အပိုင်း ၇၇
Viewers 10k

Chapter 77

အမျိုးသမီးဇာတ်လိုက် ပေါ်လာပြီ။



အမျိုးသမီးဇာတ်လိုက်က နတ်သမီးကဲ့သို့ ချောမောပြီး ချစ်စရာကောင်းသောကြောင့် သူပင် အံ့ဩသွားသည်။


ဗီလိန်လေးက ကျန့်ယောင်ကို မြင်မြင်ချင်း ချစ်မိသွားသည်မှာ အံ့သြစရာမဟုတ်ပေ။ 


သူ အမျိုးသမီး ဇာတ်လိုက်ကို ခဏစိုက်ကြည့်နေမိသည်။ ထို့နောက် သူ ဗီလိန်လေးဘက်သို့လှည့်ကာ သူ၏ တုံ့ပြန်မှုကို ကြည့်လိုက်သည်။ သို့သော် သူခေါင်းလှည့်လိုက်သည်နှင့် ဗီလိန်လေး၏ အေးစက်သောအကြည့်ကို သူတွေ့လိုက်ရသည်။ 


သူ့မျက်လုံးများထဲတွင် အံ့အားသင့်စရာ မည်သည့်အရိပ်အမြွက်မျှ မရှိပေ။ ထို့အစား သူ့မျက်လုံးများက ဒေါသများဖြင့် ပြည့်နှက်နေသည်။ 


နေပါဦး...မင်းက ဘာလို့ ဇာတ်လိုက်မကိုမကြည့်ဘဲ ငါ့ကို ကြည့်နေရတာလဲ…


ပြီးတော့ မင်းငါ့ကို ဘာလို့စိတ်ဆိုးနေတာလဲ…


ဗီလိန်လေးက အမျိုးသမီးဇာတ်လိုက်ကို ချစ်မိသွားပုံကို ရှုနဉ်စဉ်းစားမိသွားပြီး သူ့ခေါင်းကိုလှည့်ကာ လျစ်လျူရှုလိုက်သည်။ 


သူ ယခုလေးတင် ပြောနေသည့်လူက ရုတ်တရက်ပေါ်လာလိမ့်မည်ဟု မဒမ်ဝေ့ မထင်ထားမိပေ။ ကျန့်ယောင်၏ ငြင်းဆိုချက်ကို သူမ ကြားသည်နှင့် အံသြစွာ ပြောလိုက်သည်။ 

"ယောင်ယောင်…”


ကျန့်ယောင်ကအဖြူရောင်စကတ်ကို ဝတ်ဆင်ကာ သူတို့ဆီသို့ လှပစွာ လျှောက်လာသည်။ သူ့မျက်လုံးများက ဝေ့မင်ကျန်းနှင့်ရှုနဉ်တို့ကို စူးစူးရဲရဲ ကြည့်လိုက်ကာ သူမ၏မျက်နှာပေါ်တွင် အံ့အားသင့်နေသည့်ပုံပေါ်လာသည်။


မူလက ဝေ့ရှီမင်း၏အဖြစ်အပျက်ကို ကြားပြီးနောက် သူမ ဒေါသတကြီး ဖြစ်သွားခဲ့သည်။ သူမက ဝေ့မင်ကျန်းကို ရိုးရိုးသားသား ငြင်းဆန်ပြီး ထိုအကြောင်းကို မေ့ပစ်လိုက်ပါဟု ပြောချင်မိသည်။ သို့သော်လည်း သူတို့၏ ရုပ်ရည်ချောမောမှုကြောင့် သူမ အလွန် အံ့အားသင့်သွားခဲ့သည်။ သူမ အလွန် အံ့အားသင့်နေသောကြောင့် ပြောရန် ပြင်ဆင်ထားသည့် စကားများကိုပင် မေ့သွားသည်။


အထူးသဖြင့် ယင်းမင်ကျန်းကြောင့် သူမ တုန်လှုပ်သွားခဲ့သည်။ သူ၏ အေးစက်ပြီးကျက်သရေရှိသည့် အသွင်အပြင်က နတ်သမီးပုံပြင်ထဲမှ မင်းသားလေးနှင့် တူသည်။ သူ့မျက်နှာအစိတ်အပိုင်းတိုင်းက သူမ သဘောကျသည့်ပုံနှင့် ထပ်တူကျနေသည်။ 


ကျန့်ယောင်က သူ့ပါးစပ်ကို ဟထားသော်လည်း သူပြင်ဆင်ထားသည့် ကြမ်းတမ်းသည့် စကားများက မည်သို့မှ ထွက်မလာပေ။


ဝေ့ရှီမင်းသည် ဝေ့မင်ကျန်း အကြောင်းကို ပြောပြစဉ်က သူ မ ထင်ခဲ့သည်မှာ သူက ရိုင်းစိုင်းပြီး အရည်အချင်းမပြည့်မှီသော ကောင်းကွက်တစ်ခုမှ မရှိသည့်လူမျိုးဖြစ်မည်ဟူ၍ဖြစ်သည်။ သူက အလွန်ကြည့်ကောင်းပြီး သိက္ခာရှိသည့် လူတစ်ယောက်ဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။


ခဏအကြာတွင် သူမ၏ မယိမ်းယိုင်နိုင်သည့် အချစ်များက တုန်ခါလုနီးပါး ဖြစ်နေပြီဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူမက နောက်ဆုံးအခိုက်အတန့်တွင် သူမ၏ ဆုံးဖြတ်ချက်ကို ထိန်းထားနိုင်ခဲ့သည်။ 


သူမက သူ့ကိုယ်သူ တိတ်တိတ်လေး သတိပေးလိုက်သည်။

သူ့ရဲ့အသွင်အပြင်ကြောင့် နင် တစ်ယောက်ယောက်ကို ကြိုက်သွားလို့မရဘူး..ဝေ့ရှီမင်းကလည်း အရမ်းချောတယ်လေ...နောက်ပြီး သူက တစ်ယောက်ယောက်ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာလဲ သိတယ်…မနှစ်တုန်းက ငါ လူဆိုးဂိုဏ်းတွေရဲ့ နှောင့်ယှက်တာကို ခံခဲ့ရတုန်းက ဝေ့ရှီမင်းတစ်ယောက်တည်းကပဲ ငါ့ကိုကယ်ခဲ့တာ…


သူတို့၏ နှစ်အတော်ကြာဆက်ဆံရေးက ထိုအချက်ကြောင့် ပြောင်းလဲသွားမည် မဟုတ်ပေ။


 သူမက ခေါင်းလှည့်ပြီး မဒမ်ဝေ့ကိုပြောလိုက်သည်။

“ဒေါ်လေး အိမ်ထောင်ရေး သဘောတူညီချက်က စီးပွားရေး သဘောတူညီချက်နဲ့ မတူပါဘူး..ဒေါ်လေး ကြိုက်တဲ့ အချိန်တိုင်း ပယ်ဖျက်လို့ ဒါမှမဟုတ် ပါဝင်နေတဲ့ သူတွေကို ဖယ်ပစ်လို့ မရဘူးလေ…တကယ့်ခံစားချက်တွေလည်း ပါနေတာကို…”


“အချိန်အကြာကြီး သိလာတဲ့သူနဲ့ တွဲတာ သဘာဝပါပဲ…ခံစားချက်တွေက အချိန်မရွေး ဖျက်ပစ်နိုင်တဲ့ အရာလို့ ဒေါ်လေးထင်နေတာလား…ကျွန်မ တခြားခင်ပွန်းလောင်းကို မလိုချင်ဘူး…”


ဝေ့မင်ကျန်းက ရုပ်ချောတော့ရော ဘာလုပ်ရမှာလဲ…သူက ကြောက်စရာကောင်းတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ရတာဆိုတော့ သူ့အပေါ် မှာ မကောင်းတဲ့ လွှမ်းမိုးမှုတစ်ခုခု ကျန်ရစ်ခဲ့မယ်ဆိုတာ သေချာတယ်…အကျင့်ဆိုးတွေ အများကြီးရှိမှာ သေချာတယ်...ငါ ဒီလိုလူနဲ့ လက်ထပ်မှာမဟုတ်ဘူး…


ကျန့်ယောင် ပြောသည်ကို ကြားလိုက်သည်နှင့် မဒမ်ဝေ့၏ အမူအရာက မည်းမှောင်သွားသည်။ မူလက သူမက ဝေယွမ်နင်းကို ကျန့်မိသားစုနှင့် စကားပြောပေးရန် စီစဉ်ခဲ့ပြီး ကိစ္စများကို နောက်ပြန်လှည့်ရန် ဖြစ်နိုင်ခြေ ရှိခဲ့သည်။သို့သော်လည်း ကျန့်ယောင်က ယခု လူကိုယ်တိုင် လာရောက်ငြင်းဆိုခဲ့ပြီး သူမက ဝေ့ရှီမင်းနှင့်တွဲရန်သာ ဆုံးဖြတ်ထားသည်။ အတင်းအကျပ် ဆက်လုပ်နေပါက သူမကိုယ်သူမ ဒုက္ခရောက်အောင် ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်လိမ့်မည်။


သူ ဘာပြောရမည်ကို မသိတော့ချိန်၌ ဘေးနားရှိ ဝေ့မင်ကျန်း၏ အသံထွက်လာသည်။

“မစ္စကျန့်ပြောတာ မှန်ပါတယ်…အိမ်ထောင်ရေး သဘောတူညီချက်က စိတ်ဆန္ဒအရ ပြောင်းလဲနိုင်တဲ့ အရာတော့ မဟုတ်ဘူး…နောက်ပြီး ကျွန်တော်ကလည်း မစ္စကျန့်ကို လက်ထပ်ဖို့ တစ်ခါမှ မစဉ်းစားဖူးပါဘူး…”


ကျန့်ယောင် အံ့ဩသွားကာ သူမ၏ မျက်နှာက တဖြည်းဖြည်းချင်း နီမြန်းလာသည်။ 


သူ၏ စေ့စပ်ထားသူနှင့်တွဲနေခြင်းက ကိစ္စတစ်ခုဖြစ်သော်လည်း ဝေ့မင်ကျန်းက သူ့ကို ယတိပြတ် ငြင်းပယ်လိုက်ခြင်းကလည်း ကိစ္စတစ်ခုပင်ဖြစ်သည်။


ထိုစကားကိုကြားပြီးနောက် မဒမ်ဝေ့က မတတ်နိုင်ပဲ သူမနဖူးကိုပွတ်သပ်လိုက်သည်။

ပြီးသွားပြီပဲ…ငါ့သားလေးက ကျန့်ယောင်ကိုဒေါသထွက်နေတာပဲ… သူ တကယ်ပဲ ဒီလိုစကားမျိုး ပြောပြီး အဆုံးသတ်လိုက်တယ်…


"နင် ငါ့ကို လက်မထပ်ချင်ဘူးလား…”

ကျန့်ယောင် က မယုံကြည်နိုင်စွာ မေးလိုက်သည်။ 


ဝေ့မင်ကျန်းက ခေါင်းညိတ်ပြလိုက်သည်။

 "ဟုတ်ပါတယ်..မမလေးက ဝေ့ရှီမင်းနဲ့ ဆက်ပြီး တွဲလို့ရပြီး သူနဲ့ပဲ လက်ထပ်လို့ ရပါပြီ…ကျွန်တော်က လက်ထပ်ဖို့ သဘောတူညီမှုကို ပြောင်းလဲပေးဖို့ မတောင်းဆိုပါဘူး…”


သူ့အမူအရာက မထီမဲ့မြင်ဖြစ်နေပြီး မျက်လုံးများက အေးစက်နေသည်။ သူ့မျက်နှာတွင် အံ့ဩခြင်း သို့မဟုတ် စွဲလန်းနေသည့် မည်သည့်အရိပ်အယောင်မျှ မရှိပေ။ 


ဒုတိယထပ် ဝရံတာမှ ခိုးနားထောင်နေသော ဝေ့ရှီမင်းကဝေ့မင်ကျန်း ၏စကားကိုကြားသည်နှင့် မနေနိုင်ဘဲ ပြုံးလိုက်သည်။


ဝေ့မင်ကျန်းက သည်းမခံတတ်သည့် စိတ်မရှည်သူ ဖြစ်ကြောင်း ကြိုဆိုပွဲကျင်းပစဉ်ကပင် သူပြောနိုင်သည်။


မဟုတ်ရင် ဝေ့မင်ကျန်းက သူ့ကို ဘာလို့များ ဒီလို မလေးမစား ပြုမူပါ့မလဲ…


ဦးနှောက်နည်းနည်းပိုရှိသည့်သူတိုင်းက ပိုမ်ို၍ ရက်ရောမှုပြရမည်ဆိုသည်ကို သိကြလိမ့်မည်။ ဝေ့မင်ကျန်းက ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် သူ့ကို ရှက်ရွံ့အောင်လုပ်ပြီး ကြိုဆိုပွဲအတွင်းမှာပင် သူ့အတွက် ခက်ခဲစေရန် ကြိုးစားခဲ့သည်။ ထိုအရာကြောင့် သူကစိတ်သဘောထားကျဉ်းမြောင်းသည်ဟူသည့် အမြင်များ ကျန်ခဲ့မည်ဖြစ်သည်။ 


ဆိုးရွားသော အိမ်တွင် ကြီးပြင်းလာသည့် ကလေးများက စိတ်သဘောထားကျဉ်းမြောင်းပြီး ပညာမတတ်ကြောင်း သက်သေပြရန် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ 


အနည်းဆုံးတော့ အဖွားက ဝေ့မင်ကျန်းကို သိပ်သဘောမကျဘူးလေ...


ယခုတွင် ဝေ့မင်ကျန်းက ကျန့်ယောင်၏မျက်နှာရှေ့တည့်တည့်တွင် လက်ထပ်ရန် သဘောတူညီမှုကို မလိုချင်ဟု ပြောခဲ့သည်။


ဟား ဟား...သူက ဦးနှောက်မရှိတဲ့ ငတုံးပဲဖြစ်ရမယ်….


ဝေ့ရှီမင်းသာ သူ့နေရာမှာဆိုပါက လူတိုင်းနှင့် အဆင်ပြေရန် သေချာပေါက် ကြိုးစားမည်ဖြစ်သည်။ သူက အပေါ်ယံတွင်မူ သခင်လေးအတုကို ယဉ်ကျေးပြီး ကြင်နာမည်ဖြစ်သော်လည်း သူ့ကို အိမ်ပြင်သို့ နှင်ထုတ်ရန်အတွက် ထောင်ချောက်တစ်ခုကို တိတ်တဆိတ် ဆင်ထားမည် ဖြစ်သည်။ ကျန့်ယောင်ကသာ သူနှင့် လက်ထပ်စာချုပ်ကို ဖောက်ဖျက်ချင်သည်ဆိုပါက သူ ကျေကျေနပ်နပ်ကြီး နောက်ဆုတ်ပေးမည်ဖြစ်သည်။ ထို့နောက်တွင် သူက သူမကို ဆက်လက်လိုက်နေပြီး သူမကို ကျေနပ်စေကာ အမြင်ကောင်း ချန်ခဲ့မည်ဖြစ်သည်။ နောက်ဆုံးတွင်မူ သူမကို စိတ်ပြောင်းအောင် လုပ်မည်ပင် ဖြစ်သည်။


တစ်ဖက်တွင်မူ ဝေ့မင်ကျန်းက ကျန့်ယောင်ကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည်။ သူ ဆုတ်ခွာရန် နေရာပင် ချန်မထားခဲ့ပေ။


ကျစ် ကျစ်...ဝေ့မင်ကျန်းလို ငတုံးတစ်ယောက်က ငါ့ကို ကန်ထုတ်ချင်နေတာလား…


ဝေ့ရှီမင်းက မဒမ်ဝေ့၏ ရှက်ရွံ့နေသောအမူအရာနှင့် ကျန့်ယောင်၏ဒေါသထွက်နေသည့် အပြုံးမျက်နှာကို ကြည့်လိုက်သည်။ ထို့နောက် သူ ပျော်ရွှင်စွာဖြင့် အခန်းထဲသို့ ဝင်သွားသည်။ 


ဒီလိုအမှိုက်မျိုးက ငါ့ပြိုင်ဘက် လုံးဝမဟုတ်ဘူး….


ဝေ့မင်ကျန်းက သူ့ကို ဂရုမစိုက်ဘူးလို့ ဘယ်လိုတောင်ပြောရဲရတာလဲ…ဟမ့်…


သူကသာ ဝေ့မင်ကျန်းကို တကယ်ကန်ထုတ်ပစ်မယ့်သူဆိုတာကို သူ နားလည်လာလိမ့်မယ်…


ဝေ့ရှီမင်းက သူ့ကို လောလောဆယ် စိတ်ကျေနပ်အောင်ထားရန် ဆုံးဖြတ်လိုက်သည်။


မူလတွင်မူ ကျန့်ယောင်က ဝေ့မင်ကျန်းကို နှိမ့်ချခဲ့သည်။ အိမ်ထောင်ရေး သဘောတူညီချက်ကို ပြောင်းလဲမည်မဟုတ်ကြောင်း သူ့ရှေ့တွင် ကျိန်ဆိုခဲ့သော်လည်း ဝေမင်ကျန်းက သူမလောက်ပင် ထိုကိစ္စကို ဂရုမစိုက်ခဲ့ပေ။


ထိုကဲ့သို့သော လျစ်လျူရှုတတ်သည့် အမူအရာ၊ အေးစက်သည့် မျက်လုံးများ အားလုံးက သူမ၏ ကိုယ့်ကိုယ်ကို လေးစားမှုကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့သည်။


ထိုအရာက သူမ စိတ်ကူးထားသည်နှင့် လုံးဝမတူပေ။


သူ စိတ်ဆိုးသင့်တယ်မဟုတ်လား…


သူ သဘောမကျရင်တောင် ငါ့ကို လေးလေးစားစားပြောသင့်တယ်...


အရမ်း ပညာမဲ့တာပဲ…


မင်းသမီးလေးကျန့်ယောင်က အလွန်ဒေါသထွက်သွားကာ ဒေါသတကြီးပြောလိုက်သည်။

 “ဒါဆိုလည်းထားလိုက်တော့…အနာဂတ်မှာ နင် ငါ့ကို လာမတောင်းပန်နဲ့ … ဒေါ်လေးစု ကြားတယ်မလား…ကျွန်မတင် မဟုတ်ဘူး…ယင်းမင်ကျန်းကလည်း လက်ထပ်ဖို့ သဘောတူညီမှုကို မပြောင်းချင်ဘူး…နောက်ဆို လက်ထပ်ဖို့ သဘောတူညီမှုအကြောင်းကို ထပ်‌မပြောပါနဲ့တော့…”


မဒမ်ဝေ့၏ မျက်နှာက တင်းမာသွားသည်။ ယနေ့အဖြစ်အပျက်အရ ဝေ့မင်ကျန်းနှင့် ကျန့်ယောင်တို့အတူတူနေရန် အခွင့်အရေးမရှိတော့သည်ကို သူမသိသည်။


ကျန့်ယောင်က စကားပြောပြီးသည်နှင့် သူ့စကတ်ကိုခါပြီး လှေကားမှဆင်းလာခဲ့သည်။ ဝေ့ရှီမင်းက သူမကို အိမ်ပြန်ပို့ရန် ကားတစ်စီး စီစဉ်ပေးခဲ့သည်။


ကျန့်ယောင် ကားပေါ်သို့တက်သွားချိန်၌ သူမက ဝေ့ရှီမင်း ၏ဂရုစိုက်မှုကို ခံစားလိုက်ရကာ ယနေ့တွင် မှန်ကန်သောရွေးချယ်မှုတစ်ခုကို သေချာပေါက်ပြုလုပ်ခဲ့ကြောင်း ခံစားခဲ့ရသည်။ 


သို့သော်လည်း ဝေမင်ကျန်း၏ ချောမောသောမျက်နှာ၊ သဘောထားမတိုက်ဆိုင်သည့် အမူအရာနှင့် အေးစက်သောမျက်လုံးများက သူမကို မယုံနိုင်လောက်အောင် နက်နဲသော အထင်ကြီးမှုကို ချန်ထားနိုင်ခဲ့သည်။ 


ယောက်ျားတစ်ယောက်က သူမကို ဂရုမစိုက်သည်မှာ ယခုက ပထမဆုံးအကြိမ်ဖြစ်သည်။ သူမက သူ့ထံမှအံ့သြမှု၊ လေးစားမှု၊ သို့မဟုတ် မြတ်နိုးမှု အရိပ်အယောင် တစ်ခုမှ မမြင်ခဲ့ရပေ။ သူက အခြားယောကျ်ားများနှင့် လုံးဝမတူပေ။


သူ ငါ့ကိုဘာလို့ဂရုမစိုက်တာလဲ…


ကျန့်ယောင်က အလွန်စိတ်ဆိုးသွားသည်။


ကျန့်ယောင်ထွက်သွားသည်ကို ရှုနဉ် စိုးရိမ်တကြီး ကြည့်နေခဲ့သည်။

ဗီလိန်လေးက အမျိုးသမီးဇာတ်လိုက်ကို ဘာလို့ အခုလိုမျိုး စော်စော်ကားကားပြောလိုက်ရတာလဲ...


သူမနှင့် အချိန်မဖြုန်းလိုက်ရသည်ကို ရှုနဉ် အလွန် ပျော်မိသော်လည်း ကျန့်ယောင်က ဗီလိန်လေးကို ဒုက္ခဖြစ်စေမည်ကို သူစိုးရိမ်နေသည်။


မင်းသမီးကျန့်ယောင်၏ ပရိသတ်များက အမှန်တကယ်ပင် ရက်စက်သည်။ သူမ မျက်ရည်တစ်စက်လေးကျခြင်း သို့မဟုတ် အနည်းငယ်ခန့် နာကျည်းမှုခံစားရသည်နှင့် ပရိသတ် တစ်ယောက်ပြီးတစ်ယောက် လာနှိပ်စက်ကြမည်ဖြစ်သည်။


ဝေ့မင်ကျန်းက ဤနေရာတွင် သူစိမ်းတစ်ယောက်သာဖြစ်၍ အားနည်းချက်တစ်ခုဖြင့်ပင် အဆုံးသတ်သွားနိုင်သည်။


သူတွေးနေစဉ်မှာပင် လက်တစ်ဖက်က သူ့မေးစေ့ကို ဆွဲကိုင်လိုက်ပြီး သူ့ခေါင်းကို ဘေးသို့လှည့်လိုက်သည်။ သူက ဝေ့မင်ကျန်း၏ မကျေမနပ်ဖြစ်နေသည့် မျက်လုံးများနှင့် မျက်လုံးချင်းဆုံမိသွားသည်။ 

"သူက ထွက်သွားပြီးနေပြီ..မင်းက ဘယ်လောက်ကြာတဲ့အထိ ဆက်ကြည့်နေဦးမှာလဲ..”


ရှုနဉ်က သူ့လက်ကို ဖယ်လိုက်သည်။

 "ငါ့မေးစေ့ကို ဆက်မဆွဲထားနဲ့တော့…”


"ငါဆွဲချင်ရင် ဆွဲမှာပဲ…”

ဗီလိန်လေးက သူ့မေးစေ့ကို ထပ်ဆွဲမော့လိုက်သည်။


" ဘယ်လောက်ပဲ ကြည့်ကောင်းကောင်း သူက တခြားတစ်ယောက်ရဲ့ ချစ်သူ တစ်ခြားရဲ့ဇနီးလောင်း ဖြစ်နေတုန်းပဲ... မင်းအတွက်နေရာမရှိဘူး…”


ရှုနဉ်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ 

"မင်းဘာတွေဖြစ်နေတာလဲ အဲလိုမဟုတ်ဘူး…”


"ဒါဆို မင်းဘာလို့ သူ့ကို စိုက်ကြည့်နေတာလဲ…”

ရှုနဉ်က ဝေ့မင်ကျန်း သူမနှင့် တွဲသွားမည်ကို စိတ်ပူသည်ဟု မပြောနိုင်ပေ။ ထိုသို့စဉ်းစားမိသည်နှင့် သူ အမှတ်တမဲ့ အကြောင်းပြချက်တစ်ခု ထွက်လာသည်။


“ဘာလို့လဲဆိုတော့ သူကချောတယ်လို့ ငါထင်လို့…”


သူ့မေးစေ့ကို ဆုပ်ကိုင်ထားသည့်လက်က ပိုတင်းလာပြီးရှုနဉ် နာကျင်စွာ အော်ဟစ်လိုက်ပြီး လက်ကို အလျင်အမြန် ရိုက်ထုတ်လိုက်သည်။ 

"မင်းဘာတွေလုပ်နေတာလဲ..”


"ငါကရော ချောလား…”

ဗီလိန်လေး၏ လှပသော မျက်လုံးများက မှုန်မှိုင်းနေသည်။


ယောက်ျားလေးနဲ့မိန်းကလေးက ဘယ်လိုလုပ်နှိုင်းလို့ ရမှာလဲ…


သူအဘယ့်ကြောင့် ရုတ်တရက် ဒေါသ ထွက်နေမှန်း ရှုနဉ် မသိပေ။ သူ့မေးရိုးများ နာကျင်လာသောကြောင့် သူက ဗီလိန်လေးကို အမြန်ချော့လိုက်သည်။

 "မင်းက ပိုကြည့်ကောင်းတယ်...မင်း သူ့ထက် အဆတစ်ရာလောက် ပိုကြည့်ကောင်းတယ်…အခု ပျော်သွားပြီလား…”


နောက်ဆုံးတွင် ဗီလိန်လေးက သူ့ကို လွှတ်လိုက်တသည်။

"မင်းက အရွယ်ရောက်လုနီးပါးဖြစ်နေပြီလေ…မိန်းကလေးတွေကို တစ်ချိန်လုံး စိုက်ကြည့်မနေသင့်ဘူး…မင်းကို နှာဘူးလို့ အထင်လွဲသွားနိုင်တယ်…”


ရှုနဉ် "..."


ရှုနဉ် - "ငါ ဘယ်တုန်းက မိန်းကလေးတွေကို စိုက်ကြည့်နေလို့လဲ…”


မတရားစွပ်စွဲခံရတာပဲ…


ဝေ့မင်ကျန်းက သူ့လက်မောင်းကို ရိုက်လိုက်သည်။ "အခြေခံအားဖြင့်တော့ အသက်ကြီးလာတာနဲ့အမျှ ယောက်ျားနဲ့မိန်းမ မတူဘူးဆိုတာကို ပိုနားလည်လာလိမ့်မယ်…သိပြီလား…”


ရှုနဉ်:" .……. “


သူက တရားမျှတမှု မရှိသည့် ဗီလိန်လေးနှင့် စကားမပြောချင်တော့ပေ။ မဒမ်ဝေ့က သူတို့၏ ငြင်းခုံနေမှုကို အသားကျနေသောကြောင့် စိတ်ထဲ မထားခဲ့ပေ။ သူ့နှလုံးသားထဲရှိ ကူကယ်ရာမဲ့မှုကို မျိုသိပ်ထားပြီး "အိမ်ထဲဝင်ရအောင်" ဟု ပြောလိုက်သည်။


ထိုအဖြစ်အပျက်ပြီးနောက်တွင် လက်ထပ်ရန်သဘောတူညီမှုက မီးခိုးငွေ့များအဖြစ် ပျောက်ကွယ်သွားပြီဖြစ်သည်။ ဝေ့ရှီမင်းက အနာဂတ်တွင် သူတို့ကို ကူညီပေးသည်အထိ ကြင်နာတတ်လိမ့်မည်ဟုသာ သူမ မျှော်လင့်ခဲ့သည်။


သူမ အလွန်တွေဝေနေသလို ခံစားခဲ့ရသည်။ ဝေ့ရှီမင်း အတွက် သူမတွင် မည်သည့်ခံစားချက်မှ မရှိသော်လည်း ကလေးများကို ရည်ရွယ်ချက်ရှိရှိ လဲလိုက်သည်က အဘယ့်ကြောင့်ဆိုသည်ကို တွေးမိလိုက်တိုင်း မသက်မသာ ခံစားခဲ့ရသည်။ ဝေ့ရှီမင်းက သူမ၏ ချစ်ခြင်းမေတ္တာကို ရယူပြီး မိသားစုပိုင်ဆိုင်မှုကို အမွေဆက်ခံရန်အတွက် ဤနေရာ၌ ထားရှိခဲ့ခြင်း ဖြစ်နိုင်သည်။


သူမက ကလေးနှစ်ယောက်နှင့် မည်သို့ ဆက်ဆံရမည်ကို မတွေးတတ်သေးပေ။ ယခု သူမလုပ်နိုင်သည့် တစ်ခုတည်းသော အရာက သူမ၏သားအရင်းနှင့်အတူ အချိန်ကုန်ဆုံးပေးခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းက မမှားနိုင်ပေ။


တစ်နေကုန် ဈေးဝယ်ထွက်ပြီးနောက် လူတိုင်း အလွန်ပင်ပင်ပန်းနွမ်းနယ်နေသောကြောင့် မဒမ်ဝေ့က ရှုနဉ်နှင့်ဝေ့မင်ကျန်းတို့အား အနားယူရန် အခန်းသို့ပြန်သွားစေခဲ့သည်။ 


နှစ်ယောက်သား ရှုနဉ်၏အခန်းသို့ ပြန်သွားကြသည်။ ရှုနဉ် အခန်းထဲဝင်လိုက်သည်နှင့် သူ့အမူအရာက အလွန်လေးနက်လာသည်။ 

"ကျန့်ယောင် က ဘာလို့ရုတ်တရက်ပေါ်လာရတာလဲ...နောက်ပြီး သူရဲ့ စိတ်ထားက တော်တော်ဆိုးတာပဲ…” 


ဝေ့မင်ကျန်း မနေ့က ပြန်ရောက်လာပြီး ယနေ့ ကျန့်ယောင်က အလျင်အမြန်ပေါ်လာ၍ တစ်စုံတစ်ယောက်ထံမှ တစ်စုံတစ်ရာကို သူမကြားလိုက်ရသည်မှာ ထင်ရှားသည်။ ထို့အပြင် မဒမ်ဝေ့၏ရှေ့တွင် ခံစားချက်များအကြောင်းကိုလည်း ဆက်လက်ပြောနေခဲ့သည်။ မဒမ်ဝေ့က ဝေ့ရှီမင်းကို မတရားအနိုင်ကျင့်သည်ဟု သူမက ရှင်းရှင်းလင်းလင်း စွပ်စွဲခဲ့သည်။ ထို့အပြင် သူမက အိမ်ထောင်ရေး သဘောတူညီချက်ကို ပြောင်းလဲမည် မဟုတ်ကြောင်းပြောခဲ့ပြီး ဗီလိန်လေးအပေါ် သူမ၏သဘောထားက အလွန်ညံ့ဖျင်းသည်။ 


တစ်ယောက်ယောက်က သူမကို ထိုသို့လုပ်ရန် လှုံ့ဆော်ခဲ့သည်မှာ ထင်ရှားလှသည်။


အစောပိုင်းတွင် မဒမ်ဝေ့က ထိုနေရာ၌ ရှိနေဆဲဖြစ်သောကြောင့် သူတို့ ဘာမှပြောရန် အဆင်မပြေခဲ့ပေ။ ယခုသူတို့ နှစ်ယောက်သာ ရှိသောကြောင့် သဘာဝကျစွာပဲ သူ ထိုအကြောင်းကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာရန်လိုသည်။ 


"အဲဒါ မသိသာဘူးလား…”

ဗီလိန်လေးက ရှုနဉ်ကို ရေတစ်ခွက် ထည့်ပေးလိုက်ကာ သူ့အမူအရာက ပေါ့ပါးနေသည်။


ရှုနဉ်က ရေဖန်ခွက်ကိုယူကာ မျက်မှောင်ကြုတ်လိုက်သည်။ 

“ငါ ထင်တာတော့ ဝေ့ရှီမင်းက သူ့ဆီက လက်ထပ်ဖို့ သဘောတူညီမှုကို မင်းခိုးသွားမှာကို ကြောက်လို့ ပထမဆုံး အကွက်ရွှေ့လိုက်တာဖြစ်မယ်…မင်းရဲ့နာမည်ကို ရည်ရွယ်ချက်ရှိရှိ သိက္ခာချပြီး မင်းနဲ့ ကျန့်ယောင်ရဲ့ စေ့စပ်ဖို့ ဖြစ်နိုင်ခြေမှန်သမျှကို ဖြတ်တောက်လိုက်တာ…”


ယင်းမင်ကျန်းက မေးလိုက်သည်။

"မင်း က လက်ထပ်စာချုပ်ကို ဂရုစိုက်တာလား…”


ရှုနဉ်က ခေါင်းခါလိုက်သည်။ 

"မင်း ဒုက္ခရောက်မှာကိုပဲ ငါ စိတ်ပူတယ်….ဝေ့ရှီမင်းက စပြီး လှုပ်ရှားနေပြီ ငါတို့ ပြင်ဆင်ထားဖို့ လိုတယ်…”


"မင်းပြောတာ လုံးဝမှန်တယ်…”

ဝေ့မင်ကျန်းက ပြုံးလိုက်သည်။ ထို့နောက် သူ့လက်ကို မြှောက်လိုက်ပြီး သူ့ဘေးနားမှ ခေါင်းလောင်းကို လှမ်းတီးလိုက်သည်။ 


ခဏအကြာတွင် အစေခံတစ်ယောက်ရောက်လာပြီး တံခါးခေါက်လာသည်။

“သခင်လေးရှု " 


ဝေ့မင်ကျန်းက တံခါးသွားဖွင့်လိုက်သည် ။ တံခါးဝတွင် ရပ်နေသည့်လူက ခဏ ကြောင်အသွားသည်။


ထို့နောက် သူမ၏အမူအရာ အလွန် သဘာဝမကျဖြစ်နေသည်။


"သခင်လေးမင်ကျန်း" 

ထိုအစေခံက ဟူမေ့ဖြစ်နေသည်။