အပိုင်း၁၈၂
Viewers 32k

🍵Chapter 182




ထုံရွှယ်လူသည် လက်ဖက်စိမ်းမစွင်း ဤမျှကံဆိုးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။


ထိုည၏ပထမဆုံး ဖျော်ဖြေမှုဖြစ်ပြီး လူတိုင်းက ကြည့်ရှုနေခဲ့ကြ‌ေလသည်။ ပရိသတ်များအားလုံးကို မှင်တက်စေသည့် သူမဆန္ဒများ ပြည့်ဝခဲ့‌လေ၏။


စွင်းမန်ရို့သည်လည်း သူမ ဤမျှကံမကောင်းဖြစ်လိမ့်မည်ဟုလည်း မထင်ထားခဲ့ပေ။


အစောပိုင်းက သူမ  လှေကားအစွန်းမှာ မတ်တပ်ရပ်စဉ် ဟန်ချက်ပျက်ကာ နောက်ပြန်ပြုတ်ကျသွားခဲ့သည်။ ယခု သူမ၏ အောက်ပိုင်းက သူမကို နှိပ်စက်နေလေသည်။


နာကျင်မှုက ကိစ္စမရှိသော်လည်း   သူမ အခြားသူများ၏ မျက်လုံးများကို မည်ကဲ့သို့ ကြည့်နိုင်တော့မည်နည်း။


စင်မြင့်အောက်မှ ရယ်သံအားလုံးကို ကြားလိုက်ရသည့်အခါ စွင်းမန်ရို့၏ မျက်နှာက နီရဲ ဖြူဖျော့သွားသည်။(ဘယ်လိုမျိုးလဲမသိဘူး ) သူမ ကျင်းတူးပြီး တစ်ကိုယ်လုံးကို မြှုပ်နှံလိုမိတော့သည်။


စွင်းဝူယန်၏ မျက်နှာမှာလည်း ပူလောင်နေပြီး သူ၏နားကို တစ်စုံတစ်ယောက် ရိုက်သွားသကဲ့သို့ ခံစားနေရသည်။


စွင်းမန်ရို့မှာ  အံ့အားသင့်ဖွယ်ကောင်းသည့် အနုပညာရှင်တစ်ယောက်ဖြစ်‌ကြောင်း ဖျော်ဖြေပွဲမစမီ လူအများကို သူက ပြောခဲ့မိသည်။


အစောပိုင်းက ကြွားလုံးထုတ်ခဲ့သမျှ သူ့မျက်နှာက နာကျင်နေလေပြီ။


စွင်းမန်ရို့မှာ မည်သည်ကို ဆက်လုပ်ရမည်ကို  မသိရှိ‌ေတာ့‌‌ပေ။ ထို့နောက် သူမ မျက်လုံးများ မှိတ်လိုက်ပြီး စင်မြင့်ပေါ်၌ မေ့လဲသွားသကဲ့သို့ ဟန်ဆောင်လိုက်သည်။


ထိတ်လန့်တုန်လှုပ်နေသော အစီအစဉ်မှူးသည် နောက်ဆုံးတွင် သတိပြန်၀င်လာပြီး စွင်းမန်ရို့ ကို ကူညီရန် တစ်စုံတစ်ဦးကို စေလွှတ်လိုက်သည်။


သူမ မူးမေ့လဲသွားသည်ကို တွေ့လိုက်ရ‌သောအခါ အတော်တော်များများက စွင်းမန်ရို့ ယနေ့ည လူအများရှေ့တွင် အရှက်ရသွားခြင်းအတွက် စိတ်မကောင်းဖြစ်သွားကြသည်။


ယနေ့ညတွင် ရာထူးကြီးများနှင့် မျိုးဆက်ဟောင်းများမှ လူကြီးများ အများအပြားရှိ‌ နေခဲ့၏။ ဤပွဲပြီးသည့်နောက် မည်သူက သူမနှင့် တွေ့ဆုံဦးမည်နည်း။ ဤအဖြစ်အပျက် လူတိုင်း၏အမှတ်ရစရာများထဲ လတ်လတ်ဆတ်ဆတ် ရှိနေစဥ်အချိန်၌ သူမကို မည်သူကမှ ချိန်းတွေ့ချင်မည် မဟုတ်ပေ။


သို့သော် ယဉ်ကျေးမှုအဖွဲ့မှာ အစားပြန်ရသကဲ့သို့ ခံစားကြရပြီး အချို့မှာ ထိုအဖြစ်အပျက်ကို ဝမ်းသာနေကြသည်။


အပြင်လူ စွင်းမန်ရို့သည် ၎င်းတို့၏ အစီအစဉ်များထဲမှ တစ်ခုကို ဖယ်ထုတ်ခဲ့ရုံသာမက သူမသည် ည၏ ပထမဆုံးဖျော်ဖြေမှုကိုပင် ရယူသွားခဲ့သည်။


ပထမနှင့် နောက်ဆုံး ဖျော်ဖြေပွဲများသည် အရေးကြီးဆုံး နှစ်ခုဖြစ်ကြောင်း သိထားရ ပေမည်။ သို့သော် စွင်းမန်ရို့သည် ၎င်းတို့ထံမှ လုယူသွားခဲ့သည်။


သူမ လူတိုင်းရှေ့တွင် ဟာသဖြစ်ရန် ထိုက်တန်‌ လေသည်။


ဖန်းကျင်းယွမ်သည်လည်း ထိုကဲ့သို့ ခံစားရသူများထဲမှ တစ်ဦးဖြစ်သည်။ သို့သော် သူမ၏ ဖျော်ဖြေတင်ဆက်မှုသည် မကြာမီတွင် ရောက်ရှိတော့မည်ဖြစ်ပြီး စွင်းမန်ရို့ကို အာရုံစိုက်ရန် အချိန်မရှိတော့ပေ။


ထုံရွှယ်လူသည် ဤခေတ်၏ ဖျော်ဖြေပွဲများကို  ငြီးငွေ့ဖွယ်ကောင်းမည်ဟု မျှော်လင့်ထား‌ေသာ်လည်း မထင်မှတ်စွာ ဖျော်ဖြေတင်ဆက်မှုများသည် အတော်လေးကို ဖမ်းစားနိုင်ပေသည်။


သူမကို အဆွဲဆောင်နိုင်ဆုံးအရာသည် စင်မြင့်ပေါ်နှင့် နောက်ကွယ်ရှိ စိတ်အားထက်သန်မှုဖြစ်သည်။ ဖျော်ဖြေရေးအနည်းငယ်သာရှိသော ဤဆင်းရဲနွမ်းပါးသောခေတ်ကာလတွင် လူများသည် ၎င်းတို့၏စိတ်အားထက်သန်မှုဖြင့် ၎င်းတို့၏ဘဝကို ထွေးပိုက်ထားကြသည်။


သူမ ပထမဆုံး ကူးပြောင်းလာခဲ့သောအခါတွင် အလွန်ဒေါသထွက်ခဲ့မိ‌သော်ငြား ယခုတော့ သူမသည်လည်း ဤခေတ်၏ တစိတ်တပိုင်းတစ်ခု ဖြစ်လာနေပြီဟု ခံစားနေမိသည်။


ထုံရွှယ်လူက အလွန်ညဥ့်နက်သွားမည်ကို စိုးရိမ်ပြီး ကလေးသုံးယောက်သာ အိမ်၌ ရှိနေသည်ကို စိတ်ပူနေမိသည်။ ထို့ကြောင့် သူမနှင့်၀မ်ရူကွေ့တို့သည် ပွဲတစ်ဝက်တွင် တိတ်တဆိတ် ထွက်ခွာလာခဲ့ကြသည်။


ဖန်း၀မ်ယွမ်သည် ထုံရွှယ်လူကို လူကြားထဲ အတော်ကြာကြာကတည်းက တွေ့ရှိခဲ့ပြီး  အရပ်မြင့်မြင့်နှင့် သန်မာသော အမျိုးသားတစ်ဦး၏ဘေးတွင် သူမကိုတွေ့လိုက်ရသောအခါ သူ့ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။


ထုံရွှယ်လူ၌ ရည်းစားရှိ‌သည်ကို ဟိုးအရင်အချိန်ကတည်းက သိရှိခဲ့‌သော်လည်း အမှန်တကယ်ဟု ယုံကြည်ရန် ငြင်းဆန်နေခဲ့သည်။


ထုံရွှယ်လူမှာ ဤနှစ်များတစ်လျှောက်လုံး သူ့ကို လိုက်ဖမ်းနေခဲ့ပြီး ယခုကဲ့သို့ သူ့ကို လက်လျော့သွားလိမ့်မည်ဟု မယုံကြည်ခဲ့ပေ။


ယခုအခါ သူ့မျက်​စိဖြင့် မျက်​မြင်​​တွေ့လိုက်​ရ​ချိန်၌ သူ့ပါးပြင်အား ဖြတ်ရိုက်​ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။


ထုံရွှယ်လူထွက်ခွာ‌တော့မည်ကို မြင်ရသည့်အခါ ဖန်း၀မ်ယွမ်က မနေနိုင်စွာ သူမနောက်သို့ လိုက်လာသည်။


လူအုပ်ထဲမှ ထွက်လာပြီးနောက် ၀မ်ရူကွေ့က  ရုတ်တရက် သူမ၏ လက်မောင်းကို ညင်သာစွာ ကိုင်လိုက်ပြီး " ခဏ "


ထုံရွှယ်လူက သူ့ကို နားမလည်နိုင်သကဲ့သို့ကြည့်သည်။


၀မ်ရူကွေ့က သူမရှေ့သို့ လျှောက်လိုက်ပြီး  ငုတ်တုတ်ထိုင်ကာ တစ်ဝက် ပြေနေသော သူမ၏ ဖိနပ်ကြိုးကို ပြန်ပြင်ပေးလိုက်သည်။


ထုံရွှယ်လူမှာ သူမအတွက် ဖိနပ်ကြိုးချည်ချင်ရုံမျှဖြင့် သူက ရပ်တန့်မည်ဟု မထင်ထားခဲ့ပေ။


ဤနေ့ဤခေတ်ကညလကြီးတွင် အမျိုးသားများသည် အများအားဖြင့် လူမျိုးကြီးဝါဒ များ အလွန်ရှိကြသည်။ ချစ်သူကောင်မလေး၏ဖိနပ်ကို ချည်နှောင်လိုသည့် သူနှင့် ကြုံကြိုက်မိရန်မှာ အလွန်ရှားပါးလှ၏။


သူ့ဦးခေါင်းထိပ်၏ အနက်ရောင်ကို ကြည့်ရင်း ထုံရွှယ်လူ သူမနှလုံးသားထဲသို့ စီးဆင်းနေသော နွေးထွေးသည့်ရေစီးကြောင်းကို ခံစားလိုက်ရသည်။


၀မ်ရူကွေ့က မတ်တပ်ထရပ်လိုက်ပြီး သူမ သူ့အားကြည့်နေသည်ကို မြင်လိုက်ရသောအခါ နားရွက်များ အနည်းငယ်နီမြန်းသွားသည်။

 " ပြီးသွားပြီ "


ထုံရွှယ်လူ၏ နှုတ်ခမ်းများ အနည်းငယ် ကွေးသွား၏။ " ကျေးဇူးတင်ပါတယ် ဒါလင် "


' ဒါလင် '


' သူ့ကို ဒါလင်လို့ ထပ်​​ခေါ်တယ်​ '


၀မ်ရူကွေ့၏ နားရွက်များ ပိုမိုနီရဲလာသည်။ သူ့ပါးပြင်များသည်လည်း ထိုနည်း၎င်းပင်။ သူ့နှလုံးသားက တဒုတ်ဒုတ် ခုန်ပေါက်နေသည်။


သူ၏နားရွက်နီနီများကို ကြည့်ရင်း ထုံရွှယ်လူ နေနိုင်ဘဲ ပြုံးလိုက်မိသည်။


' ချစ်စရာကောင်းပြီး ရိုးအမဲ့ပေမယ့် တစ်ချိန်တည်းမှာ ရက်စက်တဲ့ စကားတွေကို ဘယ်လိုပြောနိုင်ရတာလဲ "


' ချစ်ဖို့ကောင်းလိုက်တာ '


ဖန်း၀မ်ယွမ်က သူမထံသို့ လျှောက်လာမည်လုပ်သော်လည်း ထိုမြင်ကွင်းကို မြင်လိုက်ပြီးနောက်တွင် သူ၏ခြေထောက်များသည် တစ်တန်ခန့် လေးလံသကဲ့သို့ ခံစားရကာ လှုပ်ရှား၍ မရနိုင်တော့ပေ။


သူ့ထံမှ ပို၍ဝေးကွာသွားသော ထုံရွှယ်လူနှင့် ၀မ်ရူကွေ့ကြည့်ရင်း တစ်စုံတစ်ယောက်က  သူ့နှလုံးသားကို ညှစ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။


ထိုအရာက ဖော်ပြ၍မရနိုင်သော နာကျင်မှုပင်။


ထုံရွှယ်လူနှင့် ၀မ်ရူကွေ့တို့သည် ယာဉ်ရပ်နားရာနေရာသို့ ရောက်ရှိလာပြီး ထုံရွှယ်လူကနောက်ထိုင်ခုံပေါ်သို့ တက်လိုက်သည်။ သို့သော် ၀မ်ရူကွေ့က စက်ဘီးကို အချိန်အတော်ကြာသည်ထိ  စတင်မနင်းပေ။


ထုံရွှယ်လူတစ်ယောက် ကြောင်တိကြောင်တောင်  ခံစားလိုက်ရသည်။ " ဘာဖြစ်တာလဲ "


၀မ်ရူကွေ့၏လည်ချောင်း လှုပ်ရှားသွားပြီး သူမရှေ့မှ နိမ့်ကျကြည့်လင်သည့် ယောင်္ကျားသံကို ကြားလိုက်ရသည်။ " အခု အနားမှာ ဘယ်သူမှ မရှိဘူး "


ထုံရွှယ်လူက မျက်ခုံးများကို ပင့်လိုက်သည်။


' အိုး ကောင်လေး။ ဘာမဆို ရှက်ရွံ့တဲ့ ချစ်စရာလေးက ခပ်မိုက်မိုက် ခပ်ဆိုးဆိုး ကောင်လေး ဖြစ်ချင်နေတာလား  '


သို့သော် သူမသည် အရိပ်အမြွက်ကို မသိသကဲ့သို့ ဟန်ဆောင်လိုက်သည်။ " ပြီးတော့"


၀မ်ရူကွေ့၏မျက်နှာက တသ်ဖန် ပူလောင်လာပြန်သည်။ လက်ကိုင်တန်းပေါ်တွင် တင်ထားသော သူ၏လက်ဖ၀ါးများမှာ ချွေးများ စိုရွှဲနေသည်။ " ညဘက်မှာ လေပြင်းပြီး မှောင်နေတယ်။ မင်းဘာလို့.. ကိုယ့်အဝတ်ကို ကိုင်မထားတာလဲ။ ကိုယ် မင်းကို ပြုတ်မကျစေချင်ဘူး "


သူ့ခါးကို ဖက်ထားရန် တောင်းဆိုချင်ခဲ့သော်လည်း နောက်ဆုံးမိနစ်၌ သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။


သူသည် ပို၍ အရှက်မဲ့လာပြီး လူရှေ့သူရှေ့တွင် လူရမ်းကားဖြစ်ချင်နေလေသည်။


ထုံရွှယ်လု ရယ်မောလုနီးပါးပင်။ သူမသည် ရိုးအဖြူစင်သောသူကဲ့သို့ ပြုမူလိုက်သည်။

" ဒါပေမဲ့ ရှင် မြောင်းထဲကျသွားရင်ရှင့်အဝတ်တွေကိုကိုင်ထားတာက အကူညီရနိုင်မလားဆိုတာက မသေချာဘူးလေ။ ကျွန်မ ရှင့်ရဲ့ခါးကို ဖက်ထားသင့်တယ်... အဲဒါက ရှင့်ကို အနှောက်အယှက်ပေးမိသွားမလား "


၀မ်ရူကွေ့က ထိုကိစ္စကို စဉ်းစားရန်ပင် မလိုအပ်ချေ။ " အဲလိုဆို အဆင်ပြေပါတယ်။ ကိုယ့်ကို အနှောက်အယှက်ပေးမိမှာ မဟုတ်ဘူး "


သူက အလွန်စိတ်အားထက်သန်နေသဖြင့် ရယ်မောခြင်းကို အောင့်ထားရသည့် ထုံရွှယ်လူမှာ ၀မ်းဗိုက်ပင်လျှင် နာကျင်လာသည်။


သူမလက်ကို သူ၏ခါးမှာ ရစ်ပတ်ထားပြီး လိင်ပိုင်းဆိုင်ရာခံစားချက်ဖြင့် အခွင့်အရေးယူလိုက်သည်။


' အင်း သူ့ခါးက ပိန်ပိန်သွယ်သွယ်လေး ဒါပေမဲ့ သန်မာတယ် '


သူမ၏ ဟိုဟိုဒီဒီစမ်းနေမှုကြောင့် ၀မ်ရူကွေ့လျှပ်စီးကြောင်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ခံစားလိုက်ရပြီး အေးခဲသွားသည်။


ထုံရွှယ်လူက ခေါင်း‌‌စောင်းကာ မေးလိုက်သည်။


 " ဘာကိုစောင့်နေတာလဲ "


၀မ်ရူကွေ့က သတိပြန်၀င်သွားပြီး သူ့မျက်နှာ ပူလောင်နေသည်။ " ကိုယ်တို့ အခုထွက် တော့မှာ "


နောက်တစ်စက္ကန့်တွင် သူ့ခြေထောက်ဖြင့်  စက်ဘီး‌‌ခြေနင်းကို ဖိလိုက်ပြီး စက်ဘီးလေးက ရှေ့သို့ ရွေ့လျားသွားသည်။


ညဘက်တွင် လေထန်နေပြီး ၀မ်ရူကွေ့မှာ အလွန်ထူထဲသောကုတ်အင်္ကျီ ၀တ်ဆင်မထားချေ။ သူ့ကို မအေးစေလိုသည့် ထုံရွှယ်လူက ၀မ်ရူကွေ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။


သူမ မသိခဲ့သည်မှာ သူသည် လုံးဝ ချမ်းအေးမနေ‌သည်ကိုပင်။


သူ့တစ်ကိုယ်လုံး ပူလောင်နေကာ လက်ဖဝါးများ၌ ချွေးများထွက်နေေလသည် ။


🍵


စွင်းမန်ရို့သည် သူမ စင်မြင့်ပေါ်မှ သယ်ဆောင်ခံရစဉ် တစ်လျှောက်လုံး မူးမေ့လဲသွားသကဲ့သို့ ဟန်ဆောင်ခဲ့သည်။ သူမအလွန်အမင်း ဖြူဖျော့နေသဖြင့် အခြားသူများသည် စစ်ဆရာဝန်ထံသို့ ခေါ်ဆောင်သွားကြသည်။


စွင်းမန်ရို့က သူမကိုယ်သူမ ထပ်မံအရှက်ရမည်ကို စိုးရိမ်ပြီး သတိပြန်ရလာသည်ဟု  အလျင်အမြန် ဟန်ဆောင်လိုက်သည်။


တခြားသူတွေက သူမနိုးလာသည်ကိုမြင်တော့ ချက်ချင်းဝိုင်းလိုက်ပြီး မေးခွန်းများမေးကြသည်။


" ဘယ်လိုနေလဲ ရဲဘော်စွင်း။ ဘယ်နေရာနာကျင်နေလဲ "


" သူမ‌အောက်ပိုင်းကလွဲလို့ တခြားဘယ်နေရာမှာမဆို အဆင်ပြေတယ်လို့ ထင်တယ်။ စောစောက ရေတွက်ပြီးပြီ၊ သူမ အောက်ပိုင်းနဲ့ စုစုပေါင်း ကိုးကြိမ်လောက် ဖင်ထိုင်ကျခဲ့မိတာ "


" ကိုးကြိမ်‌တောင် အမလေး ။ မင်းရဲ့အောက်ပိုင်းကို စစ်ဆေးဖို့ အမျိုးသမီးစစ်ဆရာဝန်ကို  ခေါ်ပေးစေချင်လား ရဲဘော်စွင်း "


သူမ၏အောက်ပိုင်းနှင့်ပတ်သက်သည့် ပြောဆိုမှုများသည် သူမအား အသက်ရှုရခက်စေသည်။ သူမ အမှန်တကယ် သတိလစ်လုနီးပါးဖြစ်သည်။


" အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်မအဆင်ပြေပါတယ်။ အာ ဒါနဲ့ ကျွန်မရဲ့ တတိယအစ်ကို ဘယ်မှာလဲဟင်။  ကျေးဇူးပြုပြီး သူ့ကို အိမ်ပြန်ခေါ်သွားပေးဖို့ ပြောပေးနိုင်မလား "


အမှန်အတိုင်းပြောရလျှင် သူမ၏အောက်ပိုင်းမှာ တကယ်ပင် နာကျင်နေလေသည်။ သူမ လှေကားထစ်များ၏အစွန်းများနှင့် အကြိမ်ပေါင်းများစွာ တိုက်ခဲ့မိလေသည်။


မည်သို့ပင်ဆိုစေကာမူ ၎င်းနာကျင်မှုသည် သူမ တခြားသူအား ပြောပြလိုသည့် နာကျင်မှုမဟုတ်သည့်အပြင် စစ်ဆရာဝန်တစ်ဦးကိုလည်း စစ်ဆေးစေလိုခြင်းမရှိပေ။


ထိုသို့ပြုလုပ်လျှင် ပို၍တောင် ရှက်စရာဖြစ်လိမ့်မည်။


သူမ အဆင်ပြေကြောင်း အခိုင်အမာပြောလာသဖြင့် အခြားလူများက စွင်းဝူယန်ကို သူမအတွက် သွားခေါ်ပေးကြသည်။


စွင်းဝူယန်ရောက်ရှိလာပြီး သူ့မျက်နှာက နီရဲ နေသည်။  သူကဲ့သို့ ပါးပြင်များ အညီအမျှ နီရဲနေသည့် စွင်းမန်ရို့ကို ကူညီကာ အိမ်သို့ ခေါ်သွားပေးသည်။


သူတို့ပတ်ဝန်းကျင်၌ မည်သူမျှ မရှိတော့သည့်အခါ သူက မကျေမနပ် ညည်းညူသည်။ 


" ဟိုမှာ ဘာဖြစ်ခဲ့တာလဲ။ အဲလိုမျိုး ဘယ်လို လုပ် ပြုတ်ကျသွားတာလဲ "


စွင်းမန်ရို့က စတင်ငိုရှိုက်သည်။ " ဘာဖြစ်သွားလဲ ညီမလည်း မသိဘူး။ ခြေချော်ပြီး ဟန်ချက်ပျက်သွားခဲ့မိတာ....."


သူမသည် သူမ၏ ပစ္စည်းများကို အချိန်မီ စစ်ဆေးခဲ့ပြီး မည်သူမှ ၎င်းကို နှောင့်ယှက်ထားမည်မဟုတ်သည်မှာ သေချာသည်။ ခေါင်းဆောင်များစွာရှေ့မှာ ထိုကဲ့သို့ ပြုလုပ်ရန် မည်သူမျှ သတ္တိမရှိကြချေ။


ခြုံပြောရလျှင် သူမ ကံမကောင်းလွန်းသည်ကိုသာ အပြစ်တင်ရပေမည်။ သူမက ပရိသတ်အားလုံးကို မှင်သက်စေလိုခဲ့သော်လည်း အကြီးမားဆုံးဟာသအဖြစ် အဆုံးသတ်ခဲ့ရလေသည်။