အပိုင်း ၂၆
Viewers 9k

Chapter 26



ခွဲစိတ်ခန်းတံခါးပွင့်လာပြီး ဆရာဝန်များက ယင်းမင်ကျန်းကို အပြင်သို့ ထုတ်လာသည်။


ရှုနဉ် သူ့ဆီသို့ အမြန်လျှောက်သွားလိုက်သည်။


“ဆရာ သူဘယ်လိုနေသေးလဲ။”


ဆရာဝန်က ဖြေလိုက်သည်။


“ခွဲစိတ်မှုက အောင်မြင်တယ် ကိစ္စရှိတာက သူဘယ်အချိန်နိုးလာမလဲဆိုတာဘဲ ပြီးရင် ငါတို့ သူ့ကို တခြားစမ်းသပ်မှုတွေ လုပ်ရမယ် အခုတော့ သူ့ကို ICU (အထူးကြပ်မတ်ဆောင်)မှာထားရလိမ့်မယ် သူ့အခြေအနေတည်ငြိမ်ပြီဆိုတော့မှပဲ ပုံမှန်အဆောင်ကို ပြောင်းလို့ရမယ်။”


“ကောင်းပါပြီ”


ရှုနဉ်ကဆက်ပြောလိုက်သည်။


“ဆရာ၊စိတ်မပူပါနဲ့ ဆေးဖိုးတွေပေးဖို့ ကျွန်တော်တို့ နည်းလမ်းရှာပါ့မယ် ရက်ကွက်ကလူတွေနဲ့ကျောင်းကိုလဲ ဒီအကြောင်းကို သတင်းပို့ထားလို့ အလှူငွေတွေကောက်နေကြပါတယ် ကျေးဇူးပြုပြီး ယင်းမင်ကျန်းကို အကောင်းဆုံးကုသမှုတွေ သေချာလုပ်ပေးပါ။”


ဆရာဝန်က ပြန်ပြောလိုက်သည်။


“စိတ်မပူပါနဲ့ မင်းမပြောလဲ ဒီလိုပဲလုပ်မှာပါ။”


ချိုက်ချင်ကမေးလိုက်သည်။


“ဆရာ၊အတိအကျဆိုရင် ဆေးဖိုးဘယ်လောက်ကျနိုင်လောက်လဲ။”


ဆရာဝန်က ပြန်ဖြေသည်။


”ပြောဖို့ခက်တယ် တချို့ဖြစ်စဉ်တွေမှာဆိုရင်တော့ လူနာပြန်ကောင်းလာဖို့ ယွမ်ထောင်ဂဏန်းလောက်ပဲ ကုန်ပေမဲ့ တချို့ တွေကျတော့လဲ ယွမ်မီလီယမ်နဲ့ချီပြီးကုန်တာတောင် မကယ်နိုင်ဘူး စိတ်ချရအောင်ဆိုရင်တော့ ယွမ်ငါးသိန်းလောက်စုထားလိုက်တာ ပိုအဆင်ပြေတယ်။”


“ကျေးဇူးတင်ပါတယ် ဆရာ”


ICU ကိုသွားသည့်လမ်းတလျှောက်လုံး ရှုနဉ်နှင့် ချိုက်ချင်က ဆရာဝန်အနောက်မှ လိုက်လာကြသည်။ယင်းမင်းကျန်းကို ICUထဲသို့ထည့်လိုက်သည်ကို မြင်သောအခါတွင်မှ သူတို့လှည့်ထွက်ပြီး လှေကားမှ ဆင်းလာကြသည်။


“တွေ့လား ယွမ်ရှစ်သောင်းထပ်ပိုပြီး ကုန်ကျနိုင်ပါတယ်လို့ ငါပြောသားပဲ။” 


ချိုက်ချင်က သက်ပြင်းချလိုက်သည်။


ရှုနဉ်ပြောလိုက်သည်။ 


“ကျောင်းကိုဆက်သွယ်ပြီး အဲ့ဒီမှာ အလှုငွေကောက်ဖို့ လုပ်ပေးနိုင်မလားလို့ မေးလိုက်ဦးမယ် ကျွန်တော်တို့ အလှူငွေ ထောက်ပံ့တဲ့ အဖွဲ့အစည်းတွေကိုလဲ ဆက်သွယ်လို့ရတယ်။”


ယင်းချန်းနှင့် ကျိုးကျွမ်တို့အတွက်ကတော့ ...


ရှုနဉ် အံကြိတ်လိုက်သည်။သူ သူတို့နှစ်ယောက်ကို ရက်အနည်းငယ်လောက်တော့ အနားယူခွင့်ပေးထားလိုက်ဦးမယ်။ပိုက်ဆံစုဆောင်းပြီးမှပဲ သူတို့နှင့် စာရင်းရှင်းရမည်။


နှစ်ယောက်သား အိမ်သို့ပြန်ရောက်သောအခါ ချိုက်ချင်က ချန်ဟွေ့၏အရင်မိန်းမကို ဆက်သွယ်နိုင်ရန် ဖုန်းခေါ်နေသည်။ရှုနဉ်က ပိုများသည့် ဘာသာပြန်အလုပ်များ လုပ်ရန် သူ့အခန်းတွင်းသို့ ဝင်သွားသည်။သူက အတန်းပိုင်ဆရာမကို ဆက်သွယ်ပြီး ကျောင်း၌အလှုငွေကောက်ခံသည့် အဖွဲ့အစည်းတည်ထောင်ရန် လဲ ဆွေးနွေးခဲ့သည်။


ကျောင်းက အလှုငွေကောက်ခံရန်စီစဉ်ပေးတာက အကောင်းဆုံးဖြစ်ပါလိမ့်မည်။မဟုတ်ပါက ဘယ်သူမှ လှူလိမ့်မည်မဟုတ်ပေ။


မီလိယမ် တစ်ဝက်က သေးငယ်သည့် ပမာဏ မဟုတ်ပေ။သူတို့ပိုက်ဆံ ဘယ်လောက်များများ ကောက်ခံနိုင်မည်ကို ရှုနဉ်မသိသော်လည်း ဘာမှမရှိသည်ထက်စာလျှင်တော့ တော်သေးသည်။


ရှုနဉ် မျက်မှောင်ကြုတ်လိုက်သည်။ပိုက်ဆံများများရှာချင်သည်ဆိုပါက လူသိရှင်ကြား ထုတ်ပြောကာ ထိုအကြောင်းကို လူတိုင်းသိသွားအောင် လုပ်တာက အကောင်းဆုံးဖြစ်သည်။ထို့အပြင် ရွံစရာ စုံတွဲ အကြောင်းကိုလဲ သူဖော်ထုတ်နိုင်မည်ဖြစ်သည်။နောက်ဆို လူရှေ့မှာ သူတို့ ဘယ်လိုမျက်နှာပြကြမလဲဆိုတာကို သူသိချင်မိသည်။


ထိုအတွေးက သူ့စိတ်ထဲကို ဝင်လာသည်နှင့် သူ စတင်လုပ်ဆောင်တော့သည်။သူက ဝေ့ပေါ် အကောင့်တစ်ခုကို ဖန်တီးလိုက်ပြီး ယင်းမင်ကျန်းငယ်စဉ်ကတည်းက ခံစားခဲ့ရသည့် မှားယွင်းစွပ်စွဲခံရမှုနှင့်အကြမ်းဖက်ခံရမှု ဖြစ်စဉ်အကုန်လုံးကို အသေးစိတ်ရေးသားခဲ့သည်။ သို့ပေမဲ့ ပြသနာကိုရှောင်ရှားရန်အတွက် ကလေးချင်းအလဲခံရသည့် အကြောင်းကိုတော့ သူထည့်မရေးခဲ့ပေ။ထိုဟာကိုပါထည့်ရေးလိုက်ပါက သူ့ ပို့စ် အဖျက်ခံရမည်ကို သူစိတ်ပူမိသည်။ထို့အပြင် သူတို့က မယုံကြည်ဘဲ ဘယ်သူမှ မလှူကြမည်ကိုလည်း သူစိုးရိမ်မိသည်။


သူ့နာမည်နှင့် ဘဏ်အကောင့်အချက်အလက်များကို ထည့်ရေးပြီးသည့်နောက် ထို ပို့စ်ကို အွန်လိုင်းပေါ်သို့ တင်လိုက်သည်။ထို့နောက် သူ့ဘာသာပြန်အလုပ်တွင်ပဲ သူ့ကိုယ်သူ နစ်မြှုပ်ထားလိုက်သည်။


ဘာသာပြန်အလုပ်မှ ယွမ်တစ်သောင်း ရပြီးသည်နှင့် အတည်ပြုထားသည့်အကောင့်ကို သူချက်ချင်းဆိုသလိုဆက်သွယ်လိုက်သည်။အနည်းငယ် ချော့မော့ပြောဆိုပြီးသည့်နောက်တွင် ကြော်ငြာစျေးနှုန်းကို ယွမ်တစ်ထောင် အထိ လျော့ချနိုင်ခဲ့သည်။


ဘဏ်မှတဆင့်လှုဒါန်းခြင်းက ပွင့်လင်းမြင်သာမှုမရှိသောကြောင့် လူများက သူ့ကို ယုံကြည်ကြမည်မဟုတ်ကြောင်း အတည်ပြုထားသည့်အကောင့်က ပြောသည်။ကြားခံအဖွဲ့အစည်းတစ်ခု ခံပါက ပိုကောင်းသည်။


ရှုနဉ်က သူနားလည်ကြောင်း စာပြန်လိုက်သည်။


နောက်တစ်နေ့တွင် သူကျောင်းမှ ခွင့်ယူပြီး ဆေးရုံတွင် သူက ယင်းမင်ကျန်း၏ဓါတ်ပုံ ၊ဆေးမှတ်တမ်းနှင့် ပစ္စည်းပြေစာများရရန် သူနာပြုဆရာမကို တောင်းဆိုခဲ့သည်။ထို့နောက် သူက DiDiChou အကောင့်တစ်ခု ပြုလုပ်ခဲ့သည်။


DiDiChou ၏အတည်ပြုချက်က မယုံနိုင်လောက်အောင် မြန်ဆန်လှသည်။ထိုနေ့လည်၌ စေတနာ့ဝန်ထမ်းတစ်ဦးက ရှုနဉ်ကို ဆက်သွယ်လာပြီး အခြေအနေ စစ်ဆေးရန် ဆေးရုံသို့ လာခဲ့သည်။


ရှုနဉ်က ယင်းမင်ကျန်း၏ဆွေမျိုးရင်းချာမဟုတ်သောကြောင့် စေတနာ့ဝန်ထမ်းက အခြေအနေကို အတည်ပြုရန် အချိန်အကြာကြီးယူခဲ့ရသည်။ထိုလုပ်ငန်းစဉ်က ဘယ်လိုအလုပ်လုပ်သလဲဆိုတာကိုတော့ ရှုနဉ်လဲ သေချာမသိပေ။စိတ်အားထက်သန်သည့် စေတနာ့ဝန်ထမ်းက နောက်ဆက်တွဲ လုပ်ငန်းဆောင်တာများအားလုံးကို ကိုင်တွယ်ဆောင်ရွက်သွားခဲ့သည်။


DiDiChou အကောင့်ဖွင့်ပြီးသည်နှင့် သူအိမ်သို့ပြန်ကာ ဝေ့ပေါ်၌ လှူဒါန်းရမည့်အကောင့်ကိုတင်လိုက်သည်။


အတန်းဂရုချက်ထဲတွင် ဝမ်ရှန်ရှန်နှင့်လုံချောင်တို့က အတော်လေးတက်ကြွနေကြပြီး အလှူငွေထည့်ရန်သေတ္တာများ ပြုလုပ်ပြီး စာရင်းများမှတ်သားရန် စာအုပ်များပြုလုပ်ဖို့ အတန်းသားများကို စုစည်းနေသည်။


တချို့ကျောင်းသားများက တိုက်ရိုက်ပင် စာအိတ်နီများပေးကြသည်။ဆယ်ယွမ် သို့မဟုတ် ယွမ်နှစ်ဆယ်မျှသာ ဖြစ်သော်လည်း ထိုသည်ကပင် ခုနှစ်တန်းကျောင်းသားများအတွက် အတော်များနေပြီဖြစ်သည်။


ရှုနဉ်က ယင်းမင်ကျန်းနိုးလာသည့်အခါတွင် ပြရန်အတွက် စာများနှင့်စာအိတ်နီများကို ဓါတ်ပုံရိုက်ထားလိုက်သည်။သူ့မိဘများက သူ့ကိုစွန့်ပစ်လိုက်လျှင်တောင်မှ သူ့ကိုဂရုစိုက်နေသည် လူတွေ အများကြီး အများကြီးရှိနေသေးသည်ဆိုသည့်အကြောင်း ရှုနဉ်က သူ့ကိုပြောပြချင်သည်။


ဒါ့ကြောင့်... မင်းသက်သာလာမှဖြစ်မယ်။


(မင်ကျန်းနိုးလာပြီ...)



နှစ်ရက်အကြာတွင်


“နဉ်နဉ် မား ချန်ဟွေ့ရဲ့အရင်မိန်းမနဲ့အဆက်အသွယ်ရပြီ”


ချိုက်ချင်က တံခါးကိုတွန်းဖွင့်ပြီးဒေါသအပြည့်ဖြင့် ဝင်လာခဲ့သည်။


“မင်းပြောတာမှန်တယ် အဲ့ဒီချန်ဟွေ့က တကယ့်ကို ကလေးတွေကို တပ်မက်တဲ့သူပဲ သူတို့ပြောင်းရွေ့ပြီးသွားတာတောင်မှ သူက ကလေးတွေကို ပစ်မှတ်ထားနေတာကို အားလုံက မတော်တဆ ရှာတွေ့သွားတာနဲ့ အဆုံးသတ်သွားတယ် အဲ့ဒီနောက် သူက ထောက်လှမ်းရေး ကင်မရာတချို့ကို လှို့ဝှက်တပ်ဆင်ပြီး သူ့ကွန်ပြူတာထဲကိုဝင်ကြည့်လိုက်တော့ ကြောက်စရာဓါတ်ပုံတွေကိုတွေ့ခဲ့ရတယ်”


ရှုနဉ်က သူ့ဘာသာပြန်နေတာကို အပြေးအလွှားဖုံးလိုက်သည်။ဖမ်းမိသွားခဲ့ပါက သူဂျာမန်စကားကိုကောင်းကောင်းတတ်နေရခြင်းအား မည်သို့ရှင်းပြရမည်ကို သူမသိပေ။


ချိုက်ချင်က ပုံမှန်ဆိုလျှင် အခန်းတံခါးကို ခေါက်လေ့ရှိသည်။သို့သော်လည်း ထိုအချိန်တွင်တော့ သူမအရမ်းစိတ်လှုပ်ရှားနေပြီး သူ့အခန်းထဲသို့ တန်းတန်းမတ်မတ်ဝင်လာသည်။သူမ၏လက်သီးကို လှုပ်ယမ်းပြီး ပြောလိုက်သည်။


“အားလုံသိသွားတော့ သူတို့ရဲ့ သမီးအပေါ်ကို သူလက်တင်(မတရားပြု)မှာစိတ်ပူသွားတယ် အဲ့ဒါကြောင့်ပဲ သူတို့ကွာရှင်းလိုက်တာ ဒါပေမဲ့ ချန်ဟွေ့က သဘောမတူဘူး သူတို့တစ်နှစ်လုံးတိုက်ခိုက်ခဲ့ရတာ အားလုံက သူကလေးတွေကို လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးတယ်ဆိုတဲ့သက်သေ ရပြီးမှ သူ့သမီးကို အုပ်ထိန်းခွင့်အပြည့်အဝနဲ့ ကွာရှင်းခွင့်ရခဲ့တာ သူက မျက်နှာဖုံးကောင်းကောင်းတပ်ထားတော့ လူယုတ်မာလို့ ဘယ်သူကထင်မှာလဲ”


ချိုက်ချင်က ပြောရင်းဆိုရင်း သူမဘာသာသူမ ဒေါသထွက်နေသည်။


ရှုနဉ်ပြောလိုက်သည်။


“အမေ ရပ်ကွက် ဂရုချက်က လူတွေကို သိအောင်လုပ်ရမယ် ဒါမှ ကျွန်တော်တို့ ယင်းမင်ကျန်းအတွက် အလှူငွေတွေရမှာ။”


ချိုက်ချင်ကပြောလိုက်သည်။


 “ကောင်းပြီ မားအခုပဲ သူတို့သိအောင်ပြောလိုက်မယ်”


ချန်ဟွေ့က ယင်းမင်ကျန်းကို ကျောင်းပေါက်ဝမှာ ပိတ်ဆို့ထားစဉ်က ဗီဒီယို သူ့မှာရှိတယ်ဆိုတာ ရှုနဉ် ရုတ်တရက် သတိရသွားသည်။ သူချက်ချင်းပဲပြောလိုက်သည်။


“ချိုက်ချိုက်၊ကျွန်တော်အမေ့ကို ဗီဒီယို ပို့လိုက်မယ်။”


ချိုက်ချင်အံ့ဩသွားသည်။”ဘာဗီဒီယိုလဲ။”


“ချန်ဟွေ့က ယင်းမင်ကျန်းကိုနှစ်ကြိမ်နှောင့်ယှက်ခဲ့တယ် တစ်ကြိမ်မှာ သူကင်မရာနဲ့အရိုက်ခံလိုက်ရတယ် မားကိုအခုပဲပို့လိုက်မယ် အမေလဲအဲ့ဒါကို ရက်ကွက်ဂရုချက်ထဲကိုပို့လိုက်လို့ရတယ်။”


“အိုကေ”


ချိုက်ချင်က လက်ကို အိုကေပုံစံလုပ်ပြပြီး အခန်းထဲမှ ထွက်သွားသည်။


ရှုနဉ်က သူ့ကွန်ပြူတာမှ QQ ကိုဖွင့်လိုက်သည်။သူဗီဒီယိုကို ဖွင့်ပြီး ပထမစက္ကန့်သုံးဆယ်ကိုဖြတ်တောက်လိုက်သည်။ဗီဒီယိုကို အနည်းငယ် ပြုပြင်ပြီးနောက် ချိုက်ချင်၏ ဝီချက်အကောင့်ကို ပို့လိုက်သည်။


ဟမ့်...


ဇနီးဟောင်း၏ မှတ်ချက်နှင့် သက်သေ ဗီဒီယို တို့ဖြင့် ချန်ဟွေ့တစ်ယောက် ကလေးများကို လိင်ပိုင်းဆိုင်ရတပ်မက်သူ ဟူသည့်ခေါင်းစဉ်အောက်ကနေ ဘယ်သောအခါမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ယင်းမင်ကျန်း အတိတ်က ခံစားခဲ့ရသည့် မတရားမှုများကို သေချာပေါက် ဆေးကြောပစ်နိုင်မည်ဖြစ်သည်။


ချိုက်ချင်ကို ဗီဒီယို ပို့ပေးပြီးနောက် ရှုနဉ် ဧည့်ခန်းသို့ပြေးသွားကာ သူမဘေးတွင် ထိုင်လိုက်သည်။


“အဲ့တော့ ဘယ်လိုနေလဲ”


“ဂရုချက်က လုံးဝပေါက်ကွဲသွားတယ် ငါသူတို့ကို အားလုံနဲ့စကားပြောထားတာတွေပါ ဓါတ်ပုံရိုက်ပြီး ပို့လိုက်တယ် လူတိုင်းက သူ့ကို ဆုတ်ဖြဲချင်နေကြတယ် ချန်ဟွေ့က ရက်ကွက်ထဲမှာ အကြာကြီးနေသွားတာလေ ကလေးတွေ ဘယ်လောက်များများကို သူထိခိုက်စေခဲ့လဲဆိုတာ ဘယ်သူသိမှာလဲ ဘာတွေဖြစ်ခဲ့လဲဆိုပြီး မိဘတွေအကုန်လုံး နဲနဲကြောက်လန့်နေကြတယ်”


ရှုနဉ်က သူမဖုန်းကို ကြည့်ရန် သူ့ခေါင်းကို ဆန့်လိုက်သည်။ဖုန်းမျက်နှာပြင်ပေါ်၌လူတိုင်းက ချန်ဟွေ့ကို ငရဲကျသွားရန် ကျိန်ဆဲနေကြသည်။


“Fuck. ချန်ဟွေ့က ငါ့အိမ်ကို ကြောက်စရာအပြုံးကြီးနဲ့ကြည့်နေတာ ကို ငါသတိရသွားပြီ တစ်ခုခုမှားနေတယ်ဆိုတာ ငါအခုမှပဲသေချာသိတော့တယ်”


“သူက ငါ့အိမ်အတွက်လဲ တစ်ခုခုဝယ်လာပေးတတ်ပြီး ကလေးတွေကိုလဲ အရမ်းကောင်းတယ် အဲ့ဒါကိုတွေးမိပြီး အခုမှ ဒေါသထွက်လာတယ်”


“သူက အရမ်းထူးဆန်းတယ်လို့ ငါအမြဲတမ်းထင်နေခဲ့တာ ဘာမှပြောလို့မရလို့သာ သူကောင်လေးတစ်ယောက်ရဲ့တင်ပါးကိုကိုင်နေတာကိုလဲ ငါမတော်တဆတွေ့ခဲ့ဖူးတယ်”


ဂရုချက်အဖွဲ့ဝင်တစ်ယောက်က ချန်ဟွေ့ကလေးတစ်ယောက်ကို မတော်မတရားပြုနေတာကို သူမြင်ခဲ့ဖူးကြောင်း ဖွင့်ဟ ပြောဆိုလာသည်။ဂရုချက်ထဲရှိလူများက ထိုသူ့ကို ချက်ချင်းပဲ တိုက်ခိုက်ကြသည်။လူတိုင်းက ထိုသူ့ကို သူတို့အားဘာကြောင့်ပြန်မပြောပြခဲ့လဲ ဟု မေးနေကြသည်။


ထိုလူက သူ့ကိုယ်သူပြန်ကာကွယ်လိုက်သည်။


“ချန်ဟွေ့က ကုမ္ပဏီ အမှုဆောင်လေ ပြီးတော့ သူက တခြားသူတွေအပေါ်ကို နူးညံ့ပြီးယဉ်ကျေးတဲ့ ပုံမှန်လူနဲ့တူတယ် သူက ကလေးတွေကိုကြိုက်တဲ့သူလို့ ငါက ဘယ်လိုလုပ်သိမှာလဲ ပြီးတော့ အဲ့ဒါက ထိတွေ့ရုံပဲလေ ဒီနေ့ အကြောင်းသာ ငါမသိခဲ့ရင် အဲ့လိုမျိုးဆိုတာ ငါဘယ်တုန်းကမှ တွေးမိမှာမဟုတ်ဘူး။”


ဂရုချက်က အစွမ်းကုန် ပေါက်ကွဲသွားသည်။အထူးသဖြင့် မိသားစုတွင်း ကလေးငယ်ရှိသူများက ဒေါသထွက်လာကြသည်။သူတို့၏မျက်စိရှေ့တွင်ပဲ ချန်ဟွေ့က သူတို့ကလေးများကို အခွင့်အရေးယူနေတာကို တွေးမိသောအခါ သူတို့ ဒေါသူပုန်ထလာကြသည်။


ဂရုအတွင်းရှိသူများ တော်တော်ဒေါသထွက်နေတာကိုတွေလိုက်သောအခါ ရှုနဉ်က ချိုက်ချင်ဖုန်းကိုယူပြီးစာရိုက်လိုက်သည်။


“ကျွန်မရဲ့နဉ်နဉ်ကလဲ ချန်ဟွေ့က သူ့ကိုကိုင်ပြီး သူ့အိမ်ကို လိုက်ကစားဖို့ ခေါ်ဖူးတယ်လို့ပြောတယ် နဉ်နဉ် အဲ့ဒီအကြောင်းကိုပြောတုန်းက ကျွန်မလဲ အဲ့ဒီလမ်းကြောင်းကနေ မတွေးမိဘူး ကျွန်မအရမ်းကို စိတ်တိုတာပဲ”


ရှုနဉ်က ချန်ဟွေ့အကြောင်းကောလဟာလဖြန့်ဖို့ တွန့်ဆုတ်မနေချေ။တကယ်တမ်းပြောရလျှင် ကောလဟာလဖြန့်တယ်ဟုလည်း ဆို၍မရပေ။ချန်ဟွေ့က သူ့ကို ခဏခဏ သူ့အိမ်သို့ ခေါ်တတ်သည်။ယခု ရှုနဉ်ပြန်တွေးကြည့်လိုက်သည့်အခါတွင်မှ ထိုလူမှာ ဆိုးရွားသည့်ရည်ရွယ်ချက်ရှိနေမှာ သေချာသည်။


ချိုက်ချင်က ထိုစာကိုမြင်သောအခါ ချက်ချင်းဆိုသလို စိတ်ပူသွားသည်။သူမကဖုန်းကိုဆွဲယူပြီးမေးလိုက်သည်။


“အဲ့ဒါက တကယ်ဖြစ်ခဲ့တာလား”


ရှုနဉ်ပြောလိုက်သည်။


“သူကျွန်တော့်ကိုမထိခဲ့ဘူး ဒါပေမဲ့သူ့အိမ်ကိုအလည်လိုက်ဖို့တော့ဖိတ်တယ် ကျွန်တော်သဘောမတူခဲ့ဘူး။”


ချိုက်ချင်လဲ သက်ပြင်းချလိုက်သည်။


ရှုနဉ် သူမဖုန်းကိုယူပြီး စာဆက်ရိုက်နေလိုက်သည်။


“ငါတို့မိသားစုက နဉ်နဉ်လေးက ယင်းမင်ကျန်းနဲ့တော်တော်လေး အဆင်ပြေတယ် ကြည့်ရတာ အရင်တုန်းက ယင်းမင်ကျန်းက တကယ့်ကိုဘာမှ မခိုးခဲ့ဘူးဆိုတာထင်ရှားတယ် ချန်ဟွေ့က သူ့ကို သူ့အိမ်ထဲကို ဖိတ်ပြီး သူ့လက်မောင်းပေါ်မှာလှဲအိပ်ခိုင်းတယ် ယင်းမင်ကျန်းက ခုခံပြီး သူ့ကင်မရာနဲ့ဖုန်းတွေကို ရိုက်ခွဲပစ်ခဲ့တာ သူ လွတ်မြောက်နိုင်ဖို့အတွက် ဓါးနဲ့ခြိမ်းခြောက်ဖို့ပဲတတ်နိုင်တော့တယ်လေ ဒါကို သူက ခိုးပါတယ်လို့စွပ်စွဲပြီးပြန်ကိုက်မယ်လို့ ဘယ်သူကသိမှာလဲ ယင်းမင်ကျန်းရဲ့မိဘတွေကလဲ သူ့ကိုမလွန်ဆန်ခဲ့ကြတော့ သူ့မလုပ်တဲ့ကိစ္စအတွက် သူအစွပ်စွဲခံခဲ့ရတာပေါ့။”


“အဲ့ဒါအမှန်ပဲလား”


“အဲ့ဒီတုန်းကထူးဆန်းတယ်လို့ထင်ခဲ့တာ မူလတန်းကျောင်းသားတစ်ယောက်က ချန်းဟွေ့အိမ်ထဲကိုဖောက်ဝင်ဖို့ ဘယ်လိုများစီစဉ်နိုင်ခဲ့တာလဲ ပြီးတော့ ဘာလို့ အထူးတလည် ချန်းဟွေ့ရဲ့အိမ်ကိုမှလဲပေါ့”


“အဲ့ဒီအချိန်တုန်းက ငါရှိတယ် ငါလဲထူးဆန်းတယ်လို့ ထင်နေတာ ဒါပေမဲ့ကလေးရဲ့မိဘတွေကလဲဝန်ခံလိုက်တယ်ဆိုတော့ ငါတကယ့်ကိုဘာမှ မပြောနိုင်ခဲ့ဘူး”


“ငါရောပဲ အဲ့ဒီအချိန်တုန်းက ချန်ဟွေ့လည်း အိမ်မှာရှိတယ်လေကလေးတစ်ယောက်ကိုတောင်သူမရိုက်နိုင်ဘူးလို့တော့ မင်းငါ့ကိုမပြောနဲ့ အခုတော့ သူက ကလေးကိုလှည့်စားပြီး နှောင့်ယှက်ဖို့ကြိုးစားနေတာဖြစ်ရမယ် ဒါပေမဲ့ ယင်းမင်ကျန်းက မီးဖိုချောင်ဓါးနဲ့ခုခံပြီး ရှောင်ထွက်နိုင်ခဲ့တာဖြစ်လိမ့်မယ်”


“နောက်ဆုံးတော့ သူက ခိုးပါတယ်လို့ အစွပ်စွဲခံလိုက်ရတယ် ကျစ်...ကျစ်၊ယင်းမင်ကျန်းက အရမ်းသနားစရာကောင်းတာပဲ ချန်ဟွေ့ကလည်စ အရမ်းရွံစရာကောင်းတယ်”


“ကျိုးကျွမ်ကလဲမှားနေတဲ့သူတစ်ယောက်ပဲလို့ ထင်နေတာငါတစ်ယောက်ထဲလား အိမ်ကိုပြန်ရောက်ရင် ကလေးက သူမကို အဲ့ဒီအကြောင်းပြောပြမှာပဲ ဒါတောင်မှ သူမက သူ့ကို တောင်းပန်ဖို့ ဆွဲခေါ်လာသေးတယ် ဒါက သူ့မှာအပြစ်ရှိတယ်လို့ အခြေခံကျကျ ပြောလိုက်တာပဲမဟုတ်လား”


တစ်ယောက်က ချက်ချင်း လိုက်ပြော လိုက်သည်။


“သူတို့က သူ့ရဲ့မိဘအရင်းတွေမဟုတ်ဘူး သူမက ဘာလို့ သူ့အတွက် လိုက်ပြောပေးမှာလဲ အခု ငါစဉ်းစားကြည့်မှပဲ ကျိုးကျွမ်က အရမ်းထူးဆန်းတယ် သူမက ယင်းမင်ကျန်းကိုဘယ်တော့မှ အဝတ်အစားဝယ်မပေးဘူး သူမက အမှိုက်ပုံထဲက ကောက်ရင်ကောက် မဟုတ်ရင် တခြားသူတွေကို အဝတ်ဟောင်းတွေ ပေးဖို့ မေးတတ်တယ် သူတို့က ယင်းမင်ကျန်းကို မူကြိုတောင်မထားဘူး”


“ဟုတ်တယ် ဘယ်လိုအမေမျိုးက သူတို့သားကိုဒီလိုဆက်ဆံပါ့မလဲ သူတို့ပိုက်ဆံကို သူတို့သားအတွက် အဝတ်အစားဝယ်ဖို့ထက် အရက်ဝယ်ဖို့ပဲ သုံးနေကြတာ။”


“ယင်းမင်ကျန်း၊ဒီကလေးက အရမ်းသနားစရာကောင်းတယ်။”


အဖွဲ့က စကားများများပြောလေလေ ပိုပြီးလှုံ့ဆော်ခံရလေလေဖြစ်သည်။အသေးစိတ်အချက်များကို ပြန်လည်တူးဖော်ပြီး ကျိုးကျွမ်နှင့် ယင်းချန်းကို အကြိမ်ကြိမ်အဖန်ဖန် ဆူပူကြိမ်းမောင်းနေကြသည်။


“ငါ ယွမ်နှစ်ရာလှူမယ် ချိုက်ချင် ငါမင်းကိုစာအိတ်နီပို့လိုက်မယ်..."



ရက်ကွက် ဂရုချက်မှ လူများက စတင်လှူဒါန်းကြသည်။


သူ့ဆီသို့စာအိတ်နီများပို့နေသည်ကိုမြင်သောအခါ ချိုက်ချင်က တားမြစ်ချင်သော်လည်း ရှုနဉ်က အမြန်ပြန်ပြောလိုက်သည်။


“ကောင်းပြီလေ အခုလှူဒါန်းငွေတွေကို နဉ်နဉ်က စီမံပေးနေတယ်”


အိမ်နီးနားချင်းများ၏ကိုယ်ချင်းစာစိတ်နှင့် အပြစ်ရှိစိတ် ကျေးဇူးကြောင့် ရက်ကွက် ဂရုချက်တစ်ခုထဲမှ ပင် ယွမ်ခြောက်သောင်း ရရှိခဲ့သည်။ဂရုထဲတွင်ရှိသည့် လစဉ်ဝင်ငွေကောင်းသည့် လုပ်ငန်းပိုင်ရှင်နှစ်ယောက်က ယွမ်တစ်သောင်းဆီ လှုဒါန်းခဲ့သည်။စာအိတ်နီတွေ သူမဆီသို့ ပို့နေကြတုန်းပင်ဖြစ်သည်။


ကျောင်းကလဲအလှူငွေများကိုတက်ကြွစွာလှူဒါန်းခဲ့သည်။ကျောင်းမှ ယွမ်သုံးသောင်းကောက်ခံနိုင်ခဲ့သည်။အတန်းပိုင်ဆရာမက ထိုငွေများကိုပေးရန် ဆေးရုံသို့ လာရောက်လဲ့သည်။




xxxxxxx