အပိုင်း၆
Viewers 6k

Chapter 6


ဝမ်ယွီထံတွင် ကျိအန်းနဉ်၏ ခပ်ဝါးဝါးပုံအချို့သာရှိသည်။ထင်ထင်ရှားရှားပုံမှာ အစားအသောက်ဘူးအပြည့်ဖြင့် ဖြစ်နေသောအိတ်နှစ်အိတ်အားဆွဲလျက် အစားအသောက်ကဒ်အားပါးစပ်ထဲတွင် ကိုက်ထားသောပုံသာဖြစ်သည်။ သူမပြေးနေတုန်း လေကြောင့် သူမနဖူးရှိဆံပင်များက လွှင့်နေ‌ခဲ့၏။


ဝမ်ယွီက အလွန်လှပတဲ့မိန်းကလေးများစွာကို တွေ့မြင်ခဲ့ဖူးပေမယ့်ဘသူတို့ရဲ့ ပုံစံကို ယခုလိုမျိုး သူများမည်သို့မြင်သလဲဆိုတာ ဂရုမစိုက် စိတ်မဝင်စားသည့်သူမျိုးမမြင်ခဲ့ဖူးပေ။


သူက ကျိအန်းနဉ်၏ကျောင်းဖိုရမ်တွင် တင်ထားသည့် အစားအသောက်ဝန်ဆောင်မှုအကြောင်း တမင်တကာရှာကြည့်ခဲ့သေးသည်။ သူမက ကျောင်းသူတွေ အဆောင်သို့ပြန်ရောက်သည်နှင့် ပူ‌ပူနွေးနွေးအစားအစာတွေမြန်မြန်စားနိုင်ကြောင်းပါ အာမခံကာကြော်ငြာထားသေးသည်။


ကျောင်းတွင် ယခုလိုမျိုးခက်ခက်ခဲခဲငွေရှာနေသောကျောင်းသားအချို့ရှိဟန်ပေါ်ပြီး ပြိုင်ဆိုင်မှုကလည်းပြင်းထန်လေသည်။ ဝမ်ယွီကဆေးလိပ်အားထုတ်ကာ သူ့မေးစေ့ကို ပွတ်လိုက်သည်။


ဒါကဘယ်လိုဘဝမျိုးလဲ...


သူမော့ကြည့်လိုက်ချိန်တွင် ဘတ်စ်ကား‌ကပျောက်သွားတာအလွန်ကြာနေလေပြီ။ သူသည်လည်းနောက်သို့ထပ်လိုက်ရန် စိတ်ကူးမရှိတော့ပေ။ သူခန့်မှန်းတာသာမှန်လျှင် သူမနောက်အချိန်ပိုင်းအလုပ်ကို သွားနေလောက်သည်။


ဒီလိုဘဝမျိုးမှာနေတဲ့ မိန်းကလေးတစ်ယောက်က ဒီလောက်အထိလှရပ်နိုင်လွန်းနေတာကို သူနားမလည်နိုင်ပေ။


"ဒါကအရေးမကြီးဘူး..."ဝမ်ယွီတွေးလိုက်သည်။


သူက သူမကိုဘဝကခက်ခဲကြမ်းတမ်းတဲ့လမ်း မဟုတ်ဘူးဆိုတာကို နားလည်အောင်လုပ်ပေးမယ်.....


ဘတ်စ်ကားပေါ်တွင် ရယ်မောသံတွေထွက်လာပြီး ခပ်ဝဝမိန်းမရဲ့မျက်နှာက ဒေါသကြောင့် အနီရောင်ပြောင်းနေသည်။


"ဘာလို့များလူငယ်တစ်ယောက်က ဒီလိုမျိုးယဉ်ကျေးမှုမရှိရတာလဲ..."သူမကဆူပူနေသည်။


"နင့်မိဘတွေက အကြီးတစ်ယောက်ကိုလေးစားမှုထားဖို့မသင်ပေးလိုက်ဘူးလား..."


ကျိအန်းနဉ်က သူမအားမျက်လုံးလှန်ကြည့်လျက် ပြောလိုက်သည်။


"ကျွန်မ မိဘတွေကျွန်မကိုသင်ပေးခဲ့တာက တစ်စုံတစ်ယောက်အမှားလုပ်မိရင် ကျူးလွန်ခံရတဲ့သူကို အပြစ်မတင်ဘဲ လုပ်သူကိုပဲ အပြစ်တင်ဖို့သင်ပေးခဲ့တာ..."


ရှင်းရှင်းလင်းလင်းပင်၊ ထိုညတွင် သူမအတန်းဖော်၏ လှည့်ဖျားထောင်ဖမ်းခြင်းကိုခံခဲ့ရပြီး သူမ မသေဆုံးခင်အထိ သူမကိုယ်သူမပြင်းပြင်းထန်ထန်ကာကွယ်ခဲ့၏။ သို့သော် သူမရဲ့ မရောမရာနှင့် တာဝန်မဲ့သောသူများပြည့်နှက်နေသော အတန်းဖော်များပါးစပ်ထဲတွင် သူမရဲ့ဘ၀က သူတို့အတွက် လက်ဖက်ရည်နှင့် ညလယ်စာလိုအရသာရှိသော အတင်းအဖျင်းသာဖြစ်လာခဲ့သည်။


သူတို့က သူမအပေါ်ရေဆိုးရေညစ်တွေလောင်းချခဲ့ကြသည်။သူမကိုလှည့်စားခဲ့တဲ့မိန်းကလေးနှင့် ‌ထိခိုက်စေခဲ့တဲ့ ကောင်လေးကတောင် သူတို့ပြောနေသည့်အကြောင်းကို အချင်းချင်းညှိကာ မဟုတ်မမှန်ရယ်‌ရယ်မောမောပြောနေကြသေးသည်။


လေထဲတွင်လွင့်မျောနေသော ကျိအန်းနဉ်၏ဝိညာဉ်က သူတို့အားချေမွကာ အပိုင်းပိုင်းဖြစ်သည်အထိ ဆုတ်ဖြဲချင်ခဲ့သည်။ သို့သော်လည်း သူမသည် နရံတင်သာမက သူတို့၏ခန္ဓာကိုယ်ကိုပါ ဖောက်ထွက်သွားတော့သည်။


ကျိအန်းနဉ်က ပိန်ပိန်‌ပါးပါးခန္ဓာကိုယ်နှင့်ဆိုပေမယ့် မျက်လုံးတွေက ပြောမပြနိုင်အောင် ရက်စက်နေရာ သူမအားဒေါသတကြီးကြည့်နေသည့်ခပ်ဝဝအဒေါ်ကြီးမှာ ဤမိန်းကလေးက ယောင်္ကျားအရင့်အမာကြီးတစ်ယောက်ကိုပင် ဘောပင်နှင့်မည်သို့ခုခံခဲ့သလဲဆိုတာကို မှတ်မိသွားကာ သူမခန္တာကိုယ်ကြီးတုန်ယင်လာတာကိုမထိန်းနိုင်တော့ပေ။ ရုတ်တရက်ဆိုသလို သူမတစ်ကိုယ်လုံးမှာ အားနည်းသွားရသည်။


သူမက အသက်၀၀ရှုနေရင်းတစ်စုံတစ်ခုကို တီးတိုးရေရွတ်နေကာ ကျိအန်းနဉ်ကိုမူ တည့်တည့်မကြည့်ဝံတော့ချေ။သူတို့အနားတွင်ရှိနေသောလူများက နောက်တစ်ကြိမ်ထပ်ရယ်မောကြပြန်၏။


ကျိအန်းနဉ်ကတစ်ဖက်သို့ခေါင်းလှည့်လိုက်ချိန်တွင် မျက်နှာတွင်တင်းတိပ်မှဲ့ခြောက်များရှိနေသော ကောင်မလေးက လက်မထောင်ပြနေတာကို မြင်လိုက်ရသည်။


သူမသည် အသွင်အပြင် ဒါမဟုတ် ရုပ်ရည်တွင် ကျိအန်းနဉ်နှင့်မယှဉ်နိုင်သော်လည်းပဲ နှောင့်ယှက်မှုများစွာကို ကြုံခဲ့ရသည်။ ပထမဆုံးအကြိမ် ဤမျှအစွမ်းထက်လှသော မိန်းကလေးမျိုးနှင့် တွေ့ဆုံရတာဖြစ်ပြီး သူမက တစ်ဖက်လူအားသွေးစိမ်းရှင်ရှင်ထွက်အောင်ပင်လုပ်နိုင်ခဲ့သည်မှာ တကယ်ကို လေးစားဖွယ်ရာအတိပင်။


ကျိအန်းနဉ်က သူမအားပြန်ပြုံးပြလိုက်သည်။ဘတ်စ်ကားက အရေးကြီးသောအတင်အချနေရာဖြစ်သည့်မှတ် တိုင်သို့ ရောက်ချိန်တွင် ခရီးသည်တစ်ဝက်လောက်ကဆင်းသွားသည်။ ကျိအန်းနဉ်က ကားမှန်ကိုဖြတ်ကာကြည့်ပေမယ့် ဝမ်ယွီ၏အနက်ရောင်ဟမ်မာကားကိုမတွေ့ရတော့ပေ။


ယခုဘဝတွင် ဝမ်ယွီကသူမအား အရင်ဘဝတုန်းက ကဲ့သို့ကပ်တွယ်ခြင်းမျိုးမရှိတော့ပေ။


ကျိအန်းနဉ်သည် သူမ၏အကြည့်အားလွှဲဖယ်လိုက်ရင်း သူမမည်သို့ခံစားနေရမှန်းမသိတော့ပေ။


သူမ၏အချိန်ပိုင်းအလုပ်သည် ကျောင်းနှင့်သိပ်မဝေးဘဲ လေးမှတ်တိုင်သာဝေးလေသည်။ သူမရဲ့ အတိတ်ဘဝတွင် ထိုနေရာတွင်သာ အလုပ်လုပ်ခဲ့၏။


သူမက ကော်ဖီဆိုင်တံခါးအားတွန်းကာ ဘဲလ်တီးလိုက်သည်။ ကောင်တာမှာထိုင်သော လူငယ်လေးက သိမ်မွေ့သောမျက်နှာပေါက်ရှိပြီး ရှပ်အင်္ကျီနှင့်လည်စည်းကိုဝတ်ဆင်ထားသည်။


သူမကိုမြင်ချိန်တွင် သူ့မျက်လုံးတွေက တောက်ပသွားကာ အပြုံးလေးဖြင့် "မင်းရောက်ပြီလား..."


"မန်နေဂျာ..." သူမက ခေါ်လိုက်သည်။


မန်နေဂျာ၏နာမည်က ရှုချန်းဖြစ်သည်။ အတိတ်ဘဝတွင် ကျိအန်းနဉ်သေဆုံးပြီးနောက်တွင် သူမ၏ကောလဟာလကို ယုံကြည်ရန် ငြင်းဆန်သော လူတွေထဲကတစ်ယောက်ဖြစ်သည်။


သူက အသက်နှစ်ဆယ်သာရှိသေးပြီး လွန်ခဲ့သောနှစ်အနည်းငယ်က ကောလိပ်မှဘွဲ့ရရှိခဲ့‌ပြီးသားပင်။ သူက သာမန်ကိုးနာရီမှ ငါးနာရီအထိအလုပ်ကို မလိုချင်သော်လည်း ဘွဲ့ရပြီးနောက်ပိုင်းတွင် animeကိုအလွန်မြတ်နိုးသော ဖန်တစ်ယောက်ဖြစ်လာသည်။သူ့မိသားစုက နေ့လည်ခင်းတွင် ကော်ဖီ၊ လက်ဖက်ရည်နှင့်ရိုးရှင်းသောအစားအစာတို့ကိုသာ အဓိကထား‌သော animeအဓိကကော်ဖီဆိုင်ကို ဖွင့်ကာထောက်ပံ့ပေးခဲ့၏။


ယနေ့မတိုင်ခင်တုန်းက ကျိအန်းနဉ် အင်တာဗျူးလာဖြေခဲ့သည်။သူမကိုတွေ့သည်နှင့် သူ့ မျက်လုံးတွေတောက်ပလာကာ အလုပ်ဝတ်စုံအားသူမအားစမ်းဝတ်ခိုင်းသည်။ သူကြည့်ရသည်မှာ အလွန်ထူးဆန်းပြီးအတော်လေးအလျင်လိုနေသလိုပင်။


သူက ကျိအန်းနဉ်နှင့်မရင်းနှီးသော်လည်း သူမကတော့ သူနှင့်အလွန်ရင်းနှီးလေသည်။ သူက တကယ့်ကို otakuအစစ်အမှန်ဖြစ်သည်။ သူမ ယူနီဖောင်းလဲရန် အနောက်ဘက်သို့သွားလိုက်ပြီးနောက် ရှုချန်းနှင့်အတူ ညစာပါဝင်သော လခအားစေ့စ့စပ်စပ် ကျွမ်းကျွမ်းကျင်ကျင် ညှိနှိုင်းလေသည်။


အတိတ်၌ သူမသည် အလုပ်မှာညစာ‌မကျွေးသော်လည်း ရှုချန်းက ညစာအတွက်ဘီစကစ်များသာစားနေသောသူမကိုမြင်ကာ သူမအတွက်စိတ်မကောင်းဖြစ်ပြီး ညစာအားအလုပ်မှပါကျွေးလေတော့သည်။


သူက သူမအားလိုက်ရန်အတွက် ရည်ရွယ်ချက်အားဖော်ပြလာသောအခါ အချစ်ပန်းပွင့်လေး တက်သစ်စဖူးငုံပွင့်လေးအရွယ်၌ ဝမ်ယွီထံတွင် တိုက်ရိုက်အသတ်ချခံလိုက်ရ၏။


ကျိအန်းနဉ်မသေခင်အထိ ဘယ်သူမှ သူမကိုမလိုက်ရဲကြတော့ပေ။ကျောင်းကလူတိုင်းသည် ဝမ်ယွီက သူမကိုအရယူဖို့စိတ်ပိုင်းဖြတ်ထားမှန်းသိလေသည်။


ဝမ်ယွီက သူမနှင့်အမြဲအတူရှိနေတာကြောင့် ဘယ်သူမှလိုက်ဖို့မရဲပေ။သို့သော် တစ်ရက်တွင် ဝမ်ယွီရုတ်တရက်ပျောက်သွားပြီး ဘာကြောင့်ဆိုတာကိုမူ မည်သူမှမသိကြပေ။


သူပျောက်သွားပြီး သိပ်မကြာခင်မှာပင်၊ ကျိအန်းနဉ်သည် သူမနှင့်သိသောမိန်းကလေးတစ်ယောက်နဲ့ အချိန်ပိုင်းအလုပ်လုပ်ရာမှ နှောင့်ယှက်ခြင်းကိုခံခဲ့ရပြီး သူမကို အချိန်တစ်ခုကြာအထိမက်မောစွဲလမ်းနေသည့်လူတစ်ဦးရဲ့ထောင်ချောက်ထဲကျသွားတာကို သူမမသိခဲ့ချေ။ ထိုလူက ဝမ်ယွီမရှိတော့သည်ကြောင့် သူမအားဖိအားပေးလာသဖြင့် ခေါင်မိုးပေါ်တက်ကာ ခုန်ချစေခဲ့သည်။


ကျိအန်းနဉ်နှင့်ရှုချန်းသည် အချင်းချင်းနှုတ်ဆက်နေကြပြီးနောက် ညစာအရင်စားဖို့ အမြန်ပြင်လိုက်ကြသည်။ရှုချန်းက သူမအား သူမရဲ့ညစာအတွက် မီးဖိုချောင်တွင်ပြင်ဆင်ခွင့်ပေးကာ သူမအား လုပ်ပိုင်ခွင့်ပေးရုံသာမက အသားနှင့် အသီးအရွက်စတဲ့ အာဟာရညီမျှစေမည့်အစားအစာများကိုပါ ထောက်ပံ့ပေးထားသည်။


သူကသူမအားအမြဲဂရုစိုက်ပေးသည်။သေချာပေါက်ပင်၊ ကျိအန်းနဉ်က ဘာကိုမျှအခွင့်အရေးမယူခဲ့ပေ။နောက်ပိုင်း၌ ကျိအန်းနဉ်သည် စတိုးဆိုင်ထဲတွင် လုပ်သက်အကြာဆုံးဝန်ထမ်းဖြစ်လာပြီး အနီးရှိကျောင်းသားတိုင်းရောက်လာကာ သူတို့ပိုက်ဆံဖြုန်းစေသည်အထိဆွဲဆောင်နိုင်သည့် အဓိကကဏ္ဍဖြစ်လာခဲ့၏။


ကျိအန်းနဉ် ညစာစားပြီးသောအခါ ပါးစပ်ဆေးကြောလိုက်ပြီး သူမရဲ့အလုပ်ယူနီဖောင်းအား ကိုယ်ပေါ်၌‌ ပြောင်းလဲဝတ်ဆင်လိုက်သည်။


ရှုချန်းသည် ဒီဝန်ထမ်းအသစ်က အတော်ချစ်စရာကောင်းသည်ဟုတွေးမိသည်။ မျက်လုံးကြီးကြီး ခါးသေးသေး ခြေတံရှည်ရှည်နဲ့ သူမကို အင်တာဗျူးတွင် မြင်သောအခါ သူ့နှလုံးသားခုန်ပေါက်သွားရသည်။


ကျိအန်းနဉ်က အခုလို အလုပ်ယူနီဖောင်းကိုဝတ်စားလိုက်ချိန်တွင် သူမတ်မတ်ပင်မရပ်နိုင်တော့ပေ။


"ဒါကရိုးရိုးရှင်းရှင်းကိုပဲ မိန်းကလေးတစ်ယောက်ရဲ့ နှစ်ဘက်မြင်ရှုထောင့်ထက်သာတဲ့ သုံးဖက်မြင် မြင်ကွင်းပဲ..."


ရှုချန်းထိုအချိန်တွင် တွေးမိတာက ကောင်မလေးကဘာမှမလုပ်ဘဲ နေရင်တောင် သူက သူမကိုဆွဲထားပြီး ယူနီဖောင်းဝတ်ခိုင်းထားကာ ဆိုင်ထဲတွင်နေဖို့တောင်းဆိုမည်။ ဆိုင်အတွက် သူမအား ကြွကြွရွရွလေးသာထိုင်ခိုင်းကာ သက်ရှိ ကြော်ငြာကဲ့သို့ပင် ဆက်ဆံပေးနိုင်သည်။


သို့သော် ကျိအန်းနဉ်သည် ပထမဆုံးအလုပ်လုပ်ချိန်တွင် ပင် ကြိုတင်ပြင်ဆင်မှုမလိုအပ်ဟု ဘယ်သူကထင်မလဲ... သူမက အချိန်အတော်ကြာ အလုပ်လုပ်နေသောကောင်မလေးတွေထက် ပို၍ပင်တော်နေသေးသည်။ တစ်ယောက်တည်းနှင့်အများကို ယှဉ်နိုင်ပေ၏။


Animeနတ်ဘုရားက သူ့အားမျက်နှာသာပေးပုံရသည်။ သူကသူ့လက်ကိုင်ပဝါအား ကိုက်ကာ ဝမ်းသာတကြီးအော်ဟစ်လိုက်မိသည်။


သူမရဲ့ အလုပ်ပထမဆုံးရက်နှင့် ယှဉ်လိုက်ပါက ယနေ့ ယောကျာ်းလေးcustomerများ သိသိသာသာကို ပိုများလာသည်။ ကျိအန်းနဉ်က ယခုလိုအခြေအနေမျိုး အတိတ်ဘဝက အကြိမ်ကြိမ်ကြုံဖူးသဖြင့် သူမအနေဖြင့် တည်ငြိမ်နေသည်။


ရှုချန်း၏ ဆိုင်အနီးအနားတွင် တက္ကသိုလ်များစွာရှိပြီး တည်နေရာကလည်း မဆိုးလှပေ။ ကျိအန်းနဉ် ဒီဆိုင်မှာအလုပ်လုပ်ပြီးနောက် “Otaku နတ်ဘုရားမ” ဆိုတဲ့နာမည်ကို လျင်လျင်မြန်မြန်ပဲရခဲ့ကာ နီးစပ်ရာ တက္ကသိုလ်များက otakuများကလည်း ဆိုင်ကို လာအားပေးဖို့ မကြာခဏ အဖွဲ့လိုက်လာကြသည်။


နောက်ပိုင်းတွင် ရှုချန်းက သူမ၏ လစာကိုနှစ်ဆတိုးပေးခဲ့သည်။သူမက လမ်းလျှောက်နေတဲ့ ကြော်ငြာတစ်ခုလိုပင်။


သေချာပေါက် ရှုချန်းက ယင်းကိုသတိထားမိပြီးသားဖြစ်၏။ ဖောက်သည်တွေထဲက ကောင်လေးအဖွဲ့တစ်ဖွဲ့က ကျိအန်းနဉ်အကြောင်း တီးတိုးပြောနေတာတောင် နားစွန်နားဖျားကြားခဲ့သေးသည်။


“အဲ့ဒါ သူမပဲ၊ အဲ့ဒါ သူမပဲ၊ ငါမင်းကို မလိမ်ပါဘူးဆို”


“Wow ငါတို့တော့ ဒီနေ့တန်တာပဲ….”


“ငါ အတိအလင်းကြေညာလိုက်ပြီ ဒီနေ့ကစပြီး ဒီနေရာက ငါ့ရဲ့ကန်တင်းပဲ...”


8:30တွင် ကျိအန်းနဉ် အလုပ်ပြီးသွားကာ ရှုချန်းက သူမအား “မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်” ဟုအထူးပြောလာသည်။


နောက်တော့ သူက “အိမ်ပြန်လမ်းမှာ သတိထားဦးနော်” လို့ သူမအား သတိပေးလိုက်သေးသည်။


ကျိအန်းနဉ်လည်း ခေါင်းညိတ်ကာ ဆိုင်က ထွက်သွားပြီးမှ ပြန်လှည့်လိုက်ပြီး သူမက “မန်နေဂျာ၊ ကျွန်မ ပိတ်ရက်မှာ လုပ်လို့ရတဲ့အလုပ်မျိုးရှာနေတာ...တကယ်လို့များ ရှိရင် ကျွန်မကို ပြောပေးပါဦးနော်...”


တက္ကသိုလ်တက်ဖို့ သူမနဲ့ သူမအဖွား အနီးအနားမြို့ကနေ ပြည်နယ်မြို့တော်အထိ လာခဲ့တဲ့အချိန်က စက်တင်ဘာလပဲရှိသေးတာကို သူမ မေ့တော့မလို့ပင်။ အထက်တန်းကျောင်းမှာတုန်းက သူမရဲ့ ငွေရှာနိုင်တဲ့ အခွင့်အလမ်းတွေအားလုံး ယခုတော့ ပလုံသွားချေပြီ။ 


ကြည့်ရတာ သူမနောက်ထပ် အချိန်ပိုင်းအလုပ်တွေ ထပ်ရှာရမည့်ပုံပင်။ရှုချန်းက ဒေသခံတစ်ဦးဖြစ်ပြီး သူ့မှာ ဆွေမျိုးများနှင့် သူငယ်ချင်းများစွာရှိသည်။ သူကူရှာပေး‌ေပမယ့် ကျူတာနှင့် အခြားသောအလုပ်များက သူမ onlineပေါ်က ရှာတွေ့တာထက် ပိုစိတ်ချရသည်။ 


အနည်းဆုံးတော့ လူဆိုးတွေဖြင့် မတွေ့နိုင်တော့ပေ။ပြီးမှ သူမက ရှုချန်းကို ဗြုန်းစားကြီး အကူအညီတောင်းလိုက်မိမှန်းသတိရသွား၏။ 


သူမအထင် သူမတို့က ယခုလိုအကူအညီတောင်းဖို့လောက်ထိ မရင်းနှီးကြသေးဘူးချေ။


ရှုချန်းကတော့ ယင်းကိုစိတ်ထဲမထားပေ။ ကျိအန်းနဉ်က ဒီမှာ အလုပ်လုပ်တာ သုံးရက်ပဲရှိသေးပေမယ့် သူမနှင့် အရင်ကတည်းက ခင်မင်ဖူးသလိုခံစားနေရပြီး ယင်းကသူ့ကို ပျော်ရွှင်စေသည်။


သူက ချက်ချင်းသဘောတူလိုက်၏။


”ကောင်းပြီ၊ အမေ့ကို ဖုန်းဆက်ပြီး အကူအညီတောင်းလိုက်မယ်...”


ကျိအန်းနဉ်က သူ့ကို ကျေးဇူးတင်ကြောင်းပြောပြီး ဘတ်စ်ကားနဲ့ အိမ်ပြန်ခဲ့လိုက်သည်။


သူမ အိမ်တံခါးဖွင့်လိုက်တော့ အခန်းထဲ မှောင်မဲနေကာ မီးမဖွင့်ထားသဖြင့်၊ TVမှ ပြာလဲ့လဲ့ မီးရောင်က အခန်းကို ခြောက်ခြားသွားစေသည်။


သူမအဖွားက Dementia*ရောဂါကိုခံစားနေရပြီး သူမကျောင်းသွားတိုင်း အဖွားကို အိမ်မှာသော့ခတ်ကာ ထားခဲ့ရသည်။ ကံကောင်းတာက ကျောင်းက သူမတို့ကို နေဖို့ အိမ်ပေးချိန်တွင် ပရိဘောဂအဟောင်းတချို့နှင့် TVတစ်လုံး ပါအသင့်ပါလာသည်။ ဟောင်းနေပေမယ့် သုံးလို့တော့ရသေးသည်။ TVကြည့်တာက သူမအဖွား၏ တခုတည်းသော အပျင်းပြေစရာ ဖြစ်လာသည်။


“အဖွား အခန်းထဲ မီးဖွင့်ပြီးနေလေ” ကျိအန်းနဉ်က အခန်းတံခါးကိုပိတ်ပြီး မီးဖွင့်လိုက်သည်။ 


“အမှောင်ထဲမှာ TVကြည့်နေရင် အဖွားမျက်လုံးတွေ ထိခိုက်မှာပေါ့”


အဖွားက “အိုး “လို့ တုံ့ပြန်ကာ “မီတာခချွေတာရမယ်လေ”


ကျိအန်းနဉ်က ကော်ဖီဆိုင်မှာ တညလုံး အလုပ်လုပ်ရလို့ အရမ်းပင်ပန်းနေပြီ။ 


ယင်းကိုကြားတော့ ဝမ်းနည်းသွားပြီး သူမအဖွားရဲ့ လက်ကိုဆွဲကာ “အပြင်မှာ လေကကောင်းတယ် လမ်းလျှောက်ထွက်ကြရအောင်နော်...” 


သူမအဖွားက တနေ့လုံး အခန်းထဲမှာပဲ ရှိနေတာမလို့ လေကောင်းလေသန့် ရဖို့ လိုသည်။


အဆောက်အအုံက အိုဟောင်းနေပေမယ့် ပြန်ပြုပြင်ထားပြီး ဓာတ်လှေကားပါ တပ်ဆင်ထားသည်။ ကျိအန်းနဉ်က သူမအဖွားကို ကုတ်အပါးလေး ထပ်ဝတ်ပေးကာ သူမလက်ကို ကိုင်ထားပြီး အောက်ထပ် ဓာတ်လှေကားဆီ ခေါ်သွားသည်။ သူမက အဖွားကို ဝင်ပေါက်မှတဆင့် အောက်သို့ တဆင့်ချင်း ကျောပိုး၍ခေါ်သွားလိုက်၏။


အဖွားရဲ့ ခြေထောက်က သိပ်မသန်မာတော့ပေ။ မြေညီပေါ်မှာ လျှောက်နိုင်ပေမဲ့ လှေကားအတက်အဆင်းလုပ်ဖို့ ခက်သည်။ ကျောင်းပထမရက်မှာ ကျောင်းအုပ်ကြီးရုံးခန်းသို့ အဖွားကို ကျောပိုးကာ ခေါ်သွား၍ “ကျောင်းကို အဖွားခေါ်လာသူ” ဆိုပြီး ကျိအန်းနဥ်ခမျာ သတင်းထွက်ခဲ့ရသေးသည်။


ကျောင်းအုပ်ကြီးလည်း ရှော့ရသွားသည်။ချမ်းစိမ့်စိမ့် ဆောင်းတွင်းညနေခင်းတွင် လေထဲ အအေးဓာတ်အနည်းငယ် ကိန်းအောင်းနေသည်။ အိမ်ဝင်းထဲ အရိပ်များက နေရာတိုင်းမှာ ကျနေပြီး အိမ်နီးချင်းများက လမ်းပတ်လျှောက်နေကြသည်။


ကျိအန်းနဉ်က လက်တိုသာ ဝတ်ထားပြီး အဖွားက ကုတ်ရှည်ဝတ်ကာ လက်တွဲပြီး ဖြေးညှင်းစွာပဲ လျှောက်နေကြသည်။ တစ်ယောက်ယောက်နှင့် ဆုံလျှင် “ဆရာဝမ်” “ဆရာစွန်း” ဆိုပြီး မကြာခဏ နှုတ်ဆက်လိုက်သည်။




xxxxx