အပိုင်း ၈
Viewers 9k

Chapter 8

 သူ့ဆံပင်ကိုရွှေရောင်ဆိုးပစ်လိုက်တယ်


______


နောက်ရက်များတွင် ရှုနင်က ဗီလိန်လေး နေ့လည်စား စားမစားသိရရန် နေ့စဉ် စစ်ဆေးမည်ဖြစ်သည်။ နောက်ဆုံးတော့ အမှန်တကယ် သူနေ့လည်စာစားပြီးပြီဟု သိလိုက်ရသောအခါမှ ရှုနဉ် စိတ်သက်သာရာ ရသွားသည်။


သူက ကျိုးကျွမ်အား တစ်ပါတ်လျှင်တစ်ခါ နေ့လည်စာဖိုးပေးရန် စီစဉ်ထားသည်။


ပိတ်ရက်ရောက်သောအခါ မာမားချိုက်သည် ရှုနဉ်အား ပါတ်တီးဖြည်ရန် ဆေးရုံသို့ခေါ်သွားသည်။ပါတ်တီးအားဖယ်ရှားပြီးသောအခါ ရှုနဉ်က ဆရာဝန်အား သူ့ဆံပင်ကို အရောင်ဆိုးလျှင် အဆင်ပြေမလား ဟု တိတ်တဆိတ် မေးလိုက်သည်။


ဆရာဝန်က သူ၏ဒါဏ်ရာကို တစ်ချက်ကြည့်လိုက်ပြီး လုံးဝကြီးတော့ မငြင်းချေ။ ဆေးမဆိုးတာကတော့ အကောင်းဆုံးဟုသာ ဆရာဝန်ကပြောခဲ့သည်။


ယျေဘူရအားဖြင့် ပြောရမည်ဆိုလျှင် သူ့ဆံပင်အား ဆေးဆိုးလဲ အဆင်ပြေသည်ဟု ဆိုလိုသဖြင့် ရှုနဉ် စိတ်သက်သာရာ ရသွားတော့သည်။


ဆေးရုံမှ ထွက်လာသည်နှင့် ရှုနဉ်က မာမားချိုက်ကို ပြန်လွှတ်လိုက်ပြီး သူ့ဆံပင်ကိုဆေးဆိုးရန် ဆံပင်ညှပ်ဆရာနှင့်တွေ့သည်။


ဆံပင်ညှပ်ဆရာက သူ့ကို ဆိုးဆေး အပျော့ကိုသာသုံးဖို့အကြံပေးခဲ့ပြီး ရှုနဉ်လည်း သဘောတူလိုက်သည်။


နာရီအနည်းငယ်ကြာပြီးနောက် ချောမော တောက်ပတဲ့ ရွှေအိုရောင်ကောင်လေးတစ်ယောက်မှန်ထဲတွင်ပေါ်လာတော့၏။


ရွှေအိုရောင်ဆံပင်က သူ့အသားအရေနှင့်အလွန်လိုက်ဖက်သည်။ရှုနဉ်က သဘာဝအတိုင်း အသားဖြူတာမဟုတ်ပေမဲ့ ရွှေအိုရောင်ဆံပင်ကြောင့် သူ့အသားအရေကို ပို၍ဖြူလာစေသည်။


ထို့အပြင် ရွှေအိုရောင်ဆံပင်က သူနှင့်အရမ်းလိုက်တာကိုလည်း သိလိုက်ရသည်။သူက ခပ်ရွဲ့ရွဲ့ လူဆိုးပုံပေါက်နေမည်ဟု ထင်ခဲ့သော်လည်း တကယ့်ကို လှလှပပ ကောင်းကောင်းမွန်မွန်ဖြင့်ထွက်လာသည်။


ထို့နောက် အိမ်သို့ ပြန်သွားသောအခါ မာမားချိုက်၏ အိမ်အပေါက်၀၌ပင် ရိုက်နှက်ခြင်းအားခံရတော့သည်။


ပါပါးရှု အိမ်ပြန်ရောက်တော့ သူ့ရဲ့ရွှေရောင်ဆံပင်ကိုတွေ့သွားသောအခါ ရှုနဉ်က ထပ်ပြီးတော့ သူတို့နှစ်ယောက်ရဲ့ နှစ်ကိုယ်တူပူးပေါင်းတိုက်ခိုက်မှုကို ခံရပြန်၏။


နောက်ဆုံးတွင်တော့ ရှုနဉ်က သူ့ဘဝလေးကိုကယ်တင်ရန်အတွက် အခန်းတွင်းသို့ ပြေးဝင်သွားလိုက်ရသည်။


နောက်တစ်နေ့တွင် ရှုနဥ်သည် မာမားချိုက်နှင့် ပါပါးရှုအား အချိန်အကြာကြီး ချော့မော့တောင်းပန်လိုက်ရသည်။ 


ဖြစ်တာက ဖြစ်ပြီးသွားပြီ ဖြစ်သည်။ထို့ကြောင့် ပါးပါးရှုနှင့် မာမားချိုက်တို့က သူ့ကို တွန့်ဆုတ်စွာနှမျောတသဖြင့်ရုံသာ တတ်နိုင်တော့သည်။


တနင်္လာနေ့တွင် ရှုနဉ်ကရွှေရောင်အပြည့်ဆိုးထားသောဆံပင်နှင့် စာသင်ခန်းတွင်းသို့ဝင်လာခဲ့သည်။ စာသင်ခန်းအတွင်းရှိ လူတိုင်း အံ့ဩသွားကြသည်။


“ရှုနဉ် မင်းဘာဖြစ်သွားတာလဲ” 


လုံချောင်က မယုံကြည်နိုင်သလို မေးရင်း သူ့ရွှေရောင် ဆံပင်ကိုထိရန် လက်ကိုမြှောက်လိုက်သည်။


“မင်းတကယ်ကြီး ဆေးဆိုးလိုက်တာလား”


ရှုနဉ်က ဘေးပါတ်လည်ကို ကြည့်လိုက်ပြီး “ငါကရွှေရောင်ဆံပင်နဲ့ မာနကြီး(ဂုဏ်ယူ)တယ် “ ဟု ခပ်ကြွားကြွားပြောလိုက်သည်။


ထို့နောက် ရွှေရောင်ဆံပင်နှင့် မာနကြီးနေသော ရှုနဉ်အား ရုံးခန်းထဲသို့ အခေါ်ခံလိုက်ရပြီး ဆရာမ၏မေးမြန်းစစ်ဆေးမှုကိုပါ ခံလိုက်ရသည်။


“မင်းဘာလို့ ဆံပင်တွေဆေးဆိုးလိုက်တာလဲ” 


ရှုနဉ်က ဆိုးရွားသောရာဇဝတ်မှုကြီးကျူးလွန်လိုက်မိသကဲ့သို့ အတန်းပိုင်ဆရာမမှာ စိတ်ထိခိုက်သွားခဲ့သည်။


ထို့နောက် သူမဘာသာ ရေရွတ်ပြောဆိုနေသည်။


“ဟုတ်သားပဲ ငါမင်းကို ယင်းမင်ကျန်းရဲ့ဘေးမှာ မထိုင်ခိုင်းခဲ့သင့်ဘူး။အခုတော့ မင်းကိုကြည့်ပါဦး မင်းလမ်းလွဲသွားပြီ။”


အပြစ်တင်ခြင်းက ယင်းမင်ကျန်းဆီသို့လှည့်သွားတာကို တွေ့လိုက်ရသောကြောင့် ရှုနဉ် အမြန်ပဲ ငြင်းဆိုလိုက်မိသည်။ 


“ဆရာမလီ၊ ဆရာမ အဲ့လိုမပြောသင့်ဘူး”


အတန်းပိုင်ဆရာမက သူမရဲ့မျက်ခုံးတွေကိုပင့်ပြီး ဓါးသွားလိုမျက်လုံးများဖြင့်ကြည့်လိုက်သည်။ သူမက သူမရဲ့နှလုံးသားထဲတွင် ရှုနဉ်ကို ဆိုးသွမ်းကျောင်းသားဟူသောနေရာတွင် ထားလိုက်ပြီဖြစ်ပြီး စောင့်ကြည့်သလို ပြုမူလိုက်သည်။


ရှုနဉ်က အတန်းပိုင်ဆရာမကို မဆန့်ကျင်ချင်ပေ။သူသာ သူမရဲ့ မကောင်း(မကြိုက်)တဲ့ ဘက်ကို သူရောက်သွားခဲ့ရင် အနာဂတ်မှာ သူလုပ်ရမဲ့အရာတွေအတွက် အများကြီးပိုခက်ခဲလာနိုင်တာကြောင့် သူကကောင်းကောင်းမွန်မွန်ပုံစံလေးဖြင့် ပြောလိုက်သည်။


“ဆရာမ ဆံပင်အရောင်က ကျောင်းသားတစ်ယောကါ ဆိုးလား ကောင်းလားဆိုတာကို ဆုံးဖြတ်မပေးနိုင်ပါဘူး ကျွန်တော်က ဆံပင်ဆိုးထားတယ်ဆိုရင်တောင် ကျောင်းသားကောင်းတစ်ယောက်ဖြစ်နေတုန်းပဲဆိုတာကို သက်သေပြချင်ပါတယ်”


“အိုး” အတန်းက ဆရာမက သူ့လက်ကို ပိုက်လိုက်ပြီး


“မင်းကဘယ်လိုမျိုးသက်သေပြမှာလဲ”


“ကျွန်တော်ဆရာမရဲ့စာမေးပွဲမှာ အဆင့်ကောင်းကောင်းရအောင် ကြိုးစားမှာပါ”


ဆရာက “ကောင်းပြီ မင်းနောက်စာမေးပွဲမှာ ငါ့ကိုသက်သေပြနိုင်တယ် ဒါပေမဲ့ မင်းရဲ့ဆံပင်ကိုတော့ သဘာဝအရောင်ပြန်ဆိုးရမယ်။”


ရှုနဉ်က ဝမ်းနည်းသည့်မျက်နှာထားဖြင်း “ဆရာမလီ ကျွန်တော့်ဒဏ်ရာက အပြည့်အဝမပျောက်သေးဘူးလေ။ တစ်ခါပဲဆေးဆိုးတာကတောင် အန္တရာယ်များနေပြီ နောက်တစ်ခါထပ်ပြီးဆေးဆိုးမယ်ဆိုရင် ပိုးဝင်သွားနိုင်တယ်။”


အတန်းပိုင်ဆရာမက သူ့ကိုခဏလောက် စိုက်ကြည့်လိုက်ပြီး “ဒါဆို မင်းက ဘာလို့ ဆေးဆိုးလိုက်ရတာလဲ” ဟု ဆူပူလိုက်သည်။


ရှုနဉ်က ရှင်းပြလိုက်သည်။


”အရင်နှစ်ရပ်လောက်တုန်းက ဆံပင်ဆေးဆိုးထားတဲ့ကျောင်းသားတွေအကုန်လုံးက ကျောင်းသားဆိုးတွေလို့ တစ်ယောက်ယောက်ပြောနေတာကို ကျွန်တော်ကြားခဲ့တယ် မိန်းကလေးဆိုရက် မိန်းမပျက်၊ယောကျ်ားလေးဆိုရင် ကျောင်းလူဆိုးတဲ့ ကျွန်တော် အရမ်း ဒေါသထွက်မိတယ် လူတွေက အဲ့လိုတွေးသင့်တယ်လို့ ကျွန်တော်တော့ မထင်ဘူး။”


အတန်းပိုင်ဆရာမရဲ့ မျက်နှာက တည်ကြည်သွားသည်။


“ယင်းမင်ကျန်းက အတန်းဖော်ကောင်းတစ်ယောက်ပါ သူ့ရဲ့ဆံပင်ကြောင့် သူ့ကိုခွဲခြားဆက်ဆံတာမျိုး မဖြစ်သင့်ဘူး”


အတန်းပိုင်ဆရာမရဲ့ မျက်နှာက ပျော့ပြောင်းလာရပြီး 


“မင်း ယင်းမင်ကျန်းအတွက် အရမ်းစိတ်ပူနေစရာမလိုပါဘူး။” 


ရှုနဉ်ကဆက်ပြောလိုက်သည်။


“ပြီးခဲ့တဲ့အခေါက်က ကျွန်တော်က တစ်ယောက်ယောက်ရဲ့ ရန်လုပ် ခံခဲ့ရပြီးတော့ ယင်းမင်ကျန်းကို မှားယွင်းစွပ်စွဲခဲ့မိတယ် အဲ့ဒါလဲ ကျွန်တော့်အမှားပါ ကျွန်တော် သူ့ကို ကောင်းကောင်းပိုသိချင်ပြီး သူနဲ့သူငယ်ချင်းဖြစ်ချင်တယ်။”


အဆုံးမှာတော့ အတန်းပိုင်ဆရာမလည်း စိတ်ပျော့သွားတော့သည်။ သူမက နောင်တရသလို သက်ပြင်းချလိုက်ပြီး“ဟူး ကောင်းပြီလေ”


ထိုသို့ပြောပြီးနောက် သူမရဲ့လက်ကိုခါပြကာ သူ့ကိုသွားခိုင်းလိုက်သည်။


ကြည့်ရတာတော့ သူမက သူ့ကို ဆံပက်ဆေးပြန်ဆိုးဖို့အတွက် တွန်းအားမပေးတော့ပုံရ၍ ရှုနဉ်လည်း ရုံးခန်းထဲမှ ပျော်ရွှင်စွာ ထွက်လာလိုက်သည်။


သူ့စားပွဲဆီကို ပြန်ရောက်သောအခါ သူ့ဘေးနားရှိ ဗီလိန်လေးက မျက်လုံးထိ မရောက်သည့် အပြုံး (မဲ့ပြုံး) ဖြင့် သူ့ကို စိုက်ကြည့်နေသည်။


ရှုနဉ်က သူ့ရဲ့ရွှေရောင်ဆံပင်ကို လက်နှင့် သပ်လိုက်သည်။သူက ယင်းမင်ကျန်းအနားသို့ တိုးသွားပြီး ပြုံးကာပြောလိုက်သည်။


“ငါက အခုမင်းနဲ့တူသွားပြီ”


အနာဂတ်တွင် ဆံပင်ဆေးဆိုးထားသည့်သူများက ကျောင်းသားဆိုးများဖြစ်သည်ဟု တစ်စုံတစ်ယောက်က လာပြောပါက သူက သတ္တိရှိရှိဖြင့် ပြန်လည်ငြင်းခုံနိုင်ပြီဖြစ်သည်။သူတို့ရဲ့စာမေးပွဲတွင်လည်း သူ အဆင့်ကောင်းကောင်းရရန်လည်း လိုအပ်သည်။ထို့နောက်တွင် ဆံပင်ဆေးဆိုးခြင်းက အဆင့်များနှင့်လည်းမဆိုင်သလို ကျောင်းသားဆိုးဖြစ်ခြင်းနှင့်လဲမဆိုင်ကြောင်း သူသက်သေပြရမည်။


ဗီလိန်လေး၏ ဆေးဆိုးထားသော အရောင်ကို ကြည့်၍သူ့အားခွဲခြားဆက်ဆံတာကို ရပ်သင့်ကြောင်း လူတိုင်းက သေချာသိသွားစေရမည်။


“အိုး” ဗီလိန်လေးက မျက်ခုံးပင့်ကာ ပြောလိုက်သည်။ 


“မင်းငါ့ကို ကော်ပီယာနေတာလား”


ရှုနဉ်က တခြားမေးခွန်းဖြင့် ပြန်ဖြေလိုက်သည်။ 


“လုပ်လို့မရဘူးလား” 


ဗီလိန်လေးက ဂရုမစိုက်သလိုပြောလိုက်သည်။


“ ငါတို့က မတူဘူး”




ရှုနဉ်က ယင်းမင်ကျန်းကို ပိုက်ဆံယူအောင် ထပ်ပြီးလုပ်ဖို့ အစီအစဉ်မရှိတော့ဘူး။ 


ဒါပေမယ့် သူလက်မလျော့နိုင်သေးဘူး။ 


သူ့အတန်းဖော်သူငယ်ချင်းတွေနီင့် ဒီညတွေ့ဖို့သွားမယ်ဆိုတဲ့အကြောင်း မာမားချိုက်ကို ဖုန်းဆက်ပြောလိုက်သည်။သို့ပေမဲ့ သူက တကယ်တော့ သူတို့ တိုက်ခန်းရဲ့လှေကားနားမှာထိုင်လျက် စောင့်ဆိုင်းနေခြင်းသာဖြစ်သည်။


ဗီလိန်လေးက လှေကားကနေ အရင်တတ်သွားပြီဖြစ်သည်။


ရှုနဉ်က သူ့ခြေထောက်တွေထုံကျဉ်လာသည်အထိ လှေကားမှာထိုင်နေမိသည်။ရှစ်နာရီခွဲလောက်တွင် အလုပ်မှ အိမ်သို့ပြန်လာသော ကျိုးကျွမ် ကို သူတွေ့လိုက်ရသည်။


ကျိုးကျွမ်မျက်နှာကိုကြည့်ရသည်မှာ ပင်ပန်းနေပုံရသည်။ခေါင်းနောက်တွင်စည်းထားသည့် ဆံပင်များထဲမှ တချို့ဆံပင်များက သူမမျက်နှာပေါ်သို့ဖြာကျနေသည်။သူမကိုတွေ့သည့်လူတိုင်းက ယခုကဲ့သို့သောအလုပ်ကြိုးစားသည့်အမျိုးသမီးကိုတွေ့လျှင် သနားဂရုဏာသက်ကြမည်ဖြစ်သည်။ သို့သော်လည်း ရှုနဥ်ကတော့ သူမအတွက် မည်သည့် သနားကြင်နာစိတ်မှ မရှိပေ။


သူက ကျိုးကျွမ်ကို တားလိုက်သည်။ သူ့ရဲ့အပြုအမူက ယဉ်ကျေးသော်လည်း သူစိမ်းဆန်သည်။


ကျိုးကျွမ်က သူ့ကိုမြင်သောအခါ အံ့အားသင့်သွားသည်။ဘီယာပုလင်းဖြစ်ရပ်တုန်းက ကောင်လေးမှန်း သူမ မှတ်မိသွားသည်။သူမ ချက်ချင်းဆိုသလို တုန်လှုပ်သွားပြီး အလျင်စလိုမေးလိုက်သည်။


“ဘာဖြစ်လို့လဲ မင်ကျန်းက ပြသနာထပ်ရှာလိုက်ပြန်ပြီလား ငါတောင်းပန်ပါတယ် သူ့ရဲ့အပြုအ…..”


ရှုနဉ်ကမျက်မှောင်ကြုံပြီး သူမစကားကို ကြားဖြတ်ပြောလိုက်သည်။


“ကျွန်တော်တောင် ဘာမှမပြောရသေးဘူး ခင်ဗျားကဘာလို့တောင်းပန်နေရတာလဲ “ 


သူမက အဆင်မပြေစွာ ပြောလိုက်သည်။


“ငါက မင်ကျန်းပြသနာတတ်ပြန်ပြီလို့ ထင်လို့ပါ သူက ငယ်ငယ်လေးကထဲက လက်တောက်လောက်လေး ကထဲက အမြဲတမ်းပြသနာရှာနေကြမလို့ပါ” 


ရှုနဉ်က ထိုကဲ့သို့သော စကားတွေကိုထပ်ပြီးနားမထောင်နိုင်တော့ဘူး။ 


“မစ္စ ကျိုး အန်တီတော့ အဲ့ကိစ္စကိုမမှတ်မိလောက်တော့ဘူးလို့ထင်ပေမဲ့ ကျွန်တော်ကတော့ ရှင်းရှင်းလင်းလင်းကို မှတ်မိနေတုန်းပဲ ကျွန်တော့်အသက်လေးနှစ်၊ ရက်ကွက် ကစားကွင်းထဲမှာဆော့နေတဲ့ တစ်ကြိမ်တုန်းက ဖက်တီးလေးက ယင်းမင်ကျန်းကို အရင်ဆုံးတွန်းထုတ်လိုက်တဲ့သူဆိုတာ သိသာနေရဲ့သားနဲ့ အန်တီက အခြေအနေ ကိုတောင် မမေးဘဲနဲ့ ယင်းမင်းကျန်းရဲ့အမှားပဲလို့ ဆုံးဖြတ်လိုက်တယ် ပြီးတော့သူ့ကိုတောင် အတင်းအကျပ်တောင်းပန်ခိုင်းသေးတယ်”


ကျိုးကျွမ်လည်းအံ့အားသင့်သွားသည်။


ရှုနဉ်က သူမ သက်တောင့်သက်သာဖြစ်ခြင်း မဖြစ်ချင်းကိုဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။


“ယင်းမင်ကျန်းက တစ်ယောက်ယောက်နဲ့ သဘောထားမတိုက်ဆိုင်တဲ့အခါတိုင်း အန်တီက ဘယ်သူက မှားလဲ ဘယ်သူကမှန်လဲဆိုတာ ဘယ်တုန်းကမှ မမေးခဲ့ဘဲ သူ့ကိုပဲ အတင်းတောင်းပန်ခိုင်းတယ် အန်တီက ဘယ်လိုအမေမျိုးလဲ”


ရှုနဉ်က ကျိုးကျွမ်ရဲ့ မသက်မသာဖြစ်နေသောမျက်လုံးများကို စိုက်ကြည့်ရင်း စကားကို တစ်လုံးချင်း ပြောလိုက်သည်။


“ဘယ်အမေမှ ဒီလိုမျိုးလုပ်မှာမဟုတ်ဘူး တစ်ခါတစ်လေဆို အန်တီက ယင်းမင်ကျန်းရဲ့အမေအရင်းမဟုတ်ဘူးလို့တောင် ကျွန်တော်ခံစားရတယ်”


ကျိုးကျွမ်ရဲ့မျက်နှာက ဖြူလျော့သွားပြီး မျက်လုံးသူငယ်အိမ်များကျယ်လာသည်။ ထိုဟာက အချိန်ခဏလေးပဲဆိုပေမဲ့ ရှုနဉ်ကတော့ သတိပြုမိလိုက်သည်။


ရှုနဉ်မနေနိုင်ဘဲ စိတ်ထဲကကျိတ်လှောင်လိုက်သည်။


သူမမှာ အပြစ်ရှိတဲ့စိတ်ဖြစ်သွားတာ သေချာသလောက်ဖြစ်သည်။


ဝတ္ထုထဲတွင်ပြောထားသည်ကတော့ ကျိုးကျွမ်က ယင်းမင်ကျန်းကို အလွန်ကြင်နာသည်။ ယင်မင်ကျန်းအရိုက်အနှက်ခံရသောအခါ သူမက သူ့ကို နှစ်သိမ့်ပေးတတ်သည်။သူမက ယင်းမင်ကျန်းကျောင်းတတ်ရန်အတွက်ထောက်ပံ့ပေးသည့်တစ်ဦးတည်းသောသူဖြစ်သည်။အပေါ်ယံတွင်တော့ သူမက မိခင်ကောင်းတစ်ဦးဖြစ်သည်။သို့ပေမဲ့ ဘယ်မိခင်ကောင်းကများ နောက်ကွယ်တွင် ခင်ပွန်းဖြစ်သူက သားဖြစ်သူကို ရိုက်နှက်နေတာကိုခွင့်ပြုပေးနိုင်မှာတဲ့လဲ။အမေအရင်းက သားဖြစ်သူ ဘာအမှားမှ မလုပ်ဘဲနှင့် တောင်းပန်ရန် ဖိအားပေးပါ့မလား။ အမေအရင်းက သားဖြစ်သူ ဘယ်သောအခါမှမလုပ်ခဲ့တဲ့အမှားအတွက် အပြစ်တင်ဖို့တွန်းထုတ် ပါ့မလား။


ဟာသပဲ...။


ကျိုးကျွမ်က သူ့ကိုအပေါ်ယံသာချစ်ပြီးတော့ တကယ်တမ်းကျတော့ သူက သူမရဲ့သားအရင်းမဟုတ်ဘူးဆိုတာကို သူမက အားလုံးထက်ပိုပြီး ကောင်းကောင်းသိသည်။


သူမရဲ့အချစ်က အပေါ်ယံ ၊ အယောင်ဆောင် ၊အံဩစရာဖျော်ဖြေမှုသာ ဖြစ်သည်။


ထိုဟာက သူမက တစ်ကမ္ဘာလုံးကြားရအောင်အော်ဟစ်ပြီး ကြည့်ကြ၊ ငါသူ့အပေါ်ဘယ်လောက်တောင်ကောင်းသလဲဆိုတာ မြင်အောင်ကြည့်ကြ ဟု ပြောနေသကဲ့သို့ပင်။


ယင်းကြောင့် ယင်းမင်ကျန်းရဲ့ အမှန်တရားပေါ်ပေါက်လာလျှင်ပင်... နင်ငါ့ကို ဆိုးဆိုးရွားရွားဆက်ဆံလို့မရဘူး...လို့ပြောနေသယောင်ယောင်။


ကျိုးကျွမ်၏သဘောထားအမှန်ကို သတိပြုမိပြီးသည့်နောက်မှာ ရှုနဥ်က ပိုလို့တောင်ရွံရှာသွားသည်။


“ယင်းမင်ကျန်းမှာ နေ့လည်စာဝယ်စားဖို့တောက်ပိုက်ဆံအလုံအလောက်မရှိဘူးဆိုတာ အန်တီမသိဘူးလား သူကအခုမှ 14နှစ်ပဲရှိသေးတယ် အန်တီက သူ့ကို တစ်နေ့ နှစ်နပ်ပဲ ကျွေးနေတာလား”


ရှုနဉ်ရဲ့အသံက အေးစက်လာပြီး “ကျွန်တော်တို့ရဲ့အတန်းပိုင်ဆရာမက ကျွန်တော်နဲ့သူက အဆောက်အဦးတစ်ခုတည်းမှာ နေတယ်ဆိုတာကိုသိတယ် သူက ကျွန်တော့်ကို အန်တီ့ကိုမေးပေးဖို့ အထူတလည်ပြောခဲ့တာ”


အတန်းပိုင်ဆရာမက အသုံးချစရာ အကြောင်းပြချက်ပဲ။


အကြောင်းပြချက်ကောင်းကောင်းပေးဖို့လိုတဲ့အခါတိုင်း အတန်းပိုင်ဆရာမဆိုတဲ့ ကဒ်ကိုဆွဲထုတ်လိုက်ရုံပင်။


“သူ့မှာစားဖို့ပိုက်ဆံတောင်မရှိဘူးလား”


ကျိုးကျွမ်က အမြန်ပဲ သူမကိုယ်သူမအတွက် ရှင်းပြချက်ပေးလိုက်သည်။


“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါသူ့ကို ပိုက်ဆံပေးလိုက်ပါတယ် ဖြစ်နိုင်တာက ငါသူ့ကိုပေးတဲ့ပိုက်ဆံကမလောက်လို့ဖြစ်မယ် ပြီးတော့ သူ အဲ့ဒီပိုက်ဆံကို တခြားတစ်နေရာရာမှာသုံးခဲ့တာလည်းဖြစ်နိုင်တယ် ငါတို့ရဲ့ စီးပွါးရေး အခြေအနေက သိပ်မကောင်းတော့ ငါက ပိုက်ဆံအများကြီးမရှာနိုင်ဘူး အာ...မင်ကျန်း ငါ့ရဲ့ မင်ကျန်းလေး သူ့မှာခက်ခဲနေခဲ့ရတာပဲ”


ကျိုးကျွမ်က စကားများများပြောလေ ပိုပိုပြီးဝမ်းနည်းလာလေ ဖြစ်နေသည်။ သူမက သူမရဲ့မျက်နှာပေါ်ကို လက်ဖြင့်အုပ်ပြီး စ၍ ငိုကျွေးတော့သည်။


ဘေးမှ ဖြတ်သွားကြသော အိမ်နီးနားချင်းများက သူမကိုစပ်စပ်စုစု ကြည့်နေကြသည်။


သူမငိုတာကိုတွေ့လိုက်ရသောအခါ ရှုနဉ်ခေါင်းကိုက်လာသလိုပင်ခံစားလိုက်ရသည်။ရှုနဉ်က ပြောလိုက်သည်။


“အတန်းပိုင်ဆရာမက ပြောတယ် ငွေကြေးချို့တဲ့ တဲ့ကျောင်းသားတွေအတွက် ငွေကြေးထောက်ပံ့ပေးချင်တဲ့ သူတွေရှိတယ် မထင်မှတ်ဘဲ သူတို့က ယင်းမင်ကျန်းကို သဘောကျသွားပြီးထောက်ပံ့ငွေကိုလက်ခံဖို့ ဆန္ဒရှိလားလို့ သိချင်နေတယ်။”


ကျိုးကျွမ်က သူမရဲ့မျက်ရည်တွေကို သုတ်လိုက်ပြီး ပျော်ရွှင်စွာ တုံ့ပြန်လာသည်။


“အခုလိုအရာမျိုးလဲ ရှိသေးတာလား ဒါပေါ့ ဒါပေါ့ ငါတို့ဆန္ဒရှိတာပေါ့။”


ရှုနဉ်က အမူအယာကင်းကင်းမဲ့စွာဖြင့် “ကျွန်တော်က ကျွန်တော်တို့အတန်းရဲ့ ထောက်ပံ့ငွေနဲ့ပတ်သတ်ပြီးတာဝန်ရှိတဲ့သူပါထောက်ပံ့ငွေနဲ့ပါတ်သတ်တဲ့အရာအားလုံးကို ကျွန်တော်ကနေတဆင့် စီစဉ်ပေးမှာပါ ကျွန်တော့်ကို အန်တီ့ရဲ့ဖုန်းနံပါတ်ပေးပါ”


ကျိုးကျွမ်က သူ့ကို မဝံ့မရဲ စိုက်ကြည့်လာသည်။


ရှုနဉ်က မျက်လုံးလှန်လိုက်မိပြီး “အန်တီက အန်တီ့ရဲ့ဖုန်းနံပါတ် ဒါမှမဟုတ် တစ်ခုခုကို ကျွန်တော် လိုချင်နေတာလို့ တကယ်ကြီးထင်နေတာလား”


အရှက်တကွဲဖြစ်ပြီးနောက် ကျိုးကျွမ်က သူ့ကို သူမရဲ့ဖုန်းနံပါတ် ပေးလိုက်သည်။


ရှုနဉ်က သူ့မှာရှိသည့် ယွမ်တစ်ရာတန်နှစ်ရွက်ကို သူမအားလှမ်းပေးလိုက်သည်။သူမ လက်မှတ်ထိုးရန်အတွက် ဖြတ်ပိုင်းစာရွက်တစ်ခုကိုလည်း ပေးလိုက်သည်။


ဖြတ်ပိုင်းစာရွက်ပေါ်တွင်ရေးသားသည်က :: ယင်းမင်ကျန်း၏အုပ်ထိန်းသူ ကျိုးကျွမ်က ထောက်ပံ့ငွေ ယွမ်နှစ်ရာကို လက်ခံရရှိသည်။ 


ကျိုးကျွမ်က စိတ်ပျက်သွားပြီး “ယွမ်နှစ်ရာထဲလား”ဟုမေးလာသည်။


ရှုနဉ်က “ဒါက သူ့ရဲ့နေ့လည်စာအတွက် ပိုက်ဆံပဲ တစ်ကြိမ်ကို ယွမ်နှစ်ရာပဲ ကျွန်တော် ထုတ်ပေးလို့ရတယ် မြန်မြန်လေး လက်မှတ်ထိုးပါ”ဟု ပြန်ဖြေလိုက်၏။


အကယ်၍ သူသာသူတို့ကို အများအပြားပေးခဲ့မိလျှင် ထိုပိုက်ဆံအကုန်လုံးက ကျိုးကျွမ်နှင့် ယင်းချန်းတို့၏ အိတ်ကပ်ထဲ၌သာအဆုံးသတ်သွားလိမ့်မည်။


ကျိုးကျွမ်က “အိုး” ဟုရေရွတ်လိုက်ပြီး ဘောပင်ကို ယူလိုက်ကာ သူမနာမည် ကိုဂရုတစိုက်ရေးထိုးလိုက်သည်။


ဖြတ်ပိုင်းစာရွက်၏ရည်ရွယ်ချက်က အလွန်ပင်ရိုးရှင်းသည်။ရှုနဉ်က ပိုက်ဆံများကို ကျိုးကျွမ်က သူမကိုယ်သူမအတွက် ယူထားလိုက်မည်ကို စိတ်ပူသောကြောင့်ဖြစ်သည်။ ယခုနည်းလမ်းနှင့်ဆိုလျှင် သူမ မလုပ်သင့်သည့်အရာတစ်ခုခုကို မလုပ်ခင် နှစ်ခါထပ်၍ စဉ်းစားမိစေနိုင်ရန်ဖြစ်သည်။


“ထောက်ပံ့ပေးသူတွေက ကျွန်တော့်ဆီကို ထောက်ပံ့ငွေပေးဖို့အတွက် ပုံမှန်လာကြလိမ့်မယ် ကျွန်တော်က ယင်းမင်ကျန်းရဲ့ထိုင်ခုံဖော်ဆိုတော့ သူ့ကို အခြေအနေတွေပြောပြရလိမ့်မယ် တခြားအရာတွေအတွက် အန်တီ ဒီပိုက်ဆံကို သုံးမပစ်တာ သေချာမှ ဖြစ်မယ် အန်တီသာထောက်ပံ့ငွေတွေကိုအလွဲသုံးစားလုပ်ရင် ထောက်ပံ့သူတွေက ငွေပို့တာ ရပ်လိုက်လိမ့်မယ်။”


ကျိုးကျွမ်က ပြုံးပြီးပြောလိုက်သည်။


“ငါနားလည်ပါတယ် စိတ်မပူပါနဲ့ ငါအိမ်ပြန်ရောက်တာနဲ့သူ့ကိုပေးလိုက်မယ်”


“ယင်းမင်ကျန်းက မာနလဲကြီးတယ်ဆိုတော့ မစ္စကျိုး အန်တီသူ့ကို ထောက်ပံ့ငွေအကြောင်းသွားမပြောတာ အကောင်းဆုံးဖြစ်လိမ့်မယ်”


ကျိုးကျွမ်က ကျေကျေနပ်နပ်ပဲ သဘောတူလိုက်သည်။


ဒါပေါ့... သူမ သဘောတူဖို့ဆန္ဒရှိပါတယ်။ 


သူမရဲ့ကိုယ်ပိုင်ငွေ တစ်ပြားမှ မသုံးလိုက်ရဘဲ အရာအားလုံးကို အကြွေးတင် လိုက်နိုင်သည်။


(T/N- ပြောချင်တာက YMZ ကို သူတစ်ပြားမှ မကုန်ပေမဲ့ ငါပေးတာလို့ပြောပြီး သူ့အပေါ် အကြွေးတင်သွားစေတာမို့ပါ)


ရှုနဉ်က ဖြတ်ပိုင်းစာရွက်ကိုသိမ်းလိုက်ပြီး အိမ်ပြန်ဖို့ လှည့်ထွက်လာလိုက်သည်။ အိမ်ပြန်ရောက်မှပဲ သူညစာတောင်မစားရသေးတာကို သတိရသွားသည်။


သို့ပေမဲ့လည်း သူက

အတန်းဖော်တွေနှင့်အတူတူ ညစာစားမယ်လို့ မာမားချိုက်ကို လိမ်ပြီးပြီဖြစ်သည်။ မိီးဖိုချောင်ထဲက အစားသောက်တွေကြောင့် သူ့ကိုယ်သူဖော်ထုတ်မိမှာစိုး၍ အပူမပေးရဲဘဲ လောလောဆယ် သူ့ဆာလောင်မှုကိုဖြေဖျောက်ဖို့အတွက် ထမင်းခြောက်ကြော် နဲနဲကိုသာ ယူစားလိုက်တော့သည်။


_____