အပိုင်း၂၄
Viewers 7k

🤚Chapter 24



တစ်ယောက်တစ်ချက်စီကန်ပြီး‌သည့်နောက် ထိုလူနှစ်ယောက်က မတ်တပ်ရပ်ရန် ခွန်အားမရှိတော့ချေ။ ယနေ့ည‌တွင် ဝမ်ယွီက သူ့ရဲ့ ထူးဆန်းနေတဲ့ ခံစားချက်တွေကို ဖွင့်ထုတ်ပစ်နိုင်သည့် နေရာတစ်ခုရသွားချေပြီ။


သူတို့ထဲကတစ်ယောက်က တိုးညှင်းစွာ အကူအညီတောင်းနေသည်မှာ ရယ်မောချင်စရာပင်။ ဤလမ်း​က ကျောင်းသို့သွားရာလမ်း​ကြားဖြစ်ပြီး ယခုလိုအချိန်မျိုးတွင် မည်းမှောင်နေ အနီးအနားတွင်လည်း မည်သူမျှမရှိပေ။


ဝမ်ယွီက ထိုလူ၏လက်ပေါ် ခြေထောက်တင်ကာ ကြိတ်ချေလိုက်ရာ ထိုလူရဲ့ ဝက်တစ်ကောင်လို အော်ဟစ်သံကစူးခနဲထွက်လာ၏။


"အစ်ကိုကြီး..အစ်ကိုကြီး...ကျွန်တော့်ရဲ့ ပိုက်ဆံအိတ်က နောက်အိပ်ကတ်ထဲမှာပါ ...အဲ့ဒါကို ယူလိုက်ပါ ယူလိုက်ပါ..."


"ငါ့ပုံစံက ပိုက်ဆံလိုတဲ့ပုံပေါ်နေလို့လား..."


ဝမ်ယွီက တစ်ချက်ထပ်ပိတ်ကန်ကာ သူတို့ကို သတိပေးလိုက်သည်။


 "ငါမင်းတို့ကို ကွမ်းမင်လမ်းထဲက ကော်ဖီဆိုင်မှာ ထပ်မြင်ခဲ့ရင် အခုလောက်နဲ့လွှတ်ပေးတော့မှာမဟုတ်ဘူး..."


"ကျွန်တော်တို့မလုပ်ရဲပါဘူး ကျွန်တော်တို့မလုပ်ရဲပါဘူး...အဲ့ဒီကိုဘယ်တော့မှ ထပ်မသွားတော့ပါဘူး.."  


သူရဲဘောကြောင်သူနှစ်ယောက်လုံးက ရှိုက်ကြီးတငင်အော်ငိုနေကြသည်။


ဝမ်ယွီက သူတို့၏ဖုန်းကိုယူကာ ဓာတ်ပုံအယ်ဘမ်ကိုဖွင့်လိုက်သည်နှင့် သူတို့တိတ်တဆိတ်ရိုက်ထားသောဓါတ်ပုံအားလုံးကိုမြင်လိုက်ရသည်။ သူကတုံ့ဆိုင်းခြင်းမရှိ ပုံအားလုံးကိုဖြတ်ပစ်လိုက်ပြီး မြေပြင်ပေါ်ပစ်ပေါက်လိုက်ရာ သူတို့နှစ်ယောက်စလုံးရဲ့ဖုန်းမျက်နှာပြင်မှာလုံး၀ကျေမွသွားတော့၏။


ယနေ့က ကြက်ခိုးဖို့လည်းရှုံး ဆန်လည်းဆုံးရသော နေ့တစ်နေ့ပင်။သူတို့နှစ်ယောက်စလုံးက အခုချိန်မှာ အတော်လေးကို နောင်တရနေမိကြသည်။ သူတို့က အနက်ရောင် အရိပ်ရှည်ပုံသဏ္ဍန်ကို ‌မော့ကြည့်ကာ ကျိအန်းနဉ်ကို နောက်ထပ် ထိပါးစော်ကားတာမျိုးမလုပ်တော့မည့်အကြောင်းကို  ငိုကြီးချက်မဖြင့် ကတိပေးလိုက်ကြသည်။


ဝမ်ယွီက သူ့ဖုန်းကိုထုတ်ပြီး ထိုလူယုတ်မာနှစ်ကောင်ရဲ့ ပုံတချို့လျှပ်တစ်ပြက်ရိုက်ယူပြီးသည့်နောက် ပြန်လှည့်ထွက်သွားတော့သည်။


သူတို့က ကားနောက်ပြန်ဆုတ်ချိန် မြေပြင်နဲ့ ကားဘီးပွတ်တိုက်သံကိုသာကြားလိုက်ရပြီး ခဏလေးအတွင်းထိုကားက သူတို့ကို ဖုန်မှုန့်တောထဲပစ်ထားခဲ့တော့သည်။


အဆုံးတွင် သူတို့က ထိုလူရဲ့မျက်နှာနှင့် ကားလိုင်စင်နံပါတ်ကိုပင်မမြင်လိုက်ရပေ။ သူတို့နားလည်လိုက်တာက ကွမ်းမင်လမ်းမပေါ်ရှိ ကော်ဖီဆိုင်က မိန်းမလှလေးကို သူတို့လုံး၀ရန်စလို့မရဘူးဆိုတာပင်။


ဤကိစ္စသေးသေးလေးကြောင့် ဝမ်ယွီ၏ ညနေပိုင်းတုန်းက မကျေမချမ်းဖြစ်မှုအတော်များများက ပျောက်ကွယ်သွားသည်။ သူ့ကိုယ်ပိုင်နေရာဆီပြန်မဲ့အစား သူ့အိမ်သို့ကားကိုဦးတည်လိုက်၏။


အဒေါ်ကြီးက သူ့အတွက်တံခါးဖွင့်ပေးရင်း အံ့သြတကြီးဆိုလာသည်။


"ဒီနေ့ဘယ်လိုဖြစ်ပြီး အိမ်ပြန်လာတာလဲ..."


သူ့အ‌န်တီကြီး၏ဆံပင်က အဖြူရောင်သို့ ပြောင်းနေချေပြီ။ ဝမ်ယွီငယ်စဉ်ကတည်းက သူမကထိန်းကျောင်းလာခဲ့တာဖြစ်ပြီး ချန်းလျန်ထက်စာလျှင် သူမနှင့် သူက ပိုအနေနီးသည်။ 


ဝမ်ယွီက အနည်းငယ်ချွဲနွဲ့နေသည့်အသံလေးဖြင့်ဆိုလိုက်သည်။


 "အဒေါ်ကိုသတိရလို့.."


အဒေါ်ကြီးက သူ့ခေါင်းကိုအသာဖွဖွပုတ်လိုက်ပြီး"အပြောချိုတဲ့ကောင်စုတ်ကလေး.." 


ထိုနောက်သူမက ဆက်ပြောသည်။


"မင်းအဖေက စာကြည့်ခန်းထဲမှာရှိတယ်.."


ဝမ်ယွီအပေါ်ထပ်တက်ပြီးနောက် စာကြည့်ခန်းတံခါးကိုခေါက်ကာ လျှပ်တစ်ပြက်ဝင်လိုက်သည်။


"အဖေဘာတွေလုပ်နေတာလဲ.."


ချန်းလျန်နှင့်နှိုင်းယှဉ်လျှင် ဝမ်ကောအန်းက ပို၍အသက် ကြီးပုံပေါ်သည်။ သူက ချန်းလျန်ထက် နှစ်နှစ်ဆယ်နီးပါးကြီးပြီး သူတို့ရဲ့ အိမ်ထောင်ရေးက အသက်ကြီးတဲ့ ခင်ပွန်းနှင့် အသက်ငယ်သောဇနီးလေးတို့ရဲ့ ပုံပြင်လေးကဲ့သို့ပင်။ သူက အသက်ကြီးမှကလေးရလာတာကြောင့် ဝမ်ယွီ၏ပညာရေးနှင့် သူ့ကြီးပြင်းလာမှုအပေါ် အလွန်အမင်းအလေးအနက်ထားခဲ့သည်။


သူ့အသက်အရွယ်ကြောင့်ဖြစ်မည်။ ဝမ်ကောအန်းက တခြားမိသားစုများနှင့်မတူ၊ တခြားမိသားစုတွေက သူတို့သားသမီးများ လုပ်ငန်းထဲမဝင်ခင် အရင်ဆုံး ဘွဲ့ရတဲ့အထိစောင့်နေချိန်တွင် သူကမူ ဝမ်ယွီကြီးပြင်းလာတဲ့ထိမစောင့်ဘဲ စောစောစီးစီး သင်ကြားပျိူးထောင်ပေးပြီး သိပ်မကြာခင် မိသားစုစီးပွားရေးကို တာဝန်ယူနိုင်မည်ဟု မျှော်လင့်နေသူပင်။


ထိုကြောင့်သူက သူနှင့်သက်တူရွယ်တူများဖြင့်မပေါင်းသင်းရဘဲ နှစ်ဆယ့်ငါးကျော် ဒုတိယမျိုးဆက်များနှင့်သာပေါင်းနေရသည်။ဘာကြောင့်ဆို လူတွေက လူ့အဖွဲ့အစည်းထဲဝင်လိုက်မည်ဆိုလျှင် မတူညီတဲ့ အတွေးအခေါ်တွေအတော်များများရှိလာမည်ဖြစ်ပြီး သာမန်လူတွေဖြင့် သဘာဝကျကျ တချို့စကားတွေကိုမပြောဆိုနိုင်တော့ပေ။


"ဒီည ကျွန်တော်အမေနဲ့ညစာစားခဲ့တယ်လေ ဒီတော့တစ်ယောက်ထဲကို ကွပ်ပြီး မျက်နှာသာမပေးသင့်ဘူးခံစားလိုက်ရလို့ အဖေနဲ့အတူရှိဖို့ပြန်လာခဲ့တာ" 


ဝမ်ယွီက အရှက်အကြောက်မရှိစွာဖြင့် ဝမ်ကောအန်း၏ စားပွဲပေါ်တွင် ပေါ့ပေါ့ပါးပါးဝင်တက်လိုက်သည်။


ဝမ်ကောအန်း ပြုံးလိုက်မိသည်။


ချန်းလျန်က ယခုအထိပြန်မလာသေးသလို သူကလည်းမေးမြန်းခြင်းမရှိပေ။ သူ့အသက်အရွယ်ကြောင့်လည်းဖြစ်နိုင်သည်။ အချစ်ရေးကိစ္စများက သူ့အတွက် သိပ်အရေးမပါတော့။ သက်ကြီးပိုင်းတွေက အအိပ်ဆတ်တပ်ကြပြီး ညဘက်တွင် ဆူညံသံတွေကို သည်းမခံနိုင်တာကြောင့် သူတို့ အိပ်ခန်းခွဲအိပ်ခဲ့ကြသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။


သူတို့က တစ်အိမ်တည်းတွင် အတူနေနေကြပေမယ့်လည်း သူတို့တွေ့ချိန်က ရုံးမှာလောက်ပင် တွေ့သည့်အကြိမ်မရှိချေ။


ဝမ်ကောအန်းက သူ့သားရဲ့ သူ့အပေါ် ဂရုစိုက်မှုကြောင့် ပျော်ရွင်သွားရသည်။ 


 "ဒါဆို အဖေနဲ့စစ်တုရင်တစ်ပွဲလောက်ဆော့ရအောင်..."


အဖေနှင့်သားက မီးအိမ်အောက်တွင် စစ်တုရင်ကစားနေကြပြီး အဒေါ်ကြီးက သစ်သီးများစိတ်ကာ အဆာပြေစားရန် ယူလာပေးသည်။ အဖေနှင့်သားတို့၏ကြည်နူးဖွယ်မြင်ကွင်းကြောင့် သူမကကျေနပ်သွားမိ၏။


ကံကောင်းစွာဖြင့် ဝမ်ယွီက ဗုဒ္ဓဟူးနေ့နံနက်တွင် အတန်းတက်စရာမရှိတာကြောင့် ယခုည၌ အိမ်တွင်အိပ်ခဲ့သည်။ သူအိပ်ရာမဝင်ခင် ကျိအန်းနဉ်ထံ ပုံအချို့ကိုမက်ဆေ့ခ်ျပို့ပေးလိုက်သည်။


ဝမ်ယွီက ဘယ်တုန်းကမှ အမည်မသိသူရဲကောင်းလုပ်ချင်စိတ်မရှိချေ။


ကျိအန်းနဉ်ထံ စာရောက်ချိန်တွင် သူမက အိပ်ဖို့ပြင်နေတာပင်။


ပုံနှစ်ပုံတွင် တစ်ပုံက ကော်ဖီဆိုင် အပြင်ဘက်မှ ရိုက်ထားတာဖြစ်ပြီး သူမ ၀ိတ်တာ၀ိတ်စုံ၀တ်ထားတာကို မှန်မှတစ်ဆင့် ရိုက်ထားတာပင်။


ဝမ်ယွီ၏ စာတိုကိုဖတ်ပြရလျှင် "မင်းဆက်ဆီကျနေတယ်..."


ကျိအန်းနဉ် ပြောစရာစကားပျောက်သွားရသည်။


ချက်ချင်းဆိုသလို သူမထံ ဒုတိယတစ်ပုံရောက်လာသည်။ ထိုထဲတွင်လူနှစ်ယောက် မြေပြင်တွင် လှဲနေပြီး သူတို့မျက်နှာတွင် မျက်ရည်များစီးကျနေသည်။ ထိုလူများက ယနေ့သူမ၏အတွင်းဝတ်စုံကို ရိုက်ရန်ကြိုးပမ်းခဲ့ကြတဲ့ လူယုတ်မာတွေပင်။


ကျိအန်းနဉ် တိတ်ဆိတ်သွားမိသည်။ 


သူမထင်ခဲ့တာက ဒီလူနှစ်ယောက်နှင့် သူ ယခုဘဝတွင် ပတ်သက်မှုထပ်မရှိနိုင်တော့ဘူး ဟုပင်။


သူမသက်ပြင်းချလျက် "ရှင် အကြမ်းဖက်မှုကိုရှောင်ရှားလို့မရဘူးလား..."


ဝမ်ယွီသည် ကျိအန်းနဉ်က တကယ်ကိုဆန့်ကျင်ဘက် သမား ဟု ခံစားလိုက်ရသည်။


သူမက ဘတ်စ်ကားပေါ်တွင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်သူရဲ့ လက်ကို ဘောပင်ဖြင့် ထိုးခဲ့သလို ကော်ဖီဆိုင်တွင်လည်း တစ်စုံတစ်ယောက်ရဲ့ လက်ကောက်ဝတ်ကို ထိခိုက်ဒဏ်ရာရစေတာမျိုး ဒါမှမဟုတ် သူတို့ရဲ့ ပစ္စည်းတွေကို ထိခိုက်စေမိတာမျိုးကို စိုးရိမ်ခြင်းအလျဥ်းမရှိ မဆိုင်းမတွ ပိတ်ကန်ပစ်ခဲ့သည်။


သူက သူမရဲ့ ယခုလိုရက်စက်ကြမ်းတမ်းတဲ့ စိတ်ဓာတ်ကို တကယ်သ‌ဘောကျသည်။


သို့သော် သူမက သူဒီလိုမျိုးရန်ဖြစ်လျှင် အရမ်းစိုးရိမ်နေတတ်သည်။ သူက လူသတ်မှု သို့မဟုတ် မီးရှို့မှုဖြင့် ထောင်ထဲသို့ အချိန်မရွေး ရောက်ရှိသွားနိုင်တဲ့ ရာဇ၀တ်ကောင်လို ဆက်ဆံခံနေရတာ သူ့ နှလုံးသားကို အနည်းအကျဥ်းတော့ နာကျင်စေ၏။


ဝမ်ယွီက အရှက်မရှိစွာပြောလိုက်သည်။


 “ကိုယ့်မိဘတွေကလွဲရင် ကိုယ့်ရည်းစားကပဲ ကိုယ့်ကို စီမံခန့်ခွဲပိုင်ခွင့်ရှိတာ.. ကိုယ့်ဘဝထဲမှာဘယ်လို‌အနေအထားမျိုး မင်းလိုချင်လဲ..."


ကျိအန်းနဉ်  "ကျွန်မက ရှင့်ကို သူငယ်ချင်းတစ်ယောက်လို့ပဲသဘောထားတယ်..."


ဝမ်ယွီက အရှက်မရှိပြန်ပြောသည်။


“အင်တာနက်ပေါ်မှာ အဲဒီစကားက ဘယ်လိုမျိုးအဓိပ္ပါယ်လဲဆိုတာ မင်းသိလား... မင်းက ကိုယ့်ကို သူငယ်ချင်းတစ်ယောက်လို ဆက်ဆံနေပေမယ့် ကိုယ်ကတော့မင်းအကြောင်းပဲ တွေးနေမိတယ်..."


ကျိအန်းနဉ် စာမပြန်တော့ပေ။


အချိန်အတော်ကြာအောင် စောင့်ပြီးနောက် ဝမ်ယွီသည် ပျင်းရိလာသဖြင့် သူအိပ်ရာပေါ်မလှဲခင် ဖုန်းကို ဘေးသို့ ပစ်ချလိုက်သည်။


သူ့အိမ်မက်ထဲမှာ ကျိအန်းနဥ်က သူမနှင့်ကွက်တိဖြစ်အောင်ချုပ်ထားတဲ့ ၀ိတ်တာဝတ်စုံဝတ်ထားတာကို သူတွေ့လိုက်ရသည်။အဖြူရောင် အေပရွန်ကို သူမရဲ့ခါးမှာ ချည်ထားပြီး ပျော့ပျောင်းတဲ့ စကတ်က သူမရဲ့ သေးသွယ်တဲ့ ကိုယ်ဟန်လေးကို ပိုပြီးစွဲဆောင်မှုရှိသွားစေသည်။ ဝမ်ယွီက ထိုသွေးဆောင်မှုကို သည်းမခံနိုင်တော့သဖြင့် သူမထံသို့ ချဉ်းကပ်ကာ သူစိတ်ထဲရှိသလို ဆင်ခြင်နိူင်းစွမ်းကင်းမဲ့သည့် လုပ်ရပ်များကိုလုပ်နေမိ၏။


နောက်တစ်နေ့တွင် သူက နှိုးစက်နာရီ မသတ်မှတ်ထားမိသဖြင့် နေခေါင်းပေါ်ရောက်မှ​ နိုးလာသည်။ ဝမ်ယွီက ရေမချိုးမီ ညစ်ပတ်နေတဲ့ အတွင်းခံဘောင်းဘီကို အဝတ်လျှော်ခြင်းတောင်းထဲသို့ လွှင့်ပစ်လိုက်သည်။ 


အန်တီကြီးက အဝတ်လျှော်ခြင်းတောင်းထဲက အ၀တ်တွေယူချိန်တွင် အရွယ်ရောက်ပြီဖြစ်တာကြောင့် တက်ကြွပြီး အားမာန်အပြည့်ဖြင့် ဖြစ်နေတဲ့ ကောင်လေးကိုမြင်ယောင်ပြီး ပြုံးလိုက်မိသည်။


ယခုဘဝတွင်  ကျိအန်းနဥ်၏ သဘောထားမှာ ဝမ်ယွီ့အပေါ်၌ အတိတ်ကကဲ့သို့ အေးစက်ခြင်းမရှိသော်လည်း ဝမ်ယွီကလည်း ယခင်ကသို့ အဆက်မပြတ် လိုက်ကပ်တွယ်ခြင်းမျိုးမရှိပေ ။


ထို့အစား စွန်းယာရှန့်က စွန်းခိုင်ကိုသာ အပူကပ်နေခဲ့၏။ 


သူတို့နှစ်ဦးစလုံးက တူညီတဲ့မျိုးရိုးနာမည်စွန်းကို မျှဝေထားကြပြီး အဆက်အသွယ်အချက်အလက်များဖလှယ်ပြီးနောက်တွင် စွန်းယာရှန့်က သူ့အားတိုက်ရိုက်ပင် ခေါ်တော့သည် ။


  “ကော” 


 "ခိုင်ကော ဝမ်ယွီက ဘယ်အသင်းမှာ ပါတာလဲဟင်"


သူမက စွန်းခိုင် ကို အဆက်မပြတ်မေးမြန်းသည်။


 အတိုက်အခိုက်ကလပ်၏ အခြေအနေကို စွန်းခိုင်ထံမှ သိရှိပြီးနောက် စွန်းယာရှန့်က စိတ်ဝင်တစားဖြင့် သူ့ကိုပြောလာသည်။


"ညီမလည်း ပါချင်တယ် "


သို့ပေမယ့် စွန်းခိုင်တွင် ဆုံးဖြတ်ချက်ချနိုင်ခြင်းမရှိ‌ပေ။ ယင်းက ဝမ်ယွီကိုယ်တိုင် ချမှတ်ထားတဲ့စည်းမျဥ်းဖြစ်ပြီး  “မိန်းကလေးတွေကို ခွင့်မပြုဘူး”ဟု ဝမ်ယွီက ပြောထားခဲ့သည်။


 “ငါတို့ မိန်းကလေးတွေကို လက်မခံဘူး”  


"ဒါပေမယ့်  ကျိအန်းနဉ်က ငါတို့အတန်းထဲကပဲလေ" 


စွန်းယာရှန့်က သံသယနှင့် ပြောလိုက်သည်။ 


"သူမကငါ့ကိုလိမ်နေတာများလား..."


"ဒါဆို မင်းနဲ့ ကျိအန်းနဉ်က မေဂျာတူလား" စွန်းခိုင်ကဆိုသည်။ 


“ဒီကိစ္စက လွယ်ပါတယ်ကွာ ကျိအန်းနဉ်ဆီသွားပြီးပြောလိုက် သူမကို ဝမ်ယွီနဲ့ စကားပြောခိုင်းပြီး မင်းကိုလည်း ဝင်ခွင့်ပေးဖို့တောင်းဆို လိုက်လေ"


စွန်းခိုင်က တွေးတောလိုက်သည်။ကျိအန်းနဥ်အပေါ်ဝမ်ယွီ၏စိတ်အားထက်သန်မှုကြောင့် သူမသာ အခြားမိန်းကလေးတစ်ဦးကို ခေါ်ချင်သည်ဟု ပြောလာပါက အလုပ်ဖြစ်လိမ့်မည်ပင်။


အကယ်၍စွန်းယာရှန့်က ကျိအန်းနဉ်ရဲ့အကူအညီကို ရယူနိုင်ခဲ့ပါက သူ့ကိုလည်း ထပ်ပြီးနာပူနားဆာ လုပ်တော့မည်မဟုတ်ချေ။


စွန်းယာရှန့်၏ပစ်မှတ်မှာ ဝမ်ယွီ ဖြစ်မှန်းကို စွန်းခိုင်သိသော်လည်း မိန်းမလှလေးများ သူထံချဥ်းကပ်လာချိန်မျိုးတွင် သူက လုံးဝကို ခုခံနိုင်စွမ်းမရှိ‌ပေ။ အဆုံးတွင် သူက စွန်းယာရှန့်ကို ကူညီရန် သဘောတူလိုက်သည်။


ဝမ်ယွီကို မြင်သည်နှင့် စွန်းခိုင် က “အစ်ကိုဝမ်  အင်္ဂါနေ့က ကန်တင်းမှာ မင်းကို မတော်တဆ ဝင်တိုက်မိခဲ့တဲ့ ကောင်မလေးကို မှတ်မိသေးလား” 


ဝမ်ယီကက ခပ်ပေါ့ပေါ့ပြန်ဖြေသည် ။


"ငါမှတ်မိတယ် အဲ့တော့ ဘာဖြစ်လဲ" 


စွန်းခိုင်က စားပွဲကို ပိတ်ထုလိုက်ပြီး "အိုး၊ ဘယ်လိုတောင်တိုက်ဆိုင်လိုက်တာလဲ ...သူမက ကျိအန်းနဥ်နဲ့ တစ်ခန်းထဲပဲလေ..."


ဝမ်ယွီက မျက်ခုံးပင့်လိုက်မိသည်။ လုပ်ငန်းခွင်က လူတွေဖြင့် ဆက်ဆံပြောဆိုနေရသူတစ်ဦးအနေဖြင့် ယခုလိုမျိုးတမင်တကာအကြံပေးသလိုပြောဆိုနည်းမျိုးက သူ့အတွက်အရာရာကို ဖောက်ထွင်းမြင်နိုင်လုနီးပါး အထိ ရိုးရှင်းလွန်းနေ၏။


စွန်းခိုင်ကခေါင်းကုတ်ရင်း စိတ်ပိုင်းဖြတ်ကာပြောလိုက်သည်။


 "ဟိုလေ ...အမ်..သူမက ကျိအန်းနဉ်က ငါတို့ကလပ်ထဲဝင်ချင်တော့ သူမလည်းဝင်ချင်တယ်တဲ့..."


ဝမ်ယွီက အပြုံးလေးဖြင့်ဆိုလိုက်သည်။


"ဟုတ်ပြီ‌လေ၊ ကျိအန်းနဥ်ကို ငါ့ဆီလာပြီးစကားပြောခိုင်းလိုက်.... သူမ ပြောပေးရင်တော့ အဆင်ပြေတယ်....သူမက ငါ့အပေါ် အကြွေးတင်သွားရင်ငါ့အတွက်အမြတ်ပေါ့..."


စွန်းခိုင်က ငတုံးမဟုတ်ပေ။ စွန်းယာရှန့်သာ ကျိအန်းနဥ်ထံမှ အကူအညီကိုတောင်းတာ အငြင်းခံရပါက သူမက ကျိအန်းနဉ် နှင့် ရင်းနှီးတဲ့ဆက်ဆံရေးမရှိဟု ဆိုလိုခြင်းပင်။ ထို့အပြင် သူမက ဝမ်ယွီကို စိတ်ဝင်စားနေပြီး ဝမ်ယွီကမူ ကျိအန်းနဉ်ကိုစိတ်ဝင်စားသည်။


ဤကိစ္စတွင် ကျိအန်းနဉ် ဝင်‌ပါရန်ဆိုတာ လုံး၀မဖြစ်နိုင်ပေ။


သူက ကိုယ့်ကိုကိုယ် အနည်းငယ်မျှရယ်မောမိလိုက်သည်။


နောက်တစ်နေ့တွင် စွန်းယာရှန့်က စာသင်ဆောင်တွင် သူ့ကိုပိတ်တားပြီး ခေါင်းကိုက်‌အောင်လုပ်ပြန်သည်။ 


 “တိုက်ခိုက်ရေးကလပ်ရဲ့ စည်းမျဉ်းတွေကို ငါတို့အသင်းဥက္ကဋ္ဌက ချမှတ်ထားတာ....  သူက မိန်းကလေးတွေကို လက်မခံဘူးလို့ပြောရင် ငါတို့လည်း လက်မခံဘူး... မင်းသာ ကျိအန်းနဉ်ကို သွားမပြောရင် မရနိုင်ဘူး...  ကျိအန်းနဉ်ကိုသာ သွားရှာလိုက်ပါ..." 


စွန်းခိုင်ကပြောပြီးသည်နှင့် ထွက်ပြေးချင်သော်လည်း စွန်းယာရှန့် က သူ့အင်္ကျီလက်ကို ဆွဲထား၏။


မိန်းမလှလေးတွေက တစ်ခါတစ်လေ တကယ်ဒုက္ခပေးတာပဲကွာ...


အမှန်တွင် ဝမ်ယွီက သူ့တတိယနှစ်ရောက်ပြီးတည်းက တိုက်ခိုက်ရေးကလပ်ကနေ လုံးဝထွက်သွားဖို့ စီစဉ်ထားပြီးသားပင်။ သူက လက်ရှိတွင် အပျော်ကစားနေရုံသာ။ သူ့ရဲ့ တကယ့်လေ့ကျင့်ရေးကို ပြင်ပက ပရော်ဖက်ရှင်နယ်ကလပ်တစ်ခုမှာ အဆင့်မြင့်နည်းပြတွေ၊ ပါတနာတွေဖြင့် လေ့ကျင့်တာပင်။


နောက်ဆုံးအကြိမ်တုန်းက တိုက်ခိုက်ရေးကလပ်အတွက် လူသစ်စုဆောင်းမှုတွင် မမျှော်လင့်စွာ ကျိအန်းနဥ်ရဲ့စိတ်ဝင်စားမှုကြောင့်သာ နောက်တစ်ကြိမ် ကလပ်သို့ လာရောက်လည်ပတ်တာပင်။


အားလပ်ရက်နီးလာသည်နှင့်အမျှ ကျောင်းနှင့်စီမံကိန်းများကြောင့် သူတို့ရဲ့အချိန်ဇယားများကို ချိန်ညှိခဲ့ရသည်။ စနေနေ့တွင် အနားယူပြီး တနင်္ဂနွေနေ့ကမူ အလုပ်လုပ်ရင်း စာလေ့လာရသော သာမန်နေ့တစ်နေ့သာဖြစ်ပြီး ရွှေရောင်အားလပ်ရက်တစ်ပတ်က အင်္ဂါနေ့တွင် စတင်မည်ဖြစ်သည်။


စနေနေ့တွင် ဝမ်ယွီက ကုန်တိုက်သို့ ကားမောင်းသွားပြီး တနင်္ဂနွေညနေပိုင်း ကျောင်းဆင်းချိန်တွင် တိုက်ခိုက်ရေးအသင်းကို သူကပစ္စည်းအများအပြား ယူလာခဲ့သည်။


အမျိုးသမီးအ၀တ်လဲခန်းသည် အချိန်အတော်ကြာအသုံးမပြုဘဲပစ်ထားသဖြင့် စတိုခန်းအဖြစ် ပြောင်းလဲသွားခဲ့တာအတော်ကြာပြီပင်။ သို့သော်လည်း ကလပ်အသင်းဝင်များသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ၎င်းကို ပြန်လည်ရှင်းလင်းခဲ့ရာ ယခုအချိန်တွင် သန့်ရှင်းသပ်ရပ်နေပြီး  အဝတ်လဲရန် နေရာလည်း ရှိလာချေပြီ။


ဝမ်ယွီက သူ့ပစ္စည်းတွေကို သိမ်းဆည်းပြီးပြန်မည်အလုပ် သတင်းကြားပြီး အမြန်ပြေးလာတဲ့ စွန်းယာရှန့်က သူ့အား ရပ်တန့်စေသည်။


"စီနီယာဝမ်... ညီမ တိုက်ခိုက်ရေးကလပ်မှာစာရင်းသွင်းချင်လို့ပါ ...” 


စွန်းယာရှန့်က ယနေ့တွင် သူမ၏ရုပ်ရည်ကို ထင်ပေါ်‌စေမည့်အားကစားဝတ်စုံကို ၀တ်ဆင်ထားသည်။


ဝမ်ယွီက စွန်းခိုင်ကို ကြည့်လိုက်၏။


စွန်းခိုင်က အားတင်း၍ပြန်ပြုံးပြသည်။ သူက စွန်းယာရှန့်၏ နှောင့်ယှက်ခြင်းကို ခံခဲ့ရပြီးနောက် သူမအား အသိပေးရန် သဘောတူခဲ့သည်။ ဝမ်ယွီရောက်လာသည်နှင့် သူက သူမအား ပြောပြလိုက်သည်။


ဝမ်ယွီက တခြားသူတွေ သူ့အပေါ်  ယခုလိုလှည့်ကွက်လေးတွေနှင့်အကြံအစည်လေးတွေ လုပ်တာမျိုးကို မကြိုက်ပေ။ 


သူကစွန်းမျိုးနွယ်နှစ်ယောက်စလုံးကို တစ်ချက်စောင်းကြည့်လိုက်ပြီး  “ငါတို့က အမျိုးသမီးအဖွဲ့ဝင်တွေကို လက်မခံဘူး” ဟု ပြောပြီးနောက် ထွက်သွားတော့သည်။


စွန်းခိုင်က ဝမ်ယွီစိတ်ဆိုးနေပြီမှန်း သိသဖြင့် ခေါင်းကိုသာငုံ့ထားပြီး တစ်ခွန်းမျှ မပြောရဲတော့ပေ။


စွန်းယာရှန့်ကသာ မသိနားမလည်ကာ ကြောက်ရွံ့မှုကင်းစွာဖြင့် ဝမ်ယွီကို ရပ်တန့်စေသည်။


"စီနီယာ..ရှင် ညီမ ကိုနောက်နေတာလား ... ညီမတို့မှာ ကျိအန်းနဉ်ဆိုတဲ့ အတန်းဖော်တစ်ဦးရှိတယ်  တိုက်ခိုက်ရေးကလပ်မှာ ပါဝင်ပြီး သူမကရှင်နဲ့အတူစားသောက်နေကြတဲ့...သူမကညီမကိုလိမ်နေတာလား"


စွန်းယာရှန့်က သူမမျက်လုံးကိုပြူးကာအပြစ်ကင်းဟန်ဆောင်၍ဆိုလိုက်သည်။


စွန်းယာရှန့်ပြောတဲ့စကားက အတော်လေးယုံကြည်နိုင်စရာမဟုတ်မှန်း ဝမ်ယွီ သိ၏။ ကျိအန်းနဉ်က ကြမ်းတမ်းတဲ့မိန်းကလေးမျိုးဖြစ်ပြီး ထိုကဲ့သို့ ကြွားဝါသောအပြုအမူမျိုး လုပ်ရန်ပျင်းရိမှန်းလည်း သူသေချာသိသည်။ သို့သော် ဝမ်ယွီက သူမပြောပြတာကိုကြားပြီးနောက် ထိုမြင်ကွင်းကို မြင်ယောင်မိချိန်တွင် သူ မပြုံးဘဲ မနေနိုင်တော့ချေ။


 ထိုအပြုံးက စွန်းယာရှန့်အား အထင်မှားသွားစေသည်။


စွန်းယာရှန့်က ရုတ်တရက်ဆိုသလို ယုံကြည်မှုများရှိသွားသည်။ 


ဝမ်ယွီက ကျိအန်းနဉ်အပေါ်ကို ခံစားချက်ရှိနေတော့ရော ဘာဖြစ်လဲ...သူမကလည်း သူ့အာရုံစိုက်မှုမရနိုင်တာမှ မဟုတ်တာ... ကျိအန်းနဉ်က လှပေမဲ့ သူမကလည်း ရုပ်ဆိုးနေတာမဟုတ်...


သူမက နှုတ်ခမ်းစူကာ ကလူသလိုမြူသလိုဟန်လုပ်ရင်း စွတ်စွဲတော့သည်။


"စီနီယာ ညီမ မဟုတ်ဘဲ ကျိအန်းနဉ်ကို လက်ခံတာကမမျှတဘူး မဟုတ်လား..."


သူမ၏ ချစ်စဖွယ် နှင့် ညင်ညင်သာသာ အပြုအမူ​အပေါ် ယောက်ျားလေးအနည်းငယ်လောက်သာ ခုခံနိုင်တာကို သူမသိသည်။


စွန်းယာရှန့်က အမှန်ပင် လှပသည်။  သို့သော် ကံဆိုးစွာဖြင့် ကျိအန်းနဉ်နှင့် တစ်နှစ်ထဲမှာ ရှိနေလို့သာ မဟုတ်လျှင် သူမက ကျောင်းဝင်းထဲရှိ အလှဘုရင်မတစ်ပါး ဖြစ်လာနိုင်ပေ၏။


သို့ပေမယ့် သူမ ဒီလောက်အထိ ကံဆိုးဖို့ ဘယ်သူက တောင်းဆိုလို့လဲ...


အမှန်ကို ဝမ်ယွီက သူ့ကိုယ်သူ ထူးဆန်းနေတာကို ရှာတွေ့လိုက်သည်။ ယုတ္တိရှိရှိပြောရလျှင် စွန်းယာရှန့်က လှပတာကို သူသိသည်။ သို့ပေမယ့် စိတ်ခံစားချက်အရမူ စွန်းယာရှန့်ရဲ့အလှကို သူ"နားမလည်"နိုင်ဖြစ်နေ၏။


ယင်းက လွန်ခဲ့သောနှစ်ပတ်ကျော်လောက်ကတည်းကဖြစ်လောက်သည်။ ကျိအန်းနဉ်တစ်ယောက် အတန်းစောစောလစ်ပြေးချိန်တွင် နေလယ်ခင်းနေရောင်စူးစူးက သူမရဲ့ ဖြူဖွေးနေတဲ့ အသားအရေလေးအပေါ် ရိုက်ခတ်မိချိန်တွင် ဖြတ်ခနဲမြင်လိုက်ရတဲ့ သူမရဲ့နောက်ကျောပုံရိပ်ကလေးက အခြားမိန်းကလေးများရဲ့ အလှအပေါ် သူ၏နားလည်နိုင်စွမ်းကို လုံး၀ဆုံးရှုံးသွားစေသည်။


သူက အေးစက်စက်သာပြုံး၍ ဆိုလိုက်သည်။


"ငါ့ တိုက်ခိုက်ရေးကလပ်ထဲ လူ‌ရာထောင်ချီထည့်ရင်ရော မင်းအတွက်တရားလား.."


"ဒါက ငါ့ကလပ် ငါ့စည်းမျဉ်းပဲ..ငါ့ဘာ့သာလက်ခံခံမခံခံ ဝင်စွတ်ဖက်ရအောင် မင်းကဘယ်သူလဲ..."


"ငါကျိအန်းနဉ်ကို ကြိုက်လို့ လက်ခံလိုက်တယ်လေ...ဘာဖြစ်လဲ" 


ချမ်းသာပြီးမောက်မာတဲ့လူငယ်လေးက ကိုယ့်ကိုယ်ကိုအထင်ကြီးပြီး ကိုယ့်နေရာကိုယ်မသိတဲ့ မိန်းမလှလေးအား ဒေါသတကြီးငုံ့ကြည့်ကာ လှောင်ပြုံးပြုံး၍ဆိုလိုက်၏။


"အဲ့ဒါက မင်းသောက်လုပ်မဟုတ်ဘူး...''


___


Translated By IQ-Team.