အပိုင်း ၂၆၀
Viewers 87k

Chapter 260



ကျိယွီရှောင်က ညအချိန်အထိ နိုးမလာခဲ့ချေ။ 


အခန်းက မှောင်မဲနေ၏။ ကျိယွီရှောင် အခန်းမီးဖွင့်လိုက်ချိန်တွင် သူ့လက်မောင်းကိုမှီကာ မျက်လုံးမှိတ်ထားသည့် လင်းလော့ချင်းကို တွေ့လိုက်ရသည်။ 


ထိုအချိန်မှသာ လင်းလော့ချင်း အမှန်တကယ် ပြန်ရောက်လာခြင်း ဖြစ်ကြောင်း သူ နားလည်သွားခဲ့သည်။ သူက စိတ်ကူးယဉ်နေခြင်း မဟုတ်ပေ။ လင်းလော့ချင်းက သူ့ဘေးတွင် အမှန်တကယ် ရှိနေခြင်း ဖြစ်၏။ 


ကျိယွီရှောင် လက်ကိုမြှောက်ကာ တစ်ဖက်လူ၏ မျက်နှာကို ထိလိုက်သည်။ လင်းလော့ချင်းက အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်လိုက်၏။ 


ကျိယွီရှောင် အမြန်လက်ကို ဖယ်လိုက်သည်။


 “ကိုယ်မင်းကို နှိုးလိုက်မိတာလား …” 


“မဟုတ်ပါဘူး …” 


လင်းလော့ချင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်း မဟုတ်ပေ။ 


“ငါဒီတိုင်း မျက်လုံးမှိတ်ထားတား … မင်းနိုးပြီလား … ဗိုက်ဆာလား …” 


ကျိယွီရှောင် ခေါင်းယမ်းလိုက်သည်။ သူဗိုက်မဆာပေ။ သူက စိတ်ဓာတ်ကျနေခြင်း ဖြစ်၏။ 


သို့သော် ယခုအချိန်က စိတ်ဓာတ်ကျ၍ မဖြစ်ချေ။ လင်းလော့ချင်း ပြန်ရောက်နေပြီဖြစ်ရာ တစ်ဖက်လူအား သူ့အတွက် မစိုးရိမ်စေလို။ 


“မင်း ဘာလို့ ရုတ်တရက်ပြန်လာတာလဲ …” 


“မင်းအံ့အားသင့်အောင် လုပ်မလို့လေ ….” လင်းလော့ချင်း သူ့အနားကပ်လာသည်။ “မင်း အံ့ဩသွားလား …” 


ကျိယွီရှောင်က နီးကပ်လာသည့် မျက်နှာလေးကြောင့် အံ့ဩသွားရ၏။ တစ်ချိန်ထဲမှာပင် သူက စိတ်သက်သာရာရသွားသည်။ 


လင်းလော့ချင်းက အေးခဲနေသော ဆောင်းရာသီတွင် နွေဦးပန်းပွင့်လေးကဲ့သို့ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ သူက အကြည့်မလွှဲနိုင်လောက်အောင် တောက်ပပြီး အထီးကျန်ဆန်သည့် အဖြူရောင်ကမ္ဘာအား ထွန်းလင်းစေခဲ့သည်။ 


ကျိယွီရှောင်က သူတို့နဖူးများကို ထိကပ်လိုက်ရင်း တစ်ဖက်လူအား ညှင်သာစွာ နမ်းရှိုက်လိုက်၏။ ထို့နောက် သူက ကိုယ်ကိုလိမ့်ကာ လင်းလော့ချင်း၏ ခါးကို ဖက်လျှက် ချစ်မြတ်နိုးစွာ နမ်းရှိုက်နေမိသည်။ 


သူက စိတ်ခံစားချက်များ ထိန်းချုပ်မရနိုင်တော့အောင် နမ်းရှိုက်နေမိ၏။ လင်းလော့ချင်း မျက်နှာလေးက မကြာခင်မှာပင် နီရဲလာသည်။ 


ကျိယွီရှောင်က ကိုယ်ကိုထပ်မံလိမ့်ကာ လင်းလော့ချင်းအား သူ့ကိုယ်အောက်သို့ ပို့လိုက်သည်။ သူ၏ မေးဖျားက လင်းလော့ချင်း၏ ညှပ်ရိုးများကို ဖိကပ်လျှက်ရှိ၏။


“ခဏ … ခဏနေပါဦး …” 


လင်းလော့ချင်းက အသက်ရှူမဝတော့ချေ။ သူက ကျိယွီရှောင်၏ မျက်နှာကို ထိလိုက်ရင်း အသိပေးလိုက်၏။ 


“ရှောင်ယွီက မင်းကို အရမ်းစိုးရိမ်နေတာ … သူ မင်းကိုဒီညမတွေ့ရရင် ကောင်းကောင်း အနားယူနိုင်လိမ့်မယ် မထင်ဘူး …” 


ကျိယွီရှောင် ဇဝေဇဝါ ဖြစ်သွားသည်။ 


“သူဘာလို့ ကိုယ့်ကို စိုးရိမ်နေတာလဲ …” 


“မင်းနှစ်ရက်လုံးလုံး အိပ်ပျော်နေတာလေ … သူက မစိုးရိမ်ပဲ ဘယ်နေမလဲ …” 


ကျိယွီရှောင် “…” 


နှစ်ရက်တောင် … 


ဘာလို့ သူအဲဒီ့လောက် အကြာကြီး အိပ်ပျော်သွားတာလဲ …. 


နှစ်ရက်တောင်လေ …. 


နှစ်နာရီမဟုတ်ဘူးလား … 


ကျိယွီရှောင် ဖုန်းကိုဖွင့်ကာ လက်ရှိအချိန်ကို ကြည့်လိုက်သည်။


 “ကိုယ်အခုမှ သင်္ချိုင်းက ပြန်ခဲ့တာ မဟုတ်ဘူးလား …” 


“အဲဒါ မနေ့က နေ့လည်ကတည်းက …” 


လင်းလော့ချင်း သူ့အား အမှန်အတိုင်း အသိပေးလိုက်၏။ 


ကျိယွီရှောင် “…”


သူက ဇနီးကို ခုနကလေးမှ တွေ့ခဲ့တာလေ … အချိန်က ဒီလောက်တောင် ကုန်သွားတာလား … 


သူ ဘာမှတောင် မလုပ်လိုက်ရဘူး … 


ကျိယွီရှောင် ခံစားချက် မကောင်းတော့။ 


လင်းလော့ချင်းက သူ၏ ထိတ်လန့်နေသော အမူအရာကြောင့် သူ၏ လည်တိုင်ကိုဖက်ကာ ပြုံးလိုက်သည်။ 


“အဆင်ပြေပါတယ် … ငါ လဝက်လောက် ရိုက်ကူးရေးပြီးရင် ပြီးပြီလေ … အဲဒီ့အခါကျ ငါမင်းကို အဖော်လုပ်ပေးလို့ရပြီ …” 


ကျိယွီရှောင် “…” 


ကျိယွီရှောင် ခေါင်းကိုသာ ညှိတ်လိုက်၏။ 


သူက ရှုပ်ထွေးနေဆဲဖြစ်ပြီး နှစ်ရက်ကြာ အိပ်ပျော်သွားသည်ကို မယုံနိုင်သေးချေ။ 


မည်မျှ ပင်ပန်းသည်ဖြစ်စေ၊ သူ အကြာကြီး မအိပ်သွားခဲ့သင့်ချေ။ 


“ဒါဆို မင်း လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး ကိုယ်နဲ့အတူ ရှိနေခဲ့တာလား …” ကျိယွီရှောင် သူ့ကို ကြည့်လိုက်သည်။ “ဒီလို တောက်လျှောက်ရှိနေခဲ့တာပေါ့ …” 


လင်းလော့ချင်း ခေါင်းညှိတ်လိုက်၏။ “အွန်းလေ …” 


သူက ကျိယွီရှောင်၏ လက်ကို ဆွဲလိုက်သည်။ 


“ငါ မင်းနဲ့အဖော်လုပ်ပေးဖို့ ပြန်လာခဲ့တာ …” 


ကျိယွီရှောင် မပြုံးပဲ မနေနိုင်ခဲ့။ သူ့နှလုံးသားထက်တွင် ပုစဉ်းတစ်ကောင် နားခိုသွားသလို ခံစားလိုက်ရသည်။ 


“မင်းက အရူးလေးပဲ …” 


သူက အိပ်နေခဲ့သော်လည်း လင်းလော့ချင်းကမူ သူနှင့်အတူ ရှိနေပေးခဲ့သည်။ 


သို့သော် သူအလွန်သဘောကျ၏။ 


ကျိယွီရှောင် ခေါင်းငုံ့ကာ တစ်ဖက်လူကို ထပ်နမ်းလိုက်မိသည်။ လင်းလော့ချင်းက သူ့လည်ပင်းကို ဖက်လိုက်ရင်း ကျိယွီရှောင်အား နှာခေါင်းထိပ်ကလေးဖြင့် ထိလျှက် ပြန်နမ်းလာ၏။ သူက ကျိယွီရှောင်၏ နှုတ်ခမ်းကို ကိုက်ရင်း ဖြည်းဖြည်းချင်း လျက်လိုက်သည်။ 


“လွှတ်တော့လေ …” သူက မျက်စိရှေ့ရှိလူကို ကြည့်လိုက်၏။ “ကိုယ်တို့ တစ်ခုခုစားရအောင် …” 


လင်းလော့ချင်း ခေါင်းညှိတ်လိုက်သည်။ 


ကျိယွီရှောင်က အိပ်ရာထဲမှထွက်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပြန်လှည့်လာ၏။


လင်းလော့ချင်းက အိပ်ရာပေါ်မှ ထထိုင်လိုက်သည်။ သူက ထရန်ပြင်လိုက်ချိန်တွင် သူ့ပုခုံးနှင့် ဒူးခေါင်းအောက်မှ လက်လျှိုခံလိုက်ရကြောင်း ခံစားလိုက်ရ၏။ ထို့နောက် နောက်တစ်စက္ကန့်တွင် သူက အပွေ့ခံလိုက်ရသည်။ 


လင်းလော့ချင်း “…”


သူက ကျိယွီရှောင်အား နားမလည်ဟန်ဖြင့် ကြည့်လိုက်၏။ 


ကျိယွီရှောင် ရယ်လိုက်သည်။ သူက လင်းလော့ချင်းအား တင်းတင်းဖက်လျှက် ဆို၏။ 


“ကိုယ်မင်းကိုအခု ပွေ့လို့ရပြီ …” 


လင်းလော့ချင်းက တစ်ဖက်လူ၏ ထိုအပြုအမူကို မျှော်လင့်မထားခဲ့ချေ။ သူက ရယ်လိုက်ရင်း ကျိယွီရှောင်၏ ပုခုံးကို ဖက်လိုက်သည်။ ထို့နောက် ညှင်သာစွာ ညည်းလျှက် ကျိယွီရှောင်၏ ပုခုံးထက်၌ မှီလိုက်၏။ 


သူက ကျိယွီရှောင်အား ဤသို့သော အနေအထားဖြင့် အကြိမ်များစွာ ပွေ့ဖက်ခဲ့သည်။ ယခုမူ ကျိယွီရှောင်က သူ့အား ထိုသို့ ပွေ့ချီလာပြီဖြစ်၏။ 


ကျိယွီရှောင်က သူ့အား ရေချိုးခန်းအတွင်းသို့ ပွေ့သွားကာ ဖိနပ်အပါးများ စီးစေသည်။ 


လင်းလော့ချင်း မျက်နှာထက်တွင် အပြုံးကလေးတစ်ခု ရှိနေသည်။ သူက မေးလိုက်၏။ 


“မင်းအခု သက်သာလာပြီလား …” 


“အွန်း …” ကျိယွီရှောင်က ပြန်ဖြေ၏။


 “ကိုယ် မတ်တပ်ကြာကြာရပ်ရင် ပင်ပန်းလာတယ် … ဒါပေမယ့် အရမ်းဆိုးဆိုးဝါးဝါးကြီး မဟုတ်တော့ဘူး … ကိုယ်က လေ့ကျင်ခန်း ပိုလုပ်ဖို့ လိုနေရုံပဲ …” 


“ကောင်းလိုက်တာ …”


 လင်းလော့ချင်း ပျော်ရွှင်စွာ ပြော၏။ 


ကျိယွီရှောင်က တစ်ဖက်လူ၏ ပျော်ရွှင်မှုဖြင့် ပြည့်နေသော မျက်ဝန်းများကို ကြည့်ရင်း စိတ်ကောင်းဝင်နေကြောင်း သိလိုက်၏။ 


သူက ကျိယွီရှောင် သူ့အား လက်စားချေခြင်းနှင့် ပတ်သတ်၍ ဖုံးကွယ်ထားသည်ကို အပြစ်မတင်ခဲ့။ သူက ကျိယွီရှောင် တစ်ရက်ခွဲကြာ အိပ်နေခြင်းကို အဖော်ပြုပေးရန် ခွင့်ယူပေးခဲ့သည်။ 


လင်းလော့ချင်းက သူ့အပေါ် စိတ်ဆိုးခြင်း မရှိချေ။ မည်သည့်အခါကမှ စိတ်မဆိုးခဲ့ခြင်း ဖြစ်သည်။ 


ကျိယွီရှောင် ကိုယ်ကိုကိုင်းလျှက် သူ့အား နမ်းလိုက်သည်။ လင်းလော့ချင်း မျက်တောင်ခတ်လိုက်၏။ သူက နမ်းပြန်ပြီလား … 


ကျိယွီရှောင်က သူ့ကို ပွေ့ချီလိုက်ပြီး စင်ပေါ်တင်လိုက်သည်ကို ခံစားမိလိုက်သည်။ ထို့နောက် သူ့နှုတ်ခမ်းများအား ညှင်သာစွာ နမ်းပြန်၏။ 


လင်းလော့ချင်း “…” 


လင်းလော့ချင်းက ထိုအပြုအမူကြောင့် ရှုပ်ထွေးသွားကာ ပြန်မနမ်းမိချေ။ 


ကျိယွီရှောင် ဘာလို့လာနမ်းတာလဲ …


သူပြောတော့ တစ်ခုခုသွားစားကြမယ်ဆို … 


အခု သူ့ကို စင်ပေါ်တင်နမ်းနေပြန်ပြီ … သူတို့ စားဖြစ်ပါဦးမလား … 


သူ၏ အူကြောင်ကြောင် အမူအရာလေးကြောင့် ကျိယွီရှောင်က သူ့နှုတ်ခမ်းလေးကို လက်ဖြင့် ပွတ်ဆွဲလိုက်သည်။ ထို့နောက် ပြုံးကာမေး၏။ “ဘယ်လိုနမ်းရမလဲ မေ့သွားတာလား …” 


လင်းလော့ချင်း ပါးစပ်ဟကာ သူ့လက်ကို ကိုက်လိုက်သည်။ သူနမ်းနိုင်ပါတယ်နော် … သူက နားမလည်ဖြစ်နေရုံပါ … သူအခု တစ်ခုခုစားရမှာလား … မစားရဘူးလား … 


ဒါမှမဟုတ် ကျိယွီရှောင်က သူ့ကိုစားဖို့ တွေးနေတာလား ….


“မင်း တစ်ခုခုသွားစားမှာမလား …” သူက မေးလိုက်သည်။ 


ကျိယွီရှောင် ခေါင်းညှိတ်လိုက်၏။ “ဒါပေါ့ …” 


“မင်းအခုဒီလိုလုပ်နေပြီးတော့ …” 


“ကိုယ်က ဘယ်လိုလုပ်နေလို့လဲ …” 


ကျိယွီရှောင်က မသိသလို မေးလိုက်သည်။ 


လင်းလော့ချင်း “…” 


လင်းလော့ချင်း ပါးကလေး ဖောင်းလာသည်။ 


ကျိယွီရှောင်က သူ့ပါးကလေးကို ပုတ်လိုက်၏။ 


“ကိုယ့်ဇနီးလေးကိုယ်နမ်းတာ … ဘာဖြစ်လို့လဲ …” 


လင်းလော့ချင်း သူ့ကို ကန်လိုက်သည်။ ကျိယွီရှောင်က ဖမ်းဆွဲထားလိုက်၏။ 


သူက လင်းလော့ချင်း၏ ခြေကျင်းဝတ်ကို သူ့လက်ချောင်းများဖြင့် ထိတွေ့လိုက်သည်။ 


လင်းလော့ချင်းမျက်နှာက ရုတ်ချည်းနီရဲလာကာ ရုန်းလိုက်၏။ သို့သော် အလုပ်မဖြစ်‌ေချ။ 


သူက ဒေါသတကြီး ပြောလိုက်သည်။ 


“လွှတ် …” 


ကျိယွီရှောင်က သူ၏ ရှက်နေသော မျက်နှာလေးကို အပြုံးဖြင့် ကြည့်လိုက်၏။ 


သူက လင်းလော့ချင်းအနား တိုးလိုက်ချိန်တွင် တစ်ဖက်လူက မသိစိတ်ဖြင့် နောက်ဆုတ်သွား၏။ ကျိယွီရှောင်က သူ့ခါးကိုဖက်ကာ သူ့မျက်လုံးများအား စိုက်ကြည့်လိုက်သည်။ 


လင်းလော့ချင်း နှလုံးသားက ဆက်တိုက်ဖြစ်လာသည့် လုပ်ရပ်များကြောင့် ခုန်ပေါက်လာခဲ့ပြီး သူက မျက်လွှာချကာ ကျိယွီရှောင်အား မကြည့်ရဲတော့ချေ။ 


သူက တီးတိုးဆိုလိုက်သည်။ 


“ငါ … ဘာမှမစားရသေးဘူး …” 


“အိုး …” ကျိယွီရှောင် သူ့အနားကပ်လိုက်သည်။ 


လင်းလော့ချင်းက သူ့နားနားရှိ အသံကို နားထောင်ရင်း သူ့မျက်နှာက ပို၍ပူနွေးလာ၏။ 


ကျိယွီရှောင်၏ ခပ်တိုးတိုးရယ်သံကို သူကြားလိုက်ရသည်။ သူ့အသံက ဝိုင်ကဲ့သို့ ချိုမြိန်လှ၏။ နောက်တစ်စက္ကန့်တွင် အနမ်းတစ်ပွင့်က လင်းလော့ချင်း နဖူးပေါ် ကျရောက်လာသည်။ 


“မင်းက အရမ်းချစ်စရာ ကောင်းတာပဲ …” 


လင်းလော့ချင်း “…” 


လင်းလော့ချင်း ခေါင်းမော့ကာ သူ့ကို စိုက်ကြည့်လိုက်သည်။ 


ကျိယွီရှောင်က သူ့အား အပြုံးဖြင့်ကြည့်ရင်း သူကိုင်ထားသည့် ခြေကျင်းဝတ်ကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်၏။ 


သူက အမျိုးသားငယ်အား ဖိနပ်ပါးပေါ် ပြန်ချပေးကာ သွားတိုက်ဆေးနှင့် သွားတိုက်တံကို ပြင်ဆင်ပေးလိုက်သည်။ 


လင်းလော့ချင်းက ရှက်ရှက်ဖြင့် ဆိတ်ဆွဲလိုက်၏။ ကျိယွီရှောင်က မရှောင်ပဲ သူ့ကိုသာ အလိုလိုက်သည့် အကြည့်ဖြင့် ကြည့်နေလေ၏။ 


လင်းလော့ချင်း သူ့ကို ထပ်ဆိတ်ဆွဲလိုက်ရင်း နှာခေါင်းရှုံ့လိုက်၏။


ကျိယွီရှောင် ဆေးကြောပြီးချိန်တွင် သူတို့နှစ်ဦးက ရေချိုးခန်းအတွင်းမှ အတူတူ ထွက်လာကြသည်။ 


လင်းလော့ချင်းက ဖိနပ်အပါးကို လဲနေချိန်တွင် ကျိယွီရှောင် ဝှီးချဲလ်ပေါ် ထိုင်လိုက်သည်ကို တွေ့လိုက်ရပြီး သူက ရယ်ရခက် ငိုရခက် ဖြစ်သွား၏။ 


“မင်း ဝှီးချဲလ်ပေါ် ထိုင်ရတာကို စွဲလမ်းနေတာလား …” 


“ကိုယ်ရှောင်ယွီနဲ့ ဖေးဖေးကို မပြောရသေးဘူးလေ … သူတို့အံ့အားသင့်အောင် လုပ်မလို့ …” 


ထို့နောက် သူက လင်းလော့ချင်းထံသို့ ဝှီးချဲလ်ကို တွန်းသွားလိုက်ကာ တစ်ဖက်လူအား သူ့ပေါင်ပေါ်၌ ထိုင်စေခဲ့သည်။ 


“ကိုယ်မင်းကို အရင်ကမပြောဘူးဆိုတာ မင်းအံ့အားသင့်စေချင်လို့ပါ ....” ကျိယွီရှောင်က သူ့အား ညှင်သာစွာ ရှင်းပြလိုက်သည်။ 


“အားလုံးပြီးသွားတာနဲ့ ကလေးတွေအားလပ်ရက်ကျ ကိုယ်တို့မင်းဆီလာလည်မလို့လေ … အဲဒီ့အချိန်ကျမှ ကိုယ်မင်းကို ရပ်စောင့်နေမလို့ … မင်း အရင်ပြန်လာလိမ့်မယ်လို့ ကိုယ်မမျှော်လင့်ခဲ့ဘူး ….” 


“ငါအခုလည်း အရမ်းကို ဝမ်းသာရပါတယ်နော် …” လင်းလော့ချင်းက ပြောသည်။ “ဘယ်အချိန် သိရတယ်ဆိုတာက အရေးမကြီးပါဘူး … မင်းအဆင်ပြေနေရင်ရပြီ …” 


သင်္ချိုင်းသို့ ရောက်သည့်အချိန် ကျိယွီရှောင် မတ်တပ်ရပ်နေသည်ကို မြင်ရချိန်က သူ အံ့အားသင့်သွားခဲ့သည်။ 


သူ ရိုက်ကူးရေးအတွက် မသွားခင်က ကျိယွီရှောင် မတ်တပ်ရပ်နိုင်ခဲ့၏။ သို့သော် အကြာကြီး မရပ်နိုင်သေးချေ။ ယခုမူ သူက အချိန်ကြာကြာ ရပ်နိုင်နေပြီ ဖြစ်သည်။ 


သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိ ထူထဲလှသော ဝမ်းနည်းမှုကြောင့် မဟုတ်ပါက လင်းလော့ချင်း သူ့ထံပြေးသွားကာ ပျော်ရွှင်စွာ ပွေ့ဖက်မိလိမ့်မည်။ သူက ပျော်ရွှင်မှုအား ဖုံးဖိနိုင်မည်မဟုတ်သလို ကျိယွီရှောင်ကိုလည်း သူ့မျက်ဝန်းတွင်းမှ ဝမ်းသာမှုအား ထုတ်ဖော်ပြမိမှာပင်။ 


သို့သော် ကျိယွီရှောင် ခန္ဓာကိုယ်ပေါ်ရှိ ဝမ်းနည်းမှုမှာ အလွန်သိသာလှသည်။ 


သူက ဝမ်းနည်းနေခဲ့၏။ အလွန့်အလွန် ဝမ်းနည်းနေခဲ့ခြင်းပင်။ 


ထို့ကြောင့် လင်းလော့ချင်းက သူ၏ ဝမ်းသာမှုကို ဖိနှိပ်ကာ ကျိယွီရှောင်အား နှစ်သိမ့်သည့်အနေဖြင့်ဖက်ခဲ့ခြင်း ဖြစ်သည်။ သူက ကျိယွီရှောင် လိုချင်သည့် နွေးထွေးမှုနှင့် နှစ်သိမ့်မှုတို့ကို ပေးအပ်ခဲ့၏။ 


သူပြန်ကောင်းလာခြင်းသည် ကောင်းမွန်သည့် ကိစ္စရပ်ပင်။ သို့သော် လင်းလော့ချင်း အတွက်မူ ကျိယွီရှောင်၏ ခံစားချက်က အရာအားလုံးထက် ပိုအရေးကြီးလေသည်။ 


သူက ကျိယွီရှောင်အား ပျော်ရွှင်စေချင်၏။ 


ထို့ကြောင့် သူ၏ ပျော်ရွှင်မှုကို ဘေးဖယ်ထားခဲ့သည်။ 


လင်းလော့ချင်း၏ စကားများကြောင့် ကျိယွီရှောင် သူ့အား တင်းတင်းဖက်လိုက်မိသည်။ သူက လင်းလော့ချင်းအား မည်သည့်အရာများ ဖြစ်ပျက်သွားခြင်းနှင့် လင်းလော့ချင်းကို မယုံ၍ မပြောခဲ့ခြင်း မဟုတ်ပဲ လင်းလော့ချင်း အန္တာရာယ်ဖြစ်မည်ကို မလိုလား၍ဖြစ်ကြောင်း ရှင်းပြချင်မိသည်။ 


အဆုံးသတ်တွင် သူက လင်းလော့ချင်းအား ဖုံးကွယ်မိခဲ့ခြင်း ဖြစ်သည်။ ကျိယွီရှောင်က လင်းလော့ချင်း စိတ်ဆိုးမည်ကို စိုးရိမ်နေခဲ့၏။ 


သူက စကားလုံးများကိုပင် စီနေချိန်မှာပင် တံခါးပွင့်သွားခဲ့သည်။ 


ကျိယွီရှောင် လှည့်ကြည့်လိုက်ချိန်တွင် ကျိလဲ့ယွီ၏ ခေါင်းကလေး ပြူလာသည်ကို တွေ့လိုက်ရသည်။ သူက အခန်းထဲသို့ လှမ်းကြည့်နေသည်။ 


ကျိယွီရှောင် “…” 


ကျိလဲ့ယွီ ကြည့်လိုက်ချိန်တွင် ကျိယွီရှောင်နှင့် အကြည့်ချင်းဆုံသွားသည်။ သူက လူမိသွားသဖြင့် ရှက်သွားကာ တံခါးကို တွန်းဖွင့်ရင်း ပျော်ရွှင်စွာ ပြောလိုက်၏။


 “ဒယ်ဒီ နိုးပြီလား …” 


“အွန်း …” ကျိယွီရှောင် ခေါင်းညှိတ်လိုက်သည်။ 


ကျိလဲ့ယွီက စိတ်လှုပ်ရှားစွာဖြင့် သူ့ကို ပြေးဖက်ချင်ခဲ့သည်။ သို့သော် သူရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ချိန်မှာပင် ကျိယွီရှောင်၏ ပေါင်ပေါ်တက်ထိုင်နေသော လင်းလော့ချင်းကို တွေ့လိုက်ရ၏။ 


ဒါက …. 


ကျိလဲ့ယွီ အပြစ်ကင်းစွာ ပြုံးပြလိုက်သည်။ 


“သားက ဒယ်ဒီနိုးပြီလားလို့ လာကြည့်တာ … ဘာမှမဟုတ်တော့ဘူး … သားသွားနှင့်မယ်နော် …” 


သူက စကားဆုံးသည်နှင့် အမြန်တပ်ဆုတ်လိုက်ပြီး တံခါးကိုပိတ်ကာ နံရံ၌ မီလိုက်၏။ 


 ဦးလေးနှင့်အဒေါ်ကြား ဝင်ရှုပ်လိုက်မိသဖြင့် သူ့ပါးသူ ဆိတ်ဆွဲလိုက်သည်။ 


ဒါကမှားတယ် … တော်တော်လေးမှားတာ … ထိုသို့ တွေးပြီးနောက်သူက နံရံတွင်ကပ်ရင်း ဘေးတိုက်လျှောက်သွားလိုက်၏။



xxxxxx