Chapter 12
သူမထွက်လာသည့်အခါ မိန်းကလေး၏အမေက အတည်ပြုဖို့ဆက်သွယ်လိုက်မည်ဟု ကတိပေးခဲ့သည်။ ညနေရောက်တော့ ကျိအန်းနဉ် မထွက်ခွာရသေးခင် မိန်းကလေး၏အမေဆီမှ နောက်ထပ်သင်ခန်းစာတွေအတွက် အချိန်ပြောဖို့ ဖုန်းခေါ်ဆိုမှု ရရှိခဲ့သည်။
ကော်ဖီဆိုင်မှာ သူမ ရှုချန်း ကို ကျေးဇူးတင်စကားေပြာလိုက်သည်။ ရှုချန်းက ပြုံးပြီးပြန်ပြောလိုက်သည်။
“ရပါတယ်ကွာ ငါ့အမေက မင်းကို စာအသင်အပြကောင်းလို့ ချီးမွမ်းနေတာ အဲဒီမိန်းကလေးက သူမမိသားစုကို မင်း စာရှင်းပြတာအရမ်းကောင်းပြီး မင်းက သူမကို နားလည်လွယ်စေတယ်လို့ပြောနေတာ ပြီးတော့ သူမပြောသေးတာက .......”
ရှုချန်းအမေက ပြောခဲ့သည်၊“မင်းတွေ့ခဲ့မိန်းကလေးကို အရမ်းစိတ်၀င်စားနေလို့ အန်တီဖန်းကလည်း သူမကိုသင်စေချင်တယ် ဒါပေမယ့်သူမက စာသင်နေချိန် အန်တီဖန်းကိုဘေးမှာနေစေချင်တယ်လေ ”
ရှုချန်းက နားမလည်ပေ။
“ဘာကိုပြောချင်တာလဲအမေ ”
ရှုချန်းအမေက ခဏလောက်တိတ်သွားပြီး ပြန်ပြောသည်။
“အကယ်၍ အဲ့ဒီမှာ အုပ်ထိန်းသူအဖေရှိနေခဲ့ရင်၊တစ်ခုခုအနှောက်အယှက်ဖြစ်ခဲ့ရင်၊အုပ်ထိန်းသူအမေ တစ်ခုခုနားလည်မှုလွဲသွားမှာ ကြောက်လို့ပေါ့ ”
“အဲ့ဒီမှာ ရှောင်ယွင်လည်းရှိနေမှာပဲဟာ...”
တုံးအတဲ့ အိုတခုလေးကပြောလိုက်သည်။
“ရှောင်ယွင်က ငယ်သေးတယ်၊အကယ်၍ အဲ့ဒီလူကြီးက ကလေးကိုအာရုံပြောင်းပြီး ဆိုးရွားတဲ့အပြုအမူတွေလုပ်ခဲ့ရင်ဘယ်လိုလုပ်မလဲ မင်းက ငယ်ရွယ်တဲ့မိန်းကလေးထက်တောင် အတွေ့အကြုံကနည်းသေးတယ် မင်းဖြတ်သန်းခဲ့တဲ့နှစ်တွေကအလကားပဲ... ”ရှုချန်းအမေက စိတ်မောစွာပြောလိုက်သည်။
သူမ၏သားက အတုအယောင်ကမ္ဘာထဲမှာပဲ ဘယ်လိုကစားရမလဲဆိုတာသိပြီး တကယ့်လက်တွေ့ကမ္ဘာကို ဘယ်တော့မှ နေထိုင်မှာလဲ...
ရှုချန်းက ဖုန်းချလိုက်ပေမယ့် ထိုအကြောင်းတွေးမိနေတုန်းပင်။
အမျိုးသမီးတွေက အဲ့ဒီလိုမျိုးဂရုစိုက်သတိထားရတယ်လား...သူတို့က အဲ့ဒီလိုလုပ်စရာမလိုဘူးမလား...
သူက တော်တော်လေးတုံးသည်။
ဒါပေမယ့် ကျိအန်းနဉ်လို ငယ်ရွယ်ပြီးတုံးအပုံပေါ်တဲ့မိန်းကလေးက သူ့ထက်တော့ အတွေ့အကြုံမရှိနိုင်ဘူးမလား...
သူမက အခက်အခဲအချို့ကို မဖြတ်ကျော်ဘဲနဲ့ အတွေ့အကြုံ မရနိုင်ဘူးလေ...
“ကောင်းပြီ ”ရှုချန်းကစကားလမ်းကြောင်းလွဲ လိုက်သည်။
“ငါ့အမေက မင်းကို တခြားမိသားစုတွေကိုလည်းရှာပေးမယ်လို့ပြောတယ် သူမက ကလေးရှိတဲ့မိသားစုတော်တော်များများကိုသိတယ်လေ ”
ယင်းကအမှန်ပင်။ရှုချန်းအမေက ပြောခဲ့သည်။
“ ငါသူနဲ့ မတွေ့ရသေးတာတောင်မှ မင်းရဲ့အန်တီက သူ့ရဲ့ အရည်အချင်းနဲ့ စရိုက်ကို ချီးမွမ်းနေတာ။ ဒါကြောင့် ငါစိတ်ချမ်းသာတယ် အကယ်၍ တခြားမိသားစုတွေက လိုချင်တာမျိုးထပ်ရှိသေးရင် သူမကို မိတ်ဆက်ပေးလိုက်မယ် ”
ကျိအန်းနဉ်၏ အရင်ဘ၀တုန်းက၊သူမ အလုပ်ကိုလက်ခံပြီးနောက် အုပ်ထိန်းသူအမျိုးသား၏နှောက်ယှက်မှု အမျိုးမျိုးကို ကြုံခဲ့ရသည်။ သူမနှင့်စတိုးဆိုင်မှာ အတူလုပ်သောကောင်မလေးကို ထိုအကြောင်းပြောပြခဲ့သည်။ ရှုချန်းက ပြန်ကြားတဲ့အခါ၊အဆင်ပြေမည့် သီးသန့် ဂိုက်ငှားအချို့ နှင့် စတင်မိတ်ဆက်ပေးခဲ့သည်။
နောက်ပိုင်း ရှုချန်းအမေ မိတ်ဆက်ပေးခဲ့သည့် မိသားစုအမျိုးမျိုးဆီမှာ အလုပ်လုပ်ခဲ့သည်။ သူတို့အားလုံးလည်း ကောင်းကြေပသည်။ ယင်းကိုကြားကြားချင်း ချစ်စရာကောင်းစွာပြုံးလိုက်ပြီးပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် အချိန်ရရင် ကျွန်မ အစ်ကိုကိုထမင်းကျွေးမယ်လေ...”
သူမနှင့် ရှုချန်းက အရင်တုန်းက ထိုလောက်မရင်းနှီးခဲ့ချေ။ သူမ အကူအညီတောင်းပြီးကတည်းကကျေးဇူးတရားတော့ ပြသရမည်လေ။
ရှုချန်းက အစတုန်းက "မလိုပါဘူးလို့"ပြောချင်ပေမယ့်၊သူ့နှုတ်က ထိုစကားကိုထွက်မည့်အခါမှာ ကျိအန်းနဉ်၏ တောက်ပပြီးလှပတဲ့မျက်နှာကို မြင်သည့်အခါ သူစိတ်ပြောင်းသွားပြီးပြောလိုက်သည်။
"သေချာလား၊ငါစောင့်နေမယ်နော်..."
စနေနေ့မနက်မှာ ၀မ်ယွီသည် သူ့အိမ်ရာထဲမှာခေါင်းကိုက်မှုနှင့်အတူနှိုးထလာသည်။ဖြေးဖြေးချင်းမထထိုင်ခင် အိပ်ယာထဲမှာခဏလောက်မျက်လုံးပိတ်ထားပြီးမညည်းတွားဘဲမနေနိုင်တော့ချေ။
သူ မနေ့ညကအရက်သောက်ခဲ့သည်။ သို့ပေမယ့် သူသောက်နိုင်စွမ်းကြောင့်အရက်နာကျခေါင်းကိုက်တာမဟုတ်ပေ။အိမ်မက်ဆိုးတွေနှင့်မအိပ်ပျော်သောကြောင့်ခေါင်းကိုက်ခြင်းဖြစ်၏။
အိမ်မက်တွေကမပြည့်စုံဘဲမှုန်၀ါးနေပြီး ခဏခဏနိုးနေခဲ့သည်။သို့ပေမယ့် ၀မ်ယွီက သူ့အိမ်မက်ထဲမှာကျိအန်းနဉ်ကိုပါ၀င်သည်ဆိုတာ ၀ိုးတ၀ါးမှတ်မိလိုက်၏။
"အကယ်၍နောင်ဘ၀ဆိုတာရှိခဲ့ရင်....." သူမမျက်နှာမှာမျက်ရည်တွေစီးကျရင်းသူမက သူ့ကိုကြည့်နေခဲ့သည်။
သူမကဘာကြောင့်ငိုနေတာလဲ...သူမဘာကြောင့်အရမ်း၀မ်းနည်းနေတာလဲ...
၀မ်ယွီက မမှတ်မိတော့ပေ။သူမှတ်မိသည့်တစ်ခုတည်းသောအရာက ကျိအန်းနဉ်၏မျက်ရည်စီးကျနေသောမျက်၀န်းတစ်စုံပဲဖြစ်သည်။
၎င်းကသူ့ကို၀မ်းနည်းပက်လက်ဖြစ်စေသည်။
၀မ်ယွီက သူ့ဖုန်းမမြည်ခင်အထိ ခဏလောက်မှင်သက်နေမိခဲ့သည်။
"မင်းအခုထိမနိုးသေးဘူးလား"
ဖုန်းတစ်ဖက်ကအသံကအပြစ်တင်ခြင်းနှင့်ကူရာမယ့်နေသည့်သူ၏အဖေ၀မ်ကောအန်း၏အသံဖြစ်သည်။
၀မ်ယွီကရယ်လိုက်သည်။ ပြီးတော့သူ့အဖေရှေ့မှာရင့်ကျက်တဲ့အပြုအမူကနေ ကျီစယ်ဆော့ကစားတတ်သောကောင်လေးပုံစံကိုရုတ်တရက်ပြောင်းသွားသည်။
ပျင်းပျင်းရိရိနှင့်အတူအရှက်မဲ့စွာဖြင့် "ကျွန်တော်ကထပြီ...ထပြီအဖေရောထနေပြီလား"
၀မ်ကောအန်းကပြောလိုက်သည်။
"ဒါပေါ့၊နောက်ကျနေပြီ..မြန်မြန်ထတော့... "
ယနေ့သူကသူ့အဖေနောက်လိုက်ပြီးအန်ကယ်အချို့နှင့်ဂေါက်ရိုက်ဖို့ချိန်းထားသည်။
၀မ်ယွီက ဖုန်းကိုပခုံးကြားထဲညှပ်ပြီးစတိုင်ပန်၀တ်ရင်းမေးလိုက်သည်။
"အမေရောဘယ်လိုလဲ"
၀မ်ကောအန်း၏အသံကတိမ်သွားသည်။
"ငါမသိဘူး ဖြစ်နိုင်တာကသူမစျေး၀ယ်ထွက်နေတာနေမှာပေါ့..."
၀မ်ယွီ၏မိဘတွေကမတည့်ကြချေ။သို့ပေမယ့် သူတို့ဆက်ဆံရေးကပုံမှန်ပင်။ သို့သော်ချစ်ကြတယ် ဟုလည်းသတ်မှတ်လို့မရပြန်။၀မ်ယွီက အစောကြီးကတည်းက၎င်းကိုကျင့်သားရနေခဲ့ပြီဖြစ်သည်။
၀မ်ယွီက အရွယ်ရောက်ပြီဖြစ်သည်။မိဘကိုမှီခိုနေရသောအခြေခံကျောင်းသားလိုမဟုတ်တော့ပေ။ကောလိပ်စတက်ကတည်းက သူ့မိဘကြားကအေးစက်မှုကို စိတ်မ၀င်စားလို့လားမသိ၊ ရှောင်ဖို့ အိမ်ကထွက်လာပြီးတစ်ယောက်တည်းနေထိုင်ခဲ့၏။
ဆေးကြောသန့်စင်ပြီးနောက်အိမ်ကထွက်လာလိုက်သည်။ဆောင်းဦးရာသီ၏နေရောင်ကစူးရှတောက်ပနေပြီးကောင်းကင်ပြာပေါ်မှာတိမ်တိုက်တစ်ခုတောင်မရှိချေ။
ထိုမျက်ရည်ကျနေသောမျက်လုံးများက အိမ်မက်တစ်ခုလိုပင်။
ကျစ်...အဲ့ဒါကအိမ်မက်လေးပါပဲ...အဲ့ဒါကိုဘာကြောင့်စိတ်အနှောက်အယှက်အဖြစ်ခံနေမှာလဲ...
----
ကျောင်းသားတွေရဲ့ မျက်လုံးတွေကအလိုလိုတောက်ပသွားသည်။ယနေ့ကတင်္နလာနေ့ဖြစ်သည်။
"ဟေး၊ငါကြားခဲ့တာဒီနေ့ကလပ်အသီးသီးကအဖွဲ့၀င်အသစ်ခေါ်နေပြီတဲ့"
"မင်းတို့ဘယ်အသင်း၀င်ချင်ကြလဲ"
"ငါ့အမေကအဲ့ဒါကအကျိုးရှိတာမို့ကျောင်းသားကောင်စီနဲ့သေသေချာချာချိတ်ဆက်ဖို့ပြောခဲ့တယ်..."
"ဘယ်အဖွဲ့ထဲ၀င်မယ်လို့စဉ်းစားထားလဲ ငါတော့ Cosplay Clubထဲ၀င်ချင်တယ်..."
အတန်းဖော်တွေကရင်းနှီးဖော်ရွေစွာဆွေးနွေးနေကြသည်။
စာသင်နှစ်စ၏ စစ်ရေးလေ့ကျင့်မှုအပြီးမှာကျောင်းကကျောင်းသားတွေကိုတက္ကသိုလ်် ကျောင်းဆောင်တွေနှင့် သူတို့ကိုယ်သူတို့ရင်းနှီးအောင်ပြုလုပ်ခိုင်းခဲ့သည်။ တရား၀င်ကလပ်အဖွဲ့၀င်အသစ်ခေါ်ယူမှုအပတ်က စက်တင်ဘာလနောက်ဆုံးအပတ်၌ဖြစ်သည်။
"ဟေး၊ကျိအန်းနဥ်၊မင်းဘယ်ကလပ်ကိုjion ဖို့စဥ်းစားထားလဲ..."
ကျိအန်းနဉ်၏ အရှေ့မှာထိုင်နေသောမိန်းကလေးက အခြားသူများနှင့်ထိုခေါင်းစဉ်ကိုဆွေးနွေးနေရင်း လှည့်လာပြီးမေးလိုက်သည်။
မိန်းကလေး၏နာမည်က မုန့်ရှင်းယွီဖြစ်သည်။ သူမကကျိအန်းနဉ်၏အတန်း ခေါင်းဆောင်လည်းဖြစ်သည်။ သူမကထူးချွန်တဲ့ကျောင်းသူတစ်ယောက်ဖြစ်ပေမယ့် ကျိအန်းနဉ်ကဲ့သို့ကျောင်းထောက်ပံ့ကြေးမလိုအပ်ချေ။
သူမမိသားစုက၀န်ထုပ်၀န်ပိုးတချို့ရှိနေပေမယ့်လို့ပေါ့။
ကျိအန်းနဉ်၏ မှတ်ဉာဏ်ထဲမှာတော့သူမကဘယ်တော့မှ တခြားသူတွေရဲ့အတင်းအဖျင်းကိုမပြောခဲ့တဲ့သူတစ်ယောက်ပင်။ သူမသေပြီးနောက်ပိုင်းသူမအကြောင်း အတင်းအဖျင်းပြောတဲ့သူတွေကိုတောင်မှ ဆူပူလိုက်သေးသည်။
ကျိအန်းနဉ်က သူမ၏အတန်းဖော်အများစုကိုဂရုမစိုက်ပေမယ့် မုန့်ရှင်းယွီကိုတော့နူးညံ့စွာပြုံးပြပြီးပြောလိုက်သည်။
"ငါမ၀င်ဖြစ်ဘူး ငါ့မှာအချိန်အများကြီးမရှိဘူးလေ... ညနေပိုင်းဆိုအချိန်ပိုင်းအလုပ်တွေရှိသေးလို့ပါ..."
မုန့်ရှင်းယွီကသနားစာနာကြင်နာမှုကိုဖော်ပြလာသည်။သူမလည်းသူမမိသားစု၀န်ကိုကူဖို့အတွက်အချိန်ပိုင်းအလုပ်လိုအပ်သည်။ သို့ပေမယ့် မုန့်ရှင်းယွီ၏ အချိန်ပိုင်းအလုပ်လိုအပ်သည့်အကြောင်းပြချက်က သူမနှင့်မတူချေ။ ကျိအန်းနဉ်က သူမပုခုံးပေါ်မှာမိသားစုတစ်ခုလုံး၏၀န်ကိုထမ်းထားရခြင်းဖြစ်သည်။ မုန့်ရှင်းယွီ ထင်ထားတာထက်ကို သူမ၀န်ကအများကြီးပို၏
"ဟေး၊မင်း စာသင်ပြတဲ့အလုပ်လုပ်လား ငါစာသင်ပြသည့်အလုပ်ရှာတုန်းက website ရှိတယ်..."
မုန့်ရှင်းယွီက သူမနှင့် အချက်အလက်လဲပြီး သူမကို website နာမည်ပြောပြလိုက်သည်။
ကျိအန်းနဉ်က ခဏလောက်ချင့်ချိန်ပြီး သူမကိုအကြံဉာဏ်ပေးလိူက်သည်။
"ငါ အရင်တုန်းက ဒီ website ကိုသုံးခဲ့တယ်...ဒါပေမယ့် ကာစတန်မာတွေကအကုန်ရောထွေးနေတာ ပြီးတော့ဒီ website ကအာမခံချက်လည်းမရှိဘူး...မင်း ကလေးရဲ့အမေနဲ့ စကားအရင်ပြောကြည့်ဖို့ ငါအကြံပေးချင်တယ် မင်းစာသင်သွားတဲ့အခါမင်းရဲ့လုံခြုံရေးအတွက် သူမရှိနေပေးဖို့ပေါ့"
မုန့်ရှင်းယွီက နည်းနည်းလောက်ကြောင်သွားပြီးမေးလိုက်သည်။
"တစ်ခုခုဆိုးရွားတာဖြစ်ခဲ့တာလားငါအဲ့ဒီမှာ အလုပ်လုပ်တာနှစ်ကြိမ်ပဲရှိသေးတာ..."
မုန့်ရှင်းယွီက အတွေ့အကြုံ နုသေးသည်။ ယင်းကလည်းရှင်းသည်။ သူမက မနှစ်မြို့စရာအခြေအနေကို နည်းနည်းလေးမှမကြုံဖူးသည့်အတွက်ဖြစ်သည်။ သူမက ကံကောင်းသည့်မိန်းကလေးပင်
ကျိအန်းနဉ်ကဆိုလိုက်သည်။
"သတိထားတာကပိုကောင်းတာပေါ့ မကောင်းတဲ့လူတွေကနေရာတိုင်းမှာရှိနေနိုင်တာပဲလေ ငါတို့အသက်အရွယ်မိန်းကလေးတွေက ပိုဂရုစိုက်သင့်တယ်လို့ငါထင်တယ် စကားမစပ်၊မင်း ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ ပစ္စည်းအချို့ပြင်ထားသင့်တယ် ဥပမာ ငရုတ်ကောင်းဖြန်းဘူးလိုမျိုးလေ..."
ကျိအန်းနဉ်က သူမ၏အိမ်လုပ်ငရုတ်ကောင်းဖြန်းဘူးကိုထုတ်လိုက်ပြီး မုန့်ရှင်းယွီကို ပြလိုက်သည်။
"ငါ ဒါကို ကိုယ်တိုင်လုပ်ထားတာ...ငါဘူးကိုနှစ်ယွမ်နဲ့စတိုးဆိုင်မှာ၀ယ်ခဲ့တာ ပြီးတော့ဒီဖြန်းဘူးကိုကိုယ့်ဘာကိုယ်လုပ်လိုက်တာ... "
မုန့်ရှင်းယွီက ကျိအန်းနဉ်၏ ကိုယ်တိုင်လုပ်ထားသည့်ဖြန်းဘူးနှင့် သတိ၀ရိယရှိမှုကိုအထင်ကြီးသွားသည်။ သူတို့နှစ်ယောက် သူတို့စာသင်ပြတာနှင့်ပတ်သက်ပြီး ခဏလောက်စကားပြောနေခဲ့ကြသည်။ အတန်းမစခင်လေးမှာ မုန့်ရှင်းယွီက မေးလိုက်၏။
"နောက်ဆိုရင် နေ့လည်စာအတူတူစားချင်လား..."
သို့ပေမယ့် ကျိအန်းနဉ်က ပြုံးပြီးငြင်းဆန်လိုက်သည်။
"မစားတော့ပါဘူး ကျေးဇူးတင်ပါတယ် ..."
သူမက သူတို့အရှေ့မှ ဆရာမကိုတစ်ချက်ကြည့်ပြီး သူမအသံကိုနိမ့်ပြီးပြောလိုက်သည်။
"ငါ အစောကတည်းကနေ့လည်စာစားဖို့သွားပြီးသွားပြီ ပြီးတော့ ငါအစားအစာပို့တဲ့အလုပ်ရှိသေးတယ်..."
အကယ်၍သူမမှာ နေ့လည်စာအော်ဒါအများကြီးမရှိဘဲ အလုပ်မရှုပ်လျှင် နေ့လည်စာကိုကျောင်းမှာမစားဘဲ အိမ်ပြန်သွားပြီးသူမအဖွားနှင့်အတူစားလေ့ရှိသည်။ထမင်းစားပြီးသည့်နောက်မှာ သူမကိုနေပူဆာလှုံဖို့ နေရောင်ထဲခေါ်သွားတတ်သည်။
အကယ်၍သူမအဖွားက မနိုးနေသဖြင့် ဗိုက်မဆာနေလျှင်ပင် သူမကကျောင်းပြီးသည်အထိမစောင့်နိုင်ချေ။သူမအဖွားအတွက် အိမ်ပြန်ပြီးနေ့လည်စာပြုလုပ်ရတာကိုသူမကြိုက်သည်။ထို့ကြောင့် သူမမှာ လတ်လတ်ဆတ်ဆတ်နှင့်ပူပူနွေးနွေအစားအစာအစား ပြန်ပြီးအပူပေးထားသည့်အစားအစာပဲရှိ၏။
နေ့လည်ကျောင်းဆင်းချိန်မုန့်ရှင်းယွီလှည့်ကြည့်လိုက်သည့်အခါမှာ ကျိအန်းနဉ်က စောစောကတည်းက လျင်လျင်မြန်မြန်ထွက်သွားပြီဆိုတာမြင်လိုက်သည်။သူမ၏ကျောပိုးအိပ်ကိုလွယ်ပြီး သူမအတန်းဖော်တွေနှင့် ထမင်းစားသည့်အခါမှာ ထိုအကြောင်းသူမအိပ်ခန်းဖော်တွေကိုပြောပြလိုက်သည်။
သူမအတန်းဖော်က ပြောလိုက်သည်။
"မင်း ဘာကြောင့်သူကိုအာရုံစိုက်နေတာလဲ သူမကတကယ်တော့မာနကြီးတာမဟုတ်ဘူးလား..."
"မဟုတ်ဘူး"မုန့်ရှင်းယွီပြောလိုက်သည်။
"သူမစကားပြောတာတော်တော်လေးနူးညံ့တယ်လို့ငါထင်တယ် ပြီးတော့သူမမာနကြီးတယ်လို့ ငါမခံစားရပါဘူး..."
သူမအတန်းဖော်က တွန့်ဆုတ်စွာနှင့်ပြောလိုက်သည်။
"ဒါပေမယ့် သူမက ငါတို့နဲ့စကားတောင်မပြောချင်ဘူး..."
သူမကတော်တော်လေးလည်းလှလွန်းသေးတယ််။
"သူမမှာ အချိန်မရှိဘူးလေ..."မုန့်ရှင်းယွီက ကျိအန်းနဉ်အတွက် ရှင်းပြပေးသည်။
"သူမက ကျောင်းဆင်းတဲ့အချိန်ဆို အချိန်ပိုင်းအလုပ်တွေနဲ့အလုပ်များနေတာ အိမ်စာတွေတောင်အတန်းခဏနားတဲ့အခါမှလုပ်ရတယ် သူမမှာမိတ်ဖွဲ့စကားပြောဖို့ဘယ်အချိန်ရှိမှာလဲ ဒါ့အပြင် သူမကငါတို့လိုအိပ်ေတာင်မနေဘူးလေ သူမနှင့်မရင်းနှီးတာပုံမှန်ပါပဲ ဒါပေမယ့် သူမကတကယ်ကောင်းတယ်လို့ငါခံစားရတယ်..."
"တကယ်လား"သူမအတန်းဖော်က အနည်းငယ်ကသိကအောက်ဖြစ်သွားသည်။
"ငါသူမကိုနားမလည်တာလဲဖြစ်မှာပေါ့ ဟေး...ငါတကယ်သူမနှင့်စကားမပြောချင်ဘူး...သူမမာနကြီးတယ်လို့တခြားသူတွေဆီကနေလည်းငါကြားခဲ့တယ်..."
သူမဘယ်သူ့ဆီကနေကြားခဲ့လဲဆိုတာ သူမ မမှတ်မိတော့ချေ။
အတင်းအဖျင်းဆိုတာဒီလိုပင်။ တစ်ခါတစ်ရံ အခြေအမြစ်မရှိပေမယ့် လေတွေလိုပဲ ပျံ့နှံတတ်ကြသည်။ ပြီးတော့လူတွေကိုထိခိုက်စေ၏။
၎င်းအတင်းအဖျင်းပြောခဲ့သည့်လူကို မမှတ်မိဘူး။သို့ပေမယ့်အဓိကက "စကားတစ်ခွန်း"၏အင်အားက "လူစုလူဝေး" ထဲမှာ"စုဆောင်းနားထောင်ခြင်း"ဖြစ်သည်။
(လူအများကြီးထဲမှာစကားပြောရင် စကားကပိုပျံ့တယ်လို့ဆိုလိုတာပါ)
ကျိအန်းနဉ်က မုန့်ရှင်းယွီ သူ့မဘက်ကရပ်တည်ပြောပေးတာကိုသတိမပြုမိချေ။ နေ့ရက်တွေကလျင်မြန်စွာကုန်ဆုံးသွားပြီးနောက် ပိုပိုပြီးအေးလာပြီဖြစ်သည်။ထို့ကြောင့်သူမ ကန်တင်းသွားသည့်အခါမှာ အင်္ကျီလက်ရှည်ကို၀တ်သွားသည်။အနည်းငယ်ပြေးပြီးနောက် သူမအိုက်လာသလိုခံစားလိုက်ရသည်။သူမအတွက်အစားအစာစောင့်နေသည့်အခါမှာ သူမချက်ချင်းအပေါ်၀တ်ကိုချွတ်လိုက်ပြီး ခါးမှာချည်ထားလိုက်သည်။သူမ၏ရှပ်အင်္ကျီအတိုက ကိုယ်မှာကွက်တိကျနေပြီး သူမခါးသွယ်သွယ်နှင့်သူမလှပသည့်ရင်ဘတ်ကို ထောက်ပြထားသလိုဖြစ်သွားသည်။ မရည်ရွယ်ဘဲ နိုင်ငံတကာနှင့်ပြည်တွင်း ယောက်ျားလေးကျောင်းသားများကိုဆွဲဆောင်မိသွား၏။
"သူမကဘယ်သူလဲ" ကျောင်းချန်ကမျက်လုံးကိုမှေးပြီးကြည့်လိုက်သည်။
"သူမကိုအရင်တုန်းကမမြင်ဖူးပါဘူးသူမကဂျူနီယာလေးလား..."
xxxxx