🍵Chapter 174
စွင်းမန်ရို့ ' ၀မ် 'အိမ်ဆီသို့ အဆာပြေမုန့်တစ်ဗူးနှင့် ပြန်လာသည့်အခါ အဘိုး၀မ် အိမ်မပြန် ရောက်ရှိသေးကြောင်း သူမကို ပြောလာသည်။
သူမက အဆာပြေမုန့်များကို ဦးလေးဇုန်းထံ ပေးအပ်လိုက်ပြီး “အဘိုး ဝမ် အိမ်မပြန်သေးဘူးလား။ အိမ်မှာ နေ့လည်စာ မစားဘူးလား "
ဦးလေးဇုန်း သည် အဆာပြေမုန့်များကို စားပွဲပေါ်တင်ကာ ခေါင်းညိတ်လိုက်သည်။
" ဟုတ်ပါတယ်။ ဗိုလ်မှူးက အစိုးရစားသောက်ဆိုင်မှာ နေ့လယ်စာ စားလေ့ရှိပါတယ် "
စွင်းမန်ရို့သည် အဖြေကို အလွန်အံ့သြသွားသည်။
“ အစိုးရပိုင် စားသောက်ဆိုင်လား။ အံ့သြစရာပဲ။ ဗိုလ်မှူးက အဲဒီနေရာမှာ နေ့တိုင်းစားရင် သူတို့ရဲ့အစားအစာက ထူးခြားရမယ်။ အစိုးရစားသောက်ဆိုင်တွေထဲက ဘယ်ဆိုင်လဲ "
ဦးလေးဇုန်း က " မြို့တော်နန်က မာလာထန်ကို ရောင်းချတဲ့ဆိုင်ပါ။ အဲဒီမှာ သူတို့ အစားအသောက်က အရမ်းကောင်းတယ်။ ဒါပေမယ့် ဗိုလ်မှူးက ရူကွေ့ရဲ့ ချစ်သူကောင်မလေးဆီ သွားလည်ဖို့ အဓိကဖြစ်ပြီး အစားအသောက်အတွက် မဟုတ်ပါဘူး..."
'ရူကွေ့ရဲ့ချစ်သူကောင်မလေးလား '
ဦးလေးဇုန်း၏ စကားကြောင့် စွင်းမန်ရို့ အံ့အားသင့်သွားသည်။
သူမ ကြည့်ရသည်က အဆင်မပြေသည်ကိုမြင်တော့ ဦးလေးဇုန်းက ဂရုတစိုက်ဖြင့် မေးသည် ။ " နေကောင်းရဲ့လား ရဲဘော်စွင်း "
စွင်းမန်ရို့ ခေါင်းယမ်းလိုက်သည်။ " ကျွန်မအဆင်ပြေပါတယ်။ ရဲဘော်၀မ်မှာ ရည်းစားရှိတယ်ဆိုတာ သိလိုက်ရတာ ဒါပထမဆုံးအကြိမ်မို့ပါ "
ဦးလေးဇုန်းက ဂုဏ်ယူစွာ ကြည့်သည်။
" သူတို့နှစ်ယောက်က မကြာသေးခင်ကမှ စုံတွဲဖြစ်သွားတာ။ ရူကွေ့ရဲ့ကောင်မလေးက ထမင်းချက်ကောင်းပြီး ဗိုလ်မှူးအတွက် အလွန်ချစ်စရာကောင်းတယ်.. သူက အရမ်းတော်တဲ့ ရဲဘော်လေးလေ... "
ဗိုလ်မှူးကဲ့သို့ပင် သူသည် မြက်နုလေးကို ပို၍ သိလာလေလေ၊ သူမကို ပို၍နှစ်သက်လေလေဖြစ်သည်။ ထုံရွှယ်လူနှင့်၀မ်ရူကွေ့တို့သည် ကောင်းကင်ဘုံက တွဲဖက်ပေးသည့် စုံတွဲဖြစ်သည်ဟု သူခံစားမိသည်။
စွင်းမန်ရို့က ပို၍ ဖြူဖျော့သွားသည် ။
" အိုး ကျွန်မသိပြီ။ ဦးလေးဇုန်း၊ ရုံးမှာ အာရုံစိုက်ဖို့လိုတဲ့ တခြားကိစ္စတစ်ခုရှိတာ အခုမှ သတိရမိတယ်။ အဘိုးဝမ်ရဲ့ အင်တာဗျူးအတွက် မနက်ဖြန်မှ ပြန်လာခဲ့ပါမယ်။ ကျေးဇူးပြုပြီး ကျွန်မ လာခဲ့တာကို အသိပေး ပေးပါဦး... "
ဦးလေးဇုန်းက ထိုသို့ပြောပေးမည်ဟု စိတ်ချစေရန် ပြောသည်။ သူမကို ခြေလှမ်းလိုက်သောအခါ သူက ပြောပြန်သည်။
" အာ ဟုတ်သား။ မင်းကိုပြောဖို့မေ့သွားတယ်။ သရေစာတွေကို မင်းနဲ့အတူ ယူလာဖို့ မလိုအပ်တော့ဘူး။ ကျုပ်တို့၏ ဗိုလ်မှူးရဲ့အရသာအာရုံက အလိုလိုက်ခံရပြီး ပျက်စီးသွားခဲ့ပြီး ရူကွေ့ရဲ့ချစ်သူကောင်မလေး ပြုလုပ်ထားတာမှ မဟုတ်ရင် ဘာကိုမှ မစားတော့ဘူး "
"ကျုပ်က မင်းယူလာသမျှ မုန့်တွေ စားနေခဲ့တဲ့သူလေ။ ကိုယ်အလေးချိန် ဘယ်လောက်တက်လာလဲ ကြည့်ပါဦး။ မင်းနဲ့အတူ ဘယ်ဟာကိုမှ ယူလာဖို့ ငွေမသုံးနဲ့တော့။ မင်း ဒီအတိုင်းပဲလာလို့ရတယ် "
စွင်းမန်ရို့ သူမ၏အပြုံးကို မထိန်းထားနိုင်လုနိီးပါးပင်။ "ကောင်းပြီ ကျွန်မနားလည်ပါပြီ။ ကျွန်မသွားသင့်ပြီ။နောက်ကျနေပြီမို့ပါ။ နှုတ်ဆက်ပါတယ် ဦးလေးဇုန်း "
စွင်းမန်ရို့သည် ထွက်ခွာလာပြီး အိမ်ဆီသို့ တည့်တည့် ပြေးသွားသည်။
သူမ အိမ်ထဲသို့ ၀င်သွားချိန်၌ လမ်းလျှောက်ထွက်လာသည့် စွင်းဝူယန်ကို ဝင်တိုက်မိသွားသည်။
စွင်းဝူယန်က နောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားခဲ့ပြီး "ဘာဖြစ်နေတာလဲ ရှောင်ရို့။ ဘာလို့လမ်းလျှေယယာက်တာ သေချာမကြည့် လျှောက်တာလဲ"
စွင်းမန်ရို့က သူ့ကို မော့ကြည့်လိုက်ပြီး သူမမျက်လုံးများက နီရဲနေသည်။
စွင်းဝူယန် ကြောင်အသွားပြီး စိုးရိမ်တကြီးမေးလိုက်သည် " ရှောင်ရို့ ဘာဖြစ်တာလဲ။ မင်းကို ဘယ်သူက အနိုင်ကျင့်တာလဲ။ တတိယအစ်ကိုကိုပြော၊ တတိယအကိုက ဂရုစိုက်ပေးမယ် "
စွင်းမန်ရို့က သူမနှုတ်ခမ်းကိုပြင်းပြင်းထန်ထန် ကိုက်လိုက်သည်။ " ဘယ်သူမှ အနိုင်ကျင့်တာ မဟုတ်ဘူး "
စွင်းဝူယန် က " မင်းကိုဘယ်သူမှ အနိုင်မကျင့်ရင် ဘာလို့ဒီလိုငိုနေရတာလဲ "
စွင်းမန်ရို့သည် သူ့ဦးလေးငယ်၏သမီးဖြစ်သော်လည်း ဦးလေးငယ်က စောစီးစွာ ဆုံးပါးသွားကာ ဒေါ်လေးငယ်သည်လည်း နောက်အိမ်ထောင်ပြုသွားသောကြောင့် စွင်းမန်ရို့သည် သူ၏မိသားစုနှင့်အတူ ကြီးပြင်းလာခဲ့ပြီး စွင်းမန်ရို့ကို သူ၏ညီမအရင်းအဖြစ် မှတ်ယူထားသည်။
မျက်ရည်များ စွန်းထင်းနေသည့် သူမမျက်နှာကို မြင်လိုက်ရသောအခါ ရင်နင့်သွားသလို ခံစားလိုက်ရသည်။
စွင်းမန်ရို့က သူမမျက်နှာကို လက်ဖဝါးတွင် မြှုပ်နှံထားရင်း ငိုကြွေးနေသည်။
" ညီမ အရမ်းစိတ်ညစ်တယ် တတိယအစ်ကို။ ညီမက မိန်းမကောင်းမဟုတ်ဘူးလို့ ခံစားရတယ်...."
စွင်းဝူယန် အံ့သြသွားသည်။ " ဘာတွေပြောနေတာလဲ။ ဒါပေါ့ မင်းက မိန်းမကောင်းလေးတစ်ယောက်ပါ "
သူ ရပ်နေသည့်နေရာမှဆိုလျှင် စွင်းမန်ရို့ သည် အရည်အချင်းရှိသည့် ကလေးဖြစ်သည်။ ပုရွက်ဆိတ်ကိုပင် တက်မနင်းလိုသည့် သူမက မည်သို့ မိန်းမယုတ်ဖြစ်နိုင်မည်နည်း။
စွင်းမန်ရို့၏ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာပြီး သူမက လက်ကို ရင်ဘတ်ပေါ်၌ ဆုပ်ကိုင်ကာ မေ့မျောသွားတော့မည့်အလားဖြစ်နေသည်။
သူမသည် အစပိုင်းတွင် မပြောပြလိုသော်လည်း စွင်းဝူယန်က သူမ ငိုနေသည်ကို မြင်လိုက်ရသောအခါ အတင်းအကြပ် ပြောစေသည်။
“တတိယအကို ညီမရဲဘော်ဝမ်ကို သဘောကျတယ်။ ဒါပေမယ့် သူ့မှာ ရည်းစားရှိနေလို့ အရမ်းစိတ်မသက်မသာခံစားရတယ်။ သူ့မှာ ရည်းစားရှိမှန်း ညီမ သိသွားရတော့ ပထမဆုံးအတွေးက သူမဆီကနေ ခိုးယူဖို့ပဲ... ညီမက ဒီလောက်ထိ ကြောက်စရာကောင်းတဲ့လူပဲ "
စွင်းဝူယန်၏ မျက်လုံးများ ပြူးကျယ်လာပြီး ထိတ်လန့်သွားသည် ။
သူက သူ့ကိုယ်သူ ပြန်သတိကပ်ရန် အနည်းငယ် အချိန်ယူလိုက်ရသည်။ " မငိုပါနဲ့ ရှောင်ရို့ မင်းက ကျန်းမာရေး အကောင်းကြီး မဟုတ်ဘူး။ ဒါက မင်းအတွက် မကောင်းဘူး "
စွင်းမန်ရို့ က သူမမျက်ရည်များကို သုတ်လိုက်ပြီး " ခုနက ပြောခဲ့တာတွေကို မေ့လိုက်ပါ တတိယအစ်ကို။ ညီမ စိတ်တွေကို ချက်ချင်း မစုစည်းလိုက်မိလို့ အဓိပ္ပာယ်မရှိတာတွေ ပြောလိုက်မိသွားတယ် "
ငိုယိုနေသောကြောင့် ရောင်ရမ်းနေသည့် စွင်းမန်ရို့၏ မျက်လုံးများကို ကြည့်ပြီး စွင်းဝူယန်က သွားများကြိတ်ကာ "အင်း၊ အဲဒါက လုံးဝ မဖြစ်နိုင်စရာတော့မဟုတ်ဘူး "
စွင်းမန်ရို့၏ ပါးစပ်ပွင့်သွားကာ ထိတ်လန့်သွားသည် ။ "ဘာကိုဆိုလိုချင်တာလဲ တတိယအကို "
စွင်းဝူယန်က " ဝမ်မိသားစုမှာ အလွန်နက်ရှိုင်းတဲ့ စစ်ရေးနောက်ခံရှိတယ်။ ၀မ်ရူကွေ့ကို လက်ထပ်နိုင်ရင် စွင်း မိသားစုအတွက် အရမ်းအထောက်အကူဖြစ်လိမ့်မယ်။ ဒါ့ပြင် ဒီနှစ်တွေအတွင်း မင်း သိပ်ချစ်တဲ့လူတစ်ယောက်ကို အစ်ကို တစ်ခါမှ မတွေ့ဖူးဘူး။ မင်းကို ဒီလိုမြင်ရတာ အကို သည်းမခံနိုင်ဘူး။ ဒီအတိုင်းတော့……
" အကို မင်းကို ရူကွေ့နဲ့ အတူတူ ရှိနိုင်ဖို့ ကူညီမယ်လို့ ဆုံးဖြတ်ပြီးပြီ "
စွင်းမန်ရို့ က သူမလက်ကို ခါယမ်းလိုက်ပြီး " မဟုတ်ဘူး တတိယအကို ။ အဲဒါမှားတယ်။ ရဲဘော်ဝမ်ကို တိတ်တိတ်လေးပဲ ချစ်ချင်တယ်။ ဝမ်းနည်းလွန်းလို့သာ ငိုနေခဲ့တာပါ။ ကျွန်မ သူ့ကို အရင် တွေ့ဆုံမိဖို့ ဆုတောင်းမိရုံပါ "
သူမက ပြောပြီးသည်နှင့် မျက်နှာကို အုပ်ပြီး ငိုကြွေးလေသည်။
သူမ၏ငိုသံက စွင်းဝူယန်၏နှလုံးသားကို ကွဲကြေစေသည်။ " မငိုပါနဲ့ ရှောင်ရို့ အကို မင်းကို ကူညီမယ်လို့ ပြောထားပြီးသား "
စွင်းမန်ရို့က ခေါင်းယမ်းလိုက်ပြီး မျက်ရည်များ ဝဲလာသည်။ " အဲ့လိုလုပ်လို့ မရဘူး တတိယအကို။ သူများတွေ သိသွားရင် ဝိုင်းပယ်ခံရလိမ့်မယ်။ အကို့ကို အဲဒီလိုမဖြစ်စေချင်ဘူး "
" ဒါ့အပြင် အဲဒါက ရူကွေ့ ရဲ့ရည်းစားကိုထိခိုက်စေလိမ့်မယ်။ စိတ်မပူပါနဲ့။ ဒီတစ်သက် ညီမလက်ထပ်မှာမဟုတ်ဘူး။ အဝေးက နေ ရဲဘော်ဝမ်ကို လှမ်းကြည့်ရရုံနဲ့ ညီမ ပျော်ပါတယ် "
စွင်းဝူယန်က သူမကို စိတ်ပျက်သွားသည်။ " ရှောင်ရို့၊ မင်းက အရမ်းကောင်းတဲ့လူပါ။ ဒါပေမယ့် ကြင်နာလွန်းပြီး ရှက်တတ်လွန်းတယ်။ အစ်ကို ဆုံးဖြတ်ထားပြီးသား။ အဲဒါကို စိတ်မပူပါနဲ့။ တစ်ယောက်ယောက် သိသွားတယ်ဆိုရင် အစ်ကို့ရဲ့ စိတ်ကူးလို့ပဲ ပြောလိုက်မယ်။ မင်းနဲ့ဘာမှမဆိုင်ဘူး "
စွင်းမန်ရို့က နှုတ်ခမ်းကို ကိုက်လိုက်သည်။ " တတိယမြောက်အစ်ကို ၊ အစ်ကို ညီမအပေါ် ဘာလို့ ဒီလောက်ကောင်းနိုင်တာလဲ။ ဝူး……"
စွင်းဝူယန် က သူမခေါင်းကို ပွတ်သပ်လိုက်သည်။ " အရူးမလေး မင်းက ကိုယ့်ညီမလေ။ ဒါပေါ့ အသ်ကိုက မင်းအပေါ်ကောင်းတာပေါ့။ ကိစ္စအတွက် စိတ်ပူမနေပါနဲ့။ အကို လိုက်မေးပြီး ဒီအကြောင်း စုံစမ်းလိုက်မယ် "
ဆိုရိုးစကားအတိုင်း မင်းသူငယ်ချင်းများနှင့် ရင်းနှီးအောင်နေပြီး မင်း၏ရန်သူများနှင့် ပို၍ပင် နီးကပ်စွာနေပါ။
သူက ၀မ်ရူကွေ့ကို ကောင်းကောင်းသိသည်ဖြစ်ပြီး ယခု လုပ်စရာရှိသည်က သူ၏ရည်းစားအကြောင်း ပိုသိလာရန်ပင်။
အစီအစဥ်တစ်ခုမရေးဆွဲမီ သူမအကြောင်းပိုမိုလေ့လာရန် လိုအပ်သည်။
စွင်းဝူယန် တံခါးအပြင်ဘက်တွင် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း စွင်းမန်ရို့က ခေါင်းမော့ကာ မျက်ရည်များကို သုတ်သည်။ ရုံးသို့မပြန်ခင်မှာ သူမက မျက်နှာသစ်လိုက်သည်။
🍵
ထုံရွှယ်လူသည် စွင်းမောင်နှမများ၏ အစီအစဉ်နှင့်ပတ်သက်၍ မသိချေ။ သူမက အတွင်းရေးမှုးကျိုး နှင့် ဈေးဝယ်ထွက်ရင်း အလုပ်ရှုပ်နေလေသည်။
ရှက်ရွံ့ဟန်ဖြင့် အတွင်းရေးမှူးကျိုးက ထုံရွှယ်လူကို မေးမြန်းသည်။ "မန်နေဂျာ ထုံ၊ ရှင် ကျွန်မဖို့ ဝတ်စုံတွေ တွဲဆက်ပေးလို့ရမလား။ ရှင်ဝတ်ထားသမျှတိုင်း ကြည့်ကောင်းတယ်လို့ ကျွန်မခံစားရတယ် "
ထုံရွှယ်လူက သူမကိုယ်သူမ တွေးသည် ။' ဒါက ကျွန်မက တော်တော်လှနေလို့လေ ' သို့သော် သူမက ပြုံးလိုက်ပြီးပြောသည်။
" ရပါတယ် ကျွန်မလုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အတွင်းရေးမှူးကျိုး က အရမ်းလှနေပြီသားမို့ ကျွန်မ လုပ်ပေးနိုင်တဲ့အကောင်းဆုံးက ရှင့်ကို အကြံဉာဏ်တစ်ချို့ ပေးရုံလေးပါပဲ "
အတွင်းရေးမှူးကျိုး၏ ပါးပြင်များသည် ချီးမွန်းခြင်းကြောင့် နီရဲလာသည်။ သူမ၏ မျက်ခုံးများမြင့်တက်လာကာ ချီးမွန်းခြင်းက သူမအပေါ် အလုပ်ဖြစ်ကြောင်း ပြသနေသည်။
ပိတ်ရက်မဟုတ်သောကြောင့် စတိုးဆိုင်များ၌ လူမများချေ။
အတွင်းရေးမှုးကျိုးသည် အချိန်အတော်ကြာ အားလပ်ရက်မရှိခဲ့ချေ။ နောက်ဆုံး၌ ယနေ့တစ်ရက်သာလျှင် အနားယူနိုင်သည်။
ထုံရွှယ်လူသည် သူမ ကူးပြောင်းလာကတည်းက ကုန်စုံဆိုင်သို့ မရောက်ဖူးသေးေပ။ အဓိကအားဖြင့် သူမသည် ယခင်က အလုပ်များနေခဲ့ပြီး ယခုမူ စားသောက်ဆိုင်တွင် အလုပ်လုပ်နေသောကြောင့် တစ်နေရာရာသို့ သွားလိုသည့်အချိန်တိုင်း ခွင့်ယူနေရမည်ဖြစ်သည်။
ထိုသို့ဖြစ်ပျက်လျှင် သူမကို နာကျင်စေသည့် သူမ ၀င်ငွေကို ထိခိုက်ခြင်းဖြစ်ပေလိမ့်မည်။
အတွင်းရေးမှူးကျိုးသည် စတိုးဆိုင်တွင် သူစိမ်း မဟုတ်ပေ။ သူမက အထည်နှင့်အဝတ်အစားများဆီသို့ လျှောက်လာရင်း ထုံရွယ်လူကို သူမနှင့်အတူ ခေါ်ဆောင်လာသည်။
အရောင်းဝန်ထမ်းသည် အတွင်းရေးမှုး ကျိုးနှင့် သိသာစွာ ရင်းနှီးလေသည်။ အတွင်းရေးမှူး ကျိုးကိုတွေ့သည်နှင့် သူမပြုံးပြလိုက်သည်။ "နောက်ဆုံးတော့ မင်းဒီကိုရောက်လာပြီ အတွင်းရေးမှူးကျိုး၊ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ကျွန်မတို့ကုန်ပစ္စည်းအသစ်အချို့ကို လက်ခံရရှိခဲ့တယ်။ မင်း မကြာခင် မလာရင် အားလုံး ကုန်သွားမှာကို ကျွန်မ စိုးရိမ်မိတယ် "
အတွင်းရေးမှူးကျိုး၏ မျက်လုံးများက တောက်ပလာသည်။ " ရှင့်မှာ ဘာရှိလဲ။ ကျွန်မကိုပြ၊ ကျွန်မကို ပြပေး"
အရောင်းသမားသည် ၎င်းတို့၏ နောက်ဆုံးပေါ်ဒီဇိုင်းများကို အမြန်ယူဆောင်လာသည်။ ခေါင်းလောင်းဘောင်းဘီနှင့် နိုင်လွန်ဂျာကင်အင်္ကျီများပါ၀င်လေသည်။
အတွင်းရေးမှုးကျိုး သည် ချက်ချင်းပင် ၎င်းတို့ကို ချစ်မိသွားသည်။ " ဒါတွေက အရမ်းလှတယ်။ ဒီအစုံနဲ့ ပတ်သက်ပြီး မန်နေဂျာ ထုံ ဘယ်လိုထင်လဲ "
' အမ်၊ သူတို့ အဆင်ပြေပါတယ် '
အတွင်းရေးမှူးကျိုး သည် သေးငယ်သောသူဖြစ်သည်။ ဂျာကင်အင်္ကျီရှည်သည် သူမကို ပို၍ အရပ်ပုစေသည် ။ ထို့အပြင် ထိုခေါင်းလောင်းဘောင်းဘီ ။ ဘယ်လိုပင်ကြည့်ပါစေ သူမမျက်လုံးများကို နာကျင်စေသည်။
ထုံရွှယ်လူက ပြုံးပြီးပြောသည်။
"သဘာဝအတိုင်း အတွင်းရေးမှူးကျိုးက ဘာနဲ့မဆို ကြည့်လို့ကောင်းပေမယ့် ဒါတွေက မင်းမှာ အမြဲရှိတဲ့အရာတွေနဲ့ အရမ်းဆင်တူတယ်လို့ ကျွန်မ ခံစားရတယ်။ ဒီတစ်ခေါက်မှာ ဘာလို့ အသစ်အဆန်းတွေ မ၀တ်ကြည့်မှာလဲ "
ထိုသို့ပြောပြီးနောက်တွင် အရောင်းသမားကို ဂျာကင်အတို၊ ရှပ်အင်္ကျီအဖြူနှင့် အနက်ရောင် အမျိုးသမီးဝတ် စတိုင်ပင်ဘောင်းဘီတစ်ထည်ကို ယူဆောင်လာစေသည်။
အတွင်းရေးမှူးကျိုး သည် အဝတ်အစားများကို ကြည့်ပြီး ချီတုံချတုံ ဖြစ်နေသည်။ " ဒီလိုပုံစံမျိုး တစ်ခါမှ မဝတ်ဖူးဘူး......"
ထုံရွှယ်လူက " ဒါကြောင့် ရှင်ဒါကို သေချာစမ်းကြည့်သင့်တယ်။ နောက်ဆုံးအစည်းအဝေးမှာ မန်နေဂျာ လင်းပြောခဲ့တာကို မှတ်မိလား။ အမြဲတမ်းဖြစ်နေကျအရာတွေကိုပဲ လုပ်မနေသင့်ဘူး။ ကျွန်မတို့က စိတ်ကူးသစ်ကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်သင့်တယ်။ ဝတ်ပုံစားပုံမှာလည်း အတူတူပါပဲ။ မနက်ဖြန် ဒီဝတ်စုံနဲ့ အလုပ်သွားလုပ်ရင် လူ တော်တော်များများကို အထင်ကြီးစေလိမ့်မယ် "