Chapter 15
ကျိအန်းနဉ်က သူမဖုန်းကိုထုတ်ပြီးပြောနေခဲ့သည်။
"ဟုတ်တယ်၊ကျွန်မကကျောင်း၀င်ပေါက်မှာ အစ်ကိုရောက်လာပြီလား အစ်ကိုကဘယ်မှာလဲ......အိုး...ကျွန်မမြင်ပြီ"
၀မ်ယွီသည် ကျိအန်းနဉ်က ဖုန်းချပြီး ဦးတည်ချက်တစ်ခုကိုလက်ပြနေတာကိုမြင်လိုက်သည်။ ပြီးနောက် ငယ်ရွယ်ချောမောသည့်အမျိုးသားတစ်ယောက်က သူမဆီကိုပြေးလာသည်။
"ရော့..."
၀မ်ယွီက ချန်းဟောင်အား စာရင်းဖောင်ကိုလက်လွှဲပေးပြီးကျိအန်းနဉ်နောက် လိုက်သွားလိုက်သည်။
ကျိအန်းနဉ်က ရှုချန်းနှင့်နေ့လည်စာစားရန်ချိန်းထားခဲ့သည်။
သူမကပိတ်ရက်မှာအလုပ်လုပ်ရသည့်အတွက် ထို့ကြောင့်သူမအားသည့်ကြားရက်များအတွင်းသာ ရှုချန်းကိုဖိတ်ကြားနိုင်သည်။ ကံအားလျော်စွာ၊ ကော်ဖီဆိုင်က ဟွာတတက္ကသိုလ်နှင့် နီးပြီး ရှုချန်းက မိနစ်အနည်းငယ်သာကားမောင်းရန်လိုသည်။
သူ့ကားကို ဟွားတတက္ကသိုလ်၏အပြင်ဘက် လမ်းဘေးမှာပါကင်ထိုးပြီး ကျိအန်းနဉ်ကို ခေါ်လိုက်သည်။ သူကြည့်လိုက်ချင်းချင်း ကျိအန်းနဉ်က သူ့ဆီပြေးလာနေတာကိုမြင်လိုက်ရသည်။
ကျိအန်းနဉ်၏ ပို့ဆောင်ရေးအလုပ်ကပြီးသွားပြီဖြစ်သည်။ အပူကြောင့် အပေါ်ဖုံးအင်္ကျီလက်ရှည်ကိုချွတ်ထားပြီးသူမခါးမှာချည်ထားပြီး လက်တိုလေးသာကျန်နေသည်။ သူမ၏မျက်နှာနှင့်လက်မောင်းက နေရောင်ထဲမှာပေါ်နေပြီး ပန်းလေးတစ်ပွင့်လိုတောက်တောက်ပပပြုံးနေခဲ့သည်။
အိုတခု တစ်ယောက်ဖြစ်သောရှုချန်း၏နှလုံးသားလေးမှာ တူနှင့်ထုလိုက်သလို တဒုတ်ဒုတ်ခုန်သွားရ၏။
၀မ်ယွီက ကြက်သေသေနေခဲ့သည်။
သူ ကျိအန်းကို စတွေ့ကတည်းက ယခုချိန်အထိ ဘယ်တော့မှ သူမ ထိုသို့မပြုံးပြဖူးဘူးဆိုတာ သဘောပေါက်သွားသည်။
ဘယ်တုန်းကမှ...
၀မ်ယွီက ပြေးနေတာကိုရပ်လိုက်ပြီး မျက်မှောင်ကြုတ်ပြီးကြည့်နေမိသည်။ ထို့နောက် သူအကြည့်က တဖြည်းဖြည်း အေးစက်လာသည်။
သူမက အဲ့ဒီလိုတောက်တောက်ပပပြုံးပြပြီး ထွက်သွားခဲ့တယ်...
"ဒီမှာ၊ကျွန်မတို့အတွက် ယူနန်အစားအစာ၊စီချွမ်အစားအစာ၊ပြီးတော့ အရှေ့မြောက်ပိုင်းအစားအစာရှိတယ်"
ကျိအန်းနဉ်က ရှုချန်းအားပြုံးပြီးမေးလိုက်သည်။
"အစ်ကို ဘယ်ဟာကိုစားချင်လဲ"
ယနေ့ သူတို့နှစ်ယောက်စားတာကို ကျိအန်းနဉ်ကျွေးမည်ဟုသဘောတူထားကြသည်။
ရှုချန်းက ခဏလောက်စဉ်းစားပြီး"အရှေ့မြောက်ပိုင်းအစားအစာ"
အရှေ့မြောက်ပိုင်းအစားအစာက စျေးသက်သာပြီး အာဟာရပြည့်၀သည်။
ကျိအန်းနဉ်၏ မိသားစုအခြေအနေကို သူ အတိအကျမသိသော်လည်း သူမတစ်ချိန်လုံးအလုပ်အများကြီးကို မဖြစ် ဖြစ်အောင်လုပ်နေရတာမြင်သည့်အတွက် သူမကဘဏ္ဍာရေးအခြေအနေမကောင်းဘူးဆိုတာ ရှုချန်းသိလိုက်သည်။ ပုံမန်အားဖြင့် သူကသူမကိုကျွေးခွင့်မပေးသင့်သော်လည်း သူ သူမကိုကျွေးရန်ကြိုးစားတိုင်း သူမငြင်းဆန်နေသည့်အတွက်ဖြစ်သည်။ အကယ်၍ သူသာ သူမကို စာပြပေးသည့်အလုပ်ကိုမမိတ်ဆက်ထားပေးလျှင် ကျိအန်းနဉ်နှင့် သူက ထမင်းအတူစားဖို့အခွင့်အရေးရှိမှာမဟုတ်ပေ။
ရှုချန်းက ယခုလိုအခွင့်အရေးမယူချင်ပေမယ့် သူကပျော်ရွှင်စွာထိုင်နေမိသည်။ ရုတ်တရက် မမျှော်လင့်ထားသည့် ၔည့်သည်ရောက်ချလာ၏။
ရှုချန်းနှင့်ကျိအန်းနဉ်တို့ထိုင်ပြီးပြီးချင်း ၀မ်ယွီက သူ့လက်ကိုဘောင်းဘီအိတ်ထဲထည့်ထားပြီး သူတို့စားပွဲကိုရောက်လာသည်။ သူက စိတ်မပါသလိုကြည့်ပြီးပြောလိုက်၏။
"အိုး...မင်းလည်းဒီမှာပဲ"
ကျိအန်းနဉ်"..."
ရှုချန်း"..."
သူတို့နှစ်ယောက်လုံးမတုံ့ပြန်နိုင်သေးခင် မကြိုဆိုထားသည့်သူက လှောင်ပြုံးပြုံးပြီး ယဉ်ကျေးမှု မရှိစွာပြောလိုက်သည်။
"ကောင်းတာပေါ့...အတူတူစားကြရအောင်...မင်းကိုအဲ့ဒီအကြောင်းပြောပြနေလို့ နှောင့်နှေးနေတဲ့အတွက် ငါလည်းမစားရသေးဘူး"
၀မ်ယွီက ကျိအန်းနဉ်၏ ဘေးကခုံကိုဆွဲယူလိုက်ပြီး တုံ့ပြန်မှုကိုပင်မစောင့်ဘဲ၀င်ထိုင်လိုက်သည်။
ရှုချန်းကရွေးချယ်စရာမရှိတော့ချေ။ သို့ပေမယ့် ၀တ္တရားရှိနေသေးသဖြင့် မေးလိုက်၏။
"အန်းနဉ်၊သူက........."
ကျိအန်းနဉ်မှာ သူမစိတ်ထဲအချက်ပြမှုတစ်ခုပေါ်ထွက်လာသည်။
၀မ်ယွီက ဘယ်လိုလူမျိုးလဲဆိုတာသူမဘာကြောင့်မေ့နေရတာလဲ ...
သူကအမြဲတမ်းအရှက်မဲ့ပြီး မဆင်မခြင်ပြုမူတတ်သည်။ သူ့အရင်ဘ၀တုန်းက တခြားသူများ၏အမြင်ကိုဂရုမစိုက်ဘဲ သူလုပ်ချင်တာကိုသာ ပြုလုပ်ခဲ့သည့်အတွက် သူမက သိုက်တူးသမားဟုအမည်အတပ်ခံခဲ့ရသည်။
"ဒါက ကျွန်မရဲ့ကျောင်းကစီနီယာ ၀မ်ယွီ"
သူမကသူတို့နှစ်ယောက်ကိုအချင်းချင်းမိတ်ဆက်ပေးလိုက်သည်။
"ဒါက ငါအလုပ်လုပ်တဲ့ကော်ဖီဆိုင်က မန်နေဂျာ၊ ရှုချန်း..."
ဒါဆို ရှုချန်းကသူမအလုပ်လုပ်သည့်နေရာက သူဌေးပေါ့...
၀မ်ယွီက မျက်ခုံးပင့်လိုက်သည်။
သူမျက်ခုံးပင့်လိုက်တာက ကျိအန်းနဉ်ကို နှလုံးခုန်မြန်သွားစေသည်။ ၀မ်ယွီက ပိုင်ဆိုင်လိုစိတ်ကြီးမားသည်။ ပြီးတော့ သူတို့အရင်ဘ၀တုန်းက နောက်ပိုင်းမှာ ကျိအန်းနဉ်က သူ့အပိုင်ဆိုတာကြေညာခဲ့သေးသည်။ သူမကို စိန်ခေါ်တဲ့လူများနှင့် သူမကိုအနိုင်ကျင့်သည့်လူများအားလုံး ကံဆိုးသွားခဲ့ကြ၏။
သူတို့အရင်ဘ၀တုန်းက ရှုချန်းက သူ့ဆီကအရိုက်မခံခဲ့ရဘူးပေ။
သို့ပေမယ့် ၀မ်ယွီ သူမကိုနှောင့်ယှက်ရန် ကော်ဖီဆိုင်သို့လာသည့်အခါ သူမရဲ့နောက်ကွယ်မှာမကောင်းပြောနေသည့်လူနှစ်ယောက်ကို ထိုးကြိတ်ခဲ့သေးသည်။ သူတို့နှစ်ယောက်မှာ ၀က်ခေါင်းဖြစ်သည်အထိ အရိုက်ခံခဲ့ရပြီး ရှုချန်း၏ဆိုင်လည်းပဲထိခိုက်ခဲ့ရသည်။ နူးညံ့သည့်အပြင်အဆင်နှင့် အမြတ်တနိုးထားသည့်ရုပ်တုငယ်များလည်း ရှုပ်ပွသွားခဲ့သည်။
ထို့ကြောင့် ၀မ်ယွီက သူ့ဆိုင်ပျက်စီးသွားသည့်အတွက် လျော်ကြေးငွေပေးလျော်ခဲ့သည်။သို့ပေမယ့် ထိုအချိန်ကတည်းက ရှုချန်းက ၀မ်ယွီကို သတိထားနေခဲ့သည်။
ကျိအန်းနဉ်က သူတမင်တကာဆိုင်ကို ရိုက်ခွဲခဲ့သည်ဟုခံစားခဲ့ရပေမယ့် သူမမှာ လက်ဆုတ်လက်ကိုင် ပြစရာသက်သေကမရှိချေ။
ယခု ၀မ်ယွီ မျက်ခုံးတစ်ခါပင့်လေ ကျိအန်းနဉ် နှလုံးအခုန်မြန်လေဖြစ်နေသည်။
သူမကိုယ်သူမပင် သတိမမူမိဘဲ သူမ သူ့ကိုအမြန်၀င်ရှင်းပြလိုက်သည်။
"သူက ငါ့ကို ဂိုက်အလုပ်ရှာပေးခဲ့တာ၊သူတောင် ဒုက္ခရောက်လိုက်သေးတယ် ဒါကြောင့် ငါသူ့ကိုထမင်းတစ်နပ်ကျွေးမလို့ပါ"
သူမရဲ့ရှင်းပြနေတဲ့အသံက ၀မ်ယွီ နှင့်သူမက တစ်ဖက်ဖြစ်နေပြီး ရှုချန်းကတစ်ဖက်မှာရှိနေစေတာကို သူမကိုယ်တိုင်ပင်သတိမထားမိချေ။
သို့ပေမယ့် ၀မ်ယွီ နှင့်ရှုချန်းနှစ်ယောက်လုံးက ယင်းကို သတိပြုမိခဲ့ကြသည်။
၀မ်ယွီက သူ့နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး ရှုချန်းထံလက်ဆန့်ထုတ်ကာပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်..."
ကျိအန်းနဉ်၏ အသံနောက်လိုက်ပြီး သူမကိုယ်စား သူကကျေးဇူးတင်စကားဆိုလိုက်သည်။
၎င်းက သူက ကျိအန်းနဉ်အတွက်အရေးပါသည့်တစ်စုံတစ်ယောက်ဆိုတာ ပြသနေ၏။
ရှုချန်းက အနည်းငယ်နှေးကွေးသည့် အိုတခု တစ်ယောက်ဆိုရင်တောင်မှ ၀မ်ယွီက သူမကိုကြိုက်နေတယ်ဆိုတာ သူ သဘာ၀ကျစွာအာရုံခံနိုင်သေးသည်။ ၀မ်ယွီက အရပ်1.8မီတာကျော်မြင့်ပြီး အဆင့်အတန်းမြင့်ပုံပေါ်ကာ သဘာ၀အလျောက် ပြင်းထန်တဲ့အော်ရာရှိသည်။ ကျိအန်းနဉ်ကိုကြည့်သည့်အခါ ဖော်ရွေပေမယ့် တစ်ဖက်ကလည်း လွှမ်းမိုးချုပ်ကိုင်လိုသည့်သဘောထားကလည်းကပ်ပါနေသေးသည်။
ပြီးတော့ ကျိအန်းနဉ်ကလည်း ထိုသဘောထားကို သဘောတူလိုက်လျောထားသည်။
ရှုချန်းက ထွက်သွားချင်စိတ်ကိုသည်းခံပြီး ၀မ်ယွီ နှင့်လက်ဆွဲနှုတ်ဆက်ရန် လက်ဆန့်ထုတ်လိုက်သည်။
ကျိအန်းနဉ်က ရှုချန်းနှင်း၀မ်ယွီ လက်ဆွဲနှုတ်ဆက်တာကိုကြည့်ပြီးနောက် သူမ၏အမူအရာက ရုတ်တရက် ပြောင်းသွားခဲ့သည်။
သူမမျက်နှာကနီနေပြီး စကားလုံးနှင့်ဖော်ပြရခက်နေ၏။
ချက်ချင်း ကျိအန်းနဉ်က လက်ဆန့်ကာ ၀မ်ယွီ၏လက်မောင်းကို ဆုပ်ကိုင်ပြီး သူ့ကိုဆွဲဆိတ်လိုက်သည်။
ပြီးနောက် "ငါတို့မှာကြရအောင်"ဟုဆိုလိုက်သည်။
၀မ်ယွီက ရှုချန်းလက်ကိုလွတ်ပေးလိုက်ပြီးသူတော်ကောင်းဟန်ဆောင်လျက်ဖြင့်" မှာကြတာပေါ့"
ကျိအန်းနဉ်က မီနူးကိုကောက်ကိုင်လိုက်ချင်းချင်း ၀မ်ယွီက ဆွဲယူသွားပြီးပြောလေသည်။
"ကိုယ်မှာလိုက်မယ်"
သူမကကန်တင်းမှာစားသည့်အချိန်ဆိုလျှင် စျေးပေါတဲ့ဟင်းသီးဟင်းရွက်ဟင်းနှင့် အလကားရသောအုတ်ဂျုံယာဂုကိုသာ မှာသည်။ သူမကအစားအသောက်အတွက်နှင့် ဒုက္ခမများချင်ပေ။
ကျိအန်းနဉ်ကို ကျော်ပြီး၀မ်ယွီက ဟင်းပွဲအချို့မှာလိုက်သည်။ ကျိအန်းနဉ်က သူမဘတ်ဂျက်ထက်ကျော်နေတာကို နားထောင်နေရုံသာတတ်နိုင်သည်။
ဒါပေမယ့် သူမဘာလုပ်နိုင်မှာတုန်း...
၀မ်ယွီက သူမနှစ်ဘ၀လုံးမှာမပိုင်ဆိုင်ချင်ဘဲ ပိုင်ဆိုင်ထားခဲ့ရတဲ့ မကောင်းတဲ့ကြယ်ပင်။
ထိုထမင်းတစ်နပ်က အလွန်စိတ်မကျေနပ်စရာကောင်းသည်ဟုဆိုနိုင်ပြီး နောက်ပိုင်းအားလုံးမှာ ၀မ်ယွီက စကား၀ိုင်းကိုဦးဆောင်ပြောသူပဲဖြစ်သည်။ သူ၏အတွေ့အကြုံနှင့် ဗဟုသုတက သူ့အသက်အရွယ်နှင့်မမျှရှိသည်။ တစ်ခြားတစ်ဖက်မှာဆိုလျှင် ရှုချန်းက စကားနည်းသူဖြစ်ပြီးစိတ်၀င်စားသည့်အရာလည်းနည်းသည့်အတွက် စကား၀ိုင်းမှာ ၀မ်ယွီက အမြဲဦးဆောင်သူဖြစ်နေသည်။ စားပြီးသည့်နောက် ၀မ်ယွီက ရှုချန်းမှာကိုယ်ရေးကိုယ်တာအရ စိတ်ပူဖို့မထိုက်တန်ဖူးဟု မှတ်ယူထားလိုက်သည်။ သူကရှုချန်းနှင့်ဖုန်းနံပါတ်ချင်းတောင်မှ လဲလည်လိုက်သေးသည်။
ယနေ့ နေ့လည်စာက ပျော်စရာမကောင်းဘူးဟု မဆိုနိုင်ပေမယ့်၊အနည်းဆုံးရှုချန်းအတွက်တော့မဟုတ်ခဲ့ပေ။ ရှုချန်းကမူ ၀မ်ယွီထံမှ ဒီထမင်းတစ်နပ်မှတစ်ဆင့်ဖိအားပေးခံနေရသည်။ ထမင်းစားပြီးသည့်နောက် ရှုချန်းက ကျိအန်းကို သူ့အရင်ဘ၀ထက် စောစောလက်လွှတ်လိုက်သည်။
ကျိအန်းနဉ်သည် အားလုံးစားလို့ပြီးတာမြင်တော့ ငွေပေးချေရန် စားပွဲထိုးအားခေါ်လိုက်သည်။သူမက လွယ်အိတ်ထဲမှ သူမ၏ပလက်စတစ်ခေါက်ပိုက်ဆံအိတ်အား ထုတ်ရန်လုပ်လိုက်ပေမယ့် ၀မ်ယွီ၏တားဆီးခြင်းကိုခံလိုက်ရ၏။
၀မ်ယွီက သူ့ကတ်အား စားပွဲထိုးကိုပေးပြီးပြောလိုက်သည်။
"ကိုယ် ပေးမယ်"
ကျိအန်းနဉ်ကရုန်းလိုက်ပေမယ့် ၀မ်ယွီ၏လက်ကပလာယာကဲ့သို့ဖြစ်နေသည့်အတွက် သူမလှုပ်ရှားလို့မရပေ။ ယင်းက လက်ဆွဲနှုတ်ဆက်စဉ်အတွင်း ရှုချန်း နာကျင်မှုကြောင့် အံကြိတ်ကာ ရှုံ့မဲ့မဲ့ဖြစ်နေရသည့်အကြောင်းကို နားလည်လို့ရသွားသည်။
"ဒါက ငါကျွေးတာ"ကျိအန်းနဥ်ကအသံတိုးတိုးလေးနှင့်ပြောသည်။
"ကိုယ်သိတယ်"၀မ်ယွီပြုံးလိုက်သည်။
"မင်း ဘာကြောင့်ကိုယ်နဲ့ပြိုင်နေရတာလဲ... ဒါကကြည့်ရတာမကောင်းဘူးနော်..."
၀မ်ယွီနှင့်ကျိအန်းနဉ် ရင်းနှီးသည့်ပုံစံနှင့်ပြောနေသည့်အတွက် ရှုချန်းအားအထင်လွဲသွားစေသည်။
သူတို့နှစ်ယောက်၏ အပြုအမူကိုကြည့်ပြီး ရှုချန်းစိတ်ဓာတ်ကျသွားကာ သူအတွေးလွန်နေသည်ဟုခံစားနေရသည်။ ကျိအန်းနဉ်သည် အမှန်တကယ်တော့ သူ့ကို့အလုပ်အတွက်ကျေးဇူးတင်ချင်ရုံဖြစ်ပြီး သူ့ကိုအခွင့်ရေးတစ်ခုပေးဖို့မဟုတ်ပေ။ သူမနှင့်၀မ်ယွီက သူနှင့်နှိုင်းယှဉ်မည်ဆိုလျှင် ပို၍ရင်းနှီးသောအနေအထားမှာရှိသည်။
ကျိအန်းနဉ်က ၀မ်ယွီသည် ထိုအပြုအမူကို ရည်ရွယ်ချက်ရှိရှိလုပ်နေမှန်းသိသည်။
ယင်းကသူမရင်းနှီးနေသည့်၀မ်ယွီဖြစ်သည်။ ကလိမ်ကျပြီး၊အရှက်ကင်းမဲ့ကာ မဟုတ်တာလုပ်ရမည်ဆိုလျှင် တက်ကြွမှုအပြည့်နှင့်ဖြစ်သည်။
သူထောင်ကျသွားတုန်းကဆိုလျှင် နေ့တိုင်းနေ့တိုင်း ထောင့်မှာ တိတ်ဆိတ်ငြိမ်သက်ပြီး သူ့မျက်လုံးတွေက ထုံထိုင်းကာ၀မ်းနည်းစိတ်ဓာတ်ကျမှုများရှိနေသည်။ နီးကပ်လာမည့်သေခြင်းတရားကိုတစ်ရက်ပြီးတစ်ရက်ရေတွက်ရင်းနှင့်ပေါ့။
လုံး၀ကိုအသက်မဲ့နေခဲ့တာ...
ယခုဘ၀မှာ ၀မ်ယွီ၏အရှက်ကင်းမဲ့မှုနှင့် ကလိမ်ကျမှုကို တဖန်ပြန်မြင်နိုင်သေးသည်။ ကျိအန်းနဉ် ရုတ်တရက် ဆို့နင့်သွားရ၏။
..........................................................................................