🍵Chapter 213
ဟမ်....ဟင့်အင်း”
သူတို့နှစ်ယောက်က အရမ်းနီးသဖြင့် ထုံရွှယ်လူက သူ၏ရင်ခုန်သံကိုတောင် ကြားနေရလောက်သည်။
အမှန်ပင် ထုံရွှယ်လူက သူ့ရင်ခုန်သံကိုကြားနေရ၏။ သူမက ငြင်းဆိုမရနိုင်လောက်အောင် သူ၏မူပိုင်ဖြစ်သည့် ရနံ့ကိုရနေသည်။ သူတို့၏ကိုယ်သင်းနံ့များက ရောနှောသွားကာ အခန်းထဲမှအပူချိန်က ဖြေးဖြေးမြင့်တက်လာသည်။
တစ်မျိုးတစ်ဖုံ အရိပ်အမြွှက်ပါသည့် ခံစားချက်က အခန်းထဲ၌ပျံ့နှံ့လာသည်။
သူမကပြုံးကာပြောလိုက်သည်။
“ရှင်မြန်မြန်သက်သေမပြနိုင်ရင် တစ်ယောက်ယောက်က ပေါ်လာတော့မှာနော်”
ဝမ်ရူကွေ့က ရင်တုန်သွားသည်။
ထုံအိမ်တွင် သူ၏အစီအစဉ်က ထုံမျန်မျန်၏ဖျက်ဆီးခြင်းကို နှစ်ကြိမ်တိတိ ခံခဲ့ရ၏။
သူက ရင်ခုန်လျက်ပင် သူ့ပါးစပ်ကို သူမဆီသို့ ပြင်းထန်စွာပြေးဖိလိုက်သည်။
ထုံရွှယ်လူက သူရုတ်တရက်ကြီး သူမကိုနှုတ်ခမ်းဖြင့် ပြေးတိုက်မိမည်ဟု မထင်ထားပေ။ ကံကောင်းစွာဖြင့် သူကသူ့အားကိုသိ၏။မဟုတ်ပါက နှုတ်ခမ်းချင်းရိုက်မိပြီး သူမကသွားအနည်းငယ်လောက်ကျိုးသွားနိုင်သည်။(🤣)
ဝမ်ရူကွေ့၏နှုတ်ခမ်းက သူမနှုတ်ခမ်းကိုထိသွားသောအခါ သူ့တစ်ကိုယ်လုံးတောင့်တင်းသွားသည်။ သူ့ရင်ခုန်သံကို လုံးဝမထိန်းချုပ်နိုင်တော့ပေ။
သူက သူမနှုတ်ခမ်းကိုထိထားကာ ဘာမှမလှုပ်ရှားလာပေ။
ထုံရွှယ်လူက မသိမသာမျက်ခုံးပင့်လိုက်မိသည်။
ဒါဘဲလား၊ ဒါဘဲလားလို့။
ဒါပေမယ့် ဒါကပုံမှန်ပါဘဲ၊ ကြီးမား၊ချစ်စရာကောင်းပြီး အပြစ်ကင်းတဲ့ယောက်ျားက ဘယ်လိုနမ်းရမလဲသိနေရင်တောင် ထူးဆန်းနေမှာ။
ထုံရွှယ်လူက သူမလက်နှစ်ဖက်ကို သူ့လည်ပင်းဆီသို့ ဖက်လိုက်သည်။
သူမက သူ့နှုတ်ခမ်းများကို သူမလျှာထိပ်ဖြင့်ထိကြည့်လိုက်သည်။
ဝမ်ရူကွေ့က တုန်သွားသည်။ သူက လျှပ်စစ်လျှော့တိုက်ခံလိုက်ရသလိုပင် သူ့တစ်ကိုယ်လုံးသို့ တရွရွဖြစ်နေသည့်ခံစားချက်များ ပျံ့နှံ့လာ၏။
သူ့အသက်ရှူသံက မြန်ဆန်လာသည်။ ဤအထိအတွေ့က အလွန်ထူးဆန်းသော်ငြား တစ်ချိန်တည်းတွင် အံ့ဩဖို့ကောင်းနေ၏။
ထုံရွှယ်လူက နူးညံ့စွာပြောလိုက်သည်။
“နှုတ်ခမ်းကို နည်းနည်းဟလိုက်”
ဝမ်ရူကွေ့က လိမ္မာစွာပင် သူ့နှုတ်ခမ်းနှစ်လွှာကို ဟပေးလာသည်။
သူမနှုတ်ခမ်းက ဤအခွင့်အရေးကိုယူကာ အထဲသို့တိုးဝင်သွားပြီး စတင်ကျူးကျော်လိုက်သည်။
ဝမ်ရူကွေ့က ကြောင်အသွားသည်။
လျှာတစ်ခုက ဤကဲ့သို့အရာမျိုးကိုပြုလုပ်နိုင်မည်ဟု သူ မထင်ထားခဲ့ပေ။
အစပိုင်းတွင် သူက ရုပ်သေးလိုကြောင်အနေသော်လည်း ဝမ်ရူကွေ့က ဉာဏ်ကောင်းသည့်ကျောင်းသားတစ်ယောက်ဖြစ်သည်။
သူက လေ့လာမှုမြန်ကာ မကြာခင်မှာဘဲ သူ့ဘက်ကလက်ဦးမှုယူပြီး ထုံရွှယ်လူလုပ်သလို စတင်ကျူးကျော်လိုက်သည်။
အိုးးးးသူကအရူးတော့မဟုတ်ဘူးဘဲ။
သူတို့နှစ်ယောက်က အချင်းချင်းပွေ့ဖက်ထားကာ ခနလောက်အနမ်းဖလှယ်လိုက်ကြသည်။သူတို့က အသက်မရှူနိုင်တော့မှ အချင်းချင်းလွှတ်ပေးလိုက်ကြသည်။
ထုံရွှယ်လူက ရင်ခုန်နေပြီး သူ့ကိုငေးမောစွာကြည့်လာသည်။
ရုတ်တရက်ပင် သူမကပြုံးပြီး သူ့နားတိုးသွားကာ သူ၏မေးစေ့ကိုလျင်မြန်စွာ တစ်တိတိကိုက်လိုက်သည်။
ထို့နောက်သူမက သူ၏လည်စိ(Adam's apple)ဆီရောက်လာသည်။
ဝမ်ရူကွေ့၏ကိုယ်က လေပြင်းထဲမှ သစ်ရွက်လေးလို တုန်ယင်နေ၏။ သူ့ကိုယ်ထဲမှ သွေးများအားလုံးက မျက်နှာဆီထိုးတက်လာကာ လျှပ်စစ်စီးကြောင်းများကလည်း သူ့ခြေလက်များကို စီးဆင်းနေ၏။
သူ့တစ်ကိုယ်လုံးမှ မရိုးမရွဖြစ်နေသာခံစားချက်ကို ခံစားလိုက်ရသည်။
🍵
ဤအချိန်၌ မြို့တော်တွင်။
တော်လှန်ရေးကော်မတီ၏ ဝန်ကြီးရန်က သူ့တူနှင့်စကားပြောနေ၏။
ရန်မင်က စာတစ်စောင်ကိုထုတ်ကာ တုန့်တုန့်ဆိုင်းဆိုင်းဖြင့်ပြောလာ၏။
“ထုံကျန်းကျန်းလို့ခေါ်တဲ့ အမျိုးသမီးရဲဘော်က ဦးလေးကို ဒါပေးခိုင်းလိုက်လို့ပါ”
ဝန်ကြီးရန်က သူ့ကိုတစ်ချက်ကြည့်လိုက်သည်။
“မင်းက ဘယ်လိုဖြစ်ပြီး အဲ့ဒီလိုလူမျိုးနဲ့သိနေတာလဲ”
ရန်မင်က နှာခေါင်းပွတ်လိုက်သည်။
“ကျွန်တော်တို့က အလယ်တန်းအတူတူတက်ခဲ့တာပါ”
ဝန်ကြီးရန်က သူ့ကိုခက်ထန်စွာကြည့်လိုက်သည်။
“မင်းသူ့ကိုသဘောကျတယ်လို့တော့ ငါ့ကိုလာမပြောနဲ့နော်၊ ငါပြောပြမယ် သူမက ငါတို့မိသားစုအတွက် လုံလုံလောက်လောက်ကောင်းမနေဘူး၊ မင်းဆီမှာ ရူးမိုက်တဲ့အကြံတွေရှိနေရင် အခုတည်းကလက်လျှော့ထားလိုက်တော့”
ရန်မင်၏မျက်နှာက ဖြူဖျော့သွားသော်လည်း ခေါင်းညိတ်ပြလာသည်။
“ကျွန်တော်နားလည်ပါပြီ ဦးလေး”
ဝန်ကြီးရန်က စာကိုကြည့်ကာမေးလိုက်သည်။
“အထဲမှာဘာရေးထားလို့လဲ၊ သူမကဘာလို့ငါ့ဆီပေးခိုင်းတာလဲ”
ရန်မင်ကခေါင်းခါသည်။
“ကျွန်တော်လည်းမသိဘူး၊ ကျွန်တော်သူမဆီအလည်သွားတုန်းက ဒီစာကိုဦးလေးဆီပို့ပေးပါဆိုပြီးပြောလာတာ၊ ပြီးတော့ ဦးလေးဒီစာကိုဖတ်ပြီးတာနဲ့ ဘာအရေးကြီးလဲဆိုတာကို နားလည်သွားမှာပါတဲ့”
ထုံကျန်းကျန်းအတွက် စာကိုယူလာပေးခြင်းမှာ မှားယွင်းကြောင်းသူသိသည်။ သို့သော် သူမကသူ့အပေါ် ကလူ၏မြူ၏လုပ်လာသောအခါ သူ မတောင့်ခံနိုင်တော့ပေ။
ဝန်ကြီးရန်က သူ့တူကိုတစ်ချက်စိုက်ကြည့်ပြီးမှ စာအိတ်ကိုဖွင့်ကြည့်လိုက်သည်။
အစပိုင်းတွင် သူ့ပုံစံက တည်ငြိမ်ပြီး အမှုမထားသောပုံစံရှိနေ၏။ စာထဲမှအကြောင်းအရာများကိုမြင်ပြီးသောအခါ သူကမျက်လုံးပြူးသွားပြီး ခက်ထန်လာလေသည်။
ရန်မင်က သူ့ဦးလေး၏ပုံစံကိုမြင်သောအခါ သိချင်စိတ်ဖြင့်မေးလာ၏။
“ဦးလေး ထုံကျန်းကျန်းက စာထဲမှာဘာရေးထားလို့လဲ”
ဝန်ကြီးရန်က သူ့ကိုကြည့်ကာမေးလာ၏။
“သူမက ဘယ်ပြန်လည်ပြင်ဆင်ရေးလယ်ယာထဲမှာလဲ၊ ငါ့ကိုအခုချက်ချင်း အဲ့ဒီကိုလိုက်ပို့”
ရန်မင် “...”
🍵
ဝမ်ရူကွေ့က သူ၏အပြစ်ကင်းမှုကို သုံးကြိမ်တိုင်တိုင်သက်သေပြခဲ့သည်။
ထိုသုံးကြိမ်ပြီးသောအခါ သူ့နှုတ်ခမ်းက သက်သေပြမှုကြောင့် ရောင်ရမ်းနေပြီဖြစ်သည်။
ထိုနေ့နေ့လယ်တွင် ကုန်သွယ်ရေးဌာနမှသူများပြန်ရောက်လာပြီး ဝမ်ရူကွေ့ကိုတွေ့လိုက်ရသောအခါ အားလုံးက အံ့ဩသွားကြသည်။
“ရဲဘော်ဝမ် မင်းနေမကောင်းတာက ပိုဆိုးလာသလိုဘဲ ဆရာဝန်နဲ့သွားပြပြီးပြီလား”
သူတို့ဒီလိုထင်သည်မှာလည်း မှန်၏။ ဝမ်ရူကွေ့၏ပါးနှင့်နားရွက်များက နီရဲနေသည်မှာ အဖျားကြီးနေသည့်ပုံစံ ပေါ်၏။ သူ့နှုတ်ခမ်းများက ယောင်ရမ်းနေသဖြင့် အလက်ဂျစ်တစ်ခုခုဖြစ်နေသည်ဟုတောင် ထင်ရသည်။ အဆုံးတွင် သူ့ပုံစံက အတော်လေးစိုးရိမ်စရာကောင်းနေပေသည်။
ဝမ်ရူကွေ့က တည်ငြိမ်စွာခေါင်းညိတ်ပြသည်။
“အင်း သွားပြပြီးပါပြီ၊ ဆရာဝန်က ဘာမှစိုးရိမ်စရာမရှိဘူးလို့ပြောတယ်”
သူ့ပါးများက အပေါင်းခံထားရသော ပုစွန်လိုနီရဲနေသည်ကိုကြည့်ကာ သူတို့ကဆရာဝန်၏စကားကို မယုံသင်္ကာဖြစ်လာကြသည်။
နောက်တစ်နေ့တွင် သူတို့အုပ်စုက မြို့တော်သို့ပြန်မည့်ရထားပေါ်သို့ တက်လိုက်ကြသည်။
ဝမ်ရူကွေ့လည်း နေမကောင်းသဖြင့် မြို့တော်ပြန်ကာခနအနားယူဖို့လိုသည်ဟူသော ဆင်ခြေဖြင့် သူတို့နှင့်အတူပြန်သွားသည်။
ယမန်နေ့တွင် သူ့ပါးနှင့်နားရွက်များနီရဲနေသည်ကို တွေ့ထားကြသဖြင့် သူတို့က ဝမ်ရူကွေ့၏စကားများကို သံသယမဝင်ကြပေ။
မြို့တော်တို့ပြန်ရောက်သောအခါ ကျယ်ချန်ကျိုးတို့သားအဖကလည်း USသို့ပြန်ရတော့မည်ဖြစ်သည်။
ကျယ်ချန်ကျိုးက ထုံရွှယ်လူကို စစ်မှန်စွာကျေးဇူးတင်လာသည်။
“ရဲဘော်ထုံ မင်းလုပ်ပေးခဲ့တာတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ မင်းလက်ရာက ငါ့အမေကိုတောင် ပြန်သတိရသွားစေရုံတောင်မကဘူး အံ့ဩဖို့ကောင်းလောက်အောင် အရသာရှိတယ်”
ထိုသို့ပြောကာ သူကလက်ဆောင်ဘူးကိုထုတ်ပြီး လက်နှစ်ဖက်ဖြင့်ပေးလာသည်။
“ကျေးဇူးပြုပြီး ဒါကိုလက်ခံပေးပါ၊ ကျေးဇူးတင်တဲ့အနေနဲ့ပါ”
ထုံရွှယ်လူက ငြင်းသော်လည်း ကျယ်ချန်ကျိုးကအလေးအနက်ဖြစ်နေသည်။
“ဒီလိုလုပ်ပေးစရာမလိုပါဘူး ရဲဘော်ကျယ်၊ လက်ဆောင်အတွက်ကျေးဇူးပါနော်”
မသွားခင်တွင် ဂျေဆန်က ထုံရွှယ်လူကိုသီးသန့်စကားလာပြောသည်။
“ရဲဘော်ထုံ မင်းမှာကောင်လေးမရှိရင် ကျွန်တော်အခွင့်အရေးရနိုင်လား”
ထုံရွှယ်လူက ပြုံးကာ ခေါင်းခါပြလိုက်သည်။
“ဟင့်အင်း”
ဂျေဆန်က နားမလည်နိုင်စွာမေးလာသည်။
“ဘာကြောင့်လဲ ပြောပြနိုင်မလား”
ထုံရွှယ်လူက ပြုံးသားပြုံးပြလိုက်ကာ ဘာမှပြန်မဖြေခဲ့ပေ။
ဝမ်ရူကွေ့ သူမကိုမေးလာမှ ထုံရွှယ်လူကပြောပြလိုက်သည်။
“ဂျေဆန့်ကို ဘာလို့မရွေးတာလဲဆိုတော့ သူ့တရုတ်နာမည်ကြောင့်ဘဲ”
ဝမ်ရူကွေ့ :“သူ့နာမည်က ဘာမှားနေလို့လဲ”
ထုံရွှယ်လူက မဲ့ရှုံ့ပြလိုက်သည်။
“ဘာလို့လဲဆိုတော့ သူ့နာမည်က ကျယ်ကန်ခွင်းဖြစ်နေလို့လေ”
ထိုနာမည်က သူမကို Country loveထဲမှ ကျယ်ကန်ခွင်းနှင့် သူ၏အကများကို အမှတ်ရစေသည်။
အမ်းးမဖြစ်ဘူး။
🍵
လက်ဆောင်ကိုမဖွင့်ကြည့်ရသေးချိန်တွင် ထုံရွှယ်လူက ဆွဲကြိုးလား၊ ရေမွှေးလား သို့မဟုတ် ထိုကဲ့သို့ပစ္စည်းတစ်ခုခုသာဖြစ်မည်ဟုထင်လိုက်သည်။
သူမက ရွှေတုံးတစ်တုံးဖြစ်နိုင်သည်ဟုတောင် တွေးလိုက်မိသေးသည်။ သူမဖွင့်ကြည့်လိုက်သောအခါ အဝါရောင်ကျောက်တုံးတစ်ပိုင်းဖြစ်နေ၏။
ကျောက်တုံးက လက်မအရွယ်လောက်သောရှိသည်။ ကျောက်သားက နွေးထွေးကာ ချောမွေ့နေပြီး အရောင်တောက်ပကာ ကိုင်ထားလျှင်လေးလံသောခံစားချက်ရသည်။ ဤကျောက်တုံးက သာမာန်မဟုတ်သည်ကို ဘယ်သူမဆိုပြောနိုင်၏။
ထုံမျန်မျန်က နားမလည်နိုင်စွာမေးလာ၏။
“မမကြီးကို ဘာလို့ကျောက်တုံးကြီး လက်ဆောင်ပေးတာလဲ”
ဒီကျောက်တုံးက အတော်လေးကြည့်ကောင်းတာတော့ ဟုတ်ပါတယ်။
ထုံရွှယ်လူ:“ဒါကဒီအတိုင်းကျောက်တုံးမဟုတ်ဘူး၊ ဒါက အရမ်းကိုအရည်အသွေးမြင့်တဲ့ အဝါရောင်ကျောက်တုံးတစ်မျိုးဘဲ၊ ပြီးတော့ ဒါက အဝါရောင်ကျောက်တုံးတွေထဲမှာမှ အရမ်းကိုဈေးကြီးတဲ့ လိမ္မော်ရောင်သန်းနေတဲ့ကျောက်တုံး”
သူမမကူးပြောင်းလာမီတွင် အဝါရောင်ကျောက် 1ဂရမ်က 20-30,000ယွမ်အထိရှိသည်။ ဤကျောက်တုံးက အကြမ်းဖျင်း 100ဂရမ်လောက်ရှိ၏။ မော်ဒန်ခေတ်တွင်ဆိုပါက ဤကျောက်သည် 2-3မီလီယမ်လောက်တန်ဖိုးရှိနိုင်သည်။
အရမ်းကိုအဖိုးတန်တဲ့ လက်ဆောင်ဘဲ။
ထုံကျားရှင်းက နှာခေါင်းပွတ်လိုက်သည်။ သူက လက်မအရွယ်ကျောက်တုံးတစ်တုံးက ဘာလို့ဒီလောက်ပိုက်ဆံအများကြီးပေးရသည်အထိ တန်ဖိုးရှိနေသည်ကို နားမလည်နိုင်ပေ။
ထုံရွှယ်လူက ထပ်ပြီးအကျယ်ဖြန့်မရှင်းပြနေတော့ပေ။သူမက ထိုကျောက်တုံးကို သူမအိပ်ခန်းထဲတွင် ကောင်းမွန်စွာသိမ်းထားလိုက်သည်။
သူမအခန်းထဲမှပြန်ထွက်လာသောအခါ ထုံကျားမင်ကတစ်ခုခုပြောချင်နေသည့်ပုံစံဖြစ်နေသည်ကို မြင်သွားသည်။
“ကျားမင် အစ်မကိုတစ်ခုခုပြောချင်တာရှိလို့လား”
ထုံကျားမင်က ခနတန့်သွားပြီးမှ ခေါင်းညိတ်လိုက်သည်။
“ကျောင်းပြန်ဖွင့်ရင် ကျွန်တော်က ငါးတန်းတက်ရတော့မှာ၊ ကျွန်တော်က တစ်ခါတည်း အလယ်တန်းအဆင့်ကို အတန်းကျော်တက်ချင်တယ်”
1970ခုနှစ်အစောပိုင်းများတွင် ပညာရေးအခြေအနေများကို ‘ပညာရေးကို အလုံးစုံပြုပြင်ပြောင်းလဲပြီး ပညာသင်ချိန်ကာလကို တိုတောင်းအောင်လုပ်ရမည်’ဟုသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ကြသည်။ထို့ကြောင့် အခြေခံကျောင်းများ၏သင်ကြားမှုကလကို ၆နှစ်မှ ၅နှစ်အထိလျှော့ချလိုက်ပြီး အလယ်တန်းနှင့် အထက်တန်းအဆင့်များကိုမူ ၃နှစ်မှ ၂နှစ်အထိလျှော့ချလိုက်သည်။ 1979ခုနှစ်မတိုင်ခင်အထိ ဤပညာရေးနည်းစနစ်များကို ပြန်လည်ပြုပြင်နိုင်မှာမဟုတ်ပေ။
၂၁ရာစုမှ စံနှုန်းနှင့်ကြည့်ရလျှင် ထုံကျားမင်ကျောင်းတက်တာက အတော်လေးကိုနောက်ကျသည်။ သို့သော် ယနေ့ခေတ်၊ယနေ့အသက်အရွယ်နှင့်ဆိုပါက အရမ်းကြီးနောက်မကျနေပေ။
သူက အသက်ရှစ်နှစ်တွင် ကျောင်းစတက်ခဲ့ပြီး ဒီနှစ်တွင်ဆယ့်နှစ်နှစ်ပြည့်တော့မည်ဖြစ်သည်။ ၎င်းက ငါးတန်းတက်ရန်အတွက် မှန်ကန်သောအသက်ပင်။