Chapter 5
သူမနောက်ကွယ်တွင် ရှုံ့ချမှုနှင့် လှောင်ပြောင်မှု ရေညစ်များသူမအပေါ်ဝိုင်းလောင်းခြင်းက တစ်ခါလေးတောင်မှ လျော့နည်းမသွားခဲ့ပေ။
ကျိအန်းနဉ်က တစ်ကြိမ်သေဆုံးခဲ့သော်လည်း သူမသေပြီးနောက် တွင်တောင်မှ လူတွေရဲ့ ပါးစပ်ကြောင့်ငြိမ်းချမ်းမှုကိုရှာမတွေ့ခဲ့ပေ။ယခုသူမ ပြန်လည်မွေးဖွားလာပြီဖြစ်၍ အရင်လို အသံတိတ်နေဖို့ဆန္ဒ မရှိတော့ပေ။
"ရပ်လိုက်..."သူမအော်ဟစ်လိုက်သည်။
မျက်မှန်နဲ့လူက သူရဲ့ရင်ထဲကနေ ကျိန်ဆဲလိုက်မိသည်။ သူမကအားနည်းပြီးပစ်မှတ်ထားဖို့လွယ်သည်ဟု ထင်ခဲ့ပေမယ့် သူမအပေါ် သူအထင်နဲ့အမြင်အလွဲကြီးလွဲမိလိမ့်မည်ဟု မမျှော်လင့်မိပေ။ သူ့အရှေ့မှလူကိုတွန်းထုတ်ကာ သူကားပေါ်မှပြေးဆင်းတော့သည်။
ကျိအန်းနဉ် အနောက်မှလိုက်ကာ ဆွဲလိုက်သော်လည်း သူမကအချိန်တစ်ခဏ နှောင့်နှေးသွားသောကြောင့် ရွံ့စရာကောင်းလှသောလူအား အဝေးသို့ထွက်ပြေးစေခဲ့သည်။ သူ့အားဖမ်းရန် ကျိအန်းနဉ်က အမြန်ပြေးလိုက်တော့သည်။
ပြေးနေရင်း အကယ်၍ သူမသာ သူ့ကိုဖမ်းမိခဲ့ရင် အကြမ်းဖက်ဦးမလားဆိုသည်ကိုလည်းထည့်သွင်းစဉ်းစားဖို့လိုသေး၏။
သူမပြေးနေသည်အားရပ်ကာ ခေါင်းလှည့်ကြည့်ချိန်တွင် အနက်ရောင် ဟမ်မာကားတစ်စီး ဘတ်စ်ကားနောက်လိုက်နေတာကိုမြင်လိုက်ရသည်။ လေကာမှန်က ရောင်ပြန်ဟပ်နေသဖြင့် အထဲတွင် မည်သူထိုင်မှန်းမသိနိုင်ပေ။ သူမ မသိနိုင်ပေမဲ့ ဝမ်ယွီက အခုချိန်မှာကားထဲမှ သူမအားကြည့်နေလောက်သည်။
သူမက အတိတ်ကလိုအမှားမျိုးမကျူးလွန်ချင်တော့သဖြင့် ထိုလူအနောက်သို့ဆက်မလိုက်တော့ဘဲ အနောက်ဘက်ကိုမဆိုင်းမတွပြန်လှည့်ကာ ဘတ်စ်ကားဆီသို့ပြန်သွားလိုက်သည်။
ကားဆရာက ခရီးသည်အသစ်တွေအား ကတ်ဖြတ်ဆွဲရန် အော်နေရသည်။
သူမက သူမပြန်လာတာကိုမြင်လျှင် "နောက်ကိုဒီလိုကိစ္စမျိုးထပ်ဖြစ်ရင် စိတ်လိုက် မာန်ပါမလုပ်မိစေနဲ့... မင်းက မိန်းကလေး သူက ယောင်္ကျားလေးသူမင်းကိုရိုက်ရင်ရော...နောက်ကိုဒီလိုမျိုးဖြစ်ရင် ငါ့ဆီသာလာခဲ့...."
ကျိအန်းနဉ်က ထိရှသွားသဖြင့် ယဥ်ကျေးစွာပြောလိုက်သည်။
"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်..."
ကားဆရာက အသက်လေးဆယ်အရွယ် သက်လတ်ပိုင်းအမျိုးသမီးဖြစ်ကာ သူမနှုတ်ခမ်းက အမြဲတမ်းပြုံးရွင်စွာပြုံးနေသည်။
တစ်စုံတစ်ယောက်ကရေရွတ်နေသည်။
"သူမကဘာလို့ အဲလူငယ်ကို လူယုတ်မာလို့အတင်းစွတ်စွဲရတာလဲ ...အဲ့မှာဖြင့် ဘာသက်သေမှမရှိဘဲနဲ...."
ကျိအန်းနဉ်ခေါင်းလှည့်ကြည့်မိလျှင် အခြားသူမဟုတ်ဘဲ ဝဝကစ်ကစ်မိန်းမကြီးပဲဖြစ်ပြီး ဆက်ပြောနေဆဲဖြစ်ကာ
"ငါတော့ လူငယ်က အဲ့လိုလူစားမျိုးလို့ မထင်မိပါဘူး..."
နောက်တစ်ယောက်ကပြောလာသည်။
" သူသာမလုပ်ခဲ့ဘူးဆို ဘာလို့အဝေးကို ထွက်ပြေးတာလဲ...."
ခပ်ဝဝမိန်းမကြီးက ဒေါသတကြီးအော်လေသည်။
"လူတိုင်းက အလျင်လိုနေကြတာဟဲ့ နင်သိရဲ့လား...''
ယောင်္ကျားကြီးရဲ့အကျင့်ကရှင်းလေကာ သူအပြစ်ရှိ၍သာ အဝေးကို ထွက်ပြေးတာဖြစ်ရာ ခပ်ဝဝမိန်းမကြီးရဲ့အမှန်တရားကိုဖုံးကွယ်ထားပုံကလူအများကို ပြောစရာပျောက်ရှစေသည်။
ကျိအန်းနဉ်ကတစ်ဖက်သို့လှည့်ကာ သူမအားလျစ်လျူရှုလိုက်သည်။
မမျှော်လင့်ဘဲ ထိုမိန်းမကြီးက သူမကိုယ်သူမ ယုံကြည်မှုရှိလာပြီး ဆက်ပြောလေရာ "အကယ်၍ အဲ့ကိစ္စက အမှန်ဆိုရင်တောင်မှသူများတွေကို အနှောင့်အယှက်ဖြစ်စရာမလိုဘူးလေ...ဒီလိုမျိုးဖြစ်ရတာလဲ အကြောင်းအရင်းရှိသေးတယ်လေ...ဟိုနားကသပ်သပ်ရပ်ဝတ်ထားတဲ့ မိန်းကလေးကိုကြည့်လိုက်လေ ဘာပြဿနာမှမရှိဘူး မဟုတ်လား..."
သူမက ပြောရင်း လက်ညိုးထိုးပြလေသည်။ခရီးသည်များ၏ အကြည့်စူးစူးက သူမ၏လက်ညိုးမှတစ်ဆင့် တခြားမိန်းကလေးကိုကြည့်နေသည်။
မိန်းကလေးသည် မျက်နှာတွင် တင်းတိပ်မှံခြောက်များရှိနေပြီး သူမသည် ရှေးရိုးဆန်ဆန်ဝတ်စားထားရာ သူမအားကြည့်မိသူတိုင်းက စိတ်မသက်မသာဖြစ်ကာ တစ်ဖက်သို့လှည့်သွားလေသည်။
တစ်ချိန်ထဲမှာပင် ကျိအန်းနဉ်ကခေါင်းလှည့်၍ အေးစက်စက်မေးလေသည်။
"ဘာကိုဆိုလိုတာလဲ..."
ခပ်ဝဝမိန်းမကြီးက ကျိအန်းနဉ်သူမဘက်မှာရှိသည်ဟု ထင်၍ မောက်မောက်မာမာဖြင့် "ငါကမင်းကိုပြောနေတာ မိန်းကလေးရဲ့...တစ်ခုခုဖြစ်လာတိုင်း ကိုယ့်ဘာ့သာ အကျိုးအကြောင်းသင့်မစဉ်း စားတတ်ဘူးလား...ဒီလိုမျိုးအဝတ်အစားကို မော်ဒယ်တစ်ယောက်လိုဝတ်လာမှတော့ ခုလိုဖြစ်မယ်မတွေးမိဘူးလား ..."
သူမပြောပြီးသည်နှင့် ကျိအန်းနဉ်ကိုလူတိုင်းကမကြည့်ဘဲမနေနိုင်ချေ။
မှဲ့ခြောက်များနဲ့မိန်းကလေးက သိမ်ငယ်စိတ်ဖြင့်မနာလိုဟန်ပြကာ တိတ်တဆိတ်သက်ပြင်းချလေသည်။
ကျိအန်းနဉ်သည် အလွန်ရိုးရှင်းစွာဖြင့် လည်ပင်းဝိုင်း တီရှပ်နှင့်ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသည်။ ထိုသို့တစ်မျိုးတည်းဝတ်စားထားပုံမှာ မလျော်ကန် သို့မဟုတ် ခပ်ရိုင်းရိုင်းဝတ်ဆင်ထားခြင်းမျိုးမဟုတ်ပေ။
သို့ပေမယ့် သူမ၏ဝတ်စားပုံမှာ သူတို့ရဲ့မျက်လုံးထဲတွင် အလွန်ကွဲပြားနေသည်။
အဝတ်အစားများမှာ တစ်ဆိုဒ်တည်းဖြစ်၍ အရမ်းသေးလွန်းကာသူမကိုယ်နှင့်ကွက်တိကျနေလေသည်။ ကျိအန်းနဉ်သာ အရမ်းပိန်မနေရင် သူမ ထိုအဝတ်များဝတ်နိုင်မည်မဟုတ်။ ကျပ်သိပ်နေသောအဝတ်က သူမကောက်ကြောင်းကိုပေါ်စေပြီး သူမ၏ ညှပ်ရိုး၊ လှပလွန်းတဲ့ တောင်ကုန်း (ရင်ဘတ်/တင်ပါး)နှင့်မယုံနိုင်လောက်တဲ့အထိ သေးသွယ်သောခါးလေးတွေက သူမအားဆွဲဆောင်မှုရှိစေကာ လျစ်လျူရှုဖို့ခက်ခဲလေသည်။
အဝတ်အစားကမှားယွင်းနေတာမဟုတ်ဘဲ သူမကသာ မှားယွင်းမှုဖြစ်နေပေသည်။
ဝဖိုင့်ဖိုင့်မိန်းမကြီးက ကျိအန်းနဉ်အားအစကတည်းက မကြိုက်ပေ။သူမမျက်လုံးထဲတွင် ကျိအန်းနဉ်ရဲ့မြေခွေးမျက်နှာဟာ အိတ်ကြီးကြီးတစ်လုံးထဲ ထည့်ထားသင့်သည်ယ သို့မဟုတ် သူမကို အတည်မဟုတ်ဘဲ လမ်းသရဲလိုလူမျိုးနှင့်ပက်ပင်းကြုံဖို့ထိုက်တန်သည်ဟုပင်။
ကျိအန်းနဉ်က နှာခေါင်းရှုံ့လိုက်သည်။
"ကျွန်မဘာဝတ်မယ် ဘာလိုချင်သလဲဆိုတာက ကျွန်မရဲ့လွတ်လပ်ခွင့်ပါ...ကျွန်မဘယ်လိုဝတ်စားထားပါစေ ကျွန်မကိုထိပါးစော်ကားတည်းက သူမှန်မနေဘူး....ကျွန်မကောင်းကောင်းမွန်မွန်ဝတ်စားထားတာကြောင့် သူကကျွန်မကို လိင်အမြတ်ထုတ်လို့ရတယ်တဲ့လား...ရှင်ကအရမ်းဝနေလွန်းတာတယ် ရှင့်ခန္တာကိုယ်ကြီးကြောင့် အခြားသူတွေက အ၀တ်မချူပ်ပေးနိုင်ဘူးတို့ ဆိုဒ်မရှိလို့မရောင်းပေးနိုင်ဘူးဆိုတာမျိုးမရှိဘူးလား...."
ရုတ်တရက် ကားပေါ်တွင်ရယ်သံများထွက်ပေါ်လာတော့၏။
ဝမ်ယွီက ဘတ်စ်ကားအနောက် တစ်မှတ်တိုင်အလိုမှ ကပ်လိုက်နေစဉ် ရုန်းရင်းဆန်ခက်ဖြစ်သွားသည်။
သိပ်မကြာခင်တွင် လူတစ်ယောက်က အပြေးအလွှားထွက်လာကာ အဝေးသို့ထွက်ပြေးလေသည်။ကျိအန်းနဉ်က ကားပေါ်မှဆင်းကာ သူ့နောက်သို့ လိုက်သွားသည်။ သူမက ထိုလူနောက်ကို လိုက်နေပေမဲ့ သူ့ကိုမဖမ်းနိုင်ခဲ့မှန်း သိသာလေသည်။
ဝမ်ယွီကားစတီယာရင်ကိုကိုင်ကာ မျက်မှောင်ကြုံလိုက်မိ၏။
ဘာဖြစ်လို့လဲ...
ဝမ်ယွီသည်ကားပေါ်ကဆင်းကာ ကျိအန်းနဉ်အား ခေါ်ရန်စဉ်းစားမိသည်။ သို့ပေမဲ့ သူမက ရုတ်တရက် ခေါင်းလှည့်ကာ သူရှိနေသောနေရာကို ကြည့်လာသည်။
ဝမ်ယွီက သူမသူ့ကိုမြင်လိုက်သလားဆိုတာ မသိသော်လည်း သူမကရုတ်တရက်တစ်ဖက်ပြန်လှည့်ကာ ကားပေါ်သို့ပြန်တက်သွား၏။
ဝမ်ယွီရဲ့ကားတံခါးကိုဖွင့်ရန် လုပ်နေသောလက်မှာ လေထဲတွင်ရပ်တန့်သွားရသည်။
ထို့အပြင် ဝမ်ယွီက ဘတ်စ်ကားအနောက်မှလိုက်နေသဖြင့် ရုပ်ချည်းဆိုသလိုကားရပ်ပြီးမကြာ ရုမ်းရင်ဆန်ခတ်ဖြစ်သွားသဖြင့် ကားပေါ်မှာ တစ်ခုခုဖြစ်လာမှန်း သူခန့်မှန်းလို့ရသည်။
ဘတ်စ်ကားက အဝေးကိုထွက်သွားသည်နှင့် ဝမ်ယွီသည် ကားအား လမ်းဘေးဘက်တွင် ထိုးရပ်လိုက်၏။
"အဒေါ်...."
သူကကားပေါ်မှဆင်းကာ ယခုလေးတွင် ဘတ်စ်ပေါ်မှဆင်းလာသော မိန်းမကြီးရှေ့တွင် ရပ်လိုက်သည်။
"အခုလေးတင် ဘတ်စ်ကားပေါ် ဘာများဖြစ်ခဲ့တာလဲ"
တစ်စုံတစ်ယောက်က ရောက်လာ၍စပ်စုချိန်တွင် အဒေါ်ကြီးတွင်ကားပေါ်မှဖြစ်ပျက်သွားတာကို စဉ်းစားနေဆဲဖြစ်သည်။ သူမကချက်ချင်းဆိုသလို စိတ်အားထက်သန်လာပြီး ဇာတ်ကြောင်းတစ်ခုလုံးအား ပြောပြလာသည်။
"အခုလေးတင် လူတစ်ယောက်က ရမ်းကားပြီး ကောင်မလေးတစ်ယောက်ကို ထိပါးဖို့လုပ်တယ်လေ အဲ့ဒီလူက တကယ်ကိုပဲ ဝန်ခံဖို့ဆက်တိုက်ငြင်းနေခဲ့တာလေ ကောင်မလေးကလည်း အရမ်း သတ္တိရှိပါ့အေ အဲ့ဒီလူလက်ကို သွေးထွက်တဲ့အထိ ဘောပင်နဲ့ထိုးချပစ်လိုက်တယ်လေ သူမကရဲကိုတောင် တိုင်မယ်ပြောပြီး စောင့်ကြည့်ရေးကင်မရာကိုစစ်ဆေးခိုင်းမယ်တောင် ပြောသေးတာ အဲ့ဒါနဲ့ အဲ့လူယုတ်မာလည်း ကြောက်ပြီးထွက်ပြေးရောလေ...."
အဒေါ်ကြီးကဆက်ပြောသည်။
"ဘာကြောင့်အဲ့ကောင်ထွက်ပြေးလည်း ဆိုတာ ရှင်းနေတာပဲလေ သူ သူခိုးဂျပိုးတစ်ယောက်လိုပြုမှုခဲ့လို့ အပြစ်ရှိစိတ်ဖြစ်တာမို့လေ..."
ဝမ်ယွီကမေးလိုက်သည်။
"ကောင်မလေးက ဘယ်လိုပုံစံမျိုးလဲ...စောနက ကျွန်တော့်ရဲ့အတန်းဖော်နဲ့တူတဲ့သူကိုမြင်လိုက်မိလို့ပါ...."
"အရမ်းလှတဲ့ကျောင်းသူလေးတစ်ယောက်ပဲ..."
အဒေါ်ကြီးက ကျိအန်းနဉ်ရဲ့ အဝတ်အစားနဲ့ ဆံပင်ပုံစံကို တစ်ခဏလောက် တွေးကာပြောပြလိုက်သည်။
ဝမ်ယွီသည် သူမက ကျိအန်းနဉ်မှန်းသိသည်။ သူမ ကားပေါ်တွင် ပြဿနာတစ်ခုဖြင့် ကြုံခဲ့လောက်မှန်းသူတွေးမိ၏။
အဒေါ်ကြီးကအတင်းအဖျင်းကို ကျေနပ်စရာကောင်းအောင်ပြောပြီးနောက် သူမကပျော်ပျော်ရွင်ရွင်ဖြင့် ထွက်သွားတော့သည်။
ဝမ်ယွီက မျက်မှောင်ကြုံကာမျက်မှန်နှင့်လူရဲ့ထွက်ပြေးရာ လမ်းကြောင်းကိုကြည့်လိုက်သည်။
သူကကားပေါ်တက်ကာ တံခါးကိုဘန်းခနဲမြည်အောင် ဆောင့်ပိတ်ကာ အင်ဂျင်စက်ကိုနိုးလိုက်ပြီးနောက် လမ်းသွယ်လေးထဲကို ကားမောင်းဝင်လိုက်ကာ အရှိန်လျော့ချလိုက်သည်။
ဘီးလေးဘီးက မည်မျှပင်နှောင့်နှေးနေပါစေ လူတစ်ယောက်ရဲ့ခြေနှစ်ချောင်းထက်ပိုမြန်လေသည်။ သိပ်မကြာခင် လမ်းပေါ်တွင်လူတစ်ယောက်ကို ဝမ်ယွီမြင်လိုက်ရသည်။ မျက်မှန်နှင့်လူတစ်ယောက်ပုံစံမျိုးကိုမတွေ့မိပေမဲ့ ယောင်္ကျားကြီးတစ်ယောက်က သူ့လက်က ဒဏ်ရာကို အခြားလက်တစ်ဖက်ဖြင့်ဖိကိုင်နေပုံမှာ သူမှန်းသိသာနေစေသည်။ ဝမ်ယွီက သူ့အားချက်ချင်းတွေ့သွားတော့သည်။
အနက်ရောင်ဟမ်မာကားတစ်စီးက လမ်းဘေးတွင် ကျွီခနဲမည်သည်အထိရပ်လိုက်၏။
မျက်မှန်နဲ့လူစိမ်းက ဒီနေ့ သူတကယ်ကိုကံဆိုးနေသည်ဟု ခံစားလိုက်ရသည် ။
သူက ဤလမ်းမှမသွားချင်ပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်ကသူလမ်းပေါ်ကကောင်မလေးတစ်ယောက်ကို နှောင့်ယှက်ခဲ့မိသည်။မိန်းကလေးဘေးကတစ်ချိန်လုံးဖုန်းကြည့်နေတဲ့အရပ်ရှည်ရှည်၊ကြွက်သားတွေဖြင့်လူက သူမရည်းစားလို့ဘယ်သူကထင်မှာလဲ။ နှစ်ယောက်စလုံးက သူတို့ရဲ့ဖုန်းကိုငုံ့ကြည့်နေသည်မှာ သူစိမ်းတွေအတိုင်းပင်။
ကောင်မလေးအော်လိုက်သည်နှင့် သူသည်ကံမကောင်းစွာနဲ့ဘဲ တရွတ်တိုက်အဆွဲခံရကာ လေးငါးချက်လောက် အရိုက်ခံလိုက်ရသည်။ ထပ်တွေ့ပါကလည်း ရိုက်ပစ်မည်ဟုပြောခဲ့သေးသည်။
သူ့မှာကြောက်လွန်းသဖြင့် မြေအောက်မီးရထားလမ်းဘက်မှနေ၍ လမ်းလျှောက်ပြန်ခဲ့ရသည်။ ယနေ့မှသာ မြေအောက်ရထားလမ်းထက်ပိုအဆင်ပြေသောလမ်းကို သူရှာတွေ့ခဲ့သဖြင့် အခွင့်အရေးယူရန် သူဆုံးဖြတ်ခဲ့သည်။ သို့ပေမဲ့လည်း နူးညံ့သိမ်မွေ့ဟန်ရှိသော်လည်း ရက်စက်ကြမ်းတမ်းတဲ့ မိန်းကလေးမျိုးနှင့်တွေ့လိမ့်မည်ဟု မည်သူက ထင်မည်နည်း။
သူကံကောင်းမှုတွေ ပျောက်ဆုံးနေပါပြီနော်...
သူတိတ်တိတ်လေး ကျိန်ဆဲနေစဉ်၊ အနက်ရောင်ကားတစ်စီးက သူသွားနေသောလမ်းတစ်ဝက်တွင်ပိတ်ရပ်လိုက်သည်။
ခပ်ချောချောလူငယ်လေးတစ်ယောက်က ကားပေါ်မှထွက်လာပြီး တံခါးအားဆောင့်ပိတ်ကာ သူ့အရှေ့တည့်တည့်တွင်ရပ်နေ၏။
တချို့လူတွေက အထူးသဖြင့် မျက်မှန်နှင့်အမျိုးသားကဲ့သို့လူမျိုးသည်အားနည်းသူကို အနိုင်ကျင့်၍ အားကြီးသူကို ကြောက်ရွံ့တတ်ကြသည်။
ခြေခုနှစ်လမ်းရှစ်လမ်းအကွာအဝေးမှတောင် သူ့အရှေ့တွင်ရပ်နေသော လူငယ်လေးရဲ့ အော်ရာကို သူခံစားမိသည်။ ထိုလူ ပထမဆုံးခြေစလှမ်းလိုက်ချိန်တွင် သူခြေလှမ်းဝက်ရွေ့လိုက်မိသည်။ သူက ဒုတိယအကြိမ်ထပ်လှမ်းလျှင် သူကလည်းနောက်တစ်လှမ်းဆုတ်ကာ ဆက်တိုက်ဆိုသလို ထိုလူကိုရှောင်ရှားဖို့ကြိုးစားနေမိသည်။
ဝမ်ယွီက အရှေ့သို့အမြန်တိုးကာ မျက်မှန်နဲ့လူအား တွန်းပစ်ပြီး လဲကျစေလိုက်သည်။
မျက်မှန်နဲ့လူက စိတ်ရှုပ်ထွေးသွား၏။
"မင်းဘာလုပ်ချင်နေတာလဲ..."
ကျိအန်းနဉ်လို ပိန်ပါးအားနည်းသူနှင့်မျက်နှာချင်းဆိုင်စဉ်တွင်အသံကျယ်ကျယ်ဖြင့် အော်ရဲခဲ့သည့်သူက ယခုမူ ဝမ်ယွီကဲ့သို့အရပ်ရှည်ရှည် ကြွက်သားဖြင့်လူနဲ့ရင်ဆိုင်နေရချိန်တွင် သတိထားမှုအချို့နှင့်မေးခွန်းမေးရုံသာ တတ်နိုင်လေသည်။
ဝမ်ယွီကအ ရှေ့သို့အနည်းငယ်လှမ်းပြီး မေးလိုက်သည်။
"မင်းအခုလေးတင် ဘတ်စ်ကားပေါ်မှာ ဘာလုပ်ခဲ့တာလဲ.."
မျက်မှန်နဲ့လူက မျက်တောင်တဖျက်ဖျက်ခပ်လျက် ပြောလာသည်က" မင်းနဲ့ဘာဆိုင်လို့လဲ..."
ဝမ်ယွီကပြုံးလိုက်မိ၏။
ကျိအန်းနဉ်သာ ဒီမှာရှိနေလျှင် ဝမ်ယွီ၏အပြုံးကိုမြင်လိုက်ပါက ကျောချမ်းမှုကိုခံစားရမည်ပင်။ ဝမ်ယွီသည် သူမအားသတ်လိုက်တဲ့သူကို အသားပုံကြီးအဖြစ်မပြောင်းလဲခင်က အတိုင်းထပ်တူညီစွာပြုံးနေတာကြောင့်ပင်။
မျက်မှန်နှင့်လူသည် ဝမ်ယွီက သူ့မျက်နှာအားဖြတ်ရိုက်လိုက်ချိန်တွင်သူ့မျက်နှာအား ဝေဝေဝါးဝါးသာမြင်နိုင်တော့သည်။
သူကမြေမြင်ပေါ်သို့ လဲမကျသွားခင် မုန့်ကြိုးလိမ်ကဲ့သို့လည်ထွက်သွားကာ သွားတစ်ချောင်းကျွတ်ထွက်သွားသည်။
လမ်းသွားလမ်းလာများက ကြောက်လန့်တကြားဖြစ်ကာ အနောက်သို့လှည့်တကြည့်ကြည့်ဖြင့် ထွက်ပြေးသွားလေသည်။
သာမန်လူတစ်ယောက်သာ သူထိုးတာကိုခံရလျှင် အချိန်အနည်းငယ်ကြာမှ ပြန်ထလာနိုင်မည်ကိုသိသည်။ ထို့ကြောင့် သူကဆေးလိပ်မီးညှိကာနှစ်ချက်မျှမှုတ်ထုတ်လိုက်ပြီးနောက် မျက်မှန်နဲ့လူ၏ လက်အားရိုက်ချိုးပစ်လိုက်သည်။
နာကျင်မှုက မျက်မှန်နဲ့လူအား ကြယ်တွေလတွေမြင်ကာမူးဝေလာခြင်းမှလန့်နိုးစေ၍ ဝက်တစ်ကောင်ကဲ့သို့ကျယ်ကျယ်လောင်လောင်အော်ဟစ်စေတော့သည်။
"မင်းလက်ကိုဘယ်မှာထားရမလဲ သတိရ..."
ဝမ်ယွီကဆေးလိပ်မှ ပြာမှုန့်များကို သူ့ရှေ့တွင်ခါချလျက် "မဟုတ်ရင် မင်းကိုတွေ့တိုင်းရိုက်ပစ်မှာ..."
မျက်မှန်နဲ့လူ"....."
သေစမ်း ဘာလို့များ ဒီရက်တွေမှာ ဒီစကားမျိုးပဲကြားနေရတာလဲ
"ငါမလုပ် ငါမလုပ်တော့ပါဘူး အဟွတ် အဟွတ် အဟွတ်..."
ဆေးလိပ်ပြာကသူ့အားချောင်းဆိုးစေကာ နှာရည်များထွက်စေ၏။
သနားစရာပဲ...
ဝမ်ယွီကသူ့ဖုန်းကိုထုတ်၍ ထိုလူအား ပုံနှစ်ပုံရိုက်ပြီးမှ တစ်ဖက်လှည့်ကာ သူ့ကားဆီသွားလေသည်။
ဝမ်ယွီကဆေးလိပ်သောက်လို့မပြီးသေးသောကြောင့် ကားပြတင်းပေါက်အားဖွင့်ကာ ဆေးလိပ်ဆက်သောက်နေလိုက်သည်။သူက လူယုတ်မာ ဖြေးညှင်းစွာထလာလျက်အနက်ရောင် ဟမ်မာကားအား ရံဖန်ရံခါ လှည့်ကြည့်ကာ အဝေးကိုလျှောက်သွားတာကိုစောင့်ကြည့်နေပြီး ထိုသူကအရှိန်မြှင့်ကာသွားနေရင်း ရုတ်တရက် ဘန်းခဲမြည်အောင် တိုင်တစ်လုံးအား အဆုံး၌ဝင်တိုက်မိသွားသည်။
ဝမ်ယွီက ဆေးလိပ်ငွေ့တွေကိုရှုရိုက်နေရင်းဖြင့် ဖုန်းကိုထုတ်ကာ သူရိုက်ထားသည်များကို ပြန်ကြည့်၏။
ထိုလူယုတ်မာရဲ့ မျက်ရည်နဲ့နှာရည်များထွက်သည်အထိငိုနေတဲ့မြင်ကွင်းကသူ့ရဲ့အစားစားချင်စိတ်ကိုပျောက်ဆုံးစေသည်။ သူ့လက်ချောင်းဖြင့် အရှေ့သို့ပွတ်ဆွဲလိုက်သည့်အခါ ဖုန်းမျက်နှာပြင်တွင်ပေါ်လာသော ပိန်သွယ်သွယ်ပုံရိပ်လေးကို ကြည့်နေမိသည်၏
ဝမ်ယွီအကြည့်များအေးခဲသွားရ၏။
သူကကျိအန်းနဉ်ကို လွန်ခဲ့တဲ့နှစ်ရက်တည်းက တစ်ချိန်လုံးစောင့်ကြည့်နေခဲ့ပြီး သဘာဝကျကျပင် သူ သူမကို စိတ်ဝင်စားမိသွားသည်။ ပြဿနာက သူကသူမကိုတွေ့ရဖို့အလွန်ခက်ခဲနေတာပင်။
သူ ဂျူနီယာကျောင်းသားဖြစ်ကာ သူမကလူသစ်သာဖြစ်ပြီး သူက သူမအတန်းအရှေ့အမြဲ ထွက်သွားထွက်လာလုပ်လေ့ရှိသော်လည်း သူမက နေ့လယ်စာစားချိန်တွင်အမြဲအိပ်ဆောင်နှင့်ကန်တင်းကြားတွင် အလုပ်ရှုပ်နေခဲ့သည်။
ကျောင်းက သူမအား မိသားစုတိုက်ခန်းစီစဉ်ပေးထား၍ ကျောင်းဆင်းချိန်တွင် သူမက ကျောင်းထဲတွင်မရှိပေ။ နေ့လယ် မုန့်စားချိန်တွင် အမျိုးသမီးအိပ်ဆောင်အတွက် လုပ်စရာရှိတာလုပ်ပေးပြီးနောက် သူမကပျောက်ကွယ်သွားတော့သည်။
ယနေ့ကျောင်းဆင်းချိန် ဂိတ်တံခါးမှ ဖြတ်သွားချိန်တွင် သူ သူမကိုမြင်ခဲ့သည်။ သူမကမူ သူ့အားမမြင်ချင်၊ မကြားချင်ယောင်ဆောင်လျက် သူ့ကားရှေ့တည့်တည့်မှဖြတ်သွားမည်ဟု ဘယ်သူထင်မလဲ။
ထိုအချိန်တုန်းက ဝမ်ယွီထင်ခဲ့သည်က သူမ ကားဟွန်းသံကိုမကြားမမြင်ရတာဟုပင်။ အဘယ်ကြောင့်ဆိုသော် ကားဟွန်းသံက လူတွေရဲ့နာမည်ကိုခေါ်ခြင်းမဟုတ်ဘဲ အသံတူတူသာဖြစ်နေလို့ပင်။
သို့ပေမဲ့ လမ်းခရီးအလယ်တုန်းက ကျိအန်းနဉ်တစ်ယောက် ဘတ်စ်ကားပေါ်မှ ဆင်းချိန်တွင် သူ့ဘက်သို့ကြည့်လိုက်သည်။
ဝမ်ယွီမှာ ရုတ်တရက်ဆိုသလို ကျိအန်းနဉ်က သူ့အကြောင်းသိနေနေမှန်း သိလိုက်သည်။ သူမက သူ့ကားကိုသိနေပြီး တစ်ယောက်ယောက်က သူမနောက်လိုက်နေတာကိုလည်း သိနေခဲ့၏။
သို့သော် သူမက သူ့ကို ရည်ရွယ်ချက်ရှိရှိရှောင်နေခဲ့သည်။
ဝမ်ယွီတစ်ယောက် သူ့ဖုန်းအားကြည့်ကာ မျက်၀န်းများက တဖြည်းဖြည်းမှိုင်းညို့လာတော့သည်။
xxxxxx