန်းကို နောက်သို့ဆွဲလိုက်သည်။


ယင်းမင်ကျန်းက အသက်ကိုပြင်းပြင်းရှုပြီးမတ်တပ်ရပ်လိုက်သည်။ယခင်က သူတစ်ခါမှ မလုပ်ဖူးသည့်ပုံစံနှင့် အားမာန်အပြည့်ဖြင့် ကြမ်းတမ်းစွာပြောလိုက်သည်။


“ယင်းချန်း ခင်ဗျားကျုပ်အမေကိုထပ်ရိုက်ရင် ကျုပ်ခင်ဗျားကိုပြန်ရိုက်မယ်။”


ယင်းချန်းက သူ့သား၏ရိုက်နှက်ခြင်းကိုခံခဲ့ရသည်။ သူက အံ့ဩတကြီးထရပ်လိုက်မိသည်။ထို့နောက်သူက ယင်းမင်းကျန်းဗိုက်ကိုရုတ်တရက်ကန်လိုက်သည်။ထိုကန်ချက်က အရမ်းကို ရက်စက်သည်။ ယင်းချန်းက သူ့ခွန်အားတွေကိုလုံးဝထိန်းမထားခဲ့ပေ။


ယင်းမင်ကျန်းကအ နောက်သို့အကန်ခံလိုက်ရပြီးကြမ်းပြင်ပေါ်သို့လဲကျသွားသည်။


ယင်းချန်းက ဒေါသတကြီးဖြင့် ကော်ဖီစားပွဲပေါ်မှ ဘီယာပုလင်းကိုဆွဲယူပြီး ယင်းမင်ကျန်းကိုပစ်ပေါက်လိုက်သည်။


ယင်းမင်ကျန်းက ရှောင်လိုက်ပြီးဘီယာပုလင်းက ဧည်းခန်းထဲရှိတစ်ခုတည်းသောပြတင်းပေါက်မှ ပျံထွက်သွားသည်။၎င်းက ပြုတ်ကျပြီးကွဲသွားသည့်အသံကြောင့် တုန်လှုပ်ခြောက်ချားနေသည့်လူများ၏ အော်သံများထွက်ပေါ်လာသည်။


“ပစ်မိသွားပြီ” 


ကျိုးကျွမ်က ခပ်တိုးတိုးပြောပြီး ပြတင်းပေါက်အသေးလေးဆီသို့ပြေးကာ အောက်ငုံ့၍ကြည့်လိုက်သည်။


ယင်းချန်းလဲထိတ်လန့်သွားသည်။သူက ကျိုးကျွမ် ခေါင်းက ပြတင်းပေါက်အပြင်သို့ထွက်တာကို မြင်လိုက်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် သူမခေါင်းကို အနောက်ဘက်သို့ဆွဲကာ ပါးရိုက်လိုက်သည်။သူက အော်ဟစ်ကြိမ်းမောင်းလိုက်သည်။ 


“ မင်းက မင်းပစ်ချလိုက်တာကို တလောကလုံးကိုသိစေချင်လို့လား မင်းခေါင်းကို ဘာလို့အပြင်ထွက်ပြီးငုံကြည့်နေရတာလဲ”


ယင်းမင်ကျန်းမျက်နှာက နာကျင်မှုကြောင့်ဖြူဖျော့နေသော်လည်း ကျိုးကျွမ်ထပ်အရိုက်ခံရတာကိုမြင်သည်နှင့် သူအံကိုကြိတ်ပြီး ထရပ်လိုက်သည်။


“အမေ့ကိုမထိနဲ့။”


နှစ်ယောက်သားထပ်၍ရန်ဖြစ်ကြပြန်သည်။


ကျိုးကျွမ်က သူတို့ကို သွားဆွဲကာလူစုခွဲဖို့ သတ္တိမရှိသောကြောင့် အော်ဟစ်နေခဲ့သည်။


“မရိုက်နဲ့တော့ မရိုက်ကြနဲ့တော့။”


ထိုအချိန်မှာပဲ တံခါးဘဲလ်မြည်လာသည်။


တစ်ချိန်တည်းမှာပင် အခန်းတွင်းရှိလူသုံးယောက်စလုံးတိတ်ဆိတ်သွားကြသည်။တစ်ယောက်ကလေးမှ မလှုပ်ကြတော့ပေ။


ဧည့်သည်က ပျော်မနေဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြနေသကဲ့သို့ တံခါးဘဲလ်က မပင်မပန်းဆက်တိုက်မြည်နေသည်။


ယင်းချန်းက ယင်းမင်ကျန်းကိုလွှတ်ပေးလိုက်ပြီး ကျိုးကျွမ်ကိုတံခါးသွားဖွင့်ရန် မျက်လုံးဖြင့်အချက်ပြလိုက်သည်။


ကျိုးကျွမ်က ထိတ်ထိတ်လန့်လန့်ဖြင့်တခြားကိုသွားဖွင့်လိုက်သောအခါ တံခါးဝတွင်ရပ်နေသည့်ရှုနဉ်နှင့် ရှုနဉ့်အဖေကိုတွေ့လိုက်ရသည်။


ပါးပါးရှုက ရွှေဆွဲကြိုးကြီးကို ဝတ်ဆင်ထားပြီး ထိပ်ပြောင်ကာ ရုပ်တည်ကြီးနှင့်ဖြစ်သည်။သူ့ကြွက်သားများက လူတစ်ယောက်ကိုတစ်ပိုင်းသေသွားသည်အထိခြောက်လှန့်နိုင်၏။


ကျိုးကျွမ်က သူ့ကိုမြင်လိုက်သည်နှင့် သူမခြေထောက်များပင် တုန်ယင်သွားရသည်။


“ဘ...ဘာကိစ္စရှိလို့လဲ။”


ပါးပါးရှုက ခက်ထန်စွာမေးလိုက်သည်။ 


“အခုနက ဘီယာပုလင်းကိုပစ်ချလိုက်တာ မင်းလား”

______


ကျိုးကျွမ်က အထိတ်တလန့်ကြည့်လိုက်ပြီးသူမက ခပ်မြန်မြန်ပဲငြင်းဆိုလိုက်သည်။


”မဟုတ်ဘူး ကျွန်မတို့မဟုတ်ဘူး မဟုတ်ဘူး”


ရှုနဉ်က ပြန်လည်ငြင်းခုံလိုက်သည်။


“ဘာမှငြင်းဖို့မကြိုးစားနဲ့ ဘီယာပုလင်းက ခင်ဗျားတို့ပြတင်းပေါက်ကနေ ကျလာတာကို ကျွန်တော့်မျက်လုံးနဲ့ တပ်အပ်မြင်တယ် ကျွန်တော့်အဖေနဲ့ကျွန်တော်သာ မရှောင်လိုက်ရင် အဲ့ဒီပုလင်းက ကျွန်တော်တို့ခေါင်းကို ရိုက်မိသွားလိမ့်မယ်။”


သူက စကားပြောနေရင်းမှာပဲ ဧည့်ခန်းအတွင်းသို့ လှမ်းကြည့်လိုက်သည်။ဧည့်ခန်းက အရမ်းကျဉ်းလွန်းတာကြောင့် သူတစ်ချက်ကြည့်လိုက်ရုံဖြင့် အခန်းတစ်ခုလုံးကို မြင်နိုင်သည်။


ရှုနဉ်က ဧည့်ခန်းအတွင်းသို့ဝင်လိုက်သည်။သူက ကော်ဖီစားပွဲပေါ်ရှိ အခြားဘီယာပုလင်းများကို ကောက်ကိုင်ပြီး ပုလင်းပေါ်ရှိစာများကို ကြည့်လိုက်သည်။


“အရှေ့တောင်ပိုင်း ဘီယာ အဲ့ဒီ တံဆိပ် ပဲလေ ”


ပါးပါးရှုလဲ အခန်းတွင်းသို့ဝင်လာသည်။သူ့မျက်နှာရှိကြွက်သားများတွန့်သွားသည်။(မျက်နှာကြောတင်းသွားတာကိုပြောချင်တာပါ။)သူက ပုလင်းကို ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။


“အရှေ့တောင်ပိုင်းဘီယာ ဒါက မင်းတို့နေ့တိုင်း တွေ့နေကြ တံဆိပ် မဟုတ်ဘူးလား”


ယခုတော့ ကျိုးကျွမ်က ထပ်ပြီး မငြင်းနိုင်တော့သောကြောင့် ဧည့်ခန်းအတွင်းရှိ သူမယောကျ်ားကို အကူအညီတောင်းရန် ကြည့်လိုက်သည်။


ယင်းချန်းက ပါးပါးရှု၏ ထိပ်ပြောင်နေသည့်ခေါင်းနှင့် ရွှေဆွဲကြိုးကြီးကိုကြည့်ပြီး စိတ်လွတ်သွားသည်။


“ပုလင်းကိုပစ်ချတာ ငါမဟုတ်ဘူး”


ထို့နောက်သူက ဖြေးဖြေးချင်းလျှောက်လာသည့်ဗီလိန်လေးကို လက်ညှိုးထိုးပြီး ပြောလိုက်၏။


“သူပစ်ချလိုက်တာ တကယ်လို့ခင်ဗျားပြသနာရှာချင်တယ်ဆိုရင် သူ့ကို လုပ်လိုက်ပါ သူနဲ့ပါတ်သတ်ပြီး ငါ ဘာမှ ပြန်လုပ်မှာမဟုတ်ဘူး။”


ရှုနဉ် -“…….”


ရှုနဉ် အံ့အားသင့်သွားရသည်။


ထိုစကားများပြောပြီးနောက် ယင်းချန်းက အိပ်ခန်းကျယ်ထဲသို့ ပြေးဝင်သွားပြီး တံခါးပိတ်ထားလိုက်သည်။သူကပြန်ထွက်မလာတော့ပေ။


ရှုနဉ်”……”


ယင်းချန်းက ကြမ်းတမ်းပြီးရန်လိုတတ်သည့်သူဟု ရှုနဉ် ထင်ခဲ့သည်။သူ့ထက် လူကောင်ပိုကြီးပြီး ပိုသန်မာသည့်လူကိုတွေ့သည်နှင့် ယင်းချမ်းက သူရဲဘောကြောင်သည့်သူဖြစ်သွားမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။


သူ့မျက်လုံးများက စိတ်လှုပ်ရှားနေသည့် ကျိုးကျွမ်နှင့် မျက်နှာဖြူဖျော့နေသည့် ဗီလိန်လေးတို့ဆီ ရောက်သွား၏။


သူတို့မျက်နှာ၌ အညိုအမဲများစွဲနေသည်။သူတို့က မယုံနိုင်လောက်အောင်ပင် သနားစရာကောင်းလှသည်။


ရှုနဉ်က ကျိုးကျွမ်ကို တစ်ချက်ကောင်းကောင်းကြည့်လိုက်သည်။သူ ထိုမိန်းမကို လုံးဝမသနားဘူး။


စာအုပ်ထဲတွင်ဖော်ပြထားသည်ကတော့ သူမက ကြင်နာတတ်ပြီး ချိုးခြံချွေတာကာ ဗီလိန်လေး ကျောင်းတက်နိုင်ရန်အတွက် ပိုက်ဆံစုပေးခဲ့သည်။ဗီလိန်လေးက သူ့အဖေကြောင့်ဒဏ်ရာရသည့်အခါတိုင်း သူမက ဗီလိန်လေးကို နှစ်သိမ့်ပေးခဲ့သည်။သူက ဗီလိန်လေးကို သရေစာများ လှို့ဝှက်၍ ဝယ်ပေးတတ်သည့် ခြောက်ပစ်ကင်းသဲလဲစင် အကျင့်သီလကောင်းသည့်အမေတစ်ယောက်ဖြစ်သည်။


သို့သော်လည်း ရှုနဉ်၏အမြင်မှာတော့ သူမက ရွံစရာကောင်းလှသည်။သူမသာ ကလေးများကို တိတ်တဆိတ်မလဲခဲ့ပါက ဗီလိန်လေးက ထိုအရာများကို ခံစားနေစရာမလိုသည့်အတွက် သဘာဝကျစွာပင် သူမက သူ့ကို နှစ်သိမ့်ပြီးကောင်းပေးရန် မလိုအပ်ပေ။


သူမ မကွာရှင်းသေးသ၍ သို့်မဟုတ် ပြန်၍မခုခံသေးသ၍ ယင်းချန်းက သူမကိုနေ့တိုင်းရိုက်နှက်နေလိမ့်မည်။အကြိမ်တိုင်းလိုလိုပင် ဗီလိန်လေးက သူမအတွက်ရှေ့ထွက်လာပေးရန် လိုအပ်ပြီး အကြိမ်တိုင်းလိုလိုပင် ဗီလိန်လေးကသာအရိုက်နှက်ခံရမည်ဖြစ်သည်။


ယခုအချိန်တွင်မူ သူမကိုဒဏ်ရာများဖြင့်စုတ်ပြက်သတ်နေသည်ကိုမြင်ရသောအခါ ရှုနဉ်က ကိုယ်ချင်းစာမိသော်လည်း သူက အရမ်းတော့ မသနားပေ။


သူ့စိတ်ထဲသို့ အတွေးတစ်ခုဝင်လာ၍ရှုနဉ်က ကျိုးကျွမ်ကို မေးလိုက်သည်။


“ခုနကဘီယာပုလင်းကိုဘယ်သူပစ်လိုက်တာလဲ။”


ကျိုးကျွမ်က ထိုမေးခွန်းကြောင့် ကြောင်အ သွားသည်။ရှုနဉ်၏အကြည့်စူးစူးကိုတွေ့လိုက်ရသောအခါ သူမတုန့်ဆိုင်းသွားရသည်။


လူငယ်လေး၏ မျက်ဝန်းများက စူးရှတောက်ပလွန်းသည်။ထိုအကြည့်များကြောင့် သူမနှင့်ပါတ်သတ်သည့်ကိစ္စအားလုံး သူ့အရှေ့တွင် ပေါ်ပေါက်သွားသကဲ့သို့ပင် သူမခံစားလိုက်ရသည်။


ကျိုးကျွမ်က အဝေးသို့ ကြည့်လိုက်ပြီး တုန်ယင်နေသည့်လက်ကို ဆန့်ထုတ်လိုက်ပြီး ဧည့်ခန်းထောင့်တွင် မျက်နှာသေနှင့်ရပ်နေသည့်ဗီလိန်လေးကို ညွှန်ပြလိုက်သည်။


ထိုအခိုက်အတန့်လေးအတွင်း ရှုနဉ်က သူမည်သို့ခံစားလိုက်ရသည်ကိုပင် မဖော်ပြတတ်တော့ပေ။


သူပြောလိုက်ချင်သည်က -“အိုး ဒါက မင်းတို့ပြောနေကြတဲ့ ဗီလိန်လေးအပေါ် ကြင်ကြင်နာနာဆက်ဆံတယ်ဆိုတဲ့အမေပေါ့”


ပါးပါးရှုက သူတို့ကို အပြစ်တင်ရန် ပြင်းပြင်းထန်ထန်ကြိုးစားခဲ့သော်လည်း သူတို့၏သနားစရာကောင်းသည့် အသွင်အပြင်ကြောင့် လွှတ်ပေးရန် ဆုံးဖြတ်လိုက်သည်။သူကပင် ကျိုးကျွမ်က ယင်းမင်ကျန်းကို တုံဆိုင်းခြင်းမရှိဘဲ အပြစ်ပုံချလိုက်တာကို အံ့ဩနေမိသည်။


ဗီလိန်လေးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။


“ငါပစ်လိုက်တာပဲ ဘာဖြစ်လဲ ငါဒါကိုပစ်ဖို့သတ္တိရှိကထဲက အဲ့ဒါရဲ့ အကျိုးဆက်ကိုလဲ ခံဖို့ သတ္တိရှိတယ်။”


ရုပ်ဆိုးသည့်အဝါရောင်ကြက်မွှေးဆံပင်နှင့်ကောင်လေးက တစ်ကိုယ်လုံးဒဏ်ရာတွေအပြည့်ဖြစ်နေသော်လည်း သူက အကောင်းဆုံး ကြိုးစားကာ ခေါင်းမော့ရင်ကော့ထားပြီး ပုန်ကန်နေသည်နှင့်တူနေသည်။


ရှုနဉ်က သူ့မျက်နှာပေါ်ရှိဒဏ်ရာများကိုကြည့်လိုက်ပြီး ရုတ်တရက် သူ မကူညီနိုင်သည့်အတွက် စိတ်မကောင်းဖြစ်သွားရသည်။


သူက တည်ငြိမ်အောင် အကောင်းဆုံးကြိုးစားပြီးပြောလိုက်သည်။


”ကောင်းပြီလေ မင်းပစ်လိုက်တာဆိုရင်လဲ ငါတို့နဲ့လိုက်ခဲ့။”


“ကောင်းပြီလေ”


ဗီလိန်လေးက အကြောက်အလန့်မရှိ ရှုနဉ်ဆီသို့ လျှောက်လာသည်။


ထို့နောက် သူကတစ်ခုခုကို သတိရသွားပြီး ရုတ်တရက် ကျိုးကျွမ်ဘက်သို့ခေါင်းလှည့်လိုက်သည်။


”မား ဟင်းတွေက အိုးထဲမှာရှိတယ် စားဖို့မမေ့နဲ့ဦး။”


ထို့နောက် ဂုဏ်ယူနေသကဲ့သို့ ရှုနဉ်ပုခုံးကို တိုက်လိုက်ပြီး ဧည့်ခန်းထဲမှထွက်သွားသည်။


ရှုနဉ်က သူ့နောက်မှ တိတ်တဆိတ်ထွက်လာပြီး ပါးပါးရှုကိုပြောလိုက်သည်။


“ပါး အရင်ပြန်နှင့်လိုက်တော့ ယင်းမင်ကျန်းက ကျွန်တော့်အတန်းဖော်၊ကျွန်တော် သူနဲ့ စကားနဲနဲလောက်ပြောချင်လို့”


“ကောင်းပြီလေ”


ပါးပါးရှုက သူ့ပုခုံးကို ပုတ်ပြီးနောက် ယင်းမင်ကျန်းအား သတိပေးလိုက်သည်။


“ကောင်လေး ကောင်းကောင်းပြုမူဖို့ သတိရ။”


သုံးယောက်လုံး ဓါတ်လှေကားထဲသို့ဝင်လိုက်ကြသည်။ပါးပါးရှုက အပေါ်သို့တက်သွားပြီးကလေးနှစ်ယောက်က အောက်ထပ်သို့ဆင်းသွားကြသည်။


ယင်းမင်ကျန်းက လေးလွှာတွင်နေသည်။နံပါတ်လေးက ကံမကောင်းသည့်ဂဏန်းဖြစ်သောကြောင့် ထိုအလွှာတွင်ရှိသည့်တိုက်ခန်းများက စျေးပိုချိုသည်။


နှစ်ယောက်သား တိတ်တဆိတ် လမ်းလျှောက်နေကြသည်။


အစကတော့ ဗီလိန်လေးက သူ့ခေါင်းကို မြင့်နေအောင် မော့ထားသည်။သို့ပေမဲ့ အနည်းငယ်ကြာလာတော့ နာကျင်လာပြီး ထိုအနေအထားကို သူဆက် မထိန်းထားနိုင်တော့ပေ။သူကမေးလိုက်သည်။


“ငါတို့ဘယ်သွားကြမလို့လဲ မင်းက ဒီကိစ္စကို ဘယ်လိုလုပ်ချင်လို့လဲ။”


သူသာဆေးရုံသွားဖို့ပြောရင် ဗီလိန်လေးက ပူးပေါင်းမှာမဟုတ်ဘူးဆိုတာကို ရှုနဉ်သိနေသောကြောင့် သူက တိတ်တိတ်ကလေး ကားအငှါးapp ကိုဖွင့်ကာ တက္ကစီငှါးလိုက်သည်။


“သွားရအောင်”


ဗီလိန်လေးက ခဏလောက် မျက်မှောင်ကျုံ့ပြီးနောက် ပြောလာသည်။ 


“မင်းပိုက်ဆံလိုချင်တာဆိုရင် ငါ့မှာမရှိဘူး”


ရှုနဉ်က သူ့ဟာသူရယ်လိုက်မိသည်။


သူ့ကိုလှည့်ကြည့်လိုက်ပြီး “မင်းပိုက်ဆံကိုငါမလိုချင်ပါဘူး။”


“ဒါဆိုမင်းကဘာလိုချင်တာလဲ။”


“ငါတို့ရောက်ရင် မင်းသိလိမ့်မယ်။”


ဗီလိန်လေးမှာ ထပ်ပြီး ငြင်းခုန်ဖို့အတွေးတွေမရှိတော့သလို အိမ်လို့ခေါ်တဲ့ ထိုနေရာကိုလဲ ပြန်မသွားချင်တော့ချေ။ထို့ကြောင့် သူက ဖြေးဖြေးလေး နှာခေါင်းရှုံ့လိုက်ပြီးရှုနဉ်နောက်က လိုက်ကာ တိုက်ခန်းအနောက်ဘက်တံခါးဆီမှ ထွက်လာခဲ့သည်။


ရှုနဉ်က သူတို့ကိုစောင့်နေသည့် အဖြူရောင်ကားထဲသို့ဝင်သွားလိုက်ပြီး ဗီလိန်လေးကိုလဲ ကားထဲသို့ဝင်ဖို့ ပြောလိုက်သည်။


ညကတိတ်ဆိတ်ပြီး မီးအလင်းရောင်များဖြင့်တောက်ပနေသည်။


“ငါတို့ဘယ်နေရာကိုသွားမလို့လဲ”


ဗီလိန်လေးက ကားနားတွင်ရပ်ရင်းမေးလိုက်သည်။လမ်းမီးရောင်များက သူ့ရဲ့လှပတဲ့မျက်နှာပေါ်သို့ ဖြာဆင်းနေသည်။သူက အသားအရမ်းဖြူပြီး သူ့အသားအရေက တောက်ပနေသည်။


ရှုနဉ်က ထုံးစံအတိုင်းပြုံး၍ပြောလိုက်၏။


”အဲ့ဒီကိုရောက်ရင် မင်းသိမှာပေါ့။”


သူ မလှုပ်ဘဲရပ်နေတာကို မြင်သောအခါ ရှုနဉ်က သူ့ကို ရန်စ လိုက်သည်။ 


“ဘာလဲ ၊မင်းကြောက်လို့လား။”


“ဘယ်သူကကြောက်လို့လဲ။”


ဗီလိန်လေးက သူ့မျက်ခုံးကိုပင့်လိုက်ပြီး ကားတံခါးကိုဖွင့်ကာ ရှုနဉ်ဘေး၌ဝင်ထိုင်လိုက်သည်။ဆယ်မိနစ်ခန့်အကြာတွင် သူတို့နှစ်ယောက် အနီးဆုံးပြည်သူ့ဆေးရုံသို့ရောက်သွားကြသည်။


“မင်းငါ့ကို ဆေးရုံကိုခေါ်လာတာလား”


ကားထဲမှထွက်လာပြီးသည့်နောက် ဗီလိန်လေးက တောပ်ပနေသည့် ဆေးရုံဆိုင်းဘုတ်သင်္ကေတကို မြင်တွေ့သွားသည်။သူ့မျက်ခုံးလှလှလေးနှစ်ခုမှာ တွန့်သွားရသည်။


ရှုနဉ်ကပြောလိုက်သည်။


”မင်းရဲ့ဒဏ်ရာတွေက ပြင်းထန်တယ် စစ်ဆေးလိုက်တာအကောင်းဆုံးပဲ။”


စကားပြောပြီးနောက် သူက ဗီလိန်လေး၏လက်မောင်းကိုဆွဲကာ ဆေးရုံထဲသို့ ဝင်လိုက်သည်။


ဗီလိန်လေးက မလှုပ်ရှားပေ။


ရှုနဉ်က သူ့ကိုတအံ့တဩ လှည့်ကြည့်လိုက်သည်။


ဗီလိန်လေးက အေးစက်စက်မေးလိုက်သည်။


”မင်းငါ့ကို သနားနေတာလား”


ရှုနဉ်အံ့ဩသွားသည်။


ဗီလိန်လေး၏အသံက ကြမ်းတမ်းပြီး သူကရှုနဉ်ကို စိတ်မပါလက်မပါ ကြည့်လိုက်သည်။


”မင်းရဲ့အတုအယောင်ကိုယ်ချင်းစာမှုတွေကို မလိုအပ်ဘူး။”


ထိုသို့ပြောပြီးနောက် သူနောက်ပြန်လှည့်လိုက်ပြီးဆေးရုံနှင့်ဝေးရာသို့ လျှောက်သွားလိုက်သည်။


ရှုနဉ်က ဆေးရုံအပေါက်ဝ၌ရပ်နေရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။


ဗီလိန်လေးကိုဆေးရုံသို့ခေါ်လာခြင်းက သူ့ကို ရန်စသလိုဖြစ်သွားပုံရသည်။


သူအမှားတစ်ခုခုများလုပ်လိုက်မိလို့လား။


သူအစက ထင်ခဲ့တာက သူသာဗီလိန်လေးကိုဆေးရုံနားကိုခေါ်လာနိုင်ခဲ့ရင် ဗီလိန်လေးက ပူးပေါင်းပေးမယ် လို့ပေါ့။ဗီလိန်လေးက တုံ့ဆိုင်းမနေဘဲ အရမ်း စိတ်ဓါတ်ခိုင်မာလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ဘူး။


ရှုနဉ်က စိတ်ဓါတ်နည်းနည်းကျသွားသည်။


ရှုနဉ် အိမ်သို့ပြန်ရောက်သည့်အချိန်မှာတော့ မစ္စချိုက်က ရေချိုးခန်းထဲမှာရေချိုးနေပြီး ပါးပါးရှုကတော့ ဆိုဖာပေါ်မှာ သူ့ဖုန်းနဲ့ အလုပ်ရှုပ်နေသည်။ရှုနဉ်ပြန်ရောက်လာတယကိုမြင်သည်နှင့် သူထပြီးမေးလိုက်သည်။


“ သား စကားသွားပြောတာ ဘယ်လိုနေလဲ”


ရှုနဉ်က သူ့ခေါင်းကိုယမ်းပြလိုက်သည်။


ပါးပါးရှုကမေးလိုက်သည်။


”အဲ့ကောင်စုတ်လေးက ဝန်မခံဘူးလား”


ရှုနဉ်က လန့်သွားပြီး ပြန်ပြောလိုက်သည်။ 


“ပါး သူ့ကိုဘာလို့ကောင်စုတ်လေးလို့ခေါ်ရတာလဲ။”


ပါးပါးရှု စိတ်တို သွားသည်။ 


“အခုလေးတင်ဘာဖြစ်ခဲ့လဲဆိုတာကို ငါမေ့ထားလိုက်ရင်တောင်မှ နောက်ဆုံးတစ်ခေါက်တုန်းက သူမင်းကိုလှေကားပေါ်ကနေတွန်းချလိုက်တာလေ အဲ့ဒါက ငါမေ့ပစ်လိုက်လို့ရတဲ့ကိစ္စမဟူတ်ဘူး။”


ဗီလိန်လေး၏အိမ်တွင်သူတို့ မြင်ခဲ့ရတာများကို ပြန်စဉ်းစားပြီးနောက် ပါးပါးရှုက သူ့ဖုန်းကို ကော်ဖီစားပွဲပေါ်သို့တင်ပြီး ပြောလိုက်သည်။


”ဒီခွေးကောင်လေးက ဆိုးလို့ သူ့အဖေရိုက်တာခံရတာဖြစ်နိုင်တယ်။”


သူ့အသံက တစ်စုံတစ်ယောက်ဒုက္ခရောက်နေသည်ကို ပျော်ရွှင်နေသကဲ့သို့ ဖြစ်နေသည်။


ပါးပါးရှုက ရိုင်းစိုင်းပြီးကျိုးကြောင်းဆီလျော်မှုမရှိသည့်ပုံပေါက်နေသော်လည်း တကယ်တမ်းတော့ သူက ကြင်နာတတ်သည့်သူတစ်ဦးဖြစ်သည်။ထိုကဲ့သို့သောစကားမျိုးကို သူပြောလိုက်သည်က ယင်

းမင်ကျန်းအား သူမည်မျှမနှစ်သက်ကြောင်းကို ဖော်ပြနေသည်။


ပါးပါးရှုကတောင်မှ ယင်းမင်ကျန်းကို ယခုကဲ့သို့ဆက်ဆံနေပါက အခြားသူများသာဆိုလျှင် ဗီလိန်လေးအားဘယ်လိုထင်ကြမလဲဆိုတာကို စိတ်ကူးကြည့်နိုင်သည်။


ဗီလိန်လေးနေထိုင်သည့်နေရာက ဒေါသတရားများဖြင့်ပြည့်နေသည်။


သူက အရမ်းငယ်လွန်သေးတယ်။