အပိုင်း ၉
Viewers 11k

Chapter 9

လှောင်ပြုံး


_____



နောက်တစ်နေ့တွင် ရှုနဉ် စာသင်ခန်းတွင်းသို့ မဝင်မီ စာသင်ခန်း၏ အနောက်တံခါးနားတွင် ဝန်းရံနေသော တခြားအတန်းမှ မိန်းကလေး အဖွဲ့ကို သူတွေ့လိုက်ရသည်။သူတို့က စိတ်လှုပ်ရှားစွာဖြင့် အခန်းတွင်းဘက်ကို ကောင်းကောင်းမြင်နိုင်ရန် လည်ပင်းများကိုမော့၍ ကြည့်နေကြသည်။ 


ရှုနဉ် စိတ်ရှုပ်ထွေးသွားပြီး အရှေ့တံခါးမှ ဖြတ်၍ စာသင်ခန်းအတွင်းသို့ဝင်လိုက်သည်။ အခန်းတွင်းသိူ့ရောက်သောအခါတွင်လည်း သူ့အတန်းဖော်များက နောက်ဆုံးအတန်းဘက်သို့ တိတ်တဆိတ်ချောင်းကြည့်နေကြတာကို သူတွေ့လိုက်ရသည်။


သူတို့ကြည့်ရာဘက်သို့ လိုက်ကြည့်ပြီး နောက်ဆုံးတွင် သူတို့ ဘယ်သူကို အာရုံစိုက်နေကြသလဲဆိုတာကို ရှုနင် သိသွား၏။


နောက်ဆုံးအတန်း၌ ဆံပင်အတိုနှင့် ချောမောသန့်ရှင်းသော ကောင်လေးတစ်ယောက်ထိုင်နေသည်။ အရင်က သူ့အဝါရောင်ဆေးဆို့ထားသည့်ဆံပင်တွေက အရမ်းရှည်နေပြီး အရင်းရှိ ဆံပင်များကလဲ ထွက်နေသောကြောင့် အရောင်မညီမညာဖြစ်ကာ ရှုပ်ထွေးပြီး ဆွဲဆောင်မှုမရှိသလို ဖြစ်နေသည်။ယခုမူ အဝါရောင်ဆံပင်အားလုံးကို ညှပ်ချလိုက်ပြီး ဆံပင်အမဲများသာ ကျန်တော့သည်။ သူက လုံးဝကို တခြားသူတစ်ယောက်နှင့်တူနေသည်။


သူ့ရဲ့ စိတ်တိုချင်စရာရုပ်ဆိုးတဲ့ အဝါရောင်ဆံပင်တွေ မရှိတော့သောအခါ ဗီလိန်လေးရဲ့ ချောမောလှပတဲ့ မျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းပဲ အားလုံးမြင်တွေ့သွားရသည်။


သူ့နှုတ်ခမ်းတွေက နီရဲပြီး သွားလေးတွေကလဲ ဖြူသည်။ သူ့မျက်နှာသွင်ပြင်ကလည်း ကဗျာဆန်ပြီး ဆွဲဆောင်မှုရှိသည်။


သူ့မှာ ရုပ်ဆိုးတဲ့ နေရာ တစ်ခုလေးတောင်မှ ရှိမနေဘူး။


သူက လတ်တလောတွင် စာအုပ်တစ်အုပ်ကို ငုံ့ကြည့်နေသည်။သူ့ရဲ့ ရှည်လျားသည့် အနက်ရောင်မျက်တောင်များက လိပ်ပြာတောင်ပံများကဲ့သို့ လှုပ်ခတ်နေသည်။


သူ့အသားအရေကလည်း ကျောက်စိမ်းကဲ့သို့ဖြူ၏။


ထိုအချိန်မှာပဲ ရှုနဉ်၏ စိတ်အတွင်းသို့ ဖြတ်ဝင်လာသည့် ပထမဆုံးအတွေးမှာ - ဗီလိန်လေးက အသားဖြူလာတာက သူ့ရဲ့ရွှေရောင်ဆံပင်ကြောင့် မဟုတ်ဘူး...သူက သဘာဝအတိုင်းကို အသားဖြူတာပဲ။ 


ရှုနဉ်က ဗီလိန်လေး၏ နဘေးရှိ သူ့ထိုင်ခုံနေရာသို့လျှောက်သွားပြီး ထိုင်လိုက်သောကြောင့် အနီးအနားရှိ မိန်းကလေးများ ကို နောက်ထပ် မှင်သက် သွားစေသည်။


ပုံစံမတူပေမဲ့ ချောမောတဲ့ကောင်လေးနှစ်ယောက်ရဲ့ပုံရိပ်က ကြည့်ရှုသူတွေကို အရမ်း နှစ်ထောင်းအားရဖြစ်စေသည်။တစ်ယောက်က ရွှေရောင်ဆံပင်နှင့် နွေးထွေး၊ချောမောပြီး သက်ဝင်တောက်ပ တဲ့လေထုကိုသယ်ဆောင်ပေးသည်။နောက်တစ်ယောက်မှာမူ အနက်ရောင်ဆံပင်၊အနက်ရောင်မျက်လုံးတွေနှင့် ရင်သပ်ရှုမောဖွယ် မျက်နှာလေးရှိသည်။သူက ဒရမ်မာတွေထဲက မင်းသားလေးလိုပဲ တော်ဝင်ဆန်၊ကျက်သရေရှိပြီး လတ်ဆတ်သန့်ရှင်းသည်။


သူတို့ထဲက တစ်ယောက်ယောက်ကိုသာ ရနိုင်ခဲ့မယ်ဆိုရင် ဖြင့် 


အားးး!!!! 


7 တန်း အခန်း3 ရဲ့ စာသင်ခန်းထဲမှာ ပန်းရောင်ပူဖောင်းလေးတွေ ပျံဝဲနေကြသည်။


အလယ်တန်းအရွယ်သည် မိန်းကလေးများအတွက်တော့ တုံးအပြီးစိတ်ကူးယဉ် မှုများပြည့်နေတတ်သည့် ကာလဖြစ်သည်။သူတို့က ပုံကြီးချဲ့ထားသည့် ကျောင်းတွင်းဒရမ်မာဇာတ်ကားများကို ကြည့်ရတာကြိုက်ပြီး ချောမောသည့်ကောင်လေးများကိုတွေ့သည့်အခါတိုင်း စိတ်ကူးယဉ်တတ်ကြ၏။


ရှုနဉ်က ထိုမိန်းကလေးများအားလုံးက ဗီလိန်လေးကိုကြည့်ရန် လာကြတာဟု ထင်လိုက်သည်။


ရှုနဉ်က ဗီလိန်လေးက ချောမောမှန်း သိသော်လည်း ဆံပင်ပုံစံပြောင်းလိုက်ခြင်းကြောင့် ထိုမျှကြီးမားသည့်သက်ရောက်မှုဖြစ်လာမည်ဟု သူမထင်ထားခဲ့ချေ။


ဆံပင်ပုံစံက လူတစ်ယောက်၏အသွင်အပြင်အပေါ် များစွာ သက်ရောက်မှုရှိကြောင်း သူကြားဖူးခဲ့သော်လည်း ၎င်းကို သူမယုံကြည့်ခဲ့ပေ။ယခုမူ သူ့မျက်လုံးနှင့်ကိုယ်တိုင်တွေ့လိုက်ရသောအခါမှ သူသဘောတူလက်ခံသွားသည်။


ဗီလိန်လေး၏ဆံပင်ပုံစံအသစ်နှင့် ပါတ်သတ်၍ ရှုနက်ထက် ပျော်နေမည့်သူ တစ်ဦးမှ ရှိနိုင်မည်မဟုတ်ပေ။


ဗီလိန်လေး၏ ဆံပင်ပုံစံပြောင်းရန် မည်သို့ စည်းရုံးရမလဲဟု သူ့ဦးနှောက်ခြောက်မတတ် စဉ်းစားခဲ့ရသော်လည်း ယခုတော့ ဗီလိန်လေးက ကြို၍ သူ့ဆံပင်ကိုညှပ်လိုက်ပြီဖြစ်သည်။


ရှုနဉ်က သူ့ဆံပင်ကိုရွှေရောင်ဆိုးလိုက်သောကြောင့် ဗီလိန်လေးက သူ့ဆံပင်ကိုညှပ်လိုက်မှန်း သိသာလှသည်။ဤသည်ကပင် ဗီလိန်လေးအား ကိုက်တွယ်ဖြေရှင်းရမည့်နည်း ဖြစ်မှန်း ရှုနဥ် သဘောပေါက်သွားတော့သည်။သူသာ ဗီလိန်လေးကို တစ်ခုခု မလုပ်စေချင်လျှင် သူလုပ်သည့်အတိုင်း လိုက်လုပ်ရမည် ဖြစ်သည်။


ကျောင်းတက်ခေါင်းလောင်းထိုးသည်အထိ မိန်းကလေးများက စာသင်ခန်း အပြင်ဘက် ပါတ်ပါတ်လည်တွင် ကျောက်ချနေကြသည်။


ရှုနဉ်က ဗီလိန်လေးကို တိတ်တဆိတ်ချောင်းကြည့်လိုက်သည်။ဗီလိန်လေးက သူ့အကြည့်ကို သတိထားမိသွားပြီး သူတို့နှစ်ယောက်ကြားတွင် စည်းခြားထားသည့် ဖတ်စာအုပ်ပုံကို ကျော်၍ အေးစက်စွာ ပြန်ကြည့်သည်။


ရှုနဉ်က အမြန်ပဲ ခေါင်းလှည့်လိုက်ပြီး ဗီလိန်လေး အကြည့်လွှဲမည့်အချိန်ကို စောက့်နေလိုက်သည်။ထို့နောက် သူထပ်ပြီး တိတ်တဆိတ် ချောင်းကြည့်လိုက်ပြန်သည်။


အတန်းချိန် အများစုမှာ သူ ထိုကဲ့သို့သာ ဆက်လုပ်နေမိသည်။


အတန်းပြီးသွားချိန်တွင်တော့ ဗီလိန်လေးရဲ့ဒေါသက ပေါက်ကွဲထွက်လာသည်။သူက ခြေထောက်တစ်ချောင်းကို ချဲလိုက်ပြီး စတင်လှုပ်ယမ်းလိုက်သည်။သူ့ရဲ့ မေးစိကို မော့၍ သထွေး ထွေးလိုက်သည်။


“ မင်းဘာကို ကြည့်နေတယ်လို့ ထင်နေတာလဲ”


 ရှုနဉ်က ပုံစံ တစ်ခုကို သတိပြုမိသွားသည်။ဗီလိန်းလေးက သူ တစ်စုံတစ်ယောက်ကို ခြိမ်းခြောက်သည့်အခါ ဒါမှမဟုတ် ခြောက်လှန့်လိုသည့်အခါတိုင်း ခြေထောက်တွေကို ချဲလိုက်ပြီး လှုပ်ယမ်းသည့်ပုံစံမျိုးကို အမြဲတမ်းလုပ်လေ့ရှိသည်။


ထိုအပြုအမူက ရမ်းကားပြီး အနည်းငယ် မိုက်တိမိုက်ကမ်းဖြစ်သည်။ ထိုအပြုအမူမျိုးကို ဗီလိန်လေးက ဘယ်နေရာမှ သင်ယူခဲ့သလဲဆိုတာ ရှုနဉ် မစဉ်းစားနိုင်ပေ။ဗီလိန်လေးက ထိုအမူအယာက အရမ်းမိုက်ပြီးခြိမ်းခြောက်နိုင်သည်ဟု ထင်သောကြောင့် သူက ထိုအမူအယာကို စိတ်ပါလက်ပါလေ့ကျင့်ခဲ့ခြင်း ဖြစ်လိမ့်မည်။


ရှုနဉ်က သူ့ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ တွေးထားပြီးပြီဖြစ်လို့ သူ့ကို စိတ်ပျက်မသွားပေ။ထို့အစား သူက ဗီလိန်လေးရဲ့ အမူအယာအတိုင်း ကောက်ကျစ်တဲ့ *chuuni ပုံစံအပြုံး ကို လိုက်လုပ်လိုက်သည်။


ရှုနဉ်ရဲ့ ထိုကဲ့သို့အပြုံးမျိုးက တခြားလူတွေသာမြင်ပါက memes အလုပ်ခံရလောက်၏။ 


(T/N- chuuni ဆိုတာက လူငယ်တွေက ခပ်မိုက်မိုက်ဖြစ်အောင် တမင်တကာကြိုးစားနေတဲ့ပုံစံမျိုးကို ပြောချင်တာပါ) 


သူက သူ့ရဲ့ညာဘက်ခြေထောက်ကို ချဲလိုက်ပြီး စတင်လှုပ်ယမ်းလိုက်သည်။


သူ့ရဲ့ခြေထောက်တွေကို လှုပ်နေတုန်းမှာပဲ ရှုနဉ်က သူ့ရဲ့ပုံစံက ဘယ်လိုဖြစ်နေမလဲဆိုတာကို တွေးမိပြီး သူထုတ်တောက် ရယ်မိတော့မလိုဖြစ်လာသည်။ 


ဟဟဟဟဟ...


ရလဒ်အနေနဲ့ကတော့ သူတို့နှစ်ယောက်စလုံးရဲ့ စားပွဲနဲ့ ထိုင်ခုံတွေ လှုပ်ယမ်းလာတာပါပဲ....


 ကလစ် !! ကလစ်!! ကလစ်!!


ဗီလိန်လေးက တခဏတာ ကြက်သေသေသွားသည်။ပြီးနောက် သူက သူ့ရဲ့ မျက်ခုံးတွေကိုပင့်ပြီး သူ့ကို စိုက်ကြည့်လာသည်။


ရှုနဉ်ကလဲ သူ့လည်ပင်းကိုမော့ပြီး ခြေထောက်တွေကိုလှုပ်ယမ်းကာ အရူးတစ်ယောက်လိုပြုမူနေလိုက်သည်။


ဗီလိန်လေး - ...


သူဒါကို ဘယ်လို သည်းခံရမလဲ။


သူ့ရဲ့တုန်လှုပ်ခြောက်ချားဖွယ်ရာအမူအရာကို ကူးယူတာခံရတော့ အရွယ်မရောက်သေးတဲ့ကောင်ငယ်လေးက သူ့ ဂုဏ်သိက္ခာအတွက် ဘယ်လိုမှ သည်းခံမပေးနိုင်တော့ပေ။ 


ဗီလိန်လေးက သူ့ခြေထောက်တွေကို မြေပြင်ပေါ်သို့ ဆောင့်ချလိုက်ပြီး ပြင်းပြင်းထန်ထန်လှုပ်ယမ်းတော့သည်။ကွန်ကရစ်ကြမ်းပြင်ပေါ်မှာ သူတို့ရဲ့ ခြေသံတွေ ထွက်ပေါ်လာပြီး ထိုင်ခုံနှင့်စားပွဲတွေလည်း တ၀ုန်း၀ုန်းအသံတွေမြည်လာ၏။


အရမ်းမိုက်တယ် ပေါ့လေ...ဟမ့်...


မင်းအခု မရယ်နိုင်တော့ဘူး မဟုတ်လား...။


ရှုနဉ်ကလဲ သူ့ခြေထောက်တွေကို ပြင်းပြင်းထန်ထန် လှုပ်လိုက်သည်။သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်စောင့်ကြည့်ရင်း အရူးလို ကြမ်းပြင်ပေါ်သို့ ခြေထောက်များဆောင့်ချနေကြသည်။


ယင်းက ထူးဆန်းတာထက်ကို ပိုထူးဆန်းနေသည်။ 


ထို မငြိမ်မသက်မှုက အတန်းတစ်ခုလုံးရဲ့အာရုံကို ဆွဲဆောင်မိသွားသည်။သူတို့နှစ်ယောက် ဘာတွေဖြစ်နေလဲဆိုတာကို တိတိကျကျ သိရဖို့အတွက် အနောက်ဘက်ကို ထပ်ခါ ထပ်ခါ လှည့်ကြည့်နေကြသည်။ 


ချိန်ရှောင်ယွီက နှစ်ယောက်စလုံးနှင့် ဆက်ဆံရေးကောင်းသည်။စောင့်ကြည့်နေကြတဲ့ သူတို့အတန်းဖော်တွေရဲ့မျက်လုံးအောက်မှာပဲ သူမက သူတို့ဆီလျှောက်လာပြီး ညင်ညက်သာသာမေးလိုက်သည်။ 


“ရှုနဉ် ယင်းမင်ကျန်း နင်တို့ခြေထောက်တွေ လှုပ်နေတာ ရပ်လို့ရမလား”


သူတို့နှစ်ယောက်စလုံးက သူမကို လျစ်လျူရှုလိုက်သည်။


ဗီလိန်လေးရဲ့ Chuuni စိတ်ဝိဉာဏ်က အပြင်းအထန် ဒေါသထွက်နေသည်။


ရှုနဉ်ကသာ သူ့ကို ဖိနှိပ်ချင်နေတာဆိုရင် သူက ပြန်ပြီးထိပ်တိုက်ရင်ဆိုင်မှရလိမ့်မည်။


သူတို့နှစ်ယောက်က Wuxia ဝတ္ထုထဲရှိ သိုင်းပညာရှင်များ ယှဉ်ပြိုင်နေသကဲ့သို့ပင်ဖြစ်နေသည်။ တားမြစ်မြို့တော်ထဲသို့ ရောက်သွားပြီးနောက် သူတို့မျက်လုံးထဲ၌ သူတို့၏ ခြေထောက်တုန်ခါခြင်းစွမ်းရည် တစ်ခုသာ ရှိတော့သည်။


ရှုနဉ်က တကယ့်ကို ရယ်ချင်နေပေမဲ့ သူ့မျက်နှာပေါ်က လှောင်ပြုံးကို ထိန်းထားနိုင်လိုက်သည်။သူနှင့်ဗီလိန်လေးတို့က စိုက်ကြည့်ခြင်းပြိုင်ပွဲကို ဆက်လက် ပြုလုပ်နေကြ၏။


ကျွမ်းကျင်သူတွေကြားက အရှိန်အဝါက ပြင်းထန်လွန်နေတာကြောင့် ဖြစ်နိုင်သည်။ဘယ်သူမှ မသိလိုက်သေးခင်မှာပဲ စာသင်ခန်းတစ်ခုလုံး လုံးဝတိတ်ဆိတ်သွားသည်။လူတိုင်းလိုလိုက အသက်ရှုတောင်အောင့်ပြီး စောင့်ကြည့်နေမိကြသည်။


ဘယ်သူကမှ သူတို့ဘာကို စောင့်ကြည့်နေမိတယ်ဆိုတာ သေချာဂဂဏဏ မသိပေမဲ့လဲပေါ့လေ...


သို့ပေမဲ့လည်း တချို့ တချို့သောအကြောင်းပြချက်တွေကြောင့် သူတို့သာ အသံထွက်မိသွားရင် ထိုနှစ်ယောက်ကို အနှောင့်အယှက်ပေးမိသွားလိမ့်မယ်လို့ ခံစားလိုက်ရသည်။


ရှုနဉ်ကတော့ ဗီလိန်လေးနှင့် ထိုသို့ ကြောင်တောင်တောင်ထိပ်တိုက်ရင်ဆိုင်မှုမျိုး လုပ်နေရင်းမှ သူတွေးလိုက်မိသည်က နောက်ခံတေးဂီတသာ ပါလာပါက ပို၍ပင် မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ပြီးပြည့်စုံသွားပေလိမ့်မည် ဟုပင်။


သူ့စိတ်ထဲကို ထိုအတွေးဝင်လာသည့်အချိန်မှာပဲ အတန်းဖော်တစ်ယောက်ရဲ့ ဖုန်းသံမြည်လာခဲ့သည်။ ဖုန်းမြည်သံက ယခုလတ်တလောခေတ်စားနေသည့် စိတ်ကူးယဉ် တီဗွီဇာတ်လမ်းတစ်ခုရဲ့ ဇာတ်ဝင်တေးဖြစ်သည်။သီချင်းသံက ရိုးစင်း၊ခန့်ညားပြီး စိတ်တုန်လှုပ်စေအောင်ထိချက်ပြင်း၏။


သီချင်းသံက ထိုအခြေအနေကို အထွတ်အထိပ်သို့ရောက်သွားစေသည်။ထိုဟာက အဆုံးသတ်တိုက်ပွဲရဲ့နောက်ဆုံးသောအခိုက်အတန့်ကို ရောက်ရှိသွားသကဲ့သို့ပင်။


ထပ်ထွက်လာသည့်အသံတစ်ခု မတိုင်ခင်အထိ...


“ဟယ်လို မား...အဖွားက ဒီမှာလား...အိုး...ဟုတ်ကဲ့ “


ဖုန်းမြည်သံက နှောင့်ယှက်၍အပြီးမှာ အခန်းထဲတွင် ကောင်လေးတစ်ယောက်၏အသံထွက်လာသည်။


ထို နှောင့်ယှက်မှုအပြီးမှာတော့ လူတိုင်းက အာရုံပြန်ရလာပြီး တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်လက်ပျက် ကြည့်လိုက်မိသည်။


အခုလေးတင်ပဲ သူတို့ဘာတွေလုပ်လိုက်မိတာလဲ...။


စာသင်ခန်းထဲရှိကျောင်းသားအားလုံး လက်တွေ့ဘဝထဲသို့ ပြန်ရောက်လာပုံရသည်။လူတိုင်းက သူတို့လုပ်လက်စအရာများကို ပြန်လုပ်နေကြသည်။ အိမ်စာလုပ်နေသည့်လူတွေက အိမ်စာပြန်လုပ်၊စကားပြောနေသည့်သူများက စကားပြန်ဆက်ပြော၊ ဂိမ်းဆော့နေသည့်သူများက ဂိမ်းပြန်ဆော့ကြ၏။


ထိုနှောင့်ယှက်မှုက အခြေအနေကို ထိန်းညှိပေးလိုက်ပုံရသည်။


ဗီလိန်လေးက ရုတ်တရက် ခြေထောက်လှုပ်ယမ်းတာကို ရပ်လိုက်ပြီး “ငါ့လိုလိုက်မလုပ်နဲ့”ဟု ရှုနဉ်ကိုပြောလိုက်သည်။


ထို့နောက် သူက ကုလားထိုင်ကို ခပ်ကြမ်းကြမ်းဆွဲဖယ်ပြီး ထိုင်ချလိုက်သည်။ထိုသို့ ကြီးမားသည့်လှုပ်ရှားမှုက ဗီလိန်လေး၏နှလုံးသားထဲမှ ဒေါသကို လူသိရှင်ကြား ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသလိုက်ပုံရသည်။


သူ အနိုင်ရလိုက်ပြီ...။


ရှုနဥ် တစ်ကိုယ်လုံး သက်တောင့်သက်သာဖြစ်သွားသလို ခံစားလိုက်ရသည်။လနှင့် ချီပြီး လုပ်ခဲ့ရသည့် သိပ္ပံကိုးကားချက်ညွှန်းကိန်းကို စာအုပ်ထုတ်ဝေလိုက်ရသည့်ခံစားချက်နှင့်တူသည်။သို့မဟုတ် စမ်းသပ်ချက်တွေဆက်တိုက်လုပ်ပြီး နတ်ဆိုးကိုအနိုင်ယူ ၊မင်းသမီးလေးကို ကယ်တင်လိုက်နိုင်သည့် စစ်သည်တော်တစ်ယောက်ရဲ့ခံစားချက်မျိုးလဲ ဖြစ်နိုင်သည်။


“ငါမင်းကို အတုမခိုးပါဘူး ငါ ဒါကို တီဗွီထဲကနေ သင်ခဲ့တာ” ရှုနဉ်က မျက်နှာပြောင်ပြောင်ဖြင့်ဆိုလိုက်သည်။


ဗီလိန်လေးက ခဏလောက် အံအားသင့်သွားသည်။ 


ထို့နောက် သူ မယုံသင်္ကာဖြင့် မေးလိုက်သည်။ “မင်းလဲ (မဟာဩဂတ် ) ကြည့်တာလား”


ဤတစ်ကြိမ်ကတော့ ရှုနဉ်အံ့အားသင့်ရသည့်အလှည့်ဖြစ်သည်။


ခဏ...သူဘာပြောလိုက်တာလဲ။


သူကအရင်စပြီး ရှုနဉ်ကိုစကားပြောမိလိုက်တယ်ဆိုတာကို ဗီလိန်လေး သတိရသွားသည်။ယင်းက သူ့စရိုက်နှင့်အရမ်းကွဲထွက်နေသည်။


ထို့ကြောင့် သူတုန်လှုပ်သွားပြီး သူ့ခေါင်းကို တဖက် လှည့်လိုက်သည်။ထို့နောက် စာအုပ်တစ်အုပ်ကို စားပွဲပေါ်သို့ခပ်ကြမ်းကြမ်း ပစ်တင်လိုက်ပြီး ဖတ်ချင်ယောင်ဆောင်လိုက်သည်။


ရှူနဉ်ရဲ့ အာရုံက “မဟာဩဂတ် “ဆီကို အာရုံစိုက်နေဆဲဖြစ်တာကြောင့် သူ့ဖုန်းထဲက Search Barကိုဖွင့်လိုက်သည်။ အရင်ဆုံးပေါ်ထွက်လာသည့်အကြောင်းအရာက တီဗွီဇာတ်လမ်းတွဲ၏ အကျဉ်းချုပ်ဖြစ်သည်။


အတန်းခေါင်းလောင်းမြည်ပြီး အင်္ဂလိပ်ဆရာမ စာသင်ခန်းထဲသို့ဝင်လာသည်။ရှုနဉ်က ဆရာမကို စိတ်မပါလက်မပါနှုတ်ဆက်လိုက်သည်။


ပြန်ထိုင်လိုက်ပြီးနောက် သူ့ဖုန်းကို စားပွဲခုံအောက်၌ဖွက်၍ “မဟာဩဂတ်”ကိုဆက်ကြည့်နေလိုက်သည်။


ရှုနဉ်က အမိုက်စား ပရိုမိုးရှင်းဓါတ်ပုံများနှင့် 2000ခုနှစ်ရဲ့ ခပ်ဆိုးဆိုးဆံပင်ပုံစံများကို တွေ့သည်နှင့် ဘယ်လိုဇာတ်လမ်းအမျိုးအစားဖြစ်မှန်း သိလိုက်ရပြီဖြစ်သည်။ရှူနဉ် ယင်းကိုကြည့်ဖို့အတွက် သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားလိုက်သည်။


“မဟာဩဂတ်”က နံမည်တူ စိတ်ကူးယဉ်ဝတ္ထုကို ရုပ်ရှင်အဖြစ် ဖန်တီးထားခြင်းဖြစ်သည်။ XX စတူရီယိုမှ ထုတ်လုပ်ပြီး ကျယ်ပြန့်သည့် တိုက်ပွဲများ နှင့် လှပသည့် ရှုခင်းများ ပါဝင်သည်။ဇာတ်ကြောင်းအရဆိုလျှင် ထိုဇာတ်လမ်း၏ဇာတ်လိုက်မင်းသားမှာ “မဟာဩဂတ်”ငယ်လေးဖြစ်သည်။သူက နတ်ဆိုးဘုရင်ရဲ့ဖမ်းဆီးအကျဉ်းချခံထားရသောမိခင်ကို ကယ်တင်ရန်အတွက် ကျင့်ကြံဖို့အစွမ်းကုန်ကြိုးစားခဲ့သည်။နောက်ဆုံးတွင် သူ့သူငယ်ချင်းများ၏ အကူအညီဖြင့် နတ်ဆိုးဘုရင်ကို အနိုင်ယူခဲ့ပြီး သူ့အမေကို ကယ်တင်နိုင်ခဲ့သည်။သို့သော် ထိုအချိန်၌တွင်ပဲ နတ်ဆိုးဘုရင်က သူ့အဖေအရင်းဖြစ်နေသည်ကို သူရှာတွေ့ခဲ့သည်။ 


ဩဂတ်က ဘယ်လိုများဆက်လုပ်ရတော့မ

လဲ...။


အာ ဟုတ်ပြီလေ...အကျဉ်းချုပ်ကတော့ အဆင်ပြေပါတယ်။


ရှုနဉ်က ဇာတ်လမ်း အကြောင်းကို ဆက်ပြီးစပ်စုချင်သေးသောကြောင့် သူ့ဖုန်းကို အသံပိတ်လိုက်ပြီး ပထမပိုင်းကို ဖွင့်ကြည့်လိုက်သည်။