အပိုင်း ၂၅
Viewers 9k

Chapter 25

မင်းသက်သာလာမှဖြစ်မယ်


__

သူ့အသံက အနည်းငယ် ကျယ်လာခဲ့သည်။ ပတ်ပတ်လည်တွင် လူနာများစွာရှိနေပြီး သူတို့ကိုကြည့်လာကြသည်။ 


လူအုပ်ကြီးက ကျိုးကျွမ်ကို စိတ်မသက်မသာဖြစ်စေသည်။ သူမက မသိမသာ ယင်းချန်း၏အင်္ကျီကို ဆောင့်ဆွဲလိုက်သည်။


ယင်းချန်းက သူမလက်ကိုဖယ်ပြီး ရှုနဉ်ကို အန္တရာယ်ပြုမည့်ဟန်ဖြင့် စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ 


“သူက ငါ့ကို အရင်ရိုက်တာ ငါက ပြန်တိုက်ခိုက်ရုံပဲရှိတာ သူက သေလောက်အောင် အရိုက်ခံရသင့်တာ အဲဒီခွေးကောင်လေးက”


ရှုနဉ်က ထိတ်လန့်သွားရသည်။


ယင်းချန်းက ဘေးနားက လူများကိုအော်ပြောလိုက်သည်။ “သူအရင်စလို့ ငါလက်တုံ့ပြန်တာ သူသေရင်တောင်မှ ငါနဲ့ဘာမှမဆိုင်ဘူး”


“သူက ခင်ဗျားသားလေ ဘယ်လိုတောင် သူ့ကို ဒီလိုပြောရက်ရတာလဲ” ရှုနဉ်က ဒေါသထွက်နေခဲ့သည်။ 


“ခင်ဗျားအရင်စတယ်ဆိုတာ အသိသာကြီး”


“ဘယ်မှာလဲ သက်သေ မင်းမှာ သက်သေရှိလို့လား” ယင်းချန်းက လက်ဖြန့်ပြပြီး ရှက်စရာကောင်းအောင် ပြုမူနေသည်။ 


“ငါတို့ သူ့ကို အခုထိ မွေးမြူခဲ့တဲ့အပိုင်းက ပြီးပြီ အခုကျမှ သူ့အတွက် ယွမ်တစ်သိန်းအကုန်ခံခိုင်းနေတာလား အိပ်မက်ဆက်မက်နေလိုက်လေ”


စကားဝိုင်းတစ်ခုလုံးကြားလိုက်ရသည့် သူတို့အနားကလူတွေက အမှန်တရားကို ကြားလိုက်ရတဲ့နောက်မှာတဖြည်းဖြည်း စိတ်မချမ်းမသာဖြစ်လာကြတယ်။သူတို့က ကျိုးကျွမ်နဲ့ ယင်းချန်းကို ထောက်ပြ အပြစ်တင်နေကြသည်။


“သူတို့က ဘယ်လိုမိဘမျိုးတွေလဲ ကိုယ့်ကလေးကိုယ်တောင် ICU ရောက်အောင် ရိုက်နှက်ကြရတယ်လို့။”


“ကိုယ့်သားသမီးအရင်းမဟုတ်တဲ့ကလေးတွေကို ချစ်ဖို့ခက်တယ်ဆိုတာ တကယ့်ကိုသေချာတယ် သူတို့ သူ့ကို ကောင်းကောင်းမဆက်ဆံဘူးဆိုတာ သေချာတယ်။”


“ကျစ်...ကိုယ့်ကလေးကိုယ် ဆေးရုံရောက်အောင်လုပ်ပြီး သူတို့က ပိုက်ဆံကျတော့ မပေးချင်ကြဘူး။”


ကျိုးကျွမ်က မခံနိုင်တော့၍ယင်းချန်းကို ဆေးရုံတွင်းသို့ မြန်မြန်ဆွဲခေါ်လိုက်သည်။


“မင်ကျန်းကဘယ်မှာလဲ ငါတို့ သူ့ကိုသွားတွေ့ကြရအောင် သူ့ကိုတွေ့ပြီးမှ ငါတို့ ဆက်ပြောကြမယ်လေ။”


ရှုနဉ်က နှာခေါင်းရှုတ်လိုက်ပြီး သူတို့ကို အတွင်းလူနာဌာနသို့ခေါ်ဆောင်သွားသည်။ခွဲစိတ်ခန်းများရှိရာ 5လွှာသို ဓါတ်လှေကားဖြင့် သွားကြသည်။


သူတို့သုံးယောက် အချိန်အကြာကြီးစောင့်ခဲ့ကြရသည်။နောက်ဆုံးတွင်တော့ ခွဲစိတ်ခန်းထဲမှ ဆရာဝန် ထွက်လာသည်။ရှုနဉ်က ဆရာဝန်ဆီသို့ အလျင်စလို ပြေးသွားပြီး မေးလိုက်သည်။


“ဆရာ ယင်းမင်ကျန်းရဲ့ခွဲစိတ်မှု အခြေအနေ ဘယ်လိုဖြစ်သွားလဲ။”


ဆရာဝန်က ပြောလိုက်သည်။


“ယင်းမင်ကျန်း ဒီကိုရောက်လာနဲ့ ဆယ့်လေးနှစ်သားကောင်လေးလား။”


ရှုနဉ်ခေါင်းညိတ်လိုက်သည်။


ကျိုးကျွမ်နှင့်ယင်းချန်းတို့ကလဲ ဆရာဝန်၏အနားတွင် ဝိုင်းရပ်နေကြသည်။


ဆရာဝန်က ပြုံး၍ပြောလိုက်သည်။


“စိတ်မပူပါနဲ့ ခွဲစိတ်မှုက ချောချောမွေ့မွေ့ပါပဲ လူငယ်တွေက အနာကျက်တာ မြန်တယ်လေ ဒီတစ်ခါတော့ သူကံကောင်းသွားတယ်။”


ထိုသို့ကြားလိုက်ရသောအခါမှသာ ရှုနဉ်က သူ့ခြေထောက်များကို ဖြောင့်ဖြောင့်ရပ်နိုင်ရန် အားရှိသွားသည်။ထိုအရာက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖိထားသည့် အလေးကြီးတစ်ခု ပေါ့သွားသကဲ့သို့ပင်။သူ့လည်ချောင်းကိုပိတ်ဆို့ထားသလိုဖြစ်နေသည်ကလည်း ထွက်သွားပြီး သူ့နှလုံးသားကလည်း ယခင်ကကဲ့သို့ တင်းကျပ်မနေတော့ပေ။


ကျိုးကျွမ်ကလည်း သက်ပြင်းတစ်ချက်ချလိုက်သည်။သူက သူမရဲ့သွေးသားရင်းမဟုတ်သော်လည်း သူမ 15နှစ်လုံးလုံး ပြုစုပျိုးထောင်ခဲ့သည့် ကလေးဖြစ်နေသေးသည်။ထပ်ပေါင်းပြောရမည်ဆိုလျှင် ထိုကလေးက သူမ၏သားအရင်းနှင့် တမင်တကာလဲလှယ်ထားသည့်ကလေးဖြစ်သောကြောင့် သူ့အပေါ်၌ သူမ အပြစ်ရှိသည့်စိတ် ဖြစ်ပေါ်နေသည်။


“ဒါပေမဲ့….”ဆရာဝန်က တုံ့ဆိုင်းနေသည်။


ရှုနဉ်၏နှလုံးသားက တင်းကြပ်သွားတာကို ခံစားလိုက်ရသည်။ သူ အသက် ပင်မရှုနိုင်ဘဲ “ဘာဖြစ်လို့လဲ” ဟုမေးလိုက်သည်။


ဆရာဝန်က ဆိုသည်။


“သူ့ဦးနှောက်ထဲက သွေးခဲကိုတော့ ဖယ်ရှားပြီးသွားပြီ ဒါပေမဲ့ဒဏ်ရာဖြစ်နေတဲ့အချိန်က အရမ်းကြာနေပြီ အဲ့ဒါကြောင့်ပဲ သူနိုးလာပါ့မလား သူနိုးလာရင်ရော ဘာတွေဖြစ်မလဲဆိုတာ အတိအကျမပြောနိုင်ဘူး။”


ရှုနဉ်မျက်လုံးပြူးသွားပြီးဆရာဝန်ကို ဗလာအကြည့်ဖြင့်စိုက်ကြည့်လိုက်သည်။သူ့ပါးစပ်ကို ဟလိုက်သော်လည်း ဆက်မေးမြန်းရန် သတ္တိ သူ့မှာမရှိတော့တာကို သိလိုက်ရသည်။


ကျိုးကျွမ်က အသက်ပြင်းပြင်းရှုပြီးမေးလိုက်သည်။


“ဆရာ၊ဘာကိုဆိုလိုတာလဲ ရှင်းရှင်းလင်းလင်းပြောစမ်းပါ အခုလေးတင်ပဲ သူအဆင်ပြေတယ်လို့ပြောတယ် ပြီးတော့ ချက်ချင်းပဲ သူနိုးမလာနိုင်ဘူးလို့ပြောတယ် ရှင်က တိတိကျကျ ဘာကိုပြောချင်နေတာလဲ။”


လူနာ၏မိသားစုဝင်များနှင့် ရင်ဆိုင်ရသည့်အခါ ဆရာဝန်က ဖိအားများစွာခံရသည်။သူတို့၏တုံပြန်မှုကိုရင်ဆိုင်ရန် ဆရာဝန်က သူ့ကိုယ်သူ အားတင်းပြီးပြောလိုက်သည်။


“ဆိုလိုတာက သူက ကိုမာဝင်သွားပြီး ဘယ်တော့မှ နိုးမလာတော့တာမျိုုးလဲဖြစ်နိုင်သလို သူခဏလောက်ကြာရင်နိုးလာတာမျိုးလဲဖြစ်နိုင်ပေမဲ့ သူ့ဦးနှောက်က ထိခိုက်ထားတဲ့ဒဏ်တွေကြောင့် သေချာပေါက် ထိခိုက်မှု ရှိနိုင်သေးတယ်။”


ရှုနဉ် ရုတ်တရက်ကြီး သူ့ခြေထောက်က ကြမ်းပြင်နှင့် မထိတော့သလိုခံစားလိုက်ရသည်။သူမူးဝေပြီးမသက်မသာဖြစ်လာသည်။တယောက်ယောက်က သူ့ရင်ဘတ်ကိုတူနှင့်ထုလိုက်သလို ခံစားလိုက်ရသည်။


သူထိုနေရာမှာပဲ မေ့လဲသွားတော့မလိုပင်။


ယင်းချန်းကမေးလိုက်သည်။


“အဲ့ဒီတော့ ယင်းမင်ကျန်းက ကိုမာဝင်ရင်ဝင် မဟုတ်ရင် ငတုံး ဖြစ်သွားမယ်လို့ မင်း ပြောချင်တာလား။”


မိဘတွေက ထိုအရာကို လက်မခံနိုင်မည်ကိုဆရာဝန်ကစိတ်ပူနေခဲ့တာဖြစ်သည်။သို့ပေမဲ့ ထိုမိဘများက စိတ်အခြေအနေကောင်းနေတာကို တွေ့သောကြောင့် သူစကားကိုလှည့်ပတ်ပြောမနေတော့ပေ။ သူက ခေါင်းညိတ်ပြီးပြောလိုက်သည်။


”ဟုတ်တယ် အမှန်ပဲ။”


“ဒါဆိုလည်း ငါတို့ဘာမှစိတ်ပူနေစရာမလိုတော့ဘူး။”


ယင်းချန်းက ခပ်ကြမ်းကြမ်းပင် ပြောလိုက်သည်။


“သူက ငါတို့ကလေးလဲမဟုတ်ဘူး ဘာလို့သနားရမှာလဲ။သွားကြမယ်။”


ကျိုးကျွမ်က တွေဝေနေဆဲပင်။


ယင်းချန်းက သူမကို လက်ညှိုးထိုးပြီးပြောလိုက်သည်။


“ကျိုးကျွမ်၊မင်းရှင်းရှင်းလင်းလင်းတွေးတာပိုကောင်းတယ် သူက ကိုမာဝင်နေတဲ့သူ မင်းက သူ့ကိုဂရုစိုက်ပေးနိုင်လို့လား သူနိုးလာရင်တောင်မှသူ့ဦးနှောက်က ပျက်စီးနေနိုင်တယ်လို့ ဆရာဝန်ပြောတာ မင်းမကြားဘူးလား ငတုံးတစ်ကောင်ကိုတော့ ငါ ဂရုစိုက်ပေးမနေနိုင်ဘူး။”


ကျိုးကျွမ်၍အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။မသန်မစွမ်းသူကို ပြုစုစောင့်ရှောက်ပေးရမည့်လေးလံသည့်ဖိအားအောက်တွင် မူလက ရှိနေသေးသည့် အပြစ်ရှိသည့် ခံစားချက်က ရုတ်တရက်ကြီး အရေးမပါလိုဖြစ်လာသည်။


ဆရာဝန်က အံ့အားသင့်သွားသည်။မိဘများက ထိုသို့တုန့်ပြန်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။


“နေပါဦး လူနာက နိုးလာနိုင်ချေ တော်တော်လေးကို မြင့်နေသေးတယ် ပြီးတော့ ဦးနှောက်ဒဏ်ရာက နေ့စဉ်ဘဝ ကို မထိခိုက်တာမျိုးလဲ ဖြစ်နိုင်တယ်။”


သို့သော်လည်း ယင်းချန်းနှင်းကျိုးကျွမ်တို့က ထွက်သွားကြပြီဖြစ်သည်။


ကျိုးကျွမ်က ခွဲစိတ်ခန်းရှိရာဘက်သို့ခေါင်းလှည့်ကြည့်လိုက်သေးသည်။နောက်ဆုံးတွင်တော့ သူမခေါင်းကိုပြန်လှည့်ပြီးထွက်လာခဲ့လိုက်သည်။


ဆရာဝန် အရမ်း စိတ်ဆိုးသွားသည်။


“ဘယ်လိုမိဘမျိုးတွေရောက်လာတာလဲ သူတို့ ဆေးရုံဖိုးတွေရော ပေးခဲ့သေးလား။”


သူက ရှုနဉ်ကိုအလျင်စလိုမေးလိုက်သည်။


“ER ဆရာဝန်က မိဘတွေကို အခုပဲ ဆေးရုံဖိုးတောင်းလိုက်သင့်တယ်မဟုတ်လား ဟုတ်လား။”


ရှုနဉ်က ထုံထိုင်းစွာရပ်နေမိပြီး ပြန်ဖြေရန်အတွက် အချိန်အကြာကြီးယူလိုက်ရသည်။


“မတောင်းဘူး”


ဆရာဝန်က စိတ်ဖိစီးသွားပြီး သူ့ခေါင်းနောက်ကို လက်ဖြင့်ပွတ်လိုက်သည်။


“ဘာမှမရဘဲနဲ့ ငါအလုပ်လဲ လုပ်ရသေးတယ် ဘောနပ်ပါအနုတ်ခံရတော့မှာပဲ။”


လူနာက ပိုက်ဆံမရှင်းသည့် အခါတိုင်း ဆရာဝန်နှင့်သူနာပြုများက အကျိုးဆက်ကို ရင်ဆိုင်ကြရမည်ဖြစ်သည်။


သေဆုံးသွားသူများကို ကူညီပြီး ဒဏ်ရာရသူများကို ကုသပေးခြင်းက ခက်ခဲပင်ပန်းသည့်အလုပ်ဖြစ်သည်။အကြီးစားခွဲစိတ်မှုတစ်ခုကပင် အလွန်စျေးကြီးသည်။ယွမ်တစ်သောင်း (သို့မဟုတ်)ယွမ်သိန်းပေါင်းများစွာပင် ဆေးရုံက ကုန်ကျ နိုင်သည်။လူနာက ပိုက်ဆံမရှင်းဘဲ ထွက်ပြေးသွားပါက ဆရာဝန်နှင့်သူနာပြုများက သေချာမကြီးကြပ်နိုင်သောကြောင့် ဟုဆိုကာ သူတို့လစာထဲမှ နှုတ်ယူမည်ဖြစ်သည်။


“ကျွန်တော် ယွမ်နှစ်သောင်း ပေးပြီးပါပြီ ကျန်တာတွေအတွက်ကတော့ ကျွန်တော် စုပေးပါ့မယ်။”


ရှုနဉ်က နောက်ဆုံးတွင်တော့ အသိစိတ်ပြန်ဝင်လာပြီဖြစ်သည်။သူ့လည်ချောင်းအတွင်း၌တစ်ခုခု နင်နေသကဲ့သို့ ခံစားလိုက်ရပြီး သူဖြေးဖြေးချင်းပြောလိုက်သည်။


ဆရာဝန်က သူ့ကို တအံ့တဩ ကြည့်လိုက်သည်။နောက်ဆုံးတွင်တော့ သူစိတ်သက်သာရာရသွားပြီး ခွဲစိတ်ခန်းထဲသို့ ပြန်ဝင်သွားလိုက်သည်။


ရှုနဉ် ညမိုးချုပ်သည်အထိ ပလတ်စတစ်ထိုင်ခုံပေါ်၌ ငြိမ်ငြိမ်လေးထိုင်နေမိ၏။


ကောင်းကင်ကြီးက တဖြည်းဖြည်းမှောင်လာပြီး ဆေးရုံဝန်းအတွင်း မိုးဖွဲလေးများ ကျလာသည်။ရှုနဉ်၏ဖုန်းက အသံမြည်လာသည်။


ရှုနဉ်က ဖြေးဖြေးချင်း ခေါင်းငုံ့ကာ သူ့အိတ်ကပ်အတွင်းမှဖုန်းကို ထုတ်ယူလိုက်သည်။


“ရှုနဉ် သားဘယ်မှာလဲ” ဖုန်းထဲမှ ချိုက်ချိုက်၏နူးညံ့သည့်အသံက ထွက်ပေါ်လာသည်။


ရှုနဉ် ရုတ်တရက်ကြီး ငိုချင်လာသည်။သူ အသက်ကိုရှိုက်ရှူလိုက်ပြီး သူ့မျက်လုံးများ နီရဲလာသည်။


“မား….”


သူ့မျက်လုံးထဲမှ မျက်ရည်များရုတ်တရက်ကျလာသည်။


မစ္စချိုက် လန့်သွားသည်။


“ဘာမှားလို့လဲ ဘာလို့ငိုနေတာလဲ။”


ရှုနဉ်က သူ့မျက်ရည်တွေကိုသုတ်ပြီး ပြောလိုက်သည်။


“ကျွန်တော် လန်ကျိုးဆေးရုံမှာ။”


မစ္စချိုက်က နာရီဝက်လောက်အကြာတွင် ရောက်လာသည်။သူမက ရှုနဉ်ကို ဖက်ထားပြီး သူ့ကျောကိုဖြေးဖြေးချင်းပုတ်ပေးနေသည်။


“မငိုပါနဲ့ မငိုနဲ့တော့။ အဆင်ပြေသွားမှာပါ သေချာပေါက် အဆင်ပြေသွားလိမ့်မယ်။”


ရှုနဉ် သူ့မျက်ရည်တွေကိုသုတ်ပြီး ပြောလိုက်သည်။


“ချိုက်ချိုက် ၊ကျွန်တော့်ကို ယွမ်8သောင်းလောက် ချေးလို့ရမလား။”


မစ္စချိုက် အံ့အားသင့်သွားသည်။


“မင်း ဘာလို့ ပိုက်ဆံအများကြီးလိုရတာလဲ။”


“ဆေးရုံစရိတ်”ဟု ရှုနဉ်က ပြောလိုက်သည်။


ချိုက်ချင်က ခွဲစိတ်ခန်းကို ကြည့်လိုက်ပြီး ချက်ချင်းသဘောပေါက်သွားသည်။


“ယင်းမင်ကျန်းရဲ့ ဆေးရုံဖိုးလား။”


ရှုနဉ်ခေါင်းညိတ်ပြလိုက်သည်။


“ဟုတ်တယ်”


ချိုက်ချင်က သူ့ဘေးမှာဝင်ထိုင်ပြီးပြောလိုက်သည်။


“အဖေပိုက်ဆံရှာရတာ မလွယ်ဘူးလို့ မင်းမထင်ဘူးလား”


ရှုနဉ်ခေါင်းညိတ်လိုက်သည်။


ချိုက်ချင်၏အမူအရာက တည်ငြိမ်နေသည်။


“ဒါဆို မင်းက အတန်းဖော်တစ်ယောက်အတွက်နဲ့ ငါတို့ဆီက ယွမ်ရှစ်သောင်းကို ဘယ်လိုတောင် တောင်းနိုင်ရတာလဲ သူ့မိဘတွေက သူ့ကိုဂရုမစိုက်ပေးလို့ မင်းက မင်းမိဘတွေကို သူ့ကို ဂရုစိုက်ပေးခိုင်းနေတာလား။”


ရှုနဉ်တိတ်ဆိတ်သွားသည်။


ချိုက်ချိုက်က ဆက်ပြောသည်။”မင်းအဖေက တစ်နှစ်ကို နှစ်သိန်းကနေ သုံးသိန်းကြား ဝင်တယ် ငါ့ကျန်းမာရေးက မကောင်းတာ အပြင် ငါက မင်းအဖွားကိုပြုစုပေးနေလို့ အလုပ်ရှုပ်နေတာကြောင့် ငါအလုပ်မလုပ်ဘူး ငါတို့တစ်နှစ်ဝင်ငွေရဲ့ သုံးပုံတစ်ပုံကို ပေးမပစ်နိုင်ဘူး။”


ရှုနဉ်မျက်နှာက နီရဲလာပြီး သူ့လက်သီးဆုပ်ထားသည်ကလဲ တင်းကြပ်လာသည်။


“နဉ်နဉ်၊မင်းလူတွေကိုကူညီချင်တာကို အမေမတားပါဘူး ပြောရမယ်ဆိုရင် ဒါက ကောင်းတဲ့အချက်လို့တောင်အမေထင်တယ် ဒါပေမဲ့ အတိုင်းအတာတော့ ရှိရမယ်လေ ဆေးရုံပေါ်မှာ လဲနေတဲ့သူက မင်းသာဆိုရင် ဘယ်သူကရော မင်းအတွက် ယွမ်ရှစ်သောင်း အကုန်ခံမှာလဲ ယင်းမင်ကျန်းလား။ ထပ်ပြောရရင် ယင်းမင်ကျန်းရဲ့အခြေအနေကလဲ မကောင်းဘူး နောက်ထပ်ကုန်ကျစရိတ်က ယွမ်ရှစ်သောင်းနဲ့ လောက်မှာမဟုတ်ဘူး။”


ရှုနဉ်ခေါင်းမော့ပြီး ပါးစပ်ဟကာ ရှင်းပြချင်သော်လည်း သူပြောစရာ ဘာမှ မရှိပေ။သူ အစကတော့ပိုက်ဆံချေးပြီး နောက်မှ သူမကို ပြန်ပေးမည်ဖြစ်သော်လည်း ခုနှစ်တန်းကျောင်းသားတစ်ယောက်မှ ယွမ်ရှစ်သောင်းတတ်နိုင်သည်ကို မည်သူကမှ ယုံကြည်ကြမည်မဟုတ်ပေ။


ထို့ကြောင့်ပဲ မစ္စချိုက် သဘောမတူသည်ကို သူနားလည်သွားသည်။


“ကျွန်တော်သိပါပြီ”ဟု ရှုနဉ်ပြောလိုက်သည်။


“လာလေ အိမ်ပြန်ကြရအောင်။” မစ္စချိုက်က ပြောလိုက်သည်။


ရှုနဉ်က ပြန်ပြောလိုက်သည်။


“ကျွန်တော်ယင်းမင်ကျန်းကိုစောင့်ချင်သေးတယ်။”


ချိုက်ချင်က ခေါင်းခါလိုက်သည်။


“နဉ်နဉ် ကျိုးကျွမ်က ယင်းချန်းရဲ့နောက်ကွယ်မှာ ယင်းမင်ကျန်းကိုမွေးစားထားတယ်ဆိုတာ အိမ်အနီးအနားက လူတိုင်းသိတယ်။သူက ယင်းချမ်းရဲ့ သားအရင်းမဟုတ်ပေမဲ့ ကျိုးကျွမ်ရဲ့ကလေးပဲ။သူ့ကို ဂရုမစိုက်တော့ဘူးဆိုတာကို အကုန်လုံးသိအောင် သူတို့က လုပ်ပြီးသွားပြီ ငါတို့က သူ့အတွက် ဆေးရုံဖိုးတွေရှင်းပေးရင်တောင် ငါတို့ကို ဘယ်သူကမှ ပြန်ပေးမှာမဟုတ်ဘူး။”


ချိုက်ချင်ကတည်ငြိမ်ပြီးဆင်ခြင်တုံတရားရှိသည်။


“သူ့ဆေးဖိုးအတွက် အမေယွမ်ငါးထောင်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ။”


ရှုနဉ်က အသက်ပြင်းပြင်းရှူပြီးပြောလိုက်သည်။


“ချိုက်ချိုက်၊ကျွန်တော်နားလည်ပါတယ် အမေမပေးချင်လို့မဟုတ်ပဲ ကျွန်တော်တို့မှာပိုက်ဆံမလောက်လို့ဆိုတာ ကျွန်တော်သိပါတယ်။ကျွန်တော်တို့မှာပိုက်ဆံရှိတယ်ဆိုရင်ရော အမေသူ့ကိုကူညီမှာလား။”


ချိုက်ချင်က သူ့ခေါင်းကိုပွတ်သတ်လိုက်သည်။


“သူကမင်းရဲ့သူငယ်ချင်းဖြစ်တာကြောင့် အမေတို့သာတစ်နှစ်ကို ယွမ်ငါးသိန်းလောက်ဝင်မယ်ဆိုရင် ယွမ်ရှစ်သောင်းလောက်က ပြသနာမဟုတ်ဘူး။”


ရှုနဉ်က စိတ်သက်သာရာရသွားသည်။


“ချိုက်ချိုက် ကျွန်တော် အမေ့အကူအညီလိုတယ်”ဟု သူပြောလိုက်သည်။


“ဘာများလဲ”


“ရက်ကွက် ဂရုချက်မှာ အလှုအတန်းရန်ပုံငွေ လုပ်ပေးလို့ရမလား ယင်းမင်ကျန်းရဲ့ လက်ရှိအခြေအနေက တကယ့်ကို အန္တရာယ်များတယ် ဒါ့ကြောင့်ပဲ တချို့လူတွေက သူ့ကို အကူအညီပေးချင်ကြမှာပါ။”


ချိုက်ချင် အံ့ဩသွားသည်။


“ငါဘာလို့ဒါကိုမစဉ်းစားမိပါလိမ့်။”


သို့သော်လည်း သူမ ချက်ချင်းစိတ်ပြောင်းသွားသည်။ ခေါင်းခါပြီး ပြောလိုက်သည်။


“မဟုတ်ဘူး ခဏလောက်စဉ်းစားကြည့်လိုက်တော့ မဖြစ်နိုင်ဘူး။”


ရှုနဉ် စိတ်ပူလာသည်။


“ဘာလို့မဖြစ်နိုင်တာလဲ။”


ချိုက်ချင်က ပြောလိုက်သည်။


“ယင်းမင်ကျန်းက သူများအိမ်ထဲကိုဖောက်ထွင်းဝင်ရောက်ဘူးတယ်ဆိုတာ မင်းမေ့သွားတာလား။အဲ့ဒီအချိန်တုန်းက အကြီးအပျယ်ရုနိးရင်းဆန်ခတ်ဖြစ်ခဲ့တာ။လူတွေအများကြီးက သူ့ကိုသဘောမကျကြဘူး။”


“အဲ့ဒါက ယင်းမင်ကျန်းရဲ့ အမှားမဟုတ်ဘူး။”ရှုနဉ် ငြင်းလိုက်သည်။


“ချိုက်ချိုက်၊ ခံရတဲ့သူ(တရားလို)ရဲ့နံမည်က ဘာလဲ။”


“ချန်ဟွေ့”


“ဟုတ်တယ် ချန်ဟွေ့”


ရှုနဉ် သတိရသွားသည်။


“အဖေက သူ့ကို အန်ကယ်ချန်လို့ ခေါ်ခိုင်းတာ ကျွန်တော်သတိရပြီ။ သူက ကလေးတွေကို လိင်ပိုင်းဆိုင်ရာတပ်မက်တဲ့သူပဲ သူက ယင်းမင်းကျန်းကို ပစ်မှတ်ထားပြီး သူ့ဓါတ်ပုံတွေကို ရိုက်ထားတာကို ယင်းမင်ကျန်းတွေ့သွားတယ် ဒါ့ကြောင့်ပဲ သူ့ဓါတ်ပုံတွေကို ဖယ်ရှားဖို့ ယင်းမင်ကျန်းက သူ့အိမ်ထဲကို ဖောက်ဝင်ရတာ။”


ချိုက်ချင်က လုံးဝထိတ်လန့်သွားသည်။


“တကယ်ပဲလား မင်းမှာသက်သေရှိလား။”


“သူယင်းမင်ကျန်းကို နှစ်ခါတောင် နှောင့်ယှက်နေတာကို ကျွန်တော်မြင်ခဲ့ရပြီးတော့ သူတို့ဘာတွေပြောနေတာလဲဆိုတာကိုလဲ နည်းနည်းလောက် ကြားခဲ့ရတယ် ဒါ့ကြောင့်ပဲ အရင်တုန်းက ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ကျွန်တော်သိသွားတာ။သက်သေဆိုရင်တော့…..”


ရှုနဉ် သူ့လက်ချောင်းတွေကို ကစားလိုက်သည်။ထို့နောက် ၎င်းအချိန်က ထိုသူပြောခဲ့သည့်စကားများကို သူရုတ်တရက် သတိရသွားသည်။ရှုနဉ် မျက်လုံးလှန်လိုက်သည်။


“သူကွာရှင်းခံလိုက်တယ် သူ့မိန်းမက အဲ့ဒီအကြောင်းတွေကို သိသွားလို့ သူ့ကိုကွာရှင်းလိုက်တာ သူ့သမီးကိုလည်းခေါ်သွ

ားတယ်ကျွန်တော်တို့သာ သူ့မိန်းမကိုဆက်သွယ်လို့ရမယ်ဆိုရင် အဲ့ဒီအကြောင်းကို သေချာပေါက်သိနိုင်လိမ့်မယ်။”


ချိုက်ချင်၏ အမူအရာက လေးနက်လာသည်။


“ဒီကိစ္စက တကယ်သာဆိုရင် ယင်းမင်ကျန်းကတော်တော်လေး သနားဖို့ကောင်းတာပဲ ချန်ဟွေ့ရဲ့ အရင်မိန်းမကို အခုပဲဆက်သွယ်ဖို့ ကြိုးစားကြည့်လိုက်မယ်။”