🍵Chapter 191
၀မ်ရူကွေ့ပြန်ရောက်သည့်နေ့သည် ဦးလေး ဇုန်း၏မွေးနေ့ဖြစ်သည်။ ထို့ကြောင့် ထုံရွှယ်လူသည် ၀မ်အိမ်၌ ဦးလေးဇုန်းအတွက် အရသာရှိသော စားသောက်ပွဲတစ်ခု ပြုလုပ် ပေးရန် စီစဉ်ထားသည်။
စွင်းမန်ရို့နှင့်ယန်ကော်ကျယ်တို့က သူမကို တားဆီးချိန်တွင် စစ်တပ်အိမ်ရာဝင်း အဝင်ပေါက်သို့ သူမ ရောက်ရှိခါစဖြစ်သည်။
စွင်းမန်ရို့သည် ယန်ကော်ကျယ်အတွက် တရားမျှတမှု ရှာဖွေနေပုံရသည်။
" ရဲဘော် ထုံ ရဲဘော်ယန်ရဲ့ ခံစားချက်ကို ဘယ်လိုကစားရက်တာလဲ "
ထုံရွှယ်လူက မျက်မှောင်ကြုတ်ပြီး " ဘာတွေပြောနေတာလဲ။ သူ့ခံစားချက်တွေကို ဘယ်တုန်းက ကစားဖူးလို့လဲ "
စွင်းမန်ရို့" ရှင်လုပ်ခဲ့တယ်။ ရဲဘော်ယန်က ရှင့်ရဲ့စားသောက်ဆိုင်ကို နေ့တိုင်းလာလည်ပြီး ရှင်တို့နှစ်ယောက် စကားစမြည်ပြောပြီး ရယ်မောကြတယ်လေ။ လူတော်တော်များများ အဲဒါကို မျက်မြင်တွေ့ကြတယ် "
ထုံရွှယ်လူက " ရှင့်ရဲ့ဦးနှောက်က ရေတွေနဲ့ပြည့်နေလား ဒါမှမဟုတ် တံခါးနဲ့ ရိုက်မိထားတာလား။ ဖျားနေရင် ဆရာဝန်နဲ့ ပြပြီး ဆေးသောက်လေ။ ဒီလို အဓိပ္ပာယ်မရှိတာတွေ ဆက်ပြောနေမယ်ဆိုရင် ရှင်တို့ နှစ်ယောက်လုံးကို ရဲတိုင်အကြောင်းကြားပစ်မယ် "
ဤအချိန်က လူအများအလုပ်ဆင်းသည့် ညနေခင်းအချိန်ဖြစ်သည်။ ငြင်းခုံသံကို ကြားကြသောအခါ လူအများက စုရုံးလာကြသည်။
စွင်းမန်ရို့သည် လူစုလူဝေးကို သတိပြုမိပြီး ကျေနပ်သွား၏။ သူမက ဖြောင့်မတ်သည့်ပုံစံပြုမူကာ " မငြင်းပါနဲ့တော့ ရဲဘော်ထုံ။ လက်တစ်ဖက်တည်းနဲ့ အသံမြည်အောင်လုပ်လို့မရပါဘူး။ ရှင် သူ့ကို မတိုက်တွန်းဘဲ ရဲဘော်ယန်က စားသောက်ဆိုင်ကို နေ့တိုင်း ဘာလို့ လာတာလဲ "
ထုံရွှယ်လူ၏ နှုတ်ခမ်းများ အထက်သို့ ကွေးညွတ်သွားသည်။ သူမက စွင်းမန်ရို့၏ရှေ့သို့ လျှောက်သွားပြီး လက်မြှောက်ကာ ပါးပြင်ကို ကျယ်လောင်စွာ ရိုက်လိုက်သည်။
" အဲဒါကို နားထောင်ကြည့်။ လက်တစ်ဖက်တည်းနဲ့ အသံမထွက်နိုင်လို့ ရှင်ပြောနိုင်ဦးမလား "
စွင်းမန်ရို့သည် ပါးရိုက်ချက်ကြောင့် ထိတ်လန့်သွားသည်။
စုဝေးနေကြသူများ : အခုလေးတင် ဘာဖြစ်သွားတာလဲ။
စွင်းမန်ရို့၏ဘယ်ဘက်ပါးက ပူလောင်သွားသည်။
" ဘယ်လို..လုပ်နိုင်ရတာလဲ ရဲဘော်ထုံ..ကျွန်မ "
စစ်ယူနီဖောင်းဝတ်ထားသည့် အမျိုးသားတစ်ဦး ကားပေါ်မှ ဆင်းလာချိန်တွင် သူမပြောသည့်စကား မဆုံးသေးပေ။
စွင်းမန်ရို့က ထိုလူကိုကြည့်ကာ ငိုလိုက်သည် ။
" နောက်ဆုံးတော့ မွေးစားအဘိုး မြို့တော်ကို ရောက်လာပြီ။ သမီး ဘယ်လိုအနိုင်ကျင့်ခံနေရလဲ ကြည့်ပါဦး… "
' မွေးစားအဘိုးလား '
လူအုပ်ကြီးမှာ တစ်ဖန် အံ့သြသွားရပြန်သည်။ ' ဒါဆို ဒါက အနောက်မြောက်ခရိုင်ရဲ့ ဗိုလ်မှူး ရှောင်လား '
' စွင်းမန်ရို့အတွက် သူ ဒီမှာရှိနေတာ မဟုတ်လား '
စွင်းမန်ရို့သည် မျက်ရည်ဝဲနေသောမျက်နှာဖြင့် ဗိုလ်မှူးရှောင်းဆီသို့ ပြေးသွားသည် ။
သူမ ဗိုလ်မှူးရှောင်းကို ထိတော့မည့်အချိန်၌ ဗိုလ်မှူးရှောင်းက လက်မောင်းဆန့်ထုတ်ပြီး သူမကို တွန်းဖယ်လိုက်သည်။
စွင်းမန်ရို့မှာ နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်သွားကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။
စွင်းမန်ရို့ "...."
စွင်းမန်ရို့ အံသြသွားလေ၏။
မွေးစားအဘိုးက ဘာဖြစ်သွားသနည်း။ သူမကို ဘာကြောင့် တွန်းဖယ်ခဲ့သနည်း။
လူအများကြီး၏ ရှေ့၌ဖြစ်ပြီး အလွန်ရှက်စရာကောင်းလေသည်။
ဗိုလ်မှူးရှောင်းက သူမကို လှည့်ပင်မကြည့်ပဲ ထုံရွှယ်လူဆီသို့ တည့်တည့်လျှောက်သွားသည်။
ထုံရွှယ်လူ ဖြည်းညှင်းစွာ မျက်မှောင်ကြုတ်လိုက်သည်။ သူမဘက်သို့ လျှောက်လာနေသည့်လူကို တည့်တည့် ကြည့်နေလိုက်သည်။
' မွေးစားအဘိုးလား ။ဆိုတော့ ဒီလူက စွင်းမန်ရို့နောက်ကွယ်က လူပေါ့ ။ သူဘာဆက်လုပ်ရမလဲ။ သူမကိုရိုက်မှာလား '
ယန်ကော်ကျယ်က အရမ်းစိတ်လှုပ်ရှားနေ၏။ သူက သူ့ဘာသာသူ တွေးနေသည်- ဆက်သွား၊ သူ့ကိုရိုက် ၊ဗိုလ်မှူးရှောင်း။
သူက ထုံရွှယ်လူဆီသို့ လျှောက်သွားပြီး စိတ်ခံစားမှုများဖြင့် ပြည့်နေသည့် သူ၏လင်းယုန်လိုစူးရှသောမျက်လုံးများဖြင့် " ငါက မင်းအဘိုးပဲ "
ထုံရွှယ်လူ "...."
လူအုပ်ကြီး "...."
စွင်းမန်ရို့သည် မိုးကြိုးပစ်ခံရသကဲ့သို့မျက်လုံးများ ပြူးကျယ်သွားသည်။
' မွေးစားအဖိုးက ထုံရွှယ်လူ၏အဖိုးဖြစ်နေတယ်လား။ ဘာတွေဖြစ်နေတာလဲ '
ထုံရွှယ်လူ၏မျက်ခုံးများကို ပင့်လိုက်သည်။ " ရဲဘော်ဟောင်း၊ အဲဒါ နောက်စရာမဟုတ်ပါဘူး။ ကျွန်မအဖိုးက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဆုံးသွားခဲ့ပြီးပါပြီ "
ဗိုလ်မှူးရှောင်းမှာ အလွန်စိတ်လှုပ်ရှားနေပြီးမျက်နှာပင် နီရဲနေသည်။ " ငါက တကယ် မင်းအဘိုးပါ "
ထုံရွှယ်လူက မျက်ဖြူလှန်ပြလိုက်ပြီး " အင်း၊အင်း၊ ပြီးတော့ ကျွန်မကလည်း ရှင့်အဖေ "
ဗိုလ်မှူးရှောင်း "……"
လူအုပ်ကြီး "......."
" ဖူးး "
လူအုပ်ထဲက တစ်ယောက်ယောက်က ရယ်မောလိုက်သည် ။ ဤအမျိုးသမီးရဲဘော်က အလွန်ရယ်စရာကောင်းလှသည်။
ဗိုလ်မှူးရှောင်း သေချာပေါက် ဒေါသထွက်သွားမည်ဟု တချို့က ယူဆလိုက်ကြသည်။
ဗိုလ်မှူးရှောင်ူက ဒေါသမထွက်ရုံသာမက ပို၍နူးညံ့သိမ်မွေ့ရန် ကြိုးစားနေသည်။
" ငါက မင်းရဲ့အဘိုးတကယ်ပါ။ မင်းအဖေ ထုံတိုက်ကျင်းက ငါ့သားပါ "
ထုံရွှယ်လူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဗိုလ်မှူးရှောင်ူကို ထိတ်လန့်စွာ ကြည့်သည်။
" အင်း ဒါဆို ရှင့်မှာတော်တော်ထူးခြားတဲ့ အကြိုက်ရှိတာပဲ "
သူက ရုပ်ရည်ချောမောပြီး ဗိုလ်မှူးတစ်ဦးဖြစ်သည်။ သို့သော် ထိုထူးဆန်းသည့်အသွင်အပြင်ဖြင့် ကျယ်ကျင်းဟွာကို တစ်နည်းနည်းနှင့် ချစ်မိသွားခဲ့သည်။
ဗိုလ်မှူးရှောင်းသည် သူမ ဘာကိုဆိုလိုသည်ကို အဖြေရှာရန် အချိန်အနည်းငယ်ကြာယူလိုက်ပြီးနောက် ပြောစရာစကားမဲ့သွားလေ၏။
သူက မျက်စိကန်းနေလျှင်တောင်မှ ထိုမိန်းမ ကျယ်ကျင်းဟွာအား ချစ်မိမည်မဟုတ်။
လည်ချောင်းကို ရှင်းလိုက်ပြီး " နားလည်မှုလွဲနေတာတော့ ရှိမယ်ထင်တယ်။ အဲဒါက ရှည်လျားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ အခုထိုင်သင့်ပြီထင်တယ် ဒါမှ စပြောလို့ရမှာ "
ထုံရွှယ်လူက အနည်းစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ " ကောင်းပြီ ဒါဆို ကျွန်မရည်းစားအိမ်သွားရအောင် "
အဘိုး၀မ်နှင့် ဦးလေးဇုန်းတို့ရှိသည့်အတွက် မည်သည်ကိုမှ ကြိုးစားဝံ့လိမ့်မည်မဟုတ်ပေ။
ထိုစကားကိုကြားပြီးနောက် သူက ပို၍ပင် ဆိုးကုန်သည်ဟု ခံစားလိုက်ရသည်။
သူ၏မြေးမလှလှလေးက သက်ဆိုင်သူ ရှိနေနှင့်ပြီလား။ သူမ မကြာခင် လက်ထပ်တော့မည်လား။
စကားပြောပြီးနောက်တွင် ထုံရွှယ်လူသည် လှည့်လိုက်ပြီး ဝမ်အိမ်ဆီသို့ ဦးတည်သည်။
စကားများကြောင့် အံသြနေသော စွင်းမန်ရို့မှာနောက်ဆုံးတွင် သတိပြန်၀င်လာသည်။
"အဘိုး၊ သမီးက မန်ရို့ပါ ……"
ဗိုလ်မှူးရှောင်းမှာ သူမ ထိုနေရာ၌ ရှိနေသည်ကို ယခုမှ သတိထားမိပုံပင်။ သူက သူမကိုကြည့်လိုက်ပြီး ထို့နောက် ယန်ကော်ကျယ်ကိုကြည့်ရင်း ဓားသွားနှင့်တူသောမျက်ခုံးများကို ပင့်လိုက်ပြီး " မင်းတို့နှစ်ယောက်က ငါ့မြေးမလေးကို အနိုင်ကျင့်ဖို့ ကြိုးစားနေတာလား "
ဤသည်မှာ မျှော်လင့်ထားသည့် တိုးတက်မှုဖြစ်ပြီး ယန်ကော်ကျယ်က ငေးမောနေသည်။
ထိုဟောက်သံက သူ့အား ပြန်ခေါ်လာပြီး သူက တုန်လှုပ်သွားလေ၏။ " မဟုတ်ဘူး၊ ဗိုလ်မှူးရဲ့မြေးကို ကျွန်တော် အနိုင်မကျင့်ပါဘူး "
စွင်းမန်ရို့သည် လည်ပင်းညှစ်ခံထားသော ကြက်ကဲ့သို့ မျက်လုံးများ ပြူးကျယ်ကာ စကားမပြောနိုင်ဖြစ်နေသည်။
သူတို့၏သူရဲဘောကြောင်မှုကို ကြည့်ပြီး ဗိုလ်မှူးရှောင်း၏ မျက်ခုံးများ ကွေးသွားကာ နူးညံသော လေသံဖြင့် မေးလိုက်သည် ။
" ဒီနှစ်ယောက် စောစောက မင်းကို အနိုင်ကျင့်ခဲ့တာလား "
ကြင်နာတတ်သည့်ဗိုလ်မှူးရှောင်းကို ကြည့်ရင်း ထုံရွှယ်လူက နောက်ဆုံး၌ စွင်းမန်ရို့ဘက်ဆီသို့ လှည့်ပြီး " အတိအကျပဲ။ ရှင့်ရဲ့ မွေးစားမြေးမလေးက ဒီရဲဘော်ယန်ရဲ့ ခံစားချက်တွေကို ဆော့ကစားနေတယ်လို့ ကျွန်မကို စွပ်စွဲတယ်လေ "
" ကျွန်မ ရည်းစားက ရဲဘော်ယန်ထက် ရုပ်ရည်ပိုချော၊ဉာဏ်ပိုကောင်းတာကို မဆိုနဲ့။ မိသားစု အဆင့်အတန်းကတောင် သူ့ထက် အဆမတန် ကျော်လွန်တယ်။ ကျွန်မက မျက်စိကန်းနေတာမဟုတ်ဘူး၊ ဦးနှောက်ကလည်း ရေနဲ့ မပြည့်နေဘူး။ ဘာလို့ ကျွန်မရည်းစားကို သူ့အတွက် ပစ်မှာလဲ "
ယန်ကော်ကျယ်မှာ ရင်ဘတ်သို့ ပစ်ခံရသကဲ့သို့ ခံစားလိုက်ရပြီး မျက်နှာသည်လည်း နီရဲနေသော်လည်း မည်သည့်စကားကိုမျှ မပြောဝံ့ချေ။
လူအုပ်ထဲမှ အချို့က ထုံရွှယ်လူ မည်သူဖြစ်သည်ကို မသိကြသောကြောင့် မေးကြသည်။
" ဒီရဲဘော်ရဲ့ ချစ်သူက ဘယ်သူလဲ "
" အိုး ငါသိတယ်။ သူ့ရည်းစားက ဗိုလ်မှူး ဝမ်ရဲ့မြေး "
" အိုး ဗိုလ်မှူး၀မ်ရဲ့မြေး။ ၀မ်ရူကွေ့က ကျုပ်တို့တို့ အိပ်ရာဝင်းမှာ အချောဆုံး လူကြီးလူကောင်းအဆန်ဆုံး ရဲဘော်။ ဒီရဲဘော်လေးရဲ့ယုံကြည်မှုက ဘယ်ကလာတာလဲ "
" ဟုတ်ပါ့၊ သူ့ကို ကြိုက်ရအောင် ငါ့မျက်စိ တွေကန်းမနေဘူး။ ထို့အပြင် ရဲဘော်စွင်းရဲ့ ပြောဆိုမှုက အမျိုးသမီးရဲဘော်၏ ဂုဏ်သိက္ခာကို ပျက်ပြား စေနိုင်တယ် ။ ဘယ်လောက်ဆိုးလိုက်တဲ့သူလဲ "
ရင်ဘတ်ကို ထပ်မံပစ်ခတ်ခံလိုက်ရကာ ယန်ကော်ကျယ်၏ မျက်နှာသည် နီတလှည့်ဖြူတလှည့်ဖြစ်နေသည်။ သူကား တွင်းတူးပြီး သာ မြှုပ်နှံနေလိုက်လိုသည်။
စွင်းမန်ရို့၏ မျက်နှာက ဖြူဖျော့သွားကာ သူမလက်များကလည်း အထိန်းအကွပ်မရှိ တုန်ခါသွားသည်။
" ကျွန်မ ကျွန်မ မလုပ်ဘူး။ ရဲဘော်ယန်ဆီကပဲ ကြားခဲ့ရုံပါ။ ထုံရွှယ်လူက သူ့ခံစားချက်တွေကို ကစားနေတယ်လို့ပြောလို့ အရမ်းသနားစရာကောင်းတာကြောင့် သူ့အတွက် ရပ်တည်ပေးမိတာပါ "
" မင်းရဲ့ လိမ်ညာမှုတွေကို တော်လိုက်တော့ " ယန်ကော်ကျယ်သည် ထိုစကားကိုကြားသောအခါ ခွေးသန်းများကဲ့သို့ လျင်မြန်စွာ တုံ့ပြန်သည်။
" စွင်းမန်ရို့ မင်းနဲ့ မင်းအစ်ကို စွင်းဝူယန်က ငါ့ကို ရဲဘော်ထုံကိုလိုက်ဖို့ တွန်းအားပေးခဲ့တဲ့သူတွေပဲ။ သူ့မှာ ဟင်းချက်နည်းတွေရှိလို့ သူက ငါ့ကောင်မလေးဖြစ်လာရင် ငါ့မိသားစုက အဲ့ဒီဟင်းချက်နည်းတွေရနိုင်တယ်လို့ မင်းပြောခဲ့တာလေ "
" ရဲဘော်ထုံက အစကတည်းက ငါ့ကို ငြင်းပယ်ခဲ့ပြီးသား.. ငါတို့ ဒီကိုလာပြီး သူ့ဂုဏ်သိက္ခာကို ဖျက်ဆီးမယ်လို့ မင်းပြောခဲ့တာလေ။ ဒါမှ ဟင်းချက်ပြိုင်ပွဲမှာ သူမရဲ့ပထမနေရာကို ပြန်ပြီးအမှတ်ရစေမှာ။ ငါ အားနည်းတဲ့အခိုက်အတန့်မှာ အဲဒီလိုလုပ်ဖို့ ငါ့ကို စည်းရုံးခဲ့တယ်။ ဒါပေမယ့် တာဝန်ရှိမှုတွေအကုန် ငါ့ပေါ်ပဲ ပုံလိုက်ဖို့ မကြိုးစားနဲ့ "
' ကျစ် ကျစ် ကျစ်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖော်ကြတာကို ကြည့်စမ်း '
ထုံရွှယ်လူသည် သူမ လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့၌ ပိုက်ထားလိုက်သည်။ အရူးနှစ်ကောင်ပင်။ သူမက မည်သည်ကိုမျှ မလုပ်ရသေးသော်လည်း သူတို့ဘာသာ ဖွင့်ဟနေကြသည်။
သူတို့က မိုက်မဲကြလွန်းသဖြင့် သူမကိုယ်တိုင် ပင် တစ်ခုခုကြံစည်ရန် အခွင့်အရေးမရှိလိုက်ချေ။
' ဘယ်လောက် စိတ်ပျက်စရာကောင်းလိုက်လဲ '
ဗိုလ်မှူးရှောင်း၏ မျက်နှာသည် ဒေါသကြောင့် နီရဲလာသည်။ " ရှောင်ယန် "
" အို့ "
"ဟုတ်ကဲ့ဆရာ "
ကွဲပြားသည့်အသံနှစ်သံပင်။
သူတို့ထဲက တစ်ယောက်မှာ ယန်ကော်ကျယ်ဖြစ်ပြီး နောက်တစ်ယောက်က ဗိုလ်မှုးရှောင်းနှင့်အတူ ပါလာသည့်စစ်သားဖြစ်၏။
ဗိုလ်မှူးရှောင်းက ယန်ကော်ကျယ်ကို လက်ညှိုးထိုးပြပြီး " မင်းကဘာ ' အို့ ' ဖြစ်နေတာလဲ။ ငါက မင်းနဲ့စကားပြောနေတာလား "
ယန်ကော်ကျယ် "….."
ဗိုလ်မှူးရှောင်က သူ့စစ်သားကို ပြောသည်။
" ရှောင်ယန်၊ ဒီနှစ်ယောက်ရဲ့ နောက်ခံသွားစစ်ဆေးကြည့်။ သူတို့နှစ်ယောက် ဘယ်လို ပညာတတ်လဲလို့ သူတို့အထက်လူကြီးတွေကို မေးလိုက်။ သူတို့၏ လူကြီးတွေက ကျေနပ်လောက်တဲ့အဖြေကို မပေးလာနိုင်ရင် ရဲတွေဆီ ချက်ချင်းသွား "
" ပြီးတော့ အဲဒီခွေးသား စွင်းဝူယန်ကို မမေ့နဲ့ "
" ဟုတ်ကဲ့ပါ ဗိုလ်မှူး "
ရှောင်ယန်သည် လက်တစ်ဖက်၌ လူတစ်ယောက်စီကို ကိုင်ကာ စွင်းမန်ရို့ နှင့် ယန်ကော်ကျယ်တို့ကို ကားထဲသို့ တွန်းထည့်သည်။