အပိုင်း၁၆
Viewers 7k

🤚Chapter 16



သူတို့သုံးယောက်က စားသောက်ဆိုင်ကနေထွက်ပြီး ဟွာတက္ကသိုလ်၏၀င်ပေါက်သို့လမ်းလျှောက်လာခဲ့ကြသည်။ 


ရှုချန်းကကျန်သည့်နှစ်ယောက်အားပြောလိုက်သည်။ 


"ကျွန်တော်ကားက ဟိုနားလေးမှာရှိတယ်"


ကျိအန်းနဉ်က ရပ်လိုက်ပြီးသူ့ကိုကြည့်ခါ ပြောလိုက်သည်။


"ကျွန်မ အစ်ကိုကိုလိုက်ပို့ပေးမယ်လေ..."


၀မ်ယွီက သူမကိုစိုက်ကြည့်လိုက်သည်။ 


ကျိအန်းနဉ်က ၀မ်ယွီ ဘက်ကိုလှည့်ပြီးပြောလိုက်သည်။


"ငါ ရှုချန်းကောကို လိုက်ပို့ဦးမယ် အရင်သွားနှင့်လေ"


၀မ်ယွီက မျက်ခုံးပင့်လိုက်သည်။ ကျိအန်းနဉ်က သူ့ကိုစူးစူး၀ါး၀ါးပြန်စိုက်ကြည့်လိုက်သည်။ သူက ပြုံးပြီးရှုချန်းဘက်လှည့်ကာ ပြောလိုက်သည်။


"ဂရုစိုက်သွားပါ"


ရှုချန်းအဝေးကိုလျှောက်သွားပြီး ပြန်ကြည့်သည့်အခါ အကြည့်ချင်းဖလှယ်နေသည့်နှစ်ယောက်ကိုမြင်ပြီး ခွေးစားစားလိုက်ရသလိုခံးစားသွားရသည်။သူ့နှလုံးသားက ပိုမိုမွန်းကြပ်သွားသည်။ 


ကျိအန်းနဉ်က ရှုချန်းနှင့် ကားဆီသို့သွားရာတွင် လိုက်ပါခဲ့သည်။ သူတို့နည်းနည်းလောက်လျှောက်ပြီးနောက် သူမကအားတုံ့အားနာဖြစ်စွာပြောလိုက်သည်။


"ကျွန်မ တောင်းပန်ပါတယ် စီနီယာအစ်ကိုက အဲ့ဒီလိုမျိုးပဲ  နောက်နေ့ကျရင် နောက်တစ်ခါထပ်ကျွေးပါ့မယ်။ ဒီတစ်ခေါက်ကိုထည့်မတွက်ရအောင်..."


"မလိုပါဘူး မလိုပါဘူး ဟား...ဟား..."


ရှုချန်းက သူ့လက်ကိုကမန်းကတန်းဝှေ့ရမ်းပြီး ကိုးရိုးကားရားနိုင်စွာရယ်သည်။


" မင်းရဲ့ချစ်သာကောင်လေးက စိတ်၀င်စားစရာကောင်းတယ်..."


၀မ်ယွီက သ၀န်တိုပြီးရောက်လာတာဖြစ်သည်။ ကျိအန်းနဉ်က တခြားယောက်ျားလေးနှင့် ထမင်းအတူစားမည်ကိုတွေ့သွားသောကြောင့်ဖြစ်နိုင်သည်။သူက ဒေါသလည်းထွက်နေခဲ့သေး၏။ သူကသူ့အပိုင်ကိုကြေညာဖို့ရာ လက်ဆွဲနှုတ်ဆက်ချိန်တွင် ပြင်းထန်သည့်ကျားဟော်မုန်းကိုလည်းထုတ်လွှတ်ခဲ့သေးသည်။ 


ရှုချန်းက ချစ်သူရှိသည့်မိန်းကလေးနှင့် ဇာတ်လမ်းမရှုပ်ချင်ချေ။


"မဟုတ်ဘူး မင်းအထင်လွဲနေပြီ သူကမဟုတ်ပါဘူး......"


ကျိအန်းနဉ်က ရှင်းပြရန်ကြိုးစားသည်။


"ဟ... ဟ...၊ငါသိပြီ ငါသိပါတယ် ရှင်းပြဖို့မလိုပါဘူး..."


ရှုချန်းက သူ့သဘောထားကိုချိန်ညှိပြီး ကျိအန်းနဉ်နှင့် စနှောက်နေလိုက်သည်။ 


သူတို့တစ်ယောက်နှင့်တစ်ယောက် ကြည့်တဲ့အကြည့်တွေက သိသိသာသာကို အရမ်းရင်းနီးနေကြသည်။ သူတို့တစ်ယောက်နှင့်တစ်ယောက်သဘောကျနေတာက အိုင်ဒေါဒရမ်မာထဲမှာနှင့်ပင်တူနေသေးသည်။ ယင်းကပြတင်းပေါက်စက္ကူအလွှာပါးလေးကိုဖြတ်ပြီး ဖွင့်ပြောသည်နှင့်တူနေ၏။


ကျိအန်းနဉ်မှာ ခဏလောက်ပြောစရာစကားမဲ့သွားသည်။ သို့ပေမယ့် သူမတွေးလိုက်တာက ထိုတိုင်းပဲထားလိုက်မယ်ဆိုရင် ရှုချန်းကသူမကို အရင်ဘ၀ကလို လိုက်ပိုးပန်းမှာမဟုတ်တော့ပေ။ ပိုကောင်းတာက ၀မ်ယွီရဲ့ ရန်ရှာမည့်စိတ်ကူးကိုလည်းစောစောအဆုံးသတ်သွားစေသည်။ 


သူမ ထပ်မရှင်းပြတော့ဘဲ ရှုချန်းကိုနားလည်မှုသာ လွဲထားလိုက်စေသည်။ 


ကျိအန်းနဉ်က ရှုချန်း ကားမောင်းထွက်သွားတာကို ကြည့်ပြီးလှည့်လာသည့်အခါ ၀မ်ယွီက သူ့လက်ကိုဘောင်းဘီအိတ်ထဲထည့်ထားပြီး စတိုင်ကျကျဖြင့် သူမကိုပြုံးလျက်ကြည့်နေတုန်းဆိုတာမြင်လိုက်ရသည်။ 


ဒီပုံစံအမူအရာက သူမကိုအရမ်းဒေါသထွက်စေတာပင်။


သူမဖြတ်လျှောက်သွားသည့်အခါ ၀မ်ယွီက ပြောလာသည်။


"သူက မင်းကိုပိုးပန်းနေတာလား"


ကျိအန်းနဉ်က သူ့ကို စောင်းငဲ့ကြည့်ပြီးနောက် ဖြတ်လျှောက်သွားကာ စိတ်တိုစွာပြောလိုက်သည်။


 "အဲ့ဒါက နင့်အလုပ်မဟုတ်ဘူး"


ကျိအန်းနဉ်က အမြဲတမ်းအေးစက်ပြီးအမူအရာကင်းမဲ့သည်။သူမ၏စိတ်တိုသည့်အကြည့်က သူမကို ပို၍အသက်၀င်စေပြီး ချက်ချင်း တောက်ပသွားစေသည်။ အလွန်တောက်ပရွှန်းလက်မှုများကိုဖုန်းကွယ်ထားခံရသည့် မသွေးရသေးတဲ့ကျောက်ရိုင်းတုံးလေးတစ်တုံးနှင့်တူနေသည်။ 


၀မ်ယွီက သူ့နှလုံးသားကို တစ်ခုခုနှင့်ကုတ်ခြစ်လိုက်သလိုခံစားလိုက်ရသည်။ သူ သူမနှင့်အတူလျှောက်လာပြီး ပြုံးကာ​ဆိုသည်။ 


"ဒါက အဆင်ပြေပါတယ် ကိုယ်တို့ကသူငယ်ချင်းတွေပဲမဟုတ်လား"


ကျိအန်းနဉ်က လမ်းလျှောက်နေတာကိုရပ်တန့်လိုက်သည်။ 


"၀မ်ယွီ "သူမပြောလိုက်သည်။ 


"ငါ သူငယ်ချင်းထားတဲ့အခါ အလေးအနက်ရှိတယ် အကယ်၍ မင်း အဓိပ္ပာယ်ကိုနားမလည်ရင် ဒါမှမဟုတ် စိတ်မ၀င်စားရင် မင်းအဲ့ဒီလိုလုပ်စရာမလိုဘူး"


ကျိအန်းနဉ်၏ ကြည်လင်သောမျက်လုံးများက လေးနက်ကာအေးစက်နေသည်။ ယင်းက ၀မ်ယွီရဲ့ ပေါ့ပြက်ပြက်အပြုံးနှင့်အသံကို မှိန်ဖျော့ကာ တိုးကျသွားစေသည်။ 


"မင်း အဲ့ဒါကိုအလေးအနက်ထားပြောနေတာလား"


သူက အကျင့်ဖြစ်စွာမျက်ခုံးပင့်ကာ မေးလိုက်၏။ 


ကျိအန်းနဉ် သူ့ကို တိတ်ဆိတ်စွာသာ ကြည့်နေလိုက်သည်။ 


၀မ်ယွီက သူ့မေးကိုမော့ကာ ကောင်းကင်ကိုကြည့်ပြီး သွားပေါ်အောင်ပြုံးလိုက်မိသည်။ အလွန်ရယ်စရာကောင်းသောဟာသတစ်ခုကို ကြားလိုက်ရပြီး ရယ်သံမထွက်အောင် ချုပ်ထိန်းနေရသကဲ့သို့။ 


ကျိအန်းနဉ်က လှည့်ထွက်သွားပြီး အဝေးကိုလျှောက်သွားရန်လုပ်လိုက်သည်။


သို့ပေမယ့် ၀မ်ယွီက သူမခါးကို လက်နှင့် ချက်ချင်းဖမ်းကိုင်လိုက်သည်။


ကျိအန်းနဉ်ရဲ့ ခါးက သေးသွယ်ပြီး ၀မ်ယွီ၏ လက်ကကြီးနေသည်။ သူက သူမခါးကိုမြဲမြံစွာကိုင်ထားပြီး သူမရဲ့ခါးတစ်၀ိုက်ခွန်အားအချို့သုံးထားသည်။ ရှုချန်းနှင့်လက်ဆွဲနှုတ်ဆက်တုန်းကလောက် သူခွန်အားအများကြီးမသုံးထားပေမယ့် ကျိအန်းနဉ်အတွက်တော့ ပြုတ်တူနှင့်ညှပ်ထားသလိုခံစားနေရပြီး လုံး၀လွတ်အောင်ရုန်းလို့မရပေ။ 


၀မ်ယွီကပေရပ်နေသည့်အတွက် ကျိအန်းနဉ်က ထွက်သွားလို့မရ‌ေပ။ 


"လွှတ်ပေး" 


ကျိအန်းနဉ်က ထိုလူနှင့် ရန်ပြိုင်ဖြစ်ဖို့ အားအင်မရှိတော့‌ေပ။ 


တစ်ဖက်မှာတော့ ၀မ်ယွီက သူရဲ့မေးစေ့လေးကိုပင့်ပြီး လှောင်ပြုံးပြုံးပြလာသည်။


"ကျိအန်းနဉ်၊ကောင်းကောင်းတွေးစမ်းပါ ဘယ်သူ ငရဲလိုသောက်သူငယ်ချင်းလုပ်ချင်နေလို့လဲ"


ကျိအန်းနဉ်က သူ့ကိုတစ်ချက်ကြည့်ပြီး ပါးစပ်ကိုပိတ်ထားလိုက်သည်။ 


"ယောက်ျားလေးနဲ့မိန်းကလေးကြားမှာ သူငယ်ချင်းဆက်ဆံရေးရှိလို့လား မင်းနဲ့ သူငယ်ချင်းဖြစ်ချင်တယ်လို့ပြောတဲ့သူတိုင်း မင်းကိုမချစ်တာဖြစ်နိုင်ပါ့မလား သူငယ်ချင်းဖြစ်ချင်တယ်လို့ပြောတဲ့လူတိုင်းက ​ကြောင်သူတော်တွေကြီးပဲ..."၀မ်ယွီက အကြင်နာမဲ့စွာပြောလိုက်သည်။ 


"ကိုယ့် အတွက်တော့၊မင်းကိုရှင်းအောင်ပြော​ပြပေးမယ် ကိုယ်က မင်းရဲ့ချစ်သူကောင်လေးဖြစ်ချင်တာ"၀မ်ယွီက စကားကိုအပြီးသတ်ပြီးနောက် အရှက်မဲ့စွာ ထပ်ပေါင်းပြောလိုက်၏။


"ကိုယ်က မင်းနဲ့အတူ ချစ်သူတွေပြုလုပ်တဲ့အရာကိုလုပ်ချင်တာ"


၀မ်ယွီမှာ ရိုင်းပျသည့်စကားပေါင်းများစွာရှိသည်။ 


ယခု ယင်းတို့ကိုအများကြီးမချပြသေးချေ။ ဘာကြောင့်လဲဆိုတော့ သူတို့သိတာမကြာသေးသည့်အတွက်ဖြစ်သည်။ 


သို့ပေမယ့် သူ့ရည်ရွယ်ချက်ကို ပြောလိုက်သည်။ သူက ထို့သို့သောလူမျိုးတစ်ယောက်ဆိုတာ သူ့ကိုယ်သူသိပြီး တခြားသူရဲ့အတွေးတွေအတွက်နှင့် သူ့ကိုယ်ကို ချုပ်ထိန်းထားမှာမဟုတ်ချေ။ 


သူက သူ့ကိုယ်သူ ထိုသို့သူတော်ကောင်းယောင်ဆောင်တဲ့သူတွေထဲကတစ်ယောက်လို မယူဆထားပေ။ သူကဖြောင့်မတ်တဲ့ကစားသူဖြစ်ပြီး ကျိအန်းနဉ်က သူ့ကိုနားလည်မှုလွဲသွားမှာလည်း မကြောက်ပေ။ 


၀မ်ယွီက တမင်သက်သက် ယခုလိုစကား​ကိုသုံးပြီး ကျိအန်းနဉ်ကိုရန်စလိုက်တာပင်။ တမင်တကာ သူမရဲ့မထုံတက်တေးမျက်နှာပေါ်မှာ စိတ်ကသိကအောက်ဖြစ်မှုနှင့်ရှက်ရွံ့မှုကိုမြင်ချင်သည့်အတွက်ဖြစ်သည်။ ထိုအကြောင်းတွေးလိုက်ရုံဖြင့် အရမ်းစိတ်၀င်စားစရာကောင်းသွား၏။ 


ဒါကဘယ်လိုတောင် သောက်ကျိုးနည်းတဲ့ အကျင့်လဲ... မင်းစိတ်အနှောင့်အယှက်ဖြစ်လေလေ သူတို့ပိုပျော်လေလေပဲ...


သို့ပေမယ့် ကျိအန်းနဉ်၏ အမူအရာက ၀မ်ယွီမျှော်လင့်ထားသလိုမဟုတ်ခဲ့ချေ။ သူမကြည့်ရတာက မှင်သက်နေပြီး မျက်၀န်းထဲမှာလည်းအတိတ်ကိုလွှမ်းမိုးနေသည့်အရိပ်အယောင်များပါနေသည်။ ပြီးနောက် ကူကယ်ရာမဲ့နေသည့်အပြုံးကနေ အမေတစ်ယောက်က သူ့ကလေးလေးကိုကြည့်ပြီးပြုံးပြနေသည့်အပြုံးမျိုးသို့ပြောင်းသွားတော့သည်။ 


၀မ်ယွီမှာ တွေးရခက်သွား၏။


သို့ပေမယ့် ထိုအချိန် ကျိအန်းနဉ်၏ မျက်၀န်းထဲကအကြည့်က သူတို့တွေ့ဆုံပြီးကတည်းက ပထမဆုံးအကြိမ် နူးညံ့မှုတို့အပြည့်လွှမ်းခြုံနေခြင်းပင်။ 


၀မ်ယွီက ကျိအန်းနဉ်၏ ခါးကိုအလိုအလျောက်တင်းကြပ်စွာဆုပ်ကိုင်မိသွားသည်။ ပြီးနောက် တဆက်တည်းဆိုသလို သူ့လက်မက ချောမွေ့ပြီးနူးညံ့သည့်အသားအရေကို ပွတ်သတ်မိသွားသည်။ 


အငယ်တန်းကနေတက္ကသိုလ်အထိ ၀မ်ယွီ မိန်းကလေးများစွာရဲ့ခါးတွေကို ကိုင်တွယ်ခဲ့ဖူးသည်။ သို့ပေမယ့် မည်သူမျှကျိအန်းနဉ်လောက် ချည့်နှဲ့ပြီးအရိုးကင်းမဲ့မနေ။ သူက သနားစရာကောင်းသလိုခံစားလိုက်ရသည်။ 


ထို့နောက် သူမ ကျောင်းအိပ်ဆောင်သို့ထမင်းပို့ရသည့်အလုပ်ကို သူ သတိရသွားသည်။ ကြီးမားလေးလံသည့်အထုပ်နှစ်ထုပ်ကိုသယ်ပြီး ပရ၀ုဏ်ကနေ ကျောင်းအိပ်ဆောင်အထိ ပြေးလွှားနေခဲ့သည်။ 


သူမက ဒီလိုပိန်ပါးနူးညံ့သည့်ခါးကိုအသုံးပြုပြီး ကြမ်းတမ်းတဲ့အစေအပါးလိုအလုပ်ကို ပိုက်ဆံနည်းနည်းလေးအတွက်လုပ်နေရတာလား...


၀မ်ယွီ ရုတ်တရက် သူ့နှလုံးသားထဲမှာအဆင်မပြေဖြစ်သွားရသည်။ 


၀မ်ယွီ၏လက်မက သူမခါးကိုထပ်မံပွတ်သတ်လာသဖြင့် ကျိအန်းနဉ် သူ့ကိုပြောစရာစကားမဲ့စွာ ကြည့်နေမိသည်။ 


'ဒီလူကအခွင့်အရေးကိုရသလိုယူနေတော့တာပဲ..."


"လွှတ်ပေး"သူမပြောလိုက်သည်။


သူမအသံကိုမာဖို့ကြိုးစားလိုက်ပေမယ့် အားနည်းနူးညံ့စွာသာထွက်လာသည်။ 


သူ သူမကိုအခုထပ်မထိစေချင်တော့ဘူး ဆိုပေမယ့် သူ့လက်ကအင်အားကြောင့်သူမရုန်းမထွက်နိုင်သလို...။

သူ့မှာ အမှားတွေနှင့်ချို့ယွင်းချက်တွေမရေမတွက်နိုင်အောင်ရှိနေပေမယ့် အရင်ဘ၀တုန်းကအကြောင်းကြောင့် သူ့ကို သူမ အလိုလိုအရှုံးပေးနေမိပြန်၏။ 


"လက်ကိုလွှတ်လိုက်"ကျိအန်းနဥ်က မျက်လွှာလေးကိုချပြီး နူးညံ့ညင်သာတဲ့အသံလေးဖြင့်ပြောလိုက်သည်။ 


"တက္ကသိုလ်် ဂိတ်ပေါက်၀မှာ သရုပ်ပျက်အောင်မလုပ်နဲ့....."


ကံအားစွာဖြင့်၊ ၀မ်ယွီက သူမစကားနားထောင်ပြီးဖတ်ထားတာကိုလွှတ်ပေးလိုက်သည်။ 


ချက်ချင်းသူနောင်တရမိသွားပြန်သည်။ဒီအချိန်မှာသာ သူ သူမကိုအခွင့်အရေးမယူဘူးဆိုရင်နောက်ထပ်အခွင့်အရေးရပါတော့မလား...ဘာကြောင့် သူက နာခံပြီးလွှတ်ပေးလိုက်ရတာလဲ... 


ကျိအန်းနဉ်၏ နူးညံ့တဲ့အသံလေးက အသနားခံနေတာလည်း မဟုတ်သလိုဆူပူတာလည်း မဟုတ်ပေ။ သို့ပေမယ့် ဘယ်လိုကြောင့်မှန်းမသိ ထူးဆန်းစွာဖြင့်သူမကိုချက်ချင်းလိုက်လျောကာ အလိုလိုက်ပေးသွားမိ၏။ 


"ဒါဆို၊မင်းဘက်ကရော"၀မ်ယွီက လေသံမာမာဖြင့်မေးလိုက်သည်။


ကျိအန်းနဉ်က သူမခေါင်းကိုမော့ပြီးမမေးခင်ခဏလောက် တိတ်ဆိတ်သွားသည်။


"ငါလည်းသိချင်တယ် နင်ဘာလို့ငါ့ကိုကြိုက်လဲဆိုတာ"


ထိုမေးခွန်းက ကျိအန်းနဉ်အတွက် နှစ်ဘ၀လုံး ပဟေဠိဖြစ်နေခဲ့သည်။ ယခုသူနှင့် မျက်နှာချင်းဆိုင်ရှိနေပြီဖြစ်၍ သူမအဖြေကိုသိချင်နေမိသည်။ 


၀မ်ယွီက မယုံနိုင်လောက်အောင်တုံးအသည့် မေးခွန်းဟုခံစားလိုက်ရသည်။ 


"ဒါပေါ့၊ဒါကဘာကြောင့်လဲဆိုတော့......."


၀မ်ယွီက ထိုအဖြေကို ဖြေရန်အတွက်ရှက်မနေပေ။ 


ကျိအန်းနဉ်က ဒီလိုမယုံနိုင်စရာကောင်းအောင် တုံးအတဲ့မေးခွန်းမျိုးကိုမေးနေသေးတယ်လို့ခံစားနေရရင်တောင်မှပင်။


"မင်းကလှလို့ပေါ့"


သူစကားပြောပြီးသည့်အခါ ကျိအန်းနဉ်၏မေးစေ့လေးကိုလက်ညှိုးနှင့် မပွတ်သပ်မိဘဲမနေနိုင်ချေ။ 


ကျိအန်းနဉ်က ထိုနှောင့်ယှက်နေသည့်လက်ညှိုးကိုကိုင်ပြီးမယုံနိုင်သလိုခံစားလိုက်ရသည်။


"ဒါပဲလား..."


၀မ်ယွီက ပြန်ဖြေသည်။"ဟုတ်တယ်"


ကျိအန်းနဉ်က ပြန်မေး၏။


"နောက်ထပ်အချက်တွေမရှိတော့ဘူးလား"


၀မ်ယွီက အနည်းငယ်စဉ်းစားပြီးပြန်ဖြေလိုက်သည်။


"ရှိသေးတယ်"


ကျိအန်းနဉ်ကထပ်မေးသည်။


"အဲ့ဒါကဘာလဲ"


၀မ်ယွီက ပြန်မဖြေပေမယ့် သူ့အကြည့်ကအောက်ကို အလိုလိုဆင်းသွားသည်။ 


၀မ်ယွီ ကျိအန်းနဉ်ကို သိခဲ့သည့်အတောအတွင်းသူမက ခန္ဓာကိုယ်နှင့် fitဖြစ်သည့်တီရှပ်လက်တိုများ၀တ်ရတာကိုသဘောကျကြောင်းသိခဲ့ရသည်။ အင်္ကျီကသူမကိုယ်ကိုတင်းကျပ်စွာပတ်ထားပြီး သေးသွယ်သည့်ပခုံး၊သွယ်လျသည့်ခါး၊လက်ရာမြောက်သည့်အချိုးအစားများကိုပေါ်ထွက်နေစေသည်။ပိန်နေသည်မှလွဲ၍ သူမ၏ညှပ်ရိုးများကလှပပြီး သူမရဲ့ပိန်ပါးမှုက သူမရင်ဘတ်ကို ပိုကြီးပုံပေါ်နေစေသည်။ 


သိသိသာသာကိုခြားနားနေသည့်ပိန်ပါးမှုနှင့်ပြည့်၀မှုက ၀မ်ယွီကို သူ့ခန္ဓာကိုယ်ထဲကသွေးတွေမဆူပွက်အောင် ထိန်းချုပ်ဖို့ရုန်းကန်နေရစေ၏။


သူ့မျက်၀န်းနက်စိုစိုများက ကျိအန်းနဉ်၏ လက်များကိုကြည့်မိသည်။အကယ်၍ တင်စားပြောရမည်ဆိုလျှင် သူမရဲ့သေးသွယ်၊နူးညံ့၊စနိုး၀ိုက်လိုဖြူဖွေးနေတဲ့ လက်ကလေးကသူ့လက်ချောင်းကိုကိုင်ထားချိန်တွင်ကတည်းက မကောင်းသည့်အကြောင်းတစ်ချို့ကို ၀မ်ယွီက စတင်တွေးတောနေမိပြီဖြစ်သည်။ 


ကျိအန်းနဉ်က သူ့အတွေးတွေမှာ ယခုလိုမသင့်လျော်တဲ့ အတွေးတွေဖြစ်နေကြောင်းစိတ်ကူးမိမှာမဟုတ်ပေ။ 


၀မ်ယွီ၏ အကြည့်ကအောက်ကိုနိမ့်သွားသည့်အခါသူမလည်းလိုက်ကြည့်မိပြီး သူမပိုင်ဆိုင်သောရင်ဘတ်ကိုမြင်လိုက်ရသည်။ 


သူဆိုလိုသည့်"ရှိသေးသည်"ဆိုတာကို သူမသဘောပေါက်သွားချေပြီ။ သူဆိုလိုတာက သူမ၏ဆွဲဆောင်မှုရှိသောခန္ဓာကိုယ်ဖြစ်ပြီး ထပ်ပေါင်းပြောရမည်ဆိုလျှင်လှပသည့် သူမရဲ့မျက်နှာဖြစ်သည်။


"ဒီဟာလား"သူမထပ်မေးသည်။


 "ဒါပဲလား"


၀မ်ယွီမှာ သူ့ကိုယ်သူညစ်ညမ်းသည့်အ၀ါရောင်အတွေးများထဲကထွက်အောင် တွန်းအားပေးပြီး ပြောလိုက်သည်။


"ဒါကလွဲလို့တခြားဘာဖြစ်ရမှာလဲ"


သူကဘာဖြစ်ဖြစ်ရွှင်မြူးနေပြီး


"ဖြစ်နိုင်တာက မင်းရဲ့မြင့်မြတ်တဲ့စိတ်၀ိဉာဉ်လေးကိုကိုယ်ကျရှုံးသွားတာလား ပြီးတော့မင်းကကိုယ့်ကို မင်းစိတ်အကြောင်းသိဖို့အခွင့်အရေးပေးခဲ့တယ် ကိုယ်တို့သိခဲ့တာဘယ်​လောက်ကြာလို့လဲ မင်းစိတ်ကို ကိုယ်အကြည့်တစ်ချက်နဲ့မြင်နိုင်မှာတဲ့လား...ကိုယ်မင်းကိုဘာကြောင့်ကြိုက်တာဖြစ်နိုင်လဲ သေချာတာပေါ့...ဒါကမင်းလေးကလှနေလို့လေ..."


၀မ်ယွီ၏ စကားများကစိတ်ကျေနပ်စရာမကောင်းပေမယ့် သူတို့ပြန်ချေပဖို့ရာမတတ်နိုင်ဖြစ်သွားစေသည်။ 


"ငါမြင်တယ်"


ကျိအန်းနဥ်ညည်းညူစွာပြောလိုက်သည်။


"ဒါက ကြိုက်ရတဲ့အကြောင်းလား...ဒါက...... ရိုးရှင်းလိုက်တာ..."


"ဒါကနိမ့်ကျနေလို့လား"၀မ်ယွီက သရော်လိုဟန်ဖြင့် "တခြားမင်က ဘာထင်သေးလို့လဲ"


မိန်းကလေးအများကြီးက၀မ်ယွီနောက်လိုက်ကျသည်။ သို့ပေမယ့် ၀မ်ယွီကအများစုကိုလျစ်လျူရှုထားသဖြင့် သူတို့က သူ့ကို အချစ်အတွက်​ဖြောင့်မတ်မှန်ကန်တဲ့ စိတ်ထားရှိတဲ့သူမျိုးဟု မိန်းကလေးများကထင်ကြသည်။ 


ယင်းက သူရဲ့မျက်နှာ၊သူရဲ့ခန္ဓာကိုယ်၊သူရဲ့ပိုက်ဆံကိုသာ ချစ်နေကြတာကို အတိုင်းသားမြင်နေရသဖြင့် ဖုန်းကွယ်ထားသည့်ဟန်ဆောင်မျက်နှာဖုံးလောက်သာဖြစ်၏။


အဲဒီသုံးခုသာမရှိရင်သူတို့က သူ့ကိုကြိုက်မှာတောင်မဟုတ်ဘူး...


၀မ်ယွီက ယင်းကိုအစောကြီးကတည်းက ​သိပေသည်။ 


ကျိအန်းနဉ်သည် သူမနှလုံးသားထဲဘာကြောင့်စိတ်မသက်မသာဖြစ်နေရသလဲဆိုတာ မသိတော့ပေ။ သို့ပေမယ့် ရှင်းပြမရသည့်ခံစားချက်ပျောက်သွားပြီးနောက် သူမကိုစိတ်သက်သာရာပြန်ရသွားစေသည်။ ၀န်ထုပ်၀န်ပိုးတစ်ခုကိုပစ်ချလိုက်ရလို့ ခံစားသွားရသည့်စိတ်သက်သာမှုမျိုးပင်။ 


သူမက ၀မ်ယွီရဲ့ လက်ချောင်းကိုလွှတ်ပြီးစိတ်ပျော်စွာပြောလိုက်သည်။ 


"ဒါက တော်တော်လေးကောင်းတယ်"


သူမ မျက်ခုံးနှင့်မျက်လုံးကြားကနေရာကို စိတ်သက်သာရာရမှုနှင့်အတူဖြေလျော့လိုက်တော့သည်။ 


၀မ်ယွီသည် နေရောင်ခြည်ကထင်ယောင်ထင်မှားဖြစ်စေရန်အလို့ငှာ ထူးဆန်းသည့်ထောင့်ကနေအလင်းပြန်နေသည်ဟု ခံစားလိုက်ရသည်။ 


၀မ်ယွီက ကျိအန်းနဉ် အမှန်တကယ်ဘာတွေးနေသလဲဆိုတာစဉ်းစားမရတော့ချေ။


သူမပြန်လည်မွေးဖွားပြီးသည့်နောက် သူမမှာ ၀မ်ယွီနှင့်တွေ့ဖို့အစပျိုးရန် ကြောက်ရွံ့တုံ့ဆိုင်းနေခဲ့ရသည်။ ဘာကြောင့်ဆို သူမပခုံးပေါ်က၀န်က ​လေးလွန်းလို့ပင်။ ယခုဘ၀မှာ သူမကအလွန်ကြီးမားသည့် အရင်ဘ၀ကအကြွေးကိုသယ်ဆောင်ထားရသည်။ ​ သေးနုပ်လှသည့်သူမတည်ရှိမှုထက်ပင်ကြီးမားလွန်းနေသည့် အကြွေးတွေကိုပင်။


ကမ္ဘာပေါ်မှာ အကြွေးပြန်ပေးဖို့ အခက်ဆုံးအရာက အချစ်ဖြစ်၏။ 


သူမအရင်ဘ၀တုန်းက ၀မ်ယွီကသူမအတွက် လက်စားချေပြီးသေသွားခဲ့သည်။ ကျိအန်းနဉ်က ယင်းကိုဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာမသိသေးပေ။ 


ရုတ်တရက် သူမကိုကြိုက်သည့်သူ့အကြောင်းပြချက်က သူမတွေးထားတာနှင့်လုံး၀မတူပေ။ သူမကကြီးမားသည့်အကြွေးနှင့်အတိုးကို သယ်ဆောင်ထားသလိုခံစားနေခဲ့ရပေမယ့် ရုတ်တရက် အတိုးကပျောက်ကွယ်သွားသည်။


 ပြီးတော့ အားလုံးက သူမမူလအစီအစဥ်အတိုင်းပြန်ပေးဆပ်ရုံပဲမလား...


(၀မ်ယွီက သူမကိုကြိုက်တာက လှလို့ပြောတဲ့အတွက် ပြန်ချစ်ပေးစရာမလိုဘဲ သူမအတွက်လက်စားချေပေးတဲ့အတွက်ပဲ ပြန်ပေးဆပ်ရတော့မယ်လို့ထင်သွားတာပါ။)


ဒါကထင်ထားတာထက်ကိုပိုလွယ်တာပဲ။ 


---------------------------------------------


Translated By IQ-Team.



xxxxxx