အပိုင်း၁၈၀
Viewers 32k

🍵Chapter 180





သူတို့ ရယ်မောနေကြချိန်တွင် တံခါးခေါက်သံကို ရုတ်တရက်ကြားလိုက်ကြသောကြောင် ဝေ့ရန်က အံကြိတ်ပြကာ တံခါးဆီသို့ လှမ်းသွားသည် ။ 


သူ ပြန်လာသောအခါတွင် သူ၏နောက်မှ လိုက်လာသူ တယောက်ရှိ‌လေသည်။


ထုံရွှယ်လူက လှမ်းကြည့်လိုက်ပြီး သူမမျက်လုံးများ တောက်ပသွားသည်။ " ရူကွေ့ ပြန်လာပြီလား "


သူ ထွက်ပေါ်လာချိန်တွင် အားလုံးက သူ့ကို စိုက်ကြည့်နေကြသည်။


၀မ်ရူကွေ့သည် ထုံရွှယ်လူကို ညင်သာစွာ ကြည့်သည်။ " အင်း ကိုယ် နားရက် သုံးရက် ရတယ် "


' အဲဒါ အံ့သြစရာပဲ '


ထုံရွှယ်လူသည်သာ အဆင်မပြေ(လွမ်း)ဟု ခံစားရသူ မဟုတ်ချေ။ သူမက မတ်တပ်ထရပ်ပြီး ပြောသည်။ 


" အဲဒါဆို ကျွန်မ ပြန်သင့်ပြီ။ အဖွားရှန်း၊ အဘိုးဝေ့ " 


ရှန်း၀မ်ရုန်က သူမကို သဘောကျစွာ ပြုံးပြသည်။  " ဟုတ်ပါပြီ ဒါဆိုလည်း ပြန်ကြတော့လေ။ ရဲဘော်ဝမ်က ညစာမစားရသေးဘူး။ မင်းတို့နဲ့အတူ စွံပလွံသီးကိတ်မုန့်နည်းနည်းယူသွားချေ "


ထုံရွှယ်လူက မငြင်းဆိုချေ။ သူမသည် သစ်ကြားသီးနှင့် စွံပလွံကိတ်မုန့်နှစ်တုံးကိုယူကာ ၀မ်ရူကွေ့နှင့်အတူ ပြန်သွားသည်။


ထိုသည်ကိုမြင်တော့ ထုံကျားမင်က သူ၏ညီနှင့်ညီမကို အမြန်ခေါ်ပြီး သူတို့နှင့်အတူ အိမ်သို့ ပြန်သွား‌ကြသည်။


ယောက်ျားလေးတစ်ယောက်နှင့်နှစ်ယောက်တည်းအတူရှိနေမှန်း တခြားသူများသိရှိသွားလျှင် သူ့အစ်မကြီး၏ဂုဏ်သတင်း ထိခိုက်သွားမည်ဖြစ်သည်။


သူက ရည်ရွှယ်ချက်ကောင်းသော်လည်း  အမှတ်မထင် တတိယဘီး ဖြစ်သွားသည်။ (ထို့အပြင် သူနှင့်အတူ စတုတ္ထဘီးနှင့် ပဉ္စမဘီးတို့လည်းရှိနေသည်)


အဖြူရောင်လရောင်သည် နက်ပြာရောင်သဲကျောက်လမ်းမကြီးပေါ်တွင် ကျရောက်နေလျက်ရှိပြီး လမ်းဘေးနှစ်ဘက်ရှိသစ်ပင်များမှ အရိပ်များသည် နတ်ဆိုးများသကဲ့သို့ ဆင်တူနေသည်။


ထုံရွှယ်လူက ၀မ်ရူကွေ့ကို လှည့်ကြည့်ပြီး " ရှင်ဘယ်တုန်းက ရောက်တာလဲ "


၀မ်ရူကွေ့က အနည်းငယ် ရှက်သွားပြီး " ကိုယ် အခုလေးမှ ရောက်တာ "


ထုံရွှယ်လူက မျက်ခုံးများပင့်လိုက်သည်။ " ရှင်ဒီကို ချက်​ချင်း လာတာလား။ အရင်‌ဆုံး စစ်မှုထမ်းအိမ်ရာကို မသွားဘူးလား "


၀မ်ရူကွေ့၏ ပါးပြင်များ အနည်းငယ် ပူလောင်လာသည်။ သူက ညင်သာစွာ ခေါင်းညိတ်ပြပြီး " အင်း "


ထုံရွှယ်လူ၏ နှုတ်ခမ်းများမှာ အပေါ်သို့ ကွေးတက်သွားကာ သူမက လက်ထဲရှိ သစ်ကြားသီးနှင့်စွံပလွံကိတ်မုန့်များကို ပေးလိုက်သည်။ 


" ဒါကို ကျွန်မအတွက် ကိုင်ထားပေး "


၀မ်ရူကွေ့က ၎င်းတို့ကို သူမထံမှ ယူရန် လျင်မြန်စွာ လှမ်းလိုက်သော်လည်း သစ်ကြားသီးနှင့်စွံပလွံသီးကိတ်မုန့်များကို ထိလိုက်သည်နှင့် ထုံရွှယ်လူက သူ့လက်ဖဝါးကို သူမလက်ချောင်းလေးဖြင့်  ခြစ်လိုက်သည်။


သူက တုန်ယင်သွားကာ သူ့နှလုံးက တဒုတ်ဒုတ် ပြင်းထန်စွာ ခုန်သွားသည်။


သူမ ထိမိသွားသည့်နေရာက ယားယံသွားပြီး လျှပ်စစ်စီးကြောင်းတစ်ခု သူ့ဆီ ပြေး၀င်လာသည်ကို ခံစားလိုက်ရသည်။


ထုံရွှယ်လူက သစ်ကြားသီးနှင့် စွံပလွံသီးကိတ်မုန့်ကို သူ့ထံသို့ မလွှဲပေး‌ချေ။ ထိုအစား သူမလက်ကို သူ၏လက်ထဲသို့ ထည့်လာ‌သည်။


၀မ်ရူကွေ့၏ ခန္ဓာကိုယ်မှာ တရွရွဖြစ်‌နေသော်လည်း တုံ့ပြန်ရန် မနှေးကွေးပေ။ သူက သူမ၏လက်ကို အသာလေး ဆုပ်ကိုင်လိုက်သည်။


သူတို့၏လက်ချောင်းများ ရောယှက်နေကြ၏။


ဒုတ်၊ ဒုတ် ၊ ဒုတ် 

၀မ်ရူကွေ့မှာ သူ့နှလုံးခုန်နှုန်းသည် ထိန်းမနိုင်သိမ်းမရ မြန်ဆန်နေသည်ဟု ခံစားမိသည်။ သူ၏ပါးပြင်နှင့်နားရွက်များ နီရဲနေပြီး တိမ်တွေပေါ်တွင် လမ်းလျှောက်နေရသည်ဟု ခံစားရသည်။


ထုံကျားရှင်းက သူမတို့ကို အနောက်ကနေ ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားလေသည်။ သူက ထိုနှစ်ယောက်ကို လက်ညှိုးထိုးပြပြီး " ကြည့်ဦး ဒုတိယအစ်ကို ၊ သူတို့……"


သူ့စကားမဆုံးခင် ထုံကျားမင်က လက်လှမ်းကာ မျက်လုံးများကို ဖုံးအုပ်လိုက်သည်။


" မင်း ငါ့မျက်လုံးတွေကို ဘာလို့ ဖုံးထားတာလဲ ဒုတိယအစ်ကို ။  မြန်မြန်လွှတ်ပေး "


တစ်ချိန်တည်းမှာပင် ထုံမျန်မျန်၏ မျက်လုံးများကိုလည်း ဖုံးအုပ်ထားသည်။ " ဒုတိယအစ်ကို၊ မျန်မျန် ဘာမှ မမြင်ရဘူး "


ထုံကျားမင်က " ထပ်ပြီး တစ်မိနစ် လောက်ပဲ မျန်မျန် ၊ ကြောက်စရာ မလိုဘူးနော် "


ထုံကျားမင်သည် ထုံရွှယ်လူနှင့် ၀မ်ရူကွေ့တို့ ခြံဝင်းအတွင်းထဲသို့ လမ်းလျှောက်သွားပြီးနောက်  နောက်ဆုံးတွင်မှ သူ့မောင်နှမများ၏ မျက်လုံးများကို ဖုံးကွယ်ထားခြင်းကို ဖယ်ပေးလိုက်သည်။


ထုံကျားရှင်း ထပ်မံကြည့်လိုက်သောအခါ  မည်သည်မျှ  မရှိတော့ပေ။


ထုံရွှယ်လူသည် ၀မ်ရူကွေ့အတွက် ခေါက်ဆွဲအချို့ကို ပြုလုပ်‌ပေးပြီး သူမတို့နှစ်ယောက် ပြန်ထွက်မလာမီ မီးဖိုချောင်အတွင်း စကားပြောရင်း အချိန်အတော်လေးကုန်ဆုံးခဲ့ကြသည်။


သူတို့အိမ်ရှိ မီးသီးလေးသုံးလုံးနှင့် ပက်သက်ပြီး သူတို့ မည်သည်ကိုမှ မလုပ်နိုင်ချေ။


သို့သော် ၀မ်ရူကွေ့အတွက် လက်ကိုင်ထားရရုံလေးက သူ၏နှလုံးသားကို တုန်လှုပ်သွားစေသည်။


🍵


စစ်မှုထမ်းအိပ်ရာဝင်းအတွင်း။


စွင်းမန်ရို့က စွင်းဝူယန်ကို လှမ်းကြည့်ပြီး မေးသည်။


 " ဒီနေ့ စားသောက်ဆိုင်ကို ထပ်ပြီးသွားခဲ့တာလား၊ တတိယအစ်ကို "


စွင်းဝူယန်က သူမ၏မေးခွန်းကို အသိအမှတ်ပြုလက်ခံသည်။


စွင်းမန်ရို့" အစ်ကို ဘာလို့ အဲဒီကို ထပ်သွားရတာလဲ " 


စွင်းဝူယန်က အနည်းငယ် ရှက်သွားသည်။


 " မင်းရဲ့မိတ်‌ဆွေတွေကို နီးနီးကပ်ကပ်ထားရမယ်။ မင်းရဲ့ရန်သူတွေကိုတော့ ပိုပြီးနီးကပ်အောင်ထားရမယ်‌လေ။ သူမအကြောင်း ပိုပြီးရှာနိုင်မလား သိချင်လို့ "


စွင်းမန်ရို့က သူ့ကို မသင်္ကာသည့်အကြည့်တစ်ချက် ပေးလိုက်သည်။ 


"ဘာလို့ ရှက်နေတာလဲ တတိယအစ်ကို။ ညီမကိုလိမ်တာလာ အစ်ကိုလိမ်ရင် အမြဲပါးတွေနီးနေတတ်တယ်​ "


" အဲ့ဒါက မမှန်ဘူး။ ဘာလိမ်စရာရှိလို့လဲ" သူပြောနေသကဲ့သို့ ဖြစ်နိုင်သော်လည်း  သူက ပို၍နီမြန်းသွားကာ သူမ မှန်ကန်ကြောင်း သက်သေပြသကဲ့သို့ ဖြစ်သွားလေ၏။


စွင်းမန်ရို့သည် ရုတ်တရက် သူမပါးစပ်ကို ကာလိုက်သည်။ 


" တတိယအစ်ကို၊ ရဲဘော်ထုံကို အကိုချစ်မိသွားပြီလား "


စွင်းဝူယန်၏နားရွက်များသည် အနီရောင် ရင့်‌ေရာင် ဖြစ်သွားသည်။ 


" မင်းဘာတွေပြောနေတာလဲ "



စွင်းမန်ရို့၏ မျက်လုံးများ တောက်ပလာလေသည်။ 


" ရဲဘော်ထုံက အရမ်းလှတယ်။ တတိယအစ်ကို  သူမကို ချစ်မိသွားတာ သဘာဝပါပဲ "


တတိယအစ်ကိုသာ ထုံရွှယ်လူ၏ ချစ်သူဖြစ်လာပြီး ထုံရွှယ်လူနှင့်၀မ်ရူ‌‌ကွေ့ လမ်းခွဲကြလျှင် သူမ၏အခြမ်းတွင် ကိစ္စများ ပိုမိုချောမွေ့သွားမည်ဖြစ်သည်။


မည်သို့ပင်ဆိုစေကာမူ စွင်းဝူယန်၏ တုန့်ပြန်မှုမှာ " အကို သူမကို မချစ်မိပါဘူး။ သူမရဲ့အချက်အပြုတ်လက်ရာကိုသာနှစ်သက်မိရုံပါ။ သေချာတာကတော့  အိမ်ထောင်ဖက်တစ်‌ေယာက်အတွက် အကိုရှာဖွေတာတွေ သူမမှာ မရှိဘူး "


စွင်းမိသားစု၏ အနေအထားအရ  သူနှင့် မိသားစု၏အဆင့်အတန်းကို ယှဉ်ပြိုင်နိုင်သော မိန်းကလေးကို ရှာဖွေရန် လိုအပ်မည်မှာ သေချာသည်။ ထုံရွှယ်လူသည် အလွန်ချောမောလှပသော်လည်း သူမ၏မိသားစုမှာ အဆင့်အတန်း နိမ့်ကျလွန်းလှသည်။


ထို့ကြောင့် သူမကို စစ်ဆေးရန်သာ သွားခဲ့ပြီး သူမအပေါ်  ဘယ်သောအချိန်မှ ခံစားချက်ရှိလာမည် မဟုတ်ချေ။


ထိုသည်က စွင်းမန်ရို့က အမှတ်ရမိ‌စေသည်။ 


" အဲဒါက အဓိပ္ပာယ်ရှိတယ်။ အစ်ကိုအဆင်ပြေတယ်ဆိုရင်တောင် အန်ကယ်နဲ့ အန်တီက ဒါကို ဘယ်တော့မှ သဘောမတူလောက်ဘူး "


စွင်းဝူယန်က  " မနက်ဖြန်ညပွဲအတွက် မင်းဘယ်လိုပြင်ဆင်ထားလဲ။ မင်း အဆင်ပြေမှာလား "


မနက်ဖြန်တွင် လေတပ်၊ ရေတပ်အပြင် စစ်ဌာနချုပ်အများအပြားနှင့် အထွေထွေထောက်ပံ့ပို့ဆောင်ရေးဌာနကဲ့သို့သော စစ်ဘက်ဆိုင်ရာ ပေါင်းစည်းထားသည့် ကြီးမားသော‌ပျော်ပွဲရွှင်ပွဲတစ်ခုကို ကျင်းပမည်ဖြစ်သည်။


တစ်စိတ်တစ်ပိုင်းက နိုင်ငံတည်ထောင်မှု ၂၇ နှစ်မြောက် အထိမ်းအမှတ်ပွဲဖြစ်ပြီး တစ်စိတ်တစ်ပိုင်းကတော့ တပ်မတော်ရှိ တစ်ကိုယ်တည်းအမျိုးသားများကို အမျိုးသမီးများနှင့် တွေ့ဆုံခွင့်ရရန် အခွင့်အရေးပေးအပ်ပေးခြင်းဖြစ်သည်။


ထိုပွဲအား စီစဉ်ထားသည်မှာ အလွန်ကြာမြင့်ခဲ့ပြီး ပုံမှန်အားဖြင့် ပြောရမည်ဆိုလျှင် စွင်းဝူယန်နှင့် စွင်းမန်ရို့တို့သည်  အလွန်နောက်ကျပြီးမှ ပြန်လာခဲ့သည့်အတွက် ထိုည၌ စင်မြင့်ပေါ်တွင် ဖျော်ဖြေခွင့်ရရှိမည် မဟုတ်ချေ။


မည်သို့ပင်ဆိုစေကာမူ စွင်းမန်ရို့အား စင်ပေါ်တွင် ထွန်းလင်းခွင့်ပေးပြီး သူမမည်မျှ ထူးချွန်သည်ကို အဘိုးဝမ် မြင်စေရန်အတွက် စွင်းဝူယန်သည် မိသားစု၏အဆက်အသွယ်များကို အသုံးပြုခဲ့သည်။


တပ်မှူးရှောင်းသည် မြို့တော်သို့ ပြန်လာတော့မည်ဖြစ်ပြီး စွင်းဝူယန်က ၎င်းကို အကျိုးရှိစွာ အသုံးပြုခဲ့သည်။ သူက စွန်းမန်ရို့သည် ‌သူမ၏‌ ခေါင်းကိုင်ဖခင်အတွက် ဖျော်ဖြေတင်ဆက်လိုသည်ဟူ၍ ပြောခဲ့သည်။


ထိုကိစ္စက အပိုထပ်ဆောင်းဖျော်ဖြေမှုတစ်ခုမျှသာဖြစ်ပြီး ကြီးကြီးမားမား ကိစ္စမဟုတ်သဖြင့် သဘာ၀ကျစွာ ယဉ်ကျေးမှုအဖွဲ့သည် တပ်မှူးရှောင်းနှင့် စွင်းမိသားစုအတွက် သဘောတူခဲ့သည်။


တပ်မှူးရှောင်းသည် ယမန်‌နေ့က ဖုန်းဆက်လာခဲ့ပြီး အကြောင်းကိစ္စတစ်ခုကြောင့် မြို့တော်သို့ ပြန်လာနိုင်မည်မဟုတ်‌ကြောင်း ပြောခဲ့သည်။ ပြောရမည်ဆိုလျှင် စွင်းမန်ရို့၏ဖျော်ဖြေမှုက စီစဉ်ထားပြီးဖြစ်ပြီး မည်သို့ပင်ဆိုစေ အဓိကရည်ရွယ်ချက်မှာလည်း တပ်မှူးရှောင်းအတွက် မဟုတ်ချေ။


သူမသည် အဘိုး၀မ်အတွက် ဖျော်ဖြေလိုခြင်းဖြစ်သည်။ ထို့ကြောင့် သူမ၏ ဖျော်ဖြေတင်ဆက်မှုသည် စီစဉ်ထားသည့်အတိုင်း ဆက်လက်ကျင်းပမည်ဖြစ်သည်။


စွင်းမန်ရို့က ယုံကြည်မှုအပြည့်ဖြင့် ပြုံးသည်။ 


" ညီမ အဆင်ပြေတာထက်ပိုမှာပါ "


သူမသည် ထုတ်ဝေရေးတွင် မပါဝင်မီ အနောက်မြောက်ယဉ်ကျေးမှုအဖွဲ့၏ကြယ်ပွင့်ဖြစ်ခဲ့သည်။ သူမ၏ အကနည်းစနစ်မှာ  ခိုင်မာပြီး အပြိုင်အဆိုင် အလွန်နည်းပါးသည်။


လွန်ခဲ့သောရက်အနည်းငယ်အတွင်း သူမက အလုပ်မလုပ်ရသည့်အချိန်များ၌  အိမ်တွင်အများကြီးလေ့ကျင့်ခဲ့ပြီး ယခုတစ်ကြိမ်တွင်လူတိုင်းကို အထင်ကြီးစေလိုမိသည်။


စွင်းဝူယန်က သူမ၏တုံ့ပြန်မှုကို ကျေနပ်သွားလေသည်။


  " အကမှာ မင်းရဲ့အရည်အချင်းကို အစ်ကိုယုံတယ်။ ဝမ်းနည်းစရာကောင်းတာက ရူကွေ့က ပြန်လို့မရနိုင်ခဲ့ဘူး...သူသာ ဒီမှာရှိနေနိုင်ရင် ပြီးပြည့်စုံသွားမှာ "


စွင်းမန်ရို့သည်လည်း ထိုကိစ္စကို အလွန်စိတ်မကောင်းဖြစ်သည်။


သူမ နောက်တစ်နေ့မနက်တွင် သတင်းကောင်းတစ်ခုရရှိလေသည်။ ထိုသည်မှာ ၀မ်ရူကွေ့က သူ၏ အခြေစိုက်စခန်းမှ ပြန်လာသည်ဆိုသည်ပင်။


စွင်းမန်ရို့ ထိုသတင်းကို ကြားသိလိုက်ရသောအခါ ဝမ်းသာသွားသည်။ ၀မ်ရူကွေ့သည် သူမ၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုရန် ထူးထူးခြားခြား ပြန်လာကြောင်း သူမ သေချာပေါက် ခံစားရသည်။


သူမ ဤည၌ အကောင်းဆုံးကြိုးစားပြီး လူတိုင်းကို အံ့ဩမှင်တက်စေမည်။


🍵


" မင်းစိတ်ဝင်စားလား။ မင်းသွားချင်ရင် ကိုယ် မမှောင်ခင် လာကြိုမယ် "


၀မ်ရူကွေ့သည် ယနေ့ည စစ်မှုထမ်းအိမ်ရာဝင်းအတွင်းရှိ ပွဲအစီအစဉ်ကို ထုံရွှယ်လူအား ပြောပြခဲ့သည်။


" အင်း ရတယ်လေ။ ပျော်စရာကောင်းမယ့်ပုံပါပဲ "


ထုံရွှယ်လူသည် အတိတ်အချိန်က အဘိုး၀မ်ထံမှ ထိုပွဲအကြောင်းကြားခဲ့ဖူး၏။ ယခင်က စိတ်မဝင်စားခဲ့‌ေသာ်လည်း နောက်ပိုင်း၌ သူမ စိတ်ပြောင်းသွားသည်။


လက်ဖက်စိမ်းမ စွင်းမန်ရို့၏တည်ရှိမှုကို သူမ ယခင်က မသိခဲ့‌ချေ။ ထို့အပြင် ၀မ်ရူကွေ့သည်လည်း ထိုနေရာဆီသို့ မပြန်သောကြောင့် သူမစိတ်မဝင်စားခဲ့ခြင်းဖြစ်သည်။


ယခုမူ ၀မ်ရူကွေ့မှာ ပြန်ရောက်ရှိလာလေသည်။။ လက်ဖက်စိမ်းမနှင့် ပတ်သက်ပြီး ၀မ်ရူကွေ့  မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်ကို  သူမ သိချင်မိသည်။


၀မ်ရူကွေ့က " ဒါဆို ကိုယ် ဒီည မင်းကို လာခေါ်မယ် "


ထုံရွှယ်လူမှာ အလုပ်လုပ်ရဦးမည်ဖြစ်‌သောကြောင့် သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြပြီးနောက် ၀မ်ရူကွေ့ စစ်မှုထမ်းအိမ်ရာဆီသို့ ပြန်သွားလိုက်သည်။