အပိုင်း၁၈၁
Viewers 32k

🍵Chapter 181




အဘိုး၀မ်သည် ၀မ်ရူကွေ့ကိုမြင်သောအခါ အနည်းငယ် အံ့သြသွားသည်။ 


" ဘယ်တုန်းက ပြန်ရောက်တာလဲ "


၀မ်ရူကွေ့က အလွန်ဂရုမစိုက်ဟန်ဖြင့် " ဒီမနက် "


အဘိုးဝမ်က မည်သည်ကိုမှ မပြောဘဲ လက်ဝှေ့ယမ်းပြီး အိမ်ထဲသို့ ဝင်သွားလိုက်သည်။


ဦးလေးဇုန်းတောင်မှ ၀မ်ရူကွေ့ လိမ်နေခြင်းဟုတ်မဟုတ်ကို သေချာ မပြောနိုင်ပေ။


ထိုနေ့ည၌ မှောင်လာ‌သောအခါ ၀မ်ရူကွေ့က ထုံရွှယ်လူကို ခေါ်ရန် သူ့စက်ဘီးနှင့် ထွက်လာသည်။


ထုံရွှယ်လူသည် သူမမျက်နှာကို ဆေးကြောပြီး ဆံပင်ကို တစ်ဖန် ပြန်ဖြီးကာ ၀မ်ရူကွေ့ ၏စက်ဘီးပေါ်သို့ ခုန်တက်၍ သူနှင့်အတူ ပွဲဆီသို့ ဦးတည်လိုက်ကြသည်။


ပွဲအခမ်းအနားသည် အပြင်ဘက်တွင် ကျင်းပလေရာ ညဘက်တွင် လေပြင်းများတိုက်ခတ်သောကြောင့် ထုံရွှယ်လူသည် အလွန်အကျွံ ၀တ်စားဆင်ယင်ခြင်းမပြုလုပ်ခဲ့ပေ။


သူမသည် ထူထဲသောကုတ်အင်္ကျီနှင့် ဖိနပ်ကို ၀တ်ထားသည်။ ကံကောင်းစွာ သူမသည် မိန်းမလှလေးဖြစ်‌လေ၏။ ထိုသို့မဟုတ်လျှင် သူမပုံစံက အတော်လေး ဖက်ရှင်မကျဖြစ်နေပေလိမ့်မည်။


သို့သော်ငြား သူမသည် မည်သို့ပင် ၀တ်စားဆင်ယင်နေပါစေ ၀မ်ရူကွေ့ ၏မျက်လုံးထဲတွင် အမြဲတမ်း လှပနေမည်ဖြစ်သည်။


ရင်ပြင်သို့ရောက်သောအခါ ပွဲအခမ်းအနားက မစတင်သေးပေ။


၀မ်ရူကွေ့က ထုံရွှယ်လူကို အဘိုး၀မ်အား နှုတ်ဆက်ရန် ခေါ်သွားသည် ။


အဘိုး၀မ်သည် ထုံရွှယ်လူကိုမြင်သောအခါ သူ၏အပြုံးမှာ ကြီးမားလွန်းသဖြင့် မျက်လုံးများကိုပင် မမြင်နိုင်ပေ။


အနီးနားရှိလူတိုင်းက သူမကိုတွေ့သောအခါ ထုံရွှယ်လူက မည်သူဖြစ်သနည်းဟု မေးမြန်းကြသည်။ သူမက ၀မ်ရူကွေ့၏ချစ်သူဖြစ်သည်ကို သိလိုက်ရသောအခါတွင် အားလုံးက ဂုဏ်ပြုစကားဆိုကြရင်း သက်ပြင်းချကြသည်။


၀မ်ရူကွေ့က မည်ကဲ့သို့ တိတ်တဆိတ် ရည်းစားရသွားခဲ့သနည်း။


အားလုံးက သူ့ကို သူတို့၏ကလေးများနှင့် မိတ်ဆက်ပေးလိုနေခဲ့ကြ၏။


၀မ်ရူကွေ့မှာ ဤကဲ့သို့သော ပွဲအခမ်းအနားများကို မည်သည့်အချိန်ကမှ သဘောမကျခဲ့ချေ။ သို့သော် ဤတစ်ကြိမ်တွင်တော့ သူ တော်တော်လေး ပျော်ရွှင်နေမိသည်။


သူက ခေါင်းငုံ့၍ သူ၏ဘေးရှိ ထုံရွှယ်လူကို ကြည့်လိုက်ပြီး သူ့မျက်လုံးများအောက်မှာ အပြုံးတစ်ခု ရှိနေသည်။


ထုံရွှယ်လူသည် ပတ်ပတ်လည်ကို ကြည့်နေပြီး သူမတို့ပတ်ဝန်းကျင်ရှိ စစ်သားကောင်လေးများအားလုံးကို အသိအမှတ်ပြုနေသည်။


ဖန်းကျင်းယွမ်က ယဉ်ကျေးမှုအဖွဲ့နှင့် အတူရှိနေကြောင်း သူမ ရုတ်တရက် သတိရသွားသည်။ သူမ ယနေ့ည ဖျော်ဖြေမည်နည်းကို သူမ သိချင်မိသည်။


အာလူးကောင်လေးကို မည်ကဲ့သို့ စွန့်ပစ်ရမည်ကို အကြံဉာဏ်လာတောင်းသည့် အချိန်ကစပြီး နောက်ပိုင်း ဖန်းကျင်းယွမ်ထံမှ မည်သည်ကိုမျှ မကြားရတော့ပေ။


၀မ်ရူကွေ့သည် ထုံရွှယ်လူကို သူ့လက်နှစ်ဖက်ဖြင့် အကာအကွယ်ပေးနေပြီး မည်သူမျှ သူမကို ဝင်မတိုက်မိအောင် ကာကွယ်ထားသည်။


ရုတ်​တရက်​ပင်​ ​ယောက်ျား​လေးတစ်​​ယောက်​နှင့်​ မိန်းက​လေးတစ်​​ယောက်​ သူတို့ဆီသို့ ​လျှောက်​လာသည်​။


" မင်းပြန်လာပြီလား ရူကွေ့ " စွင်းဝူယန်က လျှောက်လာပြီး ၀မ်ရူကွေ့၏ပခုံးပေါ်သို့ လက်တစ်ဖက် တင်လိုက်သည်။


၀မ်ရူကွေ့က နောက်သို့ ခြေတစ်လှမ်းဆုတ်သွားသည်။


 " အင်း ပြန်လာတာ "


စွင်းဝူယန်၏ အပြုံးမှာ အနည်းငယ် အေးခဲသွားသည်။ သူက ထုံရွှယ်လူကို လက်ညှိုးထိုးပြပြီး " မင်းမှာ ချစ်သူရှိနေပြီဆိုတာ ငါကြားတယ်။  သူမလား "


၀မ်ရူကွေ့ က " အင်း "


အသံကြားသောအခါ ထုံရွှယ်လူက လှည့်ကြည့်လိုက်ပြီး စွင်းဝူယန်ကိုတွေ့လိုက်ရ‌ သောအခါ အနည်းငယ် အံ့သြသွားသည်။ ထို့နောက် သူမ၏မျက်လုံးထဲတွင် ထေ့ငေါ့မှုအရိပ်အမြွက် ထွက်ပေါ်လာသည်။


ထိုကဲ့သို့ဆိုလျှင် သူမ၏စိတ်ထင်မြင်ချက်က မမှားယွင်းခဲ့ပေ။ ဤလူနှင့်ပက်သက်ပြီး  တစ်ခုခု လွဲမှားနေခဲ့၏။


ထုံရွှယ်လူကိုတွေ့လိုက်သောအခါ စွင်းမန်ရို့၏မျက်နှာတွင် မနာလိုမှုအနည်းငယ် ဖြတ်ပြေးသွားသည်။ သူမက ဖော်ရွေသည့်မျက်နှာနှင့် " မင်္ဂလာပါ ရဲဘော်ထုံ။ ကျွန်မတို့ပြန်တွေ့ကြပြန်ပြီ "


ထုံရွှယ်လူက သာမန်ကာလျှံကာ ပြောလိုက်သည်။ 


" ဟုတ်ပါရဲ့ "


စွင်းမန်ရို့၏မျက်လုံးများ အနည်းငယ်နီရဲသွားသည်။ သူမက ၀မ်ရူကွေ့ကို မော့ကြည့်လိုက်ပြီး " ရဲဘော်ဝမ်၊ ရဲဘော်ထုံလို အရည်အချင်းရှိတဲ့ သူတစ်ယောက်ကို ကျွန်မ တကယ် လေးစားမိတယ်။ သူမက ဟင်းချက်တတ်ပြီး ယောက်ျားများစွာနဲ့ စားသောက်ဆိုင်ကို လည်ပတ်နိုင်သည်။ ကျွန်မသာဆို အဲဒါကိုဘယ်တော့မှလုပ်နိုင်မှာမဟုတ်ဘူး "


" ကျွန်မတို့တွေ့ဆုံးပြီးကတည်းက ရဲဘော်ထုံနဲ့  သူငယ်ချင်းကောင်းတွေ ဖြစ်လာချင်ပေမယ့် သူမက ဘာလို့ ကျွန်မအပေါ် အေးစက်နေပုံရမှန်း ကျွန်မနားမလည်ဘူး "


ထုံရွှယ်လူက ၀မ်ရူကွေ့ကို လှည့်ကြည့်လိုက်ပြီး သူ မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို သိချင်သွားသည်။


၀မ်ရူကွေ့က အနည်းငယ် မျက်မှောင်ကြုတ်ပြီး မကျေနပ်မှုအရိပ်အမြွက် အနည်းငယ်က သူ့မျက်လုံးများကို ဖြတ်သွားသည်။


 " မင်းက.."


စွင်းမန်ရို့  "….."


စွင်းဝူယန် "……"


ထုံရွှယ်လူတောင်မှ ပြောစရာစကားပင်မရှိဖြစ်သွားလေ၏။


' လက်ဖက်စိမ်းမ စွင်းကို မသိဘူးလား။ အဲဒါက အဓိပ္ပာယ်မရှိဘူးလေ။ လက်ဖက်စိမ်းမစွင်းပြောပုံဆိုပုံနဲ့ဆို တစ်ယောက်နဲ့တစ်ယောက် တော်တော်ရင်းနှီးသင့်တယ် '


စွင်းမန်ရို့က ရှက်လွန်းသဖြင့် မျက်နှာနီရဲသွားသည်။


 " ကျွန်မက စွင်းမန်ရို့ပါ။ ရှင်က အရမ်းရယ်ရတယ် ရဲဘော်ဝမ်။ ကျွန်မတို့ အကြိမ်ပေါင်းများစွာ ဆုံခဲ့ဖူးပြီးပြီ။ အရင်က ကျွန်မအသက်ကို ကယ်ခဲ့တယ်လေ။ ကျွန်မတို့ ဒီတစ်ခေါက်တွေ့တော့ ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ "


ထိုစကားကို ပြောပြီးနောက် သူမက ထုံရွှယ်လူအား ၀င့်ကြွားသည့်အကြည့်တစ်ချက် ပေးလိုက်သည်။


၀မ်ရူကွေ့က " တောင်းပန်ပါတယ်။ မင်းမျက်နှာကို မမှတ်မိဘူး။ အဲ့ဒါကြောင့် မင်းဘယ်သူလဲလို့ အချိန်တိုင်း မေးနေရတယ် "


စွင်းမန်ရို့ "..." 


ထုံရွှယ်လူ အော်ဟစ်ရယ်မောလုနီးပါးပင်။


သူမသည် prosopagnosia အ‌ကြောင်းကို မသိရှိ‌‌ချေ။ ထို့ကြောင့် သူက ရည်ရွယ်ချက်ရှိရှိ ပြောသည်ဟု ထင်သွားကာ အမှတ်ပြည့် လျှို့ဝှက်စွာ ပေးလိုက်သည်။

[ prosopagnosia - မျက်နှာများ သေချာမမှတ်မိခြင်း ]


စွင်းမန်ရို့၏ မျက်နှာသည် နီရဲကာ ဖြူဖျော့ပြီး မျက်ရည်များ ကျလုနီးပါးဖြစ်လာသည်။


စွင်းဝူယန်က ထိုအရာကိုမြင်သောအခါတွင် သူ့ညီမငယ်အတွက် အရာအားလုံး ချောချောမွေ့မွေ့ဖြစ်စေရန် အလျင်အမြန် ကြား၀င်ပြောလိုက်သည်။ 


" ရှောင်ရို့ မင်းရဲ့ ဖျော်ဖြေမှုအတွက် အချိန်နီးနေပြီ။ အဆင်သင့်သွားပြင်ဆင်သင့်ပြီ "


စွင်းမန်ရို့ အသက်ပြင်းပြင်းရှူပြီး ပြုံးပြပြန်သည်။


 " ကောင်းပြီ။ ဒါဆို ညီမ သွားနှင့်ပြီနော် "


စွင်းမန်ရို့ထွက်သွားပြီးနောက် စွင်းဝူယန် က ၀မ်ရူကွေ့ကို " ရူကွေ့ ငါတို့ သူငယ်ချင်းတချို့ဟိုဘက်မှာ ရှိတယ်။ ငါနဲ့အတူလိုက်ခဲ့လေ"


၀မ်ရုကွေ့က သူ၏ခေါင်းကို ခါလိုက်ပြီး " ရပါတယ်။ မင်းဘာသာ ဘာလို့အဲဒီကိုမသွားတာလဲ "


စွင်းဝူယန်က လွယ်လွယ်နှင့် အရှုံးပေးမည့်သူ  မဟုတ်ချေ။ " မင်းဟိုဆိုရိုးစကားကို သိတယ်မဟုတ်လား ။ အပေါင်းအသင်းတွေက မင်းရဲ့ ခြေလက်တွေဖြစ်ပြီး မိန်းမတွေက အဝတ်အစား‌တွေဆိုတာလေ။ သူငယ်ချင်းကို စွန့်လွှတ်မယ်လို့ မပြောနဲ့ "


၀မ်ရူကွေ့ အနည်းငယ် ခေတ္တရပ်သွားပြီးနောက် ပြောလာသည်။ 


" မင်းပြောတာ အများစုက မှန်သလောက်ရှိပါတယ်။ အပေါင်းအသင်းတွေက ခြေလက်တွေနဲ့တူပြီး  မိန်းမတွေက အဝတ်အစားနဲ့တူတယ်" 


စွင်းဝူယန်သည် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် ကျေနပ်သွားသည်။


သို့သော် ၀မ်ရူကွေ့က ဆက်၍ ပြောလာသည်။ " ဒါပေမယ့် ခြေလက်တွေ မပါပဲ အသက်ရှင်နေနိုင်သေးတယ်။ မင်း အဝတ်အစားမပါဘဲ အိမ်အပြင် ထွက်ရဲလို့လား "


စွင်းဝူယန် "……"


"ဟားဟားဟား..."


ထုံရွှယ်လူသည် နောက်ဆုံးတွင် မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။


ဤသည်မှာ ၀မ်ရူကွေ့၏ ရက်စက်သောပုံစံကို သူမ ပထမဆုံးမြင်ရခြင်းဖြစ်ပြီး အလွန်ချစ်စရာကောင်းလေသည်။


တခြားလူများ အများကြီးဝန်းရံလာလျှင် သူ့မျက်နှာအား သူမလက်ထဲထည့်ကာ  အနမ်းကြီးကြီး ပေးပစ်ချင်မိသည်။


စွင်းဝူယန်၏မျက်နှာက ဒယ်အိုးအောက်ခြေကဲ့သို့ မည်းမှောင်နေသည်။ သူက သူဘာသာ ထွက်သွားရန် အကြောင်းပြချက်တစ်ခုကို အမြန်ရှာသည်။


စိတ်အနှောက်အယှက်ဖြစ်စေသော လူများ ပျောက်ကွယ်သွားသောအခါတွင် လေထုမှာ ရုတ်ချည်း ကြည်လင်သွားသည်။


ထုံရွှယ်လူက ခေါင်း‌ေစာင်းကာ ၀မ်ရူကွေ့ကို ကြည့်လိုက်ပြီး " ရဲဘော် စွင်းကို ရှင်တကယ် မမှတ်မိတာလား "


၀မ်ရူကွေ့က ခေါင်းညိတ်သည်။ " အင်း ဟုတ်တယ်။ မျက်နှာတွေကို မှတ်မိဖို့ ခက်နေတယ်။ အချို့သော ဝိသေသလက္ခဏာတွေ့ကြောင့် ကိုယ် အဲဒီလူကို မှတ်မိနိုင်တာ။ တခြားသူတွေကိုတော့ လုံးဝ မမှတ်မိဘူး "


စွင်းမန်ရို့မှာ ဒုတိယအမျိုးအစားတွင် ကျဆင်းသွားခဲ့သည်။


ထုံရွှယ်လူမှာ ဤအခေါက်တွင် တစ်ခုခုအား သတိရမိသွားသည်။ " ဒါဆို ရှင်ကျွန်မကို မှတ်မိနိုင်လား "


၀မ်ရူကွေ့၏ နားရွက်ထိပ်များ နီရဲသွားသည်။ 

" အင်း "


သူ မရှင်းပြနိုင်ပေမယ့် သူမသည် သူ့ဘဝတစ်လျှောက်လုံး မှတ်မိနိုင်သည့် တစ်ဦးတည်းသောသူဖြစ်သည်။


သူတို့ပထမဆုံးတွေ့ဆုံးကတည်းက သူမကို မှတ်မိနေခဲ့ခြင်းဖြစ်သည်။


ထုံရွှယ်လူသည် ၀မ်ရူကွေ့ထံတွင် prosopagnosia ရှိသည်ကို မသိခဲ့သလို သူမသည် သူမှတ်မိနိုင်သည့် တစ်ဦးတည်းသောသူဖြစ်ကြောင်းလည်း မသိခဲ့ပေ။


ဆိုလိုသည်မှာ သူမက သူ့အတွက် အလွန်ထူးခြားသည့်သူ ဖြစ်သည်ဟူ၍ ဖြစ်သည်မဟုတ်ပေလား။


ထိုအရာက ထူးဆန်းပြီး ချိုမြိန်သည့်ခံစားမှုတစ်ခုပင်။


နာရီဝက်ခန့်ကြာသောအခါ  ပွဲအခမ်းအနားစတင်၏။


ဖွင့်ပွဲအပြီးတွင် လက်ခုပ်သြဘာပေးသံများကြား ပထမဆုံးအစီအစဉ်ကို စတင်လိုက်သည်။


ထုံရွှယ်လူသည် လက်ဖက်စိမ်းမစွင်းက ပထမဆုံးအစီအစဉ်ဖြစ်မည်ဟု မထင်ခဲ့ပေ။


ကျစ် ကျစ် ။ 

ဝမ်အိမ်၏ယောက်ျားသားကို ဆွဲဆောင်ရန်အတွက် ကြိုးများအားလုံးကို ဆွဲထားခဲ့ပုံရ‌ လေသည်။(အဆက်အသွယ်အသုံးပြုထား)


ဤခေတ်ကာလ၏စင်မြင့်မှာ နှောင်းပိုင်းခေတ်များကဲ့သို့ မဟုတ်ချေ။ ဖွဲ့စည်းမှုမှာ ရိုးရှင်းပြီး ကြမ်းတမ်းသော်လည်း ပရိသတ်များ၏ စိတ်အားထက်သန်မှုကို နည်းပါးမသွားစေပေ။


လှေကားထစ်ဟုထင်ရသည့် ပစ္စည်းကို ပရိသတ်၏အားပေးမှုနှင့် လက်ခုပ်သံများကြားမှာ စင်ပေါ်သို့ တွန်းတင်သည်။


ထိုစိတ်၀င်စားစရာပစ္စည်းက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားပြီး လူတိုင်းက စင်မြင့်ပေါ်သို့ ကြည့်လိုက်ကြသည်။


စွင်းမန်ရို့သည် အနီရောင်တောက်တောက် ၀တ်စုံကို ၀တ်ဆင်ထားပြီး လူတိုင်း၏ မနာလိုသောအကြည့်များအောက်တွင် စင်မြင့်ပေါ်သို့ လျှောက်သွားသည်။


သူမ မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေသည်။ သူမ ရင်ဘတ်ကို ဖွင့်ထုတ်လိုက်ပြီး မျက်လုံးများထဲတွင် ယုံကြည်မှုများ တောက်ပလာသည်။


" ဒီရဲဘော်က အဲဒီလှေခါးကနေ နောက်ပြန်လှန်မယ်လို့ ငါကြားခဲ့တယ် "


" နောက်နေတာလား။ လှေခါးကနေ နောက်ပြန်လှန်တယ်လား။ အဲဒါက အရမ်းအန္တရာယ်များမယ့်ပုံနော် "


" သေချာတယ်။ သူမ ဘာလုပ်နေလဲဆိုတာ သူမ သိလို့ ဒီလိုဖျော်ဖြေတင်‌ဆက်‌နေတာပေါ့ကွ "


" မင်းပြောတာမှန်တယ်ထင်တယ်။ ဒီအမျိုးသမီးရဲဘော်က ထုတ်ဝေရေးမှာ အလုပ်လုပ်နေပြီး သူမ လူလွတ်ဖြစ်နေတုန်းပဲ…"


စွင်းမန်ရို့က ဆွေးနွေးမှုများကြားတွင် လှေခါးထိပ်ပေါ်သို့ တက်သွားသည်။သူမ ပရိသတ်များကို ကျောခိုင်းကာ ထိုနေရာ၌ ရပ်နေသည်။


အစီအစဉ်မှူးက " ကျွန်တော်တို့ ရဲဘော်စွင်းကို လက်ခုပ်သြဘာပေးရင်ကော ဘယ်လိုလဲ " 


လက်ခုပ်သြဘာပေးသံများ ထပ်မံထွက်ပေါ်လာသည်။


စွင်းမန်ရို့သည် အသက်ပြင်းပြင်းရှူလိုက်ပြီး  ခြေဖျားထောက်၍ ရပ်ရင်း နောက်ပြန်လှန်လုနီးပါးဖြစ်သည်။


သူမ ခြေထောက်ချော်သွားပြီး နောက်ပြန်ကျသွားလေသည်။


သူမ ဖင်ထိုင်လျက်သား မြေပြင်သို့ ကျသွားကာ အောက်ပိုင်းဖြင့်  နောက်ပြန်လှန်လိုက်သလို ဖြစ်သွားလေ၏။



ဘန်း။


သူမ အောက်ပိုင်းဖြင့် တစ်ကြိမ် ပြုတ်ကျသည်။


ဘန်း။


သူမ အောက်ပိုင်းဖြင့် နှစ်ကြိမ် ပြုတ်ကျသည်။


ဘန်း၊ဘန်း၊ဘန်း။


တတိယ၊ စတုတ္ထနှင့် ပဉ္စမအကြိမ်တွင် သူမ၏‌ေအာက်ပိုင်းဖြင့် ဆင်းသက်လာသည်။ 


လူတိုင်း တုန်လှုပ်သွားကြသည်။ သူမသည် နောက်ပြန်လှည့်၍ ဖျော်ဖြေမည်ဟု ထင်ခဲ့ကြသော်လည်း မည်ကဲ့သို့ အောက်ပိုင်းဖြင့် နောက်ပြန်လှန်ခြင်းနှင့် အဆုံးသတ်သွားရသနည်း။


ဤအရာက အစီအစဥ်မှူးရည်ညွှန်းသည့် ထူးခြားသည့် ဖျော်ဖြေတင်ဆက်မှု ဖြစ်သည်လား။


ထုံရွှယ်လူသည် စွင်းမန်ရို့နောက်ပြန်ကျသွားသည်နှင့် တိတ်တဆိတ် စတင်ရေတွက်ခဲ့သည်။


စုစုပေါင်း လှေကား ကိုးဆင့်ရှိပြီး စွင်းမန်ရို့သည် သူမ၏‌ေအာက်ပိုင်းဖြင့် ကိုးကြိမ် တိုင်တိုင် ဆင်းသက်ခဲ့သည်။


' ‌ကျစ် နောက်ထပ် တစ်ခါလောက်ဆို ဆယ်ကြိမ်တောင် ဖြစ်သွားတော့မှာကို '


စွင်းမန်ရို့အောက်ပိုင်းမှာ မည်ကဲ့သို့ရှိသည်ကိုသူမ သိချင်မိသည်။ ထိခိုက်နာကျင်သည်လား။


သူမ၏နောက်ဆုံးဆင်းသက်ပြီးနောက် စွင်းမန်ရို့၏အောက်ပိုင်းမှာ တစ်ခြမ်းကွဲသွားသလို ပူလောင်နေသည်ဟု ခံစားနေရသည်။


သူမ ကြက်သေသေသွားသည်။


စက္ကန့်အနည်းငယ် ငြိမ်သက်သွားပြီးနောက် လူအုပ်ကြီးက ကျယ်လောင်လာသည်။


" မင်းရဲ့ အောက်ပိုင်းနဲ့ ဆင်းသက်တယ်။ တကယ်ကို ထူးခြားတဲ့ ဖျော်ဖြေမှုတစ်ခုပါပဲ "


" သေချာတယ်။ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး၊ မကြားဘူးဘူး။ နေ့စဉ် နေ့တိုင်း အသစ်အဆန်းတွေ သင်ယူနေရတာပဲ *


" နောက်ကျောပေးပြီး လှပစွာ ဆင်းသက်တယ်။  ဒါက ငါ့အတွက်လည်း ပထမဆုံးအကြိမ်ပဲ "



[ဘာသာပြန်သူမှာ ပြောစရာရှိ

သူပြောထားတဲ့ ဖျော်ဖြေမှုက ခန္ဓာကိုယ်ကို နောက်ပြန်ကွေးခေါက်ပြတာမျိုးကို ပြောတယ်ထင်ပါတယ် ခုက ချော်ကျပြီး လှေကားကို ဖင်ထိုင်ရက် နောက်ပြန်ဆင်းနေတာ 😁 လွဲချော်မှုရှိခဲ့ရင် ဘာသာပြန်သူရဲ့အမှားပါ 🙇]