အပိုင်း၁၇၇
Viewers 32k

🍵Chapter 177




စွင်းမန်ရို့သည် ထိုမျှခန့် နလပိန်းတုန်းဖြစ်သော ထုံရွှယ်လူကိုတွေ့ရ‌သောအခါ တိတ်တဆိတ် ဝမ်းသာနေမိသည်။


သူမက မျက်မှောင်ကြုတ်ကာ ပြောသည်။ 


" ဘယ်လို‌တောင် အကြင်နာမဲ့လိုက်တာလဲ ရဲဘော်။ ရှောင်ချီသေဆုံးခြင်းအတွက် လုံးဝစိတ်မကောင်းဖြစ်ရုံသာမက ချက်ပြုတ်နည်းမျိုးစုံကို‌ ပြောတဲ့အထိကိုပဲ ။ ရှင်က အရမ်းကြောက်စရာကောင်းတာပဲ "


ထုံရွှယ်လူ မတုံ့ပြန်ခင်မှာ တစ်စုံတစ်ယောက်က သူမတို့နောက်ကနေ အော်ဟစ်လိုက်သည်။


 " အဲဒါက ဘာများ ကြောက်စရာ ကောင်းလို့လဲ။ ကြက်တွေကို စားသုံးဖို့ မွေးမြူထားတာ။  မင်းက သူတို့ကို မိသားစုရဲ့အစိတ်အပိုင်းအဖြစ် ခေါ်သွားမလို့လား "


စွင်းမန်ရို့၏မျက်ရည်များမှာ သူမ၏မျက်လုံးထောင့်တွင် ရပ်သွားလေသည်။


"....."


ထုံရွှယ်လူသည် အော်ဟစ်ရယ်မောလုနီးပါးပင်။


' ပြောတာအရမ်းကောင်းတယ်၊ အဘိုးဝမ် '


စွင်းမန်ရို့က သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး " အဲဒါ ကျွန်မဆိုလိုတာမဟုတ်ပါဘူး အဘိုးဝမ်။ ဒါပေမယ့် ဒီကြက်က သာမန်ကြက်သားမဟုတ်ဘူးလေ။ ဒီကြက်က ရှောင်ချီ၊ ဒီကြက်ကလေး ငယ်ငယ်ကတည်းက မွေးမြူခဲ့တာ‌ လေ။ ဒါ​ပေမဲ့ ဒီ​ရဲဘော်က...."


" မင်းဘာသိလို့လဲ " အဘိုး၀မ်က လမ်းလျှောက်ထွက်လာရင်း စိတ်မရှည်စွာ ပြောသည် ။ " ရွှယ်လူရဲ့ အစားအ‌သောက်တွက် ရှောင်ချီနဲ့ရှောင်ပါ့ကို မွေးမြူခဲ့တာ။ သူမ နှစ်သက်သလို လုပ်နိုင်တယ် "


' ပြီး‌‌တော့ မင်းနဲ့ အဲဒီကြက်တွေနဲ့က ဘာဆိုင်လို့လဲ  '


သူမသည် အမျိုးသမီးတစ်ဦးဖြစ်ပြီး  အမြဲတမ်း သိမ်မွေ့ကျိုးနွံကာ သူ့ကို နှစ်သိမ့်ပေးခဲ့ဖူးခြင်းမရှိပါက အဘိုးဝမ် ယခုအချိန်တွင် သူမအား ဤမျှယဉ်ကျေးနေမည်မဟုတ်ပေ။


စွင်းမန်ရို့က ထိုစကားကြားသည့်အခါ ကသိကအောက်ဖြစ်သွားပြီး ရှက်ရွံ့သလို ခံစားရသည်။ သူမက အမှန်တကယ်ပင် ငို‌ကြွေးလုနီးပါးပင်။


" တောင်းပန်ပါတယ် အဘိုးဝမ်။ ဒီရဲဘော်အတွက် ကြက်မွေးမြူထားခဲ့တာမှန်း ကျွန်မ မသိခဲ့ဘူး။ ကျွန်မထင်ခဲ့တာ……""


စကားပြော‌နေရင်း စွင်းမန်ရို့၏ မျက်လုံးများ နီရဲလာပြန်သည်။


အဘိုးဝမ်က မျက်မှောင်ကြုတ်လိုက်သည်။


 " ဘာလို့ငိုနေတာလဲ။ ငါ မင်းကို ကြိမ်းမောင်းတာ မဟုတ်ဘူး။ အိုး ဟုတ်သား။ မင်းဒီနေ့ဘာလို့ ဒီကိုရောက်လာတာလဲ။ အင်တာဗျူးက ပြီးသွားခဲ့ပြီထင်နေတာ "


စွင်းမန်ရို့အမူအရာက အေးခဲသွားပြန်သည်။


 " ကျွန်မ မုန့်တွေလုပ်ခဲ့ပြီး အဘိုး၀မ် လုပ်ပေးခဲ့သမျှအတွက် အရာအားလုံးအတွက် ကျေးဇူးတင်လို့ လူကိုယ်တိုင် လာပို့ပေးချင်လို့ပါ။ အဘိုး မြည်းစမ်းကြည့်ချင်လား "


အဘိုး၀မ်က " ပစ္စည်းတွေ ယူလာတာကို ရပ်ဖို့ မင်းကို ကျုပ်ပြောခဲ့တယ် မဟုတ်လား "


စွင်းမန်ရိုသည် သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီး  ငို‌ကြွေးမည်အလားပင်။ " အဘိုး ဝမ်က အချိုမုန့်တွေကို ကြိုက်တယ်လို့ ကြားဖူးလို့ နည်းနည်းသင်ယူထားခဲ့တာပါ "


ဤကောင်မလေး အလွန်စိတ်မကောင်းဖြစ်တာကိုမြင်တော့ အဘိုး၀မ်က ထိုအကြာင်းကိစ္စကို ရပ်တန့်လိုက်ပြီး သူမဆီက မုန့်များကို ယူလိုက်သည်။


အံ့ဩသွားသည့် စွင်းမန်ရို့သည် သူမက ရှေ့၌ ဦးဆောင်မှုရှိနေစဉ် မရပ်တန့်နိုင်ပေ။ " မမြည်းစမ်းကြည့်တော့ဘူးလား အဘိုးဝမ် "


သူမ ထပ်ပြီး ငိုလိမ့်မည်ကို စိုးရိမ်ပြီး အဘိုး၀မ်က မုန့်တစ်ခုထုတ်ကာစားကြည့်သည်။


" ဘယ်လိုလဲ အဘိုးဝမ်။ ဒီရဲဘော်က ထမင်းချက်လို့ ကြားဖူးတယ်။ ဘယ်သူက ပိုကောင်းတဲ့ ထမင်းချက်လို့ ထင်သလဲ "


အဘိုး၀မ်က " ရွှယ်လူဆိုတာ သေချာတာပေါ့။ မေးစရာလိုလို့လား။ ဒါက အဆင်ပြေရုံပါပဲ။ ဒီမှာ ၊ ရှောင်ဇုန်း ။ အားလုံးမင်းအတွက် "


စွင်းမန်ရို့ "......"


ထုံရွှယ်လူက ကျယ်လောင်စွာ ဟစ်အော်လိုက်လူနီးပါးဖြစ်‌နေသည်။


အဆင့်နိမ့် လက်ဖက်စိမ်းမကို သူမဘာသာသူမ ‌ကိုင်တွယ်ရန်ပင် မလိုအပ်ချေ။ သူမကို ငိုအောင်လုပ်ရန် ယောက်ျားသားတစ်ယောက်သာလျှင် လိုအပ်ခဲ့သည်။


စွင်းမန်ရို့က မျက်ရည်ကျရန် အလွန်နီးကပ်‌သည်မှာ အမှန်ဖြစ်သော်လည်း ကံမကောင်းစွာ အဘိုး၀မ်က သူမကို ဂရုမစိုက်‌တော့ချေ။


အဘိုး၀မ်က ထုံရွှယ်လူဘက်သို့ လှည့်လာပြီး သူ၏အကြည့်မှာ ပို၍ကြင်နာ‌လာသည်။ " ရွှယ်လူ မင်းက ဒီကြက်ပြင်ဆင်နည်းတွေ အကုန်ပြောပြခဲ့ပြီးပြီ။ အဘိုးက နည်းနည်းထပ်ပြီး မွေးမြူလိုက်ရမလား "


ထုံရွှယ်လူက ပြုံးပြီး ပြောလိုက်သည်။


 " အဲဒီလိုလုပ်ဖို့ မလိုပါဘူး။ အဘိုးဝမ်က အနာဂတ်မှာ သူတို့ကို လိုချင်တဲ့အခါ ကျွန်မက CSMC ကနေ ဝယ်ပေးလို့ရတယ် "


အဘိုး၀မ်က သူ့နှုတ်ခမ်းကို ပုတ်လိုက်သည် ။ " အဲဒါအတွက် မင်းကို ငွေကုန်စေလို့မဖြစ်ဘူး။ ငါ ရှောင်ဇုန်းကို ကြက်ဝယ်ခိုင်းလိုက်မယ် "


ဦးလေးဇုန်းက သူတို့ဘေးမှာ ခေါင်းညိတ်ပြသည် " နေက ပိုအားကောင်းလာတယ်။ အိမ်ထဲဝင်ကြရအောင် " နေရောင်အောက်၌ မြက်နုလေးကို မတ်တပ်ရပ်နေစေရန် နှလုံးသားမမာပေ။


အဘိုး၀မ်သည်လည်း ထိုနည်းလည်းကောင်း ခံစားရပြီး လျင်မြန်စွာထကာ ထုံရွှယ်လူကို အထဲသို့ ဖိတ်ခေါ်လိုက်သည်။


သူတို့သုံးယောက်စလုံးသည်  အပြင်ဘက်ရှိ မျက်ရည်များဝဲနေသည့် စွင်းမန်ရို့ကို မေ့သွားကြပုံရလေသည်။


စွင်းမန်ရို့ "...." 


သူတို့အိမ်ထဲသို့ ရောက်သည်နှင့် ထုံရွှယ်လူ က ပေါ့ပေါ့ပါးပါး မေးမြန်းသည်။ "အဲဒီမိန်းကလေးက ဘယ်သူလဲ။ အဘိုးဝမ်ရဲ့ ဆွေမျိုးလား "


အဘိုးဝမ်က ခေါင်းခါပြသည်။ " မဟုတ်ဘူး၊ သူက စစ်မှုထမ်းအိမ်ရာ၀င်းထဲမှာ နေထိုင်တဲ့ ကလေးပါ။ သူ့မိသားစုက မကြာသေးခင်ကမှ ဒီကို ပြန်ပြောင်းလာခဲ့တာ။ သူက စစ်သူရဲကောင်းတစ်ယောက်အကြောင်း အင်တာဗျူးလုပ်ချင်တယ်ဆိုလို့ သူ့ဖိတ်ကြားမှုကို လက်ခံခဲ့တာ "


" အိုး ကျွန်မသိပြီ "


ထုံရွှယ်လူတစ်ခုခုကို ခံစားလိုက်ရသည်။


အသက်ကြီးသူများကို မျက်နှာလုပ်ခြင်းသည် အဆင့်နိမ့်လက်ဖက်မများ၏ အသုံးများသည့်လှည့်ကွက်တစ်ခုဖြစ်သည်။


သဘာဝအားဖြင့် လက်ဖက်စိမ်းမ စွင်း၏ပစ်မှတ်မှာ အဘိုး၀မ် သို့မဟုတ် ဦးလေး ဇုန်းမဟုတ်ပေ။


ဤအိမ်တွင် အမျိုးသား သုံးဦးသာရှိသောကြောင့် ဝမ်ရူ‌ကွေ့သည်သာ တစ်ခုတည်းသောအဖြေဖြစ်သည်။


ဤရှေးရိုးဆန်သောခေတ်တွင် အခြားသူ၏ရည်းစားကို ခိုးယူရန် တစ်စုံတစ်ယောက် ကြိုးစားလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ သူမ နုံအခဲ့သည်ပင်။ မည်သည့်ခေတ်မှာမဆို  ဆန်ကုန်မြေလေးများရှိကြလေသည်။


ပြောရမည်ဆိုလျှင် သူမကိုယ်တိုင် လက်ဖက်စိမ်းမ စွင်းကို ဂရုစိုက်ရန် ရည်ရွယ်ချက်မရှိပေ။


သူမ မကူးပြောင်းလာခင် ဤသတင်းကို ဖတ်ရှူခဲ့ဖူးသည်။ လင်ယောက်ျားသည် ဇနီးမယားကို ဖောက်ပြန်ချိန် ဇနီးသည်က  ဆွေမျိုးများကို ခေါ်လာကာ တတိယလူကို ရိုက်နှက်‌ကြသည်ဟုပင်  ထုံရွှယ်လူ၏ရှုထောင့်မှကြည့်လျှင်  ခင်ပွန်းများသည်သာ ရိုက်နှက်ခံရရန် လိုအပ်သူများဖြစ်သည်။


တတိယလူကို ဖြေရှင်းပြီးသွားခဲ့လျှင် အဘယ်နည်း။ နောက်ထပ် စတုတ္ထ၊ ပဉ္စမနှင့် ဆဋ္ဌမတို့

ရှိလာလိမ့်မည်ဖြစ်သည်။


မင်းနှင့် ဝေးရာသို့ ခေါ်ဆောင်သွား၍ ရနိုင်သည့် လူတစ်ယောက်ကို မည်သည့်အကြောင်းကြောင့် ထိန်းထားလိုသနည်း။


ထို့ကြောင့် သူမက လက်ဖက်စိမ်းမ စွင်း နှင့် ရင်ဆိုင်ရန် ရည်ရွယ်ချက်မရှိပေ။ ထို့အပြင်သူမသည် ၀မ်ရူကွေ့ကို ယုံကြည်သည်။


ထုံရွှယ်လူသည် သူမ မပြန်မီ ၀မ်အိမ်တွင် ste ကြက်သားဟင်းနှင့် အဆာပြေမုန့် နှစ်မျိုးကို ပြုလုပ်ပေးခဲ့သည်။


ရှောင်ချီသည် ရှောင်ဝူထက် များစွာ အရသာရှိသည်ဟု သူမ ပြောဆိုင်နိုင်သည်။ အသားက နူးညံ့ပြီး အလွန်ပင် အရသာရှိနေသည်။


နောက်တစ်ကြိမ် ရွှယ်ပါ့ကို မည်သို့ပြင်ဆင်မည်ကို ပြောကြရင်း သူတို့သုံးယောက် ညစာစားပွဲ၌ ရှောင်ချီအား  ပျော်ပျော်ပါးပါး စားသုံးနေကြသည် ။


ရှောင်ပါ့တုန်လှုပ်နေသည့်ပုံ.JPG


ထုံရွှယ်လူ ထွက်ခွာလာသောအခါတွင် သူမ၏ စစ်ဘက်အိတ်ထဲတွင် သစ်သီး၀လံများတစ်ထုပ်နှင့် အထည်နှင့်အစားအသောက်လက်မှတ်များ ပါရှိလာသည်။ ၎င်းတို့အားလုံးကို အဘိုး၀မ်က သူမအား ပေးခဲ့ခြင်းဖြစ်သည်။


ထုံရွှယ်လူ သစ်သီးများနှင့်အတူ အိမ်ပြန်ရောက်သောအခါ ထုံကျားရှင်း စာလုပ်နေသည်ကို ချက်ချင်း တွေ့လိုက်ရသည်။


လူများသည် လွယ်လွယ်နှင့် ရရှိလာသည့်အရာများကို  ဘယ်တော့မှ တန်ဖိုးမထားတတ်ကြပေ။ ထုံကျားရှင်း ဤတစ်ကြိမ်တွင် အမှန်တကယ် သင်ခန်းစာ ရသွားခဲ့ပုံရသည်။


ထုံရွှယ်လူက သူမ၏အိမ်နီးနားချင်းများကို သစ်သီးတချို့ ပေးလိုက်သည်။


သစ်သီးများက ယခင်အချိန်က အလွန်ရှား‌ပါး‌ ပေသည်။ CSMC သည် ၎င်းတို့ကို ရှားရှားပါးပါးသာ ရောင်းချလေ့ရှိပြီး ထိုအထဲမှ အချို့သည် စင်ပေါ်သို့ မရောက်ရှိမီ ကုန်သွားခဲ့ကြသည်။


ဝေမိသားစုက သစ်သီးများကို လက်ခံပြီးနောက် မှိုခြောက်တစ်ထုပ် ပြန်ပေးလေသည်။


ထုံကျားမင်သည် ထိုည အိမ်သို့ပြန်ရောက်လာသောအခါ ထုံကျားရှင်းထံသို့ သတင်းကောင်းတစ်ခု ယူဆောင်လာခဲ့ပြီး  နောက်တစ်နေ့တွင် ကျောင်းပြန်တက်နိုင်မည့်သတင်းဖြစ်လေသည်။


ထုံကျားရှင်းသည် ဝမ်းသာလွန်း၍ လေထဲသို့ ခုန်ပေါက်နေလေသည်။


လမုန့်လေးက ဘာဖြစ်သွားမှန်း မသိပေမယ့် သူတို့၏နောက်သို့လိုက်ကာ ‌လှည့်ပတ်ပြေးနေသည်။ ရုတ်တရက် မြေပြန့်ပေါ်တွင် ခလုတ်တိုက်မိသွားပြီး အကြိမ်အနည်းငယ် ကျွမ်းပစ်ကာ နောက်ဆုံးတွင် စားပွဲခုံခြေထောက်သို့ ပြေးတိုက်မိသွားသည်။ အလွန်မိုက်မဲသည်ဟု ယုံကြည်ရန် ခက်ခဲနေသကဲ့သို့ အချိန်အတော်ကြာအောင် မူးမေ့နေလေသည်။


ထိုအကြည့်က ထုံရွှယ်လူကို ရယ်မောစေ၏။ သူမက ခေါင်းလေးကို ပွတ်သပ် ပေးလိုက်ပြီး " မင်းကဘာလို့ အရမ်းချစ်စရာကောင်းရတာလဲ လမုန့်လေး "


လမုန့်လေးသည် "ချစ်စရာလေး" ဟု ကြားသည့်အခါ ကြိမ်ဖန်များစွာ ဟောင်ပြီး ပြန်ထကာ သူ့ဘာသာသူ အကြိမ်အနည်းငယ် လှည့်ပတ်ပြေးသွားရင်း ကျွမ်းပစ်ပြီး နောက်ဆုံးတွင် စားပွဲဆီသို့ နောက်တစ်ကြိမ် ၀င်တိုက်ပြန်သည်။


လမုန့်လေးက ကြည်လင်သော မျက်၀န်းများဖြင့် မော့ကြည့်လာပြီး ထုံရွှယ်လူအား ချီးမွမ်း‌ ပေးစေလိုနေသည်။


ထုံရွှယ်လူ "....."


' ဒီခွေးက ဒီထက်ပိုပြီး ဒရမ်မာချိုးနိုင်သေးရဲ့နိုင်လား '


ထိုည၌ မောင်နှမများ ရေချိုးပြီးသည်နှင့် အတူတူ စာကျက်ကြသည်။


ထုံကျားမင်သည်  သူ၏ကိုယ်ပိုင်အိမ်စာများ ပြီးဆုံးသောအခါ  ထုံကျားရှင်းအား စိတ်ရှည်စွာ စာပြပေးသည်။


ထုံကျားရှင်းမှာ  ဤတစ်ကြိမ်တွင် အထူးအာရုံစိုက်လေသည်။


ထုံရွှယ်လူက ညီအစ်ကိုနှစ်ဦး အချင်းချင်း ဖက်တွယ်နေသည်ကို မြင်သောအခါ မပြုံးနိုင်ဘဲ မနေနိုင်ချေ။


ထုံမျန်မျန်က သူမ၏အစ်မကြီး ပြုံးနေသည်ကို မြင်သောအခါ သူမသည် ထွားကြိုင်းသော ခြေထောက်ပုတိုလေးများဖြင့် ပြေးလာကာ ခွေးခြေခုံပေါ်တက်၍ သူမဘေးရှိ ထုံရွှယ်လူ၏ ခေါင်းနှင့် တိုက်လိုက်သည်။


ထုံကျားမင်နှင့်ထုံကျားရှင်းတို့နှစ်ယောက်၏ ဦးခေါင်းများကဲ့သို့ သူမတို့လည်း ထိမိသွားသည်။


ထုံရွှယ်လူက သူမပါးလေးများကို ကိုင်ကာ နမ်းလိုက်သည်။ သူမ၏ အပြုံးက နက်ရှိုင်း‌နေလေသည်။


🍵


စားသောက်ဆိုင်အတွက် ပါဝင်ပစ္စည်းများကို ဝယ်ယူပြီးနောက် ထုံရွှယ်လူသည် ကုန်သွယ်ရေးဌာနသို့ သွားရောက်လိုက်သည်။


အတွင်းရေးမှူးကျိုးသည် ထုံရွှယ်လူကိုတွေ့သောအခါ အနည်းငယ် အံ့သြသွားသည်။


ထုံရွှယ်လူက သူမကို အဆိုပြုချက်အကြောင်း မပြောဘဲ မန်နေဂျာ လင်းကို ပြောချင်သည့် တစ်ခုခု ရှိသည်ဟုသာ ပြောလိုက်သည်။


အတွင်းရေးမှူးကျိုး က မစပ်စု‌ပေ။ ထုံရွှယ်လူက တွေ့ဆုံရန်ရှိနေကြောင်းကို မန်နေဂျာ လင်းကို အသိပေးလိုက်ပြီး ထို့နောက်မှာတော့ ထုံရွှယ်လူအား ၀င်ရောက်စေသည်။ 


မန်နေဂျာလင်းသည်လည်း ထုံရွှယ်လူကိုတွေ့သည့်အခါ အံ့သြသွားလေသည်။ " မန်​​နေဂျာ ထုံ မင်းဒီ​နေ့ ဘာလို့​ ဒီကိုရောက်​​လာတာလဲ။ စားသောက်ဆိုင်မှာ တစ်ခုခုဖြစ်လို့လား "


ထုံရွှယ်လူက သူ့ဘေးနားက ကုလားထိုင်မှာ ထိုင်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။ " စားသောက်ဆိုင်မှာ အရာအားလုံးက မန်နေဂျာလင်း ရဲ့ စီမံခန့်ခွဲမှုအောက်မှာ အဆင်ပြေနေပါတယ် "


" အဲဒါဆိုရင် မင်းဒီနေ့ လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ "


ထုံရွှယ်လူက သူ၏အတွင်းရေးမှုးမဖြစ်နိုင်ခဲ့သည့်အတွက် မန်နေဂျာလင်းသည် အလွန်၀မ်းနည်း‌လေသည်။ သူမသည် အရည်အချင်းပြည့်မီရုံသာမက ရှင်းရှင်း‌လင်းလင်း ကောင်းကောင်းမွန်မွန်  စကားပြောဆိုနိုင်သူဖြစ်သည်။


ထုံရွှယ်လူသည် သူမ၏ အဆိုပြုချက်ကို သူ့အား တင်ပြသည်။ " မန်နေဂျာ လင်း၊ ကုန်သွယ်ရေးဌာနက အနာဂတ်မှာ ဟင်းချက်ပြိုင်ပွဲ ကျင်းပတော့မယ်လို့ ကြားတယ်။ အဲဒါအမှန်လား "


မန်နေဂျာ လင်းက သူမထံမှ အဆိုပြုချက်ကို ယူကာ လှန်လောကြည့်လိုက်သည်။ " ဘာလို့လဲ။ ပါဝင်ဖို့ စိတ်ဝင်စားလို့လား။ မင်းရဲ့စားသောက်ဆိုင်က အဆင့် နှစ် စားသောက်ဆိုင်တစ်ခုသာဖြစ်ပြီး ဒီလိုပြိုင်ပွဲ တွေအတွက် အရည်အချင်းမပြည့်မီတာကို မေ့နေတာလား။ "


နိုင်ငံခြားဧည့်သည်များကို ဝန်ဆောင်မှုပေးနိုင်ရန် အဆင့် တစ် စားသောက်ဆိုင်ဖြစ်ရမည်။  ထိုအဆင့်တစ် စားသောက်ဆိုင်များထဲမှာ မည်သည်က အကောင်းဆုံးဖြစ်သည်ကို သူတို့က ဆုံးဖြတ်လိမ့်မည်။


အဆင့်နှစ် နှင့် အဆင့်သုံး စားသောက်ဆိုင်များတွင် ၎င်းတို့၏ စားဖိုမှူးများ မည်မျှကောင်းကြောင်းသည် အရေးမကြီးချေ။ ကုန်သွယ်ရေးဌာနသည် ၎င်းတို့အား ပြိုင်ပွဲတွင် ထည့်သွင်းစဉ်းစားမည်မဟုတ်ချေ။


စားသောက်ဆိုင်ကိုယ်တိုင်က အဆင့်အတန်းမမီဘူးဆိုရင် သူတို့၏စားဖိုမှူးများက မည်မျှပင် ကြီးကျယ်ခမ်းနားခြင်းမှာ အရေးမပါချေ။ ထိုဆိုင်များသည် နိုင်ငံခြားဧည့်သည်များကို လက်ခံနိုင်မည်မဟုတ်ပေ။ စားသောက်ဆိုင်ကို မွမ်းမံပြင်ဆင်ရန် ရှယ်ယာတချို့ ထုတ်ရောင်းရမည်နည်း။


သေချာသည်တစ်ခုမှာ ဘဏ္ဍာရေးဌာနက ထိုအတွက် ငွေမပေးလိုသလို မန်နေဂျာလင်းသည်လည်း မကိုင်တွယ်လိုပေ။


အပြင်၌ အဆင့် တစ် စားသောက်ဆိုင်များ အများအပြားရှိသဖြင့် မလိုအပ်ဘဲ အဘယ့်ကြောင့် အပိုလုပ်ရမည်နည်း။