Chapter 14
နေ့လည်စာအော်ဒါကိုပို့ပြီးသည့်နောက် ကျိအန်းနဉ်က အမျိုးသမီးကျောင်းအိပ်ဆောင်ကနေဆင်းလာသည်။သို့ပေမယ့် ချက်ချင်း သူမကန်တင်းဆီမသွားခဲ့ပေ။ သူမက အောက်ထပ်မှာ ကျောက်တုံးထိုင်ခုံတစ်ခုကိုတွေ့ပြီးထိုင်ချလိုက်သည်။
သူမလက်မောင်းကိုခြေထောက်ပေါ်တင်ထားပြီးသူမမျက်နှာကိုကွယ်ထားမိသည်။
သူမလက်များက တုန်ယင်နေတုန်းရှိသေး၏။
သူမ ကျောင်းချန်ကိုမြင်သည့်အခါကြောက်လန့်မှုကိုခံစားရသည်။ ကြောက်ရွံ့မှုနောက်က တစ်စုံတစ်ယောက်ကိုသတ်ချင်သည့် ဒေါသကသူမစိတ်တွင်းထွက်ပေါ်လာသည်။
သူမ ကျောင်းချန်ကိုသတ်လိုက်ရင်ဘာဖြစ်သွားမှာလဲ...
၀မ်ယွီ၏အရင်ဘ၀မှာ သူလက်တွေ့ပြခဲ့ပြီးပြီ၊သူ့ဘ၀တစ်ခုလုံးပြိုလဲပျက်စီးသွားခဲ့သည်။အစတုန်းက သူ့မှာ အလွန်ကောင်းမွန်သည့်ဘ၀တစ်ခုရှိခဲ့၏။
ကျိအန်းနဉ်က မျက်နှာကိုခက်ခက်ခဲခဲ ပွတ်သပ်လိုက်ပြီးနောက် သူမအရှေ့မှာ ဖိနပ်တစ်စုံကိုတွေ့လိုက်ရသည်။
မော့ကြည့်သည့်အခါ ၀မ်ယွီက သူ့လက်ကိုအိပ်ထောင်ထဲထည့်ထားပြီးသူမကိုငုံ့ကြည့်နေတာကိုတွေ့လိုက်သည်။ သူမရှုထောင့်မှကြည့်လျှင် ၀မ်ယွီက လူအကြီးကြီး တစ်ယောက်လိုဖြစ်နေသည်။
"မင်းဘာလုပ်နေတာလဲ"သူမဘေးမှာ၀င်ထိုင်ပြီးသူမေးလိုက်သည်။
သူမ ကျောင်းအိပ်ဆောင်ဘက်ကနေလမ်းကူးလာဖို့ သူစောင့်နေပေမယ့် သူမက ဗလာဖြစ်နေသည့်အမူအရာဖြင့် ကျောက်တုံးထိုင်ခုံပေါ်မှာထိုင်လိုက်တာကိုပဲ သူမြင်လိုက်ရသည်။သူမကိုစကားလာမပြောခင်အထိ သူခဏလောက်ကြာအောင်စောင့်နေခဲ့သေးသည်။
ကျိအန်းနဉ်က သူ့ကိုကြည့်ပြီးမေးလိုက်သည်။
"ဘာလို့ ထမင်းစားဖို့မသွားသေးတာလဲ"
အချိန်တိုလေးအတွင်းမှာ သူစားပြီးသွားပြီဖြစ်၍ လာခဲ့တာမျိုးမဖြစ်နိုင်ပေ။
ကျိအန်းနဉ်က ငယ်ရွယ်သည့်အမျိုးသားကိုကြည့်နေပြီး သူမအတွက် လူသတ်ခဲ့ပုံကိုပြန်တွေးနေမိသည်။ သူ့ဘ၀က သူမကြောင့်သက်တမ်းတိုခဲ့ရသည်။ ယင်းကိုတွေးမိတော့ သူမနှလုံးသားကနူးညံ့သွားရပြီး သူမအသံကအစ သဘာ၀ကျကျ ညင်သာစွာထွက်လာ၏။
၀မ်ယွီက မျက်ခုံးပင့်လိုက်ပြီး ယနေ့ကျိအန်းနဉ်၏အသံကိုအံ့အားသင့်သွားရသည်။
သူ သူမကိုမေးလိုက်သည်။
"အရင်က ကျောင်းချန်နှင့်ဆက်သွယ်ဖူးတာ ရှိလား... "
ကျိအန်းနဉ် ဆက်ခနဲတုန်သွားပြီးဖြေသည်။
"မရှိဘူး"
၀မ်ယွီက တစ်ချိန်လုံးသူမအပြုအမူကိုရှာဖွေနေခဲ့ပြီး ခေါင်းညိတ်ပြီးပြောသည်။
"ကိုယ် တစ်ခုခုသတိရသွားလို့၊ဒါကြောင့် မင်းကိုသူနဲ့ဝေးဝေးနေဖို့ပြောဖို့ ကိုယ် လာခဲ့တာ"
ကျိအန်းနဉ်က သူ့ကိုစိုက်ကြည့်ပြီး နှုတ်ခမ်းများကိုတင်းတင်းစေ့ထားသည်။
၀မ်ယွီ"ကိုယ် သူ့ကိုကောင်းကောင်းမသိဘူး ဒီအချက်အလက်က ကောလာဟလလောက်ပဲ ကြားခဲ့ဖူးတာ သူက ကိုယ်နဲ့နှစ်အတူတူပဲ ဒါပေမယ့် ဒုတိယနှစ်မှာ ကောင်မလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့လို့ သူအတန်း ဆက်တက်ဖို့ဒုက္ခရောက်ခဲ့တယ် ဒါကြောင့်သူကျောင်းတစ်နှစ်နားလိုက်ရလို့ အခုထိဒုတိယနှစ်ပဲရှိတုန်း"
ဒါကအမှန်တကယ်ကို ......... ကျောင်းချန်လုပ်ခဲ့သည့်တစ်ခုခုပင်...
"နားလည်ပါတယ်"ကျိအန်းနဥ်က ဆက်ပြောလိုက်သည်။
"ငါသူနဲ့ဝေးဝေးနေပါ့မယ် မစိုးရိမ်ပါနဲ့..."
သူမက ထပ်ပေါင်းဆိုလိုက်သေးသည်။
"ငါ့မှာအချိန်ပိုင်းအလုပ်တွေနဲ့ရှုပ်နေလို့ သူနဲ့ပတ်သက်နေဖို့အချိန်မရှိဘူး ဒါ့ပြင် ငါ့မှာ ဒါရှိတယ် နင်စိုးရိမ်ဖို့မလိုပါဘူး..."
သူမအိတ်ထဲနေ သေးငယ်သည့်ဘူးလေးကို နှိုက်ထုတ်လိုက်သည်။
"ဒါကဘာလဲ "
၀မ်ယွီက သူမလက်ထဲကနေလှမ်းယူပြီး နေရောင်ထဲမှာ မျက်လုံးမှေး၍ကြည့်လိုက်သည်။
"ငရုတ်သီးအရည်"ကျိအန်းနဥ်ကအပြုံးလေးဖြင့်ဆိုလိုက်သည်။
"ငါ ဒါကိုကိုယ်တိုင်လုပ်ခဲ့တာ"
"ဟက် "၀မ်ယွီကရယ်သည်။
ကျိအန်းနဥ်က၀မ်ယွီကြည့်ကောင်းသည်ဆိုတာ အမြဲတမ်းသိခဲ့သည်။ သို့ပေမယ့် သူမအရင်ဘ၀တုန်းက သူက အတော်လေးဒုက္ခများစေခဲ့သည်။ ပြီးတော့ သူ့အကြောင်းတွေးသည့်အခါ သူမကိုစိတ်အနှေင့်အယှက်ဖြစ်စေခဲ့သဖြင့် သူမ လုံး၀ကို သူ့မျက်နှာကိုဂရုမစိုက်မိခဲ့ပေ။
ယခု၊သူ့ကို သူမကြည့်မိသည့်အခါ သူ့နှာတံလေးကဖြောင့်ဆင်းနေတာကို သူမသိလိုက်ရသည်။ပြီးတော့ သူ့နှုတ်ခမ်းများက ပါးပြီး သူ့ကိုချောမောကာဆက်ဆီကျစေ၏။
အထူးသဖြင့် သူ့ရဲ့မှင်နက်ရောင်လဲ့နေသည့် မျက်၀န်းများပင်။ ယင်းက နေရောင်ထဲမှာတောက်ပနေပြီး လူတွေကိုပျာယာခတ်စေသည်။
သူမကတစ်ခုခုကိုရှင်းပြချင်သည့်အတွက် သူမအကြည့်ကိုအဝေးကိုရွှေ့လိုက်ပြီးပြောပြပေးသည်။
"ငါ တချို့လူတွေကိုဘယ်လိုခုခံရမလဲဆိုတာသိတယ် ငါအိမ်ကသယ်လာတဲ့ရေကိုပဲ သောက်ပြီး NLမှာအချိန်ပိုင်းအလုပ်လုပ်တယ် ငါ့ခွက်ကိုငါသေချာမှတ်ထားတာမို့လို့ တစ်ယောက်ယောက်က ငါ့ခွက်ကိုလာထိထားရင်ငါသေချာပြောနိုင်တယ်......... "
ဒါကြောင့် င့ါကို ဂရုမစိုက်ပါနဲ့... ကိုယ့်ဘာသာကိုယ်ပဲဂရုစိုက်... လုံခြုံပြီးအေးချမ်းတဲ့ နင့်ရဲ့ဘ၀ကိုပဲ သေချာထိန်းသိမ်းထားပါ...
သူမရဲ့ ယခုလိုသတိထားတတ်သည့်အပြုအမူတွေက ဘယ်လိုအရာမျိုးတွေကိုတွေ့ကြုံခဲ့ရလို့လဲ...
ကျောင်းသားသစ်တွေကိုမတွေ့ရင်တောင်မှ များစွာသောဂျူနီယာ၊စီနီယာမိန်းကလေးများပင် ယောက်ျားလေးများအားကြောက်ရမည်မှန်းမသိကြချေ။ သူတို့က အခြားသူထံကနေ အခုလို မကာကွယ်တတ်ကြပေ။
၀မ်ယွီ၏အကြည့်ကသူမမျက်နှာပေါ်မှာရှိနေတုန်းပင်ဖြစိသည်။
ခဏလောက်ကြာတော့ သူကပြုံးပြီးပြောလိုက်သည်။
"အိုကေ၊မင်းက အရမ်းတော်တာပဲ "
သူကပြောပြီးနောက် ဖြန်းဗူးသေးသေးလေးကိုသူမလက်ထဲထည့်ပေးလိုက်သည်။ သို့ပေမယ့် သူ့အပြုအမူကအရမ်းနှေးပြီး သူမလက်ဖ၀ါးကို သူ့လက်ချောင်းက သုံးစက္ကန့်ကြာလောက်ထိနေခဲ့သည်။
သူမက သူ၏ကောင်းသည့်ဘက်အခြမ်းကိုတွေးနေရုံရှိသေး သူ့ရဲ့ လူတေလူညစ်၊လူရှုပ်အကျင့်က တဖန်ပြန်ပေါ်လာသည်။
ကျိအန််းနဉ်က ချက်ချင်းအံကြိတ်ကာလက်သီးဆုပ်ပြပြီးသူ့ကိုစူးစူး၀ါး၀ါးစိုက်ကြည့်လိုက်သည်။
၀မ်ယွီကမူ အပြုံးတစ်ခုနှင့်အတူကြည့်နေခဲ့သည်။ သူ၏အရေထူနေသည့်မျက်နှာနှင့် သူက သဘာ၀ကျကျဖြင့် ဘာမှမလုပ်ခဲ့သလိုမျိုးပြုံးနေ၏။
ကျိအန်းနဉ်မှာ ပြောစရာစကားမဲ့သွားရသည်။သူမက ငရုတ်သီးဖြန်းဆေးဗူးကို အိတ်ထဲထည့်လိုက်ပြီးမတ်တပ်ထရပ်လိုက်သည်။ပြီးတော့အဝေးကို လှမ်းလျှောက်ထွက်သွားတော့သည်။
"ကိုယ်တို့နေ့လည်စာအတူစားကြရအောင်"
၀မ်ယွီကအနောက်ဘက်ကနေအော်ပြောလာသည်။
"နင်တစ်ယောက်တည်းသွားစား"
သူမကအကြင်နာမဲ့စွာပြောပြီးနောက် သူမခြေလှမ်းကိုအရှိန်တင်ကာ သူ့ကိုအနောက်မှာချန်ထားပစ်ခဲ့သည်။
ကလပ်ကော်မတီ၏အဖွဲ့၀င်တစ်ယောက်ကအလွန်ပင်ပန်းနေသည်။အခြားသူများနေ့လည်စာစားနေစဉ်မှာ သူတို့၏သက်ဆိုင်ရာတဲအတွင်း လက်ကမ်းစာစောင်များဝေရင်းအလုပ်များနေခဲ့သည်။
"ကျောင်းသားတွေ၊ လာပြီးငါတို့အတိုက်အခိုက်ကလပ်ကို စစ်ဆေးကြည့်ပါ...ငါတို့မှာ ပရော်ဖက်ရှင်နယ်စက်ပစ္စည်း၊ နည်းပြတွေနဲ့ အရာအားလုံးရှိတယ်နော်"
ချန်းဟောင်က ကျောင်းသားသစ်အနည်းစုကိုအော်ပြောနေခဲ့သည်။
"အကယ်၍မင်းကယောက်ျားတစ်ယောက်ဆိုရင်၊လာပြီးအလကားတိုက်ခိုက်တာကိုစမ်းကြည့်သင့်တယ် ဒါကလူကြိုက်များအောင် တိုက်ကွမ်ဒို ရှိုးလုပ်ထားတာမဟုတ်သလို ရိုးရာအားကစားအလှပြထားလည်းမဟုတ်ဘူး...တိုက်ခိုက်တာက တကယ်သင်ပေးတာပါနော်..."
သူတို့နောက်မှာတော့ Fighting ကလပ်ကလူများက မပျော်မရွှင်ဖြစ်နေကြသည်။ မိန်းကလေးနှစ်ယောက်က စိတ်အနှောင့် အယှက်ဖြစ်စွာမျက်မှောက်ကြုတ်နေကြ၏။
"အကယ်၍ မင်းလူလိုချင်ရင် မင်းကိုယ်တိုင်သရုပ်ပြပါလား ငါတို့ကို လာမလှည့်စားနဲ့"
"စိတ်လျှော့ပါ၊စိတ်လျှော့ပါ၊ဒေါသမထွက်ပါနဲ့၊လှပတဲ့မိန်းကလေးတွေပဲဟာ..."ချန်းဟောင်ကအပြုံးနှင့်ပြောပြီး ကောင်လေးများဘက်ကိုလှည့်လိုက်သည်။
"အကယ်၍ မင်းတို့အစမ်းအတွေ့အကြုံယူချင်ရင်ရတယ်နော်...ဘာမှပေးစရာမလိုဘူး..."
ကံဆိုးစွာနှင့် တိုက်ကွမ်ဒို ကလပ်တွင် သန်မာသောအမျိုးသားများအနည်းငယ်သာရှိပြီး အဖွဲ့၀င်အများစုကမိန်းကလေးများဖြစ်နေသည်။ကျောင်းသားသစ်အနည်းစုက ဆုံးဖြတ်ဖို့တုံ့ဆိုင်းနေပေမယ့် စီနီယာအမများ၏မျက်နှာပေါ်ကအပြုံးများကပိုဆွဲဆောင်နိုင်သွားသည်။
"ကျစ်"ချန်းဟောင်က သူ့ခေါင်းကိုခါလိုက်သည်။
သူဂရုမစိုက်ချင်ပေမယ့် သူကိုယ်တိုင်က ဥက္ကဠ ဖြစ်နေသည့်အတွက် ကလပ်အတွင်းအများကြီးရင်းနှီးမြှုပ်နှံထားသည်။ သူအစတုန်းကပြောခဲ့တာသည် အမှန်တကယ်စိတ်၀င်စားသည့်သူများအတွက် ဇွဲရှိရှိလေ့ကျင့်ပေးချင်သောကြောင့်ဖြစ်သည်။ ဆုံးဖြတ်နိုင်စွမ်းမရှိဘဲ မိန်းကလေးများ၏စကားအချို့အောက်ကျဆုံး သိမ်းထည့်ခံလိုက်ရသည့်သူများကိုပြောလိုက်သည်။
"ယောက်ျားလေးတွေများ ဒရမ်တွေလိုတော့ကြည့်ကောင်းကြပါရဲ့ ဒါပေမယ့် သူတို့အမှားအမှန်မခွဲခြားနိုင်ဘဲ ထင်ရာလုပ်တတ်တယ်..."
သူ့ခေါင်းကိုပြန်လှည့်သည့်အခါ လက်ကမ်းကြော်ငြာစာကိုစူးစူးစိုက်စိုက်ကြည့်နေပြီး Fighting ကလပ်၏အရှေ့တွင်ရပ်နေသော မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။
သူမမော့ကြည့်လာသည့်အခါ ချန်းဟောင်က သူမကိုမှတ်မိသွားသည်။ သူမရဲ့အဖွားကိုကျောင်းကိုခေါ်လာခဲ့တဲ့ လှပတဲ့အသေးလေးမဟုတ်လား...
ကျိအန်းနဉ်က ချန်းဟောင်လှည့်လာသည့်အခါ ထိုစီနီယာကိုတော်တော်လေးရင်းနှီးသည်ဟုခံစားလိုက်ရသည်။ သို့ပေမယ့် သူ့ကိုဘယ်မှာမြင်ဖူးသလဲဆိုတာမမှတ်မိတော့ချေ။
သူမ မေးလိုက်၏။
"စီနီယာ၊ကိုယ်ခံပညာကလပ်က အမျိုးသမီးအဖွဲ့၀င်တွေကိုရောလက်ခံလား ..."
နောက်ဆုံးတော့ချန်းဟောင်က သူ့ရင်ဘတ်ကိုပုတ်ပြီးပြောလိုက်သည်။
"ဒါပေါ့၊ငါတို့လက်ခံတယ် အကယ်၍ငါတို့တခြားသူတွေကိုလက်မခံချင်ဘူးဆိုရင်တောင်မှ မင်းကိုငါတို့လက်ခံချင်တယ်"
သို့ပေမယ့် ပြဿနာက သူကဒုဥက္ကဌဖြစ်နေလေသည်။ ကိုယ်ခံပညာကလပ်မှာက ဥက္ကဌ တစ်ယောက်တည်းသာ ဆုံးဖြတ်ခွင့်ရှိသည်။သူတို့ပထမနှစ် ကလပ်စတင်တည်ထောင်တုန်းက ဥက္ကဌက အမျိုးသမီးအဖွဲ့၀င်များကိုလက်ခံခဲ့သည်။ သို့ပေမယ့် သူတို့အားလုံးငိုသွားပြီး ခါးသီးရက်စက်သည့်လေ့ကျင့်မှုများကိုမခံနိုင်ကြချေ။ပြီးနောက် ဥက္ကဌက သူတို့အားလုံးကိုထုတ်ပယ်ပစ်ခဲ့၏။
အဲဒီနောက်ပိုင်းကစပြီး ဥက္ကဌက သူတို့ကို အမျိုးသမီးအဖွဲ့၀င်လက်ခံဖို့ ခွင့်မပြုခဲ့တော့ပေ။
"အမ်၊ငါတို့ကလပ်က......"
ချန်းဟောင်က ကျိအန်းနဉ်ကိုငြင်းဆန်ရမည့်အတွက် နောင်တအပြည့်ဖြစ်နေသည်။ သို့ပေမယ့် သူ့အကြည့်က ကျိအန်းနဉ်၏ အနောက်ဘက် ၀မ်ယွီက လက်ဟန်ခြေဟန်ဖြင့်အချက်ပြနေတာကို ဖမ်းမိလိုက်သည်။
ချန်းဟောင်သည် သူ့စကားကိုတစ်၀က်တွင်ပြောင်းလိုက်ပြီး"ငါတို့လက်ခံတာပေါ့၊ဂျူနီယာညီမလေး မင်း ၀င်ခွင့်ဖောင်ဖြည့်မလား လာပါ...၊လာပါ၊ငါတို့မှတ်ထားရအောင်..."
ကျိအန်းနဉ်က လေ့ကျင့်မှုအချိန်ဇယားကိုထပ်မံမေးလိုက်သည်။
"အဲဒါကနေ့တိုင်းဖွင့်ပါတယ် အခြေခံစည်းမျဉ်းတွေက၊စီနီယာအဖွဲ့၀င်တွေက တစ်ပတ်မှာအနည်းဆုံး၃ကြိမ်တက်ဖို့လိုပြီး၊သာမန်အဖွဲ့၀င်တွေက တစ်ပတ်မှာအနည်းဆုံး၂ကြိမ်တက်ဖို့လိုတယ်အင်း......"
ချန်းဟောင်က ၀မ်ယွီကိုခပ်မြန်မြန်တစ်ချက်ကြည့်လိုက်ပြီး ကျိအန်းနဉ်အတွက်အချက်ကိုထပ်ပေါင်းပြောလိုက်သည်။
"အခုမှ၀င်တဲ့ အဖွဲ့၀င်တွေအတွက်ညှိလို့ရပါတယ်"
ကျိအန်းနဉ်ကအနည်းငယ်တုံ့ဆိုင်းနေမိသည်။
သူမကိုစိတ်၀င်စားစေတာက ချန်းဟောင်သည် သူ့အသံကျယ်ကျယ်နှင့် "အစစ်အမှန်တိုက်ခိုက်ခြင်း"ဟုအော်ပြောနေသည့်အတွက်ဖြစ်၏။
ကျိအန်းနဉ်က "အစစ်အမှန်တိုက်ခိုက်ခြင်း"အတွက်အတွေ့အကြုံရှိသည်။ယင်းကစတီးချောင်း သို့မဟုတ် အုတ်ခဲဖြစ်နေလည်း လက်နက်အနေနှင့် အဆင်ပြေမည်ဆိုလျှင် သူမကောက်ပြီးအသုံးပြုမည်ဖြစ်သည်။ သူမမှာချင့်ချိန်စဉ်းစားဖို့အတွက်အချိန်မရှိပေ။ သူမပြိုင်ဘက်နှင့်တွေ့သည့်အခါ သူမမည်မျှဒဏ်ရာနည်းနည်းများများရနိုင်သည်ကိုပင် ဂရုမစိုက် ။ သူမကိုယ်သူမ မသန်မာတာကိုမုန်းတီးမိပြီး ထိုအချိန်တုန်းကလည်း သူမ မသန်မာခဲ့ပေ။
ကျိအန်းနဉ်က တကယ့်တိုက်ပွဲက အားကစားလုပ်တာနှင့်ကွဲပြားတယ်ဆိုတာသိသည်။ မလွဲမသွေသွေးထွက်မည်ဖြစ်သည်။
သူမ၏အရင်ဘ၀တုန်းက ၊ကျိအန်းနဉ်သည် သူမရဲ့ဂရုစိုက်မှုကလုံလောက်သည်ဟုအမြဲတမ်းထင်ခဲ့သည်။ သို့ပေမယ့် ဂရုစိုက်သတိထားမှုကမလုံလောက်ခဲ့ချေ။ သူမက ယခုထက်နည်းနည်းလေးပိုသန်မာလာပြီး သူမကိုယ်သူမကာကွယ်နိုင်စွမ်းရှိချင်သည်။
"ကျွန်မ၊တစ်ပတ်ကိုတစ်ကြိမ်ပဲလေ့ကျင့်နိုင်တယ် "သူမတွန့်ဆုတ်စွာပြောလိုက်သည်။
"အဆင်ပြေပါတယ်...အဆင်ပြေပါတယ်"
ချန်းဟောင်က ၀မ်ယွီ၏ အချက်ပြမှုကိုမြင်ပြီး သူဆိုလိုတာကိုနားလည်သည်။
၀မ်ယွီက ထိုမိန်းကလေးငယ်လေးကိုအရင်တစ်ပတ်ကတည်းက စိတ်၀င်စားနေခဲ့သည်။ ယခုသူမက သူမကိုယ်တိုင်သူ့ဆီရောက်လာမှတော့ ဘာလို့သူမကိုမဖမ်းဆုပ်ထားရမှာလဲ...
ကျိအန်းနဉ်သည် ဖောင်ဖြည့်ပြီး သူမဖုန်းနံပါတ်ကိုချန်ထားခဲ့လိုက်သည်။
"မင်းဒီနေ့ညလာမှာလား"ချန်းဟောင်က စိတ်အားထက်သန်စွာမေးမိသည်။
"ကျွန်မလာနိုင်တယ် ဒါပေမယ့် လေ့ကျင့်ရေးကိုတော့ တနင်္လာနေ့မှာမှ ပါ၀င်နိုင်မှာ အဲ့ဒါအဆင်ပြေရဲ့လား စီနီယာအစ်ကို"ကျိအန်းနဉ်က မေးလိုက်သည်။
"ကောင်းတာပေါ့၊အဆင်ပြေပါတယ်"ချန်းဟောင်က ၀မ်ယွီ၏ အချက်ပြမှုကိုမြင်ပြီး ပြောလိုက်သည်။
၀မ်ယွီက သူ့ကိုလက်မထောင်ပြနေသေး၏။
ကျိအန်းနဉ် ထွက်သွားသည့်အခါ ချန်းဟောင်ကပြုံးဖြဲဖြဲလုပ်ပြီး ၀မ်ယွီ စစ်ဆေးကြည့်စေရန် စာရင်းစာရွက်ကိုင်လာပြီး လမ်းလျှောက်လာသည်။
"ဘယ်လိုလဲ၊ညီအစ်ကို၀မ်၊ငါဒီအတွက်ဘောနပ်စ်ရမယ်မလား..."
၀မ်ယွီသည် ဟွာတတက္ကသိုလ်က ကိုယ်ခံပညာ ကလပ်ဥက္ကဌဖြစ်သည်။ ဟွာတက္ကသိုလ်မှာလွန်ခဲ့တဲ့၂နှစ်လောက်က ကိုယ်ခံပညာကလပ်မရှိခဲ့ချေ။ ၀မ်ယွီ ရောက်လာသည့်အခါစတင်တည်ထောင်ခဲ့သည်။
ချန်းဟောင်က ဒုဥက္ကဌဖြစ်ပြီး ကျောင်းမှာတစ်ခါတစ်ရံ ၀မ်ယွီနှင့်ဆက်သွယ်ရသည်။ ကျိအန်းနဉ်က သူ့ကိုအရင်ကမြင်ဖူးပေမယ့် ထိုအချိန်တုန်းက ၀မ်ယွီကို သူမရှောင်နေခဲ့သည့်အတွက် သူ့ဘေးကလူတွေကိုသတိမထားမိချေ။ ထို့ကြောင့် ချန်းဟောင်ကိုတွေ့တုန်းက သူမ မမှတ်မိတာဖြစ်သည်။
၀မ်ယွီသည် စာရင်းဖောင်ကိုယူပြီးတစ်ချက်ကြည့်လိုက်သည်။ ပြီးနောက်ပြုံးပြီးပြောလိုက်၏။
"ကောင်းပြီ၊ငါဒီနှစ် ပရိုတင်းအမှုန့်အတွက်ထောက်ပံ့ပေးမယ်..."
ချန်းဟောင်က အရမ်းပျော်နေပေမဲ့ ၀မ်ယွီက မော့ကြည့်လိုက်ေသာအခါ ကျိအန်းနဉ်က ကန်တင်းသို့မသွားဘဲ ကျောင်းပြင်ဘက်သို့ဦးတည်နေတာကိုမြင်လိုက်ရသည်။ သူမနေ့လည်စာမစားတာကို သူအံ့သြသွားသည်။
ကျိအန်းနဉ်က သူမဖုန်းကိုထုတ်ပြီးပြောနေခဲ့သည်။
xxxxx