🍵Chapter 189
အဲ့ဒါက အရမ်းရှက်ဖို့ကောင်းတယ်။
အိုဟောင်းမှုလေးခု**နှင့်သက်ဆိုင်နေသဖြင့် ထိုအချိန်များတုန်းက အုတ်ဂူလုပ်ခွင့်မပြုပေ။ အုတ်ဂူတစ်ခုအဖြစ် မြေကြီးများဖို့ကာ မှတ်တိုင်အဖြစ် ကျောက်တုံးတစ်ခုထားလိုက်ခြင်းဖြင့်သာ ပြုလုပ်ကြသည်။
(Tn: **-Four olds အိုဟောင်းမှုလေးခု အကြံဉာဏ်ဟောင်း၊ အကျင့်ဟောင်း၊ ယဉ်ကျေးမှုဟောင်း၊ ရိုးရာဓလေ့ဟောင်းစတဲ့ ပဒေသရာဇ်ခေတ်က ပုံစံတွေကို ဆိုလိုတာပါ အဲ့ဒီအချိန်မှာသူတို့က ယဉ်ကျေးမှုတော်လှန်ရေးလုပ်နေတော့ အုတ်ဂူဆောက်ခွင့်မရှိတာပါ)
အလွန်အကြမ်းထည်ဆန်ပြီး ရိုးရှင်းသောအုတ်ဂူကိုမြင်သောအခါ ဗိုလ်မှူးရှောင်၏မျက်လုံးများက နီရဲသွားသည်။
ထိုအချိန်တုန်းက သူထွက်လာကတည်းက အခုချိန်အထိ သူတို့ကိုသေခြင်းတရားက ခွဲခြားထားမည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူသာ နောက်ထပ်တစ်ခေါက်လောက်ပြန်လာပြီး သူမကိုကိုယ်တိုင်မေးကြည့်ပါက ဤအခြေအနေများက ခြားနားကောင်းခြားနားသွားနိုင်သည်။
မြောက်ဘက်လေတိုက်လာပြီး သိပ်မဝေးသောနေရာမှ ကျီးကန်းအုပ်ကထပျံသွားရာ လေထုက ပိုပြီးကြောက်စရာကောင်းလာသည်။
ကျယ်ကျင်းဟွာက တစ်ခုခုပြောတော့မည့်အချိန်တွင် သူမ၏တူ ကျယ်ကွမ်းထျန်က သူတို့ဆီပြေးလာသည်ကို မြင်လိုက်ရသည်။
ကျယ်ကျင်းဟွာ၏မျက်လုံးများက အရောင်တောက်သွားသည်။ သူမက သူမတူကိုရှေ့သို့ခေါ်လိုက်ကာ ပြောလိုက်သည်။
“ကွမ်းထျန် ဒါက နင့်အဖေရင်း ဗိုလ်မှူးရှောင်းဘဲ၊ မြန်မြန် အဖေလို့ခေါ်လိုက်လေ”
ကျယ်ကွမ်းထျန်က ကျယ်ကျင်းဟွာထက်တောင် ပိုစိတ်လှုပ်ရှားနေ၏။သူက ဒူးထောက်ကာပြောလိုက်သည်။
“အဖေ နောက်ဆုံးတော့ သားတို့တွေ့ရပြီ”
ကျယ်ကျင်းဟွာက လန့်သွားသည်။ထို့နောက် သူ့တူက ကောင်းကောင်းလုပ်ပြနေသည်ကို မြင်သောအခါ ပျော်သွား၏။
ဗိုလ်မှူးရှောင်းက ဖြေးဖြေးချင်း နောက်လှည့်လာပြီး သူ့အရှေ့မှ သက်လတ်ပိုင်းယောက်ျားကို စူးရှသောမျက်လုံးများဖြင့်ကြည့်လိုက်သည်။
“ငါ့ကိုကြည့်”
ကျယ်ကွမ်းထျန်က ခေါင်းမော့လာကာ သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် နီရဲနေ၏။
“အဖေ ကျွန်တော်က အဖေနဲ့အမေတို့သားပါ ကျွန်တော်က ကွမ်းထျန်ပါ”
ကျယ်ကွမ်းထျန်ကိုမြင်သောအခါ ရှောင်းယန်ဟွာ၏နှလုံးသားက ဆတ်ခနဲတုန်ယင်သွားသည်။
ဒါက သူ့ဦးလေးရဲ့သားလား။
ဗိုလ်မှူးရှောင်က အမူအရာကင်းမဲ့နေ၏။သူက ကျယ်ကျင်းဟွာကိုမေးလိုက်သည်။
“သူက မန်ကျစ်နဲ့ငါရဲ့ သားလား”
ကျယ်ကျင်းဟွာက ထပ်ခါတလဲလဲခေါင်းညိတ်လာသည်။
“ဟုတ်ပါတယ် သူက ရှင်နဲ့ ယောင်းမမန်ကျစ်ရဲ့သားပါ ကျွန်မဒီကိုနှစ်သစ်ကူးအတွက် အလည်လာတုန်း ရုတ်တရက်ကြီး ဗိုက်နာလာပြီး ကလေးမွေးချင်လာတာ။ ကျွန်မကလေးက အဖတ်မတင်ခဲ့ပေမယ့် မန်ကျစ်ကတော့ တစ်နေ့တည်းမှာ သားလေးမွေးခဲ့တယ်”
“မန်ကျစ်က လက်မထပ်ဘဲ ကလေးရခဲ့တော့ ဒီအကြောင်းကို လူမသိစေချင်ဘူး၊ အဲ့ဒါက ထုံမိသားစုကို နာမည်ပျက်စေမယ့်အပြင် ကလေးအတွက်လည်း မကောင်းဘူးလေ၊ အဲ့ဒါကြောင့် ကျွန်မတို့က ဒီကလေးကို ကျွန်မမိဘအိမ်ကိုပေးပြီး ကျွန်မယောင်းမရဲ့ကလေးအဖြစ် မွေးစားဖို့ဆုံးဖြတ်လိုက်တာ၊ မိဘအိမ်ဘက်က ယောင်းမက ကလေးမရနိုင်တော့ ကွမ်းထျန်ကို သူမရဲ့သားအရင်းလို ဆက်ဆံခဲ့ပါတယ်”
ကျယ်ကျင်းဟွာနှင့် ကျယ်ကွမ်းထျန်ကို တလှည့်စီကြည့်ကာ ဗိုလ်မှူးရှောင်းက ဟက်ခနဲရယ်လိုက်သည်။
“မင်းက အရမ်းကောင်းတဲ့ယောင်းမဘဲနော်၊ ကိုယ့်ယောင်းမ(မန်ကျစ်)ရဲ့ကလေးကို ကိုယ့်သွေးရင်းထက်တောင် ပိုပြီးကောင်းကောင်းဆက်ဆံတယ်၊ ငါကြားတာတော့ နင့်သားအကြီးဆုံးကိုကျ ကပ်ဆိုးတစ်ခုလိုဆက်ဆံတယ်ဆိုဘဲ”
ကျယ်ကျင်းဟွာက ရင်တုန်လာပြီး လက်များကလည်း တုန်ရီလာသည်။
“ကျွန်မ ကျွန်မက သားကြီးကိုသဘောမကျတာက သူ့ကစိတ်ထားမကောင်းသလို သားသမီးဝတ္တရားလည်း မကျေပွန်လို့ပါ’
ဗိုလ်မှူးရှောင်း :“ မင်းက ငါ့ကို ရူးနေတယ်လို့ထင်နေတာလား၊ လူတိုင်းကို မင်းကိုအရူးလို့များထင်နေတာလား တကယ်လို့ထုံတကျွင်းကသာ သားသမီးဝတ္တရားမသိတတ်ရင် ထုံမိသားစုကိုထောက်ပံ့ဖို့ သူ့လစာတွေကို ဘာလို့ပြန်ပို့ပေးတာလဲ”
ကျယ်ကျင်းဟွာက ဒူးချောင်လာကာ မြေကြီးပေါ်လဲကျမတတ်ဖြစ်သွားသည်။
“ကျွန်မ..ကျွန်မသားကို ဘယ်လိုဘဲဆက်ဆံပါစေ ရှင်လည်းမဆိုင်ဘူး၊ ကွမ်းထျန်က ရှင့်သားဆိုတာအမှန်ဘဲ ရှင်သူ့ကို သားအဖြစ်မသတ်မှတ်ရင် မန်ကျစ်ကို အေးအေးချမ်းချမ်းမနားရအောင်လုပ်လိုက်တာဘဲ”
မန်ကျစ်နာမည်ကိုကြားသောအခါ ဗိုလ်မှူးရှောင်းက နှလုံးသားကို ဓားဖြင့်ထိုးခံလိုက်ရသလို နာကျင်သွားသည်။
ကျယ်ကွမ်းထျန်က အလွန်ရှေးကျသော လက်စွပ်တစ်ကွင်းကို ထုတ်ပြလာသည်။
“အဖေ ကျွန်တော်က တကယ်ဘဲ အဖေ့သားပါ၊ ဒီလက်စွပ်ကိုကြည့်ပါဦး ကျွန်တော်ဒါကို တစ်သက်လုံးဝတ်ထားခဲ့တာပါ”
ထိုလက်စွပ်ကိုမြင်သောအခါ ဗိုလ်မှူးရှောင်းကမျက်လုံးပြူးသွားသည်။
သူက ရှေ့သို့သွားပြီး ကျယ်ကွမ်းထျန်ဆီမှ လက်စွပ်ကိုယူလိုက်သည်။ လက်စွပ်ကိုင်ထားသော သူ့လက်များက တုန်ရီလာ၏။
သူက ထိုအချိန်တုန်းက ဒီလက်စွပ်ကို မန်ကျစ်အားပေးခဲ့ကာ သူပြန်လာပြီး သူမကိုလက်ထပ်မည်ဟု ကတိပေးခဲ့သည်။သူက ဒီလက်စွပ်ကို ပြန်တွေ့ရမည်ဟု မမျှော်လင့်ထားမိပေ။
ရှောင်းယန်ဟွာက ဦးနှောက်ခြောက်လာသည်။သူက ဒီကိုမလာခင်ကတည်းက ထုံတကျွင်းကသာ သူ့ဦးလေး၏သားဖြစ်သည်ဟု ထင်ထားခဲ့သည်။အခုတော့ သိပ်မသေချာတော့ပေ။
ကျယ်ကွမ်းထျန်က သူ့ဦးလေးနှင့် အနည်းငယ်တူကာ လက်စွပ်ကိုလည်းထုတ်ပြနိုင်၏။ ကျယ်ကွမ်းထျန်က တကယ်ဘဲ သူ့ဦးလေးရဲ့သားလား။
ဗိုလ်မှူးရှောင်းက လက်စွပ်ကိုကိုင်ထားပြီး ဘာမှမပြောလာပေ။ လေထုက အနည်းငယ်ခဲတောင့်လာ၏။
ကျယ်ကျင်းဟွာနှင့် ကျယ်ကွမ်းထျန်တို့က ရင်ခုန်လာကြသည်။
ခနကြာပြီးနောက် ဗိုလ်မှူးရှောင်က ပြောလာသည်။
“ထတော့ ငါအရေးကြီးတာ တစ်ခုကိုလုပ်ဖို့ တပ်ထဲပြန်ရဦးမယ်၊ မင်းကိုခေါ်ဖို့ ပြန်လာခဲ့မယ်”
ထိုစကားကိုကြားသောအခါ ကျယ်ကျင်းဟွာရော ကျယ်ကွမ်းထျန်ပါ ပျော်သွားကြသည်။
သူတို့နှစ်ယောက်က ဗိုလ်မှူးရှောင်းကို ညစာစားသွားရန် ဖိတ်ကြသော်လည်း ဗိုလ်မှူးရှောင်းက လက်မခံပေ။သူက ကားပေါ်တက်ပြီး ထုတ်လုပ်ရေးအသင်းမှ လျင်မြန်စွာထွက်သွားသည်။
ဗိုလ်မှူးရှောင်းက ဘာကတိမှမပေးဘဲ သူ့ကိုချန်ထားခဲ့သော်လည်း ၎င်းကပင်လုံလောက်တာထက်ပိုနေပြီဖြစ်သည်။
အခုမှစ၍ ထုံမိသားစုနှင့် ကျယ်မိသားစုသည် အဆင့်အတန်းမြင့်လာတော့မည်။
ထုံမိသားစုက အလွန်ပျော်ရွှင်နေကာ ထုတ်လုပ်ရေးအသင်းထဲမှ ဆုံသည့်သူတိုင်းကို ဤအကြောင်းအားပြောပြခဲ့ကြသည်။ သူတို့က ပျော်ပွဲရွှင်ပွဲလုပ်ရန်အတွက် ကြက်နှစ်ကောင်ကိုတောင် သတ်လိုက်လေသည်။
သူတို့က ဗိုလ်မှူးရဲ့ ဆွေမျိုးတွေဖြစ်တော့မှာ၊ ဒီကြက်နှစ်ကောင်လောက်ကို ဘာလုပ်ရမှာလဲ။
အပြန်လမ်းတွင် ရှောင်းယန်ဟွားက အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။
“ဦးလေး အဲ့ဒီကျယ်ကွမ်းထျန်က တကယ်ဘဲ ဦးလေးရဲ့သားလား”
ဗိုလ်မှူးရှောင်း:“ ငါမဆုံးဖြတ်ခင် မြို့တော်ကိုသွားပြီး ထုံတကျွင်းရဲ့ကလေးတွေကို အရင်တွေ့ကြည့်ချင်တယ်၊ ဒီဖက်ကကိစ္စတွေကို မင်းဆက်စုံစမ်းထားပေးပါဦး”
ရှောင်းယန်ဟွာက ခေါင်းညိတ်သည်။
“နားလည်ပါပြီ”
ကျယ်ကျင်းဟွာက သူမ၏တူကို သူ့သားဟုပြောလာမည်ဟု မထင်ထားခဲ့ပေ။ထို့အပြင် ထိုတူကလည်း ဗိုလ်မှူးရှောင်းနှင့်နည်းနည်းဆင်ကာ ဗိုလ်မှူးရှောင်ပေးခဲ့သည့် ပစ္စည်းလည်းရှိနေ၏။
သူတို့က ဒီကိစ္စကိုဆုံးဖြတ်ချက်မချခင်တွင် ထဲထဲဝင်ဝင်စုံစမ်းကြည့်ရလိမ့်မည်။
ထုံမိသားစုနှင့် ကျယ်မိသားစုတို့က သူတို့အဆင့်အတန်းမြင့်လာမည်ဟု သေချာနေကြသည့်အချိန်တွင် ဗိုလ်မှူးရှောင်းက မြို့တော်ကိုသွားသည့် ရထားပေါ်သို့တက်လိုက်သည်။
🍵
ဌာနတွင်။
ရိုမန့်တစ်မဆန်တတ်သူ သုံးယောက်က အတူတူထမင်းစားနေကြပြီး သူတို့ကောင်မလေးများအကြောင်းကို ပြောလာကြပြန်သည်။
ကျိုးရန်က ဝမ်ရူကွေ့နှင့် ဟွမ်ချီမင်ကို လက်ညှိုးထိုးကာ ဆူငေါက်လာ၏။
“ကျေးဇူးမသိတတ်တဲ့သူနှစ်ယောက် ငါတစ်ယောက်တည်း မွေးနေ့လုပ်လိုက်ရတယ် ငါ့ကောင်မလေးက မလာဘူး”
ဝမ်ရူကွေ့တွေးလိုက်မိသည်မှာ ::အဲ့ဒီနေ့က ငါအိမ်ပြန်မိတာ အရမ်းကံကောင်းတယ်၊ မဟုတ်ရင် တစ်ဘဝလုံးနောင်တရနေတော့မှာ”
ထိုနေ့မှ အနမ်းအကြောင်းပြန်တွေးမိသောအခါ သူ့နားရွက်များက ဖြေးဖြေးချင်းနီရဲလာလေသည်။
သူတို့နှစ်ယောက်လုံး အသံတိတ်နေသဖြင့် ကျိုးရန်က ကျေနပ်စွာပြောလာသည်။
“ခွေးဥဟွမ် ရူကွေ့ကောင်မလေးရော ငါ့ကောင်မလေးပါ ဌာနကိုလာလည်ဖူးတယ်၊ မင်းကောင်မလေးဘဲ မလာဖူးသေးတာ ကျစ် ကျစ် ငါထင်တာတော့ သူမက မင်းကို ဂရုမစိုက်ပါဘူးကွာ”
ဟွမ်ချီမင်က ငြိမ်ပြီးနားထောင်နေမည်မဟုတ်ပေ။
“ငါ့ကောင်မလေးက ငါ့အပေါ်မှာအရမ်းချိုမြိန်တာဟ၊ ငါပြန်သွားတုန်းက ငါ့အတွက်ဝက်သားနှပ်လုပ်ပေးတယ်၊ မင်းကဘာကိုကြွားနေတာလဲ၊ မင်းတို့တွဲတာ ဒီလောက်ကြာနေပြီကို မင်းကောင်မလေးလက်တောင် ကိုင်ဖူးလို့လား”
ထိုစကားကိုကြားသောအခါ ကျိုးရန်ကအနည်းငယ်လန့်သွားသည်။
“လက်ကိုင်တာက လူရမ်းကားအပြုအမူဘဲ၊ မင်းကောင်မလေးရဲ့ လက်ကိုမကိုင်ရဘူး”
ဟွမ်ချီမင်က ပြုံးလိုက်သည်။
“အဲ့လိုမတွေးစမ်းနဲ့ သမ္မတပြောတာကို မကြားဖူးဘူးလား၊ လူရမ်းကားအပြုအမူဆိုတာက လက်ထပ်ဖို့ရည်ရွယ်ချက်မရှိဘဲ ချိန်းတွေ့တာမျိုးကိုပြောတာ၊ ငါက ငါ့ကောင်မလေးကိုလက်ထပ်မှာ အဲ့ဒါကြောင့် ငါတို့ကလက်ကိုင်လို့ရတယ်”
ရှုံးနိမ့်သွားသော ကျိုးရန်က ဝမ်ရူကွေ့ကို စစ်ကူခေါ်လာ၏။
“ရူကွေ့ မြန်မြန်လေး လက်ကိုင်တာက လူရမ်းကားအပြုအမူဆိုတာကို သူ့ကိုကူပြောပေး”
ဝမ်ရူကွေ့က တည်ငြိမ်စွာပြောလာသည်။
“လက်ကိုင်တာက လူရမ်းကားအပြုအမူမဟုတ်ဘူး”
ဟွမ်ချီမင်က မျက်ခုံးပင့်လိုက်သည်။
“ရူကွေ့ မင်းလည်းမင်းကောင်မလေးလက်ကို ကိုင်ဖူးပြီးပြီပေါ့”
ဝမ်ရူကွေ့က ခေါင်းညိတ်လိုက်ကာ သူ့နားရွက်ဖျားများက နီရဲလာ၏။
လက်ကိုင်ရုံတင်မကဘူး၊ သူက သူမနမ်းတာပါ ခံလိုက်ရပြီ။
ဟွမ်ချီမင်က အော်ရယ်လိုက်သည်။
“ဟားဟားဟား ချီးခေါင်းကျိုး ကောင်မလေးလက်မကိုင်ဖူးတာဆိုလို့ မင်းဘဲရှိတယ်၊ နောက်ဆုံးမှရည်းစားရတဲ့ ရူကွေ့တောင်မှ သူ့ကောင်မလေးလက်ကို ကိုင်ဖူးသွားပြီ၊ မင်းကိုယ်မင်း ယောက်ျားလို့ပြောရဲသေးလား”
“……”
ကျိုးရန်က ဝမ်ရူကွေ့ကိုမယုံနိုင်စွာကြည့်လိုက်သည်။
ဝမ်ရူကွေ့က သူ့ကောင်မလေးလက်ကို ကိုင်ဖူးသွားပြီ။ သူတို့ရဲ့တိုးတက်နှုန်းက ဘယ်လိုဖြစ်လို့ အရမ်းမြန်နေတာလဲ။
သူတို့သုံးယောက်ထဲမှ ကောင်မလေးလက်မကိုင်ဘူးတာဆိုလို့ သူဘဲရှိတော့တာလား။ အဲ့ဒါက ရှက်ဖို့ကောင်းလိုက်တာ။
🍵
ထုံကျားမင်၏မျက်နှာတွင် ရေကျောက်များပြည့်နေသည်။ ကံကောင်းစွာဖြင့် သူကကိုယ့်ကိုကိုယ် ကောင်းကောင်းထိန်းချုပ်နိုင်ပြီး ဘယ်လောက်ဘဲယားယံနေပါစေ လုံးဝမကုတ်ပေ။
.
ထုံကျားမင်က သက်သာလာစေရန် အချိန်နှစ်ပတ်လောက်ယူလိုက်ရပြီး သူကတစ်ချိန်လုံး အိမ်ထဲ၌သာနေခဲ့သည်။
ထုံကျားရှင်းက အိမ်တွင်ရက်အနည်းငယ်လောက်နားပြီးနောက် ဘာမှမဖြစ်သဖြင့် ကျောင်းပြန်တက်လိုက်သည်။
ထုံကျားမင် နေပြန်မကောင်းသေးခင်မှာပင် အချက်အပြုတ်ပြိုင်ပွဲက တဖြေးဖြေးနီးကပ်လာခဲ့သည်။
သတင်းကြားသည်မှာ တရုတ်အမေရိကန် ကပြားတစ်ယောက်က အလည်လာမည်ဟုကြားပြီး ထိုလူက အလွန်ရာထူးမြင့်သည်ဟုဆို၏။ သူက ကုလသမဂ္ဂတွင် အလုပ်လုပ်နေသည့် တရုတ်ဘာသာပြန်တစ်ယောက်ဖြစ်သည်။
တရုတ်အားကစားများကို 1971ခုနှစ်တွင် ပြန်လည်စတင်ပြီးနောက် တရုတ်အားကစားများကို နိုင်ငံတကာက အသိအမှတ်ပြုရန် ပြန်လည်ဆန်းစစ်ကြသည်။ ရိုးရိုးပြောရလျှင် ထိုသူက အလွန်ထူးခြားကာ မှတ်သားရလောက်သည်အထိ ရာထူးကြီးပေသည်။
အထက်မှ ဤလူကို လေးစားမှုအမြင့်ဆုံးထားကာ ဆက်ဆံရမည်ဟု အမိန့်ပေးလာခဲ့သည်။
အချိန်က သိပ်မရှိသဖြင့် ပြိုင်ပွဲရက်ကိုလည်း ရှေ့တိုးလိုက်လေသည်။
ထုံရွှယ်လူက ထိုအကြောင်းကို သိလိုက်ရသောအခါ အံ့ဩသွား၏။ကံကောင်းစွာဖြင့် ဒီတလောအတွင်းတွင် သူမကကောင်းကောင်းလေ့ကျင့်ထားခဲ့ရာ လုံးလုံးကြီးမပြင်ဆင်ရသေးတာမျိုး မဖြစ်နေပေ။
ပြိုင်ပွဲနေ့တွင် ထုံရွှယ်လူက ကောင်းဝေ့ဖျင်ကို ခေါ်ကာ ကြယ်နီစားသောက်ဆိုင်သို့ သွားလိုက်သည်။
ကြယ်နီစားသောက်ဆိုင်က စားသောက်ဆိုင်များကြားတွင် အဆင့်အမြင့်ဆုံးဖြစ်သဖြင့် ပြိုင်ပွဲလုပ်မည့်နေရာအဖြစ် ရွေးချယ်ထားသည်။ ထိုဆိုင်က လူအများအပြားဝင်ဆန့်သည်။
၎င်းက ကြယ်နီစားသောက်ဆိုင်၏အားသာချက်ပင်။ သူတို့အိမ်ကွင်းဖြစ်သဖြင့် သူတို့ကို မာန်ထောင်နိုင်စွမ်းပေးနေ၏။
ထုံရွှယ်လူစိုးရိမ်ထားသည့်အတိုင်းပင် ကြယ်နီစားသောက်ဆိုင်က သူမ၏အကြီးဆုံးပြိုင်ဘက်ဖြစ်သည်။
ကြယ်နီစားသောက်ဆိုင်သို့ရောက်သောအခါ အခြားယှဉ်ပြိုင်သူများက ရောက်နေပြီဖြစ်သည်။ ထုံရွှယ်လူက အဖွဲ့၏အလယ်ပိုင်းတွင်ရှိသည်။
ထိုသို့ဆိုလျှင်တောင်မှ သူမ၏ရောက်လာမှုကို လူအများက အာရုံစိုက်နေဆဲဖြစ်သည်။ ပထမအချက်မှာ သူမက ဒုတိယအဆင့်စားသောက်ဆိုင်မှ လာပြိုင်သောသူဖြစ်သောကြောင့်ပင်။ ဒုတိယအချက်မှာ သူမက တစ်ဦးတည်းသော အမျိုးသမီးစားဖိုမှူး+မန်နေဂျာပါ ဖြစ်နေသောကြောင့်ဖြစ်သည်။
ထို့အပြင်က သူမကငယ်ရွယ်ကာ လှပ၏။ သူမအတွက် လူမသိအောင်နေရန်မှာ ခက်ခဲပေသည်။
“မန်နေဂျာထုံရောက်လာပြီးလား အခုဘဲမင်းအကြောင်းပြောနေကြတာ”
ထုံရွှယ်လူက ယဉ်ကျေးစွာ ပြုံးလိုက်သည်။
“ဟုတ်လား ကျွန်မအကြောင်း ဘာများပြောနေကြတာလဲ”
ယောက်ျားတစ်ယောက်က ပြန်ဖြေလာသည်။
“လူတိုင်းက ဒီတစ်ခေါက် မန်နေဂျာထုံက ဘာချက်ပြီး ပြိုင်မှာလဲဆိုတာ ခန့်မှန်းနေကြတာ၊ မာလာထန်နဲ့ အသားလုံးတော့ မဟုတ်ပါဘူးနော် ဟားဟားဟားဟား....”
သူထိုသို့ပြောသောအခါ လူတိုင်းကရယ်လိုက်ကြသည်။
ထုံရွှယ်လူက တည်ငြိမ်နေဆဲဖြစ်သည်။
သူက သူမကိုစိတ်တိုက်စစ်ဆင်နေခြင်း(psych war)ဖြစ်သည်။သူက သူမပြိုင်ပွဲထဲတွင် ခွက်ခွက်လန်အောင်ရှူံးမည်ကို မြင်ချင်နေခြင်းဖြစ်သည်။
ကံမကောင်းသည်မှာ သူမကငယ်ရွယ်ကောင်းငယ်ရွယ်နေနိုင်သော်လည်း သူမ၏စိတ်ပိုင်းဆိုင်ရာက ဒီကသူအများစုထက်ပိုသန်မာပေသည်။
ထိုလူက ထုံရွှယ်လူဒေါသမထွက်သလို ရှက်လည်းမရှက်သွားသည်ကိုမြင်သောအခါ အနည်းငယ်နေရခက်သွားသည်။
အခြားသူများက ဤကိစ္စအပေါ်သူမ၏ကိုင်တွယ်ပုံကိုမြင်သောအခါ အထင်ကြီးသွားကြသည်။ သူမက အသက်ငယ်ငယ်နဲ့ ဆိုင်တစ်ခုရဲ့ မန်နေဂျာရာထူးကို ရအောင်ယူထားနိုင်တာ မအံ့ဩတော့ပါဘူး။
အချိန်ကတဖြေးဖြေးကုန်လာပြီး အကဲဖြတ်ဒိုင်များရောက်လာသည်။
ဒိုင်များထဲမှ သုံးယောက်သည် ကုန်သွယ်ရေးဌာနမှဖြစ်ကာ ဝန်ကြီးလင်းလည်းပါ၏။
နောက်ထပ်သုံးယောက်က မြူနီစီပယ်နိုင်ငံတကာအရေးရုံးမှလာကာ သူတို့အပြင် လူအိုကြီးတစ်ယောက်လည်းရှိသေးသည်။
ထိုလူကြီးက အသက်၇၀၊၈၀နီးပါးလောက်ရှိ၏။သူ့မျက်နှာက ဖြူဖျော့နေပြီး မျက်နှာအမွှေးတစ်ခုမှမရှိတော့ပေ။ သူ့မျက်ခုံးနှင့် ဆံပင်တို့က ဖြူဖွေးနေပြီဖြစ်သော်လည်း အလွန်ကျန်းမာသည့်ပုံပင်။ သူက နေရာတွင်ထိုင်ရင် ပြုံးနေသည်မှာ အလွန်ကြင်နာသည့်ပုံစံပေါ်၏။
ဒိုင်များကိုမိတ်ဆက်ပေးသောအခါ ထိုလူကြီးကို လူကြီးမင်းကောဟုသော ပြောပြသွားပြီး ဘာနောက်ခံ၊ဘာရာထူးကိုမှ မပြောပြသွားပေ။
လူတိုင်းက လူကြီးမင်းကောကိုကြည့်ကာ သူ၏နောက်ခံကိုဖော်ထုတ်ရန်ကြိုးပမ်းနေကြသည်။
ဒီနေရာရှိဘယ်သူကမှမသိလျှင် ထုံရွှယ်လူကိုမူပြောနေစရာတောင် မလိုတော့ပေ။ သူမက ထိုသူကိုတစ်ချက်မျှသာ ကြည့်လိုက်ပြီး ပြိုင်ပွဲကိုသာ အာရုံစိုက်နေလိုက်သည်။
ပြိုင်ပွဲကို သုံးပိုင်းခွဲထားကာ အမှတ်စဉ်က မဲနှိုက်ပြီးဆုံးဖြတ်သည်။
ထုံရွှယ်လူက အုပ်စုသုံးမှ နံပါတ်၁၀ဖြစ်သည်။ သူမက နောက်ဆုံးအုပ်စုထဲတွင်ပါ၏။
ဘဲလ်မြည်သွားကာ ပြိုင်ပွဲကစတင်လာသည်။
ပထမအုပ်စုထဲမှ စားသောက်ဆိုင်လေးခုက စတင်ယှဉ်ပြိုင်လာကြသည်။
ထုံရွှယ်လူက စိတ်အေးလက်အေးစောင့်ကြည့်နေ၏။
စားဖိုမှူးတစ်ချို့က ဂယောင်ချောက်ချားဖြစ်နေပြီး ကို့ရိုးကားယားနိုင်နေကြသည်။ အချို့က အစီအစဉ်မကျဖြစ်နေကြသည်။
ထုံရွှယ်လူက ပြိုင်ပွဲကို စိတ်အေးလက်အေးကြည့်နေသော်လည်း သူမဘေးရှိကောင်းဝေ့ဖျင်ကမူ စိတ်လှုပ်ရှားနေကာ လက်တွင်ချွေးစို့နေ၏။