အပိုင်း၂၂
Viewers 7k

🤚Chapter 22



ယွမ်ရှက ကျောင်းချန်၏ကြံရာပါဖြစ်ပြီး သူမတို့နှစ်ယောက်က NLတွင်တွေ့ခဲ့ကြတာပင်။


ယွမ်ရှက အခြားဘားတစ်ခုတွင်အချိန်ပိုင်းအလုပ်လုပ်နေသူဖြစ်ပြီး အဆောက်အဦးသစ်တစ်ခုတည်ဆောက်ပြီးနောက် ကျောင်းသားများက သူတို့တိုက်ခန်းမှပြန်ရွေ့ပြောင်းကြရသည်။


သူမအချိန်ပိုင်းလုပ်‌သည့်နေရာက အိမ်နှင့်အရမ်းဝေးနေ၏။


ထို့ကြောင့်သူမက NLကိုအင်တာဗျူးအတွက်သွားခဲ့သည်။NLက အလွန်ကြီးမားတဲ့ ဘားတစ်ခုဖြစ်ပြီး ကော်မရှင်ခမြင့်မားရာမိန်းကလေးအများစုသည် ပိုက်ဆံရရန်အတွက် ထိုနေရာတွင် အလုပ်ရလိုကြသည်။ မန်နေဂျာက သူမတွင် မည်သည့်ဆွဲဆောင်နိုင်စွမ်းကိုမှရှာမတွေ့သည့်အတွက် သူမကို အလုပ်ခန့်ရန်ဆန္ဒမရှိပေ။ 


တိုက်တိုက်ဆိုင်ဆိုင် သူမဖြတ်သွားစဉ် ယွမ်ရှက သူမကို ခေါ်လိုက်သည်။


 "အတန်းဖော် မင်းက ဟွာတ တက္ကသိုလ်ကမလား..."


သူမတို့က အချင်းချင်းအသိအမှတ်ပြုခဲ့ကြပြီး သူမက အတွေ့အကြုံရှိကြောင်းကို အကြိမ်ပေါင်းများစွာ အာမခံခဲ့သည်။ကျိအန်းနဉ်က အရောင်းတော်သဖြင့် မန်နေဂျာကအသိအမှတ်ပြုတာကြောင့် သူမမျက်နှာဖြင့်ယွမ်ရှက အလုပ်ခန့်ခံခဲ့ရသည်။


ကျိအန်းနဉ်က ကျောင်းတွင် သူမအတန်းဖော်တွေ၏ ပစ်ပယ်ခံရပြီး သူမမှာ ကောလဟာလနှင့်အတင်းအဖျင်းပြောခြင်းခံနေရသဖြင့် အထီးကျန်လာပြီး အေးစက်စက်ဖြစ်လာခဲ့သည်။ သူမနှင့်ဝမ်ယွီတို့၏ဆက်ဆံရေးမှာလည်း ‌တဖြည်းဖြည်းနီးစပ်လာခြင်းမရှိတော့ပေ။


ဝမ်ယွီ ရုတ်တရက် ကျောင်းမှပျောက်ကွယ်သွားသည်နှင့် ကျောင်းချန်က သူမအား စတင်နှောင့်ယှက်တော့သည်။ သူကNLသို့လာကာ သူမအားဆက်တိုက်ဆိုသလို ရုပ်ပိုင်းဆိုင်ရာထိပါးစော်ကားလာသည်။


ထိုအချိန်တွင် ယွမ်ရှက သူမ၏ သစ္စာရှိသောဘက်‌ကိုပြရင်း ကျောင်းချန်နှင့် ထိပ်တိုက်တွေ့ကာ ကျိအန်းနဉ် ကိုယ်စားထိုသူကို ၀န်ဆောင်မှုပေးလေသည်။ ကျိအန်းနဉ်မှာ သူမအားအလွန်ကျေးဇူးတင်မိခဲ့၏။


နောက်ပိုင်းတွင်ယွမ်ရှက အချိန်တိုတိုနှင့် လစာများတဲ့ အလုပ်တစ်ခုရှိပြီး ထို လုပ်ငန်းကြီးမှာ ကော်ပိုရေးရှင်းတစ်ခုမှအလုပ်ဟုဆိုလာသည်။ ထိုသို့အလုပ်မျိုးတွေမှာ ပုံမှန်အားဖြင့်ရှိတတ်သည်ဖြစ်၍ ကျိအန်းနဉ်မှာ သူမအား သံသယမဝင်သည့်အပြင် သူမနှင့်အတူ ပျော်ပျော်ရွင်ရွင်သွားခဲ့သေးသည်။


အမှန်တကယ်ပင် ထိုကော်ပိုရေးရှင်း အဖွဲ့အစည်းဆိုသည်မှာ ရှိနေပေမယ့် ကျိအန်းနဉ်က  အမှတ်မထင် ကျောင်းချန်ကိုမြင်လိုက်လေသည်။ ထိုအခိုက်အတန့်တွင် ကျိအန်းနဉ်က သူမလှည့်ဖျားခံလိုက်ရပြီဟု သင်္ကာမကင်းဖြစ်လာသည်။ ထိုကိစ္စရဲ့နောက်ကွယ်တွင် ကျောင်းချန်ရှိနေမှန်း သံသယဖြစ်စရာပင်မလိုချေ။


ယွမ်ရှက သူမတို့နားနေခန်း၌ ခေတ္တစောင့်ဆိုင်းနေစဥ်တွင် သူမအတွက် သောက်စရာတစ်ခွက် ပေးလေသည်။


သူမမျက်နှာက ဖြူဖျော့နေပြီး စိတ်လှုပ်ရှားနေရာ သူမလက်တွေကမူ တုန်ယင်နေ၏။


ထိုအခိုက်တွင် ကျိအန်းနဉ်သည် သူမတစ်စုံတစ်ယောက်ထံမှ လှည့်ဖျားခံလိုက်ရ​ပြီမှန်း နားလည်လိုက်သည်။ ကျောင်းချန်က နောက်ကွယ်မှလူဖြစ်တာကို သံသယဖြစ်စရာ မလိုချေ။


သူမက သန့်စင်ခန်းတွင် ပစ္စည်းတစ်ခုကျန်ခဲ့၍ ပြန်သွားယူချင်သည်ဟု ယွမ်ရှကို လိမ်လိုက်သည်။ ယွမ်ရှက သူမထွက်သွားပြီးပြန်မလာမည်ကိုစိုးရိမ်နေကာ သူမကိုယ်တိုင်သွားယူပေးမည်ဟုဆိုလာ၏။


ယွမ်ရှထွက်သွားသည်နှင့် ကျိအန်းနဉ်က အဝေးသို့ထွက်ပြေးခဲ့သည်။ ဓါတ်လှေကားတံခါးပွင့်လာချိန်တွင် မမျှော်လင့်ဘဲ  ကျောင်းချန်နှင့် သူ့ဘော်ဒီဂတ်များဖြင့် ပက်ပင်းကြုံကာ အားလုံးကြောင်အသွားကြရသည်။


ကျိအန်းနဉ် ပြန်လှည့်ပြီးလှေကားဘက်သို့ပြေးချိန်တွင် ကျောင်းချန်ပြောနေတာကို ကြားလိုက်ရသည်။


"ကျန်တဲ့လူတွေက အောက်ထပ်က ဓါတ်လှေကား ဝင်ပေါက်ကို စောင့်ကြည့်ထား မင်းတို့ကောင်တွေကသူမနောက်လိုက်...."


ဒါပြီးတော့...ဒါပြီးတော့ ဘာမှပြောစရာမရှိတော့ဘူး...။


ကျိအန်းနဥ်က ဘောပင်အားခပ်တင်းတင်းဆုပ်ထားရာ သူမလက်ဆစ်များပင်ဖြူဖျော့လာသည်။


မုန့်ရှင်းယွီက ထိတ်လန့်သွားပြီး "ဘာမှားနေလို့လဲ...ငါ့ရွာက သူငယ်ချင်းကို သိနေလို့လား..."


ကျိအန်းနဉ်ကအသက်ပြင်းပြင်းရှုကာ ​ဆိုသည်။


"ငါသူမကိုမသိပါဘူး...ဒီအတိုင်း ဒီအလုပ်က ပိုက်ဆံပိုရပေမယ့်လည်းအရမ်း ပင်ပန်းရတယ်....ပထမဆုံးအနေနဲ့အလုပ်ချိန်က အရမ်းနောက်ကျလွန်းတယ်....ငါက အစောဆုံးကနေအလုပ်ချိန် ပြီးချိန်က 10:40လို့ သတ်မှတ်ထားတာ...နောက်အကျဆုံးအချိန်က မနက်အထိတောင်ဖြစ်နေတတ်သေးတယ်....အလုပ်လုပ်တဲ့နေရာက ဖရိုဖရဲဆန်ပြီး ဘားက အရမ်းရှုပ်လွန်းတဲ့နေရာဖြစ်ရုံမကဘူး  ဒီနေရာမှာပိုပိုပြီး ဂရုတစိုက်နဲ့သတ္တိရှိနေမှာ အဲ့ဒီကလူတွေက အမျိုးသမီးဖောက်သည်တစ်ယောက်ကို မူးယစ်ဆေးရောင်းနေတာ ငါ့မျက်လုံးနဲ့တပ်အပ်မြင်ခဲ့ရတာ...."


မုန့်ရှင်းယွီက သူမပါးစပ်အားထိတ်လန့်ကြားပိတ်လိုက်ပြီး ဆက်မေးလေသည်။


"အဲ့ဒါပြီးတော့ ဘာဆက်ဖြစ်သေးလဲ...."


"ငါက မန်နေဂျာကို သတင်းပေးလိုက်တယ်လေ..."


သူမက စကားပြောနေရင်းမှသူမကိုယ်သူမ တည်ငြိမ်အောင်လုပ်လိုက်ပြီး "မန်နေဂျာက လုံခြုံရေး‌တွေကို ခေါ်ပြီး သူ့ကို တားလိုက်တယ်..."


မုန့်ရှင်းယွီသည် သူမရင်ဘတ်အားဖိလျက် "ဒါက အရမ်းကြောက်ဖို့ကောင်းတာပဲ... သေလောက်အောင်ကြောက်စရာကောင်းတာပဲဟ..."


"ဟုတ်တယ် အဲ့ဒီအချိန်တုန်းက အရမ်းကြောက်ဖို့ကောင်းတာဟ..."


ကျိအန်းနဉ်က ခေါင်းငြိမ့်ကာ "နင့်မှာ ရွေးချယ်စရာမရှိလို့ ပိုက်ဆံရဖို့ ဒါကို လုပ်ဖို့တွေးထားရင်တောင် ငါဒါကို ထောက်ခံမှာမဟုတ်ဘူး...နင်သာအလုပ်လိုချင်ရင် ငါအလုပ်လုပ်တဲ့ကော်ဖီဆိုင်နဲ့ နင့်ကိုမိတ်ဆက်ပေးမယ်"


မုန့်ရှင်းယွီက သူမရဲ့လက်ကိုဝှေ့ယမ်းကာ ​ဆိုသည်။


"ဟင့်အင်း..မလိုသေးဘူး...ငါ့ရဲ့ကျူတာအလုပ်နဲ့တင် အလုပ်ရှုပ်နေပြီးသား...ကျောင်းကောင်စီအတွက်လည်း ငါ့မှာ တာဝန်ရှိနေသေးတယ်..."


သူမက ကျောင်းကောင်စီ၀င်ဖြစ်သဖြင့် သူမကိုယ်သူမ အချိန်တွေကို သေချာချိန်ညှိနေရ၏။


သူမကတစ်ခဏလောက်ရပ်သွားပြီးမှ သတိထားကာမေးလေသည်။


"အဲ့ဒီအချိန်ပိုင်းတွေအလုပ်ကမကောင်းတာတောင်......နင်ဘာလို့အဲ့ဒီမှာလုပ်နေသေးတာလဲ..."


ကျိအန်းနဉ်က ခနဲ့တဲ့တဲ့ပြုံးလျက်ပြောလိုက်သည်။


"ငါ့အဖွားက ခဏခဏ ဖျားနာတတ်လို့...."


မုန့်ရှင်းယွီသည် ကျိအန်းနဉ်က ငွေးကြေးခက်ခဲမှုကို ရင်ဆိုင်နေရမှန်း နားလည်လိုက်သည်။ သူမရဲ့မိသားစုတွင်လည်း သူမအမေ၏နှစ်ရှည်ဖျားနာမှုကြောင့် ငွေကြေးကျပ်တည်းနေလေသည်။


သူမက သက်ပြင်းချရင်း အားပေးလိုက်သည်။


"တောင့်ခံထားဦး..."


ကျိအန်းနဉ်က အပြုံးလေးဖြင့် တုံ့ပြန်လိုက်သည်။


__


နေ့လည်ခင်းတွင် ဝမ်ယွီ၏ အမေက သူ့ကိုဖုန်းဆက်​ခေါ်လေသည်။


"ညစာစားဖို့အချိန်ရှိလား..."


ဝမ်ယွီ"ညစာလား..."


"ပိတ်ရက်ဆို..မင်းက မင်းအဖေအနားမှာနေရင်နေ မဟုတ်ရင် အပြင်ပဲထွက်နေတာ ဘယ်တော့လောက်များ မင်းငါနဲ့အချိန်ဖြုန်းဖို့ အားမလဲနော်..."


ဝမ်ယွီရဲ့အမေက သူမ၏ နာကြဉ်းချက်တွေကိုပြောလာသည်။


ဝမ်ယွီမှာ ခေါင်းကိုက်လာရသည်။


"အဖေနဲ့က အလုပ်ကိစ္စရှိ....ကောင်း...ကောင်းပြီ ကျွန်တော်ဒီည အမေနဲ့အတူ ညစာစားမယ် ဟုတ်ပြီလား..."


ဖုန်းချပြီးနောက် ဝမ်ယွီက သူ့ ပခုံးကို ပွတ်ကာသူဘေးမှလူကိုပြောလေသည်။


 "မိန်းမတွေများ အသက်ဘယ်လောက်ရောက်ရောက် သူတို့ကို ချော့ရမဲ့လူလိုနေတုန်းပဲ..."


ဝမ်ယွီဘေးမှလူက ရယ်မောလိုက်တော့သည်။


ဝမ်ယွီက နေ့လည်တွင် အတန်းတစ်ချိန်သာရှိတာကြောင့် အဆောင်ထဲတွင် တစ်ရေးအိပ်ပြီးအချိန်ကျမှ ပြန်ထွက်သွားလိုက်သည်။ ကန်တင်းနှင့်နီးတဲ့ လမ်းဆုံတစ်ခုတွင် ကျိအန်းနဉ်တစ်ယောက် ဆရာများအဆောင်‌တစ်၀ိုက် ပြေးလွှားနေတာကိုသူမြင်လိုက်၏။


‌"စောစောထွက်လာပြန်ပြီလား..." 


ဝမ်ယွီက သူ့မျက်ခုံးကို ပင့်လိုက်မိသည်။


"အလုပ်များနေတယ်..." 


သူမက ဝမ်ယွီကို ကျော်သွားကာရပ်တန့်ခြင်းမရှိပေ။


"ကိုယ်တို့ဒီနေ့ည ကော်ဖီဆိုင်သွားကြမလား..."


ဝမ်ယွီကအော်ပြောလိုက်သည်။


ကျိအန်းနဉ်က အဝေးတစ်နေရာမှ ပြန်ဖြေသည်။


"ကောင်းပြီလေ..."


ထို့နောက် အဝေးသို့ပြေးသွားတော့သည်။


သူမက ပိန်ပါးသေးသွယ်သော်လည်း အားအင်ပြည့်ဝလွန်းနေသဖြင့် ဝမ်ယွီမှာ သူမရဲ့ပုံရိပ်ပျောက်ကွယ်သွားသည်အထိ မပြုံးဘဲ‌မနေနိုင်ပေ။


သူက သူ့အမေနှင့် ညစာအတွက် သဘောတူထားသော နေရာသို့ မောင်းသွားလိုက်သည်။ သူ့အမေချန်းလျန်က လက်ဖက်ရည်သောက်ရင်း ထိုင်နေသည်။


ဝမ်ယွီက သူ့အဖေနှင့် လုံးဝမတူ‌ပေမယ့် သူအမေရဲ့ ချောမောလှပမှုအားလုံးကိုအမွေဆက်ခံထားသည်။


အကြည့်တစ်ချက်နှင့်တင် ချန်းလျန်သည် ငယ်ရွယ်စဉ်က အတော်လေးလှပခဲ့မှန်း သိသာလေသည်။ ထပ်ပြောရလျှင် သူမက ယခုအချိန်ထိလှပနေဆဲပင်။ သူမက သူမကိုယ်သူမ ဂရုစိုက်နေဆဲဖြစ်ပြီး သားတစ်ယောက်မွေးထားသည့်သူနှင့် လုံး၀မတူချေ။ သူမက ဝမ်ယွီအဖေ ဝမ်ကောအန်းထက်ဆယ်နှစ်ကျော်ပိုငယ်သည်။ သူနှင့်လက်ထပ်ပြီးနောက်လည်း သက်တောင့်သက်သာ ဘဝတွင်နေထိုင်ရသဖြင့် အခြားသူများထက် ပိုပြီးနုပျိုဟန် ပေါ်နေ၏။


ဝမ်ယွီက သူမနံဘေးတွင် ပျော်ပျော်ရွင်ရွင်၀င်ထိုင်လိုက်ချိန်တွင် ဖြတ်သွားဖြတ်လာတွေက သူတို့နှစ်ယောက်အား အလွန်ချိုမြိန်တဲ့ဆက်ဆံရေးရှိသည့် စုံတွဲဟုပင် နားလည်မှုလွဲသွားစေသည်။


"မင်းက ပိတ်ရက်တွေမှာ အိမ်ကိုပြန်လာပြီး ငါ့လာတွေ့ရမယ်မှန်းတောင်မသိတော့ဘူးလား..."သူမက သူ့အားဆူပူတော့သည်။


ဝမ်ကောအန်းနှင့် ချန်းလျန်ကြားရှိ အသက်အရွယ်ကွာခြားမှုကြောင့်သူတို့ရဲ့ဆက်ဆံရေးက အနည်းငယ်ဝေးကွာနေပြီး မိသားစုဘဝက အရမ်းသာမန်ဆန်သည်။ ဝမ်ယွီက အရွယ်ရောက်နှင့်ပြီးသားလူဖြစ်ပြီး လူငယ်တိုင်းမှာ မတူကွဲပြားတဲ့ အရောင်အသွေးစုံဘဝတွေရှိတာကြောင့် သူတို့မိဘတွေအတွက် အချိန်ခဏလောက်သာ ချန်ထားနိုင်သည်။


မည်သို့ပင်ဖြစ်စေ၊ အခြားမိသားစုတွင် ကလေးများမှာ သူတို့ငယ်စဉ်ကတည်းက အမေနှင့်ပိုပြီးရင်းနှီးကြသည်။ သို့သော်ဝမ်ယွီ၏မှတ်ညဏ်ထဲတွင်မူ သူ့အဖေရဲ့ များပြားလှတဲ့ ဂရုစိုက်မှုတွေဖြင့်သာ ပြည့်နေသည်။ မိဘဆရာတွေ့ဆုံပွဲ၊အားကစားပြိုင်ပွဲ စသောလှုပ်ရှားမှုတွေ၌ပင် သူမည်မျှအလုပ်ရှုပ်နေပါစေ ဝမ်ကောအန်းက မည်သည့်အခါမှ မတတ်ရောက်ခြင်းမျိုးမရှိပေ။ အခြားတစ်ဖက်တွင်မူ ချန်းလျန်က ယင်းတို့တွေကို ဂရုစိုက်ဟန်မရှိပေ။


သဘာဝကျကျပင်၊ ရလဒ်အနေဖြင့် ဝမ်ယွီက သူ့အဖေနှင့်ပို၍ နီးစပ်၏။


"အမေဘာစားချင်လဲ..." ဝမ်ယွီက မီနူးအားဖွင့်ကာမေးလိုက်သည်။


"မင်းကြိုက်တဲ့ဟာ ဘာပဲဖြစ်ဖြစ် မှာလိုက်ပါ..."


ချန်းလျန်က ပြန်ဖြေရင်း ရံဖန်ရံခါ ဝင်ပေါက်နေရာအား ငေးမောကြည့်နေသည်။


ရုတ်တရက်ဆိုသလို သူမ မျက်လုံးတွေကတောက်ပတော့သွားသည်။


ယဉ်ကျေးသိမ်မွေ့ကာ အိန္ဒြေရေရှိပုံရသည့် သက်လတ်ပိုင်းလူရွယ်က ခန့်ညားသည့် လူငယ်တစ်ယောက်နှင့်အတူ ဝင်လာသည်။ သူတို့က ဆိုင်ခန်းတစ်လျှောက်လိုက်ကြည့်နေရာမှ ချန်းလျန်ကိုတွေ့သောအခါ သူမအားပြုံးပြလိုက်သည်။


ဝမ်ယွီက မီနူးအားငုံ့ကြည့်နေစဉ် ရုတ်တရက်အရိပ်တစ်ခုက ဖုံးအုပ်သွားသည်။


သူခေါင်းမော့လိုက်ချိန် အဖေနှင့်သားလို့ထင်ရတဲ့ လူနှစ်ယောက်က ‌စားပွဲဘေးတွင်ရပ်နေတာကိုတွေ့လိုက်ရသည်။ သက်လတ်ပိုင်းလူကြီးက ခန့်ညားပြီးရည်မွန်တဲ့ ရုပ်ရှည်ရှိကာ အင်တာနက်ပေါ်ရှိ မိန်းကလေးများနှစ်‌သက်သော ရင့်ကျက်ပြီးဆွဲဆောင်မှုရှိသည့် ဦးလေးကြီးအရွယ်ပင်။ ယင်းမှာ ထိုသူ ငယ်ရွယ်စဉ်က အတော်လေးခန့်ညားခဲ့မှန်း သက်သေပြနေ၏။


လူငယ်လေးကမူ သူ့ရဲ့ချောမောခန့်ညားမှုကို အမွေဆက်ခံထားသဖြင့် အတော်လေးချောမောတဲ့ လူငယ်တစ်ယောက်ဖြစ်သည်။


"ဘယ်လိုတောင်တိုက်ဆိုင်ရတာလဲ..."


 သက်လတ်ပိုင်းလူကြီးက ပြုံးကာပြောလိုက်သည်။


"မင်းလည်း ‌ဒီနေရာမှာလာစားတာပဲလား..."


ချန်းလျန်က သက်တောင့်သက်သာပြုံးကာ ဖြေလိုက်သည်။


"ဟုတ်ပါ့...ကမ္ဘာကြီးကကျဉ်းကျဉ်းလေးပဲ..."


လူငယ်လေးက ပြုံးကာခေါ်လိုက်သည်။


"အန်တီချန်း..." 


သူတို့ကြည့်ရသည်မှာ တစ်ယောက်နှင့်တစ်ယောက်ရင်းနှီးနေကြပုံပင်။


ချန်းလျန်က ဝမ်ယွီကို သူတို့နှင့်မိတ်ဆက်ပေးလာသည်။


"ဒါက ကျွန်မရဲ့သားဝမ်ယွီ ဒါက အန်ကယ်ယန်ယွမ် အမေ့ကောလိပ်အတန်းဖော်လေ.. ဒါက ယန်ပေါ အန်ကယ်ယန်ရဲ့သားလေ..."


ချန်းလျန်က ဂုဏ်သိက္ခာမြှင့်မားသော ကျောင်းမှ ဆင်းသက်လာခဲ့တာပင်။ အစောပိုင်းနှစ်များတုန်းက၊ သူမက ငယ်ရွယ် လှပကာ အရည်အချင်းရှိလေသည်။ သူမက ဝမ်ကောအန်းရဲ့ အတွင်းရေးမှူးလုပ်ပြီး မကြာခင် မစ္စဝမ်ဖြစ်လာလေသည်။


သူမက ဝမ်ကောအန်း၏အတွင်းအပြင်ကိစ္စရပ်များစွာကို ဆယ်စုနှစ်ကြာကြာ တာဝန်ယူခဲ့ရတာကြောင့် သူမက သူ့ကို ကောင်းကောင်းနားလည်သည်။ အချိန်အကြာကြီးလက်ထပ်ပြီးနောက် သူမက ဝမ်ကောအန်း၏လုပ်ငန်းပါတနာဖြစ်လာသည်။ယခုအခါ သူမက ပြည်တွင်းရန်ပုံငွေနှင့် ဝမ်မိသားစုလုပ်ငန်းရဲ့ ငွေကြေးအားအစစ်အမှန်ထိန်းချုပ်နိုင်လာသည်။


ဝမ်ယွီက မတ်တပ်ရပ်ကာ သူတို့အား လက်ဆွဲနှုတ်ဆက်လိုက်သည်။


"မင်းအမေ မင်းအကြောင်း မကြာခဏပြောတာကို ကြားဖူးတယ် ...မင်းကအခု ဟွာတတက္ကသိုလ်မှာတက်နေတာဆို..."


သူက ဝမ်ယွီအားအလွန်နှစ်သက်သော အကြည့်ဖြင့်ကြည့်ရင်း အချိန်အတော်ကြာလက်ဆွဲနှုတ်ဆက်လာသည်။


"ဟုတ်ကဲ့...အခုတတိယနှစ်ပါ..."


ဝမ်ယွီက ယဉ်ယဉ်ကျေးကျေးပြန်ဖြေလိုက်သည်။


သူက ယန်ယွမ်အားကြည့်ရင်းမေးလိုက်၏။


"အန်ကယ်ကို ရင်းနှီးနေသလိုပဲ...မတိုင်ခင်က ကျွန်တော်တို့တွေ့ဖူးကြသေးလား..."


ချန်းလျန်ရဲ့အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး အမြန်ဆိုလိုက်သည်။


"မင်းသူကို သတင်းစာတွေမှာ ကျိန်းသေတွေ့ခဲ့ရတာပေါ့..."


ဝမ်ယွီက တစ်ခဏမျှတွေးကာမေးလိုက်သည်။


"အန်ကယ်ယန်က ကျောင်းယန် ကုမ္ပဏီရဲ့ ဥက္ကဌလား..."


ရန်ယွမ်က ချန်းလျန်အားပြုံးပြကာ​ဆိုသည်။


"ဒီကလေးက တကယ်ထက်မြက်တာပဲ..."


ချန်းလျန်ကပြောသည်။


 "ကျွန်မတို့ညစာအတူတူစားကြမလား.."


ယန်ပေါက ကျောင်းယန်ဂရု၏ ဘော့စ်ဖြစ်ပြီး ချန်းလျန်က ဝမ်ဂရု၏ CEOဖြစ်သည်။ ယန်ပေါက သူ့အဖေနားတွင် နှစ်ပေါင်းများစွာအတူရှိခဲ့သဖြင့် သူ့တွင် စီးပွားရေးလောက၏ အတွေ့အကြုံများစွာရှိသည်။ ဝမ်ယွီကမူ တက္ကသိုလ်တက်နေစဉ်အတွင်း မိသားစုလုပ်ငန်းထဲဝင်ရောက်နေသူပင်။


ထို့ကြောင့် သူတို့လေးယောက်တွင် ပြောစရာများစွာရှိနေ၏။


အနည်းဆုံးတော့ ဝမ်ယွီ့အမြင်တွင် သူ့အမေနှင့်အတူတူ ညစာစားနေရင်း သူမညဉ်းတွားနေတာကို နားထောင်ရတာထက် ပိုကောင်းလေသည်။


စီးပွားရေးလောကထဲတွင် ပုဂ္ဂိုလ်ရေးအရအချင်းချင်းမသိကြလျှင်ပင် အချင်းချင်းအကြောင်းမကြာခဏကြားရတတ်သည်။ ဝမ်ယွီသည် ယန်ယွမ်အကြောင်း မတိုင်ခင်က ကြားဖူးနား၀ရှိခဲ့သည်။ သူကကိုယ့်ဒူးကိုယ်ချွန်ကာ ရှိန်လောက်တဲ့ ဩဇာအာဏာရှိသူပင်။


သူ့သားကမူ ၂၅၊၂၆ သာ ရှိပုံပေါ်သော်လည်း အတော်လေး ရင့်ကျက်ဟန်ရှိသည်။


သို့သော်လည်း ယန်ယွမ်နှင့်ချန်းလျန်၏စကား​အသွားအလာကိုကြည့်နေရင်း ယန်ပေါက သူ့ကိုကြည့်နေသည်ဟု မခံစားရဘဲမနေနိုင်။


ထို့ကြောင့် ဝမ်ယွီက သူ့ကိုလှည့်ကြည့်လိုက်တိုင်း အပြုံးလေးဖြင့် လူကြီးနှစ်ယောက်၏စကားဝိုင်းကို အာရုံစူးစိုက်နားထောင်နေဟန်ဖြစ်ဖြစ်သွားသည်။


ဝမ်ယွီက လက်ကျန် လက်ဖက်ရည်ကို မော့သောက်လိုက်သည်။


စားသောက်ပြီးသည်နှင့် ဝမ်ယွီကနာရီကို တစ်ချက်ကြည့်လိုက်သည်။ ညအတော်နက်နေပြီဖြစ်ပြီး သူ့အမေအားနှစ်နာရီမျှအချိန်ဖြုန်းပေးပြီးနောက် ပျင်းရိလာသဖြင့် သူ့ကိုယ်သူ တာဝန်မကျေတဲ့သားလို့တွေးလိုက်မိသည်။


ချန်းလျန်က သူမသားအကြောင်းကို ကောင်းကောင်းသိသူပင်။ သူက သူမနှင့်အချိန်ဖြုန်းပေးသည်ထက် လူအိုကြီးဝမ်ကောအန်းနှင့်အတူတူ ဂေါ့ဖ်ရိုက်ကစားတာက အချိန်ပိုများသည်။ 


 သူမက သူ့ကိုကြည့်ပြီးမှ ယန်ပေါဘက်လှည့်ကာ အပြုံးလေးဖြင့်ဆိုလိုက်သည်။


"မင်းတို့လူငယ်တွေမှာ ညနေပိုင်းအချိန်ဆိုတာမျိုးရှိတယ်ဆိုတော့ အရင်သွားနှင့်ကြလေ.."


လူကြီးများရဲ့ခွင့်ပြုချက်ရပြီဖြစ်သဖြင့် ယန်ပေါနှင့်ဝမ်ယွီက အတူတူမတ်တပ်ရပ်လိုက်ကြသည်။ သူတို့က မိဘတွေကိုနှုတ်ဆက်လိုက်ပြီးနောက် သူတို့ရဲ့ကားကိုရှာရန်မြေအောက်ကားပါကင်သို့ သီးခြားစီလျှောက်သွားလိုက်ကြသည်။


ဝမ်ယွီက သူ့ကားဆီပြန်သွားသော်လည်း ချက်ချင်းမထွက်သွားပေ။ သူကဆေးလိပ်အား မီးညှိကာ ကားထဲတွင်စောင့်နေသည်။ အချိန်ခဏ‌ကြာပြီးနောက် ယန်ပေါရဲ့ကားက သူ့အား ကျော်ဖြတ်ကာ ပျောက်ကွယ်သွားသည်။


ဝမ်ယွီက မလှုပ်မယှက်နေနေမိသည်။


ချန်းလျန်နှင့်ယန်ယွမ် ဓာတ်လှေကားထဲမှထွက်လာသည်အထိ သူက နာရီဝက်ကြာကြာ စိတ်ရှည်ရှည်ဖြင့်စောင့်ဆိုင်းနေခဲ့သည်။ လူငယ်နှစ်ယောက်မရှိချိန်တွင် လူလတ်ပိုင်းလူကြီးစုံတွဲက အတော်လေးရင်းနှီးဟန်ရှိကြပြီး ယန်ပေါရဲ့လက်က ချန်းလျန်၏ခါးသွယ်သွယ်လေးကိုဖက်ရင်းရယ်ကာမောကာဖြင့် စကားပြောနေကြလေ၏။


ဝမ်ယွီက အကြည့်လွှဲဖယ်ခြင်းမျိုးမရှိဘဲ အဝေးတစ်နေရာမှ သူတို့ကို စိုက်ကြည့်နေလိုက်သည်။


သူတို့ကားပေါ်တက်ကာ အဆောက်အဦးထဲမှ မထွက်ခင်အထိ ဝမ်ယွီက သူတို့အားအဝေးမှကြည့်နေမိသည်။ ထို့နောက် သူက သောက်လက်စဆေးလိပ်အား လက်စသပ်ကာ ကားအားစက်နိုးကာ မောင်းထွက်သွားလိုက်တော့သည်။


မြေအောက်ကားပါးကင်မှ ဝမ်ယွီထွက်လာချိန်တွင် အတော်မှောင်နေပြီဖြစ်ပြီး ဝမ်ယွီက လမ်းမပေါ်တွင် ရည်ရွယ်ချက်မရှိ၊ ဦးတည်ရာမရှိ မောင်းနှင်နေမိသည်။ သူ့ကိုယ်သူ သတိဝင်လာချိန်တွင် လမ်း‌ဆုံတစ်ခုတွင် ကားကိုရပ်တန့်ထားမိမှန်း တွေ့လိုက်ရသည်။


မီးပွိုင့်စိမ်းနေပြီဖြစ်သဖြင့် နောက်မှကားများက စိတ်မရှည်စွာ ကား‌ဟွန်းတီးလာသည်။ ဝမ်ယွီက စိတ်ပိုင်းဖြတ်လျက် တစ်ဖန် ဂယ်ကွေ့ပြန်ကွေ့ကာကွမ်းမင်လမ်းရှိ ကော်ဖီဆိုင်သို့မောင်းနှင်လိုက်တော့၏။


____


Translated By IQ-Team.