အပိုင်း၄
Viewers 7k

Chapter 4


အကောင်းဘက်ကရေးသားတင်ပြထားသည်ဆိုလျှင်တောင်မှ သတင်းတွင်နာမည်အစစ်ကိုမသုံးဘဲ များသောအားဖြင့် နာမည်တူသာ သုံးလေသည်။


ဝမ်ယွီက သူ့မေးစေ့အား ပွတ်သပ်လိုက်သည်။


‌ရှောင်နဉ်တဲ့လား....


ထိုနေ့ကသူအနောက်တံခါးရဲ့ နောက်ဆုံးတန်းတွင်ထိုင်ခဲ့တုန်းက တစ်စုံတစ်ယောက်က အတန်းဆင်းဘဲလ်မတီးသေးခင် စာသင်ခန်းမှ တိတ်တဆိတ် ခိုးထွက်သွားတာကိုမြင်လိုက်သည်။


သူမက အတော်လေးသတ္တိရှိတဲ့ မိန်းကလေးပင်။ ဆရာမိမှာကြောက်တာကြောင့် သူမခါးအားကွေးကာ ကြောင်တစ်ကောင်လိုမျိုး တိတ်တိတ်လေးခိုးထွက်သွားခဲ့သည်။


သို့ပေမယ့် မိန်းကလေးက သူမခေါင်းကိုလှည့်လိုက်စဉ် သူမရဲ့နူးညံ့လှပတဲ့မျက်နှာလေးပေါ်လာလေသည်။


ထိုတခဏ ဝမ်ယွီ၏နားထဲ မည်သည့်အသံတွေကိုမှ မကြားရတော့ချေ။


ဆရာ၏ ပို့ချချက်တွေ ကျောင်းသားတွေရဲ့တီးတိုးစကားသံတွေ စာရွက်လှန်သံတွေအကုန်လုံး ပျောက်ကွယ်သွားသည်။


သူ့အတိတ်ဘဝတွင် ဝမ်ယွီက နောက်ပိုင်း၌ ကျိအန်းနဉ်အပေါ်သူ့နှလုံးသားထဲ မည်မျှနက်နက်နဲနဲစွဲလမ်းနေသလဲဆိုတာကို သက်သေပြခဲ့လေသည်။


သို့သော် ယခုဘဝတွင်မူ ဝမ်ယွီက ဘာကိုမှ မသိရှိပေ။....ဝမ်ယွီက သူ ကျိအန်းနဉ်အား ပထမဆုံးမြင်လိုက်ချိန်တွင် သူ့နှလုံးသားနှင့် မျက်လုံးတို့ တပြိုင်နက်တုန်လှုပ်မိသွားပြီး ထူးဆန်းတဲ့ ခံစားချက်သာကျန်ရှိနေခဲ့၏။


သူက သူမ မပျောက်သွားခင်အထိ သူမအားစူးစူးစိုက်စိုက်ကြည့်နေမိခဲ့သည်။


သူက ပြတင်းပေါက်ကိုတိတ်တဆိတ်ဖွင့်ကာ ကြည့်လိုက်‌သည်.. သိပ်မကြာခင်မှာပင်၊ သူမကအဆောက်အဦးထဲမှ ထွက်ပြေးသွားတော့သည်။


အကယ်၍ သူမထံတွင် တောင်ပံတစ်စုံရှိနေပါက သူမကပျံသန်းသွားလောက်သည်။သူမပုံစံမှာ နတ်သူငယ်လေး ပေါ့ပါးသွက်လက်စွာ ပျံသန်းနေသလိုပင်...။


နောက်တစ်နေ့တွင်လည်း သူက သူမကို ထပ်မြင်လိုက်ရပြန်သည်။


သူမက ကန်တင်းမှ လက်တစ်ဖက်၌ အိတ်ကြီးကိုင်ကာနဖူးတွင်ချွေးဆို့လျက် အလောတကြီးထွက်လာချိန်တွင် သူကကော်ဖီဆိုင်သို့လျှောက်လာခဲ့မိသည်။ သူမကမူ သူ့အား တစ်ချက်လေးမျှပင် သတိမပြုမိပေ....။


သူမပုခုံးက ပိန်ပါးနေပေမယ့်လည်း အတော်လေးလေးဟန်ရှိတဲ့ အိတ်ကြီးဖြင့် အမြန်ပြေးသွားတော့၏။


သူက သူမပြေးနေရင်းနှင့်ပင် ကန်တင်းမှတာဝန်ခံအဒေါ်ကြီးအား နှုတ်ဆက်သွားတာကိုပင် မြင်ခဲ့ရသေးသည်။ကော်ဖီဆိုင်မှ အဒေါ်ကြီးထံ သူကသူမအကြောင်းမေးမြန်းခဲ့သည်။


"အို့ သူမလား" အဒေါ်ကြီးက​ဆိုသည်။


"ဒီမန်းမလှလေးက ငွေရှာတာအရမ်းတော်တယ်လေ.... သူ့ကျောင်းက အတန်းဖော်အတွက် အမှာစာတင်ပေးပြီး သူမကအခကြေးငွေယူတယ်လေ..."


ကျောင်းရှိအတန်းဖော်တွေအတွက် အမှာစာ ကူကောက်ပေးတာမျိုးအပြင် ရေနွေးယူပေးခြင်းနှင့်တန်းစီစောင့်ကာ အခြားသူအတွက် နေရာဦးထားပေးခြင်းသည် အထူးအဆန်းတော့မဟုတ်ပေ။ သူတို့အချင်းချင်း စီးပွားပြိုင်နေကြတာဟုပင် ပြောလို့ရသည်။


သူမက ပိုက်ဆံကို အရမ်းကြီးလိုနေတာများလား...


သူမတကယ်ကိုလိုနေလောက်တယ်...


ဝမ်ယွီက သူမကန်တင်းမှာ ဟင်းရွက်တစ်မျိုးတည်းသာ ‌မှာနေတာကိုသာ မြင်နေရသဖြင့် သူမက ယာဂုအလကားရရန် သွားလောက်မည်မှန်း သူခန့်မှန်းဖြစ်သည်။


သူမက ဝိတ်လျော့စရာမလိုချေ။ သူမက ပိန်ပါးနေပြီးသားပင်။ဟွာတက္ကသိုလ်တွင် ခါးသေးပြိုင်ပွဲသာ ကျင်းပမည်ဆိုပါက သူမ‌ကကျိန်းသေပေါက်အနိုင်ရမည်ကို ‌သူလောင်းရဲ၏။


မိန်းကလေးတစ်ယောက်က အဓိကဟင်းလျာမပါဘဲ တစ်ပန်းကန်သာ စားလျှင် ဝိတ်ကျနိုင်သော်လည်း ယာဂုမှာအဓိကအစားအစာဖြစ်လျှင် လူကိုဝိတ်တက်စေနိုင်သည်။


သူမက ငွေစုဆောင်းချင်ရုံသာဖြစ်နိုင်သည်။


သူမကန်တင်းထဲဝင်လာသည့်အချိန်ကို ဝမ်ယွီမြင်လိုက်သည့်အချိန် သူက သူမအကြောင်း ယောင်္ကျားလေးများနှင့် ဆွေးနွေးနေခဲ့ပြီး သူမ ယာဂုသွားယူချိန်မှာ ဝမ်ယွီလူတစ်ယောက်ကို ကန်လိုက်ကာ "အခုချက်ချင်း ယာဂုပန်းကန်ထဲတစ်ခုခုလွှင့်ပစ်လိုက်..."


ထိုလူက မိန်းကလေးနှင့် သူမရဲ့ယာဂုပန်းကန်ကို တစ်လှည့် သူ့လက်ထဲတွင် ကြေမွနေသော တစ်ရှူးကိုတစ်လှည့်ကြည့်ကာ သဘောပေါက်လိုက်လေသည်။


သူကပြုံးလိုက်ကာ ဝမ်ယွီပြောသလိုလုပ်လိုက်၏။


ထို့နောက် ဝမ်ယွီက စကားစပြောရန် ထရပ်လိုက်တော့သည်။


သူအစီအစဥ်က အိုခေမှာဆိုပြေသွားလိမ့်မယ်လို့ ထင်ခဲ့ပေမယ် မမျှော်လင့်ဘဲ သူမကဇာတ်ညွှန်းကို မလိုက်နာလိမ့်မည်ဟု မထင်ထားခဲ့ချေ။


သို့သော် သူမ ဘယ်သူလဲဆိုတာ သိရန်လုံလောက်ခဲ့ပေသည်။ သူကဒါရိုက်တာမာကို နေ့လည်ခင်း‌တွင်မေးရန် တွေးထားလိုက်သည်။


ယခုလေးတင်  ချန်းဟောင်နံဘေးတွင် ယောင်္ကျားလေးများ ဝိုင်းအုံနေကာ သူ့ဖုန်းကိုကြည့်နေခဲ့သည်။


"သူမခါးကသေးသေးလေးကွ..."


သူတို့အားလုံး ပြိုင်တူလက်ခံလိုက်ကြသည်။


ဝမ်ယွီက ခဏလောက်ငြိမ်နေပြီးမှ သူ့အရှေ့ဘက်တွင်ရှိနေတဲ့ ချန်းဟောင်၏ဖုန်းကို ‌တစ်ချက်ကြည့်ကာ ဆွဲယူလိုက်သည်။


ဆောင်းပါး၏ အောက်ခြေဘက်တွင် ဓာတ်ပုံများစွာရှိနေပြီး တစ်ပုံတွင်မူ ကျိအန်းနဉ်၏နောက်ကျောတစ်ပိုင်းကို ပြသထားသည်။


ထိုနေ့ကနေ့လယ်ခင်းနေက အရမ်းတောက်ပနေပြီး ဝမ်ယွီအိပ်ချင်လာ၍ အတန်းဆင်းဘဲလ် အမြန်ပြီးဖို့ကိုမျှော်လင့်နေမိသည်။ သူခေါင်းလှည့်လိုက်ချိန်မှာ ‌ခါးသေးသေးလေးကို မြင်လိုက်ရပြီး မျက်လုံးတွေဂဏာမငြိမ်ဖြစ်သွားရသည်။


သူ့နှလုံးသားဟာလည်း တစ်လက်မချင်းစီ တစ်ဖျက်ဖျက်ဖြင့် လုံး၀မငြိမ်သက်တော့ပေ။


ဝမ်ယွီက ချက်ချင်းပင် ဝဘ်စာမျက်နှာအား ပိတ်လိုက်ကာ အဖွဲ့သားများအား မျက်ခုံးပင့်ကြည့်လိုက်ပြီး ချန်းဟောင်ထံဖုန်းအားပစ်ပေးလိုက်သည်။


အဖွဲ့ကချက်ချင်းဆိုသလို သူတို့ပါးစပ်အားအော်တိုပိတ်မိလိုက်ကြပြီး ရှောင်နဉ်လို့ခေါ်သည့် ကောင်မလေးအကြောင်း ဝေဖန်လို့မရဘူးဆိုတာကို နားလည်လိုက်သည်။


ဝမ်ယွီတော့ ချစ်မိသွားပြီဟ....


ကျိအန်းနဉ်က ကန်တင်းမှထွက်ကာ ဝမ်ယွီအား ရှောင်တိမ်းလိုက်သည်။ သူက သူမအားလိုက်နေပြီဟု မထင်ချေ။ဤနှစ်ရက်အတွင်း သူမဆီသို့ ဘယ်လိုပြဿနာမျိုးကိုမှ မဖိတ်ခေါ်ချင်သေးပေ။ နေ့လည်ခင်းတွင် မိန်းကလေးအဆောင်မှ အမှာစာများ ဝယ်ပေးပြီးနောက် သူမက ကျောင်းလွယ်အိတ်အားယူလျက် ကျောင်းမှထွက်ကာ ကားမှတ်တိုင်ဆီသို့ ဦးတည်လေသည်။


သူမကျောင်းဂိတ်မှာထွက်လာပြီးနောက်တွင် အနက်ရောင်ဟမ်မာကားတစ်စီးက ‌လမ်းဘေးတွင်ရပ်နေတာကို မြင်လိုက်ရသည်။သူမခေါင်းအား ပြန်လှည့်၍ မမြင်ဟန်ဆောင်ကာကားမှတ်တိုင်ဆီသို့ အမြန်သုတ်ခြေတင်တော့၏။


ရုတ်ချည်းဆိုသလို ကားဟွန်းသံက သူမနောက်မှထွက်လာသည်။


ကျိအန်းနဉ် တစ်ခဏခန့်ရပ်မိသွားပြီးမှ ကားဂိတ်ဆီသို့ အလောတကြီးသွားတော့သည်။


သူ့ဟမ်မာ‌ကားထဲတွင် ထိုင်နေသော ဝမ်ယွီ "...."


ဝမ်ယွီကသူနဲ့ရင်းနှီးတဲ့ ဒါရိုက်တာမာဖြင့်တွေ့ပြီးနောက် ကျိအန်းနဉ်၏ မိသားစုအခြေ‌အနေ၊ အတန်းချိန်မှစကာ သူမ၏ ကျောင်းသားကတ်အထိတဆုံး သူမရဲ့ အချက်အလက်အကုန်ရရှိခဲ့သည်။


သူက သူမ‌ကိုကျောင်းကြိုပေးရန် သေချာလေးအချိန်ပေးခဲ့သည်။ သူမကိုသူတွေ့တာနှင့် ကားဟွန်းတီးလိုက်ပေပေမယ့် သူမကတော့ သူ့ဟွန်းသံကို မကြားချင်ဟန်ဆောင်နေ၏။


ဝမ်ယွီသည် ကားပေါ်မှဆင်းကာ သူမအားခေါ်ချင်သော်လည်း သူမက ကားမှတ်တိုင်သို့ အလျင်အမြန်လျှောက်သွားပြီး ကကားစောင့်နေတဲ့ လူအုပ်ကြားထဲပျောက်ကွယ်သွားတာကိုမြင်လိုက်ရသည်။


ကျောင်းအနီးနားတွင် လူသုံးကုန်ဈေးရှိနေတာကြောင့် ထိုနေရာတွင်ရှိသော လူအများစုမှာ သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းတို့သာဖြစ်ပြီး ယခုအချိန်တွင်လူအတော်လေးလူစည်နေပြီဖြစ်သည်။


ဝမ်ယွီကခြေနှစ်လှမ်းလှမ်းလိုက်ပြီးမှ ရပ်တန့်ကာ ဆက်မလျှောက်တော့ပေ။


သေချာပေါက်ကို...ကျိအန်းနဉ်က ကားဟွန်းတီးသံကိုကြား၏။


သူမရဲ့အတိတ်ဘဝတွင် သူနှင့်အတူစားခဲ့သည့် ထို့နေ့ နေ့လယ် ကျောင်းပြီးချိန်တွင်သူမကိုစောင့်ဖို့အတွက် ကျောင်းဂိတ်သို့ ဟမ်မာကားကြီးမောင်းပြီး သူမသွားချင်သည့်နေရာအား လိုက်ပို့ပေးမည်ဟုပြောလေသည်။


ထိုအချိန်ထိ သူက ယဉ်‌ကျေးနေဆဲဖြစ်ကာ သူနှင့်မတူအောင် အလွန်အမင်းသည်းခံလေသည်။ သူမသူ့ကို ငြင်းကာ ဘတ်စ်ကားသာစီးသွားသော်လည်း လမ်းတစ်ဝက်တွင် သူ့ကားအား အဆုံးတွင် စီးလိုက်ရသည်။


ထိုအချိန်မှစကာ သူမက အရှုပ်အထွေးများမှ မလွတ်မြောက်နိုင်တော့ပေ။


ယနေ့မတိုင်ခင်၊ မနေ့က သူမကျောင်းမှထွက်လာချိန် သူမကိုစောင့်နေမည့် ဟမ်းမားကားအားမတွေခဲ့ပေ။ သူမထင်ခဲ့တာက သူမရဲ့ပြန်လည်မွေးဖွားမှုက အဖြစ်အပျက်လမ်းကြောင်းတွေကို ပြောင်းလဲစေနိုင်ခဲ့သည်ဟုယုံကြည်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်မိသေးသည်။


ကျိအန်းနဉ်က လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ ပြန်လည်မွေးဖွားလာသူဖြစ်သဖြင့် သူမစိတ်တွေရှုပ်ထွေးနေဆဲဖြစ်သည်။သူမကဝမ်ယွီကို ဘယ်လိုရင်ဆိုင်ရမလဲ နားမလည်နိုင်သေးသဖြင့် သူနှင့်လောလောဆယ်မတွေ့ချင်သေးပေ။


ယနေ့မတိုင်ခင်အထိသာ၊ ဘယ်သူကများ သူက သူမကို ယခင်ကလို ကျောင်းဂိတ်၀မှာစောင့်နေဦးမည်ဟု သိလိမ့်မလဲ။


တစ်ချိန်ကအဖြစ်အပျက်တွေက ထပ်မဖြစ်ဟု မဆိုလိုပေ။ နှစ်ရက်လောက် နောက်ကျသွားရုံသာ။


ကျိအန်းနဉ်က လူကြားထဲပုန်း၍ ချောင်းကြည့်ရာ ဝမ်ယွီသည်ကားပေါ် မှဆင်း၍ ပြန်တက်သွားတာကိုမြင်လိုက်သည်။ သူ့လိုမျိုး လူချမ်းသာတစ်ယောက်က လူကြီးသူမနှင့် လူလတ်ပိုင်းကြားထဲသို့တိုးဝင်ချင်မည်မဟုတ်ချေ။


ဘတ်စ်ကားကမှတ်တိုင်ကို ရောက်လာလျှင် ခရီးသည်များက ‌ကောင်းကောင်းမွန်မွန် မျှမျှတတ ဖြင့် လူတိုင်းက ကားထဲဝင်ဖို့တန်းစီကြလေသည်။ သို့သော် လူ့အချို့ကမူ မသိမသာတိုးဝှေ့နေလေသည်။


ကျိအန်းနဉ်တစ်ယောက် ကားပေါ်တွင်မတ်တပ်ရပ်ကာ ကဒ်ဖြတ်နေစဉ်တွင် သူမတင်ပါးကို တစ်ယောက်ယောက်ထိလိုက်သည်ဟု ခံစားလိုက်ရသည်။ သူမလှည့်ကြည့်လိုက်သောအခါ သူမနောက်တွင်မျက်မှန်တပ်ထားပြီး ဘဝင်ဟပ်နေဟန်ရှိသည့် လူတစ်ယောက်ကိုမြင်လိုက်ရ၏။


"မြန်မြန်လုပ်... ရပ်မနေနဲ့ကွ...လမ်းပိတ်နေပြီ...."


"ဘာလို့များ ဒီလူကိုပဲထပ်တွေ့နေရပြန်တာလဲ..." 


ကျိအန်းနဉ်တွေးနေမိသည်။


"ဒါမဟုတ် ဒီလူက ဒီနားမှာပဲ လှည့်ပတ်သွားနေတာများလား..."


ယနေ့မတိုင်ခင်ထိ ဝမ်ယွီကိုရှောင်ဖို့အတွက် သာမန်ထက် သူမပိုစောထွက်လေ့ရှိသဖြင့် ကားစီးရာမှာ ဘာကိစ္စမှမရှိခဲ့ပေ။


သူမအထင် ဒီကိစ္စကတမင်ရည်ရွယ်ထားတာများလား၊ အချိန်အတိအကျမဟုတ်ခဲ့ရင် ဘာကြောင့်သူတို့ကိုမတွေ့ရတာလဲ....ဘာကြောင့် အဲ့ဒီအဖြစ်အပျက်တွေကနှောင့်နှေးနေရတာလဲ...


ကျိအန်းနဥ်ကားပေါ်တက်နေရင်း သူမလွယ်အိတ်အား ရှေ့သို့ဆွဲထုတ်ကာ တင်းတင်းကိုင်ပြီး သူမလက်နှစ်ဖက်ကြားတွင်ထားထားလိုက်သည်။


လူကြီးက ကျောင်းသူလေးအပြင်မထွက်ရဲဘဲ ပုန်းနေတာကိုကြည့်ရင်း ခပ်ညစ်ညစ်ပြုံးလေသည်။


ယခုလိုကျောင်းသူမျိုးတွေက သူတို့ရဲ့အသက်အရွယ်ကြောင့် မိန်းကလေးတွေထဲမှာ အနိုင်ကျင့်အခံရဆုံးတွေ ဖြစ်သည်။


လူ့အဖွဲ့စည်းကြားထဲတွင် သူတို့တစ်ကြိမ်လောက်ကြီးပြင်းလာပြီးသည်နှင့်  သူတို့အားအနိုင်ကျင့်ဖို့မလွယ်တော့ပေ။ ထိုအကြောင်းကြောင့်သူ့ပစ်မှတ်အနေနဲ့ ကျောင်းသူတွေကို သဘောကျရခြင်းပင်။


သူက ကတ်ဖြတ်လိုက်ကာ ကျိအန်းနဥ်ဆီသို့ တိုးဝှေ့သွားလိုက်သည်။


ဘတ်စ်ကား စ‌တင်မောင်းနှင်လေသည်။


စက်တင်ဘာလလယ်ရောက်နေတာတောင် နေကတော့အလွန်ပူနေဆဲပင်။ ဘတ်စ်ကားထဲတွင်ရှိနေသော လေများကလည်း အတော်လေးစိတ်ပျက်စရာကောင်းသည်။ ကျိအန်းနဉ်က ဘယ်လက်ဖြင့်လွယ်အိတ်ကို လွယ်ထားလျက် သူမမျက်လုံးအားမှိတ်ထားသည်။ သို့သော် သူမနောက်ဘက်တွင် ဖြစ်ပျက်နေသမျှကို သိ၏။


သိုဝှက်ထားသောလက်တစ်ဖက်က သူမလက်အားထိလိုက်ချိန်တွင်ကျိအန်းနဉ်မျက်လုံးများ မဲမှောင်သွားကာ သူမညာဘက်အား တင်းတင်းဆုပ်လိုက်မိသည်။


ရုတ်တရက်ဆိုသလို ထိုလူရဲ့အော်သံက ‌မိုးကြိုးပစ်လိုက်သကဲ့သို့‌ဘတ်စ်ကားပေါ်တွင် ထွက်လာကာ ပင်ပန်းပျင်းရိနေသောသူများနှင့်အိပ်ပျော်နေတဲ့ခရီးသည်များကိုတပြိုင်နက်တည်းလန့်သွားစေသည်။


"ဘာဖြစ်သွားတာလဲ..."


"ဘာတွေဖြစ်ကုန်တာလဲ..."


"ဘာဖြစ်ပြန်တာလဲ...."


လူတိုင်းကာ အသံလာရာအရင်းအမြစ်ဆီကို ခေါင်းလှည့်ကြည့်လိုက်မိသည်။


မျက်မှန်တပ်ထားတဲ့လူကြီးက ခွေးဟောင်နေသလိုမျိုး အော်လာသည်။ 


"ဖာ့ခ်ယူ မင်းရှုးနေတာလား...မင်းနေမကောင်းတာ ဒါမဟုတ် တစ်ခုခုများဖြစ်နေလားကွ..."


သူက အခြားလက်တစ်ဖက်ကိုကိုင်ထားပြီး ထိုလက်ကသွေးထွက်နေလေသည်။အခြားသူများကလည်း သူနှင့်ကျိအန်းနဉ်တို့ဆီမှ ခြေတစ်လှမ်းဆုတ်ကာနေရာလွတ်သေးသေးလေးတစ်ခု ချန်ထားလေသည်။


"မင်းငါ့ကို အကျိုးနည်းဆေးဖိုးဝါးခပေးရမယ်..." သူကအော်ဟစ်တော့သည်။


ကျိအန်းနဉ်က ဘောပင်အားခပ်တင်းတင်းကိုင်ထားပြီး ဘောပင်ထိပ်ဖျားတွင်မူ သွေးများစီးကျနေသည်။


သူမကမျက်မှန်နှင့် လူကြီးအား ‌စိုက်ကြည့်ကာ တစ်လုံးချင်းစီပြတ်ပြတ်သားသားပြောလိုက်သည်။


"ကျွန်မရှင့်ကို တစ်ပတောင်မပေးနိုင်ဘူး..."


ကားသမားက အမြင့်မှာရပ်လျက် လူအုပ်ကြီးအားအော်လေသည်။


"ဘာတွေဖြစ်နေတာလဲ..."


မျက်လုံးလှလှနှင့်နူးညံ့ပျော့ပျောင်းပုံရတဲ့မိန်းကလေးက အဓိက ပြဿနာသော့ချက်ကြီး ဖြစ်နေသည်။ ထိုအခိုက် သူမမျက်နှာတွင်အမှုအရာမဲ့နေလျက် မျက်မှန်ဖြင့်လူအား အေးစက်စက်နှင့် တည့်တည့်မတ်မတ် စိုက်ကြည့်နေသည်။


ကားဆရာသည် ၃၆၅ရက်တစ်နှစ်ပတ်လုံးကားပေါ်တွင် အချိန်ကုန်ဆုံးလာခဲ့ရာ ယခုလို ကိစ္စအမျိုးမျိုးကြုံတွေဖူးသည်။


ထို့အတွက် ဘာဖြစ်ပျက်ခဲ့သလဲဆိုတာကို ခန့်မှန်းမိပြီးသားဖြစ်သည်။


သို့သော် သူတို့‌အား တာ၀န်အရမေးမြန်းနေဆဲပင်။


"မိန်းကလေး...ဘာများဖြစ်လို့ပါလဲ..."


သူမက အသက်ပြင်းပြင်းရှုကာ ပြောလိုက်သည်။


"ဒီလူက ကားပေါ်တက်နေတုန်းကလည်း ကျွန်မကိုလာထိတယ် ...ဒါပေမဲ့ အထင်ဝင်နေတော့လည်း ကျွန်မနောက်ကို လိုက်လာတယ်...အခုလည်းကျွန်မကို အသားယူဖို့လုပ်နေလို့ ဘောပင်နဲ့ထိုးလိုက်တာ...ဒါက ကိုယ့်ကိုကိုယ် ခုခံကာကွယ်နေရုံပဲ..."


မျက်မှန်နှင့်လူက ဖြောင့်မတ်မှုအပြည့်ရှိနေသောရုပ်ဖြင့် ချက်ချင်းဆိုသလို ငြင်းဆိုနေသည်။


 "အဲ့ဒါငါမဟုတ်ဘူး...ငါမလုပ်ခဲ့ဘူး....မင်းဘာ့သာလုပ်ကြံနေတာ...."


သူ့မျက်လုံးနဲ့အမူအရာက ဖြောင့်မတ်ပြီးအပြစ်ကင်းစင်နေရာ လူတွေကိုအမှန်ကိုပြောနေတယ်လို့ထင်စေကာ ယခုလိုလုပ်ရပ်မလုပ်နိုင် သောသူဖြင့်တူနေလေသည်။


ထိုလူသည် သူရဲ့အခြေအနေက သေရေးရှင်ရေးဖြစ်နေတာကိုသိလေသည်။ သူ့ဘက်က အရေးနိမ့်နေရင်တောင်မှ အခြားလူတွေကိုသူဝန်မခံနိုင်ပေ။ အတိတ်မှာတုန်းက သူသည် မိန်းကလေးအချို့ပေါ်၌ ကိုယ်ထိလက်ရောက်လုပ်ခဲ့ပေမဲ့လည်း ထိုမိန်းကလေးများက အားနည်းသောကြောင့် ပြန်မခုခံနိုင်ခဲ့ပေ။ သူတို့က သူ့အား ‌ပြန်ပြောရဲအော်ရဲပေမဲ့ သူတို့ထဲကတစ်ယောက်မှ သူ့အား မထိန်းချူပ်နိုင်ချေ။


သူ၏ဒဏ်ရာရနေသောလက်အား အုပ်ကာ အော်ပြောလိုက်သည်။


"တံခါးကိုပိတ်လိုက်တော့... သူမကိုထွက်ပြေးခွင့်မပြုလိုက်နဲ့...သူမ ငါ့ကို ကုသစရိတ်ပေးကိုပေးရမယ်... နောက်မှတ်တိုင်မှာမရပ်နဲ့ ငါတို့တွေဆေးရုံကိုအတူသွားရမယ်..."


သူ၏ကိုယ်ပိုင်ဖြောင့်မတ်မှုက ခရီးသည်များကိုတွေဝေစေသည်။


"ငါတော့  ဒီလူငယ်ကအဲ့ဒီလိုလူမျိုးလို့မထင်ဘူးနော်..."


ဝဖိုင့်နေသောမိန်းမကြီးက ကျိအန်းနဉ်အားမထီမဲ့မြင်မျက်လုံးများဖြင့်ကြည့်လေသည်။


ကျိအန်းနဉ်တွင် သူမအား အာရုံစိုက်ဖို့အကြံမရှိပေ

 သူမကမျက်မှန်နဲ့လူအားစတင်စကားပြောလိုက်သည်။


 "ကောင်းပြီ ကျွန်မရှင်နဲ့အတူဆေးရုံလိုက်ခဲ့မယ်...ဒါပေမဲ့......"


သူမကအကြောင်းအရာကိုပြောင်းလဲကာပြောသည်။


"အရင်ဆုံးကျွန်မတို့ရဲစခန်းကိုသွားကြမယ်.... ရဲတွေဘတ်စ်ကားပေါ်မှာရှိတဲ့ စောင့်ကြည့်ဗီဒီယိုကို စစ်ဆေးစေပြီး ရှင့်ကိုချူပ်ထားရမလား ဒါမဟုတ်ဆေးဖိုးဝါးခပေးရမလား ကြည့်ကြ‌တာပေါ့..."


ပြောပြီးသည်နှင့် သူမက ဘတ်စ်ကားအရှေ့ဘက်ကိုဦးတည်လျက် စိုက်ကြည့်လိုက်တော့၏။


မျက်မှန်နဲ့လူက ကြောင်အသွားပြီး သူမအကြည့်စူးစူးနောက်လိုက်ကာ ဘတ်စ်ကားအရှေ့ကကင်မရာကို ကြည့်လေသည်။ သူ့အမူအရာကချက်ချင်းပြောင်းလဲသွားကာ ကျိအန်းနဉ်က ကင်မရာအရှေ့မှနေရာအား တမင်တကာရွေးချယ်ခဲ့မှန်းသိလိုက်သည်။


ထိုလူရဲ့မျက်နှာထားကပြောင်းလဲသွားကာ ခရီးသည်အားလုံး ရဲ့အပြုအမှုများအား CCTVကမှတ်တမ်းတင်ထားသလားဆိုတာမသေချာတော့ပေ။ ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ထားတဲ့ လူတစ်ယောက်က အပေါ်ယံတွင် ဘယ်လိုပဲ ကိုယ့်ဘာ့သာဖြောင့်မတ်တဲ့ဟန်ရှိနေပါစေ အပြစ်ရှိစိတ်ကအမြဲရှိနေဆဲပင်။


ထိုအချိန်တွင် ‌ဘတ်စ်ကားက မှတ်တိုင်ကိုရောက်ချေပြီ။


မျက်မှန်နဲ့လူက ရုတ်တရက် အသံကျယ်ကျယ်နဲ့ပြောလေသည်ဟ။


"မင်းကြည့်ရတာ ငယ်ငယ်ရွယ်ရွယ်မိန်းကလေးဖြစ်တာကြောင့် ငါမင်းနဲ့အငြင်းမပွားတော့ဘူး...ငါအလျင်လိုနေလို့ မင်းကိုလွှတ်ပေးလိုက်မယ်..."ပြောပြီးနောက် တံခါးဆီသို့ သွားတော့သည်။


ကျိအန်းနဉ်က တစ်ခဏတုံ့ဆိုင်းသွားမိသည်။


ယခုအချိန်မှာ သူမက  ပြန်လည်မွေးဖွားပြီးချိန်ကထက် ပိုပြီးသတ္တိရှိလာသည်။ အရင်ချိန်တုန်းက သူမက သည်လူနှင့် စကားများရန်ဖြစ်ခဲ့သော်လည်း ထိုလူရဲ့ခပ်တင်းတင်းအမူအရာကြောင့်  သူမဒေါသထွက်ကာ စကားဆက်မပြောနိုင်တော့ပေ။ သူ့ရဲ့သားရဲသဘာဝကို ဖုံးကွယ်ထားသော ဖြောင့်မတ်ဟန်ပေါ်သည့် ထိုလူကိုသာ ယုံကြည်ပြီးသူမကိုမယုံကြည်ပေးခဲ့သဖြင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတော့ခြင်းဖြစ်၏။


အဆုံးတွင်အခြားသူများ၏စွပ်စွဲချက်များကြောင့် ကားပေါ်မှာ မကျေမချမ်းဖြစ်ကာ ဆင်းခဲ့ရသည်။


ထိုအချိန်တွင် ဝမ်ယွီ၏ဟမ်မာကားနက်က ဘတ်စ်ကားနောက်မှလိုက်လာခဲ့သည်။ သူမရဲ့အတိတ်ဘဝတွင် ထိုအဖြစ်အပျက်က လွန်ခဲ့သောနှစ်ရက်က ကော်ဖီဆိုင်တွင် အင်တာဗျူးဖြေရန် သူမထွက်လာခဲ့ချိန်တွင်ဖြစ်ပြီး နောက်ကျမှုကိုရှောင်ရှားရန်အတွက် သူ့ကားနှင့်အတူသွားခဲ့သည်။


ခဏတာ ခံပြင်းသွားမိသဖြင့် သူမအံကြိတ်မိလိုက်သည်။


သူမ၏အတိတ်ဘဝတွင် "စကားနည်းနည်းပြောပြောအလုပ်များ များလုပ်"ဟူသောနိယာမကို လက်ကိုင်ထားကာအခြားသူများရဲ့ပြဿနာနဲ့အနှောင့်အယှက်များကို ရှောင်ရှားခဲ့သည်။


 ဒါပေမယ့် ဘာများ အသုံးဝင်ခဲ့လို့လဲ....



xxxxxx