🍵Chapter 192
စွင်းမန်ရို့၏ မျက်နှာတွင် သွေးများ ခမ်း ခြောက်သွားသည်။ " အဘိုး၊ ကျွန်မကို ဒီလိုလုပ်လို့မရဘူး… ကျွန်မ အဘိုးရဲ့အသက်ကို အရင်တုန်းက ကယ်ခဲ့တယ် "
ဗိုလ်မှူးရှောင်က လှောင်ရယ်လိုက်သည်။ " ဟက် မင်းလုပ်သမျှ ငါ့ဘေးမှာ အကြိမ်ကြိမ် တီးတိုးပြောဆိုနေခဲ့တာပဲရှိတယ်။ မင်းနာမည်ကသာ ငါ့မြေးမလေးရဲ့အဖွားနဲ့ ဆင်တူမနေရင်၊တစ်ရက်တည်းမှာပဲ မွေးဖွားခဲ့တာ မဟုတ်ရင် မင်းကို ငါ့ မွေးစားမြေးမအဖြစ် မွေးစားမယ်လို့ ထင်နေတာလား "
" ဒီလိုပြောရကြေးဆို ငါက ကျေးဇူးကန်းတဲ့လူမဟုတ်ဘူး။ မင်း ကြိမ်ဖန်များစွာ ညည်းတွားနေခဲ့တယ်။ အဲဒါက ရှောင်ယန်ကို ရဲစခန်းအစား အခု မင်းရဲ့ယူနစ်ဆီ ခေါ်သွားခိုင်းရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ပဲ "
စွင်းမန်ရို့ "...."
ယန်ကော်ကျယ်သည်လည်း ကြောက်လန့်နေပေမယ့် စွင်းမန်ရို့မှာ သူမ အဖေသေဆုံးသွားသကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ တော်သေးသည်ဟု ထူးထူးခြားခြား ခံစားလိုက်ရသည်။
ရှောင်ယန်သည် ကားတံခါးကိုပိတ်ပြီး သူ့ကားပေါ်ရှိ သူတို့နှစ်ဦးနှင့်အတူ မောင်းထွက်သွားသည်။
ပြဿနာများထွက်ခွာသွားသောအခါ ထုံရွှယ်လူက လှည့်ကာ ဗိုလ်မှူးရှောင်းအား သူမနှင့်အတူ ၀မ်အိမ်ဆီသို့ ခေါ်သွားသည်။
အဘိုး၀မ်နှင့် ဦးလေးဇုန်းတို့သည် သူမကို စောင့်နေပြီဖြစ်သည်။ သူတို့က အချိန်အတော်ကြာအောင် စောင့်ခဲ့ကြသော်လည်း ၀မ်ရူကွေ့နှင့် ထုံရွှယ်လူတို့က ပေါ်မလာပေ။
သူတို့နှစ်ယောက်က သူမကို ခေါ်ရန် စားသောက်ဆိုင်သို့ သွားသင့်မသွားသင့် ဆွေးနွေးနေကြချိန်တွင် ထုံရွှယ်လူက သူမနောက်တွင် အဘိုးကြီးတစ်ယောက်နှင့်အတူ ၀င်လာသည်။
အဘိုး၀မ်က " ရှောင်ဇုန်း၊ ရွှယ်လူနောက်က အဲဒီအဘိုးကြီးက ဘယ်သူလဲ "
ဦးလေးဇုန်းသည် အနီးကပ်ကြည့်ရန် သူ့မျက်လုံးများကို ပြူးကျယ်သည်။ " ဗိုလ်မှူး၊ သူက အနောက်မြောက်ဒေသက ဗိုလ်မှူးရှောင်း နဲ့တူတယ် "
ဦးလေးဇုန်းသည် ယခင်က ဗိုလ်မှူးရှောင်းနှင့် တစ်ခါ၊နှစ်ခါ တွေ့ခဲ့ဖူး၏။ ထို့ကြောင့် သူ့ကို သေချာကြည့်မိသောအခါ မှတ်မိနိုင်ခဲ့သည်။
အဘိုးဝမ်က မျက်မှောင်ကြုတ်လိုက်သည်။ " သူ ဒီမှာ ဘာလုပ်နေတာလဲ။ ရွှယ်လူနဲ့ရော။ မြန်မြန်လုပ်။ သူတို့ဆီ လျှောက်သွားရအောင် "
ထုံရွှယ်လူထံ၌ မကောင်းသည့်တစ်စုံတစ်ရာဖြစ်ပွားမည်ကို အဘိုး၀မ်က စိုးရိမ်သဖြင့် ဦးလေးဇုန်းနှင့်အတူ သူမဆီသို့ အမြန်သွားလိုက်သည်။
နှစ်ယောက်သား ရန်လိုနေပုံရကာ မသိပါက ရန်ဖြစ်ရန်အဆင်သင့်ဖြစ်နေသည်ဟု ထင်ကောင်းထင်ပေလိမ့်မည်။
အဘိုး၀မ်က ထုံရွှယ်လူ၏ရှေ့သို့ အပြေးသွားလိုက်ပြီး အပေါ်အောက် ခပ်သွက်သွက် ကြည့်လိုက်ကာ " ကလေး၊ အဆင်ပြေရဲ့လား" ဟု ဂရုတစိုက် မေးလိုက်သည်။
" အဆင်ပြေပါတယ် အဘိုး ဝမ်" ထုံရွှယ်လူ သည် ဗိုလ်မှူးရှောင်းကို လက်ညှိုးထိုးမပြမီ ခေါင်းယမ်းလိုက်ပြီး ပြောလေသည်။ " ဒီက ဗိုလ်မှူးရှောင်းက သူ့ကိုယ်သူ ကျွန်မရဲ့အဖိုးလို့ ဆိုနေတယ်။ ဒါကြောင့် ရှင်းလင်းဖို့ ဒီနေရာကို ခေါ်လာဖို့ တွေးခဲ့လိုက်တာ "
အဘိုး၀မ်နှင့် ဦးလေးဇုန်းတို့ ထိုစကားကိုကြားသောအခါ မျက်လုံးများ ပြူးကျယ်သွား၏။
ဗိုလ်မှူးရှောင်း၏ မျက်လုံးများသည်လည်း ဖားအရွယ်အထိ ကျယ်နေသည်။
" ကလေး၊ မင်းရည်းစားက ဒီခေါင်းမာတဲ့အဘိုးကြီးရဲ့မြေးလို့ ဆိုလိုတာလား "
ဗိုလ်မှူးရှောင်းသည် အစောပိုင်းက အခြားသူများ ၀မ်ရူကွေ့အကြောင်း ဆွေးနွေးနေကြချိန်တွင် တစ်စုံတစ်ရာကို ဖမ်းဆုပ်မိရန် အလွန်အမင်း ဒေါသထွက်နေခဲ့သည်။ ယခု အဘိုး၀မ်အားမြင်လိုက်ရချိန်၌ သူ့မျက်လုံးများ ပေါက်ထွက်သွားလုမတတ် အလွန်ထိတ်လန့်နေသည်။
အဘိုး၀မ်သည်လည်း ဒေါသအလွန်ထွက်ကာ မုတ်ဆိတ်မွေးများပင် တုန်ခါနေ၏။
" မင်းပြောတာကြည့်ပြော၊ ခေါင်းမာတဲ့အဘိုးကြီး။ ပြီးတော့ မဟုတ်တာတွေပြောနေတာကို ဒီမှာ ရပ်လိုက်တော့။ မင်း တစ်သက်လုံး တစ်ယောက်တည်းသမားဖြစ်နေတာ ဘယ်လိုလုပ် မြေးမလေးရှိနိုင်မှာလဲ "
ဗိုလ်မှူးရှောင်းက " ငါ အိမ်ထောင်ကျသည်ဖြစ်စေ မကျသည်ဖြစ်စေ မင်းကိစ္စတစ်ခုမှ မဟုတ်ဘူး "
ထုံရွှယ်လူက " အပြင်မှာ အရမ်းအေးတယ်။ ဒီရန်ပွဲကို အိမ်တွင်းမှာ လုပ်လို့ရမလား "
ဗိုလ်မှူးရှောင်းသည် အငြင်းအခုံကို အမြန်ရပ်လိုက်ပြီး အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်ဟုတ်တယ်။ အထဲကို မြန်မြန်ဝင်သင့်တယ်။ မင်းက မိန်းကလေး။ ငါတို့ မင်းကို အအေးမမိစေချင်ဘူး "
သူ့ဆီက နှုတ်ထွက်စကားများကြောင့် အဘိုးဝမ်၏မုတ်ဆိတ်မွှေးများ ဒေါသကြောင့် တဖန်တုန်ခါသွား၏။
" ရွှယ်လူ မင်းအတွက် သကြားညိုနဲ့ ဂျင်းဟင်းချိုပြင်ဆင်ထားဖို့ ရှောင်ဇုန်းကို ငါခိုင်းပြီးပြီ။ မြန်မြန်သွားပြီးသောက်လိုက် "
ထုံရွှယ်လူက ပြုံးပြီး ပြောလိုက်သည်။ " ကျေးဇူးတင်ပါတယ် အဘိုး ဝမ်"
အဘိုး၀မ်မှာ ချက်ချင်းပင် ခံစားချက်ကောင်းသွားပြီး ဗိုလ်မှူးရှောင်းကို ကျေနပ်စွာ ကြည့်လိုက်သည်။
ဗိုလ်မှူးရှောင်မှာ အတော်လေး မကျေမနပ်ဖြစ် နေသည်။ "……"
အိမ်တွင်းသို့ရောက်သည်နှင့် အဘိုးဝမ်က ဦးလေးဖုန်းကို ထုံရွှယ်လူအတွက် သကြားညိုပန်းကန်လုံးနှင့် ဂျင်းဟင်းချိုတစ်ပန်းကန် ယူလာခိုင်းသည်။
ဗိုလ်မှူးရှောင်းကိုမူ မည်သူက ဂရုစိုက်လိမ့်မည်နည်း။
ထုံရွှယ်လူသည်လည်း ဗိုလ်မှူးရှောင်းကို လျစ်လျူရှုခဲ့သည်။ သူမက ဇာတ်လမ်းအကြောင်းပြောပြရန် ဗိုလ်မှူးရှောင်းအား မတောင်းဆိုမီ သကြားညိုနှင့် ဂျင်းဟင်းချိုပန်းကန်ကို အရင်အပြီးသတ် သောက်လိုက်သည်။
ဗိုလ်မှူးရှောင်းသည် ထိုအချိန်က ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များကို လျှော့ပေါ့စွာ မျှဝေသည်။
"…… အဲဒါက ဘာတွေဖြစ်ခဲ့တယ်ဆိုတာပါပဲ။ မင်းက ငါ့မြေးမလေးဆိုတာကို ဒီနေ့မှ သိလိုက်ရတာ "
သူသည် ပေဟယ်မှ မြို့တော်ဆီသို့ ရထားစီးပြီး ထန်တိုက်ကျင့် အလုပ်လုပ်သော အထည်ချုပ်စက်ရုံဆီသို့ တည့်တည့်သွားခဲ့ပြီးနောက် ထုံရွှယ်လူ အခြားအလုပ်တစ်ခုသို့ ပြောင်းရွှေ့သွားကြောင်း ကြားသိလိုက်ရသည်။ ထို့နောက် စားသောက်ဆိုင်သို့ ချက်ချင်း အမြန်ပြေးသွားခဲ့သော်လည်း သူမက တစ်ရက်အနားယူကာ အိမ်ပြန်သွားကြောင်း ထပ်မံ သိလိုက်ရသည်။
ထို့နောက် သူမနေရာဆီသို့ အမြန်လိုက်သွားခဲ့ပြီး သူ၏ရဲဘော်ဟောင်း ဝေ့ကျီကောင်းသည် ထုံမိသားစုနှင့် အနီးတစ်ဝိုက်တွင် နေထိုင်ကြောင်း သိလိုက်ရပြန်သည်။
ဝေ့ကျီကောင်းနှင့် သူ၏ဇနီး ရှန်း၀မ်ရုန် တို့သည် သူ့ကိုမြင်သောအခါ နှစ်ယောက်လုံး အံ့သြသွားကြသည်။ သူက သူ၏မြေးများကို လိုက်လံရှာနေသည်ကို သိရှိသွားကြသည့်အခါ ထုံရွှယ်လူသည် သူ့မိခင် အဘွားရှောင်းနှင့် အလွန် တူကြောင်း ချက်ချင်းပြောကြ၏။
ထုံကျားမင်နှင့် ထုံမျန်မျန်ကိုတွေ့ပြီးနောက် မည်သည်ကိုမျှ ပြောစရာမလိုတော့ပေ။
သူတို့နှစ်ယောက်လုံးသည် ထုံမန်ကျစ်နှင့် ဗိုလ်မှူးရှောင်းတို့ကဲ့သို့လိုပင်။ ကလေးနှစ်ယောက်ကို သူ မည်သည်ကိုမှမပြောနိုင်သည့်အတွက် ထုံရွှယ်လူ၏တည်နေရာကို သိပြီးနောက် စစ်တပ်အိမ်ရာဝင်းဆီသို့ အမြန်ထွက်လာခဲ့သည်။
ထုံရွှယ်လူသည် အဖြစ်အပျက်တစ်ခုလုံးကို ကြားသိပြီးနောက် ဝမ်းနည်းကြေကွဲခြင်းကို ခံစားရမိသည်။
ထုံတကျွင်း၏ identity အစစ်အမှန်က ထိုထက်ပိုပြီး တစ်ခုခုရှိမည်ဟု သူမ တွေးခဲ့မိသော်လည်း ဇာတ်လမ်းသည် ဤမျှ ဝမ်းနည်းဖွယ်ကောင်းသည်ဟု သူမ မထင်ခဲ့မိပေ။
သူမ၏တကယ့်အဘွား ထုံမန်ကျစ်သည် သေဆုံးသည့်နေ့အထိတိုင်အောင် ပြန်လည်မပေါင်းစည်းနိုင်ခဲ့သည့် ထိုအတွေးက သူမကို ဝမ်းနည်းစေသည် ။
အဘိုး၀မ်နှင့် ဦးလေးဇုန်းတို့သည် ဇာတ်လမ်း မှာ ဤမျှခန့် ရှုပ်ထွေးနေသဖြင့် အံ့အားသင့်သွားကြသည်။
သူတို့၏အသံကို ရှာတွေ့ရန် အချိန်အတော်ကြာခဲ့ပြီးနောက် " ဒါအားလုံးအမှန်ပဲလား၊ ခေါင်းမာတဲ့အဘိုးကြီး "
ဗိုလ်မှူးရှောင်းက " ဒါပေါ့ အကုန်လုံး အမှန်တွေ။ ကျုပ်က ဘာလို့ ဇာတ်လမ်းထွင်တာမျိုးလုပ်ရမှာလဲ "
အဘိုး၀မ်က သူ့ကို စိုက်ကြည့်သည်။ " ခေါင်းမာတဲ့အဘိုးကြီးက လျှောက်သွားပြီး မြေးတွေအဖြစ် အသိအမှတ်ပြုနေတာ။ ဘယ်သူက အစစ်၊ ဘယ်သူ အတုမှန်း ဘယ်လို သိမလဲ။ မင်းမှာ ဟိုမွေးစားမြေးမလည်းရှိတယ်မဟုတ်လား "
ဗိုလ်မှူးရှောင်းကပြောသည်။ " အဲဒါက ခေါင်းကိုင်အဖြစ် မွေးစားထားတာ။ ဒီနေ့ပြီးရင် အဲဒီလိုကိစ္စ မရှိတော့ဘူး "
အတိတ်အချိန်က သူသည် အလုပ်အကျွံလုပ်ခဲ့ပြီး နှလုံးဖောက်ကာ လဲကျသွားခဲ့သည်။ ထိုစဉ်က အသက် ၄ နှစ်သာလျှင် ရှိသေးသည့် အနီးနား၌ ကစားနေသောစွင်းမန်ရို့က မြင်သွားခဲ့ပြီး ငိုကြွေးခဲ့ရာ သူမ၏ငိုသံက အနီးနားရှိ စစ်သားတစ်ယောက်၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
အမှန်တကယ်၌ သူမ မငိုလျှင်တောင်မှ စစ်သားက သူ့အနား၌ ဖြတ်သွားလိမ့်မည်ဖြစ်ပြီး အခြားတစ်မိနစ်ခန့်အချိန်အတွင်း၌ပင် ဖြစ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ စွင်းမိသားစုသည် သူ့အသက်ကို ကယ်တင်ခဲ့ကြောင်း သတင်းဖြန့်လိုက်ကြပြီး သူက ငြင်းဆိုရန်လည်း မတတ်နိုင်ခဲ့ပေ။ စွင်းမန်ရို့တွင် ထုံမန်ကျစ်၏နာမည်ကဲ့သို့ပင် "မန်" ဟူသည့်စာလုံး ပါရှိကြောင်း သူ သိလိုက်ရသည်။
အရာအားလုံးက ဖြစ်ပွားရန် အကြောင်းဖန်လာသည်ဟု ခံစားရပြီး သူမကို ခေါင်းကိုင်မွေးစားမြေးမအဖြစ် တာ၀န်ယူရန် သဘောတူခဲ့သည်။
သူမက မွေးစားမြေးမသာဖြစ်ပြီး မြေးအရင်းမဟုတ်သည့်အပြင် တစ်ချိန်လုံး နာရီအတော်ကြာအလုပ်လုပ်နေခဲ့သောကြောင့် သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် အချိန်များစွာ မကုန်ဆုံးခဲ့ကြပေ။ စွင်းမန်ရို့အရွယ်ရောက်လာသည်နှင့်အမျှ သူမနှင့် တစ်ယောက်တည်း အချိန်ဖြုန်းခြင်းသည် မသင့်တော်တော့ချေ။
ထို့ကြောင့် သူတို့ရင်းနှီးသည်ဟု ပြောကြသည့်စကားများအားလုံးမှာ စွင်းမိသားစု၏ စကားများသာဖြစ်သည်။
စွင်းမန်ရို့သည် အမှန်တကယ်တွင် မည်ကဲ့သို့ သူမျိုးဖြစ်သည် သူသိခဲ့မည်ဆိုလျှင် သူမကို လက်ခံရန် ဘယ်သောအခါမှ သဘောတူမည်မဟုတ်ချေ။
အဘိုး၀မ်က ဗိုလ်မှူးရှောင်းနှင့် ရန်ဖြစ် မနေလိုချေ။ သူက ထုံရွှယ်လူဘက်သို့လှည့်လိုက်သည်။
" ရွှယ်လူ၊ မင်း ဒီအဘိုးကြီးကို မင်းအဘိုးအဖြစ် အသိအမှတ်ပြုချင်လား။ မင်း အဲလိုမလုပ်ချင်လည်း ရတယ်။ မင်းနောက်မှာ အဘိုး၀မ်ရှိတယ် "
ဗိုလ်မှူးရှောင်းမှာ ထိုစကားကိုကြားသောအခါ ဒေါသကြောင့် သေလုနီးပါးပင်။
" သွေးထိုးလှုံ့ဆော်တာကို ရပ်လိုက် အဘိုးကြီး ။ မင်းဘာလို့ဒီလိုလုပ်တာလဲ ငါသိတယ်။ မင်းက ငါ့ကို မနာလိုဖြစ်နေတာပဲ "
အဘိုး၀မ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဘာကြောင့် သူ့ကို မနာလိုဖြစ်ရမည်နည်း။ ရွှယ်လူက အနှေးနှင့်အမြန်ဆိုသလို သူ၏မြေး ချွေးမ ဖြစ်လာမည်ဖြစ်သည်။
ထုံရွှယ်လူက ထိုကိစ္စကို တစ်ချက်စဉ်းစားလိုက်သည်။
" ကျွန်မ ရှင့်ဆီ အကြောင်းမပြန်ခင် ကျားမင်ရယ် တခြားသူတွေနဲ့ စကားပြောဖို့ လိုတယ် "
ဗိုလ်မှူးရှောင်း၏ အဆင့်အတန်းနှင့် identityကြောင့် လိမ်ညာရန် အကြောင်းမရှိပေ။
ဗိုလ်မှူးရှောင်းက ထိုစကားကိုကြားသောအခါ ထိတ်လန့်တုန်လှုပ်သွားသော်လည်း မည်သည်ကိုမှ မပြောဝံ့ပေ။
" ကောင်းပြီ၊ ကောင်းပြီ။ မင်းတို့ ဆွေးနွေးကြ။ လောလောဆယ်တော့ ဝမ်အိမ်မှာနေမယ်။ မင်းကျုပ်ကို အမြဲလာပြီးပြောနိုင်တယ် "
အဘိုးကြီးရှောင်းသည် သူ၏အိမ်၌ နေထိုင်မည်ကို သိလိုက်ရချိန်မှာတော့ အဘိုး၀မ်က သူ့ အရှက်မဲ့မရှိဘူးဟု တိတ်တိတ်လေး ပြောဆိုလိုက်သည်။