အပိုင်း ၈၄
Viewers 11k

Chapter 84



အကယ်၍ သူတို့သာ ဝေ့မင်ကျန်းနှင့် သူငယ်ချင်းဖြစ်ပါက၊ သူတို့လည်း Omega Seamaster ကိုရနိုင်လောက်သည်။


သူတို့အားလုံး မငြိမ်မသက်ဖြစ်စ ပြုလာသည်။ ရုတ်တရက် လူတိုင်း ဝေ့မင်ကျန်းနှင် ရင်းနှီးအောင်မည်သို့ လုပ်ရမည်ကို တွေးနေကြသည်။


မိန်းကလေးတစ်ယောက်က ရုတ်တရက်ထပြောလိုက်သည်။

 “အဲ့ဒါက နင်က သူမရဲ့ အနာဂတ်ချွေးမလောင်းလေး ဖြစ်တာကြောင့် မဟုတ်တာ သေချာလား..


ရှုနဉ်က သူ့ကို နောက်ထပ် မျက်စောင်းတစ်ခု ထပ်ထိုးလိုက်သည်။ 


ကောင်မလေးက သူ့ကို မျက်စပစ်ပြကာ ရယ်လိုက်သည်။


မိန်းကလေးများက ဝေ့ရှီမင်းနှင့် ဝေ့မင်ကျန်းကို စနောက် ရန် သတ္တိမရှိကြသော်လည်း ရှုနဉ် ရောက်ရှိလာသောအခါ သူတို့ မထိန်းနိုင်ကြပေ။ သူက ရုပ်ရည်ချောမောပြီး ချစ်စရာကောင်းသော ကောင်လေးတစ်ယောက်ဖြစ်သည်။ ထို့အပြင် သူ၏မိသားစုနောက်ခံက အလှမ်းဝေးလွန်းလှသည်။ 


ဘယ်သူကများ သူ့ကို ထောက်ပံ့ပေးမှာလဲ…


"ဟုတ်တယ်လေ..နင်တို့ရဲ့အဝတ်အစားတွေကို ကြည့်လိုက်ဦး..တစ်ယောက်က အနက်ရောင်နဲ့ တစ်ယောက်က အဖြူနဲ့..နင်တို့ရဲ့အဝတ်အစားတွေကတောင် လိုက်ဖက်နေတယ်…”

အခြားမိန်းကလေးတစ်ဦးက နောက်ပြောင်လိုက်သည်။


ရှုနဉ် ရှက်လာသည်။ သူက ရန်သူကို တိုက်ပွဲဝင်နေခြင်းဖြစ်သော်လည်း ထို မိန်းကလေးများက အခြားလမ်းကြောင်းကိုသာ အမြဲတွေးနေကြသည်။


သူက ထို မိန်းကလေးများအား စိုက်ကြည့်လိုက်သည်။ 

"ဝေ့ရှီမင်းနဲ့လည်း လိုက်တယ်မလား...ငါ ဘယ်သူနဲ့ပိုလိုက်လဲ ဟမ်…”


ဒီမေးခွန်းကို မေးလိုက်သည်နှင့် ကောင်မလေးများ ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။ 


"ဟုတ်တယ်၊ ဘယ်သူနဲ့ တွဲနေတာလဲ...သူတို့ကို အတွဲ ကောင်းကောင်းတွဲပေးဖို့လိုတယ်…”


"ရှုး ကျန့်ယောင်ကြည့်နေတယ်…”


"အဲ့ဒါဆိုရင်. ဝေ့ရှီမင်းနဲ့တွဲပေးလို့ မဖြစ်ဘူး…”


"ရှုနဉ် မင်းနဲ့ ဝေ့မင်ကျန်းက အကောင်းဆုံးအတွဲပဲ…”


ရှုနဉ်:" …..”


ဝေ့ရှီမင်း".. …..”


ကျန့်ယောင်: "..." 


အရာအားလုံးက သူတို့ မျှော်လင့်ထားတာနဲ့ ဘာလို့များ ကွာခြားနေတာလဲ…


ထူးဆန်းသော ဦးတည်ရာသို့သာ ရောက်သွားသည်။ 


လူနှစ်ယောက်ကြားမှ တိုက်ပွဲဆိုသည်မှာ သိသာထင်ရှားသော်လည်း မိန်းကလေးများ၏ စနောက်မှုကြောင့် အရာအားလုံး ပြောင်းလဲသွားသည်။ 


လေထုက ပြောင်းလဲသွားသည်။ဝေ့ရှီမင်းက ရုပ်ရည်ပိုင်းဆိုင်ရာတွင် ရှုံးသွားသောကြောင့် သူဆက်လက်မဝံ့ကြွားနိုင်တော့၍ နောက်ပြန်ဆုတ်ဖို့ကို ရွေးချယ်လိုက်သည်။ ထို့အပြင် သူ့ အပေါ် မည်သူမျှ အာရုံမစိုက်၍ အတင်းအကြပ် ထပ်မံကြိုးစားလျှင် ပိုရှက်စရာကောင်းသွားနိုင်သည်။


ကျန့်ယောင်၏အမူအရာကလည်း အလွန်ဆိုးရွားနေပြီဖြစ်သည်။ သူမ လှည့်ထွက်သွားပြီး ခန်းမထဲသို့ အရင်ဝင်လိုက်သည်။ ဝေ့ရှီမင်းက သူမထွက်သွားသည်ကို မြင်သည်နှင့် အထဲသို့ အမြန်လိုက်သွားခဲ့သည်။ 


ဝေ့ရှီမင်းနှင့် ရှုနဉ်တို့လည်း ခန်းမထဲသို့ ၀င်သွားကြသည်။ အတွင်းခန်းအလှဆင်မှုမှာ ရုပ်ရှင်ထဲမှ မြင်ကွင်းတစ်ခုကဲ့သို့ အထက်တန်းကျလွန်းနေသည်။ လှပသောလူများ၊ လက်ရာမြောက်သော အစားအသောက်များ၊ ဇိမ်ခံဝတ်စုံများ စသည်ဖြင့် ထိုအရာများကပင် အထက်တန်းလွှာလူ့အဖွဲ့အစည်းကြီး၏ အဖြစ်အပျက်များ ဖြစ်ကောင်းဖြစ်နိုင်သည်။ 


အဖွင့်အမှာစကား အနည်းငယ် ပြောကြားခဲ့သည့် အစီအစဉ်တင်ဆက်သူ နှစ်ဦးရှိသည်။ သူတို့က ပံ့ပိုးကူညီမှုအတွက် ကျောင်းသားကောင်စီနှင့် ကျောင်းအုပ်ချူပ်ရေးမှူးတို့အား ကျေးဇူးတင်ကြောင်း ပြောကြသည်။ တက်ရောက်ပေးခဲ့ကြသည့် ကျောင်းသားများ ကို ကျေးဇူးတင်ကြောင်းပြောခဲ့သည်။ထို့နောက် ကြိုဆိုနှုတ်ဆက်ကြသည်။ ယေဘုယျအားဖြင့်၊ ထိုသို့ ပြောဆိုခြင်းက အလွန်တိုသည်။ 


ကပွဲစသည်နှင့် ကျောင်းသားများက ကပွဲကြမ်းပြင်တွင် ကခုန်ချင်ကြသည်။ သို့သော် ယခုနှစ်ကပွဲကမူ ခြွင်းချက်ဖြစ်သည်။ 


"ယောင်ယောင်၊ကိုယ်နဲ့အတူ ကပေးလို့ရမလား…”

ဝေ့ရှီမင်း၏ အသံက ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ သူ့ပရိသတ်များက လက်ခုပ်တီးပြီး အားပေးခဲ့ကြသည်။


 "လာပါ ကကြပါ…” 


"ကကြပါ….”


ဝေ့ရှီမင်းက ကျန့်ယောင်ကို ကရန် ဖိတ်ခေါ်ချင်သည်ကို အကကြမ်းပြင်ဆီ ဦးတည်သွားနေသည့် ကျောင်းသားများက သဘောပေါက်သွားသည်။ သူတို့ပတ်ဝန်းကျင်ရှိ ဟစ်အော်သံများကို ကြားလိုက်ရသည့်အခါ သူတို့ အကကြမ်းပြင်ကို မဝင်ရဲကြပေ။ သူတို့အားလုံး ခြေတစ်လှမ်းဆုတ်ပြီးနောက် ဝေ့ရှီမင်းတို့၏ အကကိုစောင့်မျှော်နေကြသည်။ 


ဟာသမလုပ်နဲ့လေ…အခု အကကြမ်းပြင်ပေါ်တက်ဖို့ ဘယ်သူကရော သတ္တိရှိမှာမို့လို့လဲ….


ဝေ့မိသားစု၏ သခင်လေးနှင့် ကျန့်မိသားစု၏ မင်းသမီးလေးတို့က ကချင်နေသည်။ လူတိုင်းက သူတို့ကို လမ်းဖယ်ပေးရမည်ပင်။


ကျန့်ယောင်ကို အခြားမိန်းကလေးများက ဝန်းရံထားသည်။ ဝေ့ရှီမင်း၏ ချစ်လှစွာသော ဖိတ်ခေါ်ချက်ကို ကြားသောအခါ သူမ၏ မျက်နှာ နီမြန်းသွားသည်။ သူမက လူတိုင်း၏အာရုံစူးစိုက်မှုကို ခံရသောကြောင့် အလွန်ဂုဏ်ယူနေမိသည်။


ဝေ့ရှီမင်းက စင်မြင့်မှ အကကြမ်းပြင်ဆီသို့ လျှောက်သွားသည်။ ထို့နောက် သူက ကျန့်ယောင်ဆီသို့ ဦးတည်သွားသည်။ သူက ပြေပြစ်စွာဖြင့် ဦးညွှတ်ပြီး လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ လက်ကို ဆန့်လိုက်သည်။ 


ထိုအဖြစ်အပျက်တစ်ခုလုံးက ဝေ့ရှီမင်းနှင့် ကျန့်ယောင်တို့ ဇာတ်လိုက်များအဖြစ် သရုပ်ဆောင်ထားသည့် ရုပ်ရှင်တစ်ခုနှင့် တူသည်။ အခြားလူများအားလုံးက သူတို့ကို ကြည့်ကောင်းစေရန် ဝန်းရံပြီး သူတို့ကို အားပေးနေကြသည်။


ဝေ့ရှီမင်း ပြသနေသည့် ဟန်ဆောင်မှုများကိုမြင်ပြီးနောက် ရှုနဉ် ခေါင်းယမ်းလိုက်ပြီး သူ့ဘေးနားရှီ အသီးဝိုင်ကို သောက်လိုက်သည်။


ဗီလိန်လေးက သူ့ဘေးတွင် ထိုင်နေသည်။ သူက သူ့ဝိုင်ခွက်ကို ဖမ်းကိုင်ပြီးပြောလိုက်သည်။

 "ကလေးတွေက မသောက်ရဘူး…”


ရှုနဉ် အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသည်။ 

"ဒါက သစ်သီးဝိုင်ပဲလေ…”


ဗီလိန်လေးက သူ့ကို ဖျော်ရည်တစ်ခွက်လောင်းထည့်ပေးပြီး ကိတ်မုန့်တစ်ချပ် ပေးလာသည်။

 "လိမ္မာစမ်းပါ…”


 ရှုနဉ်"..."


 ငါ ပြောစရာစကားတောင်မရှိတော့ဘူး… မင်း ငါ့ကို ကလေးလို့ တကယ်ထင်နေတာလား…


ဗီလိန်လေး၏ စူးရှသည့် မျက်လုံးများနှင့် ရင်ဆိုင်ရသောအခါ ရှုနဉ်လည်း ကိတ်မုန့်တစ်ကိုက်နှင့် ဖျော်ရည်တစ်ငုံသောက်ရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။ 


ကောင်းပြီလေ…သစ်သီးဝိုင်နဲ့ အသီးဖျော်ရည်က အတူတူပါပဲ…



ဝေ့ရှီမင်း၏ လူကြီးလူကောင်းဆန်ဆန် ဖျော်ဖြေမှုအပြီးတွင် ကျန့်ယောင်က သူမအား ကရန် ဖိတ်ကြားခြင်းကို ယခုမှ ပထမဆုံးအကြိမ် ကြုံဖူးသကဲ့သို့ သရုပ်ဆောင်နေသည်။ သူမက ပါးစပ်ရှေ့တွင် လက်တစ်ဖက်ကို အုပ်ထားပြီး အံ့ဩသည့် အမူအရာ ချဲ့ကားပြုလုပ်နေသည်။ ရှုနဉ်က သူတို့နှစ်ဦး ထိုပုံစံများကို ကြိုတင်လေ့ကျင့်ထားခြင်းဖြစ်မည်ဟုပင် တွေးနေမိသည်။ မြင်ကွင်းတစ်ခုလုံးက အနည်းငယ် ပိုလွန်းနေသည်။ 


ဟုတ်ပြီလေ….မင်းတို့က အရမ်းကို ပိုလွန်းနေတယ်…


သူတို့က လက်ထပ်ခွင့် တောင်းသကဲ့သို့ ပြုမူနေကြ၏။ 


သူတို့ပတ်ဝန်းကျင်ရှိ လူများကလည်း အစစ်အမှန် ဟုတ်မဟုတ် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိကြပေ။ မည်သို့ပင်ဆိုစေကာမူ အားလုံးက လက်ခုပ်တီးပြီး သူတို့ နှစ်ယောက်ကို အားပေးနေကြသည်။ 


သူတို့ နှစ်ဦး အကကြမ်းပြင်ပေါ်သို့ လျှောက်လာကာ ဖြည်းညှင်းစွာ ကကြသည်။ 


ရှုနဉ်က ဗီလိန်လေး သူ့ကို ကိတ်မုန့်ကျွေးနေစဉ် သူတို့နှစ်ယောက် ကနေသည်ကို စိတ်အားထက်သန်စွာ ကြည့်နေလိုက်သည်။ 


"ကျစ် …သူတို့က အရမ်း အတုအယောင်ဆန်တာပဲ…”


"ငါသိသားပဲ…သူတို့က အချိန်တိုင်း အဲ့လို မျိုးပဲ…အမြဲတမ်း သူတို့ရဲ့ ထာဝရအချစ်ကို ထုတ်ဖော်ပြသနေမှ ရမှာလား…”


ရှုနဉ်က အနီးအနားရှိ လူအချို့၏ အချင်းချင်းတိတ်တဆိတ် တီးတိုးပြောနေသံကို ကြားလိုက်ရသည်။ သူက ခေါင်းကို လှည့်ကြည့်လိုက်သည်။ ဝတ်ကောင်းစားလှနှင့် ကျောင်းသားအချို့က သူနှင့်အနည်းငယ် ဝေးသောကုလားထိုင်များတွင် ထိုင်နေကြသည်။ သူတို့၏အသုံးအနှုန်းများက သူတို့၏ စိတ်မရှည်မှုကို အနည်းငယ် ထုတ်ဖော်ပြခဲ့သည်။


အိုးးးဇာတ်ဆောင်တွေရဲ့ စွမ်းဆောင်ချက်လေးတွေကို လူတိုင်းမ၀ယ်(မကြိုက်)ကြဘူးဆိုတာ အခုမှပဲ သိရတော့တယ်….


အခြားသူများ မည်သို့ ခံစားရမည်ကို သူ သိချင်လာသည်။ အမျိုးသားဇာတ်ဆောင်နှင့် အမျိုးသမီးဇာတ်ဆောင်များက ထုတ်ဖော်ပြသလွန်းသည်ဆိုသည်မှာ ထင်ရှားသည်။ ထို့အပြင်၊ သူတို့က နောက်လိုက်လေးများအားလုံးက သူတို့အား အားပေးအားမြှောက် လုပ်စေသည်။


အဲ့ဒီအရာအားလုံးကို ဘယ်သူကမှ နည်းနည်းလောက် ငြီးငွေ့ဖို့ကောင်းတယ်လို့ မခံစားကြရဘူးလား…


သူတို့ကို အားပေးအားမြှောက် လုပ်နေတဲ့လူတွေက တကယ့်ကို စိတ်ပါလက်ပါ လုပ်ပေးနေကြတာများလား….


ဝေ့ရှီမင်းနှင့် ကျန့်ယောင်တို့က ကပွဲကြမ်းပြင်ပေါ်တွင် ကခုန်နေကြပြီး လူအုပ်ကြီးက သူတို့ ဘေးနားတွင် ရပ်ပြီး ကြည့်နေကြသည်။ သို့သော်လည်း ဝေ့ရှီမင်း၏ အကြည့်က ဝေ့မင်ကျန်းဆီသို့ ဦးတည်သွားခဲ့သည်။ 


ကျန့်ယောင်က သူနှင့်သာ သက်ဆိုင်ကြောင်း ဝေ့မင်ကျန်းကို သိစေချင်သည်။


ဝေ့မိသားစုက သူ့ကို အသိအမှတ်ပြုသည်။ သူ ကျန့်ယောင်ကိုလက်ထပ်နိုင်သည်နှင့် မိသားစုအတွင်းရှိ သူ့ရာထူးက ဝေ့မင်ကျန်းထက် မြင့်မားနေမည်ဖြစ်ပြီး မဒမ်ဝေ့နှင့် ဝေ့မင်ကျန်းတို့၏ မျက်နှာကို ဖြတ်ရိုက်(အရှက်ခွဲ)နိုင်မည်ဖြစ်သည်။ 


ကျန့်ယောင်က အလှတရားကို ကိုယ်စားပြုရုံသာ မဟုတ်ကြောင်း ဝေ့မင်ကျန်း နားလည်သင့်သည်။ သူမက မရေမတွက်နိုင်သော ကြွယ်ဝမှုနှင့် အဆင့်အတန်းကိုလည်း ကိုယ်စားပြုသည်။ ဝေ့မင်ကျန်းက ယခုအချိန်တွင် နောင်တရနေသင့်သည်။


ဝေ့ရှီမင်းက ကျန့်ယောင်ကို အကကြမ်းပြင်တလျှောက် ခေါ်ဆောင်သွားကာ ဝေ့မင်ကျန်း၏ အနီးသို့ တမင်တကာ ခေါ်ဆောင်သွားခဲ့သည်။ သူက ဝေ့မင်ကျန်း၏အမူအရာကို ဂရုစိုက်ကြည့်လိုက်သည်။ 


သို့သော်လည်း သူ စိတ်ပျက်သွားသည်။ ဝေ့မင်ကျန်းက သူတို့နှစ်ယောက်ကို လုံးဝ ကြည့်မနေခဲ့ပေ။ အစမှအဆုံး အထိ သူ့မျက်လုံးများကို သူ့နောက်လိုက်လေးထံတွင်သာ သော့ခတ်ထားသည်။ ဝေ့ရှီမင်းက သူတို့ မည်သည်ကို ပြောနေမှန်း မသိသော်လည်း ဝေ့မင်ကျန်းက ရှားရှားပါးပါး ပြုံးနေသည်ကို သူမြင်လိုက်ရသည်။


ဝေ့ရှီမင်း မျက်ခုံးပင့်မိသွားကာ အံ့ဩသွားသည်။


တစ်ယောက်ယောက်က ကျန့်ယောင်ကို အဘယ့်ကြောင့် ခုခံနိုင်ရသည်ကို နားလည်ရန် သူ့အတွက် အလွန် ခက်ခဲသည်။ 


ကျန့်ယောင်၏အသွင်အပြင်က အံ့သြစရာကောင်းလောက်အောင် လှပသည့်အပြင် သူမက ချမ်းသာကြွယ်ဝသူဖြစ်သည်။ ထိုအရာများက မည်သူ့ကိုမဆို ရူးသွပ်စေနိုင်လောက်သည်။ 


ယောက်ျားများကို ငွေ၊ အလှနှင့် အာဏာများထက် ပို၍ ဆွဲဆောင်နိုင်သည့်အရာ မရှိပေ။ 


ကျန့်ယောင်က ထိုသုံးမျိုးနှင့် ပြည့်စုံသူတစ်ဦးဖြစ်သောကြောင့် ကမ္ဘာပေါ်ရှိ ယောကျ်ားတိုင်း သူမကို ရူးသွပ်သည်မှာ သဘာဝပင်ဖြစ်သည်။ သူနှင့်ကျန့်ယောင်က တွဲနေပြီဖြစ်သောကြောင့် ယောက်ျား မည်မျှခန့်က သူ့ကို မုန်းတီးနေကြသည်ဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။ 


ယခင်က ဝေ့မင်ကျန်း ကျန့်ယောင်ကိုဂရုမစိုက်သည်မှာ သူကျန့်ယောင်အကြောင်းကို မသိသေးသောကြောင့် ဖြစ်မည်ဟု သူ ယူဆခဲ့သည်။ သူနားလည်သွားပါက ဝေ့မင်ကျန်းက သူလွဲချော်ခဲ့သည်ကို သေချာပေါက် နောင်တရလိမ့်မည်။သို့သော်လည်း ဝေ့မင်ကျန်းက ကျန့်ယောင်ကို လုံးဝ ဂရုမစိုက်ကြောင်း သူ ယခုမှ သဘောပေါက်လာသည်။ 


ဝေ့ရှီမင်း သူ့နှလုံးသားထဲတွင် သိမ်မွေ့သော စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။ 


သူ ဂုဏ်အယူဆုံးအရာက အခြားသူ၏ မျက်လုံးထဲတွင် ထည့်ရန်ပင် မထိုက်တန်ပေ။ သူ မတတ်နိုင်ဘဲ ဝမ်းနည်းလာမိသည်။


 "အ…”

ကျန့်ယောင်က အော်လိုက်သည်။

 " ကျွန်မကို တက်နင်းမိသွားပြီ…”


ဝေ့ရှီမင်းက တချိန်လုံး စိတ်ရှုပ်နေခဲ့ပြီး ကျန့်ယောင်၏ စကတ်ကလည်း အလွန်ကြီးမားသောကြောင့် သူ့ကို နင်းမိသွားသည်မှာ မလွဲမသွေပင်။ 


ဝေ့ရှီမင်း က အသိစိတ်ပြန်ကပ်လာပြီး တောင်းပန်လိုက်သည်။

 " ကိုယ် တောင်းပန်ပါတယ်..”


ကျန့်ယောင် မယုံနိုင်လောက်အောင် ဒေါသထွက်သွားသည်။ ဝေ့ရှီမင်းက ယခုပင် ခန်းမ ဝင်ပေါက်တွင် ဝေ့မင်ကျန်းအား ရှုံးနိမ့်ခဲ့သည်။ သူမက သူ့လက်တွဲဖော်ဖြစ်နေသောကြောင့် သူမပါ ဆိုးဆိုးရွားရွားဖြစ်ခဲ့၍ အလွန်မကျေမနပ်ဖြစ်နေပြီးသားဖြစ်သည်။ ယခုတွင်မူ ဝေ့ရှီမင်းက ကနေရင်း စိတ်လွတ်ပြီး သူမ၏ စကတ်ကို နင်းမိသွားသည်။ 


အမှန်ပင် စိတ်တိုစရာကောင်းလွန်းသည်။ 


မူလက မင်းသမီးလေး ကျန့်ယောင်က သူ့ကို ဖယ်ပြီး ထွက်သွားချင်ခဲ့သော်လည်း လူများစွာက သူတို့ကို ကြည့်နေကြသောကြောင့် ဒေါသကို ထိန်းထားရန်သာ ဆုံးဖြတ်လိုက်သည်။ သူမကနှုတ်ခမ်းစူပြီးပြောလိုက်သည်။

 "မကချင်တော့ဘူး…”


ဝေ့ရှီမင်း ခဏမျှ အံ့အားသင့်သွားသည်။ သီချင်းက မပြီးသေးသော်လည်း ကျန့်ယောင်က ဆက်ကရန် ငြင်းဆန်ခဲ့သည်။ အခြေခံအားဖြင့် ထိုအရာက သူ့ကို လူသိရှင်ကြား အရှက်ရစေခဲ့သည်။ 


သူ၏ အစစ်အမှန်အထောက်အထားကို သိရှိပြီးနောက်၊ သူ၏စိတ်နေသဘောထားက ဆတ်ဆတ်ထိမခံဖြစ်လာသည်။ အခြားသူများက သူ့ကို လေးစားသည်၊ မလေးစားသည်နှင့် သူ့အပေါ်ထားသည့် သူတို့၏ သဘောထားများ ပြောင်းလဲသွားသည်၊ မပြောင်းလဲသွားသည် စသည့်အရာများကို သူ စူးစမ်းနေမိသည်။ တစ်ခုခု ပြောင်းလဲသွားသည်နှင့် ချက်ချင်းဆိုသလိုပင် သူ နိုးကြားလာတတ်သည်။ 


ကျန့်ယောင်က ဘာလို့ ငါ့ကို ဒီလို အရှက်ခွဲရတာလဲ…သူက ဒီလောက်ကြီးတဲ့ စကတ်ကို ၀တ်ထားမှတော့ ခဏခဏ အနင်းခံရတာ ပုံမှန်ပဲမဟုတ်ဘူးလား…ငါ့ကောင်မလေးအနေနဲ့ ခဏလောက်တောင် သည်းခံမပေးနိုင်ဘူးလား….


ဝေ့ရှီမင်း စိတ်ဆိုးသွားသည်။ မည်သို့ပင်ဆိုစေကာမူ သူက ယဉ်ကျေးသိမ်မွေ့သော အမူအရာဖြင့် ပြောလိုက်သည်။

 "တောင်းပန်ပါတယ်…ကိုယ်မင်းကို နင်းမိသွားလို့လား…”


မေ့လိုက်ပါတော့… ငါ ကျန့်ယောင်နဲ့ အခု ကိစ္စသေးသေးလေးအတွက် မငြင်းခုန်တာက ပိုကောင်းတယ်…ကျန့်ယောင်က တကယ့်ကို အလိုလိုက်ထားခံရသည့်သူလေ ….သူတို့လက်ထပ်ပြီးရင်တော့ သည်အကြောင်းကို သူနဲ့ စကားပြောရလိမ့်မည်…လက်ထပ်ပြီးတာနဲ့ ငါ စည်းကမ်းတချို့ ထားရတော့မယ်…


ဝေ့ရှီမင်းက သူမကို ဂရုစိုက်ပေးနေသည်ကို မြင်သောအခါ မင်းသမီးလေး ကျန့်ယောင်၏ ဒေါသက အနည်းငယ် ပြေလျော့သွားပြီး ခေါင်းခါပြလိုက်သည်။ 


"အဆင်ပြေပါတယ်…”

ထို့နောက် သူက ဝေ့ရှီမင်း၏ လက်မောင်းကိုကိုင်ကာ ကပွဲ ကြမ်းပြင်မှ ထွက်လာခဲ့သည်။ 


အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့ ကခုန်ပြီးနောက် ထွက်ခွာသွားကြသည်နှင့် သီချင်းသံပြောင်းသွားပြီး အခြားကျောင်းသားများက နှစ်ယောက်တွဲ၊သုံးယောက်တွဲ စုလိုက်ကြကာ အကကြမ်းပြင်ဘက်သို့ ဦးတည်သွားကြသည်။ ရှုနဉ်၏ အနီးတွင်ထိုင်နေသော ကောင်လေးများနှင့် ကောင်မလေးများ ထိုင်ခုံမှ အမြန်ထွက်သွားသည်ကို တွေ့လိုက်ရသည်။ မိန်းကလေးများက ကပွဲကြမ်းပြင်ဘေးတွင် ရပ်ကာ ယောက်ျားလေးများမှကရန် လာရောက်ဖိတ်ခေါ်သည်ကို စောင့်နေကြပြီး ယောက်ျားလေးများကလည်း မိန်းကလေးများကိုကရန် ဖိတ်ခေါ်နေကြသည်။ 


သူတို့က ဝေ့ရှီမင်းနှင့် ကျန့်ယောင်တို့ကို အဘယ်ကြောင့် မကြိုက်ကြမှန်း ရှုနဉ် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။


ကပွဲကို တက်ရောက်လာသူ အများစုမှာ ချမ်းသာကြွယ်ဝသူများဖြစ်ကြပြီး သူတို့အိမ်တွင်လည်း မင်းမျိုးမင်းနွယ်များကဲ့သို့ ဆက်ဆံခံရသူများဖြစ်သည်။ သူတို့ကိုယ်တိုင်လည်း ၀တ်စားဆင်ယင်ထားကာ ထုတ်ဖော်ပြသချင်ကြသည်။ 


အခြားတစ်ယောက်ယောက်ရဲ့ သတ္တုပြားအဖြစ် နေရတာက သူတို့ကို ဘယ်လိုများ ပျော်ရွှင်စေနိုင်ပါ့မလဲ…


ရှုနဉ် သူ့ဖျော်ရည်တစ်ခွက်ကို ကုန်အောင် သောက်လိုက်သည်။ သူ သန့်စင်ခန်းသို့သွားရန် ရပ်လိုက်စဉ် တစ်ယောက်ယောက်က သူ့လက်ကို ဆွဲလိုက်သည်။

သူ့ ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ဗီလိန်လေး၏ မှုန်မှိုင်းနေသည့် မျက်နှာကို မြင်လိုက်ရသည်။ 


"မင်းက ဘယ်သွားမလို့လဲ…”

ဗီလိန်လေးက မကျေမနပ်အသံဖြင့် မေးလိုက်သည်။


ရှုနဉ် "..." 


ရှုနဉ်က သူ့ကို ဖမ်းဆွဲသည့် အကြောင်းအား ဗီလိန်လေးကို မမေးခဲ့သော်လည်း ဗီလိန်လေးက သူ့ကို စစ်ဆေးမေးမြန်းနေခဲ့သည်။


တကယ်ပဲ သူက နည်းနည်းလေးမှ ယုတ္တိမရှိတာ မဟုတ်ဘူးလား…


ရှုနဉ် ပြောစရာ စကားမဲ့သွားသည်။ 

"ငါ သန့်စင်ခန်းသုံးရမယ်လေ…ဘာလုပ်ရမှာလဲ…မင်းပဲ ငါ့ကို ဖျော်ရည်တွေဆက်တိုက် ထည့်ပေးနေတာမဟုတ်ဘူးလား…ငါ သန့်စင်ခန်းသွားတာပုံမှန်ပဲလေ…”


ဝေ့မင်ကျန်း၏ အမူအရာက အနည်းငယ် ကောင်းလာသည်။ 

"အိုး.. မင်းက တကယ်ကြီး သန့်စင်ခန်းကို သွားမလို့လား…”


ရှုနဉ်က ပြန်မေးလိုက်သည်။

"မဟုတ်ရင် ငါက ဘာလုပ်ရဦးမှာလဲ…”


ဝေ့မင်ကျန်းက ချောင်းဆိုးလိုက်သော်လည်း သူက ရှုနဉ်ကို သွားခွင့်မပေးသေးပေ။

 "သန့်စင်ခန်းက ဘယ်မှာလဲဆိုတာ မင်းသိလို့လား…ငါမင်းနဲ့လိုက်ခဲ့မယ်လေ…”


ရှုနဉ် ပို၍ပင် ပြောစရာ စကားမဲ့သွားသည်။ 

"ညီအစ်ကိုရေ၊ငါတို့ အခု အထက်တန်းကျောင်းတက်နေပြီလေ…ဒါက အလယ်တန်းကျောင်း မဟုတ်တော့ဘူး..ဟုတ်ပြီလား…”