အပိုင်း၁၁
Viewers 7k

Chapter 11




ဝမ်ယွီက ပြတင်းပေါက်မှန်မှတဆင့် သူမ caféဆိုင်ထဲ ဝင်သွားသည်အထိ ကြည့်နေခဲ့သည်။ နောက်တော့ ရှင်းမပြနိုင်လောက်အောင် စိတ်ရှုပ်လာသလို ခံစားရ၍ စီးကရက်ကို မီးညှိလိုက်သည်။သူ့ဖုန်းက မြည်လာပြီး သူငယ်ချင်းတစ်ချို့က ခေါ်‌ေနသည်။ 


“မင်း ဘယ်မှာလဲ ပိတ်ရက်ဆိုတော့ အပြင်မှာ အပျော်သွားရှာရအောင်လေကွာ...”


သူက ရုတ်တရက်ကြီး အပြင်ထွက်ဖို့ သဘောတူလိုက်မိကြောင်း သိလိုက်သည်။ သို့သော် ဖုန်းပြန်ဆက်မနေဘဲ ကားထဲမှာထိုင်ရင်း စီးကရက်ကို ဆက်သောက်နေမိသည်။ သောက်လို့ ကုန်သွားမှ caféဆိုင်ဘက် လှမ်းကြည့်ကာ ညည်းတွားလိုက်သည်။ 


“အရူးလားကွာ”


ကားမီးကိုဖွင့် ဂီယာပြောင်းရင်း စမောင်းတော့သည်။


ပိတ်ရက်ဆိုတော့ ပုံမှန်ထက်လူပိုကျပြီး ရှုချန်းရဲ့ ဆိုင်က ဒီနေ့ ယောကျာ်းလေးတွေ ပိုတောင်များနေသည်။


ခုနစ်ယောက်၊ ရှစ်ယောက်လောက်က အန်းနဉ်ရဲ့ ဖုန်းနံပါတ်ကို လိုချင်နေပြီး သုံးလေးယောက်က သူတို့ရဲ့ ဖုန်းနံပါတ်ကို ထားခဲ့ကာ နှစ်ယောက်ကတော့ အန်းနဉ်အတွက် လက်ဆောင်ပေးပြီး တန်းထွက်ပြေးသွားကြ၏။


အရှက်မရှိတဲ့ ဆိုင်ရှင်က ရယ်ပြီးပြောသည်။


 “ဟားဟားဟား သူတို့ကို နားလည်ပါတယ်ကွာ...”


အန်းနဉ်က နှစ်ဖက်မြင်ရုပ်သွင်ကနေ တကယ့်ဘဝကမိန်းကလေးအဖြစ် ပြောင်းလာပုံပေါက်နေတာဖြစ်၍ သူတို့လို otakuအတွက် စိတ်လှုပ်ရှားစရာပင်။


အန်းနဉ်က မျက်လုံးကို လှိမ့်ကာ လက်ဆောင်တွေကို ရှုချန်းဆီ ပြန်ပေးလိုက်သည်။


” ဒီမှာ အကို့ကို အကုန်ပေးလိုက်မယ် ကျွန်မ ဒါကို လက်မခံနိုင်ဘူး သူတို့နောက်တစ်ခါလာရင် ပြန်ပေးလိုက်ပါဦးနော် ကျွန်မ အလုပ်ဆင်းတော့မယ်...”


“အန်းနဉ်” ရှုချန်းက တုံ့ဆိုင်းစွာဖြင့် မေးသည်။


“မင်း ညစာ တစ်ခုခုစားချင်လား…”


“အာ.. အစ်ကိုပြောတာက အပြင်သွားစားကြမလားလို့ပါ”


ရှုချန်းက စိတ်လှုပ်ရှားနေပြီး ရှက်နေတာတောင် တွေ့လိုက်တော့ သူမ မနေနိုင်ဘဲ နှုတ်ခမ်းကိုကိုက်ကာ ပြုံးလိုက်မိသည်။ ဝမ်ယွီလို အမူအရာတချက်မပြောင်းဘဲ အရှက်မရှိတဲ့စကားတွေကို ပြောနိုင်တဲ့သူနှင့် ယှဉ်လျှင် ရှုချန်းကမှ ပိုပြီး ချစ်ဖို့ကောင်းဦးမည်။


“ဟင့်အင်း ၊ ကျွန်မ တောင်ဘက်တံတားက ဘားလမ်းကို သွားရဦးမယ်...”


ရှုချန်းက အနည်းငယ်စိတ်ပျက်သွားပြီး ပုံမှန်ပဲ မေးလိုက်သည်။ 


“သူငယ်ချင်းတွေနဲ့ လျှောက်လည်ကြမလို့လား...”


“မဟုတ်ပါဘူး...အချိန်ပိုင်း အလုပ်ရှိလို့”


“ဘားလမ်းကိုလား...” 


ရှုချန်း အံ့အားသင့်စွာ မေးလိုက်သည်။ တောင်ဘက်တံတားမှာ ဘားလမ်းက အ‌ကျော်ကြားဆုံးပင်သို့သော် ထိုလမ်းနားမှာ အချစ်ဟိုတယ်တွေလည်း အများကြီးရှိသေး၏။သူမက အေးဆေးတည်ငြိမ်စွာ ဆိုသည်။


“ဟုတ်တယ်၊ ကျွန်မ အဲ့ဒီမှာ အရက်ရောင်းတာ...”


ရှုချန်းရဲ့ နှုတ်ခမ်းက လှုပ်ရှားသွားပေမဲ့ တုံ့ဆိုင်းသွားပြီး ဘာမှမပြောတော့ချေ။ သူတို့မှာ ရည်ရွယ်ချက်ကောင်းရှိနေလျှင်ပင် ဘယ်သူကမှ ဝမ်ယွီလို လွှမ်းမိုးချုပ်ကိုင်တတ်ပြီးတော့ သူများကိစ္စတွေကို ဝင်စွက်ဖက်နေမှာမဟုတ်ပေ။


ထိုသို့ စွက်ဖက်ချင်ရင်တောင် အတိုင်းအတာတစ်ခုအထိ ရင်းနှီးဖို့လိုသည်။ သို့ပေမဲ့ ရှုချန်းဘက်က ကြည့်လျှင် အန်းနဉ်က ဒီမှာ အလုပ်လုပ်တာဖြင့် တစ်ပတ်တောင်မပြည့်သေးပေ။ သူမအကြောင်းကို ပိုသိချင်ရင်တောင် အခုကမလုံလောက်သေးချေ။


သို့ပေမဲ့ အန်းနဉ်ကတော့ သူ့ကို သေချာသိလို့ သူမအတွက်စိုးရိမ်နေတယ်ဆိုတာကို နားလည်သည်။ 


သူမက ပြုံးလိုက်ကာ “အဲ့ဒါက NLမှာလေ သူက စီမံခန့်ခွဲတာ တင်းကျပ်တဲ့ ဘားကြီးဆိုတော့ လုံခြုံပါတယ်...”


ရှုချန်းက NLကို ရောက်ဖူးသဖြင့် လုံခြုံရေးကောင်းတဲ့ ဘားမှန်းသိသည်။တခဏမျှစဉ်းစားပြီးနောက် 


“အစ်ကို အမေ့ကို ကျူတာအလုပ်အကြောင်း ပြောထားတယ် သူမရှာပေးလိမ့်မယ်...”


ဝမ်ယွီရဲ့ တင်းမာတဲ့ သဘောထားကို သူက ကြောက်ရွံ့နိုင်ပေမဲ့ ​ဆိုရရင် သူက နူးညံ့သိမ်မွေ့ပြီး စာနာတတ်တဲ့ သူမျိုးပင်။


“ကျေးဇူးပါပဲ မန်နေဂျာ အစ်ကိုက အကောင်းဆုံးပဲ”


သူမထွက်သွားသဖြင့် တံခါးက အနည်းငယ်လှုပ်သွားပြီး လူကောင်းကတ် ရထားတဲ့ မန်နေဂျာလေးကတော့ သူမရဲ့ အပြုံးထဲ နစ်မြုပ်နေတုန်းပင်။


တကယ့်ကို…


“ချစ်ဖို့ကောင်းလိုက်တာကွာ”


 ရှုချန်းက စိတ်ခံစားချက်အပြည့်ဖြင့်ပြောလိုက်သည်။


အခြားတစ်ဖက်တွင် ၀မ်ယွီက သီးသန့်ကလပ်အခန်းထဲတွင် သောက်နှင့်နေပြီဖြစ်သည်။မီးရောင်မှိန်မှိန်အောက်မှာ မိန်းကလေးတွေက အဖော်အချွတ်အင်္ကျီတွေ၀တ်ထားပြီး ယောက်ျားလေးတွေနဲ့ ရယ်မောရင်း ပရောပရည်လုပ်နေကြသည်။ 


“​ရှောင်းယွီ ကအခုမှပထမနှစ်ပဲရှိသေးတာမလား” တစ်ယောက်ယောက်က မေးလိုက်သည်။ 


“ငါကတတိယနှစ်...” ၀မ်ယွီကပြန်ဖြေလိုက်သည်။ 


၀မ်ယွီက ​ကျောင်းပြင်ပမှာဆို အခြားချမ်းသာတဲ့ဒုတိယမျိုးဆက်အသိုင်းအ၀ိုင်းတွေလိုနေထိုင်သည်။ ထိုအသိုင်းအ၀ိုင်းမှာဆို ​၀မ်ယွီကအငယ်ဆုံး ဖြစ်ပြီးကျောင်းတက်နေတုန်းရှိသေးသည်။ သူတို့ထဲအကြီးဆုံးက အသက် ၂၆ ဒါမှမဟုတ် ၂၇ ရှိသည်။ ၀မ်ယွီက သူတို့ထက် အများကြီးငယ်၏။


၀မ်ယွီက ငယ်ပေမယ့် အထက်တန်းကတည်းက နွေရာသီနှင့် ဆောင်းရာသီအားလပ်ရက်တွေမှာ သူ့မိသားစု ကုမ္ပဏီမှာ အလုပ်သင်အဖြစ် အလုပ်၀င်လုပ်နေပြီဖြစ်သည်။ သူ့သရုပ်မှန်ကိုဖုန်းကွယ်ထားပြီးအလုပ်သင်အဖြစ်ဌာနတွေမှာအလုပ်လုပ်နေခြင်းဖြစ်သည်။ 


သူ တက္ကသိုလ်ပထမနှစ်မှာ စတင် တရား၀င်အလုပ်၀င်ခဲ့သည်။ယခု သူက တတိယနှစ်ပဲရှိသေးတာတောင်မှ အလယ်အလတ်ပရောဂျက်နှစ်ခုကို ​ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့ပြီးဖြစ်သည်။ အမှန်တရားက သူက တခြားမိသားစု၏သားဖြစ်နေသည့်အတွက်

အခြားမိသားစုမှ အဖေများက သူ့ကိုမနာလိုပြီး မုန်းနေကြသည်။ 


ရလဒ်အနေနှင့် ၀မ်ယွီက ပိုမိုရင့်ကျက်လာပြီး သက်တူရွယ်သူများထက် တည်ငြိမ်နေပြီဖြစ်သည်။ ထို့ကြောင့် အသက်ကြီးတဲ့သူတွေတောင်မှသူနှင့်အလုပ်တွဲလုပ်ပြီးသက်သူရွယ်တူလို ဆက်ဆံနေကြတာဖြစ်သည်။ 


“ပထမနှစ်ကလေးတွေရဲ့ ​ကျောင်း၀င်ခွင့်က စက်တင်ဘာလမဟုတ်လား ”တစ်ယောက်ယောက်ကရယ်ပြီးမေးလိုက်သည်။ 


“သူတို့ရောက်နေပြီလား ဒီတဖြတ် ​ကျောင်းထဲမှာ လှပတဲ့မိန်းကလေးတွေများမရှိဘူးလား...” 


၀မ်ယွီက ချက်ချင်း ကျိအန်းနဉ်၏ မျက်လုံးတောက်တောက်တွေဖြင့် ထိုနေ့ညနေက သူ့ကိုကြည့်ခဲ့တာကို သတိရသွားခဲ့သည့်။ သူ့လက်ထဲ ကစားနေတဲ့ ခွက်ကို ခဏရပ်လိုက်၏။


အမျိုးတူတဲ့ငှက်တွေက အတူနေထိုင်ကြသည်။ (တူရာတူရာစုတဲ့သဘောမျိုးပါ။)


အတူပေါင်းသင်းတဲ့လူတွေမှာလည်း ကြိုက်တဲ့အချက်က အတူတူလောက်ပင်။၀မ်ယွီ၏ ထူးဆန်းတဲ့အပြုအမူကို ချက်ချင်းပဲ သတိထားမိသွားကြသည်။ 


“အိုး.....အဲဒီမှာ တကယ်ပဲ လှပတဲ့မိန်းကလေးတွေရှိတာလား”အခြားတစ်ယောက်က ပြောလိုက်သည်။


“ဘယ်အချိန်လောက် သူတို့ကို ငါတို့နဲ့တွေ့ဖို့ခေါ်လာမှာလဲ...”


“အဲ့ဒါကို မေ့လိုက်တော့ ”တစ်ယောက်ယောက်ကပြောလိုက်သည်။


“အခုမှ တက္ကသိုလ် စတက်တဲ့ဂျူနီယာတွေက မြို့ငယ်လေးကမိန်းကလေးတွေကြီးပဲ ဒုတိယနှစ် ဒါမှမဟုတ် ဂျူနီယာနှစ်ပြီးတဲ့ထိစောင့်ရမယ် ကြည့်ကောင်းဖို့က...မနှစ်တုန်းက ယင်းယင်းရဲ့ပုံစံကို မှတ်မိသေးလား ”


ယင်းယင်းက သူနှင့် တွဲခဲ့တဲ့မိန်းကလေးဖြစ်သည်။ ယင်းကိုကြားတဲ့အခါမှာ ထိုသူကချက်ချင်းတုံ့ပြန်လိုက်သည်။ 


“ဟေး.... မင်းကမှကြည့်မကောင်းတဲ့လူပဲ”


လူတွေက ကျယ်လောင်စွာရယ်မောလိုက်ကြသည်။ 


တစ်စုံတစ်ယောက်ကရယ်ရင်းနှင့်ပြောလိုက်သည်။


“သူမမျက်နှာကကြည့်ကောင်းနေသရွေ့ ငါတို့သူမကို ဘယ်လို၀တ်စားရမယ်ဆိုတာ သင်ပေးလို့ရပါတယ် ဒါပေမယ့် မင်းရဲ့ ဂုဏ်သိက္ခာရှိတဲ့ ​တက္ကသိုလ်က လူတွေက ဉာဏ်ကောင်းတယ် ဟေ့၊ငါက စမတ်ကျတဲ့မိန်းကလေးတွေကိုကြိုက်တယ် ရှောင်ယွီ၊ မင်းရဲ့တက္ကသိုလ်ကနေ ငါတို့နဲ့တွေ့ပေးဖို့ လူနည်းနည်းလောက်မရှိဘူးလား ”


“မရှိဘူး” ၀မ်ယွီက သူ့အရက်ကိုတစ်ငုံသောက်လိုက်သည်။


ထို့နောက် အေးစက်စွာရယ်ပြီးပြောလိုက်သည်။


“ ငါ အဲ့ဒါကို အရင်ကတည်းကပြောပြီးပြီ ဟွာတ က္ကသိုလ်က ငါ့ရဲ့နယ်မြေပဲ”


“သေလိုက်ပါတော့၊မင်းက ခွေးလား ​အချင်းချင်းနယ်မြေသတ်မှတ်ရအောင် ” 


တစ်ယောက်က ရယ်မောရင်းကျိန်ဆဲလိုက်ပြီး၀မ်ယွီ၏ခေါင်းနောက်ကိုရိုက်ဖို့ လက်မြောက်လိုက်သည်။


၀မ်ယွီက သူ့ဘေးနားကမိန်းကလေးကို တစ်ခြားတစ်ယောက်၏လက်မောင်းထဲတွန်းထည့်ပြီး ရယ်ရင်းရှောင်လိုက်သည်။


“ဒီမှာလေ ဒီမှာ၊ မင်းရှေ့မှာရှိတဲ့အလှလေးက မလုံလောက်သေးဘူးလား”


အနည်းငယ်ပျော်ပြီးတဲ့နောက်မှာ အစက​သောက်ခဲ့တဲ့အရက်ရှိန်က တက်လာပြီဖြစ်သည်။ထို့ကြောင့် ၀မ်ယွီက သူ့ကိုယ်သူအဆင်ပြေဖို့ သန့်စင်ခန်းကိုထွက်သွားလိုက်သည်။ သူပြန်၀င်လာတဲ့အခါမှာ ၀ိုင်နီနှင့်မီးရောင်မှိန်မှိန်အောက်မှာ ပျော်ပါး​နေသော လူတွေကိုမြင်လိုက်သည်။


ထိုအချိန်မှာ ကျိအန်းနဉ် ဘာလုပ်နေမလဲဆိုတာကို မတွေးမိဘဲမနေနိုင်တော့ချေ။ 


သူမရဲ့စားပွဲထိုး၀တ်စုံကို၀တ်ပြီး ပိုက်ဆံ၀င်ဖို့ ကြိုးကြိုးစားစားစားပွဲတွေမှာ အရက်လိုက်ချနေမလား...


“မင်းအဲ့ဒီမှာ ဘာကြောင့်ရပ်နေတာလဲ”


တစ်စုံတစ်ယောက်၏ခေါ်သံက သူ့ကိုသတိ၀င်လာစေသည်။ ၀မ်ယွီက လမ်းလျှောက်လာပြီးအနားကပ်ဖို့ကြိုးစားနေသောမိန်းကလေးတွေကိုဖယ်ပြီးသူတို့ကြားထဲထိုင်ချလိုက်သည်။သူ့ဖုန်းကိုထုတ်လိုက်ပြီး ကျိအန်းနဉ်ကို စာတစ်စောင်ပို့လိုက်သည်။ 


“တောင်ဘက်တံတားလမ်းက ဘယ်တစ်ခုလဲ...”


ခဏအကြာမှာ သူပြန်စာတစ်ခုရရှိခဲ့သည်။


 “NL”


NLက လုံခြုံရေးတင်းကျပ်သောကြီးမားသည့် အဆောက်အဦးဖြစ်သည်။ သာမာန်လူတွေ မသွားရဲသောနေရာတစ်ခုပင်။ 


ကောင်းတာပေါ့၊အနည်းဆုံးတော့ သူမက နေရာကောင်းကောင်းကိုရွေးဖို့ သိသေးသားပဲ...


သူ့ဘေးနားကလူတွေက သူ့ကိုအော်ခေါ် နေတော့ ၀မ်ယွီက ဖုန်းကိုချလိုက်ပြီး သူတို့နှင့် ၀င်ကစားလိုက်သည်။ 


သူ ကျားပါးစပ် နားမှာ ဆားအချို့ဖြူးလိုက်သည်။ (Tl:ကျားပါးစပ် ဆိုတာ လက်မနှင့်လက်ညိုးကြားကနေရာဖြစ်သည်။)


သူ့လျှာထိပ်လေးနှင့် ယင်းကိုလျှက်လိုက်သည်။ ထို့နောက် Tequila (အလွန်ပြင်းသောမက္ကဆီကိုအရက်) ကို တစ်ကျိုက်တည်း ​သောက်လိုက်သည်။ သူ့ဘေးနားကမိန်းကလေးက မြန်မြန် သံပုရာသီးတစ်စိတ်ကို ပါးစပ်ထဲခွံ့လိုက်သည်။ဆား၏ငန်သောအရသာ၊သံပုရာသီးရဲ့ချဥ်သောအရသာနှင့် အရက်၏စူးရှမှုတွေ ရောနှောမှုက ဖော်ပြလို့တောင်မရတဲ့ အရသာကို ပေးသည်။ 


သူတို့ပိုသောက်လေလေ အရက်ရှိန်တက်လာလေလေဖြစ်ပြီးသူတို့စကားများများပိုပြောလေဖြစ်လာသည်။ 


“အဲဒီမှာ ပထမနှစ်မိန်းကလေးရှိတယ်...” စီးကရက်တစ်လိပ်ကို ဆွဲထုတ်ပြီးပြောလိုက်သည်။


 “ငါ သူမကို ပထဆုံးအကြည့်တစ်ချက်မှာတင် ကျဆုံးသွားတာ”


“မင်း ဇီဇာကြောင်ပုံမျိုးနဲ့ဆို သူမက နတ်သမီးလေးပဲဖြစ်မယ်...မှန်တယ်မလား...”


၀မ်ယွီက အနည်းငယ်မူးနေပြီး သူ့မျက်လုံးများက ခါတိုင်းထက်တောက်ပနေသည်။ 


“သူမက တကယ်ကို စွဲမက်ဖွယ်ကောင်းတယ်...”


“တကယ်လား...”


သူ့သူငယ်ချင်းက ပိုစိတ်၀င်စားလာပြီး ​မေးလိုက်သည်။


“ဘယ်လိုလဲ၊မင်းလှုပ်ရှားပြီးပြီလား...”


“နိုး.... သူမက ဆင်းရဲနွမ်းပါးတဲ့ကျောင်းသူ ခေါင်းလည်းမာတယ်၊ပြီးတော့ ငါနဲ့ နီးကပ်ရမှာ လည်းကြောက်နေတယ်... ”


“အင်းးးး ”သူ့သူငယ်ချင်းက ​လှောင်ပြောင်လိုက်သည်။


“ သူမက မြင့်မြတ်ချင် ဟန်ဆောင်နေတာမဟုတ်ဖူးလား ”


ငါ့မှာ အများကြီးမရှိပါဘူး...ဒါပေမယ့် မိမိကိုယ်ကို အားကိုးတာက တန်ဖိုးအရှိဆုံးပဲ...


ကျိအန်းနဉ် ထိုစကားကိုပြောတုန်းက သူမမျက်လုံးထဲက ခါးသက်မှုတွေကို ၀မ်ယွီ မှတ်မိနေတုန်းပဲ...


သူမက အသက်ဆယ့်ရှစ်နှစ်ပဲရှိသေးတာ...အခုမှအညွှန့်တက်ခါစလေး သူမမျက်လုံးထဲမှာ ဖြူစင်မှာတွေမရှိဘူး ရင့်ကျက်ပြီးတော့တည်ငြိမ်သည့်အကြည့်ပဲရှိတယ်....


ဘ၀၏လောကဓံက ပြုပြင်ထားပြီးပြီပင်။ 


“ဟန်ဆောင်နေသည်” ဆိုတဲ့စကားလုံးမျိုးကို ဖယ်ထားသင့်ပေသည်။


“ဘယ်သူသိမလဲ” မီးခို့ငွေ့ကို ရှိုက်ထုတ်ရင်း သူပြောလိုက်သည်။


သူ၏မျက်လုံးနက်နက်တွေက နက်ရှိုင်းနေပြီး သူ့နှုတ်ခမ်းက အေးစက်သောအပြုံးကို ပြုံးလိုက်သည်။


 “ငါ သူမကို ဆွဲဆောင်ဖို့ အစီအစဉ်ချထားပြီးပြီ ”


ကျိအန်းနဉ် NL၏လော့ကာ အခန်းထဲမှာ အ၀တ်လဲနေတုန်းစာတစ်စောင်လက်ခံရရှိခဲ့သည်။ သူမသိသည်၊သူမဘာမှမပြောရင်ေတာင်မှ ၀မ်ယွီ ရှာတွေ့နိုင်သည်ဆိုတာ။ သူမ သူ့ကို စာပြန်လိုက်သည်။


“.. NL..”


၀မ်ယွီက NL ကို မစိမ်းချေ။ 


သူမက ပိတ်ရက်(စနေ၊တနင်္ဂနွေ)မှာ အရက်ရောင်းရင်း NLမှာအချိန်ပိုင်းအလုပ်လုပ်သည်။ သူက တစ်ခါတစ်လေ သူ့သူငယ်ချင်းတွေကို ခေါ်လာတတ်သည်။ 


သူက ပိုင်ရှင်နှင့်မန်နေဂျာကိုသိပြီး သူရောက်တိုင်း သူမကို “ဟယ်လို” လို့ပြောတတ်သည်။


ကျိအန်းနဉ်က ၀မ်ယွီ၏ ကြိုးစားမှုအရ ယနေ့ညလည်း သူမကိုတွေ့ဖို့ လာမည်လို့ထင်သည်။ ​ဖောက်သည်များ၏ စားပွဲမျာကြားကနေ သူ့ကို ကြည့်ရှုဖို့ သူမမတတ်နိုင်ပေမယ့် သူမဖြတ်သွားသည့်အခါ ဖျက်ခနဲကြည့်မိနေတုန်းပဲ။ 


သို့ပေမဲ့ သူမအလုပ်ပြီးသွားသည့်တိုင်အောင် ၀မ်ယွီက ပေါ်မလာခဲ့ပေ။


ကျိအန်းနဉ်က ယနေ့ပထမဆုံး အလုပ်၀င်ခြင်းဖြစ်ပြီး ကြီးကြပ်ရေးမှူးက အသစ်၀င်သောသူမကို စိုက်ကြည့်နေခဲ့သည်။ သူမက ပိန်ပြီးအားနည်းသည်။ အကယ်၍သူမသာမလှရင် အလုပ်မခန့်ချေ။ 


အရက်ရောင်းခြင်းက လူတွေထင်ထားတာထက်ကို ပို၍ခက်ခဲသော အလုပ်ဖြစ်သည်။ ကြီးကြပ်ရေးမှုးက သူမ အရက်ဗန်းကို ​ကောင်းကောင်းမကိုင်နိုင်မှာ နှင့် သူမ၏ အတွေ့အကြုံမရှိမှုက သူမကိုနှောက်ယှက်သော အမျိုးသားဖောက်သည်များနှင့် အဆင်မပြေမှာကို စိုးရိမ်နေသည်။


သို့ပေမဲ့ သူအံ့သြသွားခဲ့သည်။ ကျိအန်းနဉ်က အလွန်ကျွမ်းကျင်သည်။ သူမ ဘယ်လိုရောင်းရမလဲ သိရုံမျှမက လှပသောမိန်းကလေးတွေကို ​သွေးဆောင်နှောက်ယှက်သည့် အမျိုးသားကာစတာမာများကိုပါ ကောင်းကောင်းကိုင်တွယ်နိုင်သည်။ သူမက သူမ၏ကာစတာမာကို ဘယ်လိုရွေးချယ်ရမလဲဆိုတာတောင်မှ သိသည်။ 


ကြီးကြပ်ရေးမှုးက အကြည့်တစ်ချက်နဲ့တင် ​အမျိုးသားကာစတာမာတွေ ဒုက္ခရောက်နေကြတာကိုပြောနိုင်သည်။ သူတို့က ချမ်းသာတဲ့ပုံပေါ်ပြီး တခြားမိန်းကလေးတွေအစား သူမကို စီးပွားရေးလုပ်ခွင့်ပေးမည်လို့ ခွင့်ပြုထားတာတောင်မှ ကျိအန်းနဉ်က သူတို့ကို မချဉ်းကပ်ပေ။ 


သူမကို ခဏအကြာ စောင့်ကြည့်ပြီးသည့်နောက်မှာ ကြီးကြပ်ရေးမှုးက စိတ်သက်သာရာရသွားခဲ့သည်။ 


ပိတ်ရက်မှာဖွင့်သည့် နိုက်ကလပ်က မနက် လေးနာရီ၊ငါးနာရီထိတိုင်အောင်ဖွင့်သည်။သို့ပေမဲ့ နောက်ဆုံးဘတ်(စ်)စကားက ည11နာရီ 5မိနစ်ထိပဲရှိသည်။


ကျိအန်းနဉ် အလုပ်ပြီးသွားသည့်အခါမှာ အလုပ်က နာရီ ကိုသတိပြုမိလိုက်သည်။သူမ ည10နာရီ 40မိနစ်မှာ အလုပ်ပြီးသည်။ ထို့နောက် သူမ၀တ်ထားသော ​တောက်ပသည့်အနီရောင်အင်္ကျီ၊အဖြူရောင်စကပ်နှင့် ဖိနပ်ကို ချွတ်ပြီး သူမကိုယ်ပိုင်အင်္ကျီကို ၀တ်လိုက်သည်။ တောင်ဘက်တံတားလမ်းက လမ်းဆုံကို ပြေးသွားပြီး နောက်ဆုံးဘတ်(စ်)စကားကို စီးလိုက်သည်။


မောဟိုက်စွာနှင့် ပြတင်းပေါက်ထိုင်ခုံနားမှာ ထိုင်လိုက်သည်။သူမ၏မျက်လုံးများကို ပိတ်ထားရင်း လက်သီးဆုပ်လေးနှင့် ကိုက်ခဲနေသော သူမခြေထောက်ကို ထုနေမိသည်။


ညဘက်လေပြေညင်းလေးက ပြတင်းပေါက်အဟကနေ ကျိအန်းနဉ်၏ မျက်နှာကိုပွတ်တိုက်သွားခဲ့သည်။ 


ကျိအန်းနဉ်က သူမမျက်လုံးကို ရုတ်တရက် ဖွင့်လိုက်သည်။


၀မ်ယွီက သူမကို ကြိုးကြိုးစားစားပိုးပန်းခဲ့တာကို မှတ်မိသည်။ အစပိုင်းတော့ သူ့ကို သူမငြင်းခဲ့တာတောင်မှ သူမကို ပန်းတွေ၊လက်ဆောင်တွေပို့ပေးနေခဲ့သည်။ ထို့နောက် ရုတ်တရက်ကြီး သူက သူမကို လျစ်လျူရှုလိုက်၏။ 


ခဏလောက် ​ဆက်ဆံရေး ​အေးစက်သွားပြီးသည့်နောက်မှာ သူက ထပ်မံပိုးပန်းပြန်သည်။ သို့ပေမယ့် အစကနေ အဆုံးထိ သူက ကျိအန်းနဉ်၏ ​အောက်ဆုံးမျဉ်း ကိုမကျော်ခဲ့ပေ။ ကျိအန်းနဉ်က သူမကိုယ်သူမ သူ့ရဲ့ပိုက်ဆံအတွက်နှင့် မျက်ကန်းမဖြစ်စေဖို့၊မချစ်မိဖို့ အမြဲတမ်း သတိပေးနေခဲ့သည်။ 


ထိုအချိန်တုန်းက ကျိအန်းနဉ်က သူမ၏ပင်ကိုယ်သိစိတ်နောက်လိုက်ပြီး သဘာ၀အရငြင်းဆန်ခဲ့သည်။ 


သို့ပေမယ့် ယခု ပြန်ကြည့်လိုက်မယ်ဆိုရင် ကျိအန်းနဉ်က ၀မ်ယွီ သူမအပေါ်အသုံးပြုချင်နေသော “ယဥ်ပါးစေသော” နည်းပရိယာယ်ကို မြင်နိုင်သည်။ 


ကျိအန်းနဉ်က ခါးသက်စွာ ပြုံးလိုက်မိသည်။ 


နောက်ပိုင်း ၀မ်ယွီက သူမအပေါ်မှာ ထိုနည်းက အသုံးမ၀င်ဘူးဆိုတာမြင်တော့ သူ ကျောင်းကနေ ရုတ်တရက် ပျောက်မသွားခင်အထိ ဆက်တိုက် အနှောက်အယှက်ပေးနေခဲ့သည်။ 


ထိုအချိန်တုန်းက သူဘယ်ရောက်သွားလဲဆိုတာ အံ့သြမိတာကလွဲပြီး ဘာမှမရှိချေ။ သူ့မိသားစုမှာ ပြဿနာ အချို့တက်လို့ဆိုတဲ့ သတင်းအချို့တော့ကြားလိုက်သေးသည်။ ထိုအချိန်တုန်းက သူမ ကသူထွက်သွားသည့်အတွက် အရမ်းပျော်နေခဲ့ပြီး ဘာဖြစ်ခဲ့လဲဆိုတာကို ဘယ်တုန်းကမှ မမေးမြန်းခဲ့ပေ။


နောက်တော့ သူမ မကြာခင်မှာပင် သေဆုံးသွားတော့၏။ 


သူမက သူကိုယ်သူ စမတ်ကျပြီး ဖြူစင်ဖြောင့်မတ်သည်ဟု အမြဲတမ်းတွေးခဲ့သည်။ နောက်ပိုင်းမှာ စမတ်ကျပြီး ဖြူစင်ဖြောင့်မတ်တာက သူမကိုယ်သူမ ကာကွယ်ဖို့ မလုံလောက်ပေ။ 


သူထွက်သွားပြီး သိပ်မကြာသေးခင်မှာပင် နတ်ဆိုးက ရောက်လာပြီး သူမကို သူ့ခြေသည်းတွေထုတ်ပြလာသည်။ 


စနေနေ့မှာ ရှုချန်းထံက ကျိအန်းနဉ် ဖုန်းခေါ်ဆိုမှု ရရှိခဲ့သည်။ 


သူကအားအင်အပြည့်နှင့် ပြောလာသည်။


“ ငါ့ရဲ့အမေက တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးခဲ့တယ် သူမမှာ သင်္ချာနှင့်အထူးသဖြင့် ပထ၀ီမှာ အားနည်းတဲ့ အလယ်တန်းကျောင်းသူ သမီးလေးရှိတယ် အကယ်၍ နင် နေ့လည်အားရင် သူမနဲ့ အရင်တွေ့ကြည့်မလား”


နေ့လည်ရောက်တော့ ကျိအန်းနဉ်က သွားတွေ့ခဲ့ပြီး မိန်းကလေးငယ်လေးကို နမူနာသင်ပေးခဲ့သည်။ သူမအမေက ​ဘေးကနေ နားထောင်နေခဲ့သည်။ 



xxxxxxx