အပိုင်း၁၉၉
Viewers 32k

🍵Chapter 199



ထုံရွှယ်လူသည် ထိုစာကိုမြင်သောအခါ လေးလံသောဝန်ထုပ်ဝန်ပိုးကို သူမ၏ပခုံးပေါ်မှ ‌လွတ်ကင်းသွားပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။


မူရင်းဝတ္ထုတွင် ထုံမောင်နှမများ၏ ကံဆိုးမှုသည် ထုံမိသားစုဟောင်းမှ ပေါက်ဖွားလာခြင်းဖြစ်သည်။


 အထူးသဖြင့် ကျယ်ကျင်းဟွာ၊ 

သူမသည် စုန်းမအိုကြီးတစ်ယောက်ကဲ့သို့ပင်။


ထုံမျန်မျန်သည် ငယ်စဉ်က စော်ကားခံခဲ့ရပြီး ကျန်ဘဝတစ်လျှောက်လုံး စိတ်ဒဏ်ရာများဖြင့် နေထိုင်ခဲ့ပြီး နောက်ဆုံး၌ သူမကိုယ်သူမ သတ်သေရန် ဆုံးဖြတ်လိုက်သည်။ ထုံကျားမင်နှင့် ထုံကျားရှင်း တို့သည်လည်း ကောင်းမွန်သည်မဟုတ်ပေ။


ယခုအခါ ဤစုန်းမကြီးက အဆုံးသတ်သွားခဲ့ပြီး ထုံညီအကိုမောင်နှမများ ထိုကဲ့သို့ အဆုံးသတ်မည်မဟုတ်တော့ပေ။


ထုံရွှယ်လူသည် စာ၏ တချို့အစိတ်အပိုင်းများကိုသာ မျှဝေခဲ့သည်။ သူတို့၏အဘိုးက ကျယ်ကျင်းဟွာအား မည်ကဲ့သို့ ထောက်ချောက်ဆင်ခဲ့သည့် အပိုင်းကို သူမ ကျော်သွားခဲ့ပြီး ကျယ်ကျင်းဟွာက ဥပဒေကို ချိုးဖောက်ခဲ့သဖြင့် ကွပ်မျက်ခံရမည်ဟုသာ သူမ ပြောပြသည်။


ထုံကျားမင်နှင့် ထုံကျားရှင်းတို့သည် ထိုစကားကိုကြားသောအခါ ထိတ်လန့်သွားကြသည်။


" မမကြီး၊ အဘွား ဘာဖြစ်သွားတာလဲ၊ အဘွားက ကျွန်တော်တို့ကို မထိခိုက်စေမို့ဘူးလား" ထုံကျားမင် မျက်မှောင်ကြုတ်လိုက်သည်။


ထုံရွှယ်လူ ခေါင်းယမ်းလိုက်သည်။ 


" အဲဒါကို မင်း စိတ်ပူနေဖို့ မလိုပါဘူး။ အဘိုးက အားလုံးကို ဂရုစိုက်ပေးခဲ့တယ်။ ငါတို့က အခုကစပြီး ရှောင်းမျိုးရိုးတွေ။ ငါတို့က ထုံတွေ မဟုတ်တော့ဘူး "


ထုံကျားရှင်း " မမနဲ့ကျွန်တော်က မျိုးရိုးဟောင်းကို ဆက်ထိန်းထားမယ် ထင်ခဲ့တာ "


ထုံရွှယ်လူက "အစ်မတို့က တူညီတဲ့အိမ်ထောင်စုမှတ်ပုံတင်အောက်မှာ မျိုးရိုးအမည်တစ်ခုထက်ပိုရှိနိုင်တယ်။ အခုအချိန်ကစပြီး အစ်မတို့က ရှောင်းမိသားစုရဲ့အိမ်ထောင်စုမှာရှိတယ်။ အစ်မတို့ဘယ်မျိုးရိုးအမည်ကို အသုံးပြုလဲနဲ့က မသက်ဆိုင်ဘူး "


သူတို့၏အိမ်ထောင်စုစာရင်းကို ရှောင်းဘက်သို့ လွှဲပြောင်းပေးမည်ဖြစ်သည်။ ထုံရွှယ်လူ နှင့် ထုံကျားရှင်းတို့သည် ၎င်းတို့အဘွား၏ မျိုးရိုးအမည်ကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်သည်။


ထုံရွှယ်လူသည် ယနေ့ခေတ်အခါတွင် ထိုကဲ့သို့ လုပ်နိုင်မည်ကို မသေချာချေ။ သို့သော် သူတို့အဘိုး၏ အဆင့်အတန်းနှင့် အဆက်အသွယ်များကြောင့် ဤကိစ္စမှာ ပြဿနာဖြစ်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့်သူတို့ စိတ်ပူစရာ မလိုပေ။


ကျယ်ကျင်းဟွာ၏အဖြစ်အပျက်ကြောင့် သူတို့ထိခိုက်မည်မဟုတ်ကြောင်း သိလိုက်ရသောအခါ ထုံညီအစ်ကိုများသက်ပြင်းတစ်ချက်ချလိုက်သည်။


ထုံမျန်မျန်က တစ်ယောက်ပြီးတစ်ယောက်အား  မျက်လုံးကြီးကြီးများဖြင့် ကြည့်ရင်း ငေးနေသည်။


လမုန့်လေးက ခေါင်း‌စောင်းလိုက်ပြီး သူ့မျက်လုံးထဲ၌  တူညီသည့် ပဟေဋ္ဌိဖြစ်မှုများ ရှိနေလေသည်။


တကယ်ပင် ချစ်ဖို့ကောင်းလေသည်။


🍵


ယနေ့မနက် ထုံရွှယ်လူနိုးလာသောအခါ အပြင်ဘက်တွင် ဆီးနှင်းများကျနေသည်ကို သတိပြုမိသည်။


နှင်းများကျနေဆဲဖြစ်ပြီး တံစက်မြိတ်၊ အမိုးနှင့် သစ်ပင်များပေါ်၌ အလွှာတစ်ခုဖြစ်နေသည်။ အကိုင်းအခက်များက ကြည်လင်သောရေခဲများအဖြစ်သို့ ပြောင်းလဲသွားကာ ကမ္ဘာတစ်ခုလုံးက ကွဲပြားနေသည်။


ထုံရွှယ်လူ သူမ၏ အသက်ရှုသွင်းသည့်‌လေများကို မြင်နိုင်နေသည်အထိ အေးနေသည်  သူမ အမှန်တကယ် အလုပ်မသွားလိုပေ။


ဤကဲ့သို့သောနေ့ရက်တွင် မည်သည်ကိုမျှ မပြုလုပ် ဘဲ အိပ်နေသင့်၏။


ကံမကောင်းစွာ ရာသီဥတုက အေးသလောက် သူမ အလုပ်သွားရန် လိုအပ်နေသေးသည်။ သူမ အမြန်ထလိုက်ကာ မနက်စာ စားသည်။


တံခါးဖွင့်လိုက်သည့် အေးစက်သည့် လေ‌များတိုက်ခတ်သွားပြီး သူမအား နှာချေစေသည်။ နှင်းဖုံးနေသည့်မြေပြင်မှာ အစာရှာနေသည့် ရှောင်လျို ကြောင်အသွားခဲ့သည်။ နှင်းများဖုံးလွှမ်းနေသည့်မြေပြင်ကို ကြက်ခြေထောက်အမှတ်အသားများက ဖုံးလွှမ်းထားသည်။


ထုံရွှယ်လူသည် မနေ့ညက သူမပြုလုပ်ထားသော ဖက်ထုပ်များကို အိုးထဲသို့ ပစ်ထည့်လိုက်သည်။ ထုံကျားရှင်းနှင့် ထုံကျားမင်တို့သည် ဖက်ထုပ်များ အဆင်သင့်မဖြစ်မီ နိုးလာကြသည်။


မနက်စာစားနေစဥ် သူမမေးလိုက်သည်။


 " အစ်မမှတ်မိတာမှန်ရင် မင်းရဲ့နောက်ဆုံးစာမေးပွဲက ဒီနေ့မလား" 


ထုံကျားရှင်းသည် ထိုစကားကိုကြားသောအခါတွင် သူ့လည်ပင်းကိုကျုံ့လိုက်ပြီး ခေါင်းကို ပို၍ပင် ငုံ့လိုက်သည်။


ထုံကျားမင်က ခေါင်းညိတ်လိုက်သည်။


 " ဟုတ် ဒီနေ့က နောက်ဆုံးစာမေးပွဲနေ့ "


ထုံရွှယ်လူက ထုံကျားရှင်းကို တစ်ချက်ကြည့်လိုက်သည်။ 


" အကောင်းဆုံး ကြိုးစားအားထုတ်။ အစ်မတို့က ထုံမိသားစုနဲ့ မိသားစုမဟုတ်တော့‌ပေမဲ့ လောင်းကြေးက ဆက်ရှိနေသေးတယ်နော်။ အစ်မ မင်းကို ထုံမိသားစုဆီကို ပြန်မပို့နိုင်ဘူး၊ ဒါပေမယ့် အဘိုးကို အဖော်ပြုဖို့ ပို့ပေးနိုင်တယ် "


ကံကောင်းသည်ဟု ထင်နေသော ထုံကျားရှင်း "……"


အတိတ်၌ သူ စာအလွန်ကြိုးစားနေခဲ့ပြီး လွန်ခဲ့သည့် တစ်ပတ်ခန့်က သူတို့သည် ထုံ နှင့် မိသားစုမဟုတ်တော့ကြောင်း သိလာသောအခါတွင် စိတ်လျော့ချလိုက်သည်။ သူတို့၏လောင်းကြေးမှာ အသုံးမ၀င်တော့ဟု သူက ထင်ခဲ့၏။ ထုံရွှယ်လူက အရာအားလုံးကို ကြိုတင်စဉ်းစားပြီးသွားပြီဖြစ်နေသည်။


' ဝူး ဝူး  အစ်မကြီးက အရမ်းကြောက်စရာကောင်းတယ် '


မနက်စာစားပြီးနောက် အလုပ်သွားရမည့်သူများ အလုပ်သွားကာ ကျောင်းသွားမည့်သူများ ကျောင်းသွားကြသည်။ ထုံမျန်မျန်ကိုမူ ထုံးစံအတိုင်း ဝေ့အိမ်ဆီသို့ ခေါ်ဆောင်သွားသည်။


ဝေ့မိသားစုသည် ထုံမွေးချင်းများကို မိဘမဲ့ဖြစ်စဥ််က ကူညီခဲ့နိုင်သည်ကို ၀မ်းသာလေသည်။ ယခုအခါ သူတို့သည် ဗိုလ်မှူးရှောင်း၏ မြေးများဖြစ်ကြောင်း သိလိုက်ရပြီးနောက် သူတို့က ပို၍တောင်မှ ပျော်ရွှင်သွားကြသည်။ သူတို့သည် ထုံမျိုးနွယ်ကလေးများကို သူတို့၏ ကလေးများကဲ့သို့ ဆက်ဆံကြသည်။


🍵


ထုံရွှယ်လူသည် ရှောင်ထျန်းနှင့်အတူ ပါဝင်ပစ္စည်းများကို ဈေးဝယ်နေစဉ် ဈေးချနေသည့် သိုးသားကို တွေ့ရှိသည်။ ထို့ကြောင့် သူမသည် သိုးသားနှင့် ကလီစာအစိတ်အပိုင်းအချို့ကို ၀ယ်လာခဲ့သည် သူမ၏အစီအစဥ်မှာ သိုးသားစွပ်ပြုတ်တစ်အိုးကို ပြုလုပ်ရန်ဖြစ်သည်။


ယခုကဲ့သို့ ရာသီဥတုမျိုး၌ ပူစပ်ကာထုံသည့် သိုးသားစွပ်ပြုတ် ပန်းကန်လုံးတစ်လုံးကို မည်သည့်အရာကမျှ အနိုင်ယူနိုင်မည် မဟုတ်ပေ။


သူမသည် သိုးသားနှင့်ကလီစာများကို စွပ်ပြုတ်ဟင်းရည်အဖြစ် ပြောင်းလဲကာ နံပြားအချို့ပြုလုပ်သည်။


ဧည့်သည်များသည် သိုးသားစွပ်ပြုတ်တွင် နံပြားကို ရွေးချယ်ခွင့်ရှိပြီး မလိုချင်သည့်သူများက စွပ်ပြုတ်သာလျှင် မှာယူ၍လည်း ရပေသည်။


စွပ်ပြုတ်ထဲ၌ ကြာဇံ၊ ပဲပင်ပေါက်၊ နံနံပင်ပါရှိပြီး သိုးသား အသားလွှာကို အပေါ်မှာ ဖုံးတင်ထားသည်။


စွပ်ပြုတ်သည် အာဟာရဓာတ်ကြွယ်ဝပြီး သိုးသားအသားက အဆီများပေမယ့် အလွန်အမင်း မဟုတ်ပေ။ နံပြားနှင့် တွဲဖက်စားသုံးသည့်အခါ အလွန်မွှေးကြိုင်နေပြီး အလွန်အရသာရှိလေသည်။


မွန်းတည့်မတိုင်မီ၌ အရှေ့လေပြေစားသောက်ဆိုင်တွင် သိုးသားစွပ်ပြုတ်ချက်ပြုတ်ထားသည့် အိုးကြီးတစ်လုံးကို ၎င်းတို့၏ဆိုင်ရှေ့တွင် ထားရှိထားပြီး လေပြေတိုက်သောအခါ ထိုရနံ့သည် ရှည်လျားဝေးကွာသည့်နေရာအထိ ပျံ့နှံ့သွားနိုင်သည်။


လူတော်တော်များများက စားသောက်ဆိုင်မှာ ထမင်းစားရန် စိတ်ကူးမရှိကြပေ။ အမှန်တကယ်၌  အများစုသည် ဤခေတ်ကာလတွင် မချမ်းသာကြပေ။ သို့သော် အနံ့က လွှမ်းမိုးလွန်းလှသည်။ အနံ့မခံမိလျှင်အဆင်ပြေနိုင်သော်လည်း  အနံ့ခံမိသွားပြီးသည်နှင့် အားလုံးပြီးသွားပြီဖြစ်သည်။


အထူးသဖြင့် ကလေးရှိသည့်သူများပင်။ ကလေးများက ဟင်းရည်ကို တစ်ခါ အနံ့ခံပြီးသည်နှင့် အပြင်သို့ မထွက်ကြတော့ပေ။ ထို့ကြောင့် စားသောက်ဆိုင်၏ အပြင်ဘက်တွင် မြန်မြန်ဆန်ဆန် ရှည်လျားသည့် လူတန်းတစ်ခု ဖြစ်ပွားသွားသည်။


သိုးသားဟင်းရည်တစ်ပန်းကန်သည် အစားအသောက်လက်မှတ် ၂ စောင်နှင့် ၁၅ ဆင့် ကျကာ နံပြားတစ်ခုက  ၁၀ ဆင့် ကုန်ကျသည်။ မည်သည့်ထပ်တိုးအစားအသောက်များမဆို အပိုကုန်ကျမည်ဖြစ်သည်။


တချို့က စားသောက်ဆိုင်၌ စားသုံးကြပြီး တချို့သူများမှာ နေ့လည်စာအတွက် ပါဆယ်ယူဆောင်သွားကြသည်။


နှင်းကျသည့် ပထမဆုံးနေ့၌ လူတော်တော်များများက သိုးသားဟင်းရည်ကို စားသုံးနေကြသည်။


ငရုတ်ကောင်းက စပ်၍ထုံနေပြီး ကြက်သွန်မြိတ်က စိမ်းစိုသည်။ သိုးသားဟင်းချိုသည် အာဟာရကြွယ်ဝပြီး  အစပ်နှင့်အရသာရှိမှုက ရောနှောကာ လျှာကိုပင် မတော်တဆ မျိုချသွားနိုင်သည်။


ထိုအရာများအပြင် စားသုံးပြီးနောက်ပိုင်းမှာ ခန္ဓာကိုယ်က ပူလာပြီး အအေးဒဏ်ကို မခံစားရပေ။


အထွေထွေထောက်ပံ့ပို့ဆောင်ရေးဌာနရှိ ထုံမိသားစုသည် ထုံရွှယ်လူက အဆင့်တစ်စားသောက်ဆိုင်၏ မန်နေဂျာအဖြစ် ရာထူးတိုးမြှင့်ခံရပြီး ဗိုလ်မှူးရှောင်း၏ မြေးမဖြစ်ကြောင်း နောက်ပိုင်းတွင် တခြားသူများ၏ နှုတ်ထွက်စကားများမှသာ သိရှိသွားသည်။


ထိုအကြောင်းကို ကြားသည့်အခါ ထုံမိသားစုတစ်ခုလုံး ငြိမ်သက်သွားကြသည်။


ထုံရွှယ်လူက ထိပ်တန်းစားသောက်ဆိုင်တစ်ခု၏ မန်နေဂျာဖြစ်ရခြင်းမှာ ကြီးကြီးမားမားကိစ္စမဟုတ်ပေ။ သူတို့သည် သူမ၏ စားသောက်ဆိုင်တွင် ထမင်းစားရန် မလိုပေ။ သို့သော် သူမက ဗိုလ်မှူးရှောင်း၏မြေးမလေးဖြစ်ခြင်းမှာ  အံ့သြစရာဖြစ်သည်။


သူမက ဗိုလ်မှူးရှောင်းကဲ့သို့ ပုဂ္ဂိုလ်နှင့် တစ်ခုခုပတ်သက်မည်ဟူ၍ လုံး၀ ထင်မထားခဲ့ကြပေ။


ထုံမိသားစုသည် အစိုးရအတွက် အလုပ်လုပ်ပေးပြီး ထိုသည်က အခြားသူများဆီ၌ မျက်နှာရသည်ဟူ၍သာ ဆိုလိုသည် ။


ထုံပါပါးသည် တစ်နှစ်အကြာတွင် အငြိမ်းစားယူတော့မည်ဖြစ်ပြီး ထုံအစ်ကိုနှစ်ဦးမှာ အလုပ်နှင့် ပတ်သက်သောအခါ၌ စွမ်းဆောင်ရည်နိမ့်ပါးကြသည်။  သူတို့ညီအကို၏ရာထူးတိုးနိုင်မည့် အခွင့်အလမ်းက စိတ်ပျက်ဖွယ်ရာဖြစ်သည်။ သူတို့သာ ထုံရွှယ်လူက ဗိုလ်မှူးရှောင်း၏ မြေးမဖြစ်သည်ကို သိရှိခဲ့လျှင် သူမနှင့် ယခုကဲ့သို့ အဆက်အသွယ် ဖြတ်တောက်မည်မဟုတ်ချေ။


ထုံရွှယ်လူတို့၌ ကိစ္စအများအပြားဖြစ်ပျက်ခဲ့ပြီး ဖန်မိသားစုက သူတို့ကို ကူညီရန် ထုံမိသားစုဆီသို့ အကူအညီတောင်းခဲ့သော်လည်း သူတို့က မည်သည်ကိုမျှ မပြုလုပ်ပေးခဲ့ချေ။ ယခုအခါ သူတို့သည်  ထုံရွှယ်လူကို အလွန်ချော့မော့လိုကြပြီး ရှက်မိနေကြသည်။


ချန်ယွဲ့လင် စိတ်မကောင်းဖြစ်သွားသည်။ သူမနှင့်သူမခင်ပွန်းတို့သည် ထုံရွှယ်လူကို ကူညီလိုသော်လည်း ယောက္ခမက ခွင့်မပြုခဲ့သည့်အပြင်  သွားရောက်လည်ခွင့်ကိုပင် မပေးခဲ့ချေ။


ယောက္ခမကသာ သူမတို့ကို မတားဆီးခဲ့လျှင် ယခု ထုံရွှယ်လူအား မြှောက်ပင့်လိုသည့်အခါ ဤမျှခန့် နေရခက်နေမည်မဟုတ်ချေ။ ထိုအတွေးကြောင့် သူမ  ယောက္ခမကို အပြစ်မတင်ဘဲ မနေနိုင်ပေ။


ထုံမားမားသည် ခင်ပွန်းသည်မှ သူမအား ဖျောင်းဖျပြောဆိုခဲ့ခြင်းကြောင့် ထုံရွှယ်လူအား မုန်းတီးခြင်းကို စွန့်လွှတ်ခဲ့ပြီးဖြစ်သည်။  သူမ ဤမွေးစားသမီးကို တစ်ခါမျှ မရှိခဲ့သကဲ့သို့သာ ဟန်ဆောင်နေလိုက်လေသည်။


သူမ၏အမြင်အရ ထုံရွှယ်လူ နှင့်သူမ၏မွေးချင်းများသည် ထိုစဉ်က ထုံမိသားစုအား ဝန်ထုပ်ဝန်ပိုးဖြစ်စေသော မိဘမဲ့ကလေးများဖြစ်ကြသည် ။ အရည်အချင်းရှိသော်လည်း ထိုမျှနှင့် ဘဝမှာ ဝေးဝေးသွား၍ မရနိုင်ပေ။


ထုံမာမားသည် ယခုကဲ့သို့ကိစ္စများ ဖြစ်ပျက်သွားမည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထုံရွှယ်လူက ဗိုလ်မှူး‌ရှောင်း၏မြေးမ‌လေးဖြစ်ရုံသာမက သူမချစ်သူမှာလည်း ဗိုလ်မှူးဝမ်၏မြေးဖြစ်သည်။ ထိုအကြောင်းကို တွေးလိုက်သောအခါတွင် သူမ၏မျက်နှာက ရှုံ့တွနေပြီး သူမ၏ကိုယ်ပိုင်လုပ်ရပ်များအတွက် နောင်တရနေသည်။


ဆေးရုံတွင် သူမလုပ်ခဲ့သည်များကို မပြောခဲ့လျှင် ထုံရွှယ်လူနှင့်  ခင်မင်ရင်းနှီးသည့် ဆက်ဆံရေး ဆက်လက်ရှိမည်ပင်ဖြစ်သည်။ ယခုမူ သူမထံ၌ ထုံရွှယ်လူကို ပြန်ဆက်သွယ်ရန် အကြောင်းပြချက် တစုံတစ်ရာ မရှိတော့ချေ။