အပိုင်း ၅၄
Viewers 13k

🐍
Chapter 54

ယင်ရှောင်ရှောင်း တစ်ခဏတွင်းမှာပင် ပျားအုံထဲရှိ ပျားရည်များအား စားပစ်လိုက်သည်။ ကျေနပ်သည်အထိ စားပြီးသည့်နော်ကတွင် ယင်ရှောင်ရှောင်း မျက်လုံးများ မှေးကျဉ်းထားသည်။ သူ၏လျှာမှာ ပါးစပ်တစ်ဝိုက်တွင် စက်ဝိုင်းတစ်ခဲ့ကဲ့သလို့ လှည့်ပတ်ကာ လျက်နေသည်။ မော့လောင်တ၏ မျက်လုံးများ နက်မှောင်သွားသည်ကို ယင်ရှောင်ရှောင်း မမြင်လိုက်ပေ။

မော့လောင်တသည် “ရှောင်ရှောင်း.. မင်း ဒါကိုစားရတာ ကြိုက်တာလား..” ဟု မေးသည်။

တကယ်တမ်းတွင် ယင်ရှောင်ရှောင်းမှာ အချိုပွဲစားရသည်အား ကြိုက်နှစ်သက်လှခြင်း မရှိပေ။ သို့သော်လည်း မြွေတစ်ကောင် ဖြစ်လာသည်မှာ ၁၁ နှစ် ရှိပြီဖြစ်သည်။ ၁၁ နှစ်လုံးလုံး မီးဖုတ်ထားသည့် ဥများ၊ ငှက်များ၊ ဖားများနှင့် ယုန်များကိုသာ စားသောက်ခဲ့ရသည်။ အစာအသစ်တစ်မျိုး ပေါ်ထွက်လာပြီ ဖြစ်သည့်အတွက် ယင်ရှောင်ရှောင်းမှာ ထိုအရာအား လက်လွှတ်ခံလိုက်မည်ဆိုလျှင် အံ့ဩဖွယ်ကောင်းသွားလိမ့်မည်။ ထို့ကြောင့် မော့လောင်တ၏ မေးခွန်းအား နားထောင်ပြီးသည့်နောက်တွင် ယင်ရှောင်ရှောင်း ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။

“ကြိုက်တယ်..”

ယင်ရှောင်ရှောင်း၏ အတည်ပြုအဖြေအား ရရှိပြီးနောက်တွင် မော့လောင်တသည် ထိုအရာအား လေးလေးနက်နက် တွေးတောခဲ့သည်။ ဤနယ်မြေထဲတွင် ပျားအုံများစွာ ရှိနေပုံရသည်။ နောက်တစ်ကြိမ် အမဲလိုက်ထွက်လျှင် သေသေချာချာ ကြည့်ရပေမည်။

ယင်ရှောင်ရှောင်းမှာ မော့လောင်တ လတ်တလော တွေးနေသည့်အရာအား ဂရုမစိုက်ပေ။ ပြည့်ဝသည်အထိ စားသောက်ပြီးသည့်နောက်တွင် လွန်ခဲ့သည့်အချိန်က ကျိခန်း၏ ဒဏ်ရာအား ဆွခဲ့မိသည်ကို ချက်ချင်းမေ့လျော့သွားလေသည်။ မော့လောင်တအား ပစ်ကာ ကျိခန်းအား ခေါ်ရန် ထွက်ခွာသွားတော့သည်။ မော့လောင်တသည်လည်း သဘာဝကျစွာပင် ယင်ရှောင်ရှောင်းအား တားမြစ်ခြင်း မရှိဘဲ အနောက်မှသာ လိုက်ပါခဲ့သည်။

ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့သည် သင်္ချိုင်းအတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ကြသည်။ ဟုတ်သားပဲ..။ ယင်ရှောင်ရှောင်း ကျိခန်းအား ခဏခဏ ခေါ်နေသည့်အတွက်ကြောင့် ကျိခန်းသည် ဝင်ပေါက်လေးအား ထိုနေရာတွင်သာ ရှိစေလိုက်သည်။ ထိုဝင်ပေါက်လေးအား အမြဲဖွင့်ချည် ပိတ်ချည် လိုက်နေရသည်မှာ အလွန်ဒုက္ခရောက်သည်ဟု ကျိခန်းခံစားမိသည်။ ကံကောင်းစွာဖြင့် မော့လောင်တနှင့် ယင်ရှောင်ရှောင်း တို့သည်သာ ထိုဝင်ပေါက်လေးအား မြင်နိုင်ခြင်းဖြစ်သည်။ သို့မဟုတ်ပါက တစ်နေ့တွင် အကြောင်းတိုက်ဆိုင်စွာဖြင့် မြွေပွေးတစ်ကောင်မှ ထိုဝင်ပေါက်လေး၏ တည်ရှိမှုအား ရှာတွေ့သွားမည်ဆိုလျှင် သူတို့၏ သူငယ်ချင်းများကို ခေါ်ကာဖြင့် အထဲသို့ဝင်ကာ လျှောက်ပတ်သွားကြပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ဤမြွေပွေးမျိုးနွယ်များသည် ဤနယ်မြေအား နှစ်ထောင်နှင့်ချီကာ စောင့်ရှောက်ကာကွယ်ခဲ့ကြပြီး သူတို့၏ ရှည်ကြာသည့် သက်တမ်းတစ်လျှောက်တွင် ရန်သူများလည်း မရှိသလောက် ရှားသည့်အတွက် မြွေပွေးများမှာ သိချင်စိတ် ပြင်းပြမှုဒဏ်အား အလွန်ခံစားခဲ့ကြရသည်။

သင်္ချိုင်းအား မကြာခဏ ရောက်ဖူးပြီး ဖြစ်သည့်တိုင် ယင်ရှောင်ရှောင်းမှာ ထပ်မံရောက်ရှိလာသည့် အခါတွင်လည်း အဖိုးတန်ကျောက်စိမ်းအား အလွန်ရူးသွပ်မိနေဆဲ ဖြစ်သည်။ ကျိခန်းသည် ရေကန်အတွင်းရှိ အဖိုးတန်ကျောက်စိမ်းနှင့် ကျောက်တုံးများအား သွားရည်တမြားမြားဖြင့် စိုက်ကြည့်နေသည့် ယင်ရှောင်ရှောင်းအား မနှစ်မြို့စွာဖြင့် နောက်ဆုတ်ကာ ခြေလှမ်းအနည်းငယ် ခွာပြီး အကွာအဝေးတစ်ခု ထားလိုက်သည်။ သို့သော်လည်း ချစ်ခြင်းမေတ္တာအား သက်သေပြသည့်အနေဖြင့် မော့လောင်တသည်လည်း ယင်ရှောင်ရှောင်း၏ ရှက်ရွံ့ဖွယ် သွင်ပြင်အား မမြင်ရရန် တိတ်တဆိတ်သာ ခေါင်းလှည့်လိုက်သည်။

“ရှောင်ရှောင်းရေ.. မင်းအဲဒါတွေကို တကယ်သဘောကျရင် ကိုယ်မင်းကို အလွယ်လေး ပေးနိုင်ပါတယ်.. မင်းရောက်လာတဲ့ အခါတိုင်း အဲဒီလိုပဲ...” ‘အဲဒါက အတော်လေး ကြည့်မကောင်းဘူးကွ.. ဟုတ်ပြီလား..’

ယင်ရှောင်ရှောင်း ကျိခန်းအား ချက်ချင်းလှည့်ကြည့်ပြီးနောက် အရူးသဖွယ် ရယ်မော့လိုက်သည်။

“ဟီး.. ဟီးဟီး.. တကယ်လား.. ကောင်းလိုက်တာ...”

ယင်ရှောင်ရှောင်းမှာ ထိုစကားများပြောဖို့ရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရခြင်း ဖြစ်သည်။ မြွေတစ်ကောင်ဖြစ်နေသည့် သူ့အတွက် ဤအဖိုးတန်ကျောက်စိမ်းများမှာ အသုံးမဝင်သည့်တိုင်အောင် သူအိပ်စက်သည့် ဂူ၏အလယ်တွင် ကျောက်စိမ်းပုံလေးတစ်ပုံ ရှိနေမည်ဆိုလျှင် အလွန်ကျေနပ်ရပေမည်။ နေ့စဉ်နေ့တိုင်း သူအလွန်နှစ်သက်ရသည့် ကျောက်စိမ်းအား မြင်နိုင်မည် ဖြစ်သည်။ ထိုအကြောင်းအား တွေးရုံနှင့်ပင် ယင်ရှောင်ရှောင်း အလွန်ပီတိဖြစ်ရသည်။

ကျိခန်းသည် သူ့အား ယင်ရှောင်ရှောင်း သံသယဝင်နေသည်ကို မြင်သည့်အတွက် မကျေနပ်သည်အား ဖော်ပြသည့်အနေဖြင့် နှာမှုတ်လိုက်သည်။

“တကယ်ပြောနေတာ..”

ကျိခန်းသည် ယင်ရှောင်ရှောင်းအား ပိတ်လွှာပါးဖြင့် ဖုံးထားသည့် သင်္ချိုင်းနံရံကို ညွှန်ပြလိုက်သည်။ ယင်ရှောင်ရှောင်း ကြည့်လိုက်သည့်အခါတွင် ကျိခန်း လက်ဝှေ့ယမ်းကာဖြင့် နံရံပတ်ပတ်လည်အား ကာရံထားသည့် ပိတ်လွှာပါးများအား ဆွဲဖယ်လိုက်သည်။ ပိတ်လွှာပါးများအား ဖယ်ပြီးသည့်နောက်တွင် ထိုအရာများ ထွက်ပေါ်လာလေပြီ။ ယင်ရှောင်ရှောင်း မျက်လုံးများ ပြူးကျယ်သွားသည်။

ယခင်ပြောခဲ့သည့်အတိုင်းပင် ယင်ရှောင်ရှောင်းသည် ပင်မသင်္ချိုင်းအခန်းတွင် ပထမဆုံးအကြိမ် စားပွဲအား မြင်တွေ့ခဲ့သည့်အခါ ထိုပိတ်လွှာပါး၏နောက်တွင် တစ်စုံတစ်ခု ရှိနေမည်ဟု ခံစားမိခဲ့သည်။ ကျိခန်းအား သိရှိလာပြီးနောက်တွင် ထိုပိတ်လွှာပါး၏နောက်ကွယ်ရှိ အရာအား မေ့လျော့သွားခဲ့သည်။ ယခုအခါတွင် ထိုပိတ်လွှာပါး၏ နောက်ကွယ်အား မြင်တွေ့လိုက်ရပြီဖြစ်သည့်အခါ ယင်ရှောင်ရှောင်း အရာအားလုံးကို နောင်တရမိသွားသည်။ ထိုပိတ်လွှာပါးအား ယခင်ကတည်းက ဖယ်ပစ်မိခဲ့မည်ဆိုလျှင်..။

ပိတ်လွှာပါး၏ နောက်ကွယ်တွင် အပေါက်ကြီး ပေါက်ငယ်များ ထွင်းထုဖြတ်တောက်ထားသည့် ကျောက်နံရံတစ်ခုရှိပြီး ထိုအပေါက်များထဲတွင် ပစ္စည်းများ နေရာချထားနိုင်သည်။ ကျောက်နံရံ၏ အခြားတစ်ဘက်တွင် ကျောက်ပေါက်များ ရာနှင့်ချီ၍ ထွင်းထုထားသည်။ ယင်ရှောင်ရှောင်းအား အံ့အားသင့်စေမိသည်မှာ ထိုကျောက်ပေါက်များထဲတွင် ကျောက်စိမ်းများဖြင့် ထွင်းထုထားသည့် ရှားပါးသားရဲများ၊ ပန်းများ၊ ငှက်များ၊ ငါးများ၊ ပိုးမွှားများ၊ အဖြူရောင်တိမ်များနှင့် ရေစက်များ၊ စားပွဲများ၊ ကုလားထိုင်များ၊ တံခါးများနှင့် ဗီဒိုများအား ထားရှိခြင်း ဖြစ်သည်။ ကျိုးမင်းဆက်တွင် တည်ရှိခဲ့မည်ဟု စိတ်ကူးနိုင်သည့် အရာမှန်သမျှ ကျန်ရစ်ခဲ့ခြင်း မရှိပေ။ ထိုအရာအားလုံးကို အသက်ဝင်လာအောင် ကျောက်စိမ်းများဖြင့် ထွင်းထုထားပုံရသည်။ ဤမျှလောက် ပမာဏရှိသည့် ကျောက်စိမ်းများအား ထွင်းထုရန် လူသားအရင်းအမြစ် မည်မျှလောက်အထိ သုံးစွဲခဲ့ရမည်နည်း။

“ငါတကယ် အံ့ဩနေမိတာက ကျိကျောက်က မင်းအတွက် ဒီလိုသင်္ချိုင်းမျိုးကို ဖန်တီးပြီးတော့ ကျိုးမင်းဆက် နလန်ပြန်ထူဖို့ အချိန်ဘယ်လောက်လောက် ကြာမလဲ ဆိုတာကိုပဲ..”

ဤနေရာရှိ အရာအားလုံးမှာ အဖိုးမဖြတ်နိုင်သည့်အပြင် မည်မျှရှိမှန်းလည်း မသိနိုင်ပေ။ ရာပေါင်းများစွာလား၊ ထောင်ပေါင်းများစွာလား၊ ထောင်သောင်းချီ၍လား။ ဤကဲ့သို့သော သင်္ချိုင်းတစ်ခုသည် ကျိုးမင်းဆက်တစ်ခုလုံးအား ချွတ်ချုံကျသွားစေနိုင်သည်။ ယင်ရှောင်ရှောင်းသည် ရုတ်တရက်ဆိုသလို ‘သမိုင်းပညာရှင်များမှတ်တမ်း’တွင် ဖတ်ဖူးခဲ့သည့် စာကြောင်းတစ်ခုအား အမှတ်ရမိလိုက်သည်။ “ကျောက်ဝမ်ခေတ်တွင် တိုင်းပြည်ကျဆင်းခဲ့သည်။” ဆိုလိုသည်မှာ ကျောက်ဝမ်ဘုရင် ထီးနန်းဆက်ခံသည့် အချိန်တွင် ကျိူး၏ နိုင်ငံ့အင်အားများ စတင်ကျဆင်းလာသည်။ တစ်နည်းဆိုရသော် ကျောက်ဝမ်၏ ကျိုးမှစတင်၍ ကျိုးတော်ဝင်မိသားစုမှ စတင်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။ ကျောက်ဝမ်မှာ ကျိကျောက်၏ သား ခန်းဝမ် သေဆုံးပြီးနောက် ထီးနန်းဆက်ခံခဲ့သူ ဖြစ်သည်။ ယင်ရှောင်ရှောင်း ဤအချက်အား စတင်တွေးတောမိသည်။

ကျိကျောက်သည် ဤကဲ့သို့သော သင်္ချိုင်းအား ဆောက်လုပ်ရန်အတွက် အစိုးရပ်တစ်ရပ်လုံးအား အမိန့်ထုတ်ပြန်ခဲ့သည်ကြောင့် ကျိုးမင်းဆက်၏ ရှင်သန်မှုမှာ အထိနာခဲ့ရပြီး ကျိုးမင်းဆက်သည် ဆုတ်ယုတ်မှုဒဏ်ကြောင့် ပြိုလဲခဲ့ရခြင်း ဖြစ်ပေလိမ့်မည်ဟု တွေးမိလေသည်။ ထိုအတွေးပေါ်လာသည်နှင့် ယင်ရှောင်ရှောင်း ချက်ချင်းနားလည်သဘောပေါက်သည်မှာ သူ့အနေဖြင့် ယခုအချိန်တွင် တစ်ခုခုပြောမည်ဆိုလျှင်ပင် အသုံးမဝင်တော့ချေ။ ယင်ရှောင်ရှောင်းနှင့် ကျိခန်းတို့ မည်သို့ပင်ပြောနေပါစေ ဤအရာအားလုံးမှာ အဓိပ္ပါယ်မရှိချေ။

ယင်ရှောင်ရှောင်းသည် ကျောက်စိမ်းအား ရူးရူးမူးမူး သဘောကျနှစ်သက်သည်မှာ ထင်ရှားလှသော်လည်း ကျောက်စိမ်းအပြည့်ရှိနေသည့် ကျောက်နံရံ‌ရှေ့တွင် ရပ်နေရင်းဖြင့် သူ၏အာရုံများ လွင့်နေလေသည်။ အရေးကြီးလို့လား..။

ယင်ရှောင်ရှောင်းသည် သူ၏နံဘေးတွင်ရှိနေသည့် မော့လောင်တအား လှည့်ကြည့်ရုံသာ တတ်နိုင်သည်။ ထိုအချိန်တွင် ‌မော့လောင်တသည် ကျောက်စိမ်းများပြည့်နေသည့် နံရံအား စူးစူးစမ်းစမ်း ကြည့်နေသော်လည်း သူ၏မျက်လုံးထဲတွင် သိလိုစိတ်မှတပါး အခြားမရှိချေ။ မော့လောင်တ၏ စိတ်ထဲတွင် ဤကျောက်စိမ်းများမှာ ထူးထူးဆန်းဆန်း ပုံသဏ္ဌာန်များ ထွင်းထုထားသည့် ကျောက်တုံးများသာ ဖြစ်နေလောက်သည်။ ယင်ရှောင်ရှောင်း ထိုအရာအား တွေးမိသည့်အခါတွင် ခပ်ပါးပါးပြုံးလိုက်သည်။ အဓိပ္ပါယ်ဆိုသည်အား ပြောရလျှင် တဟေးတန်နှင့် တစ်လျှောက်လုံး ရှိနေခြင်းသည်လည်း အလွန်ကောင်းသည်ဟု ခံစားမိသည်။ ကျောက်စိမ်းပန်းကန်များပေါ်တွင် စားကောင်းသောက်ဖွယ်များ ရှိမနေချေ၊ ပုလဲများနှင့် BMW လည်း ရှိမနေသည့်အပြင် ယင်ရှောင်ရှောင်း၏ လူသားဝိညာဉ်အတွက် မော့လောင်တမှာ အလွန်အရုပ်ဆိုးလှသော်ငြား ထိုအရာများသည် ယင်ရှောင်ရှောင်းအား မော့လောင်တနှင့် အတူရှိလိုခြင်းမှ မတားဆီးနိုင်ပေ။ ယင်ရှောင်ရှောင်းသည် ထိုခံစားချက်အား ရှင်းရှင်းလင်းလင်း မပြောနိုင်သော်လည်း ခံစားနေရခြင်းမှ မရပ်တံ့နိုင်ချေ။ ထိုအတိုင်းသာ ထားလိုက်တော့သည်။

ဟုတ်သည်။ ယင်ရှောင်ရှောင်းမှာ အသက် ၁၀ နှစ်သာ ရှိနေသေးပြီး မော့လောင်တသည်လည်း အရွယ်မရောက်သေးချေ။ သူတို့၏ ကိုယ်ပိုင်ခံစားချက်များအား ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်လာရန်နှင့် ကိုယ်ပိုင်ရွေးချယ်မှုများအား တဖြည်းဖြည်းချင်း လက်ခံလာနိုင်ရန် အချိန်များစွာ ကျန်ရှိနေသေးသည်။ ထိုတစ်နေ့သို့ ရောက်ရှိလာလျှင် သူတို့၏ ခံစားချက်များကို ရုတ်တရက် သိရှိလာပြီး သူတို့၏ ခံစားချက်များအား အသိအမှတ်မပြုနိုင်သည့်တိုင် အတူရှိနေသည်မှာ ကြာမြင့်လှပြီး အချိန်အတော်ကြာ အတူတူရှိနေခဲ့ကြသဖြင့် အနာဂတ်တွင်လည်း အချိန်အတော်ကြာ အတူရှိနေသွားကြပေလိမ့်မည်။

စိတ်လှုပ်ရှားသွားသည့် ယင်ရှောင်ရှောင်းမှာ ရုတ်တရက် ငိုချင်လာမိသည်။ တဟေးတန်အား ကျေးဇူးတင်သည့်အကြောင်း ရုတ်တရက် ပြောလိုက်ချင်သော်ငြား မည်သည်ကြောင့် ကျေးဇူးတင်ရမှန်း မသိချေ။ ယင်ရှောင်ရှောင်း အတွေးထဲ နစ်မြုပ်သွားပြန်သည်။ သူ၏မိသားစုမှ ထွက်ခွာလာသည့် အချိန်မှစကာ အတူတူရှိနေပေးသည်ကြောင့် တဟေးတန်အား ကျေးဇူးတင်ရမည်လား၊ ဗိုက်အောင့်နေသည့်အချိန်တွင် အလွန်နူးညံ့ညင်သာစွာ ပွတ်သပ်ပေးခဲ့သည်ကြောင့် ကျေးဇူးတင်ရမည်လား၊ ယုန်တွေရှာဖွေပြီးတာတောင် ချက်ပြုတ်ကိုင်တွယ်ပြီးမှ သူ့ကိုစားသောက်စေခဲ့တဲ့အပြင် သူ့အကျန်တွေကိုပါ စားပေးတာကြောင့် ကျေးဇူးတင်ရမည်လား၊ သူပျောက်သွားတဲ့အချိန်မှာ နှစ်ရက်နှစ်ညတိတိ ကျောက်သားပြင်ရှေ့မှာ ရပ်စောင့်နေခဲ့ပေးတာကြောင့် ကျေးဇူးတင်ရမည်လား၊ အလွန်လှပသည့် ရေတံခွန်ဆီသို့ ခေါ်ဆောင်သွားပေးခဲ့သည်ကြောင့် ကျေးဇူးတင်ရမည်လား၊ သို့တည်းမဟုတ် သူ့အတွက် မော့မျိုးနွယ်အား ရင်ဆိုင်ရန် ဆန္ဒရှိသည်ကြောင့် ကျေးဇူးတင်ရမည်လား..။

ကျိခန်း လှည့်ကြည့်လိုက်သည့်အခါတွင် ယခင်က ကျောက်စိမ်းများအား သွားရည်တမြားမြားကျကာ ကြည့်နေတတ်သည့် ယင်ရှောင်ရှောင်းသည် ယခုအခါတွင် မော့လောင်တအား ကြည့်ကာဖြင့် မှင်တက်နေသည်ကို တွေ့လိုက်ရသည်။ ယင်ရှောင်ရှောင်း၏ အကြည့်အား အာရုံခံမိသည့် မော့လောင်တမှာမူ ယင်ရှောင်ရှောင်း သူ့အား ဆက်ကြည့်နိုင်စေရန် မသိချင်ယောင်ဆောင်နေခဲ့ပြီး ယခင်အတိုင်း ‘အလွန်စူးစမ်းသည့်’ ဟန်ဖြင့် နံရံပေါ်ရှိ ကျောက်စိမ်းကိုသာ ကြည့်နေလေသည်။

မော့လောင်တ ဟန်ဆောင်နိုင်စွမ်း မရှိတော့သည့်အချိန်တွင် ယင်ရှောင်ရှောင်းသည် မော့လောင်တထံသို့ ပို၍ နီးကပ်အောင် ချဉ်းကပ်လာပြီး မော့လောင်တ၏ ပါးကို အနမ်းပေးလိုက်သည်။ ထို့နောက် ရှက်ရွံ့စွာဖြင့် အဝေးသို့ထွက်သွားပြီး မော့လောင်တမှာမူ ကြောက်အလျက် ရပ်နေလေသည်။

ကျိခန်းသည် ထိုမြင်ကွင်းအား မြင်ပြီးသည့်နောက်တွင် ပြုံးကာဖြင့် ယင်ရှောင်ရှောင်း‌နောက်သို့ လိုက်သွားလေသည်။

“ကိုယ်မြင်လိုက်တယ်နော်..”

ကျိခန်းသည် သူ၏ကုတင်ပေါ်တွင် ပုန်းနေသည့် ယင်ရှောင်ရှောင်းအား ပြုံးပြလိုက်သည်။

“မြင်တော့ ဘာဖြစ်လဲ.. မြင်ပေါ့.. ဘာ.. ဘာပဲဖြစ်ဖြစ် ‌မော့လောင်တက ငါ့ရဲ့ အနာဂတ်လက်တွဲဖော် ပါနော်.. နမ်းတာလောက်တော့ ပြောမနေနဲ့.. ငါက လူဆယ်ယောက်လောက်တောင် နမ်းပြီးနေပြီ.. အဲတော့ဘာဖြစ်လဲ..”

ထိုသို့ပြောနေစဉ်တွင် ယင်ရှောင်ရှောင်း၏ မျက်နှာနှင့် ခန္ဓာကိုယ်မှာ နီမြန်းမနေပါက ပို၍ ယုံကြည်နိုင်သည်။

ကျိခန်းသည် ပြုံးကာဖြင့် ယင်ရှောင်ရှောင်း၏ အဆင်မပြေမှုအား မဖော်ပြတော့ပေ။ လျစ်လျူရှုမည့်အစား မေးလာသည်။

“ကိုယ့်သင်္ချိုင်းအနောက်မှရှိတဲ့ ချိုင့်ဝှမ်းကို မရောက်ဖူးသေးဘူးမလား..”

ယင်ရှောင်ရှောင်း တွေးလိုက်သည်။ ချိုင့်ဝှမ်းဟု ကျိခန်းရည်ညွှန်းနေသည့် အရာမှာ တကယ်တမ်းတွင် ကျိခန်း၏ သင်္ချိုင်းနောက်ကွယ်တွင်ရှိသည့် ချောက်ကမ်းပါးအောက်ခြေအား ဆိုလိုခြင်းဖြစ်ကြောင်း သူသိသည်။ ယင်ရှောင်ရှောင်း၏ နှုတ်ခမ်းများ ကွေးသွားသည်။

“မရောက်ဖူးဘူး.. ဘာအကြောင်းမှ မရှိဘဲ အဲဒီချောက်ကမ်းပါးကို သွားရမှာလဲ..”

“အိုး.. အထဲမှာ ကောင်းတဲ့အရာတွေ အများကြီးပဲလေ.. အထဲမှာရှိတဲ့ မြွေပွေးတွေက မင်းကြောင့် အံ့ဩသွားကြလိမ့်မယ်..”

ကျိခန်းသည် လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ယင်ရှောင်ရှောင်းအား မျက်စိတ်တစ်ဘက် မှိတ်ပြလိုက်သည်။

“ကောင်းတဲ့အရာတွေလား.. ဘာတွေလဲ..”

“အဲဒါက.. ဟဲဟဲ.. မင်းကို မပြောပါဘူး.. သိချင်ရင် မင်းရဲ့တဟေးတန်နဲ့အတူသွားပြီးတော့ ကြည့်ကြည့်ပေါ့..”

ကျိခန်းသည် ‘မင်းရဲ့တ‌ဟေးတန်’ ဟူသည့် စကားများအား ဖိပြောလိုက်သည်။

ယင်ရှောင်ရှောင်းသည် ကျိခန်းအား မထီမဲ့မြင်ပြုကာဖြင့် စကားမပြောဘဲ ကြည့်နေလေသည်။ သူ့အား လှောင်ပြောင်ရန် လိုအပ်သည်လား။ သူ၏အမြီးအား လွှဲယမ်းကာဖြင့် ယင်ရှောင်ရှောင်းသည် မော့လောင်တနံဘေးသို့ ပြန်သွားလိုက်သည်။

မော့‌လောင်တသည် ယခင်ကအတိုင်းပင် ကြောင်တက်တက်ဖြစ်နေသည်။

ယင်ရှောင်ရှောင်း: “…”

အဲဒါက အနမ်းတစ်ခုပဲလေ.. ဟုတ်ပြီလား.. အရင်က တစ်ခါမှ မနမ်းဖူးတာ ကျနေတာပဲ..

“တဟေးတန်.. တဟေးတန်လို့.. ကျိခန်းက သင်္ချိုင်းနောက်မှာရှိတဲ့ ချိုင့်ဝှမ်းထဲမှာ ကောင်းတဲ့အရာတွေ အများကြီးရှိတယ်တဲ့.. ကျွန်တော့်ကို ခေါ်သွားပေးနော်.. ဟုတ်ပြီလား..”

ယင်ရှောင်ရှောင်း မူလက တွေးခဲ့သည်မှာ ‘ဘာမှခက်ခဲမနေဘူး.. တဟေးတန်က ငါ့ကို ဘယ်လိုဖြစ်ပြီး ခေါ်မသွားဘဲ နေမှာတဲ့လဲ..’။ ကံမကောင်းစွာဖြင့်ပင် မော့လောင်တသည် ယင်ရှောင်ရှောင်း၏စကားကို နားထောင်ပြီးနောက် စဉ်းစားခြင်းပင်မရှိဘဲ “မရဘူး” ဟု ပြောလေသည်။

ယင်ရှောင်ရှောင်းသည် မော့လောင်တအား အဆက်မပြက် ပူဆာနေသည်ကို စောင့်နေဘဲနှင့် ကျိခန်းသည် ဦးဆောင်ကာဖြင့် မော့လောင်တအား ပြောလေသည်။

“မော့လောင်တ.. ဘာပြဿနာမှရှိမှာ မဟုတ်ပါဘူး..”

မော့လောင်တ ခေတ္တတုံ့ဆိုင်းသွားပြီးနောက် “ကောင်းပြီ..” ဟု ပြောလေသည်။

ယင်ရှောင်ရှောင်း: “…!!!!!”

ယင်ရှောင်ရှောင်း စိတ်ဆိုးသွားလေသည်။

အဲဒါက ဘာအဓိပ္ပါယ်လဲ တဟေးတန်.. ငါက သွားမယ်လို့ ပြောတုန်းက သူက မရဘူးတဲ့.. ကျိခန်းက ငါ့လောက်တောင် မပြောလိုက်ရဘူး ချက်ချင်းပဲ သဘောတူပစ်လိုက်တယ်ပေါ့..

မော့လောင်တသည် သင်္ချိုင်းထဲမှ ဒေါသတကြီး ထွက်သွားသည့် ယင်ရှောင်ရှောင်းအား ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်။ ကျိခန်းအား နှုတ်ဆက်ပြီးနောက် ယင်ရှောင်ရှောင်းနောက်သို့ လိုက်သွားလေတော့သည်။